Switch Mode

Chapter – 210

နောက်ဆုံး လက်သည်းသိုင်း။ ဘုရင်တစ်ပါးဖြစ်ရန် လိုအပ်ချက်များ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၁၀ နောက်ဆုံး လက်သည်းသိုင်း။ ဘုရင်တစ်ပါးဖြစ်ရန် လိုအပ်ချက်များ။

ဖုန်းချပြီးနောက် ယဲ့ရှောင်သည် မနက်စာစားကာ အလုပ်သွားလိုက်၏။
” လောင်ပိုင်။ အစပ်တို့ဟူး ပေါက်စီနှစ်ခုနဲ့ မုန်လာဥပေါက်စီတစ်ခုစီ ပေးပါ။ ပြီးတော့ ပဲနီလေး ဆန်ပြုတ်တစ်ခွက် ”
ယဲ့ရှောင်သည် ဆိုင်ဝင်ပေါက်သို့ ရောက်ခါစ၌ အနက်ရောင်လေကာအင်္ကျီကို ဝတ်ထားပြီး ဦးထုပ်ဆောင်းလျက် မတ်ခ်တပ်ထားသော မိန်းကလေးတစ်ဦးက ပစ္စည်းများ ခိုးကြောင်ခိုးဝှက် ဝယ်နေတာကို တွေ့လိုက်ရ၏။
သို့သော်ငြား သာမန် မိန်းကလေးသာဆိုလျှင် သူ အာရုံစိုက်မိမှာ မဟုတ်ပေ။
ရှန်းထျန်းနဝမအဆင့်သို့ ရောက်အောင် ကျင့်ကြံပြီးနောက် သူ၏ အာရုံခြောက်ပါးက ကြောက်မယ်ဖွယ်ကောင်းလောက်အောင် သန်မာလာလေ၏။ တစ်ချက်ကြည့်ရုံဖြင့် တစ်ဖက်သူက ချင်ယွိယန်မှန်း သူ ပြောနိုင်သည်။
ဒီမိန်းမ ဘာတွေလုပ်နေတာလဲ။
ချင်ယွိယန်က လှည့်ကြည့်လိုက်ရာ ယဲ့ရှောင်၏ အကြည့်နှင့် ဆုံသွားသည်။ သူမ၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး နှစ်ယောက်လုံး တိတ်ဆိတ်သွားလေ၏။
” ရှင် ကျွန်မမှန်း သိတယ်လား ”
ချင်ယွိယန်က နေကာမျက်မှန် ချွတ်ပြီးနောက် အနေခက်စွာ ပြုံးလိုက်လေ၏။
” ကျွန်မ ဒီလို အဝတ်အစားထူထူ ဝတ်ထားတာကြောင့် ရှင် ကျွန်မကို မှတ်မိလိမ့်မယ်လို့ မထင်ဘူး ”
ယဲ့ရှောင်က ဆွံ့အနေလေ၏။ သူက ရှန်းထျန်းနဝမအဆင့် သိုင်းပညာရှင်တစ်ဦး မဟုတ်လျှင်တောင် တစ်ချက်ကြည့်မိရုံဖြင့် သတိပြုမိမှာပဲ ဖြစ်သည်။ အနည်းဆုံးတော့ သူက ပိုကြီးသည့် လေကာဝတ်သင့်သည်။
” မင်း ဘာကြောင့် ဒီလိုဝတ်ထားတာလဲ ”
” အခုဆို ကျွန်မရဲ့ အထောက်အထားကို သတိလက်လွှတ် ဖော်ပြလို့ မရဘူးလေ ”
” ငါ သိပြီ ”
ဆိုရလျှင် ချင်ယွိယန်က ဧကရာဇ်၏ သွေးမျိုးဆက်ရှိသည်။ ယခု ကျန်းဟိုင်မြို့ထဲ၌ သူမက ကြယ်ပွင့်ကဲ့သို့ တည်ရှိမှု ဖြစ်သည်။ သူမ အများရှေ့ ထုတ်ဖော်ခံခဲ့ရလျှင် လူအများက သူမနောက် အလွယ်တကူ လိုက်ကြပေလိမ့်မည်။
ယဲ့ရှောင်က နံနက်စာဝယ်ပြီးနောက် နှစ်ယောက်သားက စကားတပြောပြောဖြင့် လမ်းလျှောက်လိုက်၏။
” အား … ဟုတ်သား။ စာကြည့်တိုက်က လတ်တလောမှာ ထပ်အဆင့်မြှင့်ဦးမယ်လို့ ကြားထားတယ်။
ဟို့ထျန်းစတုတ္ထအဆင့်အောက်က ကြီးကြပ်သူတွေအားလုံး အလုပ်ဖြုတ်ခံရမှာဆို ဟုတ်လား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ ” ရှင့်ရဲ့ ကျင့်ကြံဆင့်က အခု ဟို့ထျန်းတတိယအဆင့် ဟုတ်တယ်မလား ”
” ဟုတ်တယ် ”
” ဝိညာဥ်မနိုးထသေးပဲ ဟို့ထျန်းစတုတ္ထအဆင့်ရောက်အောင် အဆင့်တက်ဖို့က အရမ်းခက်ခဲမှာ။ ဘာလို့လဲဆိုတော့ ကျင့်ကြံခြင်းရဲ့ အဆီအနစ်တွေကို ထိန်းသိမ်းထားဖို့ ဝိညာဥ်ကို လိုအပ်တယ်လေ။ အလွန်သန်မာတဲ့ စွမ်းအင်ရှိတဲ့ ဆေးလုံး မရှိရင် မဖြစ်ဘူး ”
” ဟုတ်သား။ ခဏနေဦး ”
ချင်ယွိယန်က သူမ၏ လက်ပေါ်ရှိ လက်စွပ်ကို ထိလိုက်သည်။ သူမက ယခုဆို သိုလှောင်လက်စွပ်တစ်ကွင်း ဝတ်ထားပြီး ဖြစ်၏။
နောက်တစ်စက္ကန့်၌ သူမ၏ လက်ဖဝါးထဲ၌ ကြွေပုလင်းလေးတစ်လုံး ပေါ်လာသည်။
” ဒီမှာ ချီရှန်းအဆင့်အောက် ဆေးလုံး။ ဝိညာဥ်သိပ်သည်းခြင်းဆေးပဲ။ အစွမ်းထက်တဲ့ ဝိညာဥ်စွမ်းအားတွေ ပါဝင်တယ် ”
” ရှင် ဒါကို သုံးလိုက်မယ်ဆိုရင် ပိုသန်မာတဲ့ ကျင့်ကြံဆင့်ကို အဆင့်တက်လှမ်းဖို့ အခွင့်အရေး ရလိမ့်မယ်။ ရှင် အဆင့်တက်ခါနီးပြီဆိုရင် အံ့ဖွယ်ဝိညာဥ်တစ်ခု သိပ်သည်းဖို့ အခွင့်အရေးလည်း ရလာလိမ့်မယ် ”
ယဲ့ရှောင်က လှမ်းမယူပေ။
” ထားလိုက်တော့။ ချီရှန်းအဆင့် ဆေးလုံးတွေက အရမ်းတန်ဖိုးကြီးတယ် ”
” ကိစ္စမရှိပါဘူး။ သူတို့က အခုဆို သူမကို နေ့တိုင်း ဒီလိုဆေးလုံးတွေ အများကြီး ပေးနေတာ။ ကျွန်မတောင် သောက်လို့ မကုန်တာ။ ရှင့် အရေးတကြီး လိုအပ်ချက်ကို ဖြေရှင်းဖို့ ဆေးတစ်လုံး ပေးတာ။ နောင်ကြ ရှင် ကြွယ်ဝချမ်းသာလာတဲ့အချိန် ရှင် ကျွန်မကို ပြန်ပေးပေါ့ ”
ထိုသို့ပြောပြီးနောက် ယဲ့ရှောင်၏ ငြင်းပယ်မှုကို လျစ်လျူရှုလျက် ၄င်းကို သူ၏ အိတ်ထဲ ထည့်လိုက်သည်။
” ကျွန်မ ကျင့်ကြံဖို့ အမြန်ပြန်သွားရဦးမယ်။ မဟုတ်ရင် ကျွန်မရဲ့ နည်းပြနှစ်ယောက် အကြာကြီး စောင့်နေရရင် သိပ်ကောင်းမှာ မဟုတ်ဘူး။ နှုတ်ဆက်ပါတယ် ” ချင်ယွိယန်က တာ့တာပြပြီး ထွက်သွားတော့၏။ ယဲ့ရှောင်သည် သူ၏ အိတ်ထဲမှ ဆေးကို ထုတ်ကြည့်ကာ ပြုံးလိုက်တော့သည်။ ချင်ယွိယန်၏ ပါရမီက ထိုမျှ မကောင်းသော်ငြား သူမ၏ အကျင့်စရိုက်က အတော်လေး ကောင်းမွန်သည်ဟု ဆိုရပေမည်။ ဤဆေးလုံးဖြင့် သူ၏ အလိမ်အညာကို ကာပေးနိုင်မည် ဖြစ်သည်။
မကြာမီ၌ ယဲ့ရှောင်သည် စာကြည့်တိုက်သို့ ရောက်သွား၏။ သူ စာကြည့်တိုက် ဝင်ပေါက်သို့ ရောက်သည့်အချိန်၌ ဖာ့ကျန်းက နောက်ထပ် ရဟန်းတစ်ပါးကို ခေါ်လာတာကို တွေ့လိုက်ရသည်။
” မစ္စတာ ယဲ့ ”
ယဲ့ရှောင်က သူ့ကို တစ်ချက်ကြည့်ပြီးနောက် ထိုရဟန်းကို ကြည့်လိုက်၏။ တစ်ဖက်သူ၏ အထောက်အထားကို သူ သိသည်။ ယင်းက အိန္ဒိယကိုယ်တော် အာရုန်ပဲ ဖြစ်လောက်သည်။
” ဆရာဖာ့ကျန်း ”
” မစ္စတာ ယဲ့။ မိတ်ဆက်ပေးပါရစေ။ ဒါက အိန္ဒိယရဟန်း အာရုန်။ သူက ငါတို့ ကျန်းဟိုင်မြို့မှာနေပြီး ဒီနေရာမှာ ဗုဒ္ဓဘာသာကို လေ့လာဖို့ ပြင်ဆင်နေတာ ”
” အာရုန် … ဒါက ယဲ့ရှောင်။ သူက ဒီရဟန်းအိုရဲ့ မိတ်ဆွေကောင်းပဲ ”
အာရုန်က ခေါင်းညိတ်ပြီးနောက် နှုတ်ဆက်ရန် လက်ဆန့်ထုတ်လိုက်၏။
” မစ္စတာ ယဲ့ ”
ယဲ့ရှောင်က သူ့ကို နှုတ်ဆက်လိုက်သည်။
ဖာ့ကျန်းက ချက်ချင်း ပြောလိုက်၏။
” မစ္စတာ ယဲ့။ စာကြည့်တိုက်က အဆင့်မြှင့်တင်တော့မယ်လို့ ကြားတယ်။ ဟို့ထျန်းစတုတ္ထအဆင့်အောက်က သိုင်းပညာရှင်တွေက နောက်တစ်နေရာကို ရွှေ့ပြောင်းခံရပြီး စာကြည့်တိုက်ထဲမှာ စာကြည့်တိုက်မှူး ဆက်မဖြစ်နိုင်တော့ဘူးလို့ ပြောတယ် ဟုတ်လား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ဒီအကြောင်း ဆရာကြီး သိထားလိမ့်မယ်လို့တောင် မထင်ဘူး ”
” မှန်နေတဲ့ပုံပဲ ”
ဖာ့ကျန်းက သူ၏ အင်္ကျီလက်ထဲကနေ ကြွေပုလင်းလေးတစ်လုံးကို ထုတ်လိုက်၏။
” ဒီနေရာမှာ ရှောင်လင်ကျောင်းတော် ချဲ့ထွင်ပေးဖို့အတွက် အရင်းအမြစ်တချို့ ထောက်ပံ့ပေးထားတယ်လေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဝိညာဥ်သိပ်သည်းခြင်းဆေးလုံးတချို့ ရှိတယ်။ မင်းကို ဆေးလုံးတစ်လုံး ပေးမယ် ”
ခဏတာရပ်တန့်လိုက်ပြီးနောက် သူက နောက်တစ်ခွန်း ထပ်ပြောလိုက်သည်။
” စိတ်မပူပါနဲ့။ ဒီရဟန်းအိုက မင်းကို မိတ်ဆွေအနေနဲ့ ပေးတာပါ။ ရှောင်လင်ထဲ ဝင်ဖို့ ဖိအားမပေးပါဘူး ”
” ဒါဆိုရင် ကျွန်တော်က အရှက်မဲ့ရာ ရောက်မှာ
ပေါ့ ”
” ရပါတယ်။ ဒီရဟန်းအိုမှာ ရှိပါသေးတယ်။ မင်း စိတ်ထဲ အပြစ်မကင်းသလို ခံစားရရင် နောင်ကြ ပါရမီရှိတဲ့ တပည့်တချို့ကို ဒီရဟန်းအိုနဲ့ မိတ်ဆက်ပေးလို့ ရတာပဲ ”
ဖာ့ကျန်းက ဟာသတစ်ဝက်နှောလျက် ယဲ့ရှောင်၏ အိတ်ကပ်ထဲ ဆေးလုံးထည့်ပေးလိုက်သည်။ သူက ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် စာအုပ်များ ရှာဖွေရန်အတွက် စာကြည့်တိုက်ထဲသို့ အာရုန်ကို ခေါ်သွားလေ၏။
ယဲ့ရှောင်က ရင်ထဲ နွေးထွေးသွားတော့သည်။
သူတောင် သဘောမပေါက်လိုက်ခင် မိတ်ဆွေများစွာ သူဖွဲ့ပြီး ဖြစ်နေသည်။ သူတို့က သူ အခက်တွေ့နေမှန်း သိသောအခါ သူ ပြောလာမှာကို စောင့်မနေပဲ သူ့ကို ဦးစွာ ကူညီပြီး ထောက်ပံ့ပေးကြ၏။ သူက ၄င်းကို မလိုအပ်သော်ငြား သူ ဆေးလုံးကို မလိုအပ်မှန်း သူတို့ မသိပေ။ သူတို့ပေးသည့် ပစ္စည်းများက သာမန်လူတစ်ယောက်အတွက် ပစ္စည်းကောင်းများ ဖြစ်သည်။ ထိုမျှ များပြားသည့် စစ်မှန်သော မိတ်ဆွေများဖြင့် သူ့အဖို့ ကျန်းဟိုင်မြို့ကို အကြိမ်ရေအနည်းငယ် ကာကွယ်ရန် ထိုက်တန်သည်။
ယဲ့ရှောင်သည် စတုတ္ထထပ်သို့ ရောက်သည့်အချိန်၌ လျိုချန်စွင်းက လျှောက်လာလေ၏။
” ယဲ့ရှောင် မနေ့တုန်းက စာရလိုက်လား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” အခု မင်းရဲ့ ကျင့်ကြံဆင့်က နည်းနည်းနိမ့်နေတယ်။ ဒီအဆင့်ကို ကျော်ဖြတ်ဖို့က လွယ်ကူမှာ မဟုတ်ဘူး။ ဒီမှာ ဆေးလုံးတချို့ ရှိတယ်။ ယူသွားလိုက်။ အဆင့်တက်မလား ကြည့်ရအောင် ”
လျိုချန်စွင်းကတောင် သူ့ကို လာကူညီသည်။
” အားနာဖို့ ကောင်းလိုက်တာ ”
” အားနာနေဖို့ မလိုဘူး။ ဆေးလုံးတွေက ငါ့အတွက် အများကြီးရှိတယ်။ စီရင်စု၉ခုထဲမှာ ငါ့တပည့် ကျန့်ရှန်အပြင် မင်းက မိတ်ဆွေကောင်းလို့ သတ်မှတ်လို့ရတယ်။ မင်း စာကြည့်တိုက်ကနေ အလုပ်ပြုတ်သွားခဲ့ရင် နောင်ကြ ငါ ပျင်းနေရမှာ ”
” ဒါကို ယူလိုက်။ မင်းရဲ့ ကျင့်ကြံဆင့်တက်အောင် ကူညီပေးမယ်။ ပြီးတော့ မင်း ငါ့ဘေးနားမှာ နေပေါ့ ”
” ဒါဆိုရင် ငြင်းရင် မယဥ်ကျေးရာ ရောက်တော့မှာပဲ ”
လျိုချန်စွင်းက ခေါင်းညိတ်လိုက်၏။
” ငါ လုပ်စရာ ကိစ္စတွေ ရှိသေးတယ်။ ဒါကြောင့် အရင်ပြန်နှင့်ဦးမယ်။ ဆေးကို ယူပြီး မင်းရဲ့ ကျင့်ကြံဆင့်ကို မြန်မြန် မြှင့်တင်သင့်ပြီ ”
” ဟုတ်ပါပြီ ”
ယဲ့ရှောင်သည် သူ၏ လက်ထဲရှိ ဆေးပုလင်းများစွာကို ကြည့်ပြီး သူ၏ အိတ်ထဲ ဆေးလုံးများစွာ ရှိနေလေ၏။ သူ့လက်ထဲ၌ ထိုမျှ များပြားသည့် ဆေးလုံးများဖြင့် သူ့ရင်ထဲ၌ ဖော်ပြ၍မရသော ခံစားချက်တစ်ခုနှင့် ကျေးဇူးတင်ရှိမှု တစ်စွန်းတစ်စတို့ ပေါ်လာလေ၏။
သူသည် အစတုန်းက ဟို့ထျန်းစတုတ္ထအဆင့်သို့ အဆင့်တက်ရန် ဆေးလုံးများ သိမ်းဆည်းထားသည်ဟု ဆင်ခြင်တစ်ခု ပေးချင်ခဲ့တာပဲ ဖြစ်သည်။ သို့သော်ငြား လူအများကြီးက သူ့ကို ကူညီသောကြောင့် သူသည် စာကြည့်တိုက် အဆင့်မြှင့်တင်သည့် အချိန်၌ နောင်ကြ သူ၏ ကျင့်ကြံသည့် တက်လာသည့်အကြောင်း သတင်းပို့ရန် သူ့ကိုယ်သူ ကာကွယ်ပြီး ဖြစ်သွားလိမ့်မည်။
ဟမ် … သူ ဘယ်လောက်လောက် ထားသင့်လဲ။ ဟို့ထျန်းဆဌမအဆင့်လောက် ထားလိုက်မလား။
ပြောရရင် သူတို့က သူ့ကို ဆေးလုံးတွေ အများကြီး ပေးခဲ့တာပဲ။ ဟို့ထျန်းကနေ၃ဆင့်လောက် အဆင့်တက်သွားတာက ယုတ္တိရှိတာပဲကို။ ကျင့်ကြံခြင်းအကြောင်း ဘယ်လိုပြောရမလဲဆိုတာနဲ့ စာအုပ်တွေကို စိုးရိမ်ပူပန်စရာ မလိုပဲ ဖတ်လို့ရတော့မယ်။
ကျန်တဲ့ကိစ္စတွေအတွက်တော့ စာကြည့်တိုက် အဆင့်မြှင့်တင်ပြီး တော်ဝင်ကျင့်စဥ်တွေ ရောက်လာပြီး စီမံတဲ့အထိ စောင့်မယ်။ ပြီးမှ သူက တော်ဝင်ကျင့်စဥ်တွေကို သင်ယူပြီး ဘုရင်နယ်ပယ်ဆီ အဆင့်တက်ဖို့ စောင့်တာပေါ့။ ဒီအတိုင်းဆိုရင် တော်ဝင်ကျင့်စဥ်ကို သူ ချက်ချင်း ပေါင်းစည်းနိုင်မှာပဲ။ ပြီးပြည့်စုံပြီ။
တစ်နေ့တာ ကုန်ပြီးနောက် ယဲ့ရှောင်သည် နောက်ဆုံးလက်သည်းကျင့်စဥ်ကို ရှာတွေ့သွား၏။ ယင်းက ဝိညာဥ်ချုပ်နှောင်ခြင်း လက်သည်းဟုခေါ်သည့် ကျင့်စဥ်တစ်မျိုး ဖြစ်သည်။ ထိုကျင့်စဥ်ကို သင်ယူပြီးနောက် ယဲ့ရှောင်သည် နောက်ထပ် တော်ဝင်ကျင့်စဥ်တစ်မျိုးကို ပေါင်းစည်းနိုင်ပြီ ဖြစ်သည်။
သူက ၄င်းကို ရွှေရောင်စာအုပ်ပေါ်၌ မှတ်သားပြီးရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်က ၄င်းကို ကျင့်ကြံနေ၏။ ညအချိန် အိမ်ပြန်ရောက်သည့်အခါကြမှ ၄င်းကို ပေါင်းစည်းမှာပဲ ဖြစ်သည်။
ပြီးနောက် သူက ဘုရင်နယ်ပယ်သို့ အဆင့်တက်ရန် အချက်အလက်များ စတင်ရှာဖွေပြီး မျက်လုံးကျင့်စဥ်များကိုလည်း ရှာဖွေနေလေ၏။
ရှားပင်းနဥ်၏ မျက်လုံးကျင့်စဥ်ကို တွေ့မြင်ချိန်မှစပြီး သူက အလွန်စိတ်ဝင်စားခဲ့သည်။
မျက်လုံးကျင့်စဥ်က သူ လက်ရှိ ကျင့်စဥ်များ အားလုံးထက် ပိုသန်မာသည့် စွမ်းအားတစ်မျိုးဟု သူ ခံစားမိသည်။ ရှားပင်းနဥ်၏ ခွန်အားသည် မလုံလောက်သောကြောင့် သူသည် မျက်လုံးကျင့်စဥ်၏ စွမ်းအားကို အပြည့်အဝ ထုတ်မပြနိုင်တာပဲ ဖြစ်သည်။ ထိုသို့တိုင် ရှားပင်းနဥ်က သူမကိုယ်တိုင် အဆင့်တူ သားရဲနှစ်ကောင်ကို ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သည်။ ယင်းက အလွန်ကောင်းမွန်သည့် ရလဒ်တစ်ခုဟု သတ်မှတ်နိုင်ပြီ ဖြစ်သည်။
သူသာ ၄င်းကို လေ့ကျင့်နိုင်မည်ဆိုရင် အာနိသင်က ပိုတောင် ကောင်းပေလိမ့်မည်။
သို့သော်ငြား ယဲ့ရှောင်သည် မျက်လုံးသွေးမျိုးဆက် ကျင့်စဥ်အကြောင်း မည်သည့် အချက်အလက်မှ ရှာမတွေ့တာတော့ နှမြောစရာ ကောင်းလှပေ၏။ ဆိုလိုသည်က မျက်လုံးသွေးမျိုးဆက်ကျင့်စဥ်၏ အဆင့်သည် ဤကမ္ဘာကြီးရှိ ကျင့်စဥ်များ၏ အဆင့်ထက် ပိုမြင့်ကြောင်း ပြသနေတာပဲ ဖြစ်သည်။
ရှားပင်းနဥ်ပြောသည့် သူမ လာခဲ့သည့်နေရာက သိုင်းပညာယဥ်ကျေးမှုက အမှန်တကယ် သန်မာပုံရသည်။ ကံကောင်းသည်မှာ ယဲ့ရှောင်သည် မျက်လုံးသွေးမျိုးဆက်ကျင့်စဥ်အကြောင်း အချက်အလက်များ မရှာတွေ့ခဲ့သော်ငြား ဘုရင်နယ်ပယ်အကြောင်း အချက်အလက်အချို့ ရှာတွေ့ခဲ့၏။ သို့သော်ငြား ယင်းက နားလည်ရန် မလွယ်ကူပေ။ စီရင်စု၉ခုက တစ်စုံတစ်ခုကို တမင်တကာ ဖုံးကွယ်ထားပုံပေါ်၏။
ဤကမ္ဘာကြီးထဲ၌ အံ့ဖွယ်ချီရှန်းများနှင့် သက်ဆိုင်သည့် လျှို့ဝှက်အချို့ ရှိသည်။ ဥပမာအနေဖြင့် စီရင်စု၉ခုထဲ၌ အံ့ဖွယ်ချီရှန်းအရေအတွက်များ တိတိကျကျ အတော်လေး များသော်ငြား အပေါ်ယံတွေမူ သူတို့က အယောက် ၂၀ ၃၀သာ ရှိသည်ဟု ဆိုကြသည်။ ထိုကဲ့သို့ ကိစ္စရပ်များကို သူတို့ ဖုံးကွယ်ထားရသည့် အကြောင်းအရင်းကို သူ မသိပေ။
နယ်ပယ်နှင့် ပတ်သတ်ပြီး ယဲ့ရှောင် ရှာတွေ့သည့် အချက်အလက်က ရှောင်လင်က လှူဒါန်းသည့် စာအုပ်များထဲတွင် ရှာတွေ့တာ ဖြစ်သည်။ ထိုစာအုပ်အရ ရှန်းထျန်းနယ်ပယ်၏ နယ်ပယ်သုံးခုသည် လူသားခန္ဓာကိုယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အမြင့်ဆုံးထိ ချဲ့ထွင်ပေးနိုင်သည်ဟု ဆိုထားသည်။ လူတစ်ယောက်က ရှန်းထျန်းနယ်ပယ်၏ အဆင့်သုံးဆင့်ကို အပြည့်အဝ ကျော်လွန်သွားချိန်၌ သူ၏ စိတ်ခွန်အားက မှန်းဆမရသော အဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ပြီး သူ၏ ရုပ်ခန္ဓာနှင့် ၄င်းကို အပြည့်အဝ ပေါင်းစည်းကာ အသက်အသစ် ဖန်တီးနိုင်ခဲ့လျှင် သူက ဒဏ္ဍာရီလာ ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်လာလိမ့်မည်။
လူတိုင်းသိထားသည့်အတိုင်း ဝိညာဥ်နှင့် ရုပ်ခန္ဓာကတစ်ခုတည်း ဖြစ်နေလျှင် ယင်းတို့က တစ်ကိုယ်တော် တည်ရှိမှုများ ဖြစ်နေသေး၏။ ရုပ်ခန္ဓာ ပြိုလဲသွားလျှင် ဝိညာဥ်က ကွယ်ပျောက်သွားရန် မလိုအပ်ချေ။ ဝိညာဥ်ကွယ်ပျောက်သွားလျှင် ခန္ဓာသည် အတော်ကြာ တည်ရှိနေနိုင်ဦးမည်။
နှစ်ယောက်က တစ်ဦးနှင့်တစ်ဦး ပံ့ပိုးနေကြသည်။ အရေပြားနှင့် အသားကြား ဆက်နွယ်မှုကဲ့သို့ပင်။ တစ်ခုက ကာကွယ်မှုကို ထောက်ပံ့စဥ် တစ်ခုက ခန္ဓာကိုယ်အတွက် အားဖြစ်ပေး၏။
ဝိညာဥ်က စွမ်းအားကို ထောက်ပံ့ပေးချိန် ခန္ဓာကိုယ်က စွမ်းအားကို ထိန်းချုပ်၏။
ခန္ဓာနှင့် ဝိညာဥ်၏ အပြည့်အဝ ပေါင်းစည်းမှုက လူသားမျိုးနွယ်၏ အခြေခံပြဿနာရပ်ကိုလည်း ဖြေရှင်းပေးနိုင်၏။ ဤနည်းဖြင့် ခန္ဓာနှင့် ဝိညာဥ်က လုံလောက်အောင် သဟဇာတဖြစ်ရန် မဖြစ်တော့ပေ။ ကျင့်စဥ်တစ်ခုက တိုးတက်လာလျှင် ခန္ဓာကိုယ်ပေါ် ဝိညာဥ်၏ ထိန်းချုပ်မှုက အားနည်းသည်ထက် အားနည်းလာမည်။ ဝိညာဥ်က ခွန်အားမရှိလျှင် စွမ်းအားကို သန်မာလွန်းစေလိမ့်မည်။ ထို့အပြင် ဝိညာဥ်က ၄င်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်မှု တဖြည်းဖြည်းချင်း လျော့ကျသွားစေမည် ဖြစ်သည်။ ဤနည်းဖြင့် ရူးသွပ်သွားပေလိမ့်မည်။
ဘုရင်နယ်ပယ်၏ အထွတ်အထိပ်သို့ရောက်အောင် အဆင့်တက်ဖို့ ကြိုးစားသည့် လူအများစု ပြုလုပ်ပေးသည့် အခြေခံ အမှားလည်း ဖြစ်သည်။ လူများစွာက ထိုအဆင့်၌ ကျရှုံးခဲ့ကြသည်။
ယဲ့ရှောင်၏ ရုပ်ခန္ဓာက အစွမ်းထက်နေပြီ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူ၏ ဝိညာဥ်ကလည်း လိုက်မမှီနိုင်ပေ။ ထိုအကြောင်းအရင်းကြောင့် သူ၏ ကျင့်ကြံမှုသည် ရက်အနည်းငယ်ကြာ တိုးတက်နေပြီးမှ ထိုခွန်အားမျိုးကို သူက အပြည့်အဝ လိုက်လျောညီထွေ ဖြစ်သွားတာပဲ ဖြစ်သည်။
သူ ချီရှန်းအဆင့်တွင် ရှိစဥ်က အဆင်​ပြေသေး၏။ သို့သော်ငြား အံ့ဖွယ်ဂိုဏ်းသို့ ရောက်သည့်အချိန်၌ သိသာလာတော့သည်။
ဘုရင်နယ်ပယ်အောက်ရှိ တစ်ခုတည်းသော ခွန်အားအရ ဘုရင်နယ်ပယ်အထက် ခွန်အားကို မဆိုထားနှင့်။ ယင်းက ဘုရင်နယ်ပယ်အောက် ခွန်အားသာ ရှိသေးသည်။ လူအများက ထိုကဲ့သို့ အစွမ်းထက်လျှင် ပြောစရာ စကားမဲ့သွားပေလိမ့်မည်။ သန်မာသည့် ဝိညာဥ်မရှိပဲ ဘုရင်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့လျှင်တောင် သူတို့၏ ခွန်အားကို မထိန်းချုပ်နိုင်သောကြောင့် ရူးသွပ်သွားပေလိမ့်မည်။

အပိုင်း ၂၁၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset