Switch Mode

Chapter – 7

သစ်သားနက် အသိုက်အမြုံ

Chapter – 7 သစ်သားနက် အသိုက်အမြုံ

အရင်တည်းက စိမ်းလန်းစိုပြေနေတဲ့ သစ်တောတစ်ခုလုံးဟာ အရှိန်အဝါတစ်မျိုးဖြာထွက်လို့နေပါတယ်။ အလွန်အမင်းကို အဆိပ်ပြင်းထန်လွန်းတဲ့ အင်းဆက်ပိုးမွှားတွေ ကျက်စားကြသလို သူတို့က သားရဲကြီးတွေကိုတောင် ထိတ်လန့်စေနိုင်ပါတယ်။ အရမ်းကို အဆိပ်ပြင်းတဲ့ မြွေတွေက တခြားသူတွေရဲ့ အနံ့ကိုကောင်းကောင်းအာရုံခံနိုင်ပြီး မတူညီတဲ့ အရာတွေကို အာရုံခံနိုင်ကြပါတယ်။ ဒါ့ကြောင့်ပဲ သူတို့ရဲ့ တိုက်ခိုက်မှုကို ခံရရင် အသားအရေတွေပဲ့ကျပြီး အရိုးတွေကို ခြောက်သွေ့သွားစေတဲ့အထိ ထိတ်လန့်ဖွယ်ရာကောင်းလှပါတယ်။

အသံဗလံတွေ ……..

တော်တေ်ာလေးကို ဝေးကွာနေတဲ့နေရာကနေ မိုးချုန်းသံလိုအသံကြီးထွက်ပေါ်လာပါတယ်။ ဒီဟာက သတိမမူမိဘဲရှိနေတယ်ဆိုရင်တောင် သေချာပေါက်ကို ကြားစေနိုင်ပါသေးတယ်။
အာ့ဒါကဆိုးရွားလွန်းတဲ့ အချက်ပေးသံတစ်ခုလိုဖြစ်တာကြောင့် သစ်တောကြီးထဲက သားရဲတွေလည်း ရူးသွပ်သွားသလို ထွက်ပြေးကြရပါပြီ။ တောတွင်းပိုင်းထဲက အနက်ရှိုင်းဆုံးနေရာမှာလည်း ကြီးမားကြမ်းကြုတ်တဲ့သားရဲကောင်တွေပဲ ကျက်စားကြပါတယ်။

ကလေးအဖွဲ့လေးတစ်ဖွဲ့ကတော့ မျက်နှာမှာသွေးစုတ်ဖြူရော်နေကြပါပြီ။ သူတို့က လူကြီးတွေလက်ကနေ လွတ်အောင်ပုန်းအောင်းနေကြသလို လက်ရှိနေရာကလည်း ကျောက်ခေတ်ရွာနဲ့ အတော်လေးအလှမ်းကွာနေပါတယ်။ သူတို့က သစ်တောကြီးထဲကို ၀င်ကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ကံကောင်းတာက ရက်စက်ကြမ်းကြုတ်တဲ့သားရဲကြီးတွေကလည်း လူသားတွေရှိတဲ့အရပ်ဒေသကို မ၀င်နိုင်ကြသေးပါဘူး။

” အစ်ကို ဂီဇောင် တောင်တန်းဒေသသစ်တောက အန္တရာယ်ရှိတယ် ကျွန်တော်တို့က ငယ်သေးတယ်လေ ကျွန်တော်တို့ ရှေ့ဆက်မသွားသင့်ဘူးထင်တယ် ”

ကောင်ငယ်လေးတစ်ယောက်က တုန်လှုပ်နေတဲ့ အသံလေးနဲ့ ပြောဆိုလိုက်ပါတယ်။ သူတို့က ဒီတောင်ပေါ်သစ်တောတွေအနီးဒေသမှာပဲကြီးပြင်းလာတာကြောင့် ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာ သိထားကြပါတယ်။ အာ့ဒီတောကြီးထဲမှာ ကြောက်စရာကောင်းလွန်းလှတဲ့ သားရဲကောင်တွေက အများကြီးကို ရှိနေတာလေ။ သူတို့ရဲ့ မိဘတွေတောင် တောကြီးထဲကို ၀င်ရောက်မယ်ဆိုရင် သူတို့အသက်တွေအလွယ်တကူဆုံးရှုံးရနိုင်တာကြောင့် အရမ်းကို သတိထားခဲ့ရပါတယ်။

ဒီအုပ်စုဟာ ကျောက်တုံးရွာရဲ့ ရှီမျိုးဆက်ကောင်းလေးတွေဖြစ်ပြီး ၁၄လေးယောက်အဖွဲ့လေးတစ်ဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ခေါင်းဆောင်ကတော့ ၁၀၀၀ဂျင်ရှိတဲ့ ကြေးနီအိုးကြီးကို ချီမပြနိုင်ခဲ့တဲ့ ရှီဂီဇောင်ပါပဲ။ သူက အရပ်မြင့်ပြီးထွားကြိုင်းလှတာကြောင့် တစ်ချို့လူကြီးတွေကိုတောင် အမှီလိုက်နိုင်တဲ့ ဖွံ့ဖြိုးမှုတွေနဲ့ပါ။ ထူထဲသော မျက်ခုံး မျက်လုံးနက်ကြီးတွေနဲ့ ရှီဂီဇောင်ဟာ အခုတော့ ကြီးမားလေးလံပုံရတဲ့လက်နက်ကြီးတစ်ခုကို ကိုင်ဆွဲထားပါတယ်။ ကောင်မလေးတစ်ယောက်ကို သူက ကြည့်ပြီး မေးလိုက်ပါတယ်။

” ဖီးဟို ဘယ်လောက်ဝေးသေးလဲ ”

ဒီကောင်မလေးနာမည်က ဖီးဟိုဖြစ်ပါတယ်။ သူမမွေးဖွားလာခဲ့ချိန်တုန်း ခြောက်သွေ့ပိန်လှီလွန်းတာကြောင့် ဒီနာမည်ကို ရသွားခဲ့တာပါပဲ။ ဖီးဟို ဆိုတာက မျောက်ပိန်လှီလေးလို့ ဆိုလိုတာလေ။ သို့သော်ငြားလည်း သူမက လိမ္မာပါးနပ်လှပြီး ရည်ရွယ်ချက်ကြီးတာကြောင့် ခွန်အားဗလတွေအရမ်းကို ကြီးမားနေခဲ့ပါပြီ။

” ချောင်ကမ်းပါးရွာက သိပ့်လည်းမဝေးပါဘူး ငါတို့ခနလောက်ဆို ရောက်တော့မှာပါ ငါ ဦးလေးရှီလင်းဟူဆီကနေ သေချာသိထားပါတယ် ”

ရှီဂီဇောင်ကို သူမက ပြန်ဖြေလိုက်ပါတယ်။ တဆက်တည်းမှာပဲ ဂီဇောင်က မေးခွန်းတစ်ခုမေးလိုက်ပါပြီ။

” ရှီဟောင် မင်းယော ဘယ်လိုထင်လဲ ”

အရင်တုန်းကတော့ ရှီဟောင်ဆိုတာ သူတို့အဖွဲ့သွားလေရာနောက်ကိုသာ တွယ်ကပ်လိုက်နေခဲ့ရပါတယ်။ လူကြီးတွေနဲ့ ရွာသူရွာသားတွေအားလုံးက မထင်မှတ်ထားဘဲ ရှီဟောင်က ကြေးနီအိုးကြီးကို ချီမပြလိုက်တဲ့အခါမှာတော့ ကောင်လေးတွေက သူ့ကို လုံး၀သရော်မှုမလုပ်ရဲကြတော့ပါဘူး။ သူက ချက်ချင်းပဲ ကောင်လေးတွေအဖွဲ့ရဲ့ ကျောရိုးအဖွဲ့၀င်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

” ကျွန်တော်တို့ လမ်းခရီးမှာဂရုမစိုက်ရင် ဒါက အရမ်းကို အန္တရာယ်များမှာလေ ”

ရှီဟောင်ရဲ့ အသံလေးက စူးနေပေမယ့် ရှင်းရှင်းလင်းလင်းတော့ရှိပါတယ်။ သူ့ရဲ့ လက်တွေ့ကျကျအပြောနဲ့ အနက်ရောင်မျက်စံလေးတွေက မီးလျှံတွေဖြာထွက်နေသလို လင်းလက်လှပါတယ်။

” ဒါပေမယ့် ဒီအကွာအဝေးက တကယ်တော့လည်း သိပ့်မဝေးပါဘူးဟ ”

ရှီဂီဇောင်က ပြောလိုက်လို့ပါ။ ကောင်လေးတစ်၀က်လောက်ကတော့ နေရာပြောင်းပြီးသွားချင်နေကြပါတယ်။

” မင်းတို့ ယောကျာ်းတွေမဟုတ်ဘူးလား ငါတော့ သွားပြီ ”

ရှီဟောင်က အရမ်းကို ရဲရင့်တဲ့ လူငယ်တစ်ယောက်ရဲ့ လေသံနဲ့ပြောဆိုလိုက်ပါတယ်။ ကောင်လေးတွေအဖွဲ့လည်း ဘာမှမတတ်နိုင်တော့ဘဲ သူတို့ရဲ့ ခရီးကို ဆက်ထွက်လာခဲ့ပါတယ်။ တောကြီးထဲမှာ သစ်ပင်ကြီးတွေဟာ ဟိုတစ်ပင် ဒီတစ်ပင်ပေါက်ရောက်နေလို့ပါ။ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကောင်တွေကို မကြာခဏတွေ့လာရပါတယ်။ ပတ်၀န်းကျင်းတစ်ခွင်လုံးကလည်း မကောင်းဆိုးရွားအငွေ့အသက်တွေ ဖြာထွက်လို့ နေပါတယ်။

တောင်တန်းဒေသကြီးထဲက ကျောက်ခေတ်ရွာဘေးမှာရှိတဲ့ သစ်တောကြီးကလည်း အရမ်းကို ကြီးမားကျယ်ပြန့်လို့နေတာပါ။ တောတန်းကြီးက တိတ်ဆိတ်ငြိမ်သက်လွန်းလှပြီး ဆီးနှင်းဖြူတွေကလည်း ဖွေးဖွေးလှုပ်အောင် ကျနေခဲ့ပါတယ်။ အံ့သြစရာကောင်းတာကတော့ အရမ်းကိုကြီးမားတဲ့ သားရဲကောင်တွေရဲ့ အရိုးစုတွေကို တွေ့လာရတာပါ။

” ဖီးဟို ….”

ကောင်လေးတစ်ယောက်က ဘေးဘီဝဲယာကို ဝေ့ကြည့်လိုက်ပြီး လေသံပျော့လေးနဲ့

” ဦးလေးလင်းဟူတို့ပြောတာကတော့ သူတို့ပုန်းအောင်းတဲ့ နေရာက တောနက်ကြီးရဲ့ အနက်ဆုံးတွင်းထဲက ချောက်ကမ်းပါးပေါ်မှာ ရှိတယ်တဲ့ ”

ရှီဂီဇောင်လည်း အရိုးကျနေပြီဖြစ်တဲ့ သားရဲကောင်တွေရဲ့ အရိုးစုတွေကို ကြည့်လိုက်ပြီး ကောင်လေးတွေကို လေသံတိုးတိုးနဲ့ သတိပေးလိုက်ပါတယ်။

” အခုချိန်က သူ့ရဲ့ အသိုက်ထဲမှာ မဟုတ်ပေမယ့် ငါတို့ အရမ်းသတိထားဖို့တော့ လိုတယ် မင်းတို့က ဂရုမစိုက်ဘူးဆိုရင် မင်းတို့အသက်တွေကို ဆုံးရှုံးရမှာပဲ ”

ကောင်လေးတွေအားလုံးက တောင်တန်းဒေသအတွင်းမှာပဲ ကြီးပြင်းလာပါတယ်။ သူတို့က သတိဝီရိယထားပြီး တောင်ကုန်းတောင်တန်းတွေကို ဖြတ်သန်းနေပေမယ့် သားရဲကောင်တွေလို အရမ်းမြန်ဆန်မှုအရှိန်အဟုန်နဲ့ပါ။ သူတို့တွေက မြန်မြန်ဆန်ဆန်နဲ့ ရွေ့လျားနေကြပေမယ့်လည်း တောနက်ကြီးထဲမှာ အတတ်နိုင်ဆုံးခြေရာဖျောက်ထားနိုင်ကြပါတယ်။

သူတို့တွေက ကိုယ့်ရဲ့ပတ်၀န်းကျင်က ထွက်ပေါ်လာတဲ့ အနံ့အသက်တွေကို အာရုံစိုက်ခွဲခြားပြီး ကင်းထောက်သဘောမျိုး လေထုကို အသုံးပြုချလို့ပါ။ ဒါက သစ်ပင်ကြီးတွေပေါ်က မျောက် နဲ့ ဝံလို သားရဲတွေကို ရှာဖွေနိုင်သလို မြေပြင်ကနေ လျပ်တပြတ်ထွက်ပေါ်လာနိုင်တဲ့ သားရဲတွေကိုလည်း ကြိုတင်ကာကွယ်နိုင်ပါတယ်။

ကောင်လေးတွေအဖွဲ့က လမ်းခရီးတစ်လျှောက်လုံး အရိုးစုအများကြီးကို တွေ့လာခဲ့ရပါတယ်။ ပြောရရင်တော့ ၅မီတာ ၆မီတာလောက်ရှည်တဲ့ သားရဲကောင်ကြီးတွေရဲ့ ခေါင်းခွံတွေကို တွေ့ရသလို နှင်းဖွေးဖွေးတွေကြားထဲမှာ ခြောက်သွေ့နေတဲ့ အရိုးတွေလည်း ရှိနေပါတယ်။ အရိုးစုတွေအားလုံးက တစ်စုံတစ်ခုရဲ့ စားသောက်ခြင်းကို ခံထားရတဲ့ သားရဲကောင်တွေနဲ့ သားရဲငှက်တွေပါပဲ။

” ငါတို့ပိုပြီး တိတ်တိတ်နေဖို့ လိုတယ် ငါတို့ကျောက်ခေတ်ရွာနဲ့ ပိုပြီးဝေးတဲ့အထိရောက်သွားရင် သေချာပေါက်သေစေနိုင်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ် ”

” ကျန်ခဲ့တဲ့ရက်တွေတုန်းက ဦးလေးလင်းဟူ နဲ့ တခြားသူတွေပြောနေတဲ့ ဥစ္စာကို တွေ့ပြီ ”

ကောင်လေးတွေက မသဲမကွဲလေး ရေရွတ်ပြောဆိုလိုက်ကြပါပြီ။ သူတို့တွေက အရမ်းကိုမြန်ဆန်စွာ ကွေ့ပတ်သွားလိုက်ပြီး တောနက်ကြီးရဲ့ အနက်ဆုံးသော တွင်းနားကို လေပွေတွေလို ရောက်ရှိသွားကြပါတယ်။

သူတို့အားလုံးရဲ့ ရှေ့မှာ ရှိနေတာကတော့ ကြောက်စရာကောင်းလွန်းလှတဲ့ ချောက်နက်ကြီးပါပဲ။ ပတ်၀န်းကျင်လေထုတစ်ခုလုံးက သိပ့်သည်းလာခဲ့ပြီး အရာအားလုံးဟာ ပိုပိုပြီး တိတ်ဆိတ်လာခဲ့ပါတယ်။ ချောက်ကမ်းပါးထိပ့်မှာတော့ အနက်ရောင်သစ်သားအမြောင်းတွေကို အရမ်းကို ကြီးမားတဲ့ အသိုက်တစ်ခုအဖြစ် တည်ဆောက်ထားတာတွေ့လိုက်ရပါတယ်။

ကောင်လေးတွေက သစ်သားနက်အသိုက်ကြီးနဲ့ အနီးကပ်ဆုံးနေရာအထိတိုးကပ်သွားကြပြီး ကျောက်ဆောင်တွေရဲ့ အက်ကွဲကြောင်းတွေကြားမှာ ပုန်းကွယ်လိုက်ကြပါတယ်။ သစ်သားနက်အသိုက်ကြီးကတော့ အရမ်းကို ကြီးမားလှပြီး သူ့ရဲ့ အချင်းက ၁၀မီတာလောက်ထိ ရှည်လျားနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်သူပဲဖြစ်ဖြစ် ဒါက သားရဲငှက်ကြီးတဝ်ကောင်ကောင်ရဲ့ အသိုက်အမြုံမှန်း သိနိုင်ပါတယ်။

” သေချာတယ် ဒီနေရာပဲ ”

” လင်းယုန်စိမ်းကြီးက အရမ်းကိုကြီးမားတဲ့ အသိုက်ဆောက်လို့ မပြီးသေးဘူးဆိုရင် အချိန်အကြာကြီး လှည့်လည်သွားလာနေတတ်တယ် ဦးလေးလင်းဟူ ပြောတာ တကယ်မှန်တာပဲ ရှီဟောင် မင်းသွားတော့ ..”

ကောင်လေးတွေအဖွဲ့က အရမ်းကို စိတ်လှုပ်ရှားနေကြပါပြီ။ ဒါက သူတို့အားလုံးရဲ့ အဓိက ရည်မှန်းချက်ပါပဲ။

လင်းယုန်စိမ်းတွေက တကယ်ကိုရန်လိုပြီး အစွမ်းထက်တဲ့ သားရဲငှက်အမျိုးအစားကြီးပါ။ သူတို့ရဲ့ ခန္ဓာကိုယ်က မှော်သွေးတွေကို ပိုင်ဆိုင်ထားပါတယ်။ သူတို့က ဖမ်းဆီးဖို့ အရမ်းကိုခက်ခဲသလို သူတို့လက်ထဲကနေ အသက်ရှင်လျှက် လွတ်မြောက်ဖို့ကလည်း ခက်ခဲလွန်းပါတယ်။

” ဦးလေးလင်းဟူနဲ့ တခြားသူတွေပြောသံအရတော့ လင်းယုန်စိမ်းအထီးကောင်ကြီးက မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် တောင်တန်းအတွင်းထဲက ငှက်မတစ်ကောင်နဲ့ ရန်ငြိုးဖွဲ့ခဲ့ပုံရတယ် ဒါ့ကြောင့်သူပျောက်နေတာနေမယ် ငါတို့က ပိုပြီးနီးနီးကပ်ကပ်သွားချင်ရင်တော့ အခုက အကောင်ဆုံးအခွင့်အရေးပဲ..”

ကောင်မလေးဖီးဟိုက ပြောဆိုလိုက်ပါတယ်။

ကောင်လေးတွေဟာ သူတို့ရဲ့ လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးမာန်တင်းလိုက်ကြောင့် သူတို့ရဲ့ အာရုံကြောတွေတောင် ရှင်သန်လာသလို ခံစားလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ယောက်ကို တစ်ယောက် မျှော်လင့်ခြင်း စိတ်လှုပ်ရှားခြင်းများစွာနဲ့ ကြည့်လိုက်ကြပါတယ်။ သူတို့အားလုံးက တောင်တန်းဒေသထဲမှာပဲ ကြီးပြင်းလာကြသူတွေမဟုတ်ရင် ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် အခုလို ခရီးကို ထွက်လာကြမှာမဟုတ်ပါဘူး။ ရသမျှ ရှိသလောက်နဲ့ပဲ ရောင့်ရဲတင်းတိမ်နေကြမှာလေ။

” အားလုံးပဲ အသိုက်ကို ကျောက်ခဲနဲ့ ထုကြမယ် ငါ အရင်ဆုံးထွက်ပစ်မယ် ..”

အသားအရေနက်မှောင်နေတဲ့ကောင်လေးတစ်ယောက်က စကားစလိုက်ပါတယ်။ သူ့ရဲ့ နာမည်က ရှီမန် ဖြစ်ပေမယ့် ရွာသူရွာသားတွေအားလုံးခေါ်ကြတာကတော့ အန်းမန်ပါ။ ကျောက်ခေတ်ရွာရဲ့ အခြေခံကိုယ်ခံပညာစွမ်းရည်ပြပွဲမှာ သူက နွားနောက်မကြီးကို ချီမပြနိုင်သလို ၁၀၀၀ဂျင်ရှိတဲ့ ကြေးနီအိုးကြီးကိုလည်း ချီမပြနိုင်သေးတယ်လေ။ ကောင်လေးတွေအုပ်စုထဲမှာတော့ ရှီဟောင် နဲ့ ဂီဇောင်ပြီးရင် သူက ဒုတိယမြောက်အားအကောင်းဆုံးတစ်ယောက်ဖြစ်ပါတယ်။

” ဝှီး …”

၀ှီးခနဲအသံကြီးဟာ တိုက်လေယဉ်တစ်စီးရဲ့ အရှိန်အဟုန်နဲ့တိုးထွက်သွားပြီး နောက်ဆုံးမှာ တဒေါင်ဒေါင်မြည်ဟိန်းသံကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ ကျောက်ခဲကြီးတစ်လုံးက ချောက်ကမ်းပါးပေါ်က အသိုက်နက်ကြီးကို ထိမှန်သွားပြီး ဆူညံလွန်းတဲ့ အသံတွေဖြစ်လာပြီး ကျောက်ဆောင်အကျိုးအပဲ့များပေါ်ကျသွားခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းတာကတော့ ချောက်ကမ်းပါးပေါ်က အသိုက်နက်ကြီးမှာ လှုပ်ရှားမှုတစ်ခုမှ ပေါ်မလာခဲ့ပါဘူး။

” အန်းမန် မဆင်မခြင်လုပ်ရလားဟ နည်းနည်းတော့ သတိထားသင့်တာပေါ့ …”

” ငါက သူ့ရဲ့ အသိုက်ထဲမှာများရှိနေမလာဆိုပြီး စမ်းကြည့်တာပါ အခုဘာပြဿ
နာမှ မရှိဘူးလေ မြန်မြန်သွားစစ်ဆေးကြမယ် ”

အန်းမန်ကတော့ သူ့ရဲ့ရည်ရွယ်ချက်ကို အလျှင်အမြန်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

” အစ်ကို အန်းမန် အခုခဏလောက် စောင့်ပါဦး ”

ရှီဟောင်က ပြောပြောဆိုဆိုနဲ့ ကျောက်ခဲကြီးတစ်လုံးကို ဝေ့ရမ်းပြီး ပစ်လိုက်ပါတယ်။ ဝှီခေါ်နေတဲ့အသံကြီးက ကြောက်စရာကောင်းလောက်အောင် ထွက်ပေါ်လာပြီး အသိုက်နက်ကြီးကို ပြင်းထန်စွာထိမှန်သွားခဲ့ပြန်ပါတယ်။

အချိန်အတော်လေးကြာလာချိန်အထိ ချောက်ကမ်းပါးဟာ ပြန်လည်ငြိမ်သက်သွားသလို လင်းယုန်စိမ်းကြီးကလည်း ထွက်မလာခဲ့ပါဘူး။

” သွားကြရအောင် ..”

ကောင်လေးတွေအဖွဲ့ဟာ သားရဲကောင်တွေလို အသံကျယ်ကျယ်နဲ့ အော်ဟစ်လိုက်ကြပါတယ်။ ဒီနောက်မှာတော့ သူတို့ဟာ ချောက်ကမ်းပါးပေါ်ကို လျှပ်စီးလျပ်သလို အမြန်နှုန်းနဲ့ ပြေးတက်သွားကြပါတယ်။

” အစ်ကိုဂီဇောင် ဒီမှာ တခြားသူတွေနဲ့ ဒီကပဲ စောင့်နေပါ ကျွန်တော်အရင်ဆုံး သွားကြည့်လိုက်မယ် ”

ရှီဟောင်က ပြောလိုက်ပါတယ်။

” မင်းက နို့သောက်တာ မရပ်သေးတဲ့ ကလေးလေးပဲလေ မင်း ရပ်ကြည့်နေတယ်ဆိုရင်တောင် ဒါက လုံလောက်နေပါပြီ ငါတို့ပဲ သွားကြည့်လိုက်မယ် ..”

ရှီဂီဇောင်က ပြုံးစိစိနဲ့ပြောလိုက်သလို ကျန်တဲ့ကောင်လေးတွေကလည်း ရယ်မောလိာက်ကြပါတယ်။ အခုချိန်ထိကိုပဲ ရှီဟောင်က နို့သောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သရော်ခံနေရတုန်းပါပဲ။

” ကျွန်တော်အသားစစားတာကြာနေပါပြီ ရေလောက်ပဲ တစ်ခါတစ်လေသောက်တာလေ ”

ရှီဟောင်က စိတ်ဆိုးတဲ့ပုံလုပ်လိုက်ပြီး သူ့ရဲ့နှုတ်ခေါင်းကို ပွတ်လိုက်ပါတယ်။ သူက သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ကြိုးစားနေတယ်ဆိုတာ တွေဝေနေတဲ့ သူ့ရဲ့ မျက်လုံးနက်နက်တွေက ဖော်ပြနေပါတယ်။

မှန်ပါတယ်။

သူငယ်လေးက သူ့ကို ကောင်လေးတွေက ဝိုင်းစနေကြတယ်ဆိုတာကလည်း အန္တရာယ်မျာတဲ့ အတွက် တစ်ခုခုဖြစ်သွားမှာ စိုးရိမ်ကြတာကြောင့်ပဲဖြစ်ပါတယ်။

” အန္တရာယ်မရှိလောက်ပါဘူး ကျွန်တော်က တစ်ချို့လူတွေထက်တောင် ပိုမြန်နေသေးတာပဲ မြန်မြန်ဆန်ဆန်ကို လွတ်မြောက်နိုင်ပါတယ်…”

ရှီဟောင်ဟာ တခြားသူတွေရဲ့ တုံ့ပြန်မှုကို မစောင့်တော့ဘဲ မျောက်တစ်ကောင်ရဲ့ပေါ့ပါးလျင်မြန်မှုမျိုးနဲ့ ချောက်ကမ်းပါးပေါ်ကို စတက်နေခဲ့ပါပြီ။ ရှီဟောင် ချောက်ကမ်းပါးပေါ်ကို ရောက်ရှိသွားပြီးမကြာခင်မှာပဲ တခြားသုံးယောက်ကလည်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်ရှိလာခဲ့ပါတယ်။ သူတို့အားလုံးဟာ ခေါင်းပေါ်မှာရှိနေတဲ့ သစ်သားနက်အသိုက်ကြီးဆီကို ဦးတည်လှောက်လှမ်းသွားကြပါတယ်။

” အရမ်းကို ကြီးလွန်းတဲ့ အသိုက်ကြီးပဲ ..”

ဖီးဟိုက တအံ့တသြရေရွတ်လိုက်ပါတယ်။ သူတို့အားလုံးက အသိုက်နက်ကြီးနဲ့ နီးကပ်လာလေ တုန်လှုပ်ဖို့ကောင်းတဲ့ ခံစားချက်တွေကို ခံစားလာရပါတယ်။ အသိုက်ကြီးက ဆယ်မီတာကျော်လောက် ကျယ်ပြန့်ပြီး အနက်ရောင်သစ်သားတွေနဲ့ပဲ တည်ဆောက်ထားပါတယ်။ ဒါက ချောက်ကမ်းပါးအထွတ်ကြီးတစ်ခုလုံးကို သိမ်းပိုက်ပြီးတည်ဆောက်ထားတာကြောင့် ကျောက်ခေတ်ရွာထဲက အိမ်တွေထက်တောင် ကြီးမားလို့နေပါတယ်။

လင်းယုန်စိမ်းကြီးရဲ့ နေထိုင်ရာအသိုက်ထဲမှာ သွေးကွက်ကြီးတွေ အများကြီးရှိနေပါတယ်။ နောက်ပြီး သွေးစက်တွေခြောက်သွေ့နေတဲ့ အရိုးတွေကလည်း တောင်လိုပုံထပ်နေခဲ့ပါတယ်။ ဒါက အရွယ်ရောက်ပြီးတဲ့ လူကြီးတွေကိုတောင် သွေးပျက်ခြောက်ခြားသွားစေနိုင်တဲ့ မြင်ကွင်းတွေပါပဲ။

ပြောရရင် အရမ်းကိုကြီးမားတဲ့ သားရဲကောင်တွေရဲ့ အရိုးခေါင်းထိပ်ကနေ ကြောက်စရာကောင်းတဲ့ သင်္ကေတတွေထွက်ပေါ်လို့နေပါသေးတယ်။ သားရဲကောင်ရဲ့ ကျန်ရှိနေခဲ့တဲ့ သွေးစက်တွေကနေတောင် သူတို့ရဲ့ အသက်ရှင်စဉ်အချိန်က ကြမ်းကြုတ်တဲ့ အရှိန်အဝါတွေ ဖြာထွက်နေတုန်းပါပဲ။

” ဆင်နဂါးသားရဲကောင်ရဲ့ အရိုးအကြွင်းအကျန်တွေပါလား ဒါက တကယ်ကိုကြောက်စရာကောင်းတာပဲ သူက ပျံသန်းနိုင်တဲ့ ဆင်နဂါးသားရဲကောင်ကိုတောင် ဖမ်းယူစားသောက်ပစ်နိုင်တယ်ပေါ့ ..”

အန်းမန်ရဲ့ ကြောက်ရွံ့တုန်လှုပ်နေတဲ့ အသံကြီးက ပေါ်ထွက်လာပါတယ်။

” ဒါက ပုံမှန်ပဲ အရမ်းစိုးရိမ်မနေကြနဲ့ ..”

ရှီဂီဇောင်က ပြောလိုက်ပြီး သစ်သားနက်အသိုက်အမြုံပေါ်ကို စတက်လိုက်ပါတယ်။
သစ်သားနက်အသိုက်ပေါ်ကို ရောက်ရှိလာတယ်ဆိုရင်ပဲ လေထုတစ်ခုလုံးက ချက်ချင်းကို သိပ့်သည်းသွားခဲ့ပြီး သွေးစက်တို့ရဲ့ အော်မြည်သံကိုတောင် ကြားလိုက်ရသလိုပါ။ သစ်သားနက်အသိုက်အမြုံက မှောင်မိုက်နေတာကြောင့် လင်းယုန်စိမ်းကြီးဟာ အသိုက်ရဲ့အစွန်းနားမှာပဲ သူ့ရဲ့ သားကောင်တွေကို စားသောက်ပစ်လိုက်ပုံပါပဲ။ အချိန်တွေအများကြီးကုန်လွန်သွားခဲ့ချိန်မှာတော့ သားရဲကောင်တွေရဲ့ သွေးစက်တွေ အသားတစ်တွေနဲ့ ညစ်ညမ်းခံရပြီး သစ်သားနက်အသိုက်အမြုံကလည်း အရမ်းနက်ရှိုင်းအားကောင်းတဲ့ ပျက်စီးခြင်းအော်ရာတွေ ဖြာထွက်နေခဲ့ပါပြီ။

” လင်းယုန်စိမ်းငှက်ကြီး တကယ်မရှိဘူးပဲ..”

” ငှက်ဥတွေ အများကြီးပဲ လာကြည့်ကြဦး.. ”

ကောင်လေးတွေရဲ့ မဆင်မခြင်စိတ်လှုပ်ရှားနေတဲ့ အသံကြီးတွေကလည်း ကျယ်လောင်စွာထွက်ပေါ်လာခဲ့ပါတယ်။ သူတို့က ကျောက်ခေတ်ရွာထဲမှာ ငှက်ကလေးတွေကို လိုက်လံချောင်းမြောင်းဖမ်းဆီးလို့နေတယ်များထင်ရလောက်အောင် အပျော်လွန်နေကြပါတယ်။

” ငှက်ဥတွေလား အာ့ဒါအရမ်းကောင်းတယ် မြန်မြန်သိမ်းလိုက်ကြ ရွာကိုပြန်ယူသွားကြမယ် အနာဂတ်မှာ ငါတို့လည်း ရွာကို ရိက္ခာတွေပြန်ထောက်ပံ့ပေးလို့ရတော့မယ်..”

ဖီးဟိုက စိတ်လှုပ်ရှားတုန်ရီနေတဲ့အသံနဲ့ အော်ဟစ်လိုက်ပါတယ်။
သစ်သားနက်အသိုက်အမြုံရဲ့ အတွင်းပိုင်းကတော့ ရွှေပိုးမြက်ပျော့နဲ့ အလွှာလွှာအထပ်ထပ် ကာရံလို့ထားပါတယ်။ ဒါက အရမ်းကို မျက်စိပဒါသဖြစ်စေပြီး တောက်ပတဲ့ ကျောက်စိမ်းဥတွေကို ကြည့်နေရသလိုပါပဲ။ ဥတွေရဲ့ အပြင်ဘက်အခွံပေါ်မှာတော့ မတူညီတဲ့ အစက်အပြောက်တွေရှိနေပြီး အလင်းရောင်တွေ မှိန်တုတ်မှိန်တုန်ထွန်းလင်းနေပါတယ်။

လင်းယုန်စိမ်းငှက်ဥတွေအားလုံးက ရေအင်တုံတစ်လုံးစာလောက်ကို ကြီးမားလို့နေပါတယ်။ ငှက်ဥရဲ့ အလင်းမှိန်မှိန်လေးတွေထွက်ပေါ်နေတဲ့ အောက်ဘက်မှာတော့ မဟူရာနီရောင်နဲ့တူတဲ့ စိမ်းညို့ညို့အလင်းလေးတစ်ခုရှိနေပါတယ်။ နေရောင်အောက်မှာ လင်းယုန်စိမ်းငှက်ဥတွေဟာ ကျောက်မျက်ရတနာတွေအလား ပြိုးပြိုးပြက်ပြက်လင်းလဲ့လို့နေကြပါတယ်။

****

Comment

Leave a Reply

Options

not work with dark mode
Reset