စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၀၃ ထိတ်လန့်အံ့သြဖွယ်ကောင်းလောက်အောင် ချေမှုန်းနိုင်သော။ အံ့ဖွယ်ပါရမီရှင်။
” ကျုံးစီရင်စုက အဓိကမြို့ကြီးတွေ အားလုံးကို သတိပေးချက်တစ်ခု ထုတ်ထားတယ်။ သားရဲနတ်ဘုရား မဟာမိတ်ရဲ့ မဟာမိတ်ခေါင်းဆောင် လုံထူက တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီး ချင်စီရင်စုရဲ့ ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးကနေ ကျုံးစီရင်စုကို လာနေပြီတဲ့ ”
” သူ ဖြစ်နိုင်မလား ”
” လုံထူဆိုတာ ဘယ်သူလဲ ”
လူအုပ်ကြီးထဲရှိ လူငယ်များစွာက ဇဝေဇဝါဖြစ်ကာ မမေးပဲ မနေနိုင်ကြတော့ပေ။ လုံထူ ဘယ်သူမှန်း သူတို့ မသိကြသေးပေ။
တုချန်ဖုန်းက အင်မတန် လေးနက်တည်ကြည်သော အမူအယာဖြင့် ပြောပြလိုက်သည်။
” လုံထူဆိုတာ ငါတို့ အဖေရဲ့ မျိုးဆက်က သိုင်းပညာရှင်တစ်ယောက်ပဲ။ မင်းတို့ မသိတာ နားလည်နိုင်တယ်။ သူက သားရဲနတ်ဘုရား မဟာမိတ်ရဲ့ ခေါင်းဆောင်ဟောင်းပဲ။ သူက သားရဲနတ်ဘုရား မဟာမိတ်ရဲ့ လက်ရှိခေါင်းဆောင်ထက် အသက် ၃ဆပိုကြီးတယ်။ အခု သားရဲနတ်ဘုရား မဟာမိတ်ကို စီရင်စု၉ခု မဟာမိတ်က ဖိနှိပ့်ထားပြီး လမ်းပေါ်မှာ ကြွက်တစ်ကောင်လို ပြေးလွှားနေရတယ်ဆိုတာ မင်းတို့အားလုံး သိတယ်။ ဒါပေမဲ့ ဒါတောင်မှ သားရဲနတ်ဘုရား မဟာမိတ်က သာမန်လူတွေ အထင်သေးလို့ရတဲ့ အင်အားစု မဟုတ်သေးဘူး။ လုံထူ မဟာမိတ်ခေါင်းဆောင် ဖြစ်ခဲ့တဲ့ ကာလတုန်းက သားရဲနတ်ဘုရား မဟာမိတ်က စီရင်စု၉ခု မဟာမိတ်ကို အတော်လေး ဖိအားပေးနိုင်ခဲ့တယ် ”
” အဲ့ဒီတုန်းက သားရဲလူသားတွေက အခုထက် အဆတစ်ရာလောက် ပိုမောက်မာခဲ့ကြတာ။ သူတို့တွေက လူသားတွေရဲ့ မြို့ထဲကိုတောင် ပြောင်ပြောင်တင်းတင်း ဝင်လာရဲတယ် ”
ထိုစကားကို ကြားသောအခါ ဦးရေပြားများ ထုံကျင်ကုန်၏။
လမ်းဘေးကြွက်ကို မောင်းထုတ်ခြင်းနှင့် လမ်းပေါ် ရောက်လာခြင်းက မတူညီသည့် သဘောထားနှစ်ရပ်ဖြစ်ပြီး ကွဲပြားသည့်အမြင် ဖြစ်သည်။ အဆင့်အတန်း၏ သင်္ကေတလည်း ဖြစ်ပြီး ခွန်အား၏ ပြရုပ်လည်း ဖြစ်သည်။ ယခုအချိန်သည့်တိုက် သားရဲနတ်ဘုရား မဟာမိတ်၏ ခွန်အားက ယခင်လောက် မကောင်းတော့ပေ။ လူတိုင်းက သားရဲနတ်ဘုရား မဟာမိတ်ကြောင့် ပျော်ချိန် သူတို့မျက်နှာထက်၌ ကြောက်လန့်မှု တစ်စွန်းတစ်စ ပေါ်နေသေး၏။ အဆုံးတွင်မူ သားရဲနတ်ဘုရား မဟာမိတ်၌ ထိုကဲ့သို့ အစွမ်းထက်သည့် သမိုင်းကြောင်းတစ်ခု ရှိလိမ့်မည်ဟု သူတို့ မထင်ထားပေ။
လုံထူသည် သားရဲနတ်ဘုရား မဟာမိတ်ခေါင်းဆောင် ဖြစ်ခဲ့သည့် ကာလ၌ ယခုလက်ရှိအဆင့်နှင့် ယှဥ်လျှင် သားရဲနတ်ဘုရားမဟာမိတ်က မည်မျှ ပိုသန်မာခဲ့သနည်း။
” ဒါပေမဲ့ လုံထူကို ဖိနှိပ့်နိုင်တဲ့သူ ဘယ်သူ့မှ မရှိ
ဘူး ”
” စီရင်စု၉ခုထဲမှာ နဂါးစာရင်းပေါ်က သိုင်းပညာရှင်တွေ အများကြီး ရှိတယ် မဟုတ်ဘူးလား။ သူတို့တွေက အံ့ဖွယ်ဂိုဏ်းရဲ့ သိုင်းပညာရှင်တွေပဲ။ သူတို့တွေက သူ့ပြိုင်ဘက် မဟုတ်ဘူးလား ”
လူငယ်အချို့က ဇဝေဇဝါ ဖြစ်နေသေး၏။ လုံထူ မည်မျှ သန်မာစေကာမူ နဂါးစာရင်းပေါ်ရှိ သိုင်းပညာရှင်တစ်ယောက်ကို သူ ဘယ်တော့မှ ယှဥ်နိုင်မှာ မဟုတ်ပေ။
ဆိုရလျှင် နဂါးစာရင်းသည် လောကကြီးထဲရှိ ထိပ်တန်းလူ တစ်ဒါဇင်၏ စာရင်းပဲ ဖြစ်သည်။
ဖာ့ကျန်းက ခေါင်းခါပြီး သက်ပြင်းချလိုက်တော့သည်။
” နဂါးစာရင်းပေါ်က သိုင်းပညာရှင်တစ်ယောက်လား။ သူတို့ ဘာကြောင့် မလှုပ်ရှားတာလဲလို့ မင်းတို့ မေးနေတာလား ”
” အဲ့ဒီတုန်းက နဂါးစာရင်းပေါ်က အဆင့် ၃၅ ရထားတဲ့ ကျန်းလင်းယွင်က ရှုံးနိမ့်သွားခဲ့တယ်။ ကမ္ဘာ့ဖီးနစ်စာရင်းက အဆင့် ၄၁ ရထားတဲ့ရွှင်းချင်းဝူကလည်း သူ့ကို ရှုံးသွားခဲ့တာ ”
” အဆုံးမှာတော့ ဓါးမော့နတ်ဘုရား လီလျိုဆွေ့က သူ့ကို အပြည့်အဝ အနိုင်ယူသွားခဲ့တယ်။ ဒီတော့မှ သူ့ကို ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးမှာပဲ နေခွင့်ပြုပြီး ထွက်မလာခိုင်းဘူး ”
ထိုစကား ပြောလိုက်သည်နှင့် နေရာတစ်ခုလုံးက အပြည့်အဝ တိတ်ဆိတ်သွားတော့သည်။
အားလုံး၏ မျက်လုံးထဲ၌ ကြောက်လန့်မှုတစ်စွန်းတစ်စ ပေါ်လာသည်။
လုံထူသည် အမှန်တကယ် ထိုမျှ အစွမ်းထက်သည်လော။ နဂါးစာရင်းနှင့် ဖီးနစ်စာရင်းပေါ်ရှိ သိုင်းပညာရှင်များကတောင် သူ၏ ပြိုင်ဘက် မဟုတ်သည်လော။ အဆုံးတွင်မူ ဓါးမော့နတ်ဘုရား လီလျိုဆွေ့ကြောင့်သာ သူ အပြည့်အဝ ရှုံးနိမ့်သွားတာ ဖြစ်သည်။
လူတိုင်းသည် သူတို့၏ ဦးနှောက် လုပ်ဆောင်ချက်က ပေါက်ကွဲထွက်လာသော သတင်းများကို ခံနိုင်ရည် မရှိတော့ကြောင်း ခံစားမိနေသည်။ ထိုစဥ် တိမ်စိုင် တိမ်မည်းများက ကျန်းဟိုင်မြို့အထက်သို့ ရောက်နေပြီ ဖြစ်သည်။ ကျန်းဟိုင်မြို့၏ သတိပေးချက်က ထွက်ပေါ်လာလေ၏။
အနက်ရောင် တိမ်စိုင်တို့သည် လွှမ်းမိုးနိုင်သော စွမ်းအားကို သယ်ဆောင်လာလျက် ကျန်းဟိုင်မြို့ရှိ သက်ရှိသတ္တဝါများ အားလုံးကို အလိုလို တုန်ယင်စေ၏။ တုချန်ဖုန်းက ချက်ချင်း ပြောလိုက်တော့သည်။
” သိပ်မကြာခင်မှာ ကျန်းဟိုင်မြို့ထဲ သားရဲလူသားတွေ ဝင်လာလောက်တယ်။ မြို့စောင့်တပ်ဖွဲ့နဲ့ ကျန်းဟိုင်သိုင်းကျောင်းတော်ရဲ့ စီနီယာကျောင်းသားတွေက မြို့ထဲကို သားရဲလူသားတွေ မဝင်လာအောင်လို့ ရှေ့ဘက်မှာ ခံစစ်လုပ်ထား ”
ဝန်းရံနေသည့် ကျောင်းသားများသည် ကြိုးစားကြည့်ရန် စိတ်အားထက်သန်နေကာ သူတို့ လက်သီးများကို ပွတ်နေကြ၏။
လုံထူက အလွန်သန်မာသော်ငြား ကျန်းဟိုင်မြို့က သူတို့ မွေးရပ်မြေ ဖြစ်သည်။ တစ်ဖက်သူ မည်မျှ သန်မာစေကာမူ သူတို့ မွေးရပ်မြေကို သူတို့ ကာကွယ်ရသည်။
တုချန်ဖုန်းသည် ကျောင်း၏ ဆရာ၊ ဆရာမများအတွက် မြို့စောင့်တပ်ဖွဲ့ကို ပံ့ပိုးပေးဖို့ အဖွဲ့ကို ဦးဆောင်ရန် အမြန် စီစဥ်လိုက်သည်။ ဖာ့ကျန်းကလည်း ရှေ့တန်းသို့ အမြန် သွားလိုက်၏။ ပြီးနောက် သူက အားလုံးနှင့် ကျန်သည့်သူများကို ပြောလိုက်သည်။
” မစ္စတာ အာရုန်။ ခင်ဗျားက အိန္ဒိယက မိတ်ဆွေတွေပါ။ ကျုပ်တို့ မြို့ရဲ့ ခုခံမှု တိုက်ပွဲမှာ ခင်ဗျားကို ဝင်ပါစရာ မလိုဘူး။ နောက်ကနေ ကျေးဇူးပြုပြီး မြန်မြန်ထွက်သွားပါ ”
အာရုန်က ခေါင်းခါလိုက်၏။
” ငါတို့အားလုံးက လူသားစစ်သည်တော်တွေပဲ။ ကူညီပေးနိုင်တယ်။ သူတို့ကို ငါတို့ အနိုင်မယူနိုင်ရင် ငါတို့ ထွက်သွားမယ် ”
” ကျေးဇူးပါပဲ ”
သူတို့သည် ကျန်းဟိုင်မြို့၏ အရှေ့အရပ်ဆီသို့ အမြန်သွားပြီး ခံတပ်တစ်ခုကို တည်ဆောက်လိုက်သည်။ မလှမ်းမကမ်း၌ လူသားများက ဖုန်မှုန့်များ၊ မီးခိုးများကို နေရာအနှံ့ တစ်ထောင်းထောင်း တွေ့နေရပေသည်။ မြေပြင်က လှုပ်ခါနေပြီး မရေမတွက်နိုင်သည့် အနက်ရောင် အရိပ်များစွာက အမှောင်ထုထဲ ပြေးလွှားလာ၏။
တပ်ဖွဲ့၏ ဖိအားက လူတိုင်းကို နှလုံးခုန်နှုန်း ပိုမြန်လာစေသည်။ သူတို့စိတ်ထဲရှိ အလွန်အကျွံ စိတ်လှုပ်ရှားမှုကြောင့် ပုစဥ်းရင်ကွဲသံများကို ကြားနေရ၏။
” သားရဲလူသားပဲ ”
တစ်စုံတစ်ယောက်က အော်ပြောလိုက်မိသည်။ ကျန်သည့်သူများက သားရဲလူသားတပ်ဖွဲ့ကို မြင်ပြီးသား ဖြစ်သည်။
မရေမတွက်နိုင်သည့် ပုံရိပ်များစွာက ကြယ်တာရာသားရဲများအဖြစ် အသွင်ပြောင်းလျက် တပ်ဖွဲ့ကို ဖောက်ထွက်နေကြသည်။ အချို့က လူပုံသဏ္ဍန်နှင့်ဆင်တူနေသေးပြီး ကြယ်တာရာသားရဲအဖြစ် အပြည့်အဝ မပြောင်းလဲရသေးပေ။
ဂလု။
လူများစွာက တံတွေး မြိုချလိုက်မိ၏။ သူတို့သည် ဤကဲ့သို့ အစွမ်းထက်သည့် သက်ရောက်မှုကို လိုက်လျောညီထွေ မဖြစ်တာ သိသာသည်။
တုချန်ဖုန်းက ချက်ချင်းပင် ကျယ်လောင်စွာ အော်ပြောလိုက်၏။
” သူတို့နဲ့ ထိပ်တိုက် မရင်ဆိုင်နဲ့။ သားရဲလူသားတွေရဲ့ ခန္ဓာကိုယ်က ငါတို့ထက် ပိုသန်မာတယ်။ ထိပ်တိုက်ရင်ဆိုင်တာက သူတို့အတွက် ပိုအကျိုးရှိစေလိမ့်မယ်။ ခံတပ်မှာ နေရာလွတ်တစ်ခု ဖွင့်ထားလိုက်။ သူတို့ ဝင်လာတာနဲ့ ဘေးကနေ တိုက်ခိုက်။ သူတို့ရဲ့ လက်သည်းချွန်တွေကို ရှောင်ဦး ”
ကျင်းတူသိုင်းကျောင်းတော်၏ ယခင် ပါမောက္ခတစ်ယောက်အနေဖြင့် နည်းဗျူဟာများအပေါ် တုချန်ဖုန်း၏ သုတေသန ပြုထားမှုက ထိုလူများထက် ပိုကောင်းသည်။ သူ၏ အမိန့်အောက်၌ နေရာလွတ်ကြီးတစ်ခုကို ခံစစ်၌ ချက်ချင်း ဖွင့်လိုက်သည်။
သားရဲတပ်ဖွဲ့က များပြားလွန်းသောကြောင့် သူတို့က အရပ်မျက်နှာ အလွယ်တကူ မပြောင်းလဲနိုင်ပဲ ရှေ့တန်းသို့သာ တန်းတန်းမတ်မတ် ဝင်ရောက်တိုက်ခိုက်ရသည်။ နှစ်ဖက်ညှပ် တိုက်ခိုက်သည်နှင့် မရေမတွက်နိုင်သည့် သေဆုံးခြင်းနှင့် ဒဏ်ရာရမှုများကို ချက်ချင်း ဖြစ်စေတော့သည်။
သို့သော်ငြား ယင်းက ယာယီ တွက်ချက်မှုသာ ဖြစ်၏။ ယင်းသည် သားရဲလူသား၏ ပထမလှိုင်းကိုသာ ဖြေရှင်းနိုင်မှာ ဖြစ်သည်။ အားလုံးကို ဖြေရှင်းနိုင်မှာ မဟုတ်ပေ။ မကြာမီ၌ နောက်ကွယ်ကနေ သားရဲလူသားများ တစ်ဟုန်ထိုး တက်လာပြီး တိုက်ပွဲကို လျင်မြန်စွာ ဝင်ပါ၏။ တိုက်ပွဲက မတိုးသာ မဆုတ်သာသည့် အခြေအနေ ဖြစ်နေ၏။
ကောင်းကင်ထဲ၌ လုံထူသည် တိမ်တိုက်များပေါ်၌ ရပ်နေ၏။ ယခုအချိန်တွင် သူက ကောင်းကင်နတ်ဆိုးချောက်ကမ်းပါးအောက်ခြေရှိ အနက်ရောင်ဝတ်ရုံဖြင့် အဖိုးအို မဟုတ်တော့ပေ။ ထိုအစား သူက ရဲစွမ်းသတ္တိရှိသည့် မဟာမိတ်ခေါင်းဆောင်ဖြစ်ပြီး နဂါးပုံဖြင့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ လက်နောက်ပစ်ထားလျက် သူ၏ အကြည့်က အားလုံးကို သိမ်းကျုံးသွားလျက် သတ်ဖြတ်လိုရိပ် တစ်စွန်းတစ်စ ပေါ်လာသည်။
သို့သော် သူ မလှုပ်ရှားခဲ့ပေ။ သူ လှုပ်ရှားခဲ့လျှင် ကျန်းဟိုင်မြို့တစ်မြို့လုံးတောင် အမြစ်ပြတ် သုတ်သင်ခံရမည်။ အောက်ရှိ တိုက်ခိုက်နေသော သားရဲလူသားများနှင့် ကျန်သည့်လူသားများဆို ပြောနေရန် မလိုတော့ချေ။
သူ့အဆင့်သို့ ရောက်ရှိပြီးနောက် အောက်ရှိ ပုရွက်ဆိတ်များကို သူ စိတ်မဝင်စားတော့ချေ။
ဓါးမော့ဓါးဝိဇ္ဇာတောင် သူ့ကို ရင်ဆိုင်ရန် အခွင့်အရေး မရှိချေ။ သူသည် လောကကြီးကို တစ်စုံတစ်ခု ကြေညာရန်အတွက် ဓါးမော့ဓါးဝိဇ္ဇာကို ရှာဖို့ ကျန်းဟိုင်မြို့သို့ ရောက်လာတာ ဖြစ်သည်။ ထိုအကြောင်းကြောင့် လုံထူသည် ပြန်လာတာ ရှည်ကြာ၏။
နှစ်ပေါင်းများစွာ ကြာပြီးနောက် သူသည် ကောင်းကင်နတ်ဆိုးချောက်ကမ်းပါးအောက်၌ နေ့ရောညပါ ဆက်တိုက် ကျင့်ကြံနေခဲ့သည်။ သူသည် ဓါးမော့နတ်ဘုရား လီလျိုဆွေ့ကို ရှုံးနိမ့်ခဲ့သည့် ဝေဒနာကို ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရသည်။ လောကကြီးထဲရှိ စီရင်စု၉ခု မဟာမိတ်ကို ပြောပြချင်သည်။ သူ့ကို မည်သူမှ ဖိနှိပ့်ပိုင်ခွင့် မရှိပေ။ သူ လုံထူသာလျှင် ဤလောကကြီးရှိ အရာအားလုံးအထက် ရပ်နေနိုင်တာ ဖြစ်သည်။
သ်ို့သော်ငြား ကုမ္မဏီတစ်ခု ဖွင့်လှစ်သည့်ပမာ မီးရှူး၊ မီးပန်းများ ဖောက်ရန် လိုအပ်ပြီး ဝက်သတ်ကာ ကြေညာဖို့ ဝက်များ၊ သိုးများ သတ်ရန် လိုအပ်သည်။ ဓါးမော့ဓါးဝိဇ္ဇာက သူ၏ ဝက်များနှင့် သိုးများဖြစ်ပြီး ကျန်းဟိုင်မြို့က သူ၏ မီးရှူး၊ မီးပန်း ဖြစ်သည်။
သူသည် စီရင်စု၉ခု၏ ကျန်းဟိုင်မြို့သို့ လာပြီးဖြစ်သောကြောင့် မီးရှူး၊ မီးပန်းဖောက်ကာ စီရင်စု၉ခုလုံးကို ထိတ်လန့်သွားစေရန်နှင့် တစ်လောကလုံး ထိတ်လန့်သွားအောင် လုပ်ရပေမည်။
အမှန်တကယ်တွင် သူက အောက်ရှိ တိုက်ပွဲကို ကြည့်တောင် မကြည့်သလို ကျန်းဟိုင်မြို့ကို ကြည့်လည်း မကြည့်ပေ။ သူက စီရင်စု၉ခု၏ မြောက်ပိုင်းရှိ ရေခဲလွင်ပြင်ဘက်ကိုသာ ကြည့်နေသည်။
လီလျိုဆွေ့။ အနှစ် ၇၀ ရှိသွားပြီ။ ခင်ဗျားရဲ့ ကျင့်ကြံဆင့် ဘယ်လောက်ရောက်သွားပြီလဲဆိုတာ သိချင်မိတယ်။
ကျန်းဟိုင်မြို့ကို ငါ ဖျက်ဆီးရင် ငါ နောက်ထပ် တစ်လှမ်းက မြောက်ပိုင်းအစွန်း ရေခဲလွင်ပြင် ကိုယ်တိုင်လာပြီး တစ်လောကလုံး ရှေ့မှာ မင်းနဲ့ ထပ်တိုက်ခိုက်ဖို့ပဲ။
ဒီတစ်ခေါက် မင်းငါ့ကို အရှက်ခွဲခဲ့တာကို လဲ့စားချေဖို့အတွက် မင်းကို ကိုယ်တိုင် သတ်ပစ်မယ်။
ပြောပြီးစဥ် ဓါးရောင်ခြည်တန်း သုံးခုက မြေကြီးထဲကနေ ရုတ်တရက် ပေါ်ထွက်လာ၏။
သူတို့က လျိုချန်စွင်း၊ လဲ့ရှင်းလင်နှင့် လျန်ချီမူ ဖြစ်သည်။
သုံးယောက်သားက အင်မတန် လေးနက်တည်ကြည်သည့် အမူအယာဖြင့် ပျံသန်းလာတာ ဖြစ်သည်။
လုံထူ၏ ခွန်အားက သန်မာလွန်းသည်။
သူတို့ကဲ့သို့ ရှန်းထျန်းသတ္တမအဆင့်နှင့် ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ဂိုဏ်းများကတောင် အနည်းငယ် မွန်းကြပ်လာသည်။ အံ့ဖွယ်ဂိုဏ်း၏ အဆင့်၃ဆင့်၏ ကျင့်ကြံဆင့်များက ကမ္ဘာခြားနေသည်။ သူတို့သုံးယောက်က အပေါ်သို့ တက်လာပြီး မလှုပ်ရှားကြပေ။ ထိုအစား လက်သီးဆုပ်မိုးလျက် ပြောလိုက်လေ၏။
” ကျွန်တော်တို့တွေ စီနီယာ လုံနဲ့ အရင်က တွေ့ဖူးပါတယ်။ ကျန်းဟိုင်မြို့က စီနီယာ လုံကို ဘယ်လိုများ ရန်စခဲ့မိလဲ မသိဘူး။ ဒါပေမဲ့ စီနီယာ လုံက ကျန်းဟိုင်မြို့ကို တိုက်ခိုက်ဖို့ သားရဲနတ်ဘုရား မဟာမိတ်ကို လူကိုယ်တိုင် ဦးဆောင်ရလောက်တဲ့အထိ ဖြစ်နေတာပဲ ”
လုံထူ၏ အကြည့်က မြောက်ဘက်မှာ ရှိနေသေး၏။ သူက သုံးယောက်သားကို ကြည့်ရန် ရည်ရွယ်ချက် မရှိပေ။ သူက လျိုချန်စွင်းနှင့် ကျန်သည့်သူများကို မျက်စိထဲ မထည့်တာ သိသာနေသည်။
” ငါ လုပ်တဲ့ ကိစ္စတွေကို မင်းတို့တွေကို ငါကိုယ်တိုင် ရှင်းပြဖို့ မလိုဘူး ”
သူ၏ စကားထဲ၌ သားရဲနတ်ဘုရား မဟာမိတ်၏ မယာမိတ်ခေါင်းဆောင်၏ လွှမ်းမိုးနိုင်သော အငွေ့အသက်များ ပြည့်နေသည်။ သူတို့သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အမူအယာများက မှုန်မှိုင်းကုန်၏။ အောက်တွင် တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေသည်။ သုံးယောက်က အံ့ဖွယ်ချီရှန်းများ ဖြစ်၏။ သို့သော်ငြား ကူကယ်ရာမဲ့စွာသာ ကြည့်နေရပြီး တိုက်ပွဲထဲ ဝင်မပါနိုင်ကြပေ။ အကြောင်းမှာ သူတို့ တိုက်ပွဲထဲ ဝင်ပါပြီး လုံထူကို ဒေါသထွက်စေခဲ့လျှင် သူ၏ တိုက်ကွက်များထဲမှ တစ်ကွက်က ကျန်းဟိုင်တစ်မြို့လုံးကို ကောင်းကင်ထဲ ရောက်သွားအောင် ပို့နိုင်သောကြောင့် ဖြစ်သည်။
ဤအတိုင်း ဆက်ဖြစ်ပွားလျှင် ကျန်းဟိုင်မြို့က ဒုက္ခရောက်ပေလိမ့်မည်။
အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် လျိုချန်စွင်းက လက်သီးဆုပ်မိုးလျက် ထပ်ပြောလိုက်သည်။
” စီနီယာ ဒီဂျူနီယာက စီနီယာ သဘောထားကြီးစေပြီး ကျန်းဟိုင်မြို့ရဲ့ လူသားတွေကို အသက်ချမ်းသာပေးဖို့ တောင်းဆိုပါတယ်။ သူတို့အားလုံးက အပြစ်ကင်းပါတယ်။ စီနီယာ သဘောမတူလောက်ဘူးဆိုတာ ဒီဂျူနီယာ သိပေမဲ့ တောင်းဆိုချက်တစ်ခုကို တွေးထားပါတယ်။ စီနီယာကို စိန်ခေါ်ဖို့ ဆန္ဒရှိပါတယ်။ စီနီယာရဲ့ တိုက်ခိုက်မှုကို ခံပါ့မယ်။ ကျွန်တော် ခံနိုင်ရည် ရှိခဲ့ရင် ကျန်းဟိုင်မြို့ကို ကျေးဇူးပြုပြီး လွှတ်ပေးပါ။ကျွန်တော် မခံနိုင်ခဲ့ရင် အသက်ယူလို့ ရပါတယ် ”
ထိုသကားကို ကြားသောအခါ လဲ့ရှင်းလင်နှင့် လျန်ချီမူတို့က အမြန်ပြောလိုက်၏။
” ဓါးတော်စင် မဟုတ်ဘူး ”
” ဟုတ်တယ်။ ရှင်က သူ့အတွက် ပြိုင်ဘက် မဟုတ်ဘူး။ အဲ့ဒီတိုက်ကွက်ကြောင့် သေသွားနိုင်တယ် ”
လျိုချန်စွင်းက အသက်ပြင်းပြင်း တစ်ချက် ရှူပြီးနောက် လေးနက်တည်ကြည်သော အမူအယာဖြင့် ပြောလိုက်သည်။
” ငါ ကျန်းဟိုင်မြို့မှာ အကြာကြီး မနေခဲ့ပေမဲ့ ငါ့ရဲ့ ဘိုးဘေးတွေရဲ့ မွေးရပ်က ဒီမှာလေ။ ဒါကြောင့် ငါ အသက်မရှင်နိုင်ရင်တောင် ကျန်းဟိုင်မြို့ အန္တရာယ် ကြုံတွေ့နေရတာကို ရပ်ကြည့်မနေနိုင်ဘူး ”
” ငါ ထိန်းထားနိုင်ရင် ကျန်းဟိုင်မြို့အတွက် မျှော်လင့်ချက်ရှိကောင်း ရှိမှာပေါ့။ ဒါမှမဟုတ် စီနီယာဓါးမော့ဓါးဝိဇ္ဇာ ပေါ်မလာခဲ့ရင် ကျန်းဟိုင်မြို့က ဒီနေ့ ပြဿနာကြီးတက်ပြီပဲ။ ဒါ့အပြင် တစ်ကွက်တည်းဆိုရင် ခံနိုင်လောက်မှာပါ။ ငါ ခံနိုင်ရည်ရှိပြီး စီနီယာဓါးမော့ဓါးဝိဇ္ဇာ ပေါ်လာတာကို စောင့်မယ်ဆိုရင် ကျန်းဟိုင်မြို့က ကပ်ဘေးက သူ့ဘာ့သာသူ ဖြေရှင်းသွားနိုင်မှာ ”
ထင်သည့်အတိုင်းပင် လုံထူက လျိုချန်စွင်း၏ စကားကို ကြားသောအခါ အနည်းငယ် စိတ်ဝင်စားသွားလေ၏။
နောက်ဆုံးတွင် သူ့အကြည့်ကို ရုတ်ကာ လျိုချန်စွင်းကို ကြည့်လိုက်တော့သည်။
” စိတ်ဝင်စားစရာပဲ။ ဓါးမော့ဓါးဝိဇ္ဇာ ရောက်မလာခင် အချိန်ဖြုန်းနိုင်တာ ကောင်းသားပဲ ”
အပိုင်း ၂၀၃ ပြီး၏။