Chapter – 4 ဆေးဖက်၀င်ပစ္စည်းများနဲ့ ဆေးစိမ်ခြင်း
ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကောင်တွေနဲ့ ပတ်သတ်ပြီး ဒေါသထွက်စရာကောင်းတာကတော့ ဘ၀ရဲ့ နေ့ရက်တိုင်းမှာကို သူတို့တွေက ခြိမ်းခြောက်နိုင်စွမ်းရှိတာပါပဲ။
ဒီရက်စက် ကြမ်းကြုတ်တဲ့ သားရဲကောင်တွေက မရိုးရှင်းပေမဲ့လည်း
ရွာသားတွေ အတွက်ကတော့ လိုအပ်ချက်တစ်ခုပဲလေ။ သူတို့က
လူတွေရဲ့ အစာအိမ်ကိုကျေနပ်စေဖို့ အတွက် လုံလောက်တဲ့
အစားအစာတွေပဲမလား။
ကျောက်ခေတ်ရွာဟာ လက်ရှိမှာတော့ ဆူညံသံတွေအပြင်
စိတ်လှုပ်ရှားနေတဲ့ ရွာသူရွာသားတွေကြောင့် စည်းကားလို့နေပါတယ်။ ငယ်ရွယ်ပြီး ဇနီးမောင်နှံဖြစ်ဟန် ရှိတဲ့
အတွဲ နှစ်တွဲဟာလည်း မျက်နှာမှာ အပြုံးပန်းတွေ ပွင့်ဝေလို့ပါ။
“ကလေးတို့ ငါတို့လဲ ခဏနေရင် ဆေးဖက်၀င်ဆေးစိမ်ဖို့ သွားကြရမယ်။ ဒါက ပေါ့ပေါ့ဆဆ လုပ်လို့မရဘူးနော်။ ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ပြီး
အနာဂတ်မှာလည်း သေချာပေါက်ကို ကြမ်းကြုတ်ရက်စက်တဲ့ သားရဲကောင်တွေထက် ပိုပြီး အားကောင်းလာလိမ့်မယ်။ ”
ရွာအကြီးအကဲ တစ်ယောက်က ပြောကြားလိုက်ပါတယ်။
” အား ငါတော့ မလိုချင်ဘူး။ ”
ရွာအကြီးအကဲရဲ့ စကားကိုကြားလိုက်ရတဲ့ ကလေးတွေဟာ ထိတ်လန့်ခြင်းများစွာနဲ့ အော်ဟစ်လိုက်ပါတယ်။
သူတို့တွေဟာ ကျောက်ခေတ်ရွာရဲ့ နေရာတော်တော်များများကို
ပြေးထွက်သွားပြီး ပုန်းနေလိုက်ကြပါတယ်။
” ဒီ ကလေးတွေ ကတော့လေ အရမ်းကိုကောင်းမွန်တဲ့ ကံကြမ္မာက ဘာလဲဆိုတာ မသိသေးဘူးပဲ။
ဒီလိုရှားပါးတဲ့ ဆေးဖက်၀င် ပစ္စည်းတွေနဲ့ သူတို့သာ ဆေးစိမ်နိုင်မယ်ဆို သူတို့ရဲ့ ကြွက်သားတွေနဲ့ အရိုးတွေက သားရဲကောင်တွေလို ဖြစ်လာမှာလေ ”
လူကြီးတွေက အနည်းငယ် ပြောဆိုလိုက်ပြီး သူတို့ရဲ့
ကလေးတွေကို ဖမ်းဆီးလာခဲ့ပါတယ်။
” ကျွန်မ ဆေးစိမ်တဲ့ နေရာကို မသွားချင်ဘူး။ ဒါက
နှိပ်စက်တာနဲ့ အတူတူပဲ။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကဆို ကျွန်မကို
ဓားနဲ့ လှီးဖြတ်ခံနေရသလိုကို ခံစားနေရတယ် ”
” အဖေ ကျွန်တော် ဆေးမစိမ်ချင်ဘူး သွားပါရစေ ”
ကလေးအုပ်စုဟာ အပြင်းအထန် ခုခံကြပေမယ့်လည်း
သူတို့ရဲ့ စွမ်းအားတွေက လူကြီးတွေကို မယှဉ်နိုင်သေးပါဘူး။
နောက်ဆုံးမှာ သူတို့အားလုံး အဖမ်းခံကြရပြီလေ။
ရွာအတွင်းမှာတော့ အရမ်းကို ကြီးမားတဲ့ ကြေးနီအိုးကြီးတစ်လုံး ရှိနေပါတယ်။ အိုးရဲ့ အောက်မှာတော့ ငရဲမီးတွေအလား မီးတဟုန်းဟုန်း တောက်လောင်နေတာပါ။
ကြေးနီအိုးကြီးထဲရှိ အရည်တွေလည်း ပွက်ပွက်ဆူနေပါပြီ။
ရွာသားတော်တော်များများက ဆေးဖက်၀င် သစ်ဥသစ်ဖုတွေကို
အချိန်အဆမှန်မှန် ထည့်ပေးနေပြီး သူတို့နားမှာလည်း ခြေတံရှည် ပိုးနပန်းကောင်နဲ့ လက်သီးဆုပ်အရွယ် ပင့်ကူတွေလည်း ရှိနေပါတယ်။
ဒါက အရမ်းကို စိတ်လှုပ်ရှားစရာကောင်းပြီး ထိတ်လန့်စေပါတယ်။
ကလေးအုပ်စုရဲ့ မျက်နှာကတော့ အစိမ်းရောင် သန်းနေပါပြီ။ သူတို့ အားလုံးက ထွက်ပြေးလွတ်မြောက်ချင်
ကြပေမဲ့လည်း လူကြီးတွေက သူတို့ကို အထပ်ထပ် ဝိုင်းရံထားတာကြောင့် အားကိုးရာမဲ့ နေခဲ့ကြပြီလေ။
သိပ်မကြာခင်မှာပဲ ရွာသားအနည်းငယ်က အိုးတွေနဲ့
အတူ ရောက်လာခဲ့ပါတယ်။ ရွာသား အများအပြားက ကြေးနီအိုးကြီးထဲက ပွက်ပွက်ဆူနေတဲ့ အနက်ရောင် အရည်တွေထဲကို သယ်ယူလာတဲ့ အိုးတွေထဲက အနီရောင်အရည်တွေကို ညင်ညင်သာသာ ဂရုတစိုက်နဲ့ လောင်းထည့်လိုက်ပါတယ်။
ဒါ သတ်ဖြတ်ခြင်းခံထားရတဲ့ သားရဲကောင်တွေ
ဆီကနေရလာတဲ့ ရှားပါး စစ်မှန်တဲ့ သွေးတွေပါပဲ။ အရမ်းကို
တန်ဖိုးကြီးသလို အဲ့ဒါကို သုံးပြီး အရွယ်ရောက်ပြီးတဲ့လူတွေ
ဒါမှမဟုတ် ကလေးတစ်ယောက်က ဆေးစိမ်မယ်ဆိုရင် ကြီးမားတဲ့
အကျိုးကျေးဇူးတွေ ရသွားမှာပါ။ ဒါ့အပြင့် ရွာသားတွေကလည်း
ရှေးခေတ် ဆေးညွန်းစာတွေ အတိုင်း တချို့ဆေးဖက်၀င် သစ်ဥသစ်ဖုတွေ ထည့်ထားပါသေးတယ်။ မှန်ပါတယ် ဒါက
သားရဲတွေရဲ့ သွေးကို ပိုပြီး အရမ်းကောင်းမွန်လာစေတယ်လေ။
ရွာအကြီးအကဲပိုင်းက လူတွေကလည်း စစ်မှန်တဲ့သွေးတွေအပြင် ပျံသန်းနိုင်တဲ့ စပါးအုံးတောင်ပံအရိုး ၊
သားရဲတစ်ကောင်ရဲ့ ခြေမအရိုးလို တခြားပစ္စည်းတွေကို ပွက်ပွက်ဆူနေတဲ့ အရည်တွေထဲ ထည့်လိုက်ပြီး မွှေနှောက်ပေးကာ အမှုန့် ကြိတ်ပစ်ဖို့ ကြိုးစား အားထုတ်နေကြပါတယ်။
မီးတွေ ငြိမ်းလာခဲ့ပြီး အိုးကင်းထဲက အစိတ်အပိုင်းတွေ မရှိတော့တဲ့အထိ ပြုတ်ပြီးချိန်မှာတော့ ရေ ရဲ့
အပူချိန်က နည်းနည်းတော့ လျော့ကျသွားခဲ့ပါတယ်။
ကလေးငယ်လေးတွေကို ပထမ အသုတ် အဖြစ် ဆေးအိုးကြီးထဲ ပစ်ချခံလိုက်ရပါပြီ။ ပတောက် ပတောက် ပလုံ ပလုံအသံများနဲ့
အတူ အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
” ဒါက နှိပ်စက်တာပဲ။ ဒီရေတွေက ငါတို့ကို ချက်ပြုတ်လို့တောင် ရတယ် ”
” ငါရဲ့ အရေပြားနဲ့ အသားတွေကို ဓားနဲ့ အခွဲခံနေရသလိုပဲ ။ ” ငါ့ ခန္ဓာကိုယ် ပွင့်ထွက်သွားပြီးလား ”
ကယ်ကြပါ ”
ကလေးတွေရဲ့ မျက်နှာဟာ နာကျင်မှုကြောင့် မဲ့ရွဲ့နေပြီး သူတို့ရဲ့ ခြေထောက်ကို လက်တွေနဲ့ ဖမ်းဆုပ်ထားကြ
ပါတယ်။ တစ်ယောက်ပြီးတစ်ယောက် အတောမသတ်နိုင်အောင် အော်ဟစ်နေကြပေမယ့်လည်း အပြင်ကို ထွက်ပြေးဖို့ ကြိုးစားရင်တော့ အိုးအတွင်းပိုင်းထဲကို
ပြန်တွန်းပို့ခံရပါတယ်။
ဒီနည်းနဲ့ပဲ ဒါဇင်နဲ့ချီတဲ့ ကလေးတွေကို ကြေးနီအိုးကြီးထဲ ပစ်ချကြပါတယ်။ ကလေးအများစုကတော့
ငယ်သံပါအောင် အော်ဟစ်ကြသလို အဆက်မပြတ်ကို ရုန်းကန်နေခဲ့တာပါ။ ၇ နှစ် ၊ ၈ နှစ်အရွယ် ကလေးတွေကတော့
နည်းနည်း အခြေအနေ ကောင်းပါတယ်။ သူတို့ နာကျင်ကိုက်ခဲ
နေပေမယ့်လည်း ချွေးတစ်လုံးလုံး နဲ့ ဆေးစိမ်ခဲ့ကြသလို အသံလည်း တစ်ချက်မှ မထွက်ကြပါဘူး။
သူငယ်လေးကတော့ သူ ဒီဆေးစိမ်တာကနေ မလွတ်မြောက်နိုင်မှန်း သိနေတာကြောင့် သူ့ဘာသာသူ အထူးစီမံထားတဲ့ အိုးကင်းထဲကို လှဲချလိုက်ပါတယ်။ ရှင်းရှင်း
လင်းလင်းပြောရရင်တော့ သူ့ရဲ့ ကြေးနီအိုးက နည်းနည်သေးပေမယ့် တခြားသူတွေနဲ့ မတူပဲ စစ်မှန်တဲ့ သွေးတွေနဲ့ ခြောက်သွေ့တဲ့ အရိုးလို စွမ်းအားမြင့် ပစ္စည်းတွေပါပါတယ်။
ဒါကို ရွာသားတွေက မမျှတဘူးလို့ မခံစားရပါဘူး။
ပြီးတော့ သူတို့ပဲဖြစ်ဖြစ် တစ်ခြားတွေပဲ ဖြစ်ဖြစ် သူငယ်လေးကိုပဲ
မျက်နှာသာပေးတယ်လို့လည်း မထင်ကြပါဘူး။ သူတို့ရဲ့ ကလေးတွေက
သာမန်ဆေးဖက်၀င် အိုးကင်းထဲမှာတောင် နာကျင်မှုတွေကို တောင့်မခံနိုင်ဘဲ နှလုံးကြွေမတတ် အော်ဟစ်နေကြတာလေ။
ဒါပေမဲ့ သူငယ်လေးကတော့ တကယ်ပဲ ကိုင်တွယ်နိုင်ပါတယ်။
ဒါ့အပြင် သူငယ်လေးရဲ့ အထူးစီမံထားတဲ့အိုးကြီးထဲကို
အကြီးအကဲ ရှီယွီဖန်းက အနက်ရောင်အိုးကြီးထဲက ပွက်ပွက်ဆူနေတဲ့ အရည်တွေကိုတောင် ခပ်ယူပြီး လောင်းထည့်ပေးပါသေးတယ်။
အိုးထဲကို လောင်းထည့်နေတဲ့ ကတ္တီပါရောင် မိုးတိမ်စလို သွေးတွေဟာ ဖီးရှီုး သားရဲမျိုးဆက်က ဆင်းသက်လာခဲ့တာပါ။
ဒါကြောင့်လည်း ဒီသားရဲကောင်တွေက လူတွေကို တိုက်ခိုက်
သတ်ဖြတ်လိုစိတ် ပြင်းပြပြီး သူတို့ရဲ့ သဘာ၀အရလည်း အရမ်းကို
ဆိုးသွမ်းတာပါ။ ရှီယွီဖန်းရဲ့ လက်ဝါးအတွင်းကနေ အလင်းတန်းတွေ ထွန်းလင်းလာပြီး အရိုးစာသားက ထင်ရှားလာခဲ့ပါတယ်။ သူဟာ ချက်ချင်းပဲ လက်ဝါးတစ်ချက် ဆန့်ထုတ်လိုက်ချိန်မှာတော့ အိုးထဲက ဖီးရှီုး မျိုးဆက်သွေးတွေဟာ
ပျံ့ကြဲသွားခဲ့ပါတယ်။
တခြားအိုးတစ်လုံးထဲက ဦးချိုနှစ်ချောင်းပါကြံ့ချို
ကလည်း ဝဲလည်လှည့်သွားလို့ပါ။ ဒါက ကြောက်ခမန်းလိလိကို
တောက်ပနေခဲ့ပြီး ဦးချိုနှစ်ချောင်းကြံ့ချိုက ရှီယွီဖန်းရဲ့ ထိန်းချုပ်မှုနဲ့ အနက်ရောင် အိုးကြီးထဲ ကျရောက်သွားခဲ့ပါတယ်။
အနက်ရောင် ကြေးနီအိုးကြီးဟာ အပူချိန် ကျဆင်းသွားခဲ့ချိန်မှာတော့ အထူးစီမံထားတဲ့ အိုးကြီးထဲက
သူငယ်လေးကို ထုတ်ယူလိုက်ပြီး အိုးထဲပစ်ချလိုက်ပါတယ်။ ဒါကြောင့်ပဲ သူငယ်လေးဟာ ပလုံ ပလုံ အသံတွေ မြည်သွားခဲ့ပြီး
အိုးထဲကို ကျသွားခဲ့သလို သူရဲ့ ပါးစပ်ကနေလည်း ဂလု ဂလု ဆိုတဲ့ တစ်စုံတစ်ရာမြိုချသံနဲ့ ချက်ချင်းကို ရေအများကြီး သောက်လိုက်ရပါတယ်။
တခြားကလေးတွေကလည်း သူငယ်လေးကို
စာနာစွာ ကြည့်လိုက်ပြီး ချက်ချင်းပဲ မသက်မသာတဲ့ ခံစားချက်ကို
ခံစားရလိုက်ပါတယ်။ ဒီနေရာမှာ ဆေးဖက်ဝင် ဆေးအိုးကြီးရဲ့ အဓိက ပါ၀င်တဲ့အရာတွေက သန့်စင်တဲ့ သွေးတွေနဲ့ သားရဲကောင်တွေရဲ့ အသားတွေ ၊ အရိုးတွေပါပဲ။ ဒါကပဲ ဒီဆေးဖက်၀င် အရည်တွေက အသုံးပြုတဲ့ သူရဲ့ အသားအရေနဲ့
အရိုးတွေကို ပြောမပြတတ်အောင်ကို နာကျင်စေပါတယ်။ သူငယ်လေးက အမှန်တကယ်ကို သနားစရာကောင်း နေပါတော့တယ်။ ဒါက လူကြီးတွေကိုတောင် မခံစားနိုင်စေဘူးလေ။
သူငယ်လေးက နာကျင်လွန်းတာကြောင့် မျက်နှာတစ်ခုလုံး မဲ့ရွဲ့နေပြီး စေးပျစ်တဲ့အရည်တွေ ပါးစပ်ထဲ မ၀င်လာအောင်လည်း ကြိုးစားအားထုတ်နေရပါတယ်။ စောင့်ကြည့်နေကြတဲ့ လူကြီးတွေလည်း စိုးရိမ်လာခဲ့ပါတယ်။
” သူ့ရဲ့ ပထမဆုံး အကြိမ်မှာပဲ ဒါကို ကောင်းကောင်းလုပ်နိုင်ဖို့ လိုတယ်။ ဒါမှပဲ သူ ပြသာနာ ကြီးကြီးမားမား မရှိဘဲ နေနိုင်မှာပဲ။ ဆေးဖက်၀င် အရည်တွေကိုသာ
ပိုသောက်နိုင်မယ်ဆိုရင် သူ စွမ်းအင်တော်တော်များများကို စုပ်ယူနိုင်မှာလေ ”
သူငယ်လေးကို ရင်အုပ်မကွာ စောင့်ရှောက်နေတဲ့
ရှီယွီဖန်းက ပြောလိုက်ပါတယ်။
” သူက အခြေခံ အတော်လေးကို ခိုင်နေပြီ။ အရိုးစာသားရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေကလည်း
ဆေးအစွမ်းသတ္တိကို ကူညီပံ့ပိုးတဲ့နေရာမှာ အလုပ်ဖြစ်စေမှာလေ။
ဒါက သူငယ်လေးကို အများကြီး မနာကျင်စေတော့ဘူးပေါ့ ”
ဆေးဖက်၀င် ဆေးစိမ်မှုဟာ အချိန်တော်ကြာအထိ ရှိနေခဲ့ပြီး ကလေးအားလုံး ဆေးစိမ်ခဲ့ကြရပါတယ်။ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဆင်ရဲခြင်းများစွာနဲ့ ကြည့်လိုက်ပြီး မျက်ရည်တွေ စီးကျနေလို့ပါ။
” ပေါက် …. ပေါက်”
ဆေးဖက်၀င် ဆေးစိမ်မှု ပြီးဆုံးသွားတဲ့ နောက်မှာတော့ သူတို့ဟာ ကယ်တင်ခြင်းခံရသလို ခံစားလိုက်ရပါတယ်။
အနက်ရောင် အိုးကြီးထဲက သူငယ်လေးကတော့ မငိုကြွေးခဲ့ပါဘူး။ သူ့ထက်ကြီးတဲ့ ကလေးတွေကို လှည့်ပတ်ဝေ့ကြည့်ပြီး ရှာဖွေလိုက်ပါတယ်။ သူ့ရဲ့မျက်နှာက ကြီးမားတဲ့ မက်မွန်သီးနဲ့ တူနေပြီး အနီရောင်သန်းနေလို့ပါ။
သူ့ကို အိုးကြီးထဲက ပြန်လည်ထုတ်ယူချိန်မှာတော့ အရက်မူးနေသလို ဒယိမ်းဒယိုင် ဖြစ်နေခဲ့ပါတယ်။
” ဘယ်လို ခံစားရလဲ ”
အကြီးအကဲတစ်ယောက်က မေးလိုက်ပါတယ်။
သူငယ်လေးက လေချဉ်တက်လိုက်ပြီး ယောင်ချာချာ ပြောဆိုလိုက်လို့ပါ။
” ကျွန်တော်အခု အများကြီးပဲ သောက်ပစ်လိုက်တာ”
ရိုးသားဖြူစင်ပြီး အပြစ်ကင်းလှတဲ့ တုံ့ပြန်မှုကို ကြားရလိုက်တဲ့ လူကြီးတွေ အားလုံးက ရယ်မောလိုက်ကြပါတယ်။
” ပင်ပန်းလိုက်တာ—-”
သူငယ်လေးက တောင့်မခံနိုင်တော့ဘဲ ရှီယွီဖန်းရဲ့ ရင်ခွင်ထဲ လှဲကျသွားခဲ့ပါတယ်။ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောမကျခင်
အချိန်လေးမှာ စူးရှစွာ မပီမသ ပြောဆိုလိုက်ပါတယ်။
” ကလေးတွေကို ကျောပိုးခဲ့လိုက် သူတို့ကောင်းကောင်း အိပ်ကြပါစေ။ မနက်ဖြန်ဆိုရင်တော့ သူတို့ရဲ့ စွမ်းအားတွေက သိသိသာသာကို တိုးလာမှာ ”
ရွာအကြီးအကဲ ရှီယွီဖန်းက ပြောဆိုလိုက်ပါတယ်။
နောက်ဆုံးမှာတော့ သန်မာတဲ့ လူကြီးတွေက ကျန်နေခဲ့ပါတယ်။ သူတို့က ဆေးရည်တွေကို မသွန်ပစ်ခဲ့ပါဘူး။
ဆေးဖက်၀င် သစ်ဥသစ်ဖု အနည်းငယ်ကို အိုးတွေထဲ ပြန်ထည့်ပြီး
မီးနဲ့ ကျိုလိုက်ပြန်တယ်။ သူတို့ ရေခန်းတဲ့အထိ ကျိုချက် လိုက်ကြပြီး ဆေးလုံးတွေ ဖန်တီးလိုက်ကြပါတယ်။ ဒါက အစွမ်းထက်လွန်းတဲ့ ဆေးမဟုတ်တော့ပေမဲ့ ဒဏ်ရာတွေကို့
ပျောက်စေနိုင်တဲ့ ဆေးဝါးတော့ ဖြစ်လာတယ်လေ။ ဒီဆေးလုံးတွေက အမဲလိုက်ပြီး ရုန်းကန်နေရတဲ့ သူတို့ရဲ့ ဘဝတွေကို ကယ်တင်နိုင်ကောင်းပါရဲ့။
မှော်သားရဲတွေကို တောင်တန်းပတ်၀န်းကျင်မှာ လိုက်ရှာဖို့ဆိုတာ
ခက်ခဲလှသလို စစ်မှန်တဲ့သွေးကို ရဖို့ကလည်း တကယ်ကို ရှားပါးပြီး အဖိုးတန်ပါတယ်။ အားအကောင်းဆုံးနဲ့ အသန်မာဆုံး
ရွာသားတွေကတော့ ဒီဆေးလုံးတွေကို ဂရုမစိုက်ကြပါဘူး။ သူတို့မှာ အရမ်းကို အစွမ်းထက်တဲ့ ဆေးလုံးတွေ ရှိနေပြီးသားပါ။
တစ်ညလုံးပဲ ကလေးတွေက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျသွားခဲ့ကြပါတယ်။ သူတို့ရဲ့ အသွေးအသားတွေက ပြန်လည် သန့်စင်ခြင်း ခံနေရသလိုပါပဲ။ နောက်တစ်နေ့ မနက်မှာတော့ လူငယ်လေး တော်တော်များများက ကျယ်ကျယ်လောင်လောင် အော်ဟစ်လို့နေကြပါတယ်။
” သွား… ရေပုံးတစ်ပုံးနဲ့ ကိုယ်လက် သန့်စင်လိုက်တော့ ”
” အဖေ တတိယအစ်ကိုရဲ့ ခွန်အားက အရမ်းကို ကောင်းတာပဲ။
ကျွန်တော်ကိုတောင် ဘယ်လိုကြွတက်လာအောင် မ နိုင်တာလဲ ”
” မင်းကို ပြောချင်တာက ဒီစကားကို မပြောသင့်ဘူးဆိုတာပဲ။
မင်းတို့က သန့်စင်တဲ့ သွေးနဲ့ အရိုး ၊ ဆေးဝါးတွေ တစ်ခုလုံးကို ဖြုန်းတီးမိတယ်လို့များ ထင်နေတာလား။ ဒီအခွင့်အရေးကို မယူနိုင်ရင် ငါ မင်းဖင်ကို အရှိုးရာထပ်အောင် ရိုက်ပစ်ရလိမ့်မယ် ”
နံနက်ခင်းရဲ့ နေ့သစ်အစမှာ ကျောက်ခေတ်ကျေးရွာက ကျေးငှက်တို့က လူးလာပျံသန်းကာ လတ်ဆတ်လို့ နေပါတယ်။ ရွာသားတွေက တဗျစ်ဗျစ်တောက်တောက် ငြီးညူပြီး ကျောက်ဆောင်ကြီးများနဲ့ ကြေးနီအိုးကို ရွှေ့နေလို့ပါ။
ရလဒ်ကတော့ ရှင်းလင်းစွာပဲ သိသာပါတယ်။ လူငယ်လေးတွေရဲ့ အစွမ်းသတ္တိတွေက သိသိသာသာကို တိုးတက်လာခဲ့ပါတယ်။ သူတို့က ပြန်လာမွေးဖွား လာခဲ့ကြသလိုပဲလို့ ပြောချင်တာဆိုရင်
အဖြစ်မှန်နဲ့တော့ နည်းနည်းဝေးနေမှာပါ။
” ကကျိ ….. ကကျိ ”
အကြီးအကဲ ရှီယွီဖန်းရဲ့ လက်ထဲမှာ လင်းလက်တောက်ပနေတဲ့ ရွှေရောင်တူ တစ်ခုရှိနေလို့ပါ ဒီဟာနဲ့ သူက ဦးချိုနှစ်ချောင်းပါ ဆင်နဂါးသားရဲကောင်ရဲ့ အဖိုးတန် အစိတ်အပိုင်းတွေကို တစ်ခုချင်း
အပိုင်းပိုင်းဖြစ်အောင် ရိုက်ချိုးလို့နေပါတယ်။ ဒါက ဖီးရှီုးမျိုးဆက်သားရဲကောင်နဲ့ ဖြတ်တောက်ထားတဲ့ လက်သည်းအရိုး ၊ အနီရောင်ဦးချိုနဲ့ သေးငယ်တဲ့ အပိုင်းတွေအပြင်
အဲ့ဒီအရာတွေ အားလုံးချွေမွပြီး အမှုန့်ဖြစ်လာအောင် လုပ်လိုက်ပါတယ်။ ဒီနောက်မှာတော့ သူက သားရဲကောင်တွေရဲ့
သန့်စင်တဲ့သွေးတွေနဲ့ အရိုးတွေ ထုချေထားတဲ့ အမှုန့်တွေကို
ရောပြီး သားရဲတို့ရဲ့ အရိုးတွေကို ကြိုချက်နေတဲ့ အိုးကြီးထဲ ထည့်လိုက်ပါတယ်။ အချိန် ခဏလောက် ကြာလာချိန်မှာတော့
အမွှေးနံ့တွေက သင်းပျံ့လာခဲ့ပါတယ်။
ဒီနောက် ရှီယွီဖန်းက ဆေးဖက်၀င် သစ်ဥသစ်ဖုတွေကို တစ်ခုပြီး တစ်ခု ထည့်လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ အိုးထဲက အရည်တွေ စပြီး ပြောင်းလဲလာခဲ့သလို သင်းပျံ့တဲ့ အမွှေးနံ့ကလည်း
ရွာတစ်ရွာလုံးကို လွှမ်း ခြုံသွားသလိုပါပဲ။
” လူလေး ခဏဆို မနက်စာ ရပြီ ”
ကျောက်အိမ်လေးထဲက သူငယ်လေးကို အော်ဟစ်လို့ အသိပေးလိုက်ပါတယ်။ သူငယ်လေးက အိပ်စုံမှုန်ဝါးနဲ့ နိုးလာခဲ့ပေမယ့် အရမ်းကို မွှေးကြိုင်တဲ့ အနံ့ကို သူ ရနေပါတယ်။
သူဟာ ချက်ချင်းပဲ စိတ်လှုပ်ရှားသွားခဲ့ပြီး ပြောဆိုလိုက်ပါတယ်။
” တကယ်ကို မွှေးတဲ့အနံ့ပဲ ”
ရှီယွီဖန်းက ရယ်မောကာ ပြောဆိုလိုက်ပါတယ်။
” ဟုတ်တယ်။ ဒါက စစ်မှန်တဲ့ အဖိုးတန် ဆေးဝါးကိုး ဒါကြောင့်
မဖြုန်းတီးနဲ့ အားလုံး စားရမယ် ”
သူငယ်လေးရဲ့ ငတ်ပြတ်နေတဲ့ ဝံပုလွေတစ်ကောင်လို စားသောက်နှုန်းကြောင့် အိုးထဲက အစားအသောက်တွေဟာ ချက်ချင်းကို ပျောက်ကွယ်သွားပါတယ်။ ဒါပေမဲ့ သူက ငယ်လွန်းနေခဲ့ပြီး ဆေးဖက်၀င် အစွမ်းသတ္တိရဲ့ စွမ်းအားက အရမ်းကို ကြီးမားနေတာကြောင့် သူဟာ ဘေးထွက်ဆိုးကျိုးကို ချက်ချင်းပဲ ခံစားရပါတော့တယ်။ ဒီသာမန် နံနက်ခင်းလေးဟာ ချစ်စရာကောင်းတဲ့ သူငယ်လေးကို အရိုင်းဆန်တဲ့ ကလေးတစ်ယောက် ဖြစ်သွားစေလို့ပါ။ သူ့ရဲ့ မျက်လုံးနှစ်ဖက်က
အဖြူရောင် မျက်သားတွေဟာ သွေးရောင် လွှမ်းလာပြီး သူဟာ
ပြေးလွှား ခြင်း နတ်ဘုရား တစ်ပါးလို ရွာထဲကို ပြေးသွားခဲ့ပါပြီ။
သနားစရာကောင်းလှတဲ့ ခွေးဝါကြီးဟာ သူ့ရဲ့အမြီးကို နောက်တစ်ကြိမ် ဆွဲလွဲခံရပြီး ဒီတစ်ခါတော့ ကိုင်ပစ်ခြင်း ခံလိုက်ရပါတယ်။ ရွာသားတွေ အားလုံးလည်း သူငယ်လေးရဲ့
ဗရုတ်ကျမှုကြောင့် ပရမ်းပတာတွေ ဖြစ်ကျန်ခဲ့ပြီး နေ့သစ်ကို မျက်ရည်တွေနဲ့ စတင်ရတော့မယ့် အခြေအနေပါပဲ။
” ဟေ့ သူငယ်လေး မင်း ဘာလို့ ငါ့ မရီးရဲ့ ခြံစည်းရိုးကို ကုတ်ဆွဲနေရတာလဲ ”
” သူငယ်လေး မင်း ဘာလို့ ငါ့အိမ်ခေါင်မိုးပေါ် တက်ပြေးနေတာလဲ။ မြန်မြန် ရပ်လိုက်တော့… ”
ရွာသားတွေ အားလုံးဟာ စကားမပြောနိုင်လောက်အောင် ရင်သပ်ရှုမော ဖြစ်နေရပါပြီ။ ဒါက သူငယ်လေးကို ဆိုးသွမ်းတဲ့ သားရဲကောင်တစ်ကောင် ဖြစ်သွားစေခဲ့တာလား။ သူငယ်လေးရဲ့ ခွန်းအားတွေကြောင့် သူ ဖြတ်သန်းသွားရာ တစ်လျှောက်က အကြီးအကျယ်ကို ယိုယွင်း ပျက်စီးသွားခဲ့ပါတယ်။
” ဆေးတွေကို လုံး၀ စုပ်ယူနိုင်ရင် ရလဒ်က မကောင်းတာတော့ မဟုတ်ဘူးပဲ ”
ရှီယွီဖန်းနဲ့ အခြားအကြီးအကဲတွေဟာ အတူတူ ရပ်နေခဲ့ပါတယ်။
သူတို့က လက်ရှိအခြေအနေကို စိတ်ကျေနပ်စွာ ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ပြောဆိုလိုက်ပါတယ်။ ခပ်လှမ်းလှမ်းက ကလေးတွေဟာ သူတို့ ရှေ့မှာ ဖြစ်ပျက်နေတဲ့ အရာကြောင့် မူးနှောက်လာခဲ့ပါတယ်။ သူတို့ဟာ စုဝေးသွားကြပြီး တုန်တုန်ရီရီ ဖြစ်နေခဲ့ပါတယ်။
” သူငယ်လေးက တကယ်ကို သနားဖို့ကောင်းတာပဲ ”
အတူတူ စုဝေးနေကြတဲ့လူတွေထဲက တစ်ယောက်က အသံတိုးတိုးနဲ့ ပြောဆိုလိုက်ပါတယ်။
သူငယ်လေးရဲ့ လက်ဝါးဟာ ထွန်းတောက်နေပြီး ကောင်းကင်ဘုံက သူ့ကို ကံကောင်းခြင်းတွေ ချီးမြှင့်ထားခဲ့ သလိုပါပဲ။ သူရဲ့ အရိုးစာသားကလည်း အဆက်မပြတ်ကို ထင်ရှားလာခဲ့ပါတယ်။ ဒါက အမှန်တကယ်ဆိုရရင် အတော်လေးကို လျှို့ဝှက်ဆန်းကြယ်လွန်းလှပါတယ်။
ဒါ့အပြင် သူ့ရဲ့အမြန်နှုန်းနဲ့ စွမ်းအားတွေကအားကောင်းလှပြီး အဆင့်တစ်ခုကို တိုးတက်သွားခဲ့ပါတယ်။ ဒါကပဲ အကြီးအကဲ ရှီယွီဖန်းကို စိတ်ကျေနပ်မှုရစေတဲ့ အကြောင်းအရင်းပါပဲ။
နာရီ အနည်းငယ် အကြာမှာ သူဟာ နောက်ဆုံးတော့ တိတ်ဆိတ်သွားခဲ့ပါတယ်။ သူဟာ အိပ့်ချင်မူးတူးနဲ့ သူ့ရဲ့ခေါင်းကို
ကုတ်လိုက်ပြီး တီးတိုးပြောဆိုလိုက်ပါတယ်။
” ယိ ယ ငါတော့ ဒုက္ခရောက်ပြီ ”
***