စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၁၇ နော့ဖစ်၏ ကျရှုံးမှု။
ယဲ့ရှောင်သည် ဒါရိုက်တာ၏ စကားများကို အမှန်တကယ် အလွန်စိတ်ဝင်စားခြင်း မရှိပေ။
သူ အလုပ်ချင်ဆုံးအရာက စာအုပ်များဖတ်ပြီး သူ၏ ကျင့်ကြံမှုကို မြှင့်တင်ရန်သာ ဖြစ်သည်။ ထိုမှအပ ဤလောက၌ စားစရာအပြင် သူ စိတ်ဝင်စားတာ မရှိပေ။
စာကြည့်တိုက်မှူးတစ်ယောက်၏ အထောက်အထားသည် သူ၏ စစ်မှန်သော အထောက်အထားကို ဖုံးကွယ်ရန်အတွက် အသုံးပြုသည့် မျက်နှာဖုံးတစ်ခုမျှသာ ဖြစ်သည်။ တစ်ချိန်တည်းတွင် စာကြည့်တိုက်ထဲတွင် စာအုပ်များ ဖတ်ရသည်ကလည်း ပိုကောင်းလေ၏။
ရာထူးတိုးပြီး လစာမြင့်မည်ဆိုလျှင် ယဲ့ရှောင်က ဘာမှလုပ်ဖို့ ဆန္ဒမရှိပေ။
သို့သော်ငြား လေ့ကျင့်ရေးအတွက် သွားရမည်ဆိုလျှင်တော့ ယင်းက မဖြစ်နိုင်လောက်ပေ။ အချိန်ကုန်လွန်း၏။
” သွားလေ့လာတာက ဘယ်လောက်လောက် ကြာမှာလဲ ”
” တစ်လလောက်။ အချိန်က သိပ်မကြာဘူး။ ဒါပေမဲ့ ကျုံးစီရင်စုရဲ့ စာကြည့်တိုက်က အလွန်ကြီးတာ။ ကျင့်စဥ်တွေကလည်း ပိုမြင့်တယ် ”
” အဲ့ဒီကို တစ်ချက် သွားကြည့်သင့်တယ် ထင်တာပဲ။ အမြင်ကျယ်အောင်လုပ်။ အရည်အချင်း တိုးတက်အောင်လုပ် ”
ယဲ့ရှောင်သည် ထိုစကားကို ကြားသောအခါ သူ၏ မျက်လုံးများ ရုတ်တရက် လက်သွားလေ၏။ ကျန်သည့် အကြောင်းအရင်းကြောင့် မဟုတ်ပေ။ အစောတုန်းက ပြောလိုက်သည့်စကား။ ကျုံးစာကြည့်တိုက်ကြောင့်ပဲ ဖြစ်သည်။ စီရင်စုတစ်ခုလုံး၏ စီးပွားရေးနှင့် ယဥ်ကျေးမှု အသက်သွေးကြော ဖြစ်သည်နှင့်အညီ ကျုံးမြို့၏ အရွယ်အစားက ကျန်းဟိုင်မြို့ထက် ပိုကြီးမားသည်။ ကျန်းဟိုင်မြို့က နောင်ကြ ချဲ့ထွင်လျှင်တောင် ထိုအဆင့်သ်ို့ ရောက်မှာ မဟုတ်ပေ။
ထို့ကြောင့် သူက တစ်ချက်သွား ကြည့်သင့်သည်။
သူက ယခင်တုန်းက နားမလည်သည့် အသိပညာ ဗဟုသုတများနှင့် သင့်တော်သည့် သိုင်းကျင့်စဥ်အချို့ကိုတောင် ဖမ်းဆုပ်နိုင်လောက်၏။ ထိုအတွေးဖြင့် သူက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
” ဟုတ်ပါပြီ။ ဒါဆို ဒါရိုက်တာရဲ့ အကြံပေးချက်ကို ကျွန်တော် နားထောင်ပါမယ်။ ကျွန်တော် ပြန်သွားပြီး ယန်ရှီးကို နောက်ရက်အနည်းငယ်လောက် အလုပ်ကြိုးစားဖို့ ပြောလိုက်မယ်။ သူ စီမံလို့ ရတာပေါ့ ”
” မလိုဘူး။ အထက်အရာရှိတွေဆီ သတင်းပို့ပြီးသား။ သူက ငါ့ရဲ့ တူမပဲ။ ဒီအခွင့်အရေးကို သုံးပြီး ငါ သူ့ကို လေ့ကျင့်ပေးချင်တယ်။ အချိန်ကျတဲ့အခါ သူ့ကို ဂရုစိုက်ပေးဦး ”
” ဒါပေမဲ့ ကျွန်တော့် နေရာကရော။ အစတည်းက ကျွန်တော်နဲ့ ယန်ရှီးပဲရှိတာ။ အခု သူလည်းမရှိဘူးဆိုတော့ ”
” မင်း စိတ်ပူနေဖို့ မလိုဘူး။ အဲ့ဒီအကြောင်း တွေးပြီးသား။ မင်းကို ကူညီပေးဖို့အတွက် တစ်ယောက်ယောက် လွတ်ပေးဖို့ လျိုချန်စွင်းကိုပြောလိုက်။ ပြောလိုက်တဲ့သူက ငါဆိုတာကို ပြောဖို့ပဲ လိုတယ်။ သူ့ရဲ့နေရာမှာ ကြီးကြပ်သူနှစ်ယောက် ရှိနေသေးတယ် ”
” ဟုတ်ပြီ။ ကျွန်တော် သိပြီ ”
အိုးရန်ယွင်ကျုံးက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူမ၏ အမူအယာက ထပ်မံ လေးနက်လာပြန်သည်။
” မင်းတို့တွေ ဒီတစ်ခေါက် လေ့လာပြီး ပြန်လာတဲ့ အချိန် စာကြည့်တိုက်ရဲ့ ချဲ့ထွင်မှုက ပြီးသလောက် ရှိလိမ့်မယ်။ အဲ့ဒီအချိန် စာအုပ်သစ်တွေ အများကြီး ထပ်ထည့်မှာ။ ဒါရိုက်တာ အသစ်လည်း ရောက်လိမ့်မယ်။ အရင်တုန်းက မင်းတို့ အမှားသေးလေးလုပ်တာ။ ဒါမှမဟုတ် တစ်ခုခု လုပ်ခဲ့ရင် မင်းတို့ကို ကာကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ နောင်ကြ မင်းတို့ဘာ့သာ နေရတော့မယ် ”
” လိုရင်းပြောရရင် အလုပ်ကောင်းကောင်းလုပ်။ နောင်ကြ မင်း ရာထူးမနိမ့်ဘူး ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ဟုတ်ပြီ ”
” ဒီအတိုင်းပဲ ထားလိုက်ရအောင်။ စာရင်းထဲမှာ မင်းရဲ့နာမည်ကို ပြီးမှ ထည့်လိုက်မယ်။ အဆင်သင့်ပြင်သင့်ပြီ။ မနက်ဖြန်ကြ ခရီးစထွက်မယ် ”
” ဟုတ်ပါပြီ ”
ယဲ့ရှောင်သည် ဒါရိုက်တာ၏ ရုံးခန်းထဲမှ ထွက်သွားပြီးနောက် သူ၏ နေရာသို့ သွားလိုက်၏။
ယန်ရှီးက ပြန်မရောက်သေးပေ။ သူ ပြီးနောက် သူမကို ဒါရိုက်တာ၏ ရုံးခန်းသို့ ခေါ်ထားတာ ဖြစ်၏။ သူမက သူ့ကို တစ်စုံတစ်ခု ပြောပြလောက်သည်။
မည်သူ့မှ မရှိတာကို အခွင့်ကောင်းယူပြီး ယဲ့ရှောင်က လျိုချန်စွင်းကို ရှာရန် ဘေးအခန်းသို့ သွားလိုက်သည်။
ယဲ့ရှောင်က ရောက်ခါစ၌ မလှမ်းမကမ်းရှိ လျိုချန်စွင်းကို တွေ့လိုက်ရသည်။ သူက စားပွဲပေါ်ရှိ ကျိုးပဲ့နေသော သံမဏိပုံကို စိုက်ကြည့်လိုက်၏။ အောက်မေ့တမ်းတသည့် အမူအယာ တစ်စွန်းတစ်စ ပါနေသည်။ သူ ဝမ်းနည်းနေတာ သိသာ၏။
သူ စကားပြောတော့မည့်အချိန်တွင် စာဖတ်နေသော ဖျောင်ကျန့်ရှန်က တိတ်တိတ်နေရန် အချက်ပြလိုက်၏။ ပြီးနောက် သူက တီးတိုးပြောလိုက်တော့သည်။
” မစ္စတာ ယဲ့။ ကျုပ်ရဲ့ ဆရာကို မနှောက်ယှက်နဲ့ဦး။ သူ့ကို တစ်ယောက်တည်း ထားလိုက်ပါဦး ”
ယဲ့ရှောင်က တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် ခေါင်းညိတ်လိုက်၏။
ဖျောင်ကျန့်ရှန်က ရှင်းပြလိုက်သည်။
” ဒီဓါးကို ကျွန်တော့် ဆရာရဲ့ ဆရာက ထားပေးခဲ့တာ။ ကျွန်တော်တို့ဂိုဏ်းရဲ့ ဘိုးဘေးအမွေပစ္စည်းလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့အခေါက်တုန်းက သားရဲနတ်ဘုရားမဟာမိတ်ရဲ့ မဟာမိတ်ခေါင်းဆောင် လုံထူရောက်လာပြီး ဒါကို ဖျက်ဆီးလိုက်တာ။ ဒါကြောင့် ဆရာက သူ့ကိုသူ အပြစ်တင်နေတယ်လေ။ သူက ဓါးကျိုးကို တွေဝေမင်သက်ပြီး ကြည့်နေတော့တာပဲ ”
” ကျွန်တော် သိပြီ ”
လျိုချန်စွင်းသည် သူ၏ ဘိုးဘွားပိုင်ပစ္စည်း ပျက်စီးသွားသည့်အချိန်၌ စိတ်မကောင်းဖြစ်နေတာ အံ့သြစရာ မရှိပေ။ သို့သော်ငြား ကျန်းဟိုင်မြို့ကို ကူညီရန်အတွက် ဓါးကျိုးစေခဲ့တာလည်း ဖြစ်၏။ သူက ပုံမှန်မဟုတ်ပဲ သေလုနီးပါး ဖြစ်ခဲ့၏။ ထို့အပြင် ယခင်က သူ့ကို ကူညီရန် ဆေးလုံးများကိုလည်း ထုတ်ပေးခဲ့၏။ သူက ကိုယ်ရည်ကိုယ်သွေးရော လုပ်ငန်းဆောင်တာ နှစ်ရပ်လုံး၌ သူ့ကို ကူညီပေးခဲ့သည်။ မည်သည့်နည်းနဲ့မဆို သူ့အတွက် မခက်ခဲပေ။ ထိုအကြောင်း တွေးမိပြီး သူက ပြောလိုက်၏။
” လောင်လျို ”
လျိုချန်စွင်းက သတိဝင်လာပြီး သူ့ကို တစ်ချက်ကြည့်လိုက်၏။
” ယဲ့ရှောင်ပါလား။ ဘာကိစ္စ ရှိလို့လဲ ”
” ဒါရိုက်တာက တစ်လလောက် အပြင်ထွက် လေ့လာစေချင်နေတယ်။ ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတစ်ယောက်ဖြစ်တဲ့ ယန်ရှီးကလည်း သွားမှာ။ ဒီတော့ ဒီလအတွင်း ကျွန်တော့်နေရာကို ကြည့်ပေးမဲ့သူ မရှိဘူး။ ဒါရိုက်တာက ခင်ဗျားကို သွားရှာစေချင်နေတာ။ ကျွန်တော့်နေရာကို ကြည့်ပေးဖို့လက်အောက်ငယ်သားတွေထဲက တစ်ယောက်ကို လွှတ်ပေးဖို့ မျှော်လင့်ပါတယ် ”
လျိုချန်စွင်းက ခေါင်းညိတ်လိုက်၏။
” ပြဿနာ မရှိပါဘူး။ ပြီးရင် သူတို့ကို ပြောလိုက်မယ်။ တစ်ယောက် သွားခိုင်းလိုက်မယ် ”
” ကျေးဇူးပါ ”
” ရတယ် ”
ခဏတာရပ်တန့်ပြီးနောက် ယဲ့ရှောင်က ထပ်ပြောလိုင်၏။
” ခင်ဗျားဓါးက ကျိုးသွားပြီ။ ပြင်ဖို့တစ်ယောက်ယောက် သွားမရှာဘူးလား ”
လျိုချန်စွင်းက ခေါင်းခါလိုက်၏။
” ရှာဖို့ မလွယ်လောက်ဘူး။ ဒီဓါးစွမ်းအားက တော်ဝင်လက်နက်အဆင့်ကို ရောက်နေပြီးပြီ။ အဆင့်မြင့်တဲ့ ပန်းပဲတစ်ယောက်တောင် ပြင်ဖို့ မဖြစ်နိုင်လောက်ဘူးလေ ”
” ဟန်နိုင်ငံကို ပြန်ရောက်ပြီးမှ ဒေသထဲက အကောင်းဆုံး ပန်းပဲပညာရှင်တချို့ကို ရှာပြီး ပြင်ခိုင်းရမှာပဲ ”
” ဟန်နိုင်ငံရဲ့ သန့်စင်တဲ့ အဆင့်က အတော်လေး ကောင်းပြီး နာမည်ကျော်ကြားတဲ့ ကြယ်၃ပွင့် သန့်စင်ခြင်း ကုမ္မဏီတစ်ခုရှိပေမဲ့ အဆုံးကြ သန့်စင်တဲ့ အဆင့်အတန်းမှာ အရှေ့ပိုင်းတစ်ခုလုံးနဲ့ စီရင်စု၉ခုက အကောင်းဆုံးပဲလေ ”
” ဒါအမှန်ပဲ။ ဒါပေမဲ့ စီရင်စု၉ခုထဲမှာ ထိပ်တန်းလက်နက် သန့်စင်သူတွေ ရှာဖို့က မလွယ်ကူဘူး။ သူတို့တွေက ရာထူးမြင့်ရင်မြင့် မဟုတ်ရင် လူတွေကြားထဲမှာ ပုန်းနေတာ ”
” ကျွန်တော် အရင်တုန်းက လက်နက်သန့်စင်တာကို လေ့လာဖူးပြီး လက်နက်သန့်စင်သူတချို့နဲ့ အဆက်အသွယ်ရှိတယ်။ အစွမ်းထက်တဲ့ လက်နက်သန့်စင်တဲ့ ပညာရှင်တစ်ယောက်ကို သိတဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်။ ခင်ဗျား စိတ်မရှိရင် ဒီအပိုင်းအစတွေ ပေးလိုက်လို့ရတယ်။ သူ ပြင်နိုင်လားလို့ သွားကြည့်ပေးမယ် ” လျိုချန်စွင်း၏ မျက်လုံးက လက်သွားတော့သည်။
” မင်းပြောတာ အမှန်ပဲလား။ ဒါဆိုရင် ကိုယ်တိုင် ခေါ်သွားပေးနိုင်မလား။ အောင်မြင်နိုင်ခြင်း မြှင့်တင်နိုင်ခဲ့မယ်ဆိုရင် ပိုက်ဆံတွေ အများကြီး ပေးပါမယ် ”
ယဲ့ရှောင်သည် ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။ သူက သူ့ကို မည်ကဲ့သို့ သွားခွင့်ပေးမည်နည်း။ လက်နက်သခင် မရှိပေ။ သူကိုယ်တိုင်သာ ဖြစ်၏။
” အလုပ်မဖြစ်မှာ စိုးရိမ်မိတယ်။ တစ်ဖက်သူရဲ့ အကျင့်စရိုက်က အင်မတန် သိုသိုသိပ်သိပ်နိုင်တာ။ ဒါ့အပြင် တောင်တန်းတွေထဲမှာ နေနေပြီး တခြားသူတွေနဲ့ ပြောဆိုဆက်ဆံရတာကို သဘောမကျဘူး။ သူစိမ်းတစ်ယောက်ကို သမန်ကာလျှံကာ ခေါ်သွားခဲ့မယ်ဆိုရင် ဒီအကြောင်းအရင်းကြောင့် သူ ဒေါသထွက်သွားပြီး အကူအညီတောင်းတာကိုတောင် ငြင်းလိုက်နိုင်တယ် ”
လျိုချန်စွင်းသည် သူ့ကို ရေခဲရည်တစ်ပုံး လောင်းလိုက်သည့်ပမာ ခံစားလိုက်ရသော်ငြား နားလည်သည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
” မင်းပြောတ မှန်တယ်။ လက်နက်သခင်တွေက ထူးခြားတဲ့ အကျင့်နဲ့ စိတ်နေသဘောထားတွေ ရှိကြတာ ”
သူက ယဲ့ရှောင်အား အပိုင်းအစများ ပေးလိုက်သည်။
” ဒါဆို မင်းဆီ အပ်လိုက်ပြီ ” ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” စိတ်မပူပါနဲ့။ ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံး ကူညီမှာပါ ”
သူတို့နှစ်ယောက်က ခဏတဖြုတ် စကားပြောပြီးနောက် ယဲ့ရှောင်သည် သူ့နေရာသို့ သွားကာ စာဆက်ဖတ်တော့၏။
သူက သိုင်းကျင့်စဥ် တိုက်ပွဲဝင်နည်းလမ်းမျိုးစုံရှိနေပြီ ဖြစ်သည်။ လက်ရှိ၌ သူ မသင်ယူရသေးတာ ခြေသိုင်းတစ်မျိုးသာ ရှိသည်။ သူက တော်ဝင်ကျင့်စဥ် ပေါင်းစည်းပြီးဖြစ်ရာ ဆက်ပြီး မပေါင်းစည်းနိုင်တော့ပေ။ သူက ခြေသိုင်းသာ သင်ယူထားရသေးခြင်း၏ အကြောင်းအရင်းမှာ လူ့ခန္ဓာကိုယ်၏ တိုက်ခိုက်မှုများထဲ၌ ယင်းက အသန်မာဆုံး တိုက်ခိုက်မှု ဖြစ်နေသောကြောင့်ပင်တည်း။
လူ၏ ခန္ဓာကိုယ်တွင် ပေါင်ထက်ပိုပြီး အစွမ်းထက်သည့် တိုက်ခိုက်ရေးနည်းလမ်း မရှိပေ။ သို့သော်ငြား သူက ယခု ခြေသိုင်းကို မကြည့်တော့ပေ။ ထိုအစား ဝိညာဥ်သန့်စင်ခြင်း ကျင့်စဥ်ကို ဦးစွာ ကျင့်ချင်နေ၏။
ဆိုရလျှင် သူ၏ ကျင့်ကြံမှု အရှိန်က အလွန်မြန်ဆန်သည်။ နှစ်ဝက်အတွင်း သူက ဘုရင်နယ်ပယ်သို့ အဆင့်တက်သွားနိုင်ချေ အလွန်မြင့်၏။ ထိုအချိန်ကြ သူ၏ ကျင့်ကြံမှု မလုံလောက်ခဲ့လျှင် ဝိညာဥ်စွမ်းအင်သွေဖယ်မှုဖြစ်ကာ သူ ပြဿနာတက်သွားလိမ့်မည်။
ယဲ့ရှောင်သည် စာအုပ်တစ်အုပ်ထဲမှ ဖတ်ဖူးသည်က ဝိညာဥ်ကျင့်စဥ်များက အလွန်ရှားပါးသည်ဟုဆိုထားသည်။ ထို့အပြင် ရှိခဲ့လျှင်တောင် အလွန်နုံချာသည့် ဝိညာဥ်ကျင့်စဥ်များသာ ရှိ၏။ မဟုတ်လျှင် အလွန်အစွမ်းထက်၏။ ထိုသို့တိုင် အစွမ်းထက်သည့် တစ်ခုက ရှာရ အလွန်ခက်ခဲသည်။
အကြောင်းမှာ စိတ်ဝိညာဥ်ကျင့်စဥ်ကို ကျင့်ကြံကြသည့် စိတ်ဝိညာဥ်သိုင်းပညာရှင်များသာလျှင် ဝိညာဥ်စွမ်းအားကို ကျင့်ကြံကြသည်။ ထိုလူက အနည်းစုသာ ဖြစ်သည်။ ထို့ကြောင့် ဝိညာဥ်သန့်စင်သည့်ကျင့်စဥ် များများစားစား မရှိပေ။
ထိပ်တန်းအဆင့် ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ်များကမူ သိုင်းပညာရှင်တစ်ယောက်သည် ရှန်းထျန်း နဝမအဆင့်သို့ တက်သွားပြီးမှ သူတို့၏ ဝိညာဥ်ကို စတင် ကျင့်ကြံကြတာပဲ ဖြစ်သည်။ သို့သော်ငြား အရေအတွက်က ပိုတောင် နည်းပြီး လက်တစ်ဆုပ်စာ သာရှိသည်။ အကန့်အသတ်ရောက်ရှိဖို့က အလွန်ခက်ခဲသည် ကျန်းဟိုင်မြို့ကဲ့သို့ နေရာသေးလေး၌ ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ် အနည်းစုကိုသာ မှတ်တမ်းတင်ထား၏။
ယဲ့ရှောင်သည် တစ်နေကုန် တစ်နေခမ်း ဖတ်ရှုပြီးနောက် ဝိညာဥ်စွမ်းအင်ကျင့်စဥ် ( ၁၅ ) မျိုးကိုသာ ရှာတွေ့ခဲ့၏။ ထို့အပြင် သူတို့ထဲက တစ်မျိုးကိုသာထုတ်နိုင်ခဲ့သည်။
ကျုံးစီရင်စုထဲက သိုင်းစာကြည့်တိုက်မှာ ဝိညာဥ်စွမ်းအင်ကျင့်စဥ်တွေ ရှိမလားဆိုတာ သိချင်မိတယ်။ ရှိခဲ့မယ်ဆိုရင် ငါ့အတွက် အခွင့်အရေးကောင်းတစ်ခုပဲ။ ဒါပေမဲ့ သိပ်ပြီး စိုးရိမ်နေဖို့ မလိုပါဘူး။ ကျန်းဟိုင်မြို့ထဲက သိုင်းစာကြည့်တိုက်က ငါပြန်ရောက်လာပြီးရင် ချဲ့ထွင်တော့မှာပဲ။ အချိန်ကျလာတဲ့အခါ ထိပ်တန်းအဆင့် သိုင်းကျင့်စဥ်တော်တော်များများ ရှိနေလောက်မှာပဲ။ အဲ့ဒီထဲက တချို့က ဝိညာဥ်စွမ်းအင်ကျင့်စဥ်တစ်မျိုး ဖြစ်မှာပဲ။
ဒေါင်။
အလုပ်ဆင်းချိန် ခေါင်းလောင်းမြည်လာ၏။
ယဲ့ရှောင်က ထရပ်ပြီး ထွက်သွားကာ အထုပ်အပိုးများ ပြင်ဆင်ရန် သွားတော့၏။ သူက ကျန်းဟိုင်မြို့တွင် ဟွမ်လျိုလီကို နေခိုင်းထားပြီး နေ့စဥ်နေ့တိုင်း မွေးမြူရေး ခြံကနေ ပစ္စည်းများ စုဆောင်းခိုင်းထား၏။
ယင်းက ယဲ့ရှောင်ကို ယခင်ဘဝသို့ ပြန်ရောက်သွားသလို ခံစားရစေသည်။ သူက နေ့စဥ်နေ့တိုင်း လယ်စိုက်ပြီး ဟင်းသီးဟင်းရွက်များ ခူး၏။ ကံကောင်းသည်မှာ သူ၏ ဟင်းသီးဟင်းရွက်များကို မည်သူမှ မခိုးတာပဲ ဖြစ်သည်။ ယင်းက အလွန်အဆင်ပြေ၏။
” အလုပ်ဆင်းပြီးရင် မြို့ရဲ့ မြောက်ဘက်မှာ ကင်းမွန်ကင် ဆိုင်သစ်ရှိတယ်လို့ ထင်တယ်။ သွားစားကြရအောင် ”
ဆောင်းဦးညတာက အလွန်လျင်မြန်စွာ ကျရောက်လာ၏။ မျက်တောင်တစ်ခတ်အတွင်း နေထွက်လာပြီ ဖြစ်သည်။
တစ်ချိန်တည်းတွင် မုတ်ဆိတ်များဖြင့် အရပ်မြင့်မြင့် ကြံ့ခိုင်သော ခန္ဓာကိုယ်က ကျန်းဟိုင်မြို့ဆီသို့ ဦးတည်လာ၏။
သူက လေကာလည်း ဝတ်ထားပြီး သူ၏ မုတ်ဆိတ်မျက အလွန်ထူနေကာ မျက်စိဖမ်းနိုင်စွမ်း ရှိသည်။ သူ့နားတစ်ဝိုက်ရှိ အရှိန်အဝါက လူများကို သူ့နား ချဥ်းကပ်ရမှာ ကြောက်ရွံ့စေသည်။
နော့ဖစ်ပဲ ဖြစ်၏။
လမ်းပေါ်ရှိ လူသားများကိုကြည့်ပြီး နှုတ်ခမ်းသပ်ကာ သူ၏ မျက်ဝန်းထဲရှိ အစိမ်းရင့်ရင့် အလင်းတန်းက တောက်ပလာလေ၏။
” ငါ လူသားမစားရတာ အတော်ကြာပြီ။ သိပ်ကို သတိရနေတာ ”
ပြီးနောက် သူက ထပ်ပြောလိုက်သည်။
” လောနေဖို့ မလိုဘူး။ ခဏစောင့်တာပေါ့။ ငါ ကိုယ်ခွဲကို ရှာပြီး အဲ့ဒါနဲ့ ပေါင်းစည်းနိုင်သရွေ့ ဒီမြို့ထဲက လူအားလုံးကို သတ်မယ် ”
” ငါ အခု တိုက်ခိုက်လိုက်ရင် လူသားသိုင်းပညာရှင်တချို့ကို သတိဝင်သွားစေပြီး ငါ့ရဲ့ ပင်မခန္ဓာကို ပြန်ယူမဲ့ အစီအစဥ် ပျက်သွားလိမ့်မယ်။ ဒါက ဆုံးရှုံးမှုကြီး ဖြစ်မှာပဲ ”
ထိုသို့တွေးပြီးနောက် သူသည် ကျန်းဟိုင်မြို့၏ မြောက်ဘက်ခြမ်းဆီသို့ လျှောက်သွားလိုက်၏။
လမ်းပေါ်တွင် နော့ဖစ်ကို သရေကျစေသည့် လူသားများစွာ ရှိနေသည်။ တစ်ချိန်တည်းတွင် သူက စိတ်ထဲ သက်ပြင်းချမ်ိလိုက်၏။
ယင်းက လူသားများ ဖွံ့ဖြိုးတိုးတက်နေရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။
အပိုင်း ၂၁၇ ပြီး၏။