Switch Mode

Chapter – 220

ကျုံး စီရင်စု၏ အဆင့်မြှင့်တက်မှု။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၂၀ ကျုံး စီရင်စု၏ အဆင့်မြှင့်တက်မှု။

” နောက်ထပ် လူသစ်ရှိတယ် ”
” သေစမ်း။ ငါတို့မျိုးနွယ်စုရဲ့ နောက်ထပ် အဖွဲ့ဝင်တစ်ယောက်က ဒီမျိုးမစစ် သတ်တာ ခံရပြန်ပြီ ”
” ဘယ်ညီနောင်က ဒီလောက် ကံဆိုးလဲဆိုတာ ငါ တကယ် မသိဘူး။ သူက ဒီလူလိမ်လူကောက်နဲ့မှ တွေ့မိရတယ်လို့ကွာ ”
ကြယ်တာရာသားရဲများက တိတ်တဆိတ် ဆွေးနွေးနေကြလေ၏။
နော့ဖစ်ကိုယ်ခွဲကလည်း အလွန်သိချင်နေသည်။ သူ အမှန် ဖမ်းတာခံရလောက်သည်အထိ မည်သူက ထိုမျှ ဆိုးဝါးသနည်း။ ထိုအရှိန်အဝါအရ အဘယ်ကြောင့် အနည်းငယ် ရင်းနှီးသလို ခံစားနေရသနည်း။ သူနှင့် ဆင်တူပုံပေါ်သည်။
သူ၏ ပင်မခန္ဓာက ရှောင်လင်တွင် ရှိနေတာကြောင့်သာ မဟုတ်လျှင် ယင်းက ပင်မခန္ဓာဆိုတာ သူ သံသယဝင်မိလောက်၏။ ကျန်သည့် ကြယ်တာရာသားရဲများကလည်း ချောင်းကြည့်နေကြသည်။
” အမ်း … ဒီကြယ်တာရာသားရဲက စီနီယာ နော့ဖစ်နဲ့ နည်းနည်းတူသလိုပဲနော် ”
” ဟေ့ သူနဲ့ တကယ်ကြီး တူနေတာနော် ”
” စီနီယာ နော့ဖစ်ရဲ့ ဆွေမျိုးများလား ”
နော့ဖစ်က ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကာ မကောင်းတာကို ရုတ်တရက် ခံစားမိလိုက်သည်။ သူက ချက်ချင်း ထရပ်ပြီး ခိုးကြည့်လိုက်၏။
” မဟုတ်ဘူး ”
တစ်ချက်ကြည့်ပြီးနောက် သူက သွေးတစ်ပွက် အန်တော့သည်။
မှားတာများလား။ သူ ဘာကြောင့် ဒီလိုဖြစ်သွားရတာလဲ။ ပင်မခန္ဓာက ရှောင်လင်မှာ ရှိနေရမှာမလား။ ဘာကြောင့် ဒီနေရာမှာ ပေါ်လာရတာလဲ။
ကျန်သည့် ကြယ်တာရာသားရဲများက သူ သွေးအန်တာကို မြင်သောအခါ သူတို့က ထိတ်လန့်သွားကြသည်။
” စီနီယာ နော့ဖစ် ခင်ဗျား အဆင်ပြေရဲ့လား။ ဘာကြောင့် သွေးအန်သွားတာလဲ ”
” အဓိပ္ပာယ်မရှိတာ။ ငါ့ရဲ့ ပင်မခန္ဓာက အဖမ်းခံလိုက်ရပြီ။ ငါ ဘာကြောင့် သွေးအန်တယ်လို့ မင်းတို့ ထင်လဲ ”
ကြယ်တာရာသားရဲများအားလုံး အံ့သြဆွံ့အကုန်၏။
ဒါ တကယ်ကြီး စီနီယာ နော့ဖစ်ရဲ့ ပင်မခန္ဓာလား။ သူ့ရဲ့ ပင်မခန္ဓာတောင် အဲ့ဒီ မျိုးမစစ် အဖမ်းခံရတယ်လား။
နော့ဖစ်က ပြောလိုက်သည်။
” ငါ သေချာမသိဘူး ”
” မင်းတို့အားလုံးက အသိအကျွမ်းဟောင်းတွေပဲ။ ဒါ့အပြင် ဒီကောင်ကလည်း နော့ဖစ်ရဲ့ ပင်မခန္ဓာ။ မင်းတို့ ပြန်လည်ပေါင်းစည်းတာကို ငါ မနှောင့်ယှက်တော့ဘူး။ မင်းတို့ ဖြည်းဖြည်းချင်း ပြောကြ။ ပြောလို့ပြီးတာနဲ့ မင်းတို့ ပေါင်းစည်းဖို့ အချိန်ရောက်ပြီပဲ။ မနက်ဖြန်ကစပြီး ကုန်ကြမ်းတွေအားလုံးကို ပြောင်းလဲခွင့် မပေးတော့ဘူး။ နှောင့်နှေးရဲရင် အဲ့ဒီလူကို ဆေးလုံးအဖြစ် တိုက်ရိုက် ပြောင်းပစ်လိုက်ရမယ်။ စိတ်မရှိဘူးနော်။ ဘယ်လိုပဲဖြစ်ဖြစ် သားရဲကပ်ဘေးက ရောက်လာတော့မှာ။ အချိန်ကျလာတဲ့အခါ မင်းတို့နေရာကို အစားထိုးဖို့ ကြယ်တာရာသားရဲတစ်စု ရှိပြီးသား ”
ယဲ့ရှောင်က ပြောပြီးနောက် လှည့်ထွက်သွားတော့သည်။
ကြယ်တာရာသားရဲများက ဒေါသထွက်လွန်းသောကြောင့် သူတို့ ခြေဆောင့်နင်းကာ လူကို ကန်ကြောက်ချင်တော့သည်။
” အား … ယုတ်မာကောက်ကျစ်တဲ့ လူသား။ ငါတို့ကို တကယ်ကြီး မောက်မာထောင်လွှားရဲတယ် ”
” အခုချိန်က သူ့ကို အပိုင်းတစ်ထောင်လောက် နုတ်နုတ်စင်း အရှင်လတ်လတ်စား အရိုးတွေကို အမှုန့်ဖြစ်အောင် ချေချင်တယ် ”
” ငါ သူ့ကို တစ်နေ့ကို အကြိမ်တစ်သောင်းလောက် ရိုက်နှက်ချင်တယ် ”
နော့ဖစ်၏ ကိုယ်ခွဲက လိုက်မပြောနိုင်တော့ပေ။ သူ၏ ပင်မခန္ဓာဆီသို့ တစ်ဟုန်ထိုးသွားကာ လက်တံများဖြင့် ရစ်ပတ်တော့၏။
” မြန်မြန်ထ။ ဒီနေရာမှာ ဘယ်လိုများ အိပ်နေနိုင်သေးတာလဲ ”
သူ၏ ပင်မခန္ဓာ နှိုးလာပြီးနောက် ကိုယ်ခွဲကို မြင်သောအခါ ဇဝေဇဝါ ဖြစ်သွားသည်။
” ငါ ငရဲမှာလား။ ငါ့ရဲ့ ကိုယ်ခွဲကို တကယ်ကြီး တွေ့နေရတာလား။ ဒါက အိမ်မက်ပဲ ဖြစ်ရမယ် ”
” အိမ်မက်မက်နေလိုက်။ မင်း မသေသေးဘူး။ မင်းကို တစ်ယောက်ယောက်က မွေးမြူရေး တိရစ္ဆာန်အဖြစ် ဖမ်းသွားတာ ”
ပင်မခန္ဓာက ထိတ်လန့်သွား၏။ မွေးမြူရေး တိရစ္ဆာန်လား။ သူ မသေသေးဘူးလား။ သူက အဲ့ဒီလူသား ဖမ်းတာ ခံရပြီး ကိုယ်ခွဲနဲ့အတူ မွေးမြူရေး တိရစ္ဆာန်အဖြစ် ချုပ်နှောင်ခံထားရတာလား။
ဒါဘယ်လို ရယ်စရာလဲ။
” ငါ မွေးမြူရေး တိစ္ဆာန်ဖြစ်စရာအကြောင်း မရှိဘူး ”
ကိုယ်ခွဲက သူ့ခေါင်းကို ကာလိုက်ပြီး ဒေါသထွက်လွန်းသောကြောင့် သတိလစ်လုနီးပါး ဖြစ်သွား၏။
” အဲ့ဒါကို ငါ မသိဘူးလို့ မင်း ထင်နေလား။ ပြော .. ကျန်းဟိုင်မြို့ကို ဘာကြောင့် ရောက်လာတာလဲ ”
” မင်းကို ကယ်ဖို့ ရောက်လာတာလေ။ ငါတို့နှစ်ယောက်က တစ်သားတည်းပဲ။ ငါ ရှောင်လင်ကနေ ခက်ခက်ခဲခဲ လွတ်မြောက်လာတာ။ မင်းကို ကယ်ဖို့ပေါ့ ”
” မင်းခေါင်းကိုပဲ ကယ်လိုက်။ အခု ငါတို့နှစ်ယောက်လုံး အပြီးသတ်ပြီ။ အစကတော့ မင်း ဒီကို ရောက်မလာသရွေ့ အနည်းဆုံး ငါတို့ထဲက တစ်ယောက် အသက်ရှင်လိမ့်မယ်လို့ ထင်ခဲ့တာ။ အခု နှစ်ယောက်လုံး အသက်မရှင်နိုင်တော့ဘူး ”
လခွမ်း။
ကိုယ်ခွဲ​မှာ ဒေါသကြောင့် ပြိုလဲလုနီးပါး ဖြစ်သွားသည်။ သူတို့နှစ်ယောက်က ခန္ဓာတစ်ခုတည်း ဖြစ်သည်။ မိခင်တစ်ယောက်တည်း ရှိသည့်တိုင် သူတို့ ထပ်မံ ခွဲခြား၍ မရတော့ပေ။
ယဲ့ရှောင်၏ဘက်တွင်မူ သူက အိမ်ပြန်ရောက်ပြီး နော့ဖစ်၏ ပင်မခန္ဓာမှ ဖြတ်တောက်လာသော လက်တံရှစ်ခုကို ဟွမ်လျိုလီအား ချက်ချင်း ပစ်ပေးလိုက်သည်။
” ဒီလက်တံတွေအားလုံး ကောင်းကောင်း လုပ်ထားလိုက်။ ငါ ပြီးရင် စားမယ် ”
ဟွမ်လျိုလီက မင်သက်သွားသည်။
” သခင် ဒီနေ့ နော့ဖစ်ရဲ့ လက်တံတွေထဲက တစ်ခုကို ယူလာပြီးပြီလေ။ ဘာကြောင့် သူ့လက်တံရှစ်ခုကို ထပ်ဖြတ်ရတာတုန်း ”
” ဒါတွေက သူ့ပင်မခန္ဓာက ဟာတွေလေ ”
ဟွမ်လျိုလီက ခဏတာ မင်သက်သွားပြီးနောက် သူမ၏ ခေါင်းက ဘန်းခနဲ ပေါက်ကွဲလာတော့၏။ သခင်က နော့ဖစ်ရဲ့ ပင်မခန္ဓာကို တကယ်ကြီး ဖမ်းလိုက်တာလား။
တော်လိုက်တာ။ တကယ် အံ့သြဖို့ကောင်းလိုက်တာ။
သူမ မှတ်မိတာ မှန်မယ်ဆိုရင် နော့ဖစ်ရဲ့ ပင်မခန္ဓာက အထွတ်အထိပ် ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်းတစ်ယောက်လေ။ သူမ သခင်က သန်မာလွန်းတာပဲ။ အံ့သြဖို့ကောင်းတယ်။
” ငါ ကောင်းမွန်တဲ့ ဘဝရဖို့ သခင့်နောက်ကို လိုက်ရမယ်။ အနှစ် ၃၀၀၀က မလုံလောက်သေးဘူး ထင်တယ်။ တစ်လှမ်းထပ်တိုးပြီး ငါ လက်ကျန်ဘဝအတွက် ထားလိုက်တော့မယ်။ သခင် မသေသေးသရွေ့ ငါ ထွက်သွားမှာ မဟုတ်ဘူး။ သခင် ခေါင်းတလားထဲ ဝင်တဲ့အထိ စောင့်နေမယ် ”
ယဲ့ရှောင်သည် ကြယ်တာရာသားရဲအသားကို စားပြီးနောက် သူက ဖုန်း ချက်ချင်း ထုတ်ကာ လျိုချန်စွင်းကို ဖုန်းခေါ်လိုက်တော့သည်။
” လောင်လျို။ ဓါးကိစ္စက အဆင်ပြေသွားပြီ။ သူ ပြင်ပေးနိုင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ အနည်းဆုံး တစ်နှစ်နီးပါး အချိန်ယူရမှာ။ ဒါပေမဲ့ တူညီတဲ့ အခြေအနေရအောင် ပြန်ပြင်ပေးမယ်လို့ အာမခံထားတယ် ”
အကြောင်းမှာ ပန်းပဲပညာရှင်အများစုက လက်နက်သန့်စင်ရန် အချိန်အတော်ကြာ ယူရသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ဤကဲ့သို့ တော်ဝင်လက်နက်မျိုး ဖြစ်သည်။ အထူးသဖြင့် ဤကဲ့သို့ တော်ဝင်လက်နက်မျိုး ဖြစ်သည်။ ဤလောကထဲ၌ ၄င်းကို ပြုပြင်နိုင်သည့် ပန်းပဲဆရာ များများစားစား မရှိပေ။
ထိပ်တန်းအဆင့် ပန်းပဲဆရာတစ်စုက ၄င်းကို ပြင်နိုင်သော်ငြား ယူရမည့်အချိန်က ကြာညောင်းလွန်းသည်။
ယဲ့ရှောင်က အချိန်မှာ အလွန်တိုတောင်းသည်ဟု ပြောခဲ့လျှင် မှန်နိုင်ပေ၏။ သူသည် မိနစ်ပိုင်းအတွင်း ဓါးကို ပြင်နိုင်သည်။ ဖုန်း၏ တစ်ဖက်တွင် လျိုချန်စွင်း၏ စိတ်လှုပ်ရှားနေသော အသံကို ကြားနိုင်ပေ၏။
” တကယ်လား ”
” ဒါပေါ့ ”
” ယဲ့ရှောင် ကျေးဇူးပဲကွာ ”
ယခုအခေါက်တွင် လျိုချန်စွင်းက သူ၏ အမည်ကိုတောင် တန်းခေါ်လိုက်ပြီး သူ၏ လေသံက လေးနက်တည်ကြည်နေလေ၏။
သူ အမှန်တကယ် စိတ်လှုပ်ရှားပြီး ပျော်လည်းပျော်ရွှင်နေတာ အလွန်သိသာ၏။
” ရပါတယ်ဗျာ ”
ယဲ့ရှောင်က ပြုံးလိုက်ပြီး နှုတ်ဆက်စကား ပြောကာ ဖုန်းချလိုက်၏။
လျိုချန်စွင်းက လူကောင်းတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ယဲ့ရှောင်က သူ့ကို ကူညီပေးတာပဲ ဖြစ်သည်။
နောက်တစ်လှမ်းက ထိုဓါးကို ဦးစွာ ပြင်ရန် ဖြစ်၏။ ယဲ့ရှောင်သည် နတ်ဘုရားလက်မှုပညာကို ချက်ချင်း အသုံးပြုလိုက်၏။ သို့သော်ငြား သူက လျိုချန်စွင်းအတွက် အနည်းငယ် ထပ်ထည့်ပေးထားသည်။
အပြန်အလှန် မပေးကမ်းခြင်းက မယဥ်ကျေးရာရောက်သည်။ လျိုချန်စွင်းက သူ့၌ ကိစ္စကောင်းများရှိလျှင် အမြဲတမ်း သူ့ကို တွေးပေးတတ်ပြီး ယခင်က ဆေးလုံးများတောင် ပေးခဲ့၏။ ထို့ကြောင့် ယဲ့ရှောင်က ကပ်စေး သိပ်မနဲနိုင်ပေ။
ထို့အပြင် လျိုချန်စွင်းက ကျန်းဟိုင်မြို့၌ အချိန်အတော်ကြာ နေဦးမှာပဲ ဖြစ်သည်။ တစ်နှစ်ကြာပြီးနောက် သူက လျိုချန်စွင်းကို ဓါးပြန်ပေးလိုက်သောအခါ သူ ထွက်သွားရန် မလိုအပ်လောက်တော့ပေ။
ထိုသို့ဆိုလျှင် လျိုချန်စွင်းက နောင်ကြ ကျန်းဟိုင်မြို့ထဲ၌ မနေတော့လျှင် ကျန်းဟိုင်မြို့ကို ထိခိုက်အောင် ပြုလုပ်ချင်သည့် မယုံနိုင်စရာကောင်းသည့် သိုင်းပညာရှင်များနှင့် သူ ရင်ဆိုင်တွေ့မည်လော။
လက်ထဲ၌ ဓါးကောင်းတစ်လက်ဖြင့် သူက ကျန်းဟိုင်မြို့ကို ပိုကောင်းကောင်း ကာကွယ်နိုင်လိမ့်မည်။
လျိုချန်စွင်း၏ ဓါးကို ခွန်အား အတော်မြှင့်တင်ပေးရန် အထူးကုန်ကြမ်းတချို့ကို သူ အသုံးပြုခဲ့သည်။
ယင်းသည် ယခင်က အစစ်အမှန် တော်ဝင်လက်နက်အဖြစ် သတ်မှတ်၍ မရပဲ တော်ဝင်အဆင့်အောက် လက်နက်ဟုသာ သတ်မှတ်၍ ရတာ ဖြစ်သည်။ ယခု အမှန်စင်စစ် ပြီးပြည့်စုံသော တော်ဝင်လက်နက်တစ်ခု ဖြစ်သွားပြီ ဖြစ်၏။
ထိုကဲ့သို့ ကျိုးပဲ့မှုမျိုး ထပ်ဖြစ်ပေါ်လာခဲ့လျှင် သူ့ဘာ့သာသူ ပြန်ပြင်နိုင်လောက်သည်။ ထို့အပြင် စစ်မှန်သော တော်ဝင်လက်နက်က ပြန်ပြင်ရန် မလွယ်ကူချေ။
ထိုအရေးကိစ္စကို ဖြေရှင်းပြီးနောက် ယဲ့ရှောင်က သူ၏ အိတ်ကို ထုပ်ပိုးကာ သိုလှောင်လက်စွပ်ထဲ ထည့်ပြီး ဆင်းလိုက်တော့၏။
ဟွမ်လျိုလီက နော့ဖစ်၏ လက်တံများကို ချက်ပြုတ်ပြီးစီးသွားသည်။ မီးမွှေးရန်အတွက် ဝိညာဥ်စွမ်းအင်များ အသုံးပြုလိုက်ရာ လျင်လျင်မြန်မြန် ပြီးသွား၏။ ဟွမ်လျိုလီက ခြံဝန်းထဲ၌ ၄င်းတို့ကို တောင်ပူစာလေးပမာ ပုံထားလေ၏။
ထိုနေရာ၌ လက်တံတစ်ခုသာ ရှိသည်။ ကျန်သည့် လက်တံအားလုံးများ ချက်ခဲ့လျှင် ခြံဝန်းက ဆံ့မှာ မဟုတ်ပေ။
ယင်းက ယဲ့ရှောင်ကို ပြဿနာသစ်တစ်ရပ်ကို စတင်တွေးမိစေတော့သည်။
ကြယ်တာရာသားရဲများ၏ အရေအတွက်က ပိုမိုကြီးမားလာသည်နှင့်အမျှ သူသည် နောင်ကြ ပိုကြီးသည့် အိမ်ကို ဆောက်သင့်သည်လော။ သို့မဟုတ် အိမ်၏ မြေအောက်ခန်းကို တည်ဆောက်သင့်သည်လော။ မြေအောက်စားသောက်ဆိုင် ဖွင့်လှစ်ရမည်လော တွေးနေမိသည်။ နောင်ကြ ကြယ်တာရာသားရဲများ၏ အသားကို စားနိုင်ကြမှာပဲ ဖြစ်သည်။ မဟုတ်လျှင် တစ်စုံတစ်ယောက်က အသားပုံကြီး မြင်သွားခဲ့လျှင် သူတို့က သံသယဝင်ကြလိမ့်မည်။
သူက တစ်ကိုက်ကိုက်လိုက်၏။ ထင်သည့်အတိုင်းပင် အသားက လတ်ဆတ်ပြီး နူးညံ့ကာ ဝါး၍ ကောင်းသည်။
သူ ကိုက်လိုက်သည့်အချိန်၌ ဆီက သူ၏ ပါးစပ်ထဲ ဝင်လာ၏။ ယင်းက ပျော်စရာ ကောင်းလှပေ၏။
နော့ဖစ်၏ ပင်မခန္ဓာဖြစ်ပြီး ရှန်းထျန်းနဝမအဆင့် တည်ရှိမှုက ထင်သည့်အတိုင်းပင်။ ကိုယ်ခွဲနှင့်ယှဥ်လျှင် ယင်းက အဆတစ်ရာ ပိုသန်မာ၏။ သူ စားနေစဥ် သူက အမိန့်ပေးလိုက်တော့၏။
” ဟွမ်လျိုလီ ငါ လေ့လာဖို့အတွက် ကျုံးစီရင်စုကို တစ်လလောက် သွားရမယ်။ ဒီလအတွင်း မင်း အိမ်မှာနေပြီး ကောင်းကောင်းစောင့်ကြပ်။ မွေးမြူရေးခြံက ပစ္စည်းတွေကို အချိန်မှီ သွားယူပြီး ပမာဏ တိတိကျကျ သိမ်းဖို့ မှတ်ထားဦး ”
” စိတ်မပူပါနဲ့ သခင်။ တာဝန်ကို ပြီးမြောက်စေမှာ သေချာပါတယ် ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီးနောက် ကြယ်တာရာသားရဲ၏ အသားကို ဆက်စားလိုက်သည်။
နှစ်ရက်ကြာပြီးနောက် သူ ယန်ရှီးနှင့် ကျန်သည့် လုပ်ဖော်ကိုင်ဖက် အချို့က အမြန်ရထားဖြင့် ကျုံးစီရင်စုသို့ သွားလိုက်ကြသည်။
ခရီးစဥ်က တစ်နာရီကျော် ကြာညောင်းပြီးနောက် နောက်ဆုံးတွင် ကျုံးမြို့သို့ သူတို့ ရောက်သွားကြသည်။
မြို့ကြီးတစ်မြို့ကို ရောက်လာတာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ကျုံးမြို့သို့ သူ ရောက်လာတာ ပထမဆုံးအကြိမ် ဖြစ်နေရုံသာ ရှိသည်။
ကျုံးမြို့သည် ယဲ့ရှောင်ကို ထိတ်လန့်ဖွယ်ရာများစွာ မပေးခဲ့ပေ။ အလွန်ဆုံးမှ မြို့၏ အရွယ်အစားအရာ၌ ကျန်းဟိုင်မြို့ထက် ပိုကြီးမားရုံသာ ရှိသည်။ သို့သော်ငြား ဟူမြို့ကဲ့သို့ ထိပ်တန်းအဆင့် မြို့ကြီးကိုတောင် ရှိခဲ့ဖူးသည့် လူတစ်ယောက်အတွက် ယင်းက အံ့သြစရာ သိပ်မကောင်းပေ။ ယခုအခေါက်တွင် သူ၏ ကိုယ်ပိုင် လျှို့ဝှက်ချက် ပြည့်မှီနိုင်ရေးအတွက် ယဲ့ရှောင်သည် အရင်းအမြစ်များကို တစ်ပါတည်း ပြင်ဆင်ထားခဲ့၏။
ကြယ်တာရာသားရဲ အသား၊ ဥ၊ ပျားရည်၊ နွားနို့တို့လည်း ပါဝင်ပေသည်။ မည်သည့်နည်းနဲ့မဆို တတ်နိုင်သမျှ သူ အရာအားလုံးကို သယ်လာသည်။
သူက လေ့လာသင်ယူရန်အတွက် ကျုံးစီရင်စုသို့ ရောက်လာတာ ဖြစ်သော်ငြား အမှန်တကယ်တွင် သူ၏ အစစ်အမှန် ပန်းတိုင်က ဤနေရာသို့ လာရောက်ကာ စာအုပ်အချို့ ဖတ်ရှုပြီး သင့်တော်သော ကျင့်စဥ်တချို့ ရှာတွေ့နိုင်ရန် ဖြစ်သည်။
သူက လေ့ကျင့်ရန်အတွက် ဤနေရာသို့ ရောက်လာတာပဲ ဖြစ်သည်။
” နောက်ဆုံးတော့ ကျုံးမြို့ကို ရောက်လာပြီ ”
” ဟိုတယ်မှာ ပစ္စည်းတွေ ထားပြီးရင် အပြင်လျှောက်သွားကြရအောင်။ ကျုံးမြို့ကို ရောက်လာဖို့က မလွယ်ဘူး ”
” ဟုတ်တယ်။ ဒီနေ့ စသင်စရာ မလိုသေးဘူး။ အခု ဟိုတယ်မှာ နေရရင် ပျင်းဖို့ကောင်းလွန်းတယ် ”
“ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ။ ငါလည်း သွားမယ် ”
” ငါ့ကိုပါ ထည့်တွက်လိုက် ”
” ငါရောပဲ ”
လူအုပ်ကြီးထဲတွင် ယဲ့ရှောင်တစ်ယောက်တည်းသာလျှင် လျှောက်လည်ရန် ရည်ရွယ်ချက် မရှိတာ ဖြစ်သည်။
ယန်ရှီးက မမေးပဲ မနေနိုင်တော့ချေ။
” ဘာလို့လဲ ကြီးကြပ်သူ။ ဒီနေ့မှ ရောက်ခါစလေ။ ကျွန်မတို့နဲ့ အပြင်ထွက်မလည်ချင်ဘူးလား ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” ငါ မသွားဘူး။ ပင်ပမ်းနေလို့။ အနားယူဖို့အတွက် ဟိုတယ်ကို အရင်သွားချင်တယ်။ မင်းတို့တွေ သွားပျော်ကြ ”
” ဒါဆို ကောင်းပါပြီ။ ကျွန်မတို့တွေ သွားမယ် ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီးနောက် ကျန်သည့်သူများကို နှုတ်ဆက်စကား ပြောလိုက်သည်။
သားရဲကပ်ဘေးက သိပ်မလိုတော့ပေ။ မည်သူက ဆော့ကစားချင်စိတ် ရှိမည်နည်း။
သူက ချက်ကင် ဝင်ရန်အတွက် ဟိုတယ်သို့ သွားပြီး ချက်ကင်ဝင်သည့် လုပ်ငန်းဆောင်တာများပြီးနောက် ဟိုတယ်ထဲသို့ သွားပြီးကာ သူက ကျုံးမြို့ရှိ သိုင်းစာကြည့်တိုက်သို့ တန်းသွားလိုက်သည်။
ကျုံးမြို့ရှိ သိုင်းစာကြည့်တိုက်သည် ကျန်းဟိုင်မြို့ထက် ပိုကြီးမားသည်။
အဆောက်အဦးတစ်ခုတည်းကပင် ဤအရွယ်အစားကနေ ၁၀ဆကြီးမားပြီး အတွင်းရှိ ကျင့်စဥ်များက နွားသိုးအမွေးများပမာ များပြားလွန်းလှသည်။ ကျန်းဟိုင်မြို့ထက် အဆမည်မျှ ကြီးမားမှန်း မသိရပေ။
သို့သော် ၄င်းကို ဂရုတစိုက် တွေးကြည့်ပြီးနောက် အဓိပ္ပာယ်ရှိသည်မှန်း သိလိုက်ရသည်။ ဆိုရလျှင် ကျုံးစီရင်စုတစ်ခုလုံး၏ ဗဟိုမြို့ ဖြစ်၏။ မရေမတွက်နိုင်သည့် ဝန်ဆောင်မှုများကလည်း ရှိနေပြီး ကျန်းဟိုင်မြို့ကဲ့သို့ မြို့လေးထက်သာမှာ သေချာသည်။
ပြန်ရောက်ပြီးရင် စာကြည့်တိုက်က ချဲ့ထွင်မယ်လို့ ဒါရိုက်တာဆီက ကြားထားတာပဲ။ ဒီအဆင့်ထိ ရောက်မလားဆိုတာ သိချင်မိတယ်။

အပိုင်း ၂၂၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset