Switch Mode

Chapter – 6

ကြိုတင် ပြင်ဆင်မှု

Chapter – 6 ကြိုတင် ပြင်ဆင်မှု

ရွာသားတွေ အားလုံးက တွေဝေငေးမောကာ ဆွံ့အနေခဲ့ပါတယ်။ ဒီကောင်လေး ရှီဟောင်က ဟိုအရင်ကတည်းက သူ့နဲ့ရွယ်တူတွေထက် ပိုပြီး သန်မာနေခဲ့တာ သူတို့ သိထားကြပါတယ်။ ဒါပေမဲ့လည်း ဒီလောက်ထိ သန်မာနေလိမ့်မယ်တော့ စိတ်တောင်မကူးမိကြပါဘူး။

” သူက အရိုးစာသားရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေကို ဘာလို့မသုံးရတာလဲ ”

တစ်ယောက်က မေးလိုက်ပါတယ်။

” ငါထင်တာကတော့ သူ့ရဲ့ခွန်အားသက်သက်သုံးရုံနဲ့ပဲ လုံလောက်နေလို့ ဖြစ်မှာပေါ့။ ဒါက အရမ်းကို ရှင်းနေတာပဲဟာ ”

အမဲလိုက်အဖွဲ့ရဲ့ ခေါင်းဆောင် ရှီလင်းဟူက ပြန်ပြောလိုက်ပါတယ်။

” ဟိုင်း … ယား ”

ရှီဟောင်က မြေပြင်ပေါ်ကို ကြေးနီအိုးကြီး ပြန်ချထားလိုက်ပါတယ်။
ဒါကြောင့် ကြေးနီအိုးကြီးက မြေပြင်ပေါ်ကို ကျသွားတာနဲ့ ဖုန်အလိမ့်လိမ့် ထသွားခဲ့ပြီလေ။ ဒါကို ရှောင်ရှားဖို့အတွက် သူက အနောက်ဘက်ကို လှပစွာ ယိမ်နွဲ့ကာထွက်သွားပါတယ်။ ဒီကျယ်လောင်တဲ့ အသံကြီးတွေနဲ့အတူပဲ ရွာသားတွေရဲ့ နှလုံးသားတွေလည်း တင်းကျပ်သွားခဲ့ပါတယ်။ ဒါက တကယ့်ကိုပဲ နည်းနည်းတော့ နတ်ဆိုးဆန်ပါတယ်။

ရလဒ်ကတော့ တကယ့်ကိုပဲ ယုံကြည်ဖို့ရာ ခက်ခဲပါတယ်။ သုံးနှစ်ခွဲအရွယ် ကောင်လေးက ၁၀၀၀ ဂျင် အလေးချိန်ရှိတဲ့ ကြေးနီအိုးကြီးကို ချီ ပြသွားခဲ့ပါတယ်။ တောင်တန်းဒေသနဲ့ တော်တော်လေး ကွာဝေးတဲ့ အနီးအနားဒေသက လူတွေထဲမှာတောင် သူ့လို လူမျိုးကို ရှာတွေ့ဖို့ ခက်ခဲပါတယ်။

ရွာသားတွေ အားလုံးက စိတ်နဲ့ကိုယ်နဲ့ လွတ်ကင်းနေကြသလို ကျောက်ခေတ်ရွာ အကြီးအကဲ ရှီယွီဖန်းကလည်း ထိတ်လန့်လို့ နေပါပြီ။ ရှီဟောင်က သူ့ရဲ့လက်ပေါ်မှာပဲ တဖြည်းဖြည်း ကြီးပြင်းလာတာကြောင့် ဒီလို ကြီးမားလွန်းတဲ့ အိုးကြီးကို မ ပြဖို့ ဆိုတာ မယုံကြည်နိုင်သလို ဘယ်တုန်းကမှလည်း မမျှော်လင့်ထားပါဘူး။

” ဒါက အမှန်ပဲလား ဘာဖြစ်လို့ ရှီဟောင်လေး ဒီလိုအစွမ်းတွေ ရှိနေတာလဲ။ ငါတော့ ကလေးတစ်ယောက်က ဒီလို လုပ်နိုင်တယ်လို့ တစ်ခါမှ မကြားဖူးဘူး ”

” ဒါက တကယ်ကို အတော်လေး ထူးခြားနေတာလေ။ သူ့ဆီမှာ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ရှိနေလို့ပေါ့ မဟုတ်ဘူးဆိုရင် ငါကတော့ ဒဏ္ဍာရီလာတန်ခိုးရှင်တစ်ယောက်ယောက်ရဲ့ သားက ဒီနေရာမှာ ပေါ်လာတယ်လို့ ထင်မိမှာပဲ ( အတိသယ ဝုတ္တိအလင်္ကာ😂) ”

ရွာသားတွေကလည်း ရှီဟောင်နဲ့ပတ်သက်ပြီး တစ်ယောက်ပြီးတစ်ယောက် သူ့ရဲ့စွမ်းဆောင်ရည်တွေပေါ်မှာ မှတ်ချက်ပေးနေခဲ့ပါတယ်။

” ရွာခေါင်းဆောင် အကြီးအကဲ ခင်ဗျားက ဒီထက်အဆင့်မြင့်တဲ့ ဒေသတွေကို ရောက်ဖူးခဲ့တယ်မလား။ ဒီလို အစွမ်းထက်တဲ့ ကလေးတွေကို တွေ့ခဲ့သေးလား ”

” ဟုတ်တယ် ယွီဖန်း မင်းက ငါတို့ထဲမှာ အရမ်းကို အစွမ်းထက်ခဲ့ တာပဲလေ။ မင်း ဒီ မွန်းစတားနဲ့တူတဲ့ ဘယ်သူ့ရဲ့ အကြောင်းပဲ ဖြစ်ဖြစ် ကြားမိသေးလား? ”

ကျောက်ခဲရွာရဲ့ အကြီးအကဲတချို့က သူတို့ကို သူတို့ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ပြောဆိုလိုက်ပါတယ်။

ရှီယွီဖန်းက ရွာကို ဦးဆောင်ဦးရွက်ပြုရတဲ့သူ ဖြစ်ပေမဲ့ နာယက အကြီးအကဲတွေထက်တော့ ငယ်ပါတယ်။ သူတို့တွေဟာ နာယက အကြီးအကဲဖြစ်ပေမဲ့ စွမ်းအင်အရင်းအမြစ် ကွာဟချက်တွေ ရှိနေတာကြောင့် ဒါက သူတို့ကို ရှော့ရစေပါတယ်။

” ကျုပ်ကတော့ ဘီလျံသန်းချီပြီး လူဦးရေရှိတဲ့ ကလန်ကြီးတွေကို
ဆုံခဲ့ဖူးပါတယ်။ သူတို့ရဲ့ ထူးခြားထက်မြက်တဲ့ ပါရမီရှင် ကလေးတွေကိုလည်း တွေ့ခဲ့ ဖူးတယ်လေ။ ကောင်လေးက သူတို့နဲ့စာရင် တော်တော်လေး အားပျော့နေသေးပါတယ်။ ”

ရှီယွီဖန်းရဲ့စကားကို ကြားလိုက်ရတဲ့ ရွာသားတွေကလည်း အခုမှပဲ
သက်မချပြီး ရပ်နိုင်လာကြပါတယ်။ သည်အရာက ကျောက်ခေတ်ရွာကို မိုးကောင်းကင်ကပဲ မျက်နှာသာပေးလိုက်ပုံပါ။
ရှီဟောင်က တစ်စုံတစ်ရာ ချွတ်ချော်မှု မရှိဘဲ ကြီးပြင်းလာခဲ့မယ် ဆိုရင် မွန်းစတားဆန်တဲ့ သူ့ရဲ့ စွမ်းရည်တွေကြောင့် ကျောက်ခေတ်ရွာက သေချာပေါက် တိုးတက်လာပါလိမ့်မယ်။

” အရမ်းကို အစွမ်းထက်ပြီး အင်အားကြီးမားတဲ့ ကလန်ကြီးတွေ ဆိုတာ သစ်တောထဲက သစ်ပင်တွေလိုပဲ ရေတွက်လို့တောင် မရဘူး။ ”

အကြီးအကဲတစ်ယောက်ကလည်း ဒသန ဆန်ဆန်စကားတွေကို ပြောဆိုလိုက်ပါတယ်။

” သူတို့က ပါရမီရှင်တွေဆိုတဲ့ အဖြစ်ကိုတောင် ကျော်လွန်သွားပြီး
အကြောက်အရွံ့ကင်းနေကြပြီလေ။ ဒါကြောင့်ပဲ ဒဏ္ဍာရီလာ ရှေးဟောင်းသားရဲကြီးတွေကို သတ်ဖြတ်နိုင်ကြတာ ပြောရရင် သူတို့က လက်ရွေးစင် ပါရမီရှင်လေးတွေပဲ။ ဒီလိုမှ မဟုတ်ရင် သူငယ်လေးနဲ့ နှိုင်းယှဉ်လိုက်ရင် အရမ်းကို ကွာခြားနေမှာ ”

” အဲ့ဒီမှာက အရမ်းကျယ်ပြန့်တဲ့ လောကလေ။ လက်နက်အမျိုးမျိုးကို အတိုင်းအဆမဲ့ ဖြစ်စေတဲ့သူတွေ ဒဏ္ဍာရီထဲက သူတွေရှိနိုင်တဲ့ အရမ်းကို အစွမ်းထက်တဲ့ ရှေးဟောင်းကလန်ကြီးတွေနဲ့ တော်၀င်မျိုးနွယ်တွေပိုင်တဲ့ နယ်မြေထဲက ကလေးတွေဆို ပိုပြီးတောင် ကြောက်စရာကောင်းနေမှာ။ ပြီးတော့ ကမ္ဘာကြီးဆိုတာ တကယ့်ကို
အကြီးကြီးပါပဲ။ ကျုပ်နားလည်ထားတယ်ဆိုတဲ့ အရာတွေက အမှန်တကယ်ရှိနေတဲ့ အရာတွေထဲက သေးသေးလေးတစ်ခုလောက်ပါပဲ။ ”

ရှီယွီဖန်းက ပြောလိုက်ပါတယ်။

ကိုယ်ကာယ စွမ်းအားတွေကို ပြသနိုင်ခဲ့တာကြောင့် ရွာသားတွေအားလုံး အရမ်းကို ပျော်ရွှင်နေပါတယ်။ ကောင်လေးတွေ အားလုံးက အတော်လေးကို သန်မာကြတာကြောင့် သူတို့ ပိုတိုးတက်လာဖို့ အလားအလာ ကောင်းနေပါပြီ။ ပင်ကိုယ်စွမ်းဆောင်ရည်ကို ကျော်ပြီး အမှန်တကယ် အထိတ်တလန့် ဖြစ်စေခဲ့တဲ့ ရှီဟောင်ကြောင့်လည်း သူတို့ရဲ့ မျှော်လင့်ချက်ထက် ဟိုမှာဘက်ကမ်းကို ကျော်လွန်နေတဲ့ ပျော်ရွှင်မှုကို ဖြစ်စေခဲ့ပါတယ်။

ရွာသားတွေဟာ လူစုခွဲနေချိန်မှာပဲ ကျောက်ခေတ်ရွာ အကြီးအကဲ တွေထဲက ရှီလင်းဟူ နဲ့ တခြားအရေးပါတဲ့ အကြီးအကဲခေါင်းဆောင် တချို့က ကျန်နေရစ်ခဲ့ပါတယ်။ အရင်တုန်းက သူတို့ရဲ့တွေ့ဆုံ ဆွေးနွေးမှုက ဘယ်တော့မှ လက်စမသတ်ခဲ့ပေမယ့် အခုတော့ ဆွေးနွေးနေဆဲပါ။

” ရှီဟောင်က သူတစ်ယောက်တည်းရဲ့ ခုအခြေအနေနဲ့ဆိုရင် အနာဂတ်မှာ သူ သေချာပေါက် စွမ်းအားကြီးလာမှာပဲ။ သူ ဒီမှာရှိနေသမျှ ကာလပတ်လုံးတော့ ကျန်တဲ့သူတွေထဲက ရှေးကျတဲ့ ဒဏ္ဍာရီဆန်ဆန်သားရဲလို အစွမ်းထက်သူတွေ ပေါ်လာမှာ မဟုတ်သေးဘူး။ သူက စွမ်းအားသက်သက်နဲ့လည်း ရက်စက်ကြမ်းကြုတ်တဲ့ ဖီးရှီုးကို အနိူင်ယူနိုင်မှာ မဟုတ်သေးဘူး။ နောက်ပြီးတော့ တောင်တန်းတွေရဲ့ အလွန်က အရမ်းကို အစွမ်းထက်ပြီး အင်အားကြီးတဲ့ ကလန်တွေရဲ့ အလွယ်တကူ ဖျက်စီးတာကိုလည်း ခံရနိုင်သေးတယ်။ ”

( PS. ဖီးရှီုးက ဒဏ္ဍာရီလာ ခြင်္သေ့လိုကောင်လေ ကျနော် wiki linkလေးပေးထားသေးတယ်ဟုတ် နောက်ပြီး ရစ်ခွေနေတဲ့ နဂါးရဲ့ ပုံစံကို ဖျောက်ထားခဲ့သလိုပါပဲ)

” ငယ်ငယ်က ဘယ်လောက်ပဲ အလားအလာရှိရှိ အရွယ်ရောက်လာတော့ ကမ္ဘာတစ်ခုလုံးက ထိတ်လန့်ရအောင် အားကောင်းလာမယ့်သူဖြစ်လာမယ်လို့ ဆိုလိုတာမှ မဟုတ်တာ မင်းက ပါရမီရှိတဲ့ ဂျီးနီးယက်စ်လေးတွေအနေနဲ့ အချိန်မတိုင်ခင် မရေမတွက်နိုင်အောင် ကွယ်ပျောက်သွားကြတယ်ဆိုတာ သိသင့်တယ်”

ရွာအကြီးအကဲတွေကလည်း ဒီစကားတွေကို ခေါင်းညိတ်ထောက်ခံလိုက်ပါတယ်။

” အခု ခင်ဗျားတို့သိတဲ့အတိုင်းပဲ ရှီဟောင်က ဒီရွာမှာပဲ မွေးလာခဲ့တာ နောက်ပြီး သူက မိဘအစုံအလင်နဲ့ မွေးလာတ့ဲ့သူတွေလိုလည်း ကံကောင်းခြင်း မရခဲ့ဘူး သူက တခြားသူတွေထက် တအားကို ဆိုးရွားပြီး ကြီးပြင်းလာရတာ တခြားအင်အားကြီးကလန်တွေက သူ့ကို အစွမ်းထက်တဲ့ အရာတွေနဲ့ ကမ်းလှမ်းလာရင်တောင် ကျုပ်ကတော့ သူ့ကို မပေးလိုက်နိင်ဘူး ”

ရှီယွီဖန်းက ယတိပြတ်ပြောဆိုလိုက်ပါတယ်။

” သူက အခုကောင်လေးပဲရှိသေးတာပါ ဒါ့ကြောင့် ရှေ့လျှောက်အများကြီး တိုးတက်လာဦးမှာပဲ အစွမ်းထက်ကလန်တွေက ကလေးတွေထက် နောက်ကျနေမယ်လို့ ပြောမရပါဘူး ”

ရှီလင်းဟူ ကလည်း ပြောဆိုလိုက်ပါတယ်။

ကျောက်ခေတ်ရွာအကြီးအကဲရှီယွီဖန်းတစ်ယောက်တည်းကပဲ တောင်တန်းဒေသရဲ့ ကန့်သတ်နယ်မြေအတွင်းက ကလန်တွေထဲမှာ ပါရမီအကောင်းဆုံးဖြစ်ခဲ့တာပါ။ နောက်ပြီး အသက်ငါးနှစ်ပြည့်လာတဲ့ကလေးတိုင်းကလည်း သူတို့ရဲ့ ဘ၀မှာအရေးအကြီးဆုံးဖြစ်တဲ့ တရား၀င်ကောင်းကင်စစ်ဆေးခြင်း ခံရမှာ ဖြစ်ပါတယ်။

” ငါပြောချင်တာကတော့ ရှေ့ရေးကို နည်းနည်းလောက်ကြို ပြီးစဉ်းစားသင့်တယ် သူတို့ကို ရွာအတွင်းပိုင်းထဲမှာ ထားကြမယ် တဖြည်းဖြည်းသူတို့ရဲ့ ခွန်အားတွေတိုးတက်လာဖို့ လုပ်ကြတာပေါ့ စစ်မှန်တဲ့ သားရဲသွေးတွေနဲ့ ဆေးဖက်၀င်ပစ္စည်းတွေကိုသုံးပြီး ကြေးနီအိုးနဲ့ ဆေးစိမ်းဖို့လည်း လုပ်ကြရမယ် ”

သူတို့အားလုံးလည်း သက်ပြင်းကို ခပ်ဖွဖွချလိုက်ကြပါတယ်။ ကျောက်ခေတ်ရွာဆိုတာ အရမ်းကို သေးငယ်တဲ့ နေရာတဝ်ခုပါ။ သူတို့က အရမ်းကို ကြီးမြတ်တဲ့ ကလန်ကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ကတော့ တကယ်ကို ဖြစ်နိုင်မှာတဲ့လား။ ပြီးတော့ ဒဏ္ဏာရီလာဆေးပစ္စည်းတွေနဲ့ ရှေးကျတဲ့ သန့်စင်သောသွေးတွေကို အချိန်တိုင်း ရယူဖို့ကလည်း ပိုတောင်မှ မဖြစ်နိုင်သေးပါဘူး။

” ငါတို့အနေနဲ့ တစ်ချို့အစွမ်းထက်တဲ့ သားရဲကြီးတွေကို အကောင်းဆုံးကြိုးစား အမဲလိုက်ပြီး သူတို့ရဲ့ အဖိုးတန်အစိတ်အပိုင်းတွေကို ယူကြမယ် ငါတို့ နည်းနည်းချင်းစုထားပြီး ကောင်လေးငါးနှစ်အရွယ်မှာ ကောင်းကင်စစ်ဆေးခြင်းအတွက် ပြင်ဆင်ကြတာပေါ့ ”

အကြီးအကဲတစ်ယောက်ကလည်း သက်ပြင်းချပြီး ပြောဆိုလိုက်ပါတယ်။

ရှီလင်းဟူက မကျေမနပ်နဲ့ တခြားပြသနာတစ်ခုကို ပြောဆိုလိုက်ပါတယ်။

” ဒဏ္ဏာရီထဲက အစွမ်းထက်တဲ့ကလေးတွေနဲ့ယှဉ်နိုင်ဖို့က ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင်လုပ်တာက အခြေခံအုတ်မြစ်တစ်ခုပဲ နောက်ပြီး စွမ်းအားမြင့် ကျင့်စဉ်တွေ လေ့ကျင့်ရာမှာလည်း အရေးပါလာတဲ့ ကိစ္စပဲမလား ”

ရွာအကြီးအကဲရှီယွီဖန်းကလည်း ခေါင်းညိတ်ပြီး ပြန်ပြောလိုက်ပါတယ်။

” ငါ ဒီကိစ္စအတွက် အဖြေတစ်ခုတော့ ရှာပါဦးမယ် ”

ဒီအချိန်မှာတော့ လူတိုင်းက သူ့ရဲ့စကားကိုယုံကြည်ကြပါတယ်။ လူတွေအားလုံးက သူရဲ့အတိတ်ကို သိပါတယ်။ ရှီယွီဖန်းက ဝေးကွာတဲ့အရပ်ဒေသတွေကို စူးစမ်းဖို့ ထွက်ခွာသွားပြီး ဂိုဏ်းအနည်းငယ်ကို ၀င်ရောက်ခဲ့ပါတယ်။ နောက်ဆုံးမှာ သွေးနဲ့ အသက်ရှင်သန်ခြင်းကြားကနေ အရိုးစာသားအစွမ်းတွေကို ပြန်ယူလာနိုင်ခဲ့တယ်။ သူနဲ့ အတူလိုက်ပါသွားသူတွေကလည်း အဓိကအင်အားကြီးကလန်က သူတွေနဲ့ နှိုင်းယှဉ်နိုင်ခဲ့ရဲ့လား။

နောက်ဆုံးမှာ အကြီးအကဲရှီယွီဖန်းတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်သလို ထူးဆန်းတဲ့ ရောဂါလည်း ရသွားခဲ့ပါတယ်။ သူဘာတွေကြုံခဲ့ရသလည်းဆိုတာ ရွာသူရွာသားတွေကမေးမြန်းခဲ့ပေမယ့်လည်း သူက ဒီအကြောင်းတွေကို ဘယ်တော့မှ စကားမစခဲ့တော့ဘူးလေ။

ဘယ်လိုအဖြစ်အပျက်တွေ ဘယ်နှစ်တွေမှာ ဖြ၀်ခဲ့တာလဲဆိုတာ သူက ထုတ်ဖော်ပြောဖို့ ဆန္ဒမရှိတာကြောင့်လည်း ဒါက လျှိ ု့ဝှက်ချက်တဝ်ခုဖြစ်လာပါတယ်။ နောက်ပိုင်းနေ့ရက်တွေမှာတော့ အကြီးအကဲရှီယွီဖန်းက အမြဲကို အရမ်းပဲ အလုပ်ရှုပ်နေပါတော့တယ်။ မကြာခဏ ဆေးဖက်၀င်ပစ္စည်းတွေကို ရှာဖွေပါတယ်။ သူ့ရဲ့ခြံ၀င်းအတွင်း မီးကင်းဖိုပေါ်က ဆေးအိုးကြီးကလည်း လေသင့်တိုင်း ဆေးနံ့တွေ သင်းပျံ့ကြိုင်လှိုင်နေခဲ့ပါတယ်။

” အဘိုးအကြီးအကဲ ဒီလောက်အပင်ပန်းခံပြီး ကြိုးစားအားထုတ်နေဖို့ မလိုပါဘူး အဘိုးလည်း အေးအေးဆေးဆေးနေဖို့ လိုနေပြီလေ ”

ရှီဟောင်က သူ့ရဲ့မျက်တောင်ရှည်တွေကို ပူတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း မိန်းကလေးတွေလို ချစ်စရာကောင်းတဲ့ ပုံစံလုပ်ပြလိုက်ပါတယ်။

” မလိုပါဘူးကြာ ”

ရှီယွီဖန်းက ခေါင်းကိုခါရမ်းလိုက်ပြီး ရယ်မောလိုက်ပါတယ်။ ရှီဟောင်မှာ အကြီးအကဲဆွေမျိုးတွေအဖြစ် ရှီလင်းဟူနဲ့ ရင်နှီးလှပေမယ့်လည်း စကားမပြောဖြစ်တာကြာပါပြီ။ တကယ်တော့ သူက ရှီယွီဖန်းတို့ သူ့ရဲ့ ငါးနှစ်အရွယ်မှာ ကောင်းကင်စစ်ဆေးခြင်း အတွက်ပြင်ဆင်နေတာကို မသိခဲ့ပါဘူး။

မြင့်တက်လာတဲ့နေရောင်ခြည်တွေနဲ့ အတူ အမဲလိုက်အဖွဲ့တစ်ဖွဲ့ပြန်ရောက်ရှိလာကြပါတယ်။ သူတို့တစ်ယောက်ချင်းစီရဲ့ ပုခုံးပေါ်မှာလည်း သားရဲကောင်တစ်ကောင်စီ ထမ်းပိုးထားကြပါတယ်။ ဒဏ်ရာရခဲ့တဲ့လူတစ်ချို့ရှိပေမယ့်လည်း အားလုံးကတော့ ရယ်ရယ်မောမောနဲ့ ရှိနေဆဲပါပဲ။

ရွာအကြီးအကဲရှီယွီဖန်းရဲ့ အိမ်၀င်းဟာ ကျောက်ခေတ်ရွာရဲ့ အ၀င်၀မှာပဲ ရှိပါတယ်။ အခု ရွာအကြီးအကဲရဲ့ ခြံ၀င်းအရှေ့မှာ ရှီဟောင်က ရပ်နေပြီး အမဲလိုက်ရာကပြန်လာသူတွေကို ကြည့်နေပါတယ်။

” ဦးလေးတို့ အဆင်ပြေလာခဲ့ရဲ့လား ”

ရှီဟောင်က အပြစ်ကင်းစင်လှတဲ့ မျက်နှာလေးကို မျက်လွှာချလိုက်ပြီး အရိုအသေပေးလိုက်ပါတယ်။ သူဟာ အမဲလိုက်ရာက ပြန်လာတဲ့သူတွေကို တစ်ယောက်ချင်းစီ တောက်ပစွာကြည့်လိုက်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်လိုက်ပါတယ်။

” လူလေး အကြိုက်ဆုံးအသီးတွေ ပါလာတယ် ဒီမှာလာကြည့် ဦးလေးမင်းအတွက် ခူးလာခဲ့တာ ”

ရှီလင်းဟူက တိရိစ္ဆာန်သရေပြားနဲ့ ထုတ်ပိုးထားတဲ့ အထုတ်တစ်ထုတ်ကို ဖွင့်ပြလိုက်တဲ့အခါမှာ အနီရောင်တ၀င်း၀င်းတောက်ပနေတဲ့ သစ်သီးတွေထွက်ပေါ်လာပါတယ်။

” ဦးလေးကို ကျေးဇူးတင်ပါတယ် ”

ရှီဟောင်က သူ့ရဲ့မျက်၀န်းနက်နက်လေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ပျော်ရွှင်စွာပဲ သစ်သီးတွေကို လက်ခံလိုက်ပါတယ်။

နေ၀င်ရီတရောအချိန်ကို ရောက်ရှိလာချိန်မှာတော့ ရွာသားတွေဟာ မိုးမခပင်ကြီးဆီမှာ သားရဲကောင်တွေကို ပူဇော်ကြပြန်ပါတယ်။ ပူဇော်ပွဲအခမ်းအနားပြီးဆုံးသွားချိန်မှာလည်း အားလုံးအတွက်ဝေစုတွေချန်ထားခဲ့ပြီး ရှီယွီဖန်းကတော့ သူလိုအပ်တဲ့အရာတွေကို ထုတ်ယူထားခဲ့ပါတယ်။

မကြာခင်မှာပဲ ရှီယွိဖန်းရဲ့ ကျောက်၀င်းခြံတစ်ခုလုံး သွေးညှီနံ့တို့ ဖုံးလွှမ်းသွားပါတယ်။ ကြမ်းကြုတ်လှတဲ့ သားရဲကောင်တွေကလည်း အခုတော့ သွေးသံတရဲရဲနဲ့ အသားတစ်တွေဖြစ်နေကြပါပြီ။ ဒါ့အပြင် သားရဲကောင်တွေရဲ့ အသားတွေဟာ တဖြည်းဖြည်းခြောက်သွေ့သွားခဲ့ပြီး စွမ်းအင်လှိုင်းသင်္ကေတတွေကလည်း မှိန်တုတ်မှိန်တုတ်ထွက်ပေါ်လာခဲ့ပါတယ်။ ဒါက ထူးဆန်းပြီး လျိ ု့ဝှက်ဆန်းကြယ်တဲ့ အဖြစ်အပျက်တွေပါပဲ။

အရိုးစာသားနဲ့ သူ့ရဲ့စွမ်းအားတွေက အရမ်းကို မှိန်ဖျော့တဲ့ အလင်းတန်းတွေသာဖြစ်နေသေးပေမယ့်လည်း သားရဲတွေရဲ့ သွေးကတော့ အကျိုးကျေးဇူးများလှပါတယ်။

ရှီယွိဖန်းက ဆေးဝါးဖော်စပ်ခြင်းကို စတင်နေခဲ့ပါပြီ။ သူဟာ သားရဲကောင်တွေရဲ့ အကောင်းဆုံးအစိတ်အပိုင်းတွေ နဲ့ သန့်စင်သောသွေးတွေကို နှေးကွေးလေးလံစွာ ဆေးဝါးများနဲ့ ပေါင်းစည်းနေခဲ့တာပါ။ သူ့ရဲ့ လျှိ ု့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေကြောင့် အရာအားလုံးက အဆက်မပြတ်ရောစပ်ခံပြီး သန့်စင်ခံရတာကြောင့် သားရဲကောင်တွေရဲ့ သွေးတွေကလည်း တဖြည်းဖြည်း ခန်းခြောက်လာပါတယ်။ နောက်ဆုံးမှာတော့ သွေးတွေဟာ တစ်ပေါင်းတစ်စည်းစုလာပြီး သွေးတစ်စက်တည်း ဖြစ်သွားခဲ့ပါတယ်။ ဒီ့နောက်မှာတော့ ကျောက်စိမ်းပုလင်းလေးထဲ ထည့်သွင်းထားလိုက်ပါတယ်။ ကျောက်စိမ်းပုလင်းလေးထဲက သွေးစက်လေးကတော့ အနီရောင်စိန်ပွင့်လေးအလား တလက်လက်တောက်ပလို့နေပါတယ်။

” အရိုးစာသားကျင့်စဉ်အရတော့ ကောင်းကင်စစ်ဆေးခြင်းခံနေချိန်မှာ သန့်စင်တဲ့ သွေးတွေနဲ့ တခြားလျို့ဝှက်ဆန်းကြယ်တဲ့ အစိတ်အပိုင်းတွေကလည်း မမျှော်လင့်ဘဲ အနာဂတ်ကို ထိခိုက်စေနိုင်တယ် အခြေခံစွမ်းအင်အဆင့်ပေါ်မှာတော့ ဆန်းကြယ်တဲ့ အကျိုးသက်ရောက်မှုတွေလည်း ဖြစ်လာလိမ့်မယ် ”

ရွာအကြီးအကဲရှီယွီဖန်းက ဖြေးညင်းစွာပြောဆိုလိုက်ပါတယ်။ သူက ရှီဟောင်အတွက် မလိုအပ်ဘဲ ဘယ်လိုအရာကိုမှ မဖြုန်းတီးပစ်ချင်ခဲ့ပါဘူး။ သူ့ကို တခြားအဓိကကလန်တွေရဲ့ ဂျီးနီးယက်စ်တွေထက် နောက်ကောက်ကျန်နေခဲ့မှာကိုလဲ မလိုချင်ခဲ့ပါဘူး။ ဒါ့ကြောင့်လည်း သူက ရှီဟောင်ရဲ့ ကောင်းကင်စစ်ဆေးခြင်းအတွက် လိုအပ်တဲ့အရာမှန်သမျှကို ရရှိနိုင်မဲ့နည်းလမ်းတွေကို စဉ်းစားနေခဲ့တာပါ။

” ဒါကတော့ မကောင်းတဲ့အဖြစ်အပျက်တွေ ဖြစ်မလာဘဲ အဆင်ပြေသွားရင်တော့ ကောင်းတာပေါ့ သန့်စင်တဲ့သွေးမျိုးဆက်တွေက အရမ်းကို အစွမ်းထက်သလို သူငယ်လေးအတွက် အသုံး၀င်ပါတယ် ကံမကောင်းတာက အရမ်းကို ရှားပါးလွန်းတာပဲ အာ့ဒါတွေကို ရဖို့က ခက်ခဲလွန်းတယ် ”

ရှီယွီဖန်းဟာ တစ်ယောက်တည်း တိတ်တဆိတ်ငြီးတွားနေမိခဲ့ပါတယ်။

***

Comment

Leave a Reply

Options

not work with dark mode
Reset