စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၁၈ ပင်မခန္ဓာက မင်းကို အရင်တုန်းက တစ်ခါမှ မတွေ့ဖူးဘူး။ ဒါပေမဲ့ ငါကတော့ မင်းနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိနေတယ်။ လက်သီး ယူလိုက်တော့။
မြို့တစ်မြို့ပြီးတစ်မြို့ လူသားများ စုဝေးပြီးနောက် အတူတကွ ကျင့်ကြံကြ၏။ သို့မှသာ သူတို့က စနစ်ကျကျ ကြီးပြင်းလာတာပဲ ဖြစ်သည်။ သူတို့အမျိုးအစား၏ ထိပ်တွင် တစ်ချို့တလေ ရှိခဲ့မည်ဆိုလျှင် များပြားသည့် အရင်းအမြစ်များကို သုံးကာ သူတို့ကို ဒဏ္ဍာရီပုဂ္ဂိုလ်ဖြစ်အောင် မြှင့်တင်ပေးမည်။ အများစုက ဒဏ္ဍာရီများ ဖြစ်နိုင်သော်ငြား သူတို့၏ အလုံးစုံ ခွန်အားက အလွန်လျင်မြန်စွာ တက်လာ၏။
ကြယ်တာရာသားရဲများက လူသားများထက် နိမ့်ကျနေသည်။ အကြောင်းမှာ ကြယ်တာရာသားရဲများ၌ စီမံခန့်ခွဲသည့် စနစ်မရှိသောကြောင့် ဗရမ်းဗတာ ဖြစ်လွန်းသည်။
ကြယ်တာရာသားရဲများသည် အားကြီးသူက အားနည်းသူကို အနိုင်ယူပြီး အားကြီးသူသာလျှင် အားနည်းသူကို အုပ်စိုးနိုင်သည်ဟု ယုံကြည်ကြသည်။
သို့သော် သူတို့ တစ်ချက် မေ့နေသေး၏။ သန်မာသည့်လူများစွာက ရုပ်ခန္ဓာအရ သို့မဟုတ် သွေးမျိုးဆက်အရ သန်မာတာ ဖြစ်နိုင်၏။ ဥပမာအနေဖြင့် နဂါးအမျိုးအစား သွေးမျိုးဆက်ဖြင့် ကြယ်တာရာသားရဲတစ်ကောင်သည် ဝံပုလွေအမျိုးအစား သွေးမျိုးဆက်ဖြင့် ကြယ်တာရာသားရဲတစ်ကောင်ထက် ပိုသန်မာ၏။ သို့သော်ငြား ဦးနှောက်ကမူ သွေးမျိုးဆက်ပေါ် မူတည်ပြီး တိုးတက်လာတာ မဟုတ်ပေ။ ၄င်းကို မည်သူက အာမခံနိုင်မည်နည်း။ ဝံပုလွေအမျိုးအစား သွေးမျိုးဆက်သည် နဂါးအမျိုးအစား သွေးမျိုးဆက်၏ ဦးနှောက်ထက် ပိုတုံးအမှာ သေချာ၏။
နော့ဖစ်က သုတေသနပြုခဲ့ပြီး ဖြစ်သည်။ သူက နောင်ကြ ဘုရင်အဆင့် အင်အားကြီး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး ဒေသတစ်ခုကို ထိန်းချုပ်နိုင်ကာ ကြယ်တာရာသားရဲတစ်စုကို ဦးဆောင်နိုင်မည်ဆိုလျှင် သူက လူသားမျိုးနွယ်စု၏ စံပြအဖြစ် သတ်မှတ်ခံရမည်လော။
သူ အောင်မြင်သွားခဲ့လျှင် အလွန်အစွမ်းထက်သည့် ကြယ်တာရာသားရဲတစ်စုကို ခေါ်ထုတ်လာနိုင်မည်။
ဆိုရလျှင် ဤလောကကြီးထဲ၌ လူသားမျိုးနွယ်စု အမြစ်ပြတ် သုတ်သင်ခံရပြီးနောက် ကြယ်တာရာသားရဲများနှင့် ကြယ်တာရာသားရဲများကြား စစ်ပွဲတစ်ခု ဖြစ်လာလိမ့်မည်။
ခွန်အားကြီးသူက ခွန်အားနည်းသူကို အနိုင်ယူပြီး အရင်းအမြစ် အကန့်အသတ်ရှိသော လောကတွင် စစ်ပွဲများက အဆက်မပြတ် ဖြစ်ပွားနေလိမ့်မည်။
သူက အစွမ်းထက်သော ကြယ်တာရာသားရဲတစ်စုကို ပျိုးထောင်နိုင်ခဲ့မည်ဆိုလျှင် သူက ကြယ်တာရာသားရဲများနှင့် နောင်ကြ စစ်တိုက်သည့်အခါ အကျိုးအမြတ်များ ပိုတောင် ရနိုင်သည်။
ထိုအကြောင်းကို သူ တွေးနေစဥ် တစ်စုံတစ်ခု ဝယ်ရန်အတွက် သူ့ရှေ့၌ တန်းစီစောင့်နေသော လူတစ်စုကို ရုတ်တရက် တွေ့လိုက်ရ၏။
ယင်းက သူ့ကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေသည်။ သို့သော်ငြား ရှင်းရှင်းလင်းလင်း မြင်သည့်အချိန်၌ သူ၏ အမူအယာက ချက်ချင်း အေးစက်သွားတော့သည်။ ယင်းက အစပ်ကင်းမွန်ကင်များကို အထူးတလည် ရောင်းချသည့် အစပ်ကင်းမွန်ဆိုင်ပဲ ဖြစ်သည်။
သူတို့က သူ၏ ဆွေမျိုးများဟု သတ်မှတ်၍ ရသေးသည်။ ဧရာမရေဘဝဲရှေ့၌ ကင်းမွန်အစပ်ကို စားချင်သည်။ သူ့ကို မျက်နှာဖြတ်ရိုက်ခြင်းနှင့် တူ၏။ သို့သော်ငြား နော့ဖစ်က မလှုပ်ရှားခဲ့ပေ။
အနှစ် ၃၀၀ ချုပ်နှောင်ခံရပြီးနောက် သူ၏ ဦးနှောက်သည် ယခင်က တုံးအသည့် ရေဘဝဲ မဟုတ်တော့ပေ။ သူ မြင်လိုက်ရသည့်အရာကြောင့် အလွယ်တကူ ရန်စခံလိုက်ရသည်။ ယခုအချိန်၌ သူက ဗျူဟာကို တွေးနေလေ၏။
သူ၏ ကိုယ်ခွဲကို ဦးစွာရှာဖို့ ၄င်းနှင့် ပေါင်းစည်းတာက ပိုကောင်းလိမ့်မည်။ ဤနည်းဖြင့် သူ၏ ကျင့်ကြံမှုက အထွတ်အထိပ်ထိရောက်အောင် မြှင့်တင်နိုင်လိမ့်မည်။ လူသားသိုင်းပညာရှင် ရောက်လာလျှင်တောင် သူ ကြောက်ရန် မလိုအပ်တော့ပေ။
ကျန်းဟိုင်မြို့ရဲ့ ဝိညာဥ်စုစည်းခြင်း အစီအရင် ဘယ်နေရာမှာဆိုတာ သိချင်တယ်။ ငါကိုယ်တိုင် မေးရတော့မဲ့ပုံပဲ။
အတွေးတစ်ချက်ဖြင့် နော့ဖစ်သည် လူအုပ်ကြီးဆီ လျှောက်သွားကာ ပစ်မှတ်ကို စတင်ရှာဖွေလိုက်၏။
တစ်ဖက်တွင်မူ ယဲ့ရှောင်က တန်းစီနေပြီး အချိန်အတော်ကြာ တန်းစီပြီးနောက် ကင်းမွန်အစပ်ကင်တစ်ပုံးကို ဝယ်လာခဲ့သည်။ သူက ကင်းမွန်ကင်များကိုင်လျက် ဆိုင်ထဲကနေ စိတ်ကျေနပ်စွာ ထွက်လာ၏။
သူက စားသောက်ရန်အတွက် နော့ဖစ်၏ ကြယ်တာရာသားရဲအသား ရှိသော်ငြား အထိအတွေ့က ပိုကောင်းပြီး အသားများက ပိုနူးညံ့၊ အရေရွှမ်းအရသာ ရှိသည်။ ဟွမ်လျိုလီ၏ ချက်ပြုတ်သည့် အရည်အချင်းက တိုးတက်ရန် လိုအပ်သေးသည်ဟု ဆိုရပေမည်။
ထို့အပြင် ယဲ့ရှောင်သည် ရံဖန်ရံခါ၌ သူ ငယ်စဥ်ကာလက စားခဲ့သည့် အရသာကို ပြန်တမ်းတချင်သည်။
ထိုကဲ့သို့ အကင်၏ အရသာက အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ၏ အသားနှင့် ယှဥ်လျှင် နိမ့်ကျနေသော်ငြား ငယ်စဥ်ဘဝက အရသာဖြင့် ပြည့်နေလေ၏။
ကျုံးစီရင်စုကို ရောက်တဲ့အချိန် ဘာစားကောင်းသောက်ဖွယ်တွေ ရှိမလဲဆိုတာ သိချင်မိတယ်။ ကျုံးစီရင်စုက ကျန်းဟိုင်မြို့ထက် ပိုကြီးတယ်ဆိုတော့ အဲ့ဒီမှာ စားကောင်းသောက်ဖွယ်တွေ သေချာပေါက် ပိုရှိမှာပဲ။
အကင်ရပြီးနောက် အိမ်ပြန်ရန် ပြင်လိုက်သည်။ ဆိုရလျှင် သူက အထုပ်အပိုးများ ပြင်ဆင်ရပြီး ဟွမ်လျိုလီကို အလုပ်ကိစ္စများ လွှဲရဦးမည်။ သို့သော် ယဲ့ရှောင်က အဝေးသို့ မရောက်သေးခင် ရုတ်တရက် ရပ်တန့်လိုက်၏။
သူက ပင်လယ်ရှေ့၌ ရပ်နေပြီး သူ့ရှေ့ရှိ လူအုပ်ကြီးထဲရှိ လူတစ်ယောက်ကို ကြည့်လိုက်သည်။
သူက လေကာကို ဝတ်ထားပြီး ကြံ့ခိုင်သော ခန္ဓာကိုယ်ရှိကာ ထူထဲသော မုတ်ဆိတ်ရှိ၏။
ဒါ ဒါက နော့ဖစ် မဟုတ်ဘူးလား။ သူ ဒီနေရာမှာ ဘယ်လိုလုပ် ပေါ်လာတာလဲ။ သူ လွတ်မြောက်သွားတာလား။ သူ့ရဲ့ ချိတ်ပိတ်မှု ပြိုကွဲသွားတာလား။
ယဲ့ရှောင်၏ ခေါင်းထဲ၌ မေးခွန်းများ ဆက်တိုက် ပေါ်လာသည်။ မဖြစ်နိုင်လောက်ပေ။ ချိတ်ပိတ်မှု ပြိုကွဲသွားခဲ့လျှင် သူ သတိပြုမိလောက်၏။
မဟုတ်ဘူး။ မဟုတ်ဘူး။ အခြေအနေက မဟုတ်သေးဘူး။
ဒီကောင်က နော့ဖစ် မဟုတ်ဘူး။ သူ့ဆီက ပေါ်ထွက်နေတဲ့ အငွေ့အသက်က ပိုသန်မာသလိုပဲ။ တကယ်တော့ သူက ကျားနတ်ဘုရား လက်အောက်က ဆာမြူရယ်ထက်တောင် နည်းနည်း ပိုသန်မာတယ်။ သူက နော့ဖစ်ရဲ့ ပင်မခန္ဓာများလား။
ယဲ့ရှောင်သည် ပြဿနာ အရင်းအမြစ်ကို ချက်ချင်း ရှာတွေ့သွား၏။
ဓါးနတ်ဘုရား လီလျိုဆွေ့ ပူးကပ်ခံရပြီးနောက် ရှောင်လင်ဆီသို့ သွားခဲ့၏။ သူ ရူးသွပ်သွားခဲ့ပြီး ကျင့်စဥ်က ဖောက်ပြန်လေရာ ရှောင်လင်တစ်ခုလုံးကို အတော်လေး မွှေနှောက်သွားလိမ့်မည်။
နော့ဖစ်၏ ပင်မခန္ဓာက ထိုအချိန်ကို အခွင့်ကောင်းယူပြီး ထွက်ပြေးခဲ့တာ ဖြစ်နိုင်၏။ နော့ဖစ် လွတ်မြောက်သွားပြီးနောက် သူ ပြုလုပ်သည့် ပထမဆုံးအရာက သူ့ကိုယ်ခွဲကို ရှာကာ ပေါင်းစည်းရန် ကျန်းဟိုင်မြို့သို့ လာတာပဲ ဖြစ်သည်။ ထိုသို့ဆိုလျှင် ယင်းက အဓိပ္ပာယ်ရှိသွားပြီ ဖြစ်၏။
ယဲ့ရှောင်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးဆက်သွားသည်။ သူက လက်ထဲရှိ ကင်မွန်အစပ်ကင်ကို တစ်ကိုက်ကိုက်လိုက်ပြီးနောက် မျက်လုံးထဲ စိတ်လှုပ်ရှားသည့် အရိပ်အယောင် ပေါ်လာ၏။
သူသည် နော့ဖစ်ကိုယ်ခွဲ၏ အသားကို မြည်းစမ်းမိပြီ ဖြစ်သော်ငြား ကိုယ်ခွဲသည် ရှန်းထျန်းသတ္တမအဆင့် ခွန်အားသာ ရှိ၏။ သူ၏ ပင်မခန္ဓာက ရှန်းထျန်းနဝမအဆင့် အထွတ်အထိပ် အံ့ဖွယ်ချီရှန်းတစ်ယောက် ဖြစ်သည်။ ပိုသန်မာသည့် ကျင့်စဥ်က ကြယ်တာရာသားရဲအသား၏ အရေအသွေးကိုလည်း ကိုယ်စားပြုပြီး ပိုမြင့်နေသည်။ ယခုအချိန်၌ နော့ဖစ်ကလည်း ယဲ့ရှောင်ကို သတိပြုမိသွား၏။
အခြားသော နည်းလမ်းကြောင့် မဟုတ်ပေ။ သူသည် အံ့ဖွယ်ချီရှန်တစ်ဦးဖြစ်ပြီး သူ၏ သိမြင်နားလည်မှုက အင်မတန် သန်မာ၏။ လူတစ်ယောက် စိုက်ကြည့်တာ ခံနေရလျှင် သူက တစ်စုံတစ်ခုကို ချက်ချင်း သတိပြုမိမှာပဲ ဖြစ်သည်။
သူ ယဲ့ရှောင်ကို မြင်သည့်အခါ မျက်မှောင်ကျုံ့သွားမိသည်။
ဒီလူက သူ့အထောက်အထားကို မြင်နေပြီလား။ တကယ့်ကောင်ပဲ။
သူက ရှန်းထျန်းနဝမအဆင့် သိုင်းပညာရှင်တစ်ယောက်လေ။ ဒါတောင် တစ်ဖက်သူက သူ့ရဲ့ ခန္ဓာကိုယ် အစစ်အမှန်ကို တကယ် မြင်နိုင်တယ်လား။ ဆိုလိုတာက သူ့ရဲ့ ကျင့်စဥ်က ထူးကဲမှာပဲ ဟုတ်တယ်မလား။
ဒီလိုဆိုရင် ကျန်းဟိုင်မြို့ထဲမှာ သူ့အဆင့်အတန်းက မနိမ့်လောက်ဘူး။ သူ့ဆီက အချက်အလက်တချို့ ရလောက်မယ်။ အချိန်ကျတဲ့အခါ သူ့ရဲ့ ကိုယ်ခွဲကို ရှာဖို့က လွယ်ကူသွားလိမ့်မယ်။
ဒါက အလွန်ပြီးပြည့်စုံတယ်။
သို့သော် သူ လှုပ်ရှားတော့မည့်အချိန်၌ မျက်နှာချင်းဆိုင်ရှိ ယဲ့ရှောင်က ဦးစွာ ပြောလိုက်၏။
” ဒီနေရာက စကားပြောရမဲ့နေရာ မဟုတ်ဘူး။ ငါတို့တွေ စကားပြောဖို့အတွက် ပိုကျယ်ဝန်းတဲ့ နေရာတစ်နေရာတစ်ခု ရှာရမယ် ”
ယဲ့ရှောင်က ပြောပြီးသည်နှင့် သူရှိနေသည့်နေရာကနေ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ၏ အရှိန်က မြန်ဆန်လွန်းသောကြောင့် မည်သူမှတောင် သူ့ကို သတိမပြုမိပေ။
နော့ဖစ်က ထူးဆန်းသည်ဟု မခံစားရပေ။ တစ်ဖက်သူက သူ၏ ခန္ဓာကိုယ် အစစ်အမှန်ကို မြင်နိုင်ပြီဖြစ်သောကြောင့် သူ၏ ကျင့်ကြံဆင့်က အလွန်သန်မာရမည်။ သူ့အဖို့ နည်းနည်းပိုမြန်တာက ပုံမှန်ပဲ ဖြစ်၏။
ထို့အပြင် ယဲ့ရှောင်သည် သူ၏ ခွန်အားအစစ်အမှန်ကို ပြသရန် နတ်ဘုရားအာရုံစူးစိုက်ခြင်းကို အသုံးမပြုခဲ့ပေ။ သူက ရန်သူကို သတိမဝင်စေချင်။
နော့ဖစ်ကို ကြောက်လန့်ပြီး ထွက်ပြေးတာမျိုး မလိုစေချင်ပေ။
ကောင်းကင်ထဲ ပျံသန်းသွားပြီးနောက် နော့ဖစ်က သူ့နောက်ကနေ နီးကပ်စွာ လိုက်ပါလာ၏။
သူတို့က ကြယ်ဆုံသော ကောင်းကင်အထက်၌ ရပ်နေသည်။ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်လိုက်သည်။
သူတို့နှစ်ယောက် ထွက်သွားပြီး အချိန်ကြာမှ နော့ဖစ်က သေချာမြင်လာတော့သည်။ သူ့ရှေ့ရှိလူကို အလွန်ရင်းနှီးနေပုံ ရသည်။ အဘယ်ကြောင့် ထိုသို့ ခံစားမိနေမှန်း မသိပေ။ သူ ယဲ့ရှောင်ကို ယခင်က တစ်ခါမှ မတွေ့ဖူးတာ တစ်ရာရာခိုင်နှုန်း သေချာ၏။
ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်းတစ်ဦး၏ မှတ်ဉာဏ်က မမှားနိုင်ပေ။ သို့သော်ငြား ထိုကဲ့သို့ နက်နက်ရှိုင်းရှိုင်း ရင်းနှီးနေသော အငွေ့အသက် မည်သည့်နေရာမှ ရောက်လာသနည်း။
” ငါတို့နှစ်ယောက် အရင်က တွေ့ဖူးလား ”
သူက ထူးမခြားနား မေးလိုက်၏။ ယဲ့ရှောင်ကမူ သူ၏ နောက်ဆုံး အစပ်ကင်မွန်ကင်ကို တည်တည်ငြိမ်ငြိမ် စားသောက်ပြီးနောက် သူ၏ ပါးစပ်ပေါ်ရှိ ငရုတ်ဆီများကို ဝိညာဥ်စွမ်းအားဖြင့် သုတ်လိုက်၏။ ပြီးတော့မှ သူက လက်သီးမြှောက်လိုက်တော့သည်။
” မင်း မကြာခင် သိသွားမှာပါ ”
နော့ဖစ်က ထိတ်လန့်သွားပြီးနောက် အနည်းငယ် အံ့အားသင့်သွားသည်။
ဒီလူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူ ငါ့ကို တိုက်ဖို့ ကြိုးစားချင်နေသေးတာလား။
သူက အနည်းငယ် ရယ်ချင်သွား၏။
မဖြစ်နိုင်တာ မဖြစ်နိုင်တာ မဖြစ်နိုင်တာ။ မဟုတ်လောက်ပါဘူးနော်။
ဒီလူက ဒီလောက် ရယ်စရာ မကောင်းလောက်ဘူးမလား။ သူ့ကို ဘယ်သူ ထင်နေတာလဲ။ နော့ဖစ်ကို တကယ်ကြီး တိုက်ခိုက်ရဲတယ်ပေါ့။
” ဒါက ”
သူပြောတော့မည့်အချိန်၌ ယဲ့ရှောင်က လက်သီးဖြင့် ထိုးလာလေ၏။
မဟာနိဗ္ဗာနလက်သီးက ပေါ်လာလေသည်။ ကြီးမားလှသည့် လက်သီးစွမ်းအားက သူ၏ စကားများကို ပြန်မြိုချစေပြီး သူငယ်အိမ်တို့ ကျုံ့သွားစေ၏။ ယဲ့ရှောင် ထိုမျှ အစွမ်းထက်မည်ဟု သူ မထင်ထားပေ။
သတိမမူပဲ မနေရဲကာ သူက ချက်ချင်း ခုခံလျက် ထိုအကွက်ကို ရှောင်တိမ်းရန် ခန္ဓာကိုယ် လှုပ်ရှားလိုက်၏။
ယဲ့ရှောင်က ထိုတုံ့ပြန်မှုကို တွေးထင်ထားပြီးပုံ ပေါ်သည်။ သူနေရာရွှေ့လိုက်သည်နှင့် နတ်ဘုရားအာရုံစူးစိုက်ခြင်းကို ချက်ချင်း ထုတ်ဖော်ပြီး သူ့ခေါင်းအထက် ချက်ချင်း ရောက်လာ၏။
နော့ဖစ်တစ်ကိုယ်လုံးသည် လျှပ်စစ် အတိုးခံလိုက်ရသည့်ပမာ ထိတ်လန့်ပြီး ထုံကျင်သွား၏။
မြန်လိုက်တာ။
သူက အနည်းငယ် ကြောက်လန့်သွားပြီး သတိလက်လွှတ် မနေရဲတော့ချေ။ သူက ယဲ့ရှောင်ကို လက်သီးဖြင့် ထိုးလိုက်၏။
ယဲ့ရှောင်က သူ၏ ခေါင်းကို ထိုးချလိုက်သည်။
နောက်ထပ် မဟာနိဗ္ဗာနလက်သီး ဖြစ်သည်။
နော့ဖစ်၏ အကွက်ကလည်း တော်ဝင်ကျင့်စဥ် ဖြစ်လောက်သည်။ သို့သော်ငြား ယဲ့ရှောင်ရှေ့တွင်မူအတော်လေး နိမ့်ကျနေ၏။
ဖုန်း။
နှစ်ယောက်သား၏ မယုံနိုင်စရာကောင်းသည့်လက်သီးစွမ်းအားက တိုက်မိသွားပြီး ကောင်းကင်ကို ကျယ်ဝန်းသည့် နေရာအဖြစ် လှုပ်ခါသွားစေ၏။ စီးဆင်းနေသော တိမ်တိုက်များက အရပ်မျက်နှာအနှံ့ လွင့်စင်သွားပြီး ကြည်လင်နေသော ကောင်းကင်ကို ထွက်ပေါ်လာစေသည်။ ထိုပေါက်ကွဲမှုက ကျန်းဟိုင်တစ်မြို့လုံးကို ထပ်မံ တုန်လှုပ်သွားစေပြန်သည်။
” ဘာဖြစ်တာလဲ။ မိုးခြိမ်းသံက ကျယ်လိုက်တာ။ မိုးထပ်ရွာတော့မှာလား။ မြန်မြန် အိမ်ပြန်ပြီး အဝတ်ရုတ်ဦး ”
” မဟုတ်ဘူး။ ကောင်းကင်ထဲမှာ သိုင်းပညာရှင် တိုက်ခိုက်နေတာ ”
” စီနီယာ ဓါးမော့ဓါးဝိဇ္ဇာပဲလား ”
” ဟုတ်မှာပဲ။ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာအပြင် ဘယ်သူကမှ ဒါမျိုး မတိုက်ခိုက်နိုင်ဘူး ”
” သေစမ်း။ ဒီလထဲ ဘယ်နကြိမ် ရှိနေပြီလဲ။ ငါ ထပ်ပြီး ကြားညှပ်ပြန်ပြီ။ နင်နဲ့ လမ်းခွဲချင်လာပြီ ”
” ကို့အမှား မဟုတ်ဘူးလေ။ ကိုလည်း ကြောက်သွားလို့။ လမ်းခွဲမယ်လို့ ပြောတာလား။ ကောင်းပြီလေ။ ဒါဆို လမ်းခွဲမယ်။ အခု ထွက်သွားတော့ ”
” အား ငါ့ကို မတွန်းနဲ့။ ငါ ကျိုးတော့မယ်။ အား တကယ် ကျိုးတော့မယ် ”
ကောင်းကင်ထဲ၌ ယဲ့ရှောင်နှင့် တိုက်ကွက် ဖလှယ်ပြီးနောက် လှိုင်းများစွာက နော့ဖစ်၏ တစ်ကိုယ်လုံးကို တုန်ယင်သွားစေ၏။ ကံကောင်းသည်မှာ ခန္ဓာကိုယ်ပေါ်၌ အရိုး သိပ်မရှိပေ။ အများစုက နူးညံ့သော အရွတ်များဖြင့် ပြုလုပ်ထားတာ ဖြစ်သည်။ ထို့ကြောင့် ယဲ့ရှောင်၏ လက်သီးနှင့် ရင်ဆိုင်ရသည့်အချိန်၌ ၄င်းက ပုံပျက်သွားသော်ငြား ဒဏ်ရာ မရပေ။ သို့သော် ထိုသို့တိုင် ခန္ဓာကိုယ်က အမြှောက်ဆန်ပမာ လွင့်ထွက်သွား၏။
ဖုန်း။
” အစွမ်းထက်လိုက်တဲ့ ခွန်အား ”
နော့ဖစ်က ထုတ်ပြောမိသွားသည်။
ဒီလူသားက ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်ရတာလဲ။
ရှောင်လင်၌ နဝမအဆင့် အံ့ဖွယ်ချီရှန်းတောင် တစ်ယောက်နှစ်ယောက်သာလျှင် ရှိသည်။ ရှောင်လင်က မည်ကဲ့သို့သော နေရာမျိုးနည်း။ စီရင်စု၉ခုထဲ၌ ထိပ်တန်းသိုင်းကျောင်းတော်များထဲမှ တစ်ခုဖြစ်သည်။ ဤနေရာက မည်သည့်နေရာနည်း။ သေးငယ်သည့် ကျန်းဟိုင်မြို့သာ ဖြစ်သည်။
ဤနေရာကို မြို့အမှိုက်ဟုခေါ်လျှင် ချဲ့ကားပြောရာ မရောက်ပေ။ သူက မြို့တစ်မြို့ကို ဆန္ဒရှိသလို အပြည့်အဝ ဖျက်ဆီးပစ်နိုင်၏။ သူသည်က ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်း မဟုတ်ပါလော။
အပိုင်း ၂၁၈ ပြီး၏။