စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၂၁ သန်မာတဲ့ သူနားမှာ လူလိမ်တချို့အမြဲတမ်း ရှိနေတယ်။
ကျန်းဟိုင်မြို့၏ စာကြည့်တိုက်က အဆင်ပြေလာနိုင်မည်ဆိုလျှင် သူက ကျန်သည့်နေရာများကို သွားဖို့ တွေးစရာ မလိုတော့ပေ။
သူက ကျန်းဟိုင်မြို့၏ စာကြည့်တိုက်ထဲတွင် သက်သောင့်သက်သာနေနိုင်ပြီး တော်ဝင်ကျင့်စဥ်များအားလုံး ပေါင်းစည်းအချိန်ထိ စောင့်နိုင်၏။
ဤနေရာသို့ လာရောက်တာ ပိုကောင်းပြီး တစ်ချက်ကြည့်တာက ပိုအဆင်ပြေမည်။
ယဲ့ရှောင်သည် စာအုပ်များ ဖတ်ရန်အတွက် ဝင်ခွင့်စာ လာတင်လိုက်သည်။ သို့သော်ငြား သူက နိုင်ငံခြားသားဖြစ်နေတာက နှမြောစရာကောင်းလှပေ၏။ သူက ခွင့်ပြုချက် တောင်းထားသော်ငြား စာကြည့်တိုက်၏ အပေါ်အလွှာများသို့ အလွယ်တကူ မဝင်ရောက်နိုင်ပဲ အလွန်ဆုံးမှ တတိယအလွှာအောက် စာအုပ်များသာ ဖတ်ရှုနိုင်၏။
ယဲ့ရှောင်က စိတ်ထဲမထားပေ။ မည်သည့်နည်းနှင့်မဆို သူက သာမန်အကျဆုံး ကျင့်စဥ်များကို ဖတ်ရှုလျှင်တောင် ၄င်းက သင့်တော်သရွေ့ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ထဲ မှတ်သားနိုင်မှာပဲ ဖြစ်သည်။ ပြီးနောက် သူက တော်ဝင်ကျင့်စဥ်ကို ပေါင်းစည်းနိုင်ပြီး သူ၏ ခွန်အားကို မြှင့်တင်နိုင်လိမ့်မည်။
သူ ဖတ်ရှုသည့် အရှိန်ကလည်း အလွန်မြန်ဆန်သည်။ မည်သည့်နည်းနဲ့မဆို သူက စာအုပ်ကို ကောက်ကိုင်ပြီး တစ်ချက်သာ စစ်ဆေးကြည့်လိုက်သရွေ့ အတွင်းရှိ ကျင့်စဥ်များအားလုံးကို ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်က လက်ခံမခံကိုတော့ သူ မသိပေ။
ယဲ့ရှောင်၏ ကျင့်စဥ်များက တစ်စုံတစ်ခု လွှဲချော်နေခဲ့လျှင် ယင်းက ကောင်းပေလိမ့်မည်။ ရွှေရောင်စာအုပ်က နောက်ဆုံးကျင့်စဥ်နှင့် တွေ့ကြုံရသည့်အချိန်တိုင်း၌ သူ့ကို အကြမ်းပတမ်း ခုန်ပေါက်ကာ သတိပေးနေတတ်၏။
နောက်ဆုံးကျင့်စဥ် မဟုတ်လျှင် ၄င်းက သူ့ကို သတိပေးမှာ မဟုတ်ပေ။ ယင်းက ယဲ့ရှောင် အမြဲတမ်း လိုချင်နေသည့်အရာလည်း ဖြစ်၏။ ထိုသို့တိုင် ယဲ့ရှောင်သည် ယခင်ကထက် ပိုပြီး သက်သောင့်သက်သာ ဖြစ်လာသေးသည်။ အကြောင်းမှာ ယခု သူသည် ကျင့်စဥ်များစွာကို ကျင့်ရန် မလိုအပ်တော့သောကြောင့် ဖြစ်သည်။
ဥပမာအနေဖြင့် လက်သီးသိုင်း၊ ဓါးမော့သိုင်း၊ ဓါးသိုင်း။ ထိုအရာများအားလုံးက တော်ဝင်ကျင့်စဥ်အဖြစ် ပေါင်းစည်းပြီး ဖြစ်သောကြောင့် သူတို့၏ အခြေခံ ကျင့်စဥ်များကို မှတ်တမ်းတင်ထားတော့မှာ မဟုတ်ပေ။ သူတို့ကို ကြည့်ခြင်းက အချိန်ကုန်စေ၏။
ယခုအချိန်တွင် ယဲ့ရှောင် ကြည့်ချင်သည်က ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ်နှင့် ခြေသိုင်းပဲ ဖြစ်သည်။ ထိုနှစ်ခုမှအပ ယဲ့ရှောင်သည် အချို့သော သိုင်းပညာရပ်များကိုလည်း ဗဟုသုတအနေဖြင့် ဖတ်ရှုချင်သည်။ ဆိုရလျှင် ကျန်းဟိုင်မြို့၏ သိုင်းစာကြည့်တိုက်က နောင်ကြ ထိုအရာများကို မိတ်ဆက်မည်လားဆိုတာ သူ မသိပေ။ ၄င်းကို နားလည်သဘောပေါက်ထားပါက သူ၏ အနာဂတ်သိုင်းလမ်းကြောင်းအတွက် ပိုကောင်းသည့် လမ်းညွှန်တစ်ခုလည်း ရှိလာလိမ့်မည်။
ကျုံးစီရင်စု၏ သိုင်းစာကြည့်တိုက်ထဲတွင် ယဲ့ရှောင်က သူ၏ အသိအမြင်ကို ကျယ်စေသည့် သိုင်းပညာရပ် ဗဟုသုတကို ရေးသားထားသည့် စာအုပ်တချို့ကို ရှာတွေ့ခဲ့သည်။
မျက်ဝန်းကျင့်စဥ်ကို ချက်ချင်း တွေ့လိုက်သည်။
ယခင်က သူသည် ရှားပင်းနဥ်နဲ့ တွေ့စဥ်က ယဲ့ရှောင်သည် သူမ၏ မျက်ဝန်းကို အမြဲတမ်း အလွန်စိတ်ဝင်စားခဲ့၏။
ယဲ့ရှောင်သည် မျက်ဝန်းဖြင့် တိုက်ရိုက် တိုက်ခိုက်နိုင်သည့် ကျင့်စဥ်မျိုးကို အမှန်တကယ် သင်ယူချင်သည်။ တိုက်ခိုက်မှု အရှိန်က အလွန်မြန်ဆန်ပြီး ခုခံရန် အင်မတန် ခက်ခဲ၏။
တိုက်ပွဲ၌ လူတိုက်ကွက်အဖြစ် အသုံးပြုခဲ့မည်ဆိုလျှင် ယင်းက သေချာပေါက် အသုံးဝင်လိမ့်မည်။
သူက မျက်ဝန်းသွေးမျိုးဆက် ကျင့်စဥ်၏ အညွှန်းပါရှိသည့် စာအုပ်တစ်အုပ်ကို ဖတ်လိုက်သည်။
” မျက်ဝန်းသွေးမျိုးဆက်ကျင့်စဥ်။ အမည်အတိုင်းပဲ သူ့ရဲ့ အကွက်တွေက မျက်လုံးနဲ့ပဲ သက်ဆိုင်နေတာ ”
” မျက်လုံးသွေးမျိုးဆက်ကျင့်စဥ်ရဲ့ အခင်းအကျင်း အဓိကက ဝိညာဥ်နှင့် သက်ဆိုင်နေပုံပဲ။ အဲ့ဒါ ပေါ်ပေါက်လာနိုင်ချေက အလွန် သေးငယ်တယ်။ အင်မတန် ထူးခြားတဲ့ သွေးမျိုးဆက်မှာပဲ ပေါ်ပေါက်လာနိုင်တယ် ”
” ဒါပေါ့။ မွေးရာပါ ဖွဲ့စည်းပုံမှာ ထူးခြားတဲ့ သွေးမျိုးဆက်ရှိနေတာအပြင် တစ်နေ့ပြီးတစ်နေ့ ကျင့်ကြံလို့ ရတာမျိုးလည်း ရှိတယ်။ ဒါပေမဲ့ မျက်ဝန်းကျင့်စဥ်ကို ကျင့်ကြံပြီးတဲ့နောက် နတ်မျက်စိနဲ့ မွေးဖွားလာတဲ့ လူတွေကို ယှဥ်နိုင်ဖို့တော့ ဝေးသေးတယ် ”
” သူတို့တွေက သူတို့ဘဝမှာ နတ်မျက်စိနဲ့ မွေးဖွားတဲ့ လူတွေရဲ့ အဆင့်ကို ဘယ်တော့မှာ ရောက်မှာ မဟုတ်ဘူး။ သူတို့ လေ့ကျင့်တဲ့ မျပ်ဝန်းကျင့်စဥ်က အမှိုက်တွေထဲက အမှိုက်လို့တောင် ပြောနိုင်တယ်။ အလွန်ဆုံးမှ အပိုအထောက်အကူအနေနဲ့ပဲ အသုံးပြုနိုင်မှာ။ ဥပမာအနေနဲ့ စွမ်းအင်လေ့လာခြင်းကျင့်စဥ်က ရန်သူရဲ့ ကျင့်ကြံခြင်းအဆင့် ဘယ်လောက်မြင့်မားလဲဆိုတာ လေ့လာဖို့ သုံးလို့ရတယ်။ ဒါမှမဟုတ် ရန်သူရဲ့ လှုပ်ရှားမှုတွေကို ထောက်လှမ်းလို့ ရတယ်။ ဒါပေမဲ့ ဒီစွမ်းအင်လေ့လာခြင်းကျင့်စဥ်က ကိုယ့်ထက် ပိုအားနည်းတဲ့ လူတချို့ကိုပဲ မြင်နိုင်တာ။ ဒါမှမဟုတ် ခွန်အားတူလောက်တဲ့သူကိုပေါ့။ ရန်သူရဲ့ ခွန်အားက အသုံးပြုသူထက် ပိုမြင့်နေခဲ့မယ်ဆိုရင် မျက်ဝန်းကျင့်စဥ်က သက်ရောက်မှု မရှိတော့ဘူး ”
” ထင်ယောင်ထင်မှားဖြစ်တာ၊ တိုက်ခိုက်တာ။ အဲ့လိုအရာတွေအတွက်ကတော့ သူတို့တွေက တူညီတဲ့ ဥပဒေသတစ်ခုရှိတယ်။ မင်း သန်မာမယ်ဆိုရင် တစ်ဖက်သူကို ဖြေရှင်းနိုင်မှာပဲ။ မင်း အားနည်းမယ်ဆိုရင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး ”
” ဒီအကြောင်းအရင်းကြောင့် ဒီလောကထဲမှာ မျက်ဝန်းသွေးမျိုးဆက်ကျင့်စဥ်တွေ အများကြီး မရှိဘူး။ အနိမ့်ဆုံးကျင့်စဥ်ကတော့ အခြေခံအားဖြင့် ရှိသလောက်ပဲ။ သူတို့ထဲက ကျင့်စဥ်အများစုက ထိပ်တန်းအဆင့် ကျင့်စဥ်တွေ။ ဒါ့အပြင် သူတို့ထဲက ကျင့်စဥ်အများစုက ထိပ်တန်းအဆင့် ကျင့်စဥ်တွေပဲ။ ဒါ့အပြင် ကျင့်စဥ်အများစုက သိုင်းပညာရပ် အဲ့ဒီပုံစုံတစ်မျိုးလို့ပဲ ပြောလို့ရတယ်။ အရေအတွက်ကတော့ ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ်ထက်တောင် ပိုနည်းသေးတယ်။ သူတို့တွေအားလုံးက အရမ်းအရမ်း ရှားပါးတဲ့ တည်ရှိမှုတွေပဲ။ ဒါပေမဲ့ မွေးရာပါ နတ်မျက်စိကို ရဖို့ဆိုတာက ခက်ခဲတယ် ”
” မှတ်တမ်းတချို့အရ မွေးရာပါနတ်မျက်စိနဲ့ မွေးဖွားလာနိုင်တဲ့ ကလေးတစ်ယောက်က ဘီလီယံ၂၀မှာ ငါ့တစ်ယောက်ပဲ ရှိတယ် ”
” တစ်နည်းပြောရရင် လူသားသမိုင်းကြောင်းထဲမှာ မွေးရာပါ နတ်မျက်စိရှိတဲ့ လူတွေက သိပ်မရှိဘူး။ ဒါပေမဲ့ လူသားတွေက အစွမ်းထက်တဲ့ မျက်ဝန်းကျင့်စဥ်ကို ဘယ်တော့မှ မပိုင်ဆိုင်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး ”
” နတ်မျက်စိနဲ့ မွေးလာတဲ့ လူတွေရဲ့ မျက်လုံးနဲ့ သက်ဆိုင်တဲ့ စွမ်းအားတွေကို လုယူခံရနိုင်တယ်။ သူတို့တွေ လုယူခံရပြီဆိုတာနဲ့ တစ်ဖက်က သူတို့ရဲ့ မျက်ဝန်းစွမ်းအားတွေကို ပိုင်ဆိုင်သွားလိမ့်မယ်။ ဒါမှမဟုတ် သူတို့တွေက သေခါနီးပြီလို့ ခံစားရတဲ့အချိန် သူတို့ရဲ့ နတ်မျက်စိကို သူတို့ မျိုးဆက်တွေဆီကို လက်ဆင့်ကမ်းပေးတယ် ”
” ”
ယဲ့ရှောင်သည် ထိုစာကြောင်းကို ဖတ်ပြီးသည်နှင့် စိတ်ထဲ အနည်းငယ် ခံစားလိုက်ရသည်။
ရှားပင်းနဥ်က အတော်လေး ထူးခြားပုံ ပေါ်၏။
သူမ၏ မျက်ဝန်းစွမ်းအင်က အလွန်သန်မာသည်။ ရှန်းထျန်းအဌမအဆင့်၏ အဆင့်၌ သူမသည် သူမနှင့် အဆင့်တူ ကြယ်တာရာသားရဲနှစ်ကောင်ကို ဖြေရှင်းနိုင်ပြီ ဖြစ်သည်။ ဆိုလိုသည်က သူမက နတ်မျက်စိဖြင့် မွေးဖွားလာသူ ဟုတ်လျှင်ဟုတ် မဟုတ်လျှင် သူမ ဘိုးဘေးများ၏ စွမ်းရည်ကို အမွေဆက်ခံထားတာပဲ ဖြစ်မည်။ သူမက သူ၏ မျက်ဝန်းစွမ်းအားကို လုယူထားတာက ပိုတောင် ဖြစ်နိုင်၏။
မည်သို့ပင်ဆိုစေကာမူ သူမ၏ အလားအလာက သေချာပေါက် အလွန်သန်မာသည်။ သူမ မည်သည့်အတိုင်းအတာထိ ရောက်မှန်းသာ သူ မသိရတာ ဖြစ်၏။
သူက သူမကို နောင်ကြ ထပ်မံတွေ့ဆုံခဲ့ရလျှင် သူမကို ထပ်အနိုင်ယူနိုင်ပေလိမ့်မည်။
ယဲ့ရှောင်က ခေါင်းခါလိုက်ပြီးနောက် မျက်ဝန်းကျင့်စဥ်အကြောင်း မှတ်တမ်းတင်ထားသည့် ပထမဆုံးစာအုပ်ကို ချလိုက်၏။ ပြီးနောက် စွမ်းအင်လေ့လာခြင်းကျင့်စဥ်နှင့် သက်ဆိုင်သည့် ကျင့်စဥ်များကို ကြည့်လိုက်သည်။
ယင်းက ဝိညာဥ်စွမ်းအင်လေ့မှုကျင့်စဥ် အမျိုးအစားတစ်ခု ဖြစ်သည်။
သူငယ်အိမ်၏ စွမ်းအားကို အသုံးပြုပြီး လူတစ်ယောက်၏ မျက်လုံးကို တစ်ဖက်သူ၏ ကျင့်စဥ်အသုံးပြုနေချိန်၌ အလွယ်တကူ မြင်တွေ့ခွင့်ပေးသည်။
ရန်သူ၏ ပုန်းနေသော နေရာကိုလည်း မြင်နိုင်သည်။
ယဲ့ရှောင်သည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုနှင့် ၄င်းကို ယှဥ်ကြည့်လျှင် ယင်းက အလုပ်မဖြစ်ဟု ခံစားမိသည်။ သူ ရှန်းထျန်းနဝမအဆင့်သို့ အဆင့်တက်ပြီးနောက် သိမြင်နားလည်သည့် စွမ်းအားနှင့်တောင် ယှဥ်၍ မရချေ။
သို့သော် ယဲ့ရှောင်က ကြိုးစားကြည့်ချင်ပြီး ပေါင်းစည်းနိုင်မလားဆိုတာ မြင်ချင်၏။
၄င်းကို ပေါင်းစည်းနိုင်ခဲ့မည်ဆိုလျှင် တော်ဝင်ကျင့်စဥ်အပြင် ပေါင်းစည်းနိုင်သည့်အခါ သူက နတ်မျက်စိဖြင့် မွေးလာတာ မဟုတ်ပင်လျှင် သူက အစွမ်းထက်သည့် မျက်ဝန်းစွမ်းအားကို ထုတ်သုံးနိုင်လိမ့်မည်။
၅မိနစ်ခန့်ကြာပြီးနောက် ယဲ့ရှောင်က စာအုပ်ပိတ်ကာ နှလုံးခုန်နှုန်းက မြန်လာလေ၏။
သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားတော့သည်။
ပြီးသွားပြီ။
စွမ်းအင်လေ့လာခြင်းကျင့်စဥ်ကို သူ၏ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ထဲ စုပ်ယူထားလိုက်၏။ ဆိုလိုသည်က ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်သည် တော်ဝင်အဆင့် မျက်ဝန်းကျင့်စဥ်တစ်ခုကို ပေါင်းစည်းနိုင်မှာပဲ ဖြစ်သည်။
သူက အစွမ်းထက်သည့် ကျင့်စဥ်တစ်မျိုးရရန် အခွင့်အရေးရှိလာတော့မည့်ပုံ ပေါ်၏။
ပြီးပြည့်စုံလိုက်တာ။
သူက ကျင့်စဥ်တစ်ခု ရှာတွေ့ထားပြီး ဖြစ်သော်ငြား စီရင်စု၉ခုလုံး၌ မျက်ဝန်းကျင့်စဥ်က အင်မတန် ရှားပါးသောကြောင့် အလွယ်တကူ ရှာတွေ့မှာ မဟုတ်ပေ။
အစတွင် မျှော်လင့်ချက်အတိုင်း လိုက်ရန်သာ ရှိသည်။
ဖြည်းဖြည်းချင်း သွားတာပေါ့။
မည်သည့်နည်းနဲ့မဆို သူ့၌ အားထားစရာ ကျန်သည့် သိုင်းကျမ်းများ ရှိသည်။ ထို့ကြောင့် မရှိမဖြစ် မဟုတ်ပေ။ သူက အသက်ကယ်ကျင့်စဥ်အနေနဲ့ နောက်ထပ် အစွမ်းထက်သော ကျင့်စဥ်တွေကို မြင်ချင်တာပဲ ဖြစ်သည်။
သို့သော်ငြား ယဲ့ရှောင်က မျက်ဝန်းကျင့်စဥ်ကို ဆက်လက်ရှာဖွေနေစဥ် သူ့ဖုန်း မြည်လာ၏။
” ဟယ်လို ဟယ်လို ”
” ဟယ်လို ဟယ်လို။ ကျုပ်က ဓါးဧကရာဇ် မိုးပြာနဂါး လောကကြီးရဲ့ နဂါးစာရင်းမှာ နံပါတ် ၁ ရထားတဲ့သူ။ လက်ရှိ အတ္တလန္တိတ် သမုဒ္ဒရာမှာ ကြယ်တာရာသားရဲတွေကို သတ်ဖြတ်နေပြီး လူသားတွေကို သတ်ဖြတ်နေပြီး လူသားတွေကို ရဲရဲရင့်ရင့်တိုက်ခိုက်နေတယ်။ ဒါပေမဲ့ အခုတော့ စီရင်စု၉ခုကို ပြန်ဖို့အတွက် လက်မှတ်ဝယ်စရာ ပိုက်ဆံမရှိလို့ ကျုပ်ရဲ့အကောင့်ထဲကို ယွမ် ၂၀၀လောက် လွှဲပေးပြီး ကူညီဖို့ မျှော်လင့်ပါ
တယ် ”
” စီရင်စု၉ခုကို ပြန်ရောက်ပြီးရင် ဆုလာဘ်အဖြစ် ၁၀သန်းပေးပါ့မယ်။ ဒါ့အပြင် ငါ့ရဲ့နောက်ဆုံး တပည့်အဖြစ် ခေါ်ပြီး အံ့ဖွယ်ဂိုဏ်းထိရောက်အောင် မင်းကို ပံ့ပိုးပေးမယ်။ အံ့ဖွယ်ချီရှန်းတစ်ယောက် ဖြစ်လာစေရမယ် ”
” လူလိမ် ”
ယဲ့ရှောင်က ချက်ချင်း ဖုန်းချလိုက်တော့သည်။
သို့သော် နောက်တစ်စက္ကန့်၌ သူ့ဖုန်း မြည်လာပြန်၏။ ယခုအခေါက်တွင် ဖုန်းနံပါတ်က အနည်းငယ် ထူးဆန်းသည်။ ထို့ကြောင့် ယဲ့ရှောင်က ကောက်ကိုင်လိုက်၏။
” ဟယ်လို။ ကျုပ်က ကျုံးစီရင်စု မြို့စောင့်တပ်ဖွဲ့က ”
” လူလိမ် ”
ယဲ့ရှောင်က ဖုန်းထပ်ချလိုက်ကြန်၏။ သို့သော် မကြာမီ၌ ဖုန်းထပ်မြည်လာသည်။
” ဟယ်လို ကျုပ်က ကျုံးစီရင်စု မြို့စောင့်တပ်ဖွဲ့ကပါ။ ခင်ဗျားရဲ့ ဝမ်းကွဲနဲ့ ဝမ်းကွဲရဲ့ မိသားစုတွေကရန်ပွဲထဲ ဝင်ပါပြီး လက်ရှိ ထိန်သိမ်းခံလိုက်ရပါတယ် ”
” လူလိမ် ”
ယဲ့ရှောင်က ဖုန်းထပ်ချလိုက်ပြန်၏။
ရယ်စရာပဲ။ သူ့လို လူမှာ ဘယ်အချိန်ကစပြီး ဝမ်းကွဲရှိသွားတာလဲ။ ရန်ပွဲထဲ ဝင်ပါတဲ့ ဝမ်းကွဲတစ်ယောက်တဲ့။
သူ့မှာ ဝမ်းကွဲရှိရင်တောင် သူ့ရဲ့ ဝမ်းကွဲက တခြားသူတွေကိုပဲ တိုက်ခိုက်နိုင်မှာ။ မြို့စောင့်တပ်ဖွဲ့ဖမ်းတာ ခံရဖို့ မဖြစ်နိုင်ဘူး။
ယဲ့ရှောင်က သန်မာရန်အတွက် ကျင့်စဥ်များစွာကို ကျင့်ကြံဖို့ အချိန်များစွာ အားစိုက်ထုတ်ထားရသည်။ သူက ဝမ်းကွဲတစ်ယောက်ကို ရှာမည်ဆိုလျှင် အနည်းဆုံးတော့ သန်မာသည့်သူ အလွန်သန်မာသည့်သူ ဖြစ်သင့်သည်။ မဟုတ်ပါလော။
သူ့အတွက် အမှိုက်ကို မလိုချင်တာမျိုး ဖြစ်၏။ သူ့အတွက် အမှိုက်ကို လိုချင်ဖို့က မဖြစ်နိုင်တာ သေချာသည်။
ယနေ့ သူက ကျုံးမြို့သို့ ယနေ့မှ ရောက်ခါစသာ ဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်း ဘာကြောင့် ဖုန်းခေါ်ဆိုမှုတွေ များနေရတာလဲ။
ယဲ့ရှောင်က တစ်စုံတစ်ခုကို မူမမှန်ဟု ခံစားမိသည်။
သူက ဖုန်းနံပါတ်ကို ထုတ်လိုက်ပြီး တိုက်ကြည့်ပြီး ပေ့ပေါ်၌ ရှာလိုက်၏။ပေ့ရှိ ဖုန်းနံပါတ်ကို မြင်သောအခါ ယဲ့ရှောင်က မျက်မှောင် ကျုံ့သွားသည်။
ထိုစဥ် ဖုန်းခေါ်ဆိုမှုက ထပ်မံ ဝင်ရောက်လာပြန်၏။
” ဟေ့ ငါပြောတာ ဘာမှားလို့လဲ။ မင်း ငါပြောတာ ပြီးတဲ့အထိ နားမထောင်ပဲ အမြဲတမ်းဖုန်းချလိုက်တယ်။ ငါ အခု မင်းရှိတဲ့နေရာကို လာပြီး မင်းကို ထိန်းသိမ်းမယ်ဆိုတာ ယုံလား ”
” ”
သူက ချောင်းအနည်းငယ် ဟန့်ပြီးနောက် ချက်ချင်း ပြောလိုက်တော့သည်။
” စိတ်မရှိပါနဲ့။ အစောတုန်းက ဖုန်းခေါ်မှုတစ်ခု ရလိုက်လို့။ ခင်ဗျားကိုလည်း သူတို့လိုပဲ ထင်လိုက်လို့ပါ ”
” ဟုတ်ပြီ။ အဓိပ္ပာယ်မရှိပြောတာ ရပ်လိုက်တော့။ ငါတို့ ကျုံးစီရင်စု မြို့စောင့်တပ်ဖွဲ့ဆီကို ကားစီးလာခဲ့။ မင်းရဲ့ ဝမ်းခွဲ ဦးလေးနဲ့ ဒေါ်လေးတို့ စောင့်နေကြတယ် ”
” ဟုတ်ပါပြီ။ ကျုပ် မကြာခင် ရောက်မယ် ”
ယဲ့ရှောင်က ဖုန်းချကာ အတော်လေး ကူကယ်ရာမဲ့သွားလေ၏။ သူက အခြေအနေကို အကြမ်းမျဥ်း ခန့်မှန်းမိသည်။ ယင်းက ယန်ရှီးနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် ဖြစ်လောက်၏။ သို့သော်ငြား သူတို့က အမှန်တကယ် အလိမ်ခံရလေ၏။
သူတို့ အပန်းဖြေဖို့ ထွက်သွားတာ မဟုတ်ဘူးလား။ ဘာကြောင့် ရဲဖမ်းတာ ခံလိုက်ရတာလဲ။ ဒီလူတွေက တကယ် အားမကိုးရဘူးပဲ။
အရင်တုန်းက ကုဟိုင်။ အတိတ်တုန်းကလည်း သူ့ရဲ့ သားတော်လေးက နေ့စဥ်နေ့တိုင်း ချစ်မှုချစ်ရာတွေကြောင့် သူ့သားအဖြစ် ဟန်ဆောင်ခဲ့ပြီးတော့ လူလာရွေးဖို့အတွက် မြို့စောင့်တပ်ဖွဲ့ဆီကို သူ့ကိုခိုင်းခဲ့တာ။ ပြီးတော့ ဒုက္ခရောက်ပြီး နဥ်ယွိဟန်က အဖမ်းခံရတယ်လေ။ ဒါပေမဲ့ နဥ်ယွိဟန်က သူ့အတွက် ရပ်တည်ပေးရေး လုပ်ခဲ့တာ။ ပြောရရင် သူ ပြဿနာရှာချင်တာလို့ သတ်မှတ်လို့ မရဘူး။
အခု ယန်ရှီးက မြို့စောင့်တပ်ဖွဲ့ကို ရန်ပွဲတစ်ခုကြောင့် ဝင်ပါမိပြီး သူ့ဝမ်းကွဲအဖြစ်တောင် ဟန်ဆောင်လိုက်သေးတယ်။
ဒါက ဟုတ်သေးတယ်။ ဒါပေမဲ့ ကျန်တဲ့လုပ်ဖော်ကိုင်ဖက်တွေက ပါလာတာလဲ။ ယင်းက ယဲ့ရှောင်ကို ဇဝေဇဝါ ဖြစ်သွားစေ၏။
သူ့နားမှာ ဘာကြောင့်များ လူထူးလူးဆန်းတွေ အမြဲတမ်း များနေရတာလဲ။
ကျန်တဲ့သူတွေရဲ့ အသင်းဖော်တွေက ရှားရှားပါးပါး ပေါ်ပေါက်လာတတ်တဲ့ သူတွေ ဟုတ်ရင်ဟုတ် မဟုတ်ရင် နှစ်တစ်ထောင်မှာ တစ်ခါ ပေါ်တတ်တဲ့ ထိပ်တန်းအဆင့် ပါရမီရှင်တွေလေ။ တစ်ဖက်မှာတော့ ယဲ့ရှောင်က လူလိမ်တစ်စု အဝိုင်းခံထားရတယ် ”
ထိုအချက်ကို တွေးမိပြီး ယဲ့ရှောင်က သူ၏ အထောက်အထားကို ထုတ်မပြမိတာ အလွန်ဉာဏ်ရှိသည်ဟု ဆိုမိပေတော့သည်။ သူ၏ အထောက်အထားကို ထုတ်ပြလိုက်ပါက သူ မည်ကဲ့သို့ ဆွဲချခံရမည်မှန်း မသိရသေးပေ။
မိနစ်၂၀ခန့် ကြာညောင်းပြီးနောက် သူသည် ယန်ရှီးနှင့် ကျန်သည့် လုပ်ဖော်ကိုင်ဖက်များကို မြို့စောင့်တပ်ဖွဲ့၏ စစ်ဆေးမေးမြန်းရေးအခန်းထဲ၌ တွေ့လိုက်ရသည်။
အပိုင်း ၂၂၁ ပြီး၏။