စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၀၈ အခြေအနေက တင်းမာ။
မြို့တော်ဝန်က အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပြီး သူ၏ သိုင်းကျင့်ကြံဆင့်အတွက် မြင့်အားသည့် လိုအပ်ချက် မရှိသော်ငြား ပထမအဆင့်မြို့ကမူ အဆင့်အတန်းတစ်ခု လိုအပ်နေသေးသည်။ ထို့ကြောင့် မဟာချီရှန်းတစ်ဦးနှင့် ပြောင်းလဲရန် လိုအပ်သည်။ ယင်းကမျက်နှာသာပေးရမည့် ကိစ္စ ဖြစ်သည်။
တုထျန်းယွီအဖို့ ယင်းက ဆုံးရှုံးမှုလေးတစ်ခုဖြစ်ပြီး မြို့တော်ဝန်နေရာ လှဲလှယ်မှုက ပထမအဆင့် မြို့အတွက် ဖြစ်သည်။ ထိုအကြွေးက ထိုက်တန်လှပေ၏။
မြို့တစ်မြို့၏ အဆင့်မြှင့်တင်မှုဖြင့် ကျန်သည့် အကျိုးခံစားခွင့်များကိုလည်း ဆောင်ယူလာနိုင်လိမ့်မည်။
ဥပမာအနေဖြင့် သိုင်းစာကြည့်တိုက်ထဲရှိ အရင်းအမြစ်များသည် ချီရှန်းအဆင့်ထက်သာသည့် ကျင့်စဥ်များ ထပ်ပေါင်းထည့်ခြင်းဖြင့် တိုးလာလိမ့်မည်။ လူအများစုက ၄င်းကို မမြင်တွေ့နိုင်သော်ငြား ၄င်းကို မြင်တွေ့နိုင်လျှင်တောင် သင်ယူနိုင်မှာတောင် မဟုတ်ပေ။
သို့သော် ရှိခြင်းနှင့် မရှိခြင်းကြား ကွဲပြားခြားနားချက် နှစ်ခုရှိသည်။ ပြဿနာက ခပ်မိုက်မိုက် ဟန်ဆောင်ခြင်းပဲ ဖြစ်သည်။ ထို့အပြင် သိုင်းပညာရှင်အရေအတွက်ကလည်း တိုးလာလိမ့်မည်။ အတိတ်တုန်းက ကျန်းဟိုင်မြို့၌ ရှန်းထျန်းနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့သည့် ချီရှန်းက ( ၃ ) ဦးသာ ရှိပြီး သူတို့အားလုံးက ရှန်းထျန်းအဆင့်၌ အားအနည်းဆုံး ရှန်းထျန်းပထမအဆင့်တွင် ရှိကြသည်။
နောင်ကြ ကျန်းဟိုင်မြို့၌ ချီရှန်းများနှင့် ဂိုဏ်းများ ပိုများပြားလာလိမ့်မည်။ ချီရှန်းအရေအတွက်ကို လက်နှစ်ဖက်ဖြင့် ရေတွက်နိုင်သည်ထက် ပိုလာလိမ့်မည်။
နေရာအနှံ့တွင် ချီရှန်းများစွာကို ခွေးများသဖွယ် တွေ့နိုင်လိမ့်မည်ဟု ပြောရလောက်သည့်အထိ မချဲ့ကားနိုင်သော်ငြား အဆင့်မြင့် သိုင်းပညာရှင် အရေအတွက် တိုးတက်ခြင်းက ကျန်းဟိုင်မြို့၏ ခုခံမှု မြင့်တက်လာသည်ဟု ဆိုလိုတာပဲ ဖြစ်သည်။ နောက်ထပ် လေးနှစ်အတွင်း သားရဲကပ်ဘေးတစ်ခု ရှိလာလိမ့်မည်။ ထိုအချိန်ကြ ဤနေရာတွင် သိုင်းပညာရှင်များ ကာကွယ်ပေးနေခြင်းဖြင့် မည်သည်က စိုးရမ်ပူပန်ရတော့မည်နည်း။
ထို့အပြင် မြို့က ခုခံခြင်း အစီအရင်တစ်ခုလည်း တည်ဆောက်နိုင်မည်။ ကြယ်တာရာသားရဲများ တိုက်ခိုက်သည့် အချိန်၌ သူတို့က အပြင်ဘက်ကနေ ၄င်းတို့ကို တိုက်ရိုက် ပိတ်ဆို့ထားနိုင်လိမ့်မည်။
ဝိညာဥ်စွမ်းအားအမြှောက်နှင့် ကျန်သည့် တိုက်ခိုက်ရေး ပစ္စည်းများလည်း ရှိလာလိမ့်မည်။ ယင်းက လက်နက်များ အပြည့်အဝ ပြောင်းလဲလိုက်တာဟု ဆိုနိုင်ပေ၏။
သူ့အဖို့ သူသည် မြို့တော်ဝန် မဟုတ်တော့သော်ငြား အစိုးရအလုပ်ကို လုပ်နိုင်သေး၏။
ပထမအဆင့်မြို့ထဲရှိ အစိုးရအလုပ်တိုင်းက ယခင် မြို့တော်ဝန်၏ နေရာထက် မနိမ့်ကျပေ။
ပြောင်းလဲမှုကြီးများစွာကို စီနီယာ ဓါးမော့ဓါးဝိဇ္ဇာက သယ်ဆောင်လာပေးခဲ့တာပဲ ဖြစ်သည်။
ယင်းက တုထျန်းယွီ၏ ရင်ထဲ၌ ဓါးမော့ဓါးဝိဇ္ဇာကို ပိုတောင် လေးစားလာစေတော့သည်။
” တုထျန်းယွီ စီရင်စု၉ခုက ကျန်းဟိုင်မြို့ကို ပထမအဆင့် မြို့အဖြစ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်ရတဲ့အကြောင်းအရင်းက ဓါးမော့ဓါးဝိဇ္ဇာကြောင့်ဆိုတာ မင်း သိထားသင့်တယ် ”
တုထျန်းယွီက ခေါင်းညိတ်လိုက်၏။
” ကျုပ် အဲ့ဒီအကြောင်း သိတယ်။ အထက်အရာရှိတွေက ဓါးမော့ဓါးဝိဇ္ဇာကို ဆက်သွယ်ဖို့ မျှော်လင့်နေသေးတုန်းပဲ။ ပြောရရင် သူ့ရဲ့ စွမ်းအားက အစွမ်းထက်လွန်းတယ်။ စီရင်စု၉ခုအတွက် သူက မရှိမဖြစ်တဲ့အင်အားစုပဲ။ ဒါပေါ့ … ကျောင်းမိသားစုရဲ့ အဲ့ဒီအရူးကြောင့် ဓါးမော့ဓါးဝိဇ္ဇာက လူတွေ့ဖို့ သမန်ကာလျှံကာ ထွက်လာဖို့ဆိုတာ သိတယ်။ ဒါကြောင့် အထက်အရာရှိတွေက သူ့ကို ရှာဖို့ မင်းကို ဖိအားပေးမှာ မဟုတ်ဘူး။ မင်းက သူ့ကို ဆက်သွယ်ဖို့ ကြိုးစားပေးဖို့ပဲ လိုတယ်။ သူတို့က မင်းကို လွတ်လပ်ခွင့် လုံလုံလောက်လောက် ပေးထားမှာပါ ”
” မင်းသာ သူ့ကို ဆက်သွယ်နိုင်ခဲ့မယ်ဆိုရင် သူ ဆန္ဒရှိသရွေ့ ဘယ်လိုအရာမျိုးကိုမဆို တောင်းဆိုလို့ရတယ်။ စီရင်စု၉ခုက သဘောတူမှာဆိုတဲ့အကြောင်း တန်းပြောလိုက်ရုံပဲ ”
” ဒါ့အပြင် သူက သီးခြားနေချင်တယ်ဆိုရင် ငါတို့ သူ့ဘဝကို သေချာပေါက် မနှောက်ယှက်ဘူး ”
တုထျန်းယွီက ခေါင်းညိတ်လိုက်၏။
ကျောင်းမိသားစုမှ ထိုအရူးအဖြစ်အပျက်ကို တွေ့ကြုံပြီးနောက် စီရင်စု၉ခု မဟာမိတ်သည် သင်ခန်းစာရသွားပုံ ပေါ်သည်။
သို့သော် ယင်းက ခွန်အား၏ ရလဒ်ဖြစ်မှန်း သူ သိနေ၏။
ဓါးမော့ဓါးဝိဇ္ဇာ၌ ခွန်အားမရှိခဲ့လျှင် အထက်အရာရှိများက သူ့ကို ရှာမှာမဟုတ်ပေ။ ရှာခဲ့လျှင်တောင် သူတို့က သူ့ကို အမိန့်နာခံအောင် ဖိအားပေးလိမ့်မည်။
ယခု ဓါးမော့ဓါးဝိဇ္ဇာက အလွန်သန်မာပြီး ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ဂိုဏ်းသို့ရောက်ပြီးဖြစ်ကြောင်း သူတို့ သိလိုက်ရသောအခါ သူတို့က ပိုတောင် ပျော့ပျောင်းသွားတော့၏။
” ဟုတ်ပါပြီ။ ကျုပ် နားလည်ပြီ။ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာကို ရှာဖို့ နည်းလမ်းတစ်ခု အကောင်းဆုံး ကြိုးစားမယ်။ ဒါပေမဲ့ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာက သူ့မျက်နှာပြဖို့ ငြင်းဆန်နေဆယ်ဆိုတာ အားလုံးသိထားသင့်တယ်။ ကျုပ် သူ့ကို တွေ့ရင်တောင် သူ့ကို ရှာနိုင်လောက်မှာ မဟုတ်ဘူး ”
” ဟုတ်ပါပြီ။ ဒါဆို မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ ”
” ခင်ဗျားက သိပ်အားနာလွန်းနေတာပဲ။ ကျုပ်တို့တွေက နိုင်ငံအတွက် ဆောင်ရွက်ပေးနေတာပဲလေ ”
တုထျန်းယွီ ထွက်သွားပြီးနောက် ကျန်သည့်သူအချို့က တိတ်တဆိတ် ဆွေးနွေးကြတော့သည်။
” သူက စီနီယာ ဓါးမော့ဓါးဝိဇ္ဇာကို ရှာနိုင်မှာလား ”
” မဖြစ်နိုင်ဘူးဆိုရင်တောင် သူ့ကို ရှာရမယ် ”
ယခုအခေါက် အာကာသစစ်မြေပြင်ပေါ်ရှိ ဖိအားက ကြီးမားလွန်းပြီး ကြယ်တာရာသားရဲများ၏ သက်ရောက်မှုကို မခံနိုင်ပေ။ ထို့ကြောင့် သားရဲကပ်ဘေးက ရှေ့တိုးလာလောက်သည်။
ဘိုးဘေးနဂါးသည် စီရင်စု၉ခုကို ပေါင်းစည်းစေသည့် ကပ်ဘေးကို ရှေ့တိုးလာတာ ပထမဆုံးအကြိမ် ဖြစ်သည်။
မဟာမိတ်သည် ထိုအမှန်တရားကို သတိလက်လွှတ် မပြောရဲပေ။ အလွန်အကျွံ ကြောက်လန့်ကုန်မှာ စိုးရိမ်သောကြောင့် ဖြစ်၏။ မဟာမိတ်ရှိ ဖိအားကလည်း အမှန်တကယ် ကြီးမားလွန်းလှပေ၏။
ဓါးမော့ဓါးဝိဇ္ဇာက တိုက်ပွဲတွင် အလွန်သန်မာရုံသာမက သူ၏ ကုသခြင်းစွမ်းအားကလည်း မမှန်းဆနိုင်လောက်ပေ။
သူ၏ ကုသခြင်းစွမ်းအားသည် စီရင်စု၉ခုထဲရှိ ကုသူများအားလုံးကို ကျော်တက်ပြီဖြစ်မည်ဟု မှန်းဆမိကြသည်။
စီရင်စု၉ခုအတွက် သူတို့၏ ဖြစ်တည်မှုကို ဖြည့်တင်းပေးနိုင်သည့် အသက်ကယ်ရေတစ်ပေါက်နှင့် မခြားပေ။
သူနှင့်သာဆို စီရင်စု၉ခုသည် သိုင်းပညာရှင်များအားလုံး သားရဲကပ်ဘေး၌ ဒဏ်ရာရတော့မှာ မဟုတ်။ တိုက်ပွဲကို ကြာမြင့်စွာ ထိန်းထားနိုင်လိမ့်မည်ဟု အာမခံနိုင်သည်။
ထို့အပြင် သူက အစီအရင် အသုံးပြုပုံများလည်း သိပေ၏။ ယင်းက အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးထက်တောင် ပိုနေပေသည်။
သူက စီရင်စု၉ခုအတွက် လမ်းလျှောက်နေသော ရတနာတိုက်ကြီးဟု ဆိုနိုင်ပေသည်။ ထို့အပြင် သူက ယခုအချိန်တွင် ထွက်လာဖို့တောင် ဆန္ဒမရှိပေ။
သူက သားရဲကပ်ဘေးအတောအတွင်း ပုန်းနေလောက်မှာတော့ မဟုတ်ဘူးမလား။
သူက ငါတို့ကို မကူညီနိုင်ရင်တောင် ကျန်းဟိုင်မြို့ကို ကာကွယ်နိုင်သရွေ့ ဒါလည်း ကိစ္စကောင်းပဲလေ။
” ပြောရရင် ကျန်းဟိုင်မြို့ကို ပထမအဆင့် မြို့အဖြစ် ချဲ့ထွင်ပြီးတော့ လူသားတွေ ပိုရောက်လာမှာလေ။ အနည်းဆုံးတော့ သူ လူသားတွေကို ပိုကာကွယ်နိုင်လောက်မှာ ဟုတ်တယ်မလား ”
သားရဲကပ်ဘေးအကြောင်း ပြောချိန်၌ လူတိုင်း၏ အမူအယာက သိပ်ကြည့်မကောင်းတော့ပေ။
ယခုအခေါက် သားရဲကပ်ဘေးက မမှန်းဆနိုင်လောက်သည့်အထိ ပြင်းထန်သည်။
” ဒီမှာ ရပ်မနေကြနဲ့။ ကျန်းဟိုင်မြို့ တည်ဆောက်ရေးအတွက် လုပ်စရာတွေ အများကြီး ရှိသေးတယ်။ နောက်ထပ်တစ်နာရီအတွင်း ကျင်းတူက ပို့လိုက်တဲ့ အစီအရင်သခင်တွေက ကျန်းဟိုင်မြို့ကို ရောက်လာပြီး အစီအရင် တည်ဆောက်တော့မှာ။ ကုန်ကြမ်းတွေ စပြီး ပြင်ဆင်ထားရအောင်။ ငါတို့ မလုံလောက်တာ ရှိမှာစိုးလို့ ”
ယဲ့ရှောင်ဘက်တွင်မူ ဝိညာဥ်ပန်းပွင့်များ စိုက်ပျိုးပြီးနောက် ယန်ရှီးက သူ့ကို ခေါ်လာသည်။
” ဟယ်လို ဘာကိစ္စလဲ ”
” ကြီးကြပ်သူ မကောင်းတာ ဖြစ်သွားပြီ။ သတင်းရပြီးပြီးလား။ စာကြည့်တိုက်က ဝန်ထမ်းတွေ လျှော့ချပြီး ထပ်ပြီး အစားထိုးတော့မယ် ”
ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပင့်လိုက်ပြီး သူ့ဖုန်းကို ကြည့်လိုက်သည်။ ယန်ရှီး သူ့ကို စာပို့ထားမှန်း သူ သဘောပေါက်သွား၏။ သူ အလုပ်များနေသောကြောင့် သတိမပြုမိခဲ့တာ ဖြစ်သည်။
” ငါ တွေ့တယ်။ ဘာဖြစ်လို့လဲ။ စာကြည့်တိုက်က ဘာကြောင့် လူတွေ ထပ်ပြောင်းပြန်တာလဲ ”
” ကျွန်မ မသိဘူး။ ဒီတစ်ခေါက် ကြားတာတော့ ဟို့ထျန်းစတုတ္ထအဆင့်အောက်က လူတွေအားလုံး ထွက်သွားရမယါ။ ဘယ်သူ့မှ မနေရဘူး။ ကြီးကြပ်သူ။ ကြီးကြပ်သူရဲ့ ကျင့်ကြံဆင့်က ဟို့ထျန်းတတိယအဆင့်မှာပဲ ရှိသေးတဲ့ပုံပဲ။ ဒီတစ်ခေါက် ထိန်းထားနိုင်ပါ့မလား ”
ယဲ့ရှောင်က ပြောလိုက်၏။
” ငါ မသေချာဘူး။ ဒီအကြောင်း စဥ်းစားလိုက်ဦးမယ်။ ငါ ဖုန်းအရင်ချလိုက်မယ် ”
” ဒါဆို ဟုတ်ပါပြီ။ ဖုန်းချလိုက်ပါပြီ ”
ယန်ရှီးက ဖုန်းချလိုက်၏။ ယဲ့ရှောင်က အတွေးခက်နေတော့သည်။ နောက်ဆုံးအခေါက်က စာကြည့်တိုက်၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး သိပ်မကြာခင်၌ နောက်ထပ် ပြောင်းလဲလာပြန်၏။ ယင်းက အနည်းငယ် မြန်ဆန်လွန်းနေသည်။
သူ မှတ်မိတာ မှန်မည်ဆိုလျှင် ပင်လယ်ကမ်းခြေတောအုပ်သို့ မသွားခင် ဒါရိုက်တာက စာကြည့်တိုက်က နောက်ထပ် ပြောင်းလဲမှု ပြုလုပ်လောက်သည်ဟု ပြောခဲ့သေးသည်။
ဖြစ်နိုင်တာက အခုတစ်ခေါက် စာကြည့်တိုက်ရဲ့ ချဲ့ထွင်မှုအဆင့်က အရမ်းမြင့်တာလား။ တော်ဝင်ကျင့်စဥ်တွေပါ ထပ်ပေါင်းထည့်လာမှာလား။
ထိုအချက်ကို တွေးမိပြီး ယဲ့ရှောင်၏ မျက်ဝန်းထဲ၌ ရှုပ်ထွေးသော အကြည့်များ ရှိလာသည်။ စာကြည့်တိုက် အဆင့်မြှင့်တင်မှုသည် ကျန်းဟိုင်မြို့၏ အဆင့်မြှင့်တင်မှုကို ကိုယ်စားပြုသည်။ စာကြည့်တိုက်၏ အဆင့်နှင့်မြို့က တစ်ပြေးညီ ဖြစ်သောကြောင့် ဖြစ်သည်။ အကြောင်းမှာ စာကြည့်တိုက်၏ အဆင့်နှင့် မြို့၏ အဆင့်က လိုက်ဖက်ညီရမည် ဖြစ်သောကြောင့်ပင်တည်း။
ကျန်းဟိုင်မြို့အဆင့်မြှင့်တင်မှုက ဘာကြောင့် ဒီလောက်မြန်ရတာလဲ။ အလက်အခဲတွေကို ဒီလောက် ကြုံတွေ့ပြီးတော့ ကျန်းဟိုင်မြို့က အခုချိန်မှာ အလိုအပ်ဆုံးက တည်ငြိမ်မှုပဲလေ။ စီရင်စု၉ခု လှုပ်ရှားတာက မြန်လွန်းတယ်။ တချို့ကဆို ယဲ့ရှောင် တွေးထင်ထားတာထက် ကျော်လွန်နေတာ။ ဝန်ခံရမယ်ဆိုရင် ကျန်းဟိုင်မြို့မှာ သူ ရှိတယ်လို့ သူတို့ တွေးနေလောက်တယ်။ ဒါပေမဲ့ သူက နတ်ဘုရားတစ်ပါး မဟုတ်ဘူးလေ။ သူ့အတွက် သူတို့က မြို့တစ်မြို့ တည်ဆောက်ပေးနေတာတော့ မဟုတ်လောက်ဘူးမလား။
အဆင့်တစ် မြို့တစ်မြို့ တည်ဆောက်ခြင်းက သိုင်းပညာရှင် အရေအတွက်များစွာကို တိုးစေပြီး မြို့၏ ခွန်အားကို တိုးတက်စေ၏။
ဧကရာဇ်သွေးမျိုးဆက်ရှိသူအတွက် တည်ဆောက်ပေးခြင်းက ပိုတောင် အဓိပ္ပာယ်ရှိပေဦးမည်။ သူတို့က ချင်ယွိယန်ကို နောက်ထပ် တစ်နေရာကို ခေါ်သွားနိုင်၏။
သူတို့က ကျန်းဟိုင်မြို့ကို ကာကွယ်ချင်ပြီး လူအရင်းအမြစ်များ ပိုမို စုဆောင်းချင်သည်ဆိုလျှင်။
ထို့အပြင် လတ်တလော၌ ပူပန်စရာကိစ္စ တစ်ခုသာ ရှိသည်။ သားရဲကပ်ဘေးပဲ ဖြစ်၏။
ယဲ့ရှောင်သည် သူ၏ အတွေးများကြောင့် ထိတ်လန့်သွားလေ၏။
မဖြစ်နိင်ဘူးမလား။ ဒီလောက် မတိုက်ဆိုင်နိုင်ဘူးမလား။
သူသည် ထိုအကြောင်းကို စာကြည့်တိုက်ထဲ၌ ဖတ်ရှုခဲ့ဖူးသည်။ အနှစ် ၆၀လျှင် တစ်ကြိမ် သားရဲကပ်ဘေးဖြစ်ပွားကြောင်း စာအုပ်ထဲ၌ ဆိုထား၏။ အာကာသစစ်မြေပြင်ထဲရှိ သိုင်းပညာရှင်များကြောင့် ဖြစ်ပွားတာပဲ ဖြစ်သည်။ အာကာသစစ်မြေပြင်၏ ဖိအားဖြင့် ပြေပျောက်စေရန်အတွက် သူတို့က ခံတပ်များ ဖွင့်လှစ်ကာ ကြယ်တာရာသားရဲ အရေအတွက်များစွာကို တိုးဝင်လာစေ၏။ အနှစ် ၆၀အတွင်း ဖွင့်လှစ်သည်ဟု တစ်ခါမှ မဆိုခဲ့ပေ။
ယခုအခေါက် သားရဲကပ်ဘေးက သန်မာလွန်းသာကြောင့်သာ မဟုတ်လျှင် အာကာသစစ်မြေပြင်က ၄င်းကို ခံနိုင်ရည် မရှိလောက်သည်အထိ သန်မာလွန်းနေခဲ့လျှင် ရွေးချယ်စရာ မရှိပဲ ခုခံခြင်းစစ်မျက်နှာစာ ဖွင့်လှစ်ကာ သားရဲကပ်ဘေးကို ဖော်ဆောင်ကြတော့မည်။
အနှစ် ၂၀၀၀အတွင်း ထိုသို့သော တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ သို့သော်ငြား သူ ကူးပြောင်းလာသည့် အချိန်ကြမှ ဖြစ်သည်လော။ ကောင်းကင်ဘုံက မည်သို့ စနှောက်ရမည်ဆိုတာ အမှန်တကယ် သိပေ၏။
ဤအတိုင်းသာဆိုလျှင် ယဲ့ရှောင်က ရွေးချယ်စရာမရှိပဲ ဘုရင်နယ်ပယ်ကို အဆင့်တက်ရန်အတွက် နည်းလမ်းတစ်ခု တွေးရပေမည်။
ယဲ့ရှောင်သည် ဘုရင်နယ်ပယ်သို့ ရောက်ရှိပြီးနောက် သူ တော်ဝင်ကျင့်စဥ်များ ပေါင်းစည်းနိုင်မည်ဟု ကြိုတင်ခံစားမိနေသည်။ ထိုအချိန်ရောက်လျှင် သူက တော်ဝင်ကျင့်စဥ်များထက် သာလွန်သည့် ပိုအစွမ်းထက်သော ကျင့်စဥ်တစ်ခုကို ရနိုင်လောက်ပေမည်။ သူ၏ ကျင့်စဥ်ကို လျင်မြန်စွာလည်း တိုးမြှင့်နိုင်လိမ့်မည်။
သူ ထွက်သွားပြီးနောက် လူရိပ်အချို့က မြောက်ဘက် ကြေးခရိုင်ကနေ ပျံသန်းလာလေ၏။
” ဘယ်ဘက်မှာ ကျန်းဟိုင်မြို့က ရှိမှာပါ ”
” ဟုတ်ပြီ။ အရှိန်နည်းနည်းတင်လိုက်ရအောင်။ စီရင်စု၉ခုက တစ်နှစ်အတွင်း မြို့ထဲက အစီအရင်တွေအားလုံးကို ပံ့ပိုးပေးဖို့ အမိန့်ပေးထားတယ်။ သူတို့တွေက ကျန်းဟိုင်မြို့ထဲက အစီအရင် အခင်းအကျင်းတွေရဲ့ အရွယ်အစားကိုလည်း တိုးချင်နေတယ်။ ဒါက ပရောဂျက်ကြီးတစ်ခုပဲ။ ငါတို့ မြန်မြန် မလုပ်ရင် ပြီးမှာ မဟုတ်ဘူး ”
” ပါမောက္ခချန် ဒီလောက် လောနေစရာ မလိုပါဘူး။ ပါမောက္ခက စီရင်စု၉ခုထဲမှာ အကျော်ကြားဆုံး အစီအရင် ပါမောက္ခပဲလေ။ ဝန်အားက များနေပေမဲ့ ပါမောက္ခ ဒီမှာ ရှိနေသရွေ့ အားလုံး ချောချောမွေ့မွေ့ ပြီးသွားမှာ သေချာတယ် ”
ပါမောက္ခချန်ဟု ခေါ်သည့်သူသည် ကျင်းတူသိုင်းကျောင်းတော်၏ အစီအရင် အခင်းအကျင်း ဌာနရှိ ပါမောက္ခတစ်ဦး ဖြစ်သည်။ အစီအရင်သခင်ပဲ ဖြစ်သည်။ သူက စီရင်စု၉ခု အစီအရင်သခင် အဖွဲ့အစည်း၏ ဥက္ကဌ ချန်ချင်းရွှမ်လည်း ဖြစ်သည်။
ချန်ချင်းရွှမ်သည် အစီအရင် အထက်တန်းလွှာ မိသားစုမှ ဆင်းသက်လာပြီး ငယ်ရွယ်စဥ်တည်းက အစီအရင်၏ လွှမ်းမိုးမှု ခံထားရသည်။ သူ၏ ထူးချွန်ပြောင်မြောက်လှသော ပါရမီကြောင့် အစီအရင်၌ သူ၏ သိမြင်နားလည်မှုက ထူးကဲလှပေ၏။
ယခုအခေါက်တွင် စီရင်စု၉ခုက သူ့ကို မြို့တိုင်း၌ အစီအရင်များကို ခွန်အားမြှင့်တင်ရန် ပို့ခဲ့၏။ သူ့အလုပ်တာဝန် ပြီးမြောက်အောင် ပံ့ပိုးပေးရန်အတွက် စီရင်စု၉ခုသည် ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းတစ်ဦးနှင့် ရှန်းထျန်းဆဌမအဆင့် မဟာချီရှန်း လေးဦးတို့ကို သူ့အတွက် ဝေယျာဝစ္စ ဆောင်ရွက်ပေးဖို့ လွှတ်ပေးခဲ့သည်။
သို့သော် ထိုစဥ် ချန်ချင်းရွှမ်က ရုတ်တရက် ရပ်တန့်သွားလေ၏။
” ခဏလေး။ ရှေ့မှာ ထူးဆန်းတာတစ်ခုခု ရှိတယ် ”
လူတိုင်းက ရုတ်တရက် ရက်တန့်သွားပြီး ဇဝေဇဝါဖြစ်ကာ မေးလိုက်တော့သည်။
” ပါမောက္ခချန်။ ဒီတောအုပ်ထဲမှာ ဘာထူးဆန်းတာလဲ ”
ချန်ချင်းရွှမ်က ခေါင်းခါလိုက်လေ၏။
” ငါ အတိအကျ မပြောနိုင်ဘူး။ ဒါပေမဲ့ ခံစားမိနေတယ်။ အစီအရင်သခင်တစ်ယောက်ရဲ့ ခံစားချက်ပဲ။ ဒါပေမဲ့ ဘာလဲဆိုတာ အတိအကျ မပြောနိုင်ဘူး ”
လူတိုင်းက အနည်းငယ် ထိတ်လန့်သွားကြသည်။
” ပါမောက္ခ ချန် ခင်ဗျား နည်းနည်းလောက် ပိုတိတိကျကျ ပြောပြနိုင်မလား ”
ချန်ချင်းရွှမ်က အသက်ပြင်းပြင်း ရှူပြီးနောက် လေးနက်တည်ကြည်သော အမူအယာဖြင့် ပြောလိုက်သည်။
” ငါတို့ ရှေ့ဆက်သွားခဲ့မယ်ဆိုရင် ပြဿနာတက်နိုင်တယ်လို့ ခံစားမိနေတယ် ”
အပိုင်း ၂၀၈ ပြီး၏။