စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၀၂ ဆေးလုံး။ ဗုဒ္ဓဘာသာနှင့် သားရဲနတ်ဘုရား မဟာမိတ် လုံထူကြား သရေကျခြင်း။
ယဲ့ရှောင်သည် ပုန်းရန် နေရာတစ်နေရာကို အမြန်ရှာတွေ့သွား၏။ ပင်လယ်ကမ်းခြေတောအုပ် ကိုယ်တိုင်သည် လူအနည်းငယ်အတွက် ကြီးမားသော တောအုပ်ကြီးတစ်ခု ဖြစ်သည်။
သိုင်းပညာရှင်တစ်ဦးကတောင် ထိုနေရာ၌ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ပေ။ ထို့ကြောင့် သူသည် ပုန်းရန်နေရာ တစ်နေရာကို အလွယ်တကူ ရှာတွေ့နိုင်၏။ ရှန်းထျန်းဒုတိယအဆင့် ချီရှန်းအဆင့် ကြမ်းတမ်းခြင်းဝက်ဝံ ကြယ်တာရာသားရဲ၏ ဂူဖြစ်သည်။ ကြမ်းကြုတ်သော ဝက်ဝံက သေချာပေါက် ဆန္ဒမရှိပေ။ ထို့ကြောင့် ၄င်းသည် ဂူ၏ ဝင်ပေါက်ဆီသို့ ယဲ့ရှောင် တွန်းထုတ်တာ ခံလိုက်ရ၏။ ပြီးနောက် ယဲ့ရှောင်သည် အသင်္ချေခရမ်းနှင့် သစ်ရွက်နီတစ်ဝက်ကို ထုတ်လိုက်သည်။ ၄င်းက တစ်ဝက်သာ ရှိသော်ငြား အထဲတွင် ပါဝင်သည့် ဝိညာဥ်စွမ်းအင်က သိပ်သည်းလွန်းသောကြောင့် ယဲ့ရှောင်က နှုတ်ခမ်းသပ်မိသွားသည်။ အမှန်တကယ်တွင် အသင်္ချေခရမ်းနဲ့ သစ်ရွက်နီသည် ဝိညာဥ်စွမ်းအင်ရှိရုံသာမက သူတို့က ဝိညာဥ်စွမ်းအင်ပမာဏများစွာလည်း ပါဝင်သည်။ ပန်းဘုရင်သည် ပန်းဘုရင်ဟုခေါ်ရန် ထိုက်တန်ပေ၏။
၄င်းကို အသစ်တစ်ဖန် ပြန်ဖြစ်ခဲ့လျှင် တစ်ချိန်တည်းတွင် ပြုလုပ်ပြီး နည်းမျိုးစုံဖြင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ကာ အဟာရများကို မျှတအောင် လုပ်ရပေလိမ့်မည်။ အသင်္ချေခရမ်းနဲ့ သစ်ရွက်နီကြောင့် အရွယ်ရောက်လာသော ကြယ်တာရာသားရဲများရှိသော်ငြား အနည်းဆုံးတော့ သူတို့၏ အုတ်မြစ်များက သူတို့ ရှန်းထျန်းအဌမအဆင့်သို့ မရောက်ခင် ရှန်းထျန်းနဝမအဆင့်နှင့် ရှိကြ၏။
သူတို့၏ သွေးအဆီအနစ်နှင့် ကြယ်အမြုတေပါ ပေါင်းလိုက်လေရာ ယဲ့ရှောင်သည် ဆေးလုံးက မသန့်စင်ရသေးခင်တောင် သေးသေးမွှားမွှား မဟုတ်ကြောင်း သေချာ ခံစားမိနေပြီ ဖြစ်သည်။ နှောင့်နှေးမနေပဲ သူက ဆေးလုံးကို စတင်သန့်စင်ဖော်စပ်တော့၏။ တစ်သောင်းမှ တစ်ကို အသုံးပြုလိုက်ပြီးနောက် သူက ပါဝင်ပစ္စည်းများအားလုံးကို သန့်စင်ကာ အတွင်းရှိ မသန့်စင်မှုများကို ဖယ်ရှားလိုက်၏။ မကြာမီ၌ အင်မတန် သန့်စင်သော ရွှေရောင်စွမ်းအင်စီးကြောင်းက စတင်သိပ်သည်းလာတော့သည်။ ယဲ့ရှောင်က ဆက်လက် ဖိနှိပ့်နေစဥ် သူတို့၏ အရောင်များက တဖြည်းဖြည်းချင်း သိပ်သည်းလာလေ၏။ အဆုံးတွင် ခရမ်းဖျော့ဖျော့ စတင်ပေါ်ထွက်လာသည်။ ဆေးလုံးက စတင်တုန်လှုပ်လာ၏။
ယင်းက ဆေးလုံးသန့်စင်ခြင်း၌ ကျရှုံးခြင်းကြောင့် မဟုတ်။ သို့သော် ယဲ့ရှောင်၏ ဆက်တိုက် ဖိသိပ်မှုအောက်၌ အင်မတန် အစွမ်းထက်သည့် စွမ်းအင်က နက်ရှိုင်းစွာ သိပ်သည်းလာလေ၏။ သွေးအဆီအနစ်နှင့် ဝိညာဥ်စွမ်းအင် ရောနှောသွားပြီး ကိုယ်ပိုင် အသိစိတ်တစ်ခု ဖွဲ့တည်လာကာ ယဲ့ရှောင်၏ ထိန်းချုပ်မှုကို ခုခံပြီး ထိန်းချုပ်မှုကနေ လွတ်မြောက်ချင်၏။
ယင်းက သာမန်တော်ဝင်ဆေးလုံးတစ်လုံး လုပ်နိုင်မည့် ပမာဏထက် ပိုနေသည်။ သာမန် တော်ဝင်ဆေးလုံးကို ရှန်းထျန်းဆဌမအဆင့် ကြယ်တာရာသားရဲတစ်ကောင်ကို အသုံးပြုပြီးတောင် သန့်စင်နိုင်၏။ ယခု ယဲ့ရှောင်သည် ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲ လေးကောင်ကို အသုံးပြုထားသည်။ ထို့ကြောင့် ရှန်းထျန်းသတ္တမအဆင့်နှင့် ရှစ်ရောင်ခြယ် အသင်္ချေခရမ်းနှင့် သစ်ရွက်နီတို့၏ ခွန်အားကို သုံးပြီး သန့်စင်နေတာပဲ ဖြစ်သည်။ အတွင်းရှိ စွမ်းအင်က ရှန်းထျန်းဆဌမအဆင့် ကြယ်တာရာသားရဲတစ်ကောင်ထက် အဆပေါင်းများစွာ ပိုများသည်။
ယင်းက ယဲ့ရှောင်၏ ချုပ်နှောင်မှုကနေ လွတ်မြောက်နိုင်မည်ဆိုလျှင် ၄င်း၏ များပြားလှသော ဝိညာဥ်စွမ်းအင် သွေးအဆီအနစ်ကို အားထားပြီး အင်မတန် အစွမ်းထက်သော အသက်ဓာတ်တစ်ခု ဖြစ်ပေါ်လာရန် အခွင့်အရေး ရှိလိမ့်မည်။ အခြားသော အဂ္ဂရိတ်ဆရာဆိုပါက အတော်ဆုံး အဂ္ဂရိတ်ဆရာတောင် ၄င်းကို ထိန်းထားနိုင်မှာ မဟုတ်ပေ။ သို့သော် ယဲ့ရှောင်က မတူညီပေ။ သူက အဂ္ဂရိတ်ဆရာ မဟုတ်။ အဂ္ဂရိတ်ပညာရပ်က သူ၏ အရံပညာရပ်သာ ဖြစ်သည်။ သူ၏ စစ်မှန်သော အထောက်အထားက အင်မတန် အစွမ်းထက်သော သိုင်းပညာရှင်တစ်ဦး ဖြစ်၏။ ဆေးလုံးနှင့် ရေစွမ်းအင်က သူ၏ ချိတ်ပိတ်မှုကို ဖြိုခွဲရန် မလုံလောက်။ သူ့ ထိန်းချုပ်မှုကနေ မလွတ်မြောက်နိုင်ပေ။
သူ့လက်ဖဝါးထဲရှိ မနာခံသော ဝိညာဥ်စွမ်းအင် ဘယ်လက်နှင့် သွေးအဆီအနစ်ကို ကြည့်ပြီး ယဲ့ရှောင်က ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို တန်းသုံးကာ ၄င်းကို အညှာအတာမရှိ ချေဖွပစ်လိုက်သည်။ ဖွဲ့တည်ထားသော ဝိညာဥ်စွမ်းအင်တစ်ခုလုံးက တစ်စစီ ဖြစ်သွား၏။ ဝိညာဥ်စွမ်းအင်မရှိပဲ ၄င်း၏ သွေးအဆီအနစ်သည် ကျောထောက်နောက်ခံ ကင်းမဲ့သွားကာ ယဲ့ရှောင်၏ ဝိညာဥ်စွမ်းအင် ဖိနှိပ့်တာ ခံလိုက်ရသည်။ ၄င်းသည် အခြေအနေကို မည်မျှ ပြောင်းချင်စေကာမူ အသုံးမဝင်ပေ။
သို့သော် မကြာမီ၌ ယဲ့ရှောင်က ဆေးလုံးသန့်စင်သည်နှင့် ဝိညာဥ်စွမ်းအင်ပမာဏများစွာက ထပ်မံ သိပ်သည်းလာပြန်၏။ ၄င်းသည် ယဲ့ရှောင်ကို တိုက်ခိုက်ရန် သွေးအဆီအနစ်များကို ဦးဆောင်နေ၏။
ကံဆိုးသည်မှာ ယဲ့ရှောင်ဆီကနေ နောက်ထပ် ထိုးနှက်ချက် ကြုံဆုံလိုက်ရသည်။ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုက ၄င်းကို ထပ်မံ ဖြိုခွဲလိုက်ပြန်၏။ ပြီးနောက် တတိယအကြိမ်၊ စတုတ္ထအကြိမ်၊ ပဥ္စမအကြိမ်။ အကြိမ်တိုင်း၌ ယဲ့ရှောင်က အညှာအတာကင်းမဲ့ခဲ့၏။ ၄င်းကို အကြောင်းပြချက်မရှိ ချေမှုန်းပစ်ခဲ့သည်။ သူ၏ နည်းလမ်းက ကြမ်းကြုတ်ကာ ရက်စက်လွန်းပြီး အဂ္ဂရိတ်ပညာရပ်၏ သမိုင်းကြောင်း
တစ်ခုလုံး၌ တစ်ခါမှ ပေါ်မလာတာ ဖြစ်လောက်သည်။
အမှန်တကယ်တွင် ထိုကဲ့သို့ အဆင့်အတန်းရှိသည့် ယဲ့ရှောင်မှအပ ကျန်သည့်သူများက ထိုကဲ့သို့ စံသတ်မှတ်ချက်လည်း မရှိသည့် နည်းလမ်းများကို သုံးချင်ကြသည်။ ရှန်းထျန်းအဌမအဆင့် အဂ္ဂရိတ်ပညာရှင်တစ်ဦးသည် ဧရာမဝက်ဝံထက်တောင် ပိုတောင် ရှားပါးသည့် တည်ရှိမှု ဖြစ်၏။ နောက်ဆုံးတွင် အကြောင်းပြချက်မရှိ ညှင်းပမ်းမှု။ အကြိမ်ပေါင်းများစွာနှင့် ယဲ့ရှောင်၏ ဖိနှိပ့်မှုကို တွေ့ကြုံပြီးနောက် ဆေးလုံးက နောက်ဆုံးတော့ ဖွဲ့တည်ပြီးသွားပြီ ဖြစ်သည်။ ၄င်းက မခုခံတော့ပဲ
ယဲ့ရှောင်၏ လက်ဖဝါးနား၌ လှည့်ပတ်နေလေ၏။
ယခုအချိန်တွင် ဒုတိယမြောက်နေ့၏ နံနက်သို့ ရောက်နေပြီ ဖြစ်သည်။ သက်ရှိသတ္တဝါများအားလုံး ငြိမ်းချမ်းမှုနှင့် ဆိတ်ငြိမ်မှုကို နှစ်ခြိုက်ခံစားနေသည့်အချိန် ဖြစ်သည်။ ရုတ်တရက် မိုးခြိမ်းသံ တစ်သံ ကြားလိုက်ရပြီး တောအုပ်ထဲရှိ ကြယ်တာရာသားရဲများ အားလုံးက ထိန်းချုပ်မရအောင် စတင်တုန်ယင်ကုန်၏။
မနေ့တုန်းက ကပ်ဘေးကို တွေ့ကြုံခဲ့ရပြီး သူတို့က အနားယူရန် အချိန်မရှိခဲ့ပေ။ မျက်တောင်တစ်ခတ်အတွင်း ထပ်မံ တုန်လှုပ်လာပြန်၏။
ယဲ့ရှောင်က မကြောက်ပေ။ ထိပ်တန်းအဆင့် ပစ္စည်းတစ်မျိုး ပေါ်ပေါက်လာချိန်၌ အထက်ရှိ စွမ်းအား နိယာမသည် ကျရောက်လာပြီး ပျော်ရွှင်မှုတွင် ဝင်ပါလာ၏။ ပထမဆုံးအကြိမ်တွင် သူ ထိတ်လန့်ကောင်း ထိတ်လန့်နိုင်သော်ငြား။ ဒုတိယအကြိမ်၊ တတိယအကြိမ်။ အကြိမ်ပေါင်းများစွာ တွေ့ကြုံပြီးနောက် သူက ၄င်းကို အသားကျနေပြီး ဖြစ်သည်။
လျှပ်စီးက ဂူကို ထိမှန်သွားပြီး ဂူကို အက်ကွဲသွားစေကာ ယဲ့ရှောင် ခေါင်းတည့်တည့်ကို ပစ်ခတ်လာ၏။ သို့သော်ငြား ယဲ့ရှောင်၏ ခေါင်းအထက်ရှိ ဝိညာဥ်စွမ်းအင်ကို မဖြိုခွဲနိုင်ပေ။ ယဲ့ရှောင်က လျှပ်စီးမိုးကြိုးကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခံမနေပဲ ဆေးလုံးကို တန်းဝါးမြိုလိုက်သည်။
ဖုန်း။
ချက်ချင်းပင် ၄င်း၏ ခန္ဓာကိုယ်ကနေ သူ ခံနိုင်သည့် စွမ်းအင်ပမာဏက ပေါ်ထွက်လာလေ၏။ စွမ်းအင်က သန်မာလွန်းသောကြောင့် သူ၏ အတွင်းကလီစာများကို အကန့်အသတ်ထိရောက်အောင် ချက်ချင်း ပြည့်သွားစေသည်။ သူ၏ သွေးအဆီအနစ်ကို လျင်မြန်စွာ တိုက်ခတ်ကာ သူ၏ ရုပ်ခန္ဓာတစ်ခုလုံးကိုတောင် တိုက်ခိုက်နေလေ၏။
သူ၏ ဝိညာဥ်ကလည်း ကြမ်းတမ်းသည့် သက်ရောက်မှု ခံစားလိုက်ရပြီး မနားခံပဲ စတင်တုန်လှုပ်တော့သည်။
သူ၏ ဝိညာဥ်ကလည်း ကြမ်းတမ်းသည့် သက်ရောက်မှုကို ခံစားလိုက်ရပြီး မနာခံပဲ စတင်တုန်လှုပ်လာလေ၏။
ရေကြီးသကဲ့သို့ပင်။ မြစ်က တာကျိုးသွားရာမှ မြစ်ရေသည် တားမရစီးမရ ထွက်လာပြီး မတားမြစ်နိုင်တော့သည့်ပမာ ဖြစ်နေ၏။ သို့သော် ယဲ့ရှောင်က အနည်းငယ်မျှ မလှုပ်ခဲ့ပေ။ ရွှေရောင်စာအုပ်သည် သူ၏ ဝိညာဥ်ခန္ဓာကို ကာကွယ်ပေးရန် အလင်းတန်းတစ်ခု ထုတ်ဖော်လိုက်သည်။ သူ၏ ဝိညာဥ်ခန္ဓာ မပျက်စီးသရွေ့ စိတ်စွမ်းအား ဖျက်စီးမခံရသရွေ့ သူ၏ ခန္ဓာကိုယ်ကို ထာဝရဖျက်ဆီးနိုင်မှာ မဟုတ်ပေ။
ကျင့်စဥ်များအားလုံးက အရောင်မတူညီသည့် အလင်းဘီးများပမာပင်။ သူ့ခန္ဓာကိုယ်ထဲ၌ လျင်မြန်စွာ လည်ပတ်နေကြပြီး ထိုစွမ်းအင်ကို လျင်မြန်စွာ ဝါးမြိုပြီး ချေဖျက်နေကြ၏။
ကြမ်းကြုတ်သော ဝိညာဥ်စွမ်းအင်နှင့် စိတ်စွမ်းအားသည် မျက်တောင်တစ်ခတ်အတွင်း ကျင့်စဥ်များကြောင့် ဖိအားပေး ပိတ်ဆို့ခံလိုက်ရသည်။ ပြီးနောက် အရာအားလုံးက ပြောင်းပြန်လှန်သွားကာ သူ အသုံးပြုသည့် ယဲ့ရှောင်၏ စွမ်းအင်အဖြစ် ပြောင်းလဲသွားလေ၏။ သူ၏ ခန္ဓာကိုယ်ကို အဆုံးမရှိ စတင်ပြုပြင်နေသည်။ သူ၏ ခန္ဓာကိုယ်ကို ခွန်အားများ ဖြည့်ပေးနေ၏။ ယဲ့ရှောင်၏ ရှန်းထျန်းအဌမအဆင့် ခန္ဓာကိုယ်သည် ပိုတောင် သန်မာပြီး တစ်ဆင့်တက်သွားသည်။
ယဲ့ရှောင်၏ ချီသွေးကြောများမှ အရှိန်ဝါတို့သည်လည်း တဖြည်းဖြည်းချင်း စတင်ပေါ်ထွက်လာ၏။ အသစ်စက်စက် ပေါ်ထွက်လာသော အရှိန်အဝါသည် ယဲ့ရှောင်၏ ယခင် အရှိန်အဝါကို အပြည့်အဝ ကျော်တက်သွားသည်။
ယဲ့ရှောင်က လက်ခွဲပေးလျက် ခန္ဓာကိုယ်ကို လျှပ်စီးပစ်ချခွင့် ပေးလိုက်တော့သည်။ သူက ခုခံရန် ဝိညာဥ်စွမ်းအင် အသုံးမပြုခဲ့ပေ။ ဖျက်ဆီး၍မရသော စိတ်နတ်ဘုရားသိုင်းကိုလည်း မသုံး။ ထိုအစား လျှပ်စီးကို သူ၏ ရုပ်ခန္ဓာ သီးသန့်ဖြင့်သာ ခံခဲ့သည်။
ရှန်းထျန်းနဝမအဆင့် သိုင်းပညာရှင်တစ်ဦးသည် ဝဋ်ကြွေးချေမိုး လျှပ်စီး၏ အောက်၌ မိုးကြိုးပစ်ခံနေ၏။
မီးတောင်ထဲမှ ဖီးနစ် မွေးဖွားသည့်ပမာ ရှန်းထျန်းအဌမအဆင့်၏ အားနည်းမှုကို ဖယ်ရှားပြီးနောက် ပိုတောင် အစွမ်းထက်သည့် အသက်ဓာတ်ကို ထုတ်ပြလာလေသည်။
အချိန်များက တစ်တိတိ ကုန်ဆုံးသွားလေ၏။ မနက်ကိုးနာရီတွင် ကျန်းဟိုင်မြို့က အင်မတန် စိတ်လှုပ်ရှားဖွယ် တိုက်ပွဲတစ်ခုလည်း ရှိလာသည်။
ရှောင်လင်၏ ဖာ့ကျန်းက အိန္ဒိယဗုဒ္ဓ အာရုန်နှင့် ရင်ဆိုင်တိုက်ခိုက်မှာပဲ ဖြစ်သည်။ နှစ်ယောက်လုံးက မဟာချီရှန်းများ ဖြစ်၏။ ထို့ကြောင့် သူတို့သည် လျိုချန်စွင်းနှင့် မူရာကာမီပေ့ချွမ်ကို နှင်းဆီနှစ်ပွင့်ပေး အနိုင်ယူခဲ့သော ယဲ့ရှောင်နှင့် မယှဥ်နိုင်တာ သေချာသည်။
သို့သော် ကျန်းဟိုင်မြို့ကဲ့သို့ သိုင်းပညာရှင်အများစု မသန်မာသည့် နေရာအတွက် သူတို့၏ တိုက်ပွဲက စောင့်ကြည့်ရန် ထိုက်တန်သေးသည်။
တိုက်ပွဲ စိတ်လှုပ်ရှားဖွယ် ကောင်းမှုကို စကားလုံးအနည်းငယ်မျှဖြင့် မဖော်ပြနိုင်ပေ။ ပွဲကို ကြည့်နေစဥ်အတောအတွင်း ပရိသတ်သည် အံ့သြမှု တစ်ခုပြီးတစ်ခုရကာ ထိတ်လန့်မှုတစ်ခုပြီးတစ်ခု ဖြစ်လာလေ၏။
အာရုန်၏ ကျင့်စဥ်က လှည့်ကွက်များ၏။ သို့သော် ယင်းက ဗုဒ္ဓကျင့်စဥ် အစစ်လည်း ဖြစ်သည်။ သူ၏ လှုပ်ရှားမှုများက ကျော့ရှင်းကာ တလက်လက် တောက်ပနေသည်။
ဖာ့ကျန်း၏ ကျင့်စဥ်က ကြွယ်ဝပြီး တောက်ပမှုပါသည်။ သူ၏ အရှိန်က အာရုန်လောက် မမြန်သော်ငြား သူသည် ကြီးမားသော ကျောက်ဆောင်တစ်ဆောင်ပမာ ခိုင်မြဲလှပေ၏။ အာရုန်၏ တိုက်ကွက်များကို မကြာခဏ တန်ပြန်တိုက်ခိုက်နေလေရာ သူ့ကို လူအများ ဆက်တိုက် ချီးကျူးစေတော့သည်။
နှစ်ယောက်သားက တစ်နာရီတိတိ ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။ နောက်ဆုံး၌ လက်ဝါးရိုက်ချက်တစ်ချက်ပြီးနောက် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက အပြည့်အဝ ခမ်းခြောက်သွားပြီ ဖြစ်သည်။ သူတို့ ဆက်လက် မတိုက်ခိုက်နိုင်တော့ပေ။
” အောမီထောဖော။ ဒီတစ်လှည့် နှစ်ယောက်လုံး သရေပဲ ”
ရှောင်လင်နှင့် အိန္ဒိယ ဗုဒ္ဓဂိုဏ်း၏ အကြီးအကဲများ၏ မျက်မြင်ရှေ့မှောက်၌ ရင်ဆိုင်မှုက သရေဖြစ်သွားသည်။ လက်ခုပ်သံများက မိုးခြိမ်းသံပမာသောင်းသောင်းဖြဖြ ပေါ်ထွက်လာပြီး လက်ခုပ်တီးသံတို့က ပဲ့တင်သံ ထွက်ပေါ်လာ၏။
အာရုန်က သက်ပြင်းချလိုက်မိသည်။
” အဆုံးမှာတော့ ဆန်းကြယ်တဲ့ စီရင်စု၉ခု ဖြစ်နေတာပဲ။ နှစ်ပေါင်းများစွာကြာပြီးတာတောင် ဆန်းကြယ်မှုတစ်ရပ် ပေါ်ပေါက်လာသေးတယ် ”
” ဒီတစ်လှည့် နုံချာတဲ့ ရဟန်းက သရေကျတာ ကံကောင်းတယ်လို့ သတ်မှတ်လို့ရပါတယ်။ နည်းနည်းလေး ဂရုမဲ့မိတာနဲ့ ရှုံးသွားမှာ ”
ဖာ့ကျန်းက ပြုံးပြီး ပြောလိုက်၏။
” ရောင်းရင်း သိုင်းပညာရှင်က နိမ့်ချလွန်းတယ်။ ကျုပ်ရဲ့ ခုခံမှုက စိတ်စွမ်းအားကျင့်စဥ်ကို အခြေပြုထားတာ။ ဆန့်ကျင်ဘက်အနေနဲ့ စိတ်စွမ်းအားကျင့်စဥ်ကို အခြေအနေထိရောက်အောင် မကျင့်ကြံရသေးဘူး။ အဲ့ဒါကို အသုံးပြုတဲ့အချိန် ဟာကွက်တွေ ရှိနေတုန်းပဲ။ ရောင်းရင်း သိုင်းပညာရှင် အာရုန်ကသာ ကျုပ်ကို ညှာပေးတဲ့သူပါ ”
အာရုန်က ခေါင်းခါလိုက်လေ၏။
” ခင်ဗျားကပဲ ညှာညှာ ကျုပ်ကပဲ ညှာညှာ ကိစ္စမရှိဘူး။ ခင်ဗျားရဲ့ ခုခံမှုက လက်ရှိ ဗုဒ္ဓရဲ့ တပည့်သာဝကတွေရဲ့ လက်ရှိ မျိုးဆက်တွေထဲမှာ အသန်မာဆုံးဆိုတာ သေချာတယ်။ ခင်ဗျားရဲ့ စိတ်စွမ်းအားကျင့်စဥ်နဲ့ပါ ပေါင်းလိုက်တော့ ပြည့်စုံတယ်လို့ ပြောလို့ရတယ်။ ဒါ့အပြင် ခင်ဗျား အပြည့်အဝ မကျွမ်းကျင်သေးပေမဲ့ ဒီလောက် အစွမ်းထက်နေပြီးပြီ။ အဲ့ဒါကိုသာ ကျွမ်းကျင်သွားခဲ့မယ်ဆိုရင် ဒီရဟန်းအိုက သရေတောင် မကျနိုင်မှာ စိုးရိမ်မိပါရဲ့ ”
” ဒီနေ့ရဲ့ ပြိုင်ပွဲအတွက် ဒီနေ့တော့ နားလိုက်ရအောင်။ ကံဆိုးတာက ဖာ့ရှင်းကို မတွေ့ရသေးဘူး ”
အာရုန်၏ လေသံ၌ စိတ်ပျက်မှုများ ပြည့်နေသည်။
သူ၏ ဘဝ၌ ထိုစဥ်က နောင်တကို ဖာထေးပေးရန် ဖာ့ရှင်းကို တွေ့ဖို့ အမြဲတမ်း အိမ်မက်မက်ခဲ့သည်။ ထိုစဥ်က ဖာ့ရှင်း၏ လက်ဝါးသည် သူ့ကို ချက်ချင်း အနိုင်ယူသွား၏။ သူ၏ စိတ်ဝိညာဥ်အတွင်းထဲထိအောင် တုန်လှုပ်နေသော လက်ဝါးရာသည် သူ့ကို အချိန်အတော်ကြာထိ မမေ့နိုင် ဖြစ်စေခဲ့သည်။ မျက်လုံးမှိတ်တိုင်း ထိုလက်ဝါးကို မြင်နေပုံ ပေါ်၏။ ကံဆိုးသည်မှာ သူ မည်မျှ စောင့်ရမည်မှန်း မသိပေ။
ဖာ့ကျန်းသည် ဖာ့ရှင်း အမည်ကို ကြားသောအခါ သူသည်လည်း စိတ်ပျက်သွားရ၏။ ဆိုရလျှင် ဖာ့ရှင်းက သူ၏ ညီလေး ဖြစ်သည်။
သို့သော် ထိုစဥ် မတော်တဆဖြစ်ရပ် ဖြစ်ပွားလာလေ၏။
ကောင်းကင်ထဲ၌ အနက်ရောင် တိမ်စိုင်တိမ်မည်းတစ်ခုက ပြန့်လွင့်လာသည်။ ယင်းက အနက်ရောင် တောင်တန်းနှင့်တူပြီး သူတို့၏ ခေါင်းပေါ် ကျဆင်းလာ၏။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် ရှိနေသည့်သူအားလုံးနှင့် ကျန်းဟိုင်မြို့ရှိ သိုင်းပညာရှင်များ အားလုံးကိုတောင် ရင်ထဲ တင်းကြပ်လာစေပြီး အသက်ရှူရ ခက်ခဲလာစေ၏။
” အဲ့ဒါ ဘာလဲ ”
” မိုးကြိုးတိမ်တိုက်လား ”
” မဟုတ်ဘူး။ မိုးလေဝသဌာနက ဒီနေ့ မိုးမရွာဘူးလို့ ပြောထားတာမလား ”
သို့သော်ငြား ဖာ့ကျန်း၊ အာရုန်နှင့် ကျန်းဟိုင်မြို့၏ သိုင်းပညာရှင်များက ထိုအနက်ရောင်တိမ်တိုက်ကို မြင်တွေ့သည့်အချိန်၌ သူတို့ မျက်နှာများ တည်ကြည်သွားကြသည်။
” မိစ္ဆာအငွေ့အသက်။ ဒီလို သိပ်သည်းတဲ့ မိစ္ဆာအငွေ့အသက်က ဘာကြောင့် ရှိနေရတာလဲ ”
” နတ်ဆိုးဂိုဏ်းက တစ်ယောက်ယောက်များလား ”
လူတိုင်းက ဇဝေဇဝါ ဖြစ်နေကြစဥ် တုချန်ဖုန်းက ရုတ်တရက် ဖုန်းဝင်လာလေ၏။
” ဘာပြောလိုက်တာ။ သားရဲလူသားလား။ သားရဲလူသားတွေ အများကြီးလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သားရဲလူသားက ဘယ်ကနေ ပေါ်လာတာလဲ ” ။ အသံကို ကြားသောအခါ အားလုံး၏ အမူအယာက ပိုတောင် သုန်မှုန်လာပြီး လူများစွာက စတင် ကြောက်လန့်လာကြတော့သည်။
အပိုင်း ၂၀၂ ပြီး၏။