စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၁၂ ကျားနတ်ဘုရားလက်အောက်ရှိ မဟာဗိုလ်ချုပ် ( ၃ ) ဦး။
ကောင်းကင်ထဲ၌ ယဲ့ရှောင်၏ လက်ဝါးရိုက်ချက် ပေါ်လာပြီးနောက် သူက သတိမမူပဲ မနေရဲတော့ချေ။ သူက ခေါင်းမော့လျက် တစ်ဖက်ကို ကြည့်လိုက်လေ၏။
အစောတုန်းက ကြယ်တာရာသားရဲသည် ဤနေရာ၌ ရပ်နေခဲ့သော်ငြား သူက အနည်းငယ် မောဟိုက်နေပြီ ဖြစ်သည်။ သူက အရှိန်ကို အကန့်အသတ်ထိရောက်အောင် ချက်ချင်း မြှင့်တင်ပေးနိုင်သော လျှို့ဝှက်သိုင်းတစ်မျိုး အသုံးပြုလိုက်တာ သိသာ၏။ ပြီးနောက် သူက ယဲ့ရှောင်၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်တော့သည်။
အသက်ရှိုက်စာကြာပြီးနောက် သူ၏ အမူအယာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သို့သော်ငြား သူအကြည့်များက ယခင်ကဲ့သို့ ယဲ့ရှောင်ကို အထင်မသေးတော့ပေ။ ထိုအစား အင်မတန် သတိထားမှုများဖြင့် ပြည့်နေလေ၏။
” ငါ ဂရုမစိုက်ခဲ့မိတာပဲ။ မင်းက ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်းတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး ”
စူဇန်နှင့် တခြားသူတွေ အသတ်ခံလိုက်ရတာ အံ့သြစရာ မရှိဘူးပဲ။ သူတို့က ကျန်းဟိုင်မြို့ထဲမှာ မင်းကို တွေ့သွားတာပဲ ဖြစ်ရမယ် ”
ယဲ့ရှောင်၏ အကြည့်များ အနည်းငယ် မှေးကျဥ်းသွားလေ၏။
တစ်ဖက်သူက စူဇန်ကို ထည့်ပြောလာသည်။ ဆိုလိုသည်က သူသည် ကျားနတ်ဘုရား၏ နောက်လိုက်တစ်ဦး ဖြစ်နေသည်လော။
ထို့အပြင် ယင်းက ရှန်းထျန်းနဝမအဆင့် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်သည်။ ယခုအချိန်၌ ယဲ့ရှောင်ကို ကျားနတ်ဘုရားကို အလွန်ကျေးဇူးတင်သွား၏။ သူက မွေးမြူရေးကွင်းထဲ၌ ထားရန်အတွက် ရှန်းထျန်းနဝမအဆင့် ကြယ်တာရာသားရဲတစ်ကောင်ကို မည်သည့်နေရာတွင် ရှာရပါ့ဟူ၍ ပူပန်နေခဲ့တာ ဖြစ်သည်။ ၄င်းက သူ့ရှေ့သို့ ရောက်လာလိမ့်မည်ဟု သူ မထင်ထားပေ။ ယဲ့ရှောင်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားပြီးနောက် လှုပ်ရှားတော့၏။
အနန္တကပ်ဘေးလက်ချောင်း။
အနန္တကပ်ဘေးလက်ချောင်းက မြန်ဆန်ပြီး သန်မာ၏။ ယင်းက တထဂတနတ်လက်ဝါးထက် အဆပေါင်းများစွာ ပိုမြန်ဆန်သည်။
ဖုန်း။
နောက်တစ်စက္ကန့်တွင် အနန္တကပ်ဘေးလက်ချောင်းသည် ပြိုင်ဘက်၏ နေရာကို ယူသွားလေ၏။ သို့သော်ငြား ထိုစဥ် သူက လွတ်မြောက်နေသေးသည်။
” လက်လျှော့လိုက်တော့ လူသား။ မင်း ငါ့ရဲ့နာမည်ကို မသိသေးဘူး။ ဒီဗိုလ်ချုပ်က ကျားနတ်ဘုရားလက်အောက်က လေနတ်ဘုရား ဆာမြူရယ်ပဲ။ အရှိန်အရာမှာ ဒီဗိုလ်ချုပ်က အတော်ဆုံးပဲ ”
” မင်းရဲ့ တိုက်ကွက်က အလွန်သန်မာပေမဲ့ ဒီဗိုလ်ချုပ်ရဲ့ အရှိန်ရှေ့မှာဆိုရင် မင်းက ကစားနေတဲ့ ကလေးတစ်ယောက်လိုပဲ။ ဒီဗိုလ်ချုပ်ရဲ့ ခန္ဓာကိုယ်ကို မှီနိုင်မှာတောင် မဟုတ်ဘူး ”
” မင်းက ဒီဗိုလ်ချုပ်ကို ထိခိုက်အောင် လုပ်ချင်သေးတာလား ဟား ဟား။ ခွန်အားဖြုန်းတီးနေတာပဲ ”
သို့သော် သူ ပြောပြီးစဥ်၌ ယဲ့ရှောင်က လျှုပ်ပြက်သည့် အရှိန်ဖြင့် ရုတ်တရက် လှုပ်ရှားလိုက်တော့သည်။
” မြန်လိုက်တာ ”
ဆာမြူရယ်၏ သူငယ်အိမ်တို့ ကျုံ့သွားလေ၏။
သူ့မျက်လုံး သူ မယုံနိုင်ပေ။
ယဲ့ရှောင်၏ အရှိန်သည် သူ အကျွမ်းကျင်ဆုံး ဖြစ်သည့် ကိုယ်ဖော့သိုင်းနှင့် ကွာဟချက် သိပ်မရှိပေ။ သို့သော်ငြား ယဲ့ရှောင်၏ လက်သီးက ကျရောက်လာပြီ ဖြစ်သောကြောင့် သူ အနည်းငယ်လေးတောင် ဂရုမပြုပဲ မနေရဲချေ။
မဟာနိဗ္ဗာနလက်သီး။
ထိုလက်သီး၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့် ပတ်ဝန်းကျင်ထဲရှိ
ဝိညာဥ်စွမ်းအင်များ အားလုံးကို ချက်ချင်း စုပ်ယူလိုက်ကာ လေဟာနယ်သာ အပိုင်းခြားသာ ကျန်ရစ်စေတော့သည်။ သိပ်သည်းသော သေခြင်းတရားရောင်ဝါက သံမဏိလက်သီးကို လွှမ်းခြုံထားလေ၏။
ဆာမြူရယ်က သူ၏ ကျင့်စဥ်နှင့် ခွန်အားကို အလွန်ကောင်းကောင်း သိနေသောကြောင့် ထိုလက်သီးချက်ကို ခံနိုင်မှာ မဟုတ်တာ သေချာသည်။ သူသာ ယဲ့ရှောင်နှင့် အမှန်တကယ် တိုက်ခိုက်ခဲ့လျှင် ရှုံးမှာ သေချာ၏။
ထိုထက်ပိုကြောက်ဖွယ်ကောင်းသည်က တစ်ဖက်သူ၏ အရှိန်က သူ့ထက်တောင် မြန်ဆန်နေတာပဲ ဖြစ်သည်။ နှစ်ဖက် ဒဏ်ရာ ရသွားခဲ့လျှင် နောက်တစ်စက္ကန့်၌ သူတို့ သေသွားနိုင်၏။ သူက အလွန်ပါးနပ်သည်။ သူ့အတွေး၏ အတွေးအတိုင်း အရှိန်ကို လုပ်ဆောင်တာက အင်မတန် မြန်ဆန်၏။ ချက်ချင်းဆိုသလို သူက အကြံတစ်ခု ရသွားပြီ ဖြစ်သည်။
ထိုစဥ် သူက တစ်ပြိုင်နက်တည်းနီးပါး လက်သီး ထိုးလိုက်ကာ ယဲ့ရှောင်၏ လက်သီးနှင့် ဆုံတွေ့သွားသည်။
သူတို့နှစ်ယောက်လုံးက ရှန်းထျန်းနဝမအဆင့်
ဖြစ်သော်ငြား သူ၏ လက်သီးက ယဲ့ရှောင်၏ ရှေ့တွင်မူ ဖြူဖျော့ပြီး အားအင်ကင်းမဲ့နေလေ၏။
လက်သီးနှစ်ခု ဆုံတွေ့သွားချိန်၌ သူ၏ လက်သီးက တို့ဟူးပမာ နေရာမှာတွင် သွေးတိမ်တိုက်အဖြစ် တန်းပေါက်ကွဲသွားတော့သည်။
သူ၏ မျက်နှာထက်၌ နာကျင်သည့် အမူအယာပေါ်လာသော်ငြား ၄င်းက လျင်မြန်စွာ ပျောက်ကွယ်သွားလေ၏။
ထိုအစား စိတ်လှုပ်ရှားမှု အရိပ်ယောင်က အစားထိုးလာတော့သည်။ နောက်တစ်စက္ကန့်၌ သူက မိုင်တစ်ရာအကွာတွင် ပေါ်လာတော့၏။
” လူသား မင်းက တကယ် အညှာအတာ ကင်းမဲ့တာပဲ ”
” မင်းကိုမင်း သိပ်ပြီး အားရကျေနပ်မနေနဲ့။ ကြယ်တာရာသားရဲကပ်ဘေး ကျရောက်လာတဲ့နေ့ကြ ငါ ဆာမူရယ်က မင်းကို ဖျက်ဆီးဖို့ ကျန်းဟိုင်မြို့ဆီကို အရှင်ကျားနတ်ဘုရားကို ကိုယ်တိုင်ကိုယ်ကျ သေချာပေါက် ဖိတ်လာခဲ့မယ်။ အချိန်ရောက်လာတဲ့အခါ ကြောက်လန့်ပြီး မင်း မသတ်သေဖို့ မျှော်လင့်တယ် ”
ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပင့်လိုက်၏။
အစောတုန်းက ဆာမြူရယ်က သူ့ကို ထိုးလိုက်ခြင်းက တမင်တကာ ရည်ရွယ်ထားပုံရသည်။ ၄င်း၏ ရည်ရွယ်ချက်က သွေးပေါက်ကွဲခြင်း ကျင့်စဥ်ကိုထုတ်ပြချင်တာ ဖြစ်သည်။
ယဲ့ရှောင်သည် စာအုပ်တစ်အုပ်ကို ဖတ်ရှုခဲ့ဖူး၏။ သွေးအဆီအနစ်က လူသားများနှင့် ကြယ်တာရာသားရဲများ၏ ခန္ဓာကိုယ်ထဲရှိ တန်ဖိုးအရှိဆုံးအရာ ဖြစ်သည်။ ပထမဆုံး ကျင့်ကြံမှုက ခန္ဓာကိုယ်ကို ပျော့ပျောင်းလွယ်စေ၏။ လူတိုင်း လေ့ကျင့်ချိန်၌ သွေးအဆီအနစ်နှင့် ခန္ဓာကိုယ်ထဲရှိ သွေးအဆီအနစ်က ဝိညာဥ်စွမ်းအင်ကြောင့် တဖြည်းဖြည်း ပြောင်းလဲလာ၏။
အကြိမ်ပေါင်းများစွာ လိုသလို ပြုပြင်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲ၌ ဝိညာဥ်စွမ်းအင် အတော်များများ ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် တိုက်ခိုက်နေစဥ် သူတို့က ခံနိုင်ရည် မရှိတော့ဟု ခံစားမိပါက သူတို့ ပိုင်ဆိုင်ထားသည့် ခွန်အားထက် သာလွန်သော ကျင့်ကြံဆင့်ကို ချက်ချင်း သုံးနိုင်ရန်အတွက် ဝိညာဥ်စွမ်းအင်ပမာဏများစွာနှင့် လှဲလှယ်ဖို့ သူတို့ကိုယ်ပိုင် သွေးအဆီအနစ်ကို ဖောက်ခွဲရန် ရွေးလေ့ရှိသည်။ တစ်ဖက်လူ၌ ထိုကဲ့သို့ ကျင့်စဥ် အမှန်တကယ် ရှိနေလိမ့်မည်ဟု မည်သည့်သူက တွေးမိမည်နည်း။ ထိုစဥ် ဆာမြူရန်က လှည့်ထွက်သွားရန် ပြင်နေလေ၏။ သို့သော် ယဲ့ရှောင်က သူ့ကို မည်ကဲ့သို့ ထွက်သွားခွင့် ပေးမည်နည်း။
အဆီပြည့်ပြည့် အသားက သူ၏ တံခါးဝသို့ အရောက်ပို့လာပြီး သူ၏ လျှာထိပ်ဖျားသို့ ကျရောက်နေပြီ ဖြစ်သည်။ သူက ထွက်သွားချင်နေသေးသည်လော။
ယဲ့ရှောင်က သူ့သိက္ခာအကြောင်း မည်ကဲ့သို့ ဂရုမစိုက်ပဲ နေမည်နည်း။ ကြယ်ကောက်ခြင်းလက်ပေါ်လာစဥ် ဆာမြူရယ် ခန္ဓာကိုယ်က နေရာမှာတွင် ရုတ်တရက် ချုပ်မိသွား၏။ သူ့ခန္ဓာကိုယ်က
တောင့်တင်းသွားကာ ကြောက်လန့်မှုနှင့်
ထိတ်လန့်မှုတစ်စွန်းတစ်စ ပေါ်လာလေ၏။
ယဲ့ရှောင်သည် တာဝေးထိန်းချုပ်မှု တိုက်ကွက်ကို အမှန်တကယ် သိနေသည်လော။ ထိုလူသား၌ ….မည်မျှ ရှိနေသနည်း။ သူက အဘယ်ကြောင့် မူမမှန်လောက်အောင် သန်မာနေရသနည်း။
သူ၏ ကျင့်စဥ်က သန်မာလွန်းပြီး သူ၏ ကိုယ်ဖော့သိုင်းကလည်း သန်မာ၏။ ယခုဆို တာဝေးထိန်းချုပ်မှုကိုတောင် အသုံးပြုနိုင်နေသည်။ ထိုလူက ကျင့်စဥ် မည်မျှများစွာကို ကျင့်ကြံထားသနည်း။
” ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
” ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
” ငါ့ကိုလွှတ် ”
သူက တင်းမာစွာ အော်လျက် ခန္ဓာကိုယ်ထဲရှိ ခွန်အားအားလုံးကို စုဝေးကာ ဤချုပ်နှောင်မှုကနေ အပြည့်အဝ လွတ်မြောက်အောင် အပြည့်အဝ ရုန်းချင်သည်။
ကံဆိုးသည်မှာ ယဲ့ရှောင်၏ ဝိညာဥ်စွမ်းအားက သူ့ထက် အဆင့်များစွာ ပိုမြင့်နေ၏။ သူ၏ ခွန်အား မည်မျှ တိုးလာစေကာမူ သူက ယဲ့ရှောင် ခွန်အားကို ယိမ်းယိုင်အောင် မလုပ်နိုင်ပေ။
ယဲ့ရှောင်သည် အစက ဖွင့်ထားသော ညာလက်ကို ဖြည်းဖြည်းချင်း …..လိုက်လေ၏။
ဂျွတ် ဂျွတ်။
” အား အား အား အား အား မလုပ်နဲ့ ”
သနားစဖွယ်အော်သံများ ဆက်တိုက် ပေါ်ထွက်လာပြီးနောက် …..၏ အရိုးများသည် မျက်တောင်တစ်ခတ်အတွင်း ယဲ့ရှောင်ချေတာ ခံလိုက်ရ၏။ သူက အတင်းဖိချေနေပြီးနောက် သိုလှောင်လက်စွပ်ထဲ ပစ်ထည့်လိုက်သည်။
ယဲ့ရှောင်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားပြီး သူ ပျော်ရွှင်သွားတော့၏။
ပထမဆုံး ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်း ကြယ်တာရာသားရဲတစ်ကောင်ကို အောင်အောင်မြင်မြင် ဖမ်းနိုင်ခဲ့ပြီ။ နောက်တစ်လှမ်းက မွေးမြူရေး ကွင်းထဲမှာ ထားဖို့ပဲ။ ဒီလိုကောင်းတဲ့ ကြယ်တာရာသားရဲတစ်ကောင်ပေမဲ့ သူ့ရဲ့ အစစ်အမှန်ကို မသိရသေးဘူး။ အရသာပ်ိုကောင်းတဲ့ ကြယ်တာရာသားရဲဖြစ်ဖို့ မျှော်လင့်ရတာပဲ။ ဥဥနိုင်တာ ဒါမှမဟုတ် တစ်ခုခုဆိုရင် ပိုကောင်းတာပေါ့။ သူ့ကြည့်ရတာ အထီးဖြစ်မဲ့ပုံပဲ။ ဥမဥနိုင်လောက်ဘူး။
ကျန်းဟိုင်မြို့ စာကြည့်တိုက် တံခါးရှေ့၌
ဟွမ်လျိုလီက ဝိညာဥ်ပန်းပွင့် တစ်ခြင်းဖြင့် ရောက်လာလေ၏။ သူမက ဇောတဂ တက်မိတော့သည်။
ဒီတစ်ခေါက် ဘယ်အရူး ဖြစ်နေပြန်ပြီလဲ။ ဒီကို ဘာကြောင့် ရောက်လာတာလဲ။ သူက ကျန်းဟိုင်မြို့ကို တကယ်ကြီး ရောက်လာတယ်။ သူက သခင်နဲ့တွေ့ရင် သေမှာ သေချာတယ်။
ခေါင်းခါလိုက်ပြီးနောက် သူမက မြေအောက်ချိတ်ပိတ်မှုထဲ ဝင်လိုက်ကာ ဝိညာဥ်ပန်းပွင့်များ ပို့ပေးလိုက်သည်။
” ဟေ့ ပျား။ ဒီနေ့ရဲ့ ပန်းပွင့်တွေ နေ့ကို လာပို့ပေးတာ။ မြန်မြန် အလုပ်လုပ်။ ပန်းပွင့်တွေအားလုံးကို ပျားရည်အဖြစ်ပြောင်း။ မနက်ဖြန် မနက်ကြ ငါ့သခင်ရဲ့ ပျော်ရွှင်မှုကို မနှောင့်နှေးစေနဲ့ ”
ဟွမ်လျိုလီက စူဇန်ရှေ့၌ ဝိညာဥ်ပန်းပွင့်များကို ချထားပေးလိုက်၏။
စူဇန်က သူမကို တံတွေးထွေးလိုက်သည်။
” သစ္စာဖောက်။ နင်က ကြယ်တာရာသားရဲမျိုးနွယ်စုကို မျက်နှာပျက်စေတာပဲ။ ငါ့ကို အမိန့်ပေးပိုင်
ခွင့် မရှိဘူး ”
” ကျွတ် ” ။ ဟွမ်လျိုလီက သူမကို တစ်ချက်
ကြည့်လိုက်၏။
” ထပ်အရိုက်ခံချင်လို့ အသားယားနေတာနဲ့တူတယ်။ အခုချက်ချင်း ငါ့သခင်ကို မခေါ်ဘူးလို့ မင်း ယုံနေတာလား ”
” နင် ”
ယဲ့ရှောင်ကို ဟွမ်လျိုလီ ခေါ်မည်ဟု ခြိမ်းခြောက်တာ ကြားသောအခါ စူဇန်၏ အမူအယာက ချက်ချင်း ပိုနာခံလာလေ၏။ သူမသည်
ဟွမ်လျိုလီ၏ ဟန်ဆောင်ပန်ဆောင်အကြည့်ကို သည်းမခံနိုင်သော်ငြား မျက်နှာသာအချို့ ပေးရဦး။ ဆိုရလျှင် မျက်နှာသာ မပေးပါက သူမ သေအောင် အရိုက်ခံရပေလိမ့်မည်။
သူမ လိမ်မာသွားတာပို မြင်သောအခါ ဟွမ်လျိုလီက စိတ်ကျေနပ်သွာ ခေါင်းညိတ်လိုက်၏။ ကြယ်တာရာသားရဲများကို သူမ တစ်ချက်ကြည့်လိုက်တော့သည်။
” လတ်တလောမှာ ရိုးရိုးသားသားနေကြ။ ငါ့အတွက် ခက်ခဲအောင် မလုပ်နဲ့။ ဒါဆိုရင် နင်တို့ကို ခက်ခဲအောင် မလုပ်ဘူး။ ငါတို့ သဟဇာတဖြစ်အောင် နေကြမယ်။ သခင့်ကို စိတ်ရောကိုယ်ပါ ခစား။ သခင် အဆင်ပြေရင် နင်တို့လည်း ပြေမယ်။ အားလုံးပြေမယ်။ လူတိုင်း ပျော်ရွှင်မယ် ဟုတ်ပြီလား ”
ထိုစကားများဖြင့် သူမက လက်နောက်ပစ်ထားကာ အခန်းထဲကနေ လှည့်ထွက်သွားတော့၏။
နောက်ကျောရှိ ကြယ်တာရာသားရဲများက ဒေါသထွက်လွန်းသောကြောင့် သူတို့သွားယားနေ၏။
တစ်ယောက်ပြီးတစ်ယောက် သူမနောက်ကျောကို ကြည့်ပြီး အသက်ရှင်လျက် အစိတ်အပိုင်းပိုင်းဖြစ်အောင် အပိုင်းတစ်ထောင်လောက် ဝါးစားချင်နေကြ၏။
” ဒီသေသင့်တဲ့ မိန်းမဆိုးကြောင့် အနှေးနဲ့အမြန် ငါ သူ့ကို အရေခွံစုတ် အကြောတွေ ဆွဲထုတ်ပစ်မယ်။ ငါတို့ ဒီနေ့ ခံစားရတဲ့ နာကျင်မှုကို သူ့ကို
မြည်းစမ်းခိုင်းမယ် ”
နော့ဖစ်က တံတွေးထွေးလိုက်၏။
မော့ယွီကမူ သက်ပြင်းချလိုက်သည်။
” ကံဆိုးတာက ကျားနတ်ဘုရားက ဒီမှာ မရှိဘူး။ သူသာ ဒီမှာရှိရင် ငါတို့ ဒီလို အရှက်ကွဲမှုမျိုး ခံစားရမှာ မဟုတ်ဘူး ”
နော့ဖစ်သည် သူမ၏ စကားကြောင့် သွေးဆောင်ခံလိုက်ရသည်။
” နွားလေး။ မင်းပြောနေတဲ့ ကျားနတ်ဘုရားက ကြယ်တုံလှုပ်ကျားလား ”
မော့ယွီနှင့် ကျန်သည့် နှစ်ယောက်က ချက်ချင်း ထိတ်လန့်သွား၏။
” စီနီယာက ကျွန်မတို့ရဲ့ ကျားနတ်ဘုရားအကြောင်း သိတယ်လား ”
” ဟား ဟား ဟား။ သိရုံတင် မဟုတ်ဘူး။ အဲ့ဒီတုန်းက ငါတို့နှစ်ယောက်က မျိုးဆက်တူတယ်လို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ ငါက မြေပြင်ကို တစ်လှမ်းစောပြီး ရောက်လာခဲ့ပြီး ရှောင်လင်ဘုရားကျောင်းမှာ ပိတ်မိခဲ့တာ။ သူ့ကို မတွေ့ရတာ ဒီလောက်ကြာပြီးတဲ့နောက် သူ ဘုရင်နယ်ပယ် အံ့ဖွယ်သားရဲတစ်ကောင် ဖြစ်နေပြီးသားလို့ ငါ မထင်ထားဘူး ”
” အဲ့ဒီတုန်းက ငါ့ရဲ့မူလခန္ဓာသာ အောက်ကို ဆင်းမလာခဲ့ရင် အခုလောက်ဆို အဲ့ဒီအဆင့်ကို ရောက်နေလောက်ပြီ မဟုတ်လား ”
” ဒီနေ့လိုမျိုး ဘာကြောင့် ဖြစ်လာရတာလဲ။ တစ်စုံတစ်ယောက်ရဲ့ အကျဥ်းသား။ သိက္ခာမရှိပဲနဲ့လေ ”
” စီနီယာရဲ့ အဆင့်အတန်း ဒီလောက်မြင့်မယ်လို့ မထင်ထားဘူး။ အရင်တုန်းက မလေးမစား ပြုမူခဲ့မိတယ်။ စီနီယာ နော့ဖစ် နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ် ”
” ကိစ္စမရှိဘူး။ မင်းတို့အားလုံးက ဂျူနီယာတွေပဲ။ ငါ့ရဲ့ မူလခန္ဓာက ဒီကမ္ဘာလောကကြီးထဲမှာ နှစ်ပေါင်းရာချီ အပိတ်ခံထားရတာ။ မင်းတို့တွေ ငါ့နာမည်ကို မသိတာက ပုံမှန်ပဲ ”
ခဏအကြာတွင် သူက ထပ်ပြောလိုက်၏။
” ပြောနေရင်းနဲ့ အဲ့ဒီကောင် ကျန်းရှင်းဟူရဲ့ လက်အောက်မှာ အစွမ်းထက်တဲ့ ပါရမီရှင်သုံးယောက် ရှိတယ်မလား။ သူက သူတို့ကို
ဘာကြောင့် ပို့လိုက်တာလဲ သူတို့သုံးယောက်ရဲ့ ခွန်အားက ပိုတောင် သန်မာလောက်တာ။ သူတို့ သုံးယောက်သာဆိုရင် မင်းတို့ ဒါမျိုး သေချာပေါက် ညှင်းပမ်းခံရမှာ မဟုတ်ဘူး ”
” ပြီးတော့ ဧကရာဇ်ရဲ့ သွေးမျိုးဆက် ဆက်ခံသူကလည်း ကြယ်ဆုံသောကောင်းကင်ထဲ သေချာပေါက် ခေါ်သွားနိုင်မှာ ”
ထိုစကားကို ကြားသောအခါ မော့ယွီ၏ မျက်လုံးက လက်သွားပြီး သူ့မျက်လုံးထဲ၌ လေးစားရိုကျိုးမှု တစ်စွန်းတစ်စ ပေါ်လာ၏။
” စီနီယာ။ ကျားနတ်ဘုရားလက်အောက်က ဗိုလ်ချုပ်သုံးယောက်အကြောင်း ပြောနေတာပဲ ဖြစ်ရမယ်။ လေနတ်ဘုရား ဆာမြူရယ်။ ခွန်အားနတ်ဘုရား ချင်းညို။ စစ်နတ်ဘုရား ဖုန်းလုံ”
” သူတို့တွေက အခု ကျားနတ်ဘုရား လက်အောက်က ဗိုလ်ချုပ်သုံးယောက် ဖြစ်နေပြီလေ။ သူတို့သုံးယောက်လုံးက ကျားနတ်ဘုရားရဲ့ ညာလက်ရုံးတွေချည်းပဲ ”
” အော် အဲ့လိုလား။ အဲ့ဒီသုံးကောင်က အခု ဒီလောက် အစွမ်းထက်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး ”
နော့ဖစ်က သက်ပြင်းချလိုက်၏။ တစ်ချိန်လုံး တိတ်ဆိတ်နေသော သံမဏိကျွဲရိုင်းက တစ်စုံတစ်ခု စိတ်လှုပ်ရှားစရာကောင်းသည့် အကြောင်းကိုလည်း ပြောနေပုံရကာ ဝင်ဖျက်ပြောလိုက်လေ၏။
” ဒါပေါ့။ သူတို့တွေက အခုဆို ကျုပ်တို့ ကျားနတ်ဘုရားမျိုးနွယ်တစ်ခုလုံးမှာ နာမည်အကြီးဆုံး စံပြပုဂ္ဂိုလ်တွေပဲ။ သူတို့တွေ အားလုံးက ကောင်းကင်ကို တက်လှမ်းနိုင်သလောက် အစွမ်းထက်ကြတယ်။ လေနတ်ဘုရား ဆာမြူရယ်ကိုပဲ ဥပမာကြည့်လေ။ သူ့ရဲ့ ကိုယ်ဖော့သိုင်းက ပြီးပြည့်စုံတယ်။ ကျားနတ်ဘုရားမျိုးနွယ်စု တစ်စုလုံးမှာ သူ့ကို ဖမ်းနိုင်တဲ့သူ မရှိဘူး။ အဲ့ဒီလူသား မျိုးမစစ်ဆို ပြောနေဖို့တောင် မလိုဘူး ”
မော့ယွီကလည်း ခေါင်းညိတ်လိုက်၏။
” ဟုတ်ပ။ လေနတ်ဘုရား ဆာမြူရယ် ရောက်လာခဲ့မယ်ဆိုရင် သူ့ကို အဲ့ဒီ မျိုးမစစ်က သေချာပေါက် ဖမ်းနိုင်မှာ မဟုတ်ဘူး ”
အပိုင်း ၂၁၂ ပြီး၏။