စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၁၆ လူတစ်ယောက်က သူ့အဝတ်လောက်ပဲ ကောင်းမယ်။ ဗုဒ္ဓက သူ့ရွှေလောက် ကောင်းမယ်။ ရွှေချထားတဲ့ တန်ဖိုးတချို့က မြင့်တက်သွားမယ်။
ယင်းက ယဲ့ရှောင်တစ်ခါမှ မတွေးဖူးသည့် ကိစ္စ ဖြစ်သည်။
သူသည် ဓါးနတ်ဘုရား မည်မျှ သန်မာကြောင်း မည်မျှ မသိသော်ငြား ကမ္ဘာ့နဂါးစာရင်း၌ အဆင့် ၁၀ ရထားသော လုချင်ရှန်းနှင့် တစ်ခါတွေ့ခဲ့ဖူးသည်။ သူက နှစ်ခါတွေ့ခဲ့၏။ ပထမတစ်ခါက ဓါးဆန္ဒကိုယ်ခွဲဖြစ်ပြီး နောက်တစ်ကြိမ်ကမူ လုချင်ရှန်း၏ ခန္ဓာကိုယ် အစစ်အမှန်က ကျန်းဟိုင်မြို့သို့ ရောက်လာတာပဲ ဖြစ်သည်။ တစ်ဖက်သူ အစွမ်းထက်ပုံကို ယဲ့ရှောင် ပထမဆုံးအကြိမ် သိလိုက်တာပဲ ဖြစ်၏။
ဒုတိယအကြိမ်က ယဲ့ရှောင်သည် ရှန်းထျန်းအဌမအဆင့်သို့ ရောက်သည့်အခါ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုခဲ့ပြီး တစ်ဖက်သူ၏ အာရုံစိုက်မှုကိုတောင် ရခဲ့ကာ ဖော်ထုတ်ခံရလုနီးပါး ဖြစ်သွားသည်။
ဓါးနတ်ဘုရား လီလျိုဆွေ့အတွက်မူ သူက နဂါးစာရင်း၌ လုချင်ရှန်းထက် တစ်ဆင့်သာ ပိုမြင့်သည်။ ထို့ကြောင့် လီလျိုဆွေ့က လုချင်ရှန်းထက် အနည်းဆုံးတော့ အနည်းငယ် ပိုသန်မာသည်။ ထိုသို့တိုင် သူက နတ်ဆိုးပူးကပ်ခြင်း ခံရသေး၏။ ထိုအချင်းအရာအရ ဘုရင်နယ်ပယ်သို့ တက်လှမ်းနိုင်ရန် မည်မျှ ခက်ခဲကြောင်း မြင်တွေ့နိုင်သည်။ သူက ဝိညာဥ်ကို သန့်စင်ရန် နည်းလမ်းတစ်ခု အမြန် ရှာရတော့မည့်ပုံ ပေါ်သည်။
မဟုတ်လျှင် သူ ဘုရင်နယ်ပယ်သို့ အဆင့်တက်သည့်အချိန် သူက စိတ်ရူးဖောက်ပြီး အပြစ်ကင်းသည့် သူများကို နေရာအနှံ့ သတ်မိပါက စီရင်စု၉ခုက သူ့ကို သေချာပေါက် ဖျက်ဆီးလိမ့်မည်။ ထို့အပြင် သူ၏ လက်ရှိ ခွန်အားဖြင့် မြို့တစ်မြို့ကို အကြိမ်ရေအနည်းငယ်အတွင်း အပြည့်အဝ ဖျက်ဆီးနိုင်သည်။ စီရင်စု၉ခုထဲ၌ ၄င်းကို ခံနိုင်ရည် ရှိသည့်သူ သိပ့်မရှိလောက်ပေ။
သူက အပြစ်ကင်းသည့်သူ မည်မျှများစွာကို သတ်မိမည်နည်း။
၁၀သန်းလား။
သန်းတစ်ရာလား။ သန်းရာချီလား။ ယင်းက ယဲ့ရှောင် လက်မခံနိုင်သည့်အရာ ဖြစ်သည်။
သူသည် ကြယ်တာရာသားရဲများကို သတ်ဖြတ်ခဲ့လျှင် ပြဿနာတစ်ရပ် မဟုတ်ပေ။ ဆိုရလျှင် ကြယ်တာရာသားရဲများက လူသားများကို သတ်ဖြတ်ခဲ့ပြီး လူသားမျိုးနွယ်စု၏ ဘုံရန်သူ ဖြစ်သည်။ ထို့အပြင် ယဲ့ရှောင်၏ အမြင်တွင် ကြယ်တာရာသားရဲများက သန္ဓေပြောင်း တိရစ္ဆာန်များသာ ဖြစ်သည်။
တစ်ဖက်တွင် ရှောင်လင်သိုင်းကျောင်းတော်၏ အနောက်ဘက်တောင်တန်း၏ ဝာားမြစ်ဧရိယာထဲ၌ ပတ်ဝန်းကျင်က အင်မတန် တင်းမာနေသည်။
ရှောင်လင်၏ ရဟန်းအားလုံးနီးပါးက ဤနေရာတွင် စုဝေးနေကြသည်။ သူတို့က သူတို့အရှေ့ရှိ တွင်းကို ကြည့်နေချိန်၌ အကြည့်များက တည်ကြည်နေကြ၏။
ရေတွင်းဝ၌ အနီရဲရဲ အရှိန်အဝါကို သယ်ဆောင်လာသည့် နတ်ဆိုးစွမ်းအင်စီးကြောင်းက ဆက်တိုက် ပေါ်ထွက်လာနေလေ၏။
နတ်ဆိုးစွမ်းအင်၏ အဆီအနှစ်က လူတစ်ယောက်၏ ကိုယ်ပိုင် သွေးအဆီအနစ်ကို ထုတ်ဖော်ထားတာပဲ ဖြစ်သည်။ သတ်ဖြတ်ခြင်းဆန္ဒနှင့် ပေါင်းစည်းလိုက်သည့်အခါ ယင်းက အင်မတန် ပြင်းထန်သော ယင်ဓာက်တစ်မျိုးကို ဖွဲ့တည်လိုက်၏။ ယင်းက မိစ္ဆာဓာတ်ဖြစ်ပြီး သိပ်သည်းသည့် သတ်ဖြတ်ခြင်း အရှိန်အဝါကို သယ်ဆောင်ထားသည်။ သာမန် သက်ရှိများအားလုံးကို အင်မတန် ထိခိုက်စေ၏။
သွေးအဆီအနစ်၌ ဝိညာဥ်စွမ်းအင် ပါဝင်နေသောကြောင့် ဖြစ်ပြီး သတ်ဖြတ်ခြင်းဆန္ဒသည် စိတ်စွမ်းအင်ကနေ သိပ်သည်းထားသောကြောင့် ဖြစ်၏။
နှစ်ခုပေါင်းစည်းသွားသည့်အခါ ရုပ်ခန္ဓာနှင့် ဝိညာဥ်နှစ်ခုလုံးက ဆောင်ယူလာပြီး ထိခိုက်မှုပမာဏကို တွေးကြည့်၍ရသည်။
သာမန်တိုက်ကွက်များနှင့် မတူပဲ ၄င်းတို့က အများစုသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ထိခိုက်အောင်သာ အားစိုက်ထား၏။
” ဓါးနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပေါ်က နတ်ဆိုးစွမ်းအင်က ပိုမိုပြီး ထူထဲလာပြီး ဒီအတိုင်းဆက်ဖြစ်နေမယ်ဆိုရင် သူ ကြာကြာ မခံတော့မှာ စိုးရိမ်ရတယ် ”
” ဓါးနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပေါ်က နတ်ဆိုးစွမ်းအင် သတ်ဖြတ်ခြင်းဆန္ဒ ဒီလောက် သန်မာလိမ့်မယ်လို့ မထင်ထားဘူး။ လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက ရှောင်လင်က တွေ့ခဲ့ဖူးတဲ့ နတ်ဆိုးတွေ အထွတ်အထိပ် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတွေအားလုံးကို မျက်တောင်တစ်ချက် မခတ်ပဲ သတ်ခဲ့တာပါ အပါအဝင် အားလုံးက သူ့ထက်နိမ့်တယ် ”
” ဓါးနတ်ဘုရားက ဓါးမော့သိုင်းကို လေ့ကျင်နေတာ။ ဓါးမော့သုံးတဲ့သူတွေက ကျင့်စဥ်တွေအားလုံးထဲမှာ အပြင်းထန်ဆုံး သတ်ဖြတ်ခြင်းဆန္ဒရှိတဲ့ သူတွေပဲ။ ဒါကြောင့် ဓါးမော့သိုင်းကျင့်ကြံတဲ့ သူတွေက သတ်ဖြတ်လိုစိတ် အင်မတန် ပြင်းထန်တယ် ”
” ရှောင်လင်က လွတ်ထားတဲ့ တပည့်တွေအားလုံးအံ့ဖွယ်အဆင့်အထက်တွေကို ဆင့်ခေါ်ပြီးပြီလား ”
” ဆင့်ခေါ်ထားပါတယ်။ ဒါပေမဲ့ သူတို့တွေက ကျယ်ပြန့်လွန်းတာကြောင့် တစ်ရက်အတွင်း ပြန်ရောက်မလား မသိရပါဘူး ”
ရှောင်လင်ကျောင်းထိုင်က မိစ္ဆာစွမ်းအင်များ ထွက်ပေါ်နေသည့် ရေတွင်းဝကို စိုက်ကြည့်နေ၏။
” လီလျိုဆွေ့က စီရင်စု၉ခုထဲမှာ အင်မတန် အရေးကြီးတဲ့ သိုင်းပညာရှင်တစ်ယောက်ပဲ။ သူ့ကို သေချာပေါက် အစားမထိုးနိုင်ဘူး။ မဟုတ်ရင် စီရင်စု၉ခုနဲ့ တစ်လောကလုံးအတွက်တောင် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လိမ့်မယ် ”
” တတ်နိုင်သမျှ မြန်မြန် ရှောင်လင်ရဲ့ မဟာချီရှန်း သိုင်းပညာရှင်တွေ အားလုံးကို စုစည်းပြီး အစီအရင် အခု တည်ဆောက်ရအောင်။ ငါတို့တွေ ကျမ်းစာတွေလည်း ရွတ်ဖတ်ရမယ်။ သန့်စင်ပြီး တည်ကြည်တဲ့ ယန်ဓာတ်ရှိတဲ့ ဗုဒ္ဓဂိုဏ်းရဲ့ စိတ်ခွန်အားနဲ့ဆို သူ့ရဲ့ ဝိညာဥ် တည်ငြိမ်အောင် ငါတို့ ကူညီပေးနိုင်ပြီး သူ့ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ငါတို့ ပြန်ဆွဲခေါ်ပေးနိုင်မယ်။ ဟုတ်ကဲ့ … ”
လူတိုင်းက ပြောပြီးချိန်၌ သွေးနီရောင် အလင်းတစ်ခုက ရေတွင်းထဲကနေ ရုတ်တရက် ပေါ်ထွက်လာ၏။
” သေပေတော့ ”
ကြောက်မက်ဖွယ် အော်ဟစ်သံနှင့်အတူ ကောင်းကင်ထဲရှိ တိမ်တိုက်များက လျင်မြန်စွာ စုဝေးလာပြီး ကြမ်းတမ်းစွာ ဝေ့ဝိုက်နေတော့၏။ ပြီးနောက် ဓါးမော့အလင်းက ရေတွင်းထဲကနေ ပေါ်ထွက်လာပြီး ကောင်းကင်ထဲရှိ အနက်ရောင် တိမ်စိုင်ကြီးကို အပေါက်ကြီးဖြစ်အောင် ပိုင်းဖြတ်လိုက်၏။
မရေမတွက်နိုင်သော လျှပ်စီးများသည် ဟစ်အော်နေသည့်ပမာ လျင်မြန်စွာ ကျဆင်းလာပြီး လီလျိုဆွေ့ကို အော်ဟစ်နေသည်ဟု ထင်မှတ်ရ၏။
ရှောင်လင်ဘုန်းကြီးများ၏ အမူအယာက ပြောင်းလဲသွားတော့သည်။
” မြန်မြန် ဗောဓိကျမ်းကို သုံးပြီး ဓါးမော့နတ်ဘုရားရဲ့ သတ်ဖြတ်လိုစိတ်ကို သန့်စင်ပေး ”
ကျောင်းထိုင်က အမိန့်ပေးလိုက်ပြီး လူတိုင်းက ချက်ချင်း တိုက်ခိုက်တော့၏။ မရေမတွက်နိုင်သည့် ရွှေရောင်အလင်းတန်းများက သူတို့၏ ခန္ဓာကိုယ်ထဲကနေ ပေါ်ထွက်လာပြီး နံရံထဲ ဝင်ရောက်သွား၏။
ဒီတော့မှ အတွင်းရှိ မိစ္ဆာစွမ်းအင်ကို ဖိနှိပ့်ထားပြီး အခြေအနေကို အနည်းငယ် ပိုကောင်းသွားစေ၏။ လူတိုင်းက သက်ပြင်းချလိုက်တော့သည်။
သို့သော်ငြား သူတို့ သတိမပြုမိသည်က လျှပ်စီးကျလာစဥ် အဝေးရှိ စေတီက ထိခိုက်သွားတာပဲ ဖြစ်၏။
ဖုန်း ဖုန်း ဖုန်း ဖုန်း။
မိုးကြိုးအချို့က စေတီအချို့ပေါ် ကျရောက်သွားသည်။
လျှပ်စီးက စေတီပေါ်ရှိ ဗုဒ္ဓချိတ်တံဆိပ်များကို ဖျက်ဆီးပစ်လိုက်ပြီး စေတီများကို ပေါက်ကွဲစေတော့သည်။
မိစ္ဆာအလင်း ပေါ်ထွက်လာ၏။
သို့သော် ရှောင်လင်၏ ဘုန်းကြီးများက လီလျိုဆွေ့နား၌ စုဝေးနေသောကြောင့် ၄င်းတို့ကို မည်သူမှ မဖိနှိပ့်နိုင်ပေ။
” ဟား ဟား ဟား ဟား။ နောက်ဆုံးတော့ ငါတို့ လွတ်မြောက်ပြီ ”
ရက်စက်သော ရယ်မောသံဖြင့် မိစ္ဆာအလင်းအချို့က ရှောင်လင်ထဲကနေ ထွက်လာ၏။ လီလျိုဆွေ့ဘက်တွင်မူ ရဟန်းတစ်ပါးက ပူပန်စွာ မေးလိုက်တော့သည်။
” ကျောင်းထိုင် နတ်ဆိုးဂူ ( ၇၂ ) ခုကနေ ရှန်းထျန်းနဝမအဆင့် ကြယ်တာရာသားရဲတစ်ချို့ လွတ်မြောက်သွားတယ်။ ဘာလုပ်သင့်လဲ ”
ကျောင်းထိုင်က အံကြိတ်လိုက်၏။
” အခုတော့ သူတို့ကို လျစ်လျူရှုထားကြရအောင်။ အရေးကြီးဆုံးအရာက လီလျိုဆွေ့ကို တည်ငြိမ်အောင် လုပ်ပေးဖို့ပဲ။ ငါတို့ သူ့ကို ကယ်နိုင်သရွေ့ အဲ့ဒီ ရှန်းထျန်း နဝမအဆင့် ကြယ်တာရာသားရဲတွေကို ဖမ်းဖို့ သူ ငါတို့ကို ကူညီပေးနိုင်တယ် ”
မိစ္ဆာအလင်းများသည် ရှောင်လင်ထဲမှ လွတ်မြောက်သွားပြီးနောက် သူတို့သည် မိုင်ရာချီကွားဝေးသော တောအုပ်ထဲ၌ လျင်မြန်စွာ စုဝေးလိုက်၏။
” ဟား ဟား ဟား ဟား။ အနှစ် ၃၀၀ ရှိသွားပြီ။ ငါ့ရဲ့ ခန္ဓာကိုယ် အစစ်အမှန်က နောက်ဆုံးတော့ လွတ်မြောက်သွားပြီ ”
” ဒါက အပြင်ဘက်က လေများ။ နှစ်ရာချီ ကြာညောင်းသွားပေမဲ့ လန်းဆန်းစေသေးတုန်းပဲ ”
ကြယ်တာရာသားရဲများက ပျော်ရွှင်နေကြ၏။ သို့သော်ငြား သူတို့က အမြန် သတိဝင်လာသည်။
” ငါတို့ ဒီတစ်ခေါက် လွတ်မြောက်လာရတဲ့ အကြောင်းအရင်းက လူသား ဓါးမော့နတ်ဘုရား လီလျိုဆွေ့ ပူးကပ်ခံရလိုက်တာကြောင့်ပဲ။ ဒါက ငါတို့ကို အခွင့်အရေးတစ်ခု ပေးလိုက်တာ။ ဒါပေမဲ့ ရှောင်လင်ရဲ့ မြေးကတုံးတွေက လီလျိုဆွေ့ကို ဖြေရှင်းပြီးသွားရင် ငါတို့ကို သေချာပေါက် ထပ်လာရှာဦးမှာ ”
” ဟုတ်တယ်။ အဲ့ဒီအချိန် ငါတို့တွေ ကမူးရှူးထူး လုပ်လို့ မရဘူးနော်။ လွန်ခဲ့တဲ့နှစ်ရာချီတုန်းက သင်ခန်းစာတွေကို ပေါ့ပေါ့လေး မတွေးနဲ့။ အနည်းဆုံးတော့ ငါတို့တွေ သားရဲကပ်ဘေး ရောက်လာတဲ့အထိ စောင့်ပြီးမှ တောင်ထဲကနေ ထွက်ရမယ် ”
” ဟုတ်တယ်။ ထကြ။ အဓိကအရာက ထဖို့ပဲ။ ငါတို့ ထရပ်နိုင်ရင် ရှက်စရာ မဟုတ်တော့ဘူး။ ငါတို့ အဖမ်းခံရပြီး လူသားတွေ ချုပ်နှောင်တာ ခံရတာမှ ရှက်စရာကောင်းမှာ ”
” ဒါပေမဲ့ ငါတို့ ကျင့်ကြံဖို့လည်း လိုတယ်။ ဒါကြောင့် ထိုင်နေလို့တော့ မရဘူး။ ဒါ့အပြင် လူသားမစားရတာ အတော်ကြာပြီ။ ငါ နှစ်ရာချီ ထိန်းထားရတာ အခု ဆာလို့သေတော့မယ် ”
” စိတ်မပူနဲ့။ ပင်မမြေပေါ် ရောက်တဲ့အချိန် ကျားနတ်ဆိုးတစ်စုကို ငါ ယဥ်ပါးအောင် လုပ်လိုက်မယ်။ နှစ်ရာချီကြာပြီဆိုတော့ သူတို့တွေ အဆင်ပြေလောက်မှာပါ။ ငါတို့ အပန်းဖြေဖို့အတွက် လူသားတချို့ကို ဖမ်းဖို့ သူတို့ကို သုံးလိုက်မယ် ”
” အကြံကောင်းပဲ။ ငါလည်း သားရဲလူသားတွေနဲ့ အဆက်အသွယ်ရှိပြီး သားရဲလူသား အဖွဲ့အစည်းတွေ အများကြီးနဲ့ ဆက်သွယ်ဖူးတာ။ သူတို့ကို ရှာလိုက်မယ်။ လူသားတွေကို ဖမ်းဖို့ ငါ သူတို့ကို အကူအညီတောင်းမယ် ”
” ဒီနည်းနဲ့ဆို ငါတို့တွေ အခင်းဖြစ်ရာ နောက်ကနေ ပုန်းနေနိုင်ပြီး သူတို့ကို ထိန်းချုပ်လို့ရမယ်။ လူသားတွေကို ကိုယ်တိုင် မျက်နှာချင်းဆိုင်ဖို့ မလိုဘူး။ လူသားမျိုးနွယ်စုရဲ့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေဆီက အာရုံစိုက်မှုလည်း ရမှာ မဟုတ်တော့ဘူး ”
” နော့ဖစ် မင်း ငါတို့နဲ့ လိုက်လာချင်လား ”
နော့ဖစ်က ခေါင်းခါလိုက်၏။ သူ၏ မျက်လုံးက အေးစက်နေသည်။ လေးနက်တည်ကြည်သော အမူအယာဖြင့် ပြောလိုက်သည်။
” သေသင့်တဲ့ လူသားက ငါ့ခန္ဓာကိုယ် တစ်ပိုင်းကို တကယ်ကြီး ဖြတ်တောက်ပြီး ကိုယ်ခွဲ ဖန်တီးဖို့ သုံးရင်းနဲ့ ကျန်းဟိုင်မြို့လို့ခေါ်တဲ့ မြို့လေးတစ်မြို့မှာ အစီအရင်ရဲ့ အမြုတေအဖြစ် အသုံးပြုထားတယ် ”
” ငါ ကျန်းဟိုင်မြို့ကို လူကိုယ်တိုင်သွားပြီး ငါ့ကိုယ်ခွဲကိုရှာပြီး အဲ့ဒါကို ဖျက်ဆီးချင်တယ်။ ငါ့ကို အရှက်ခွဲတာရဲ့ နောက်ဆက်တွဲကို သိခွင့်ပေးမယ် ”
” ကောင်းတယ်။ ဒီလိုဆိုမှတော့ ငါတို့ လူခွဲသွားကြတာပေါ့။ သားရဲကပ်ဘေးကျရောက်တဲ့ တစ်နေ့ကြ ငါတို့ ထပ်ဆုံကြမယ် ”
” နှုတ်ဆက်ပါတယ် ”
” နှုတ်ဆက်ပါတယ် ”
ကြယ်တာရာသားရဲများက အလင်းတန်းအဖြစ် ပြောင်းလဲပြီး ထွက်သွားကြသည်။
ရက်အနည်းငယ် ကြာညောင်းပြီးနောက် ယဲ့ရှောင်သည် ပုံမှန်အတိုင်း စာကြည့်တိုက်သို့ အလုပ်လာလုပ်သည်။ စာကြည့်တိုက်၏ ပြောင်းလဲမှုများက နောက်ဆုံးတော့ စတင်လာပြီ ဖြစ်၏။
သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်း အများစုသည် သူတို့၏ ကျင့်စဥ် မလုံလောက်မှုကြောင့် အထုတ်ခံလိုက်ရသည်။
ယဲ့ရှောင်ဘက်ကမူ အဆင်ပြေသည်။ သူ၏ကိုယ်ပိုင် ခွန်အားက အလွန်သန်မာသည်။ သို့သော် သူ၏ ကျင့်စဥ်ကို အမြန် ဖိနှိပ့်ထားခဲ့တာ ဖြစ်၏။ ယခု သူက ဖိနှိပ့်မှုကို အနည်းငယ် လွှတ်ပေးပြီး ကျင့်စဥ်ကို အနည်းငယ် မြင့်တက်စေကာ ဟို့ထျန်းဆဌမအဆင့်သို့ ရောက်စေဖို့က ပြဿနာတစ်ရပ် မဟုတ်ပေ။
မည်သည့်နည်းနဲ့မဆို မိတ်ဆွေဟောင်းတချို့က သူ့ကို ဆေးလုံးများ ထောက်ပံ့ပေးထား၏။ ထို့ကြောင့် သူ့ကို သူများ သံသယ ဝင်လာမှာ စိုးရိမ်မနေတော့ပေ။
မနက်ခင်း အစည်းအဝေးပြီးနောက် ဒါရိုက်တာ အိုးရန်သည် မန်နေဂျာများကို တစ်ယောက်ပြီးတစ်ယောက် နေခိုင်းပြီး စကားစပြောလိုက်၏။
ယဲ့ရှောင်က ပဥ္စမမြောက် ဖြစ်သည်။
သူက ဒါရိုက်တာ၏ အခန်းသို့ ရောက်သည့်အချိန်၌ ဒါရိုက်တာ အိုးရန်က ချက်ချင်း ပြုံးကာ သူ့ကို ကြိုဆိုလိုက်၏။
” ယဲ့ရှောင် မြန်မြန်ထိုင် ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီး ထိုင်ချလိုက်သည်။ အိုးရန်ယွင်ကျုံးက ပြုံးပြီး ပြောလိုက်တော့၏။
” အဆုံးကြ ငါ တကယ် မထင်မှတ်ထားဘူး။ မင်းက ဒီလို အံ့သြစရာကြီး ပေးလိုက်တာပဲ ”
” ဒီတစ်ခေါက် မင်းကို ထုတ်ပယ်ခံရလိမ့်မယ်လို့ ထင်ထားတာ။ ဘယ်လိုလဲ။ မင်းရဲ့ ကျင့်စဥ်ကို ဟို့ထျန်းဆဌမအဆင့်ရောက်အောင် ရုတ်တရက်ကြီး မြှင့်လိုက်တာလား။ ဒါက ထိတ်လန့်ဖို့ ကောင်းလွန်းတယ် မဟုတ်ဘူးလား ”
ယဲ့ရှောင်၏ အမူအယာက တည်ငြိမ်နေကာ ပြောလိုက်လေ၏။
” အားလုံးက မိတ်ဆွေတချို့ရဲ့ အကူအညီကြောင့်ပဲ။ ချင်ယွိယန်က ချီရှန်းအဆင့် ဆေးလုံးတစ်လုံး ပေးပြီး ဆရာ့ဖာ့ကျန်းက ဝိညာဥ်သိပ်သည်းခြင်း ဆေးလုံး ပေးတယ်လေ။ ကုဟိုင်က ဆေးဝါးတချို့ဝယ်ဖို့ ပိုက်ဆံချေးတယ်။ လျိုချန်စွင်းကလည်း ဆေးကောင်းဝါးကောင်းတချို့ ပေးတာ။ ဒါပေမဲ့ ကျုပ် ဝိညာဥ်ကို သိပ်သည်းပြီး အဆင့်တက်လိုက်တာပေါ့ ”
အိုးရန်ယွင်ကျုံးက ခေါင်းညိတ်ပြီး ချီးကျူးလိုက်၏။
” မဆိုးဘူးပဲ။ မင်းမှာ မိတ်ဆွေတွေ ဒီလောက်များမယ်လို့ မထင်ထားဘူး ”
” အစကတော့ ဒီပြဿနာကို မင်း ဖြေရှင်းဖို့ ဘယ်လိုကူညီရမလဲ တွေးနေတာ။ အခု မလိုအပ်တော့တဲ့ပုံပဲ ”
ခဏတာ ရပ်တန့်ပြီးနောက် သူမက ထပ်ပြောလိုက်၏။
” ဒါ့အပြင် ဒီလိုဖြစ်လာတာက ကောင်းမွန်တဲ့ ကိစ္စပဲ ”
” မင်းက ကိစ္စကောင်းတစ်ရပ်မှာ ဝင်ပါဖို့ ဖြစ်လာတာလေ ”
” ကိစ္စကောင်းလား ” ယဲ့ရှောင်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။
အိုးရန်ယွင်ကျုံးက ချက်ချင်း ပြုံးကာ ပြောလိုက်တော့သည်။
” ဒီလိုလေ။ စာကြည့်တိုက်က ချဲ့ထွင်ပြီဆိုတော့ နောင်ကြ လူစုဆောင်းဖြစ်တော့မှာလေ။ ဒီနည်းနဲ့ဆိုရင် ခေါင်းဆောင်ပိုင်းရဲ့ နေရာတွေကို လိုလာပြီ။ ကျုံးစီရင်စုဘက်မှာဆို သူတို့က သင်ကြားရေးအတွက် နေရာတချို့ ပေးထားတယ်။ သူတို့က ကျင့်ကြံဆင့်ကောင်းတဲ့ လူငယ်စာကြည့်တိုက်မှူးလေး တချို့ကို ရွေးခိုင်းထားပြီး ကျုံးသိုင်းကျောင်းတော်ဆီကို အတွေ့အကြုံ သွားယူခိုင်းတာ ”
” ငါနေရာတချို့ ရထားတယ်။ အစတုန်းကတော့ စာကြည့်တိုက်ထဲမှာ မင်းအလုပ် လုပ်နိုင်မလားဆိုတာ မသေချာသေးလို့။ မင်းကို ထည့်မတွက်ထားသေးဘူး။ အခု မင်းက ကျော်ဖြတ်နိုင်ခဲ့ပြီး ကျင့်စဥ်က ဟို့ထျန်းဆဌမအဆင့် ရောက်ပြီဆိုတော့ သွားသင်ယူဖို့အတွက် ဝင်ပါဖို့ အရည်အချင်း မှီပြီး သွားဖို့ ဆန္ဒရှိလား ”
ခဏတာရပ်တန့်ပြီးနောက် သူမက ထပ်ပြောလိုက်သည်။
” ဒီတစ်ခေါက် သွားလေ့လာရမဲ့ နေရာက အလွန်နည်းပါးပြီး အလွန်ရှားပါးပြီး တန်ဖိုးရှိတယ်နော်။ လေ့သင်ယူပြီး ပြန်လာတဲ့အချိန် ရာထူးတက်မှာ သေချာတယ် ”
အပိုင်း ၂၁၆ ပြီး၏။