Switch Mode

Chapter – 219

မင်း ဒီကို ဘာကြောင့် ရောက်နေတာလဲ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၁၉ မင်း ဒီကို ဘာကြောင့် ရောက်နေတာလဲ။

ယဲ့ရှောင်၏ လက်သီးကြောင့် နောက်ဆုတ်ရန် ဖိအားပေး ခံရပြီးနောက် နော့ဖစ်သည် သူ၏ သွင်ပြင် အစစ်အမှန်ကို ချက်ချင်း ပြောင်းလဲလိုက်၏။
လူသား ရှန်းထျန်းနဝမအဆင့် သိုင်းပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရာ၌ သတိလက်လွှတ် မနေသင့်မှန်း သိသည်။ သူက အားကုန်ထုတ်သုံးပြီး တစ်ဖက်သူကို ချေမှုန်းရမည်။
သူ၏ အလွန်သန်မာသည့် တိုက်ပွဲဝင်စွမ်းအားက ယခုအချိန်၌ အပြည့်အဝ ပေါ်ထွက်လာပြီ ဖြစ်သည်။
ကောင်းကင်ထိရောက်အောင် မြင့်မားသော လက်တံရှစ်ခုက ယဲ့ရှောင်ဆီသို့ အရပ်မျက်နှာရှစ်ခုကနေ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်တော့သည်။ ယင်းက နော့ဖစ်၏ ကြောက်မက်ဖွယ် အကောင်းဆုံး ကဏ္ဍ ဖြစ်သည်။ သူက တစ်ပြိုင်နက်တည်း တိုက်ကွက်ရှစ်ကွက် တိုက်ခိုက်နိုင်၏။ ဤတည်းဖြင့် ရှန်းထျန်းနဝမအဆင့် သိုင်းပညာရှငိ၏ စံသတ်မှတ်ချက်ကို ရောက်စေရန် မဖြစ်နိုင်သော်ငြား ရှစ်ကွက်စုပေါင်းလိုက်ပြီးနောက် ၄င်း၏ စွမ်းအားသည် ရှန်းထျန်း နဝမအဆင့် သိုင်းပညာရှင်တစ်ယောက်၏ ခွန်အားအပြည့် တိုက်ကွက်ကို သာလွန်သည်။
ဖုန်း။
ကြီးမားလှသည့် လက်တံရှစ်ခုက အတူတကွ ပေါင်းစုသွားပြီး ဝိညာဥ်စွမ်းအင်က ပေါက်ကွဲသွားသည်။ ကောင်းကင်ထဲ၌ ၄င်းက ကြီးမားသည့် လှိုင်းဂယက်စက်ဝိုင်းအဖြစ် ပြောင်းလဲသွားပြီး ပြန့်ကားသွား၏။ တူညီသည့် မျဥ်းပြိုင်ထဲ၌ မိုင်တစ်ရာအတွင်းရှိ ငှက်များအားလုံးက နေရာမှာတင် ထိတ်လန့်ပြီး သေကုန်သည်။
သို့သော်ငြား နော့ဖစ်၏ တိုက်ခိုက်မှုက အလွန်သန်မာသည့်တိုင် ယဲ့ရှောင်၏ အရှိန်ကလည်း မနှေးပေ။
နတ်ဘုရားအာရုံစူးစိုက်ခြင်းကို အသုံးပြုပြီးနောက် သူသည် ဝင်လာသည့် တိုက်ကွက်များကို ချက်ချင်း ရှောင်ရှားကာ အထိအခိုက် မရှိပေ။
နောက်တစ်စက္ကန့်၌ ယဲ့ရှောင်သည် နော့ဖစ်အထက်၌ ပေါ်လာပြီး ဖြစ်နေသည်။ သူ၏ ဓါးကို ပိုင်းဖြတ်လိုက်ကာ နော့ဖစ်၏ ဧရာမလက်တံကြီးနှစ်ခုကို နေရာမှာတင် ပိုင်းဖြတ်လိုက်ပြီး ၄င်းတို့ကို သိုလှောင်လက်စွပ်ထဲ သိမ်းလိုက်၏။
ပြင်းထန်လွန်းသည့် နာကျင်မှုက နော့ဖစ်၏ ခန္ဓာကိုယ်ဆီ ရောက်လာကာ သူ၏နှလုံး မွမွချေခံရသလို ခံစားရတော့၏။
သို့သော် တိုက်ပွဲထဲ၌ သူ လွတ်မြောက်ရန် နည်းလမ်းမရှိချေ။
ရဲရင့်မှုကသာလျှင် တိုက်ပွဲ၌ အနိုင်ရနိုင်၏။ ထွက်ပြေးသည့် သူက အမြန်ဆုံး သေလိမ့်မည်။
” အား ”
ဧရာမရေဘဝဲ ခန္ဓာက ကြမ်းကြုတ်စွာ အော်ဟစ်လိုက်၏။ အစွမ်းထက်သော အသံလှိုင်းက အောက်ရှိ ကျန်းဟိုင်မြို့ကို လှုပ်ခါသွားစေသည်။ မရေမတွက်နိုင်သည့် လူပေါင်းများစွာက သူတို့ နားစည်ထဲ စူးရှစွာ နာကျင်ကုန်၏။
ယဲ့ရှောင်သည် နော့ဖစ်ဘေးသို့ ရောက်နေပြီ ဖြစ်သည်။ သို့သော်ငြား မတော်တဆ ဖြစ်ရပ်တစ်ခုက ရုတ်တရက် ပေါ်ထွက်လာ၏။
နော့ဖစ်သည် သူ၏ ပါးစပ်ထဲကနေ အနက်ရောင် မြူတစ်ခုကို ရုတ်တရက် ထွေးထုတ်လိုက်၏။
ယခုအချိန်တွင် သူ၏ ဧရာမရေဘဝဲ မျက်နှာက သူ၏ အကြံအစည် အောင်မြင်သွားပြီဟု ပြောနေသော အပြုံးတစ်ပွင့် ရုတ်တရက် ထုတ်ပြနေမိမှန်း သူ သိလိုက်သည်။
သူ့၌ ပျော့ပျောင်းသော ခန္ဓာကိုယ် ရှိသည်။ သူက လက်တံနှစ်ခုသာ ပြတ်သွားခဲ့သည်။ သူ့အဖို့က ယင်းက အသေးအမွှား ဖြစ်၏။ နာကျင်စရာ မရှိပေ။
အစောတုန်းက သူ ပြုလုပ်လိုက်သည်က ဟန်ဆောင်ခြင်းသာ ဖြစ်သည်။ ယင်းက ယဲ့ရှောင်ကို သတိလက်လွှတ်ဖြစ်စေချင်သောကြောင့် ဖြစ်၏။
သူ၏ အရှိန်က ယဲ့ရှောင်ထက် နှေးသည်။ ထိုမျှ အကွာအဝေးကနေ တိုက်ခိုက်မည်ဆိုလျှင် ယဲ့ရှောင်၏ အဝတ်စကိုတောင် ထိနိုင်မှာ မဟုတ်ပေ။ သူ မည်ကဲ့သို့ တိုက်ခိုက်နိုင်မည်နည်း။
နီးကပ်သည့် အကွာအဝေးကသာ ၄င်းက အလုပ်ဖြစ်လိမ့်မည်။
နီးကပ်သည့် အကွာအဝေး တိုက်ခိုက်မှုအတွင်း အနိုင်ရရန် အာမခံနိုင်မှုကလည်း မရှိသေးပေ။ အကြောင်းမှာ ယဲ့ရှောင်၏ အရှိန်က ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့် ဖြစ်၏။ သူ့ ခံနိုင်ရည်ရှိသည့်ပမာဏထက် ကျော်လွန်နေသည်။
သို့သော်ငြား သူ့၌ မှင်ရည်သိုင်းဟူသော နောက်ထပ် အကွက်တစ်ကွက် ရှိသေးသည်။ ယင်းက မွေးရာပါ နည်းစနစ်တစ်ခု ဖြစ်၏။ အန္တရာယ်နှင့် ကြုံတွေ့ချိန်၌ သူက မှင်ရည်များ မှုတ်ထုတ်သည်။
မှင်ရည်ထဲ၌ အလွန်ပြင်းထန်သည့် ဝိညာဥ်အဆိပ် ပါဝင်သည်။ ၄င်းထိမိသွားသည်နှင့် ရုပ်ခန္ဓာက အဆင်ပြေသော်ငြား ဝိညာဥ်ကမူ ထူးခြားသည့် တုံ့ပြန်မှုတစ်ခု ပေါ်ထွက်စေလိမ့်မည်။
အချိန်တိုအတွင်း ဝိညာဥ်က လှုပ်ရှားတာ နှေးသွားလိမ့်မည်။ ခွန်အားနိမ့်သည့်သူများက သတိလစ်လျှင်လစ်။ မဟုတ်လျှင် သေတောင်သေသွားနိုင်၏။
ယဲ့ရှောင်၏ ခွန်အားဖြင့် သေမှာ မဟုတ်တာ ကြိမ်းသေ၏။ မေ့လဲသွားမှာလည်း မဟုတ်ပေ။ သို့သော်ငြား သူက ထိခိုက်မှာ သေချာနေပြီး လှုပ်ရှားနိုင်စွမ်းကလည်း ထိသွားလိမ့်မည်။ ယင်းက လုံလောက်နေပြီး ဖြစ်၏။
ထိုအကွက်ကို သူ၏ ဝှက်ဖဲအနေဖြင့် အသုံးပြုနေကျ ဖြစ်သည်။
သူက တစ်ဖက်သူကို အနိုင်မယူနိုင်သည့်အချိန် သို့မဟုတ် ထွက်ပြေးနေစဥ် သို့မဟုတ် သန်မာသည့် ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ရသည့်အချိန်တွင်သာ သုံးပြီး တစ်ဖက်သူကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်ချင်၏။
ယဲ့ရှောင်အဖို့ သူ့ကို ထိုအကွက်သုံးအောင် ပြုလုပ်နိုင်သည်က ယဲ့ရှောင်အတွက် ဂုဏ်တက်စရာ ဖြစ်နေပြီးသားပင်။
” လူသား သေပေတော့ ”
နော့ဖစ်က ရယ်မောပြီးနောက် သူ၏ ကျန်ရှိသည့် လက်တံခြောက်ခုကို တစ်ပြိုင်နက်တည်း သုံးလိုက်သည်။
ဖုန်း။
ပေါက်ကွဲသံကြီးတစ်သံက ထပ်မံ ပေါ်ထွက်လာပြန်၏။
ယခုအချိန်၌ နော့ဖစ်က သူ၏ ခွန်အားအပြည့်ကို အမှန်တကယ် အသုံးမပြုခဲ့ပေ။ သူ့၌ လက်တံခြောက်ခုသာ ကျန်သော်ငြား ထိုတိုက်ခိုက်ရေးစွမ်းအားက ယခင် လက်တံရှစ်ခုနှင့် ယှဥ်လျှင် မနိမ့်ကျပေ။
ယင်းက ယဲ့ရှောင်ကို နာကျင်အောင် လုပ်ဖို့လုံလောက်လောက်သည် မဟုတ်ပါလော။
သို့သော်ငြား နော့ဖစ်၏ မျက်နှာပေါ်ရှိ အပြုံးက တောင့်တင်းသွားပြီး ပျောက်ကွယ်သွားတော့၏။ ၄င်းက အကြောက်တရားအဖြစ်တောင် ပြောင်းလဲသွားတော့သည်။
ထိုမျက်ဝန်းကြီးတစ်စုံက ယဲ့ရှောင်ကို မယုံနိုင်မှုများဖြင့် ကြည့်နေလေ၏။
” ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
သူ၏ လက်တံခြောက်ခုက သူ ထင်ထားသကဲ့သို့ ယဲ့ရှောင်ကို မပြားကပ်သွားစေပေ။ ထိုအစား သူတို့က သူ့ကို မဖြစ်ညစ်နိုင် ဖြစ်နေလေ၏။
သူ့ရဲ့ ရုပ်ခန္ဓာက တကယ်ကြီး ဒီလောက် သန်မာတယ်လား။ ဒါက ခန္ဓာသန့်စင်ခြင်းသိုင်းပဲ။
နော့ဖစ်သည် သူ၏ ခန္ဓာကိုယ်က ရွှေရောင်အလင်း တစ်ခု ဖြာထွက်လာတာကို မြင်လိုက်ရသောအခါ သူသည် ခန္ဓာသန့်စင်ခြင်းသိုင်းကို ကျင့်ကြံထားမှန်း သူ သဘောပေါက်သွား၏။
ထိုသူသည် မြန်ဆန်ပြီး အစွမ်းထက်သည့် တိုက်ကွက်များ ရှိရုံသာမက ခန္ဓာသန့်စင်ခြင်း သိုင်းကိုလည်း အမှန်တကယ် ကျင့်ကြံထားနိုင်သည်လော။ မှားယွင်းခြင်းပေလေလော။ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ သူက ထိတ်လန့်နေတာ မပြီးသေးခင် မျက်တောင်တစ်ခတ်အတွင်း နောက်ထပ်ထိတ်လန့်စရာက ပေါ်လာ၏။
ယဲ့ရှောင်၏ ဝိညာဥ်က အနည်းငယ် ထုံကျင်မှုကို ခံစားလိုက်ရသည်။ ထို့ကြောင့် ခန္ဓာကိုယ်ထဲရှိ ကုသခြင်းကျင့်စဥ် ( ၃ ) မျိုးက တစ်ပြိုင်နက်တည်း ပေါ်ထွက်လာပြီး သူ၏ ဒဏ်ရာများကို ချက်ချင်း ကုသပေးကာ မကောင်းသည့် အာနိသင်များကို ဖယ်ရှားပေး၏။
” ကုသမယ် ကုသမယ် ကုသတာလား။ မင်းက ကုသခြင်းကျင့်စဥ်ကိုတောင် သင်ယူထားတာလား ”
နော့ဖစ်က အော်ဟစ်လိုက်တော့၏။
ထိုမျှ ထိတ်လန့်သွားတာ သူ့အမှား မဟုတ်ပေ။ ယဲ့ရှောင်က ကျင့်စဥ်များစွာ တတ်ကျွမ်းလွန်းပြီး သန်မာလွန်းသောကြောင့် ဖြစ်သည်။
လူသားစစ်သည်တော်များက ကြယ်တာရာသားရဲများ၏ ပုံစံတစ်မျိုးစီကို သင်ယူနိုင်လျှင်တောင် လူသားမျိုးနွယ်၏ ပါရမီက အကန့်အသတ် ရှိသေးသည်။
လူတစ်ယောက်သည် တိုတောင်းဆုံး အချိန်အတွင်း အမြင့်မားဆုံး အောင်မြင်မှု ရချင်လျှင် သူတို့က သိုင်းပညာရပ်တစ်မျိုးနှစ်မျိုးကိုသာ ကျင့်ကြံရန် ရွေးချယ်နိုင်ကြသည်။
သိုင်းကျင့်စဥ်များလွန်းလျှင် သိုင်းသမား၏ ကျင့်ကြံမှု အရှိန်ကို နှေးသွားစေလိမ့်မည်။
သူ့ရှေ့ရှိ ယဲ့ရှောင်က ခွန်အားသန်မာရုံမက မယုံနိုင်စရာကောင်းလှသည့် အကွက်များလည်း ရှိသည်။
ဒီလူက တကယ် လူရော ဟုတ်သေးရဲ့လား။ သူက နတ်ဘုရားတစ်ပါးရဲ့ တရားမဝင်ကလေးလို့တောင် နော့ဖစ် သံသယဝင်မိနေပြီ။
ယဲ့ရှောင်၏ ခွန်အားက သူ၏ စိတ်ဝိညာဥ်ကို တုန်လှုပ်သွားစေ၏။
ယာယီ စိတ်လွှတ်သွားမှုက သူ့ကို ပြန်ပြင်၍မရသော တန်ကြေး ပေးဆပ်ရစေတော့သည်။
တုံ့ပြန်လိုက်သည့် ယဲ့ရှောင်က ဓါးရောင်ခြည်တစ်ထောင်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
တော်ဝင်ဓါးသိုင်း။
ဖုန်း ဖုန်း ဖုန်း ဖုန်း။
အစွမ်းထက်သည့် ဓါးအလင်းများက သန်မာပြီးရင်း သန်မာလာလေ၏။
” မဟုတ်ဘူး ”
နော့ဖစ်က အသည်းခိုက်ဖွယ် အော်ဟစ်လိုက်လေ၏။
တောက်ပနေသော ဓါးရာချီက ပေါ်ထွက်လာသည့်အချိန်၌ နော့ဖစ်၏ ကျန်ရှိသော လက်တံခြောက်ခုသည် ယဲ့ရှောင် ဖြတ်တာ ခံလိုက်ရ၏။ ပင်မခန္ဓာကလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပြီး သတိလစ်သွားတော့သည်။
ယဲ့ရှောင်က သူ၏ လက်ကြီးဖြင့် ဆုပ်ကိုင်ပြီး ၄င်းကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။ ထိုစဥ် အောက်ခြေကနေ အရှိန်အဝါအချို့က ချဥ်းကပ်လာပြီ ဖြစ်၏။
သူတို့က ကျန်းဟိုင်မြို့မှ အံ့ဖွယ်ချီရှန်းတချို့ ဖြစ်သည်။ သူတို့က သူ မည်သူဆိုတာ မြင်ရန် လာချင်နေကြသည်။
ကံဆိုးသည်မှာ ယဲ့ရှောင်က တိုက်ခိုက်ပြီးသွားပြီ ဖြစ်ကာ ထွက်သွားရန် နတ်ဘုရားအာရုံစူးစိုက်ခြင်းကို ချက်ချင်း အသုံးပြုလိုက်သည်။
ချိတ်ပိတ်ထားသော နေရာ၌ ဆာမြူရယ်သည် ကျန်သည့် ကြယ်တာရာသားရဲများနှင့် အတူတကွ တိုက်ခိုက်နေပြီ ဖြစ်သည်။
သူက လူတိုင်းကို စိတ်ဓာတ်ခွန်အားပေးရန် ကြိုးစားနေ၏။ သို့မှသာ သူတို့က တက်တက်ကြွကြွ စိတ်အားထက်သန်လာမည် ဖြစ်ကာ ဤနေရာကနေလွတ်မြောက်ရန် နည်းလမ်းတစ်ခုကို စဥ်းစားနိုင်လိမ့်မည်။
” ငါတို့တွေ ဒီအတိုင်း အလွယ်တကူ သေချာပေါက် လက်မလျှော့နိုင်ဘူး။ အခက်အခဲတွေဆိုတာ ယာယီပဲ။ ငါတို့ အခွင့်အရေး ရှိသေးတယ် ”
” ငါတို့ ဒီအတိုင်း လက်လျှော့လိုက်မယ်ဆိုရင် အရှင်ကျားနတ်ဘုရားက ငါတို့ကို ရှာမတွေ့တဲ့အခါ ငါတို့ အနည်းဆုံး နှစ်ပေါင်း ၆၀၀၀လောက် နေရလိမ့်မယ် ”
” နှစ်ပေါင်း ၆၀၀၀နော်။ နှစ်ပေါင်း ၆၀၀၀ဆိုတာ ငါတို့ ကြယ်တာရာသားရဲတွေအတွက် မကြာညောင်းလောက်ဘူး။ ဒါပေမဲ့ အနှစ် ၆၀၀၀လုံးလုံး ငါတို့ ဒီနေရာသေးလေးထဲမှာ နေရမှာ ”
” ငါတို့အားလုံးက အံ့ဖွယ်ချီရှန်းတွေ။ ကြယ်တာရာသားရဲမျိုးနွယ်စုရဲ့ အတော်ဆုံးတွေ။ ဒီလို အရှက်ခွဲမှုကို ဘယ်လိုလို့ သည်းခံနိုင်မှာလဲ ”
” ပြီးတော့ မမေ့လိုက်နဲ့။ ငါတို့တွေက အခု သူ့ရဲ့ မွေးမြူရေး တိရစ္ဆာန်တွေလေ။ သူ စိတ်မပျော်ဖြစ်ရင် သူက ငါတို့ကို အချိန်မရွေး သတ်လိုက်နိုင်တာ။ ဒါမှမဟုတ် ငါတို့ရဲ့ အသွေးအသားကို သုံးပြီး ဆေးလုံးဖော်စပ်နိုင်လောက်တယ် ”
” လူသားမျိုးနွယ်စုရဲ့ ဖိနှိပ့်မှုကို သေသည့်အထိ ခုခံရမယ်။ ငါတို့ အသက်ရှူနေသရွေ့ ငါတို့တွေ အဆုံးထိ မိစ္ဆာမျိုးနွယ်စုကို ရင်ဆိုင်တိုက်ခိုက်ရမယ် ”
” ညီနောင်တို့ တောင့်ခံထား။ အောင်ပွဲက ငါတို့ အပိုင်ပဲ။ ကြယ်တာရာသားရဲ အဓွန့်ရှည်ပါစေ ”
လူတိုင်းက သူ ပြောနေစဥ် စိတ်ဓာတ်တက်ကြွလာပြီး သူတို့၏ မျက်လုံးများက ကြယ်အလင်းများ တောက်ပနေလေ၏။
ဤချိတ်ပိတ်မှုက လွတ်မြောက်လာမည့် တစ်နေ့ကို သူ အမှန်တကယ် တွေ့မြင်နေရသည့်ပမာ ဖြစ်နေ၏။ တစ်ဖက်တွင်မူ ထောင့်တွင် အေးအေးလူလူ ထိုင်နေသော နော့ဖစ်က သူတို့ကို စိတ်အေးလက်အေး ကြည့်လိုက်သည်။
သူတို့က သူ၏ လိမ်ညာမှုကို အမှန်တကယ် နားထောင်နေကြ၏။ ကြယ်တာရာသားရဲတစ်စုက တကယ် ဦးနှောက်မရှိပေ။
မင်းတို့က ခွန်အားတိုးတက်လာမယ်ဆိုတော့ ယဲ့ရှောင်က သူတောင်းစားပဲ ဖြစ်နိုင်လို့လား။ သူက ဘယ်လို ကျင့်ကြံရမလဲဆိုတာ မသိဘူး။ အဆင့်တက်နိုင်မှာ မဟုတ်ဘူး။ ယဲ့ရှောင်က သူတို့ကို အခု ထောက်ပံ့ချင်နေရတဲ့ အကြောင်းအရင်းက သူက ရှန်းထျန်းနဝမအဆင့်မှာပဲ ရှိသေးတာကြောင့်ပဲ။ သူ့ရဲ့ ကျင့်ကြံဆင့် မြင့်တက်သွားရင် ဘယ်လိုလုပ်မလဲ။ သူက ကျင့်ကြံဆင့် မြှင့်ချင်ပေမဲ့ သူ့ရဲ့ခွန်အားက မလုံလောက်သေးဘူး။ သူ့ကို ထောက်ပံ့ပေးဖို့ ဝိညာဥ်စွမ်းအင် ပိုတောင် လိုအပ်နေတာလား။
အခုချိန်မှာ သူက ကြယ်တာရာသားရဲတွေ အားလုံးကို ဆေးလုံးအဖြစ် သန့်စင်လိုက်တယ်။ သူတို့တွေက သူ့ရဲ့ ကျင့်ကြံမှု အဆင့်တက်အောင် ကူညီပေးရလောက်တယ်။
ယင်းက နော့ဖစ် လတ်တလော တွေးမိသည့် ပြဿနာတစ်ရပ် ဖြစ်သည်။ ထို့ကြောင့် သူက လိမ်ညာရန် ကြိုးစားလိုက်၏။ သူက ချိတ်ပိတ်မှုကို တူတစ်လက်ဖြင့် ဖြိုခွင်းနိုင်မည်လော။ အဓိကအကြောင်းအရင်းက သူ့ရဲ့ ပင်မခန္ဓာက ရှောင်လင်သိုင်းကျောင်းတော်တွင် ရှိနေ၏။ သူက ထိုပြဿနာကို စိုးရိမ်စရာ မလိုပေ။
ယဲ့ရှောင်က သူတို့အားလုံးကို သတ်လိုက်ပြီး သူ၏ ပင်မခန္ဓာက အသက်ရှင်သရွေ့ ဤလောကထဲကနေ သူ ပျောက်ကွယ်သွားမှာ မဟုတ်ပေ။
သို့သော်ငြား ဆာမြူရယ်နှင့် ကျန်သည့်သူများကမူ မတူညီပေ။ သူတို့ သေသွားခဲ့လျှင် အမှန်တကယ် သေဆုံးသွားလိမ့်မည်။
” ထားလိုက်တော့။ ဒါ ငါနဲ့ ဘာဆိုင်လို့လဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ အသက်ရှင်နေသရွေ့ရပြီ။ လိမ်လိမ်မာမာနေပြီး ပွဲကြည့်တာပေါ့။ အံ့သြဖို့ကောင်းတယ်။ နေ့စဥ်နေ့တိုင်း ငါ ပိုရလာနိုင်တယ် ”
သို့သော်ငြား ထိုစဥ် ဟင်းလင်းပြင်ထဲကနေ ယဲ့ရှောင်၏ ပုံရိပ်က ရုတ်တရက် ပေါ်ထွက်လာ၏။
သူ၏ အရှိန်အဝါကို အာရုံခံမိသောအခါ မူလက တက်ကြွစွာ မိန့်ခွန်းပြောနေသော ဆာမြူရယ်က ချက်ချင်း ရပ်တန့်သွား၏။
သူက ရွေးချယ်စရာ မရှိပေ။ ထိုလူက တကယ် ညစ်ညမ်းလွန်းပေ၏။ သူက ထိုလူကို မတိုက်ခိုက်နိုင်သောကြောင့် သူရဲဘောကြောင်ပြီး လွတ်မြောက်သည်အထိ စောင့်ရုံသာရှိသည်။
သူက အချက်ပြခိုက်ရာ ကျန်သည့် ကြယ်တာရာသားရဲများက ချက်ချင်း လူစုခွဲလိုက်၏။
ယဲ့ရှောင်က သူတို့ ဘာလုပ်နေမှန်း သိသည်။ သူက စိတ်ထဲ မထားပေ။ ထိုလူတစ်စုက ချိတ်ပိတ်မှုထဲက အမှန်တကယ် လွတ်မြောက်နိုင်လျှင် အစောတည်းက ထွက်ပြေးနေပြီးလောက်ပြီ ဖြစ်သည်။ သူတို့ ယနေ့အချိန်ထိ အဘယ်ကြောင့် စောင့်နေမည်နည်း။
သူတို့ ကောင်းကောင်းမွန်မွန် ဆွေးနွေးခဲ့တာဟု ထင်ခဲ့၏။ သို့သော် အမှန်တကယ်တွင် သူတို့က ချိတ်ပိတ်မှုကို ခွန်အားဖြည့်ပေးနေပြီး ဝိညာဥ်ကျောက်တုံးများစွာ ပိုထည့်ပေးနိုင်၏။
ထို့ကြောင့် အစီအရင်၏ ဝိညာဥ်စွမ်းအားက နှစ်​ဆဖြစ်သွားနိုင်သည်။
ကြယ်တာရာသားရဲတစ်စုက သူ့ကို သွေးနှင့် အသားများ စားသောက်ရန် နေ့စဥ်နေ့တိုင်း ပေးအပ်နေ၏။ သူတို့ ကျင့်ကြံဆင့် တိုးလာစရာအကြောင်း မရှိပေ။ သူတို့က ရပ်မြဲတမ်း ရပ်နေရမှာပဲ ဖြစ်သည်။ ကြယ်တာရာသားရဲတစ်စုက သူ့ကို မည်ကဲ့သို့ ဆော့ကစားနိုင်မည်နည်း။
ယခု သူတို့ ဆန္ဒရှိသလောက် ကြံစည်နိုင်၏။ ၄င်းကို အချိန်ကုန်ရန် ကလေးကစားနေတာဟုလည်း သူတို့ သတ်မှတ်နိုင်သည်။ သူတို့က သူ့ကို အရင်းအမြစ်များ ထောက်ပံ့ပေးနိုင်သရွေ့ အဆင်ပြေနေပြီ ဖြစ်သည်။
ထိုအတွေးဖြင့် ယဲ့ရှောင်က နော့ဖစ်၏ ပင်မခန္ဓာကို သူ၏ သိုလှောင်လက်စွပ်မှုတွေကနေ ထုတ်လိုက်၏။

အပိုင်း ၂၁၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset