Switch Mode

Chapter – 201

ကြယ်ဆုံသော ကောင်းကင်မှာ မင်း ထွန်းလင်းတောက်ပမဲ့ အချိန်ကို ငါ ကြည့်နေမယ်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၀၁ ကြယ်ဆုံသော ကောင်းကင်မှာ မင်း ထွန်းလင်းတောက်ပမဲ့ အချိန်ကို ငါ ကြည့်နေမယ်။

ရှားပင်းနဥ်သည် သူမ၏ တစ်ဘဝလုံး၌ ဤကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းကို တစ်ခါမှ မမြင်ဖူးပေ။
ရှန်းထျန်းအဌမအဆင့် သိုင်းပညာရှင်တစ်ယောက်က သူမနှင့် အဆင့်တူ ကြယ်တာရာသားရဲတစ်ကောင်ကို ချက်ချင်း သတ်ဖြတ်ခဲ့သည်။ ကျားတစ်ကောင်က ယုန်တစ်ကောင်ကို ရိုက်ချလိုက်သည့်ပမာ ဖြစ်နေသည်။ ယင်းက ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲတစ်ကောင် ဖြစ်သည်။ ကြုံရကျပန်း ကြောင် မဟုတ်။ ခွေးလည်း မဟုတ်ပေ။ ယင်းက ပုရွက်ဆိတ်လည်း မဟုတ်။ ပိုးဟပ်လည်း မဟုတ်ပေ။ သို့သော်ငြား ယဲ့ရှောင်၏ လက်ထဲတွင် ယင်းသည် ရှန်းထျန်းအဌမအဆင့်နှင့် တူမနေပဲ ဟို့ထျန်းအဌမအဆင့်ဟု အဘယ့်ကြောင့် ထင်မှတ်ရသနည်း။ ထိုစဥ် နောက်ကွယ်ရှိ ကြယ်တာရာသားရဲများက ယဲ့ရှောင်၏ ခွန်အားကို အာရုံခံမိပြီး ဖြစ်သည်။ သို့သော် သူတို့အရှိန်က မြန်လွန်းနေ၏။ ထို့အပြင် အချိန်မှီ ရပ်တန့်ဖို့ အချိန်မရှိပေ။
တတိယမြောက် ကြယ်တာရာသားရဲသည် နောက်ကွယ်ကနေ ပြင်းအားကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာချိန်၌ ၄င်း၏ အရှိန်ကို လျှော့ချလိုက်သည်။ အကြောင်းမှာ ၄င်း၏ အသင်းဖော်က အရှိန်မလျှော့သွားပဲ သူ့ခန္ဓာကိုယ်နှင့် ဝင်တိုက်မိသွားသောကြောင့် ဖြစ်သည်။ ထိုဖိအားက ၄င်းကို ယဲ့ရှောင်ဆီသို့ တွန်းပို့ပေးလိုက်သည်။ ၄င်း၏ မျက်နှာထက်တွင် ပေါ်ပေါက်လာသော အကြောက်တရားက ၄င်း ကြံစည်မှုနှင့် မယှဥ်နိုင်ပေ။ ၄င်းက ယဲ့ရှောင်နှင့် ကျင့်ကြံဆင့်တူသော်ငြား ၄င်း၏ အမြင်တွင် ယဲ့ရှောင်သည် သေမင်းပဲ ဖြစ်သည်။ အော်သံမကြားရသေးချိန် ယဲ့ရှောင်၏ တထဂတာ နတ်လက်ဝါး ထုတ်ဖော်ပြီး ဖြစ်နေ၏။
ဖုန်း။
ရွှေရောင်လက်ဝါးရာက မြေအောက်၌ ပေါက်ကွဲသွားပြီးနောက် တစ်ဖက်သူကို အသားမွှာအဖြစ် တိုက်ရိုက် ပြောင်းလဲပေးလိုက်သည်။ ၄င်းက မြေကြီးကိုတောင် လှုပ်ခါစေပြီး တွင်းပေါက်ကြီးတစ်ခု ဖွဲ့တည်လိုက်သည်။
ကျန်ရှိသော အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ သုံးကောင်က မည်ကဲ့သို့ ကြာကြာနေရဲမည်နည်း။ အားလုံးက သူတို့၏ အစွမ်းအထက်ဆုံး ခွန်အားကို ထုတ်ဖော်ပြီး ပြန်ပြေးကြတော့သည်။ ကံဆိုးသည်မှာ သူတို့က ယဲ့ရှောင်ထံမှ မလွတ်မြောက်နိုင်ပေ။
တော်ဝင်ဓါးသိုင်းကို ထုတ်ဖော်လိုက်ပြီး များစွာသော ဓါးအလင်းများက မြေအောက်ထဲသို့ မိုးကြိုးလုံးများပမာ ကျရောက်လာသည်။
ဖုန်း ဖုန်း ဖုန်း။
မျက်တောင်တစ်ခတ်အတွင်း သူတို့က အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ သုံးကောင်ကို ဖမ်းမိသွားသည်။ များစွာသော စွမ်းအင်များက သူတို့ကို ထိမှန်ပြီး ထပ်ခါတလဲလဲ အော်နေကာ သူတို့ ခန္ဓာကိုယ်များကလည်း ခဏတာ ရပ်တန့်သွားလေ၏။
ထိုကဲ့သို့ အခိုက်အတန့်ကို အခွင့်ကောင်းယူကာ ယဲ့ရှောင်က လက်မြှောက်ပြီး သူ၏ အနန္တကပ်ဘေးလက်ချောင်း သုံးခုကို ထုတ်ဖော်လိုက်သည်။
အနန္တကပ်ဘေးလက်ချောင်း သုံးချောင်းသည် မိုးကြိုးနှင့် လျှပ်စီး၏စွမ်းအင် ပါဝင်သည်။ ချက်ချင်းပင် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲသုံးကောင်၏ ခေါင်းကို ထိုးဖောက်သွားလေ၏။ သူတို့အားလုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရသည်။ တစ်ယောက်မှ အသက်မရှင်ပေ။
” သိပ်သန်မာတာပဲ ”
မြင်ကွင်းကို တစ်ဖက်ကနေ ကြည့်နေသော ရှားပင်းနဥ်က အပြည့်အဝ အံ့သြဆွံ့အသွားလေ၏။
သူသည် အစက ယဲ့ရှောင်ကို ဆွဲချင်ခဲ့သည်။ အကြောင်းမှာ သူမကို ကူညီစောင့်ကြပ်ပေးစေချင်တာပဲ ဖြစ်သည်။ သို့မှသာ သူမ တိုက်ခိုက်နေစဥ် အသင်္ချေခရမ်းနှင့် သစ်ရွက်နီက မထွက်ပြေးသွားမှာပဲ ဖြစ်သည်။ ယဲ့ရှောင် သန်မာကြောင်း သူ တွေးမိသည့်အချိန်၌ ယဲ့ရှောင်သည် ကျန်သည့် သာမန်ရှန်းထျန်းအဌမအဆင့် သိုင်းပညာရှင်များနှင့် မခြားလောက်ဟုတောင် သူမ ထင်ခဲ့မိသည်။ သို့သော်ငြား လူပျက်က သူမသာလျှင် ဖြစ်နေမည်ဟု မထင်ထားပေ။ ထိုယဲ့ရှောင်က အဓိပ္ပာယ်မရှိလောက်အောင် သန်မာ၏။
သူက သန်မာလွန်းသောကြောင့် သူမ ၄င်းကိုတော်တော် နားမလည်ပေ။
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ ခြောက်ကောင်လုံးက သူနှင့် အဆင့်တူညီသည်။ သူတို့အားလုံးက ရှန်းထျန်းအဌမအဆင့် သိုင်းပညာရှင်များ ဖြစ်သည်။ ထိုသို့တိုင် သူက တစ်ကောင်ကို တစ်ချက်တည်းဖြင့် အနိုင်ရခဲ့၏။ ယင်းက နယ်ပယ်တူအတွင်း ပြိုင်ဘက်ကင်းသည်ဟု ဆိုလိုတာပဲ ဖြစ်သည်။ တစ်ချိန်တည်းတွင် အဝေးရှိ ရှစ်ရောင်ခြယ်အလင်းက ရုတ်တရက် ဖျတ်ခနဲ လှုပ်သွားတော့သည်။
ရှားပင်းနဥ်က သတိဝင်သွားပြီး ရုတ်တရက် အော်လိုက်၏။
” မကောင်းတော့ဘူး။ အဲ့ဒါထွက်ပြေးချင်နေတာ ”
ယဲ့ရှောင်က အလျင်မလိုပေ။ သူက ညာလက်ကို ဝှေ့ရမ်းလိုက်ပြီး မဟာနဂါးက သူ၏ လက်ဖဝါးထဲ၌ ချက်ချင်း ပေါ်လာ၏။
ကောင်းကင်ပိုင်းဖြတ်ခြင်း ဓါးသိုင်းသည် ယဲ့ရှောင်၏ ချီသွေးကြောထဲ၌ ရူးသွပ်စွာ လည်ပတ်နေပြီးနောက် အလွန်အစွမ်းထက်သည့် ဖိအားတစ်ခုကို သိပ်သည်းလိုက်တော့သည်။
ယဲ့ရှောင်၏ မျက်လုံးထဲမှ ရွှေရောင်အလင်းရောင်ခြည်နှစ်ခုသည် မြေအောက်ပေတစ်သန်းကို ထိုးဖောက်နိုင်သည့်ပမာ ပေါ်ထွက်လာလေ၏။ ပြီးနောက် အရပ်မျက်နှာတစ်ခုကို ဆုံးဖြတ်လိုက်သည့်ပမာ သူ၏ ဓါးဖြင့် ပိုင်းဖြတ်လိုက်တော့သည်။
ထိုစဥ် အလင်းရောင်ခြည်က လောကကြီးထဲက ထွက်ခွာသွားပုံ ရသည်။ ဘာမှမကျန်ရှိတော့ပေ။
ဓါးရောင်ခြည် ပေါ်ထွက်လာသည်နှင့် ၄င်းက တစ််ဖက်သို့ ပြန့်ကားသွားပြီး မြေကြီးအောက်ကနေ ပေါ်ထွက်လာ၏။ ယင်းက ယပ်တောင်ပုံသဏ္ဍန် ပြန့်ကားသွားပြီးနောက် တစ်ချိန်တည်းတွင် နောက်ထပ် ပေတစ်သိန်းခန့် အနက်ကို ပိုင်းဖြတ်သွားတော့သည်။
ဖုန်း။
ဓါးရောင်ခြည်သည် အသင်္ချေခရမ်းနှင့် သစ်ရွက်နီကို အညှာတာမဲ့စွာ ဖြတ်သွားလျက် ၄င်းကို တိတိကျကျ ထပ်ပိုင်းပိုင်းလိုက်တော့သည်။
အသင်္ချေခရမ်းနှင့် သစ်ရွက်နီက ဝမ်းနည်းပက်လက် အော်ဟစ်ငိုကြွေးကာ မြေကြီးပေါ် ပြုတ်ကျသွားပြီး မလှုပ်နိုင်တော့ပေ။
ယဲ့ရှောင်၏ ဓါးချက်က သူ့ကို လှုပ်ရှားနိုင်စွမ်း ကင်းမဲ့အောင် လုပ်လိုက်တာ အလွန်သိသာ၏။
ရှားပင်းနဥ် တစ်ကိုယ်လုံးကမူ ရှုပ်ထွေးသွားတော့သည်။
ကျန်သည်က မြေကြီးအက်ကွဲသည့် အသံဖြစ်ပြီး သူမနားထဲ နက်ရှိုင်းသည့် အသူရာ ချောက်ကမ်းပါးတစ်ခု ဖန်တီးနေမှုက အဆုံးမရှိ ပေါ်ပေါက်လာလေ၏။ မိုးခြိမ်းပြီးရင်း မိုးခြိမ်းနေသလိုပင်။ သူမက ဘဝအကြောင်း ကိုယ့်ကိုကိုယ် သံသယဝင်မိသွားသည်။
ဒါက ရှန်းထျန်းအဌမအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ အစစ်အမှန် စွမ်းအားလား။
သူမသည်လည်း ရှန်းထျန်းအဌမအဆင့်တွင် ရှိသည်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် သူမ ထိုကဲ့သို့ မလုပ်နိုင်ရသနည်း။
ယဲ့ရှောင်က အသင်္ချေခရမ်းနှင့် သစ်ရွက်နီကို လှည့်ကြည့်လိုက်ရာ သူတို့ပေါ်၌ အလွန်သိပ်သည်းပြီး သန့်စင်သော ဝိညာဥ်စွမ်းအင်ကို ခံစားမိသည်။ သူက သက်ပြင်းမချပဲ မနေနိုင်တော့ချေ။
” ဒါက ပန်းဘုရင်လား။ သူ့ကို လူတွေ အများကြီးက ချီးကျူးကြတာ အံ့သြစရာ မရှိဘူးပဲ။ တကယ် သန်မာတယ် ”
အသင်္ချေခရမ်းနှင့် သစ်ရွက်နီကို ယူပြီးနောက် ရှားပင်းနဥ်၏ ဘက်ဆီသို့ ပြန်လာကာ သူမကို တစ်ဝက်ပေးလိုက်၏။
” မင်းရဲ့ တစ်ဝက် ”
ရှားပင်းနဥ်က ယဲ့ရှောင်ကမ်းပေးသည့် ပန်းပွင့်ကို အတော်ကြာ ကြည့်နေခဲ့၏။ သူမ၏ အကြည့် အလွန်တွန့်ဆုတ်နေပုံ ပေါ်သော်ငြား ခေါင်းခါလိုက်သည်။
” ဒီပန်းတစ်ဝက်ကို ယူဖို့ အရည်အချင်း မရှိဘူး ”
ယဲ့ရှောင်က မျက်မှောင်အနည်းငယ် ကျုံ့သွားသည်။ ရှားပင်းနဥ်က ခါးသက်စွာ ပြုံးလျက် ရှင်းပြလိုက်၏။
” အစတုန်းက ရှင့်ကို ရှာတာက အသင်္ချေခရမ်းနှင့် သစ်ရွက်နီ ထွက်ပြေးသွားမှာကို ကာကွယ်ဖို့အတွက် ရှင့်ကို ကူပေးစေချင်တာ။ အဆုံးကြ ကူပေးရတဲ့ သူက ကျွန်မ ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူးလေ။ မဟုတ်ဘူး။ အဲ့လိုပြောလို့ မရဘူး။ တိတိကျကျ ပြောရရင် ကျွန်မက အကူတစ်ယောက်အဖြစ်တောင် သတ်မှတ်လို့ မရဘူး။ ဒီပန်းတစ်ဝက်ကို ကျွန်မ ယူလိုက်ဦးမယ်ဆိုရင် ကျွန်မကိုကျွန်မ တကယ် အရှက်ရမိမှာ ”
ယဲ့ရှောင်က ပြောလိုက်လေ၏။
” မင်းကိုမင်း အထင်သေးနေဖို့ မလိုဘူး။ မင်းသာ အသင်္ချေခရမ်းနဲ့ သစ်ရွက်နီ ဘယ်မှာရှိလဲဆိုတာ မပြောပြခဲ့ရင် ငါ ဒါကို ရှာတွေ့မှာ မဟုတ်ဘူး။ ဒါ့အပြင် အစတုန်းက မင်းလည်း ကြယ်တာရာသားရဲအချို့ကို သတ်ခဲ့ပြီး အကျိုးဆောင်ခဲ့ပေးတာပဲ။ မင်းနဲ့ငါ အပေးအယူ လုပ်ခဲ့တာဆိုတော့ ငါ စကား ရုတ်သိမ်းမှာ မဟုတ်ဘူး ”
” ဒါက ရှင် ဒီလိုပြောရင် ကျွန်မ မလေးစားရာ ရောက်တော့မယ် ”
ရှားပင်းနဥ်က ဟန်ဆောင်မနေပဲ ငြင်းလိုက်တော့သည်။ အမှန်တကယ်တွင် သူမ ပန်းပွင့်ကို လိုချင်၏။ မဟုတ်လျှင် ဤနေရာသို့ လာရန် ထိုမျှ အားစိုက်ထုတ်ဖို့ လိုမှာ မဟုတ်ချေ။
သို့သော်ငြား ပန်းပွင့်တစ်ဝက်ကို လက်ခံပြီး ၄င်း၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်ပြီးနောက် ရှားပင်းနဥ်က လေးနက်တည်ကြည်သော အမူအယာဖြင့် ထပ်မေးလိုက်သည်။
” ကျွန်မတို့ မသွားခင် မစ္စတာ ယဲ့ကို တစ်ခုလောက် မေးလို့ရမလား ”
” ပြောလေ ”
” မစ္စတာ ယဲ့။ ရှင်က မြေပေါ်မှာနေတဲ့ လူသားတစ်ယောက်လား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ဒါပေါ့ ”
ယင်းက သူ၏ အထောက်အထားကို ထုတ်ဖော်မှာ မဟုတ်ပေ။ ထို့ကြောင့် ယဲ့ရှောင်အတွက် ၄င်းကို ကွယ်ဝှက်ထားဖို့ မလိုအပ်ချေ။
ဟင့်။
ရှားပင်းနဥ်က အေးစက်သော လေထုများ ရှူရှိုက်မိသွား၏။ အစောတုန်းက တိုက်ပွဲကြောင့် သူမ ပဝါက ပြုတ်ကျသွားခဲ့ပြီး တိုင်းပြည်များကို ယိမ်းယိုင်စေနိုင်သော မျက်နှာလေးက ပေါ်လာလေ၏။
ထိုစဥ် မျက်နှာလေး၌ ထိတ်လန့်မှုများ ပြည့်နေပုံ ပေါ်သည်။
” မစ္စတာ ယဲ့။ ပွင့်ပွင့်လင်းလင်း ပြောမိတာအတွက် ကျွန်မကို ခွင့်လွှတ်ပါ။ ဒါပေမဲ့ ရှင်က ဒီမှာ ရှင့်ရဲ့ ပါရမီကို တကယ် ဖြုန်းတီးနေတာပဲ ”
” မင်း ဘယ်လိုသိလဲ ”
ယဲ့ရှောင်၏ မျက်နှာက တည်ကြည်နေ၏။ တည်ငြိမ်နေသေးစဥ်
ရှားပင်းနဥ်က လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်လေ၏။
” ရှင့်ရဲ့ ပါရမီနဲ့ ရှင့်ရဲ့ ကျင့်ကြံမှုက ရှင်မှန်းဆထားတာထက် ကျော်လွန်တယ်ဆိုတာ ပြောပြနိုင်တယ်။ ကျွန်မက အရမ်းသန်မာတဲ့နေရာတစ်ခုက လာတယ်ဆိုတာ ပြောပြရမှာ မကြောက်ဘူး။ အဲ့ဒီမှာရှိတဲ့ သိုင်းပညာရှင်အားလုံးက အရမ်းသန်မာတယ်။ သူတို့ထဲက ဘယ်သူမဆို ဒီနေရာမှာ ပါရမီရှင် ဖြစ်နိုင်တယ်။ ပြီးတော့ ကျွန်မက အဲ့ဒီနေရာမှာ ထိပ်တန်းစာရင်းဝင်တဲ့သူလည်း ဟုတ်တယ်။ ဒါပေမဲ့ ကျွန်မ ရှင့်ကို တွေ့တဲ့အချိန် ကျွန်မက ဘာမှမဟုတ်ဘူးလို့ ခံစားမိလိုက်တယ်။ ဒါကြောင့် အဲ့ဒီမှာ ရှင်ရှိနေရင်တောင် ရှင်က ဘယ်သူ့မှ ဖုံးကွယ်ထားလို့ မရတဲ့ ပူလောင်တဲ့ နေတစ်စင်း ဖြစ်နေမှာ သေချာတယ် ”
ယဲ့ရှောင်သည် ရှားပင်းနဥ်၏ စကားကို သံသယ မဖြစ်ပေ။ သူမ၏ အသက်က သူ့ထက် မကြီးပေ။ သို့သော် သူမ၏ ကျင့်စဥ်က သူနှင့် တူညီနေပြီး ဖြစ်သည်။
သူမသည် အလွန်သန်မာသည့် သိုင်းပညာ အသိုင်းအဝိုင်းက လာသည်မှအပ ယဲ့ရှောင်သည် နောက်ထပ် ရှင်းပြချက်တစ်ခုကို မစဥ်းစားနိုင်ပေ။ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်က ထိုမျှ ကြောက်ခမန်းလိလိ ဖြစ်နေလိမ့်မည်ဟု ယဲ့ရှောင် အမှန်တကယ် မတွေးထားတာပဲ ဖြစ်သည်။
ရှားပင်းနဥ်ကဲ့သို့ ပါရမီရှင်တောင် ထိတ်လန့်သွားရသည်။
ယဲ့ရှောင် မပြောတာကို မြင်သောအခါ သူမက ဂရုတစိုက်ဖြင့် ထပ်ပြောလိုက်လေ၏။
” မစ္စတာ ယဲ့။ ရှင် ကျွန်မနဲ့ ပြန်သွားချင်လား။ ရှင်က ကောင်းကင်ထဲက တောက်ပတဲ့ နေတစ်စင်းအဖြစ် ကြီးပြင်းဖို့ ကံပါပြီးသား။ ရှင့်ရဲ့ ပါရမီကို ဒီနေရာမှာ ဖြုန်းတီးနေရင် နှမြောစရာကောင်းလွန်းတယ်။ ရှင်က ဒီနေရာမှာ နေရင် ရှင့်ရဲ့ ပါရမီကို ဖြုန်းတီးရာရောက်မှာ ”
ယဲ့ရှောင်က ခေါင်းခါလိုက်လေ၏။
” စိတ်မဝင်စားဘူး ”
ရှားပင်းနဥ်၏ အမူအယာက အနည်းငယ် နောင်တရလာပုံ ပေါ်၏။ သူမ တစ်စုံတစ်ခု ပြောချင်သေးသော်ငြား အဝေးကနေ အင်မတန်အစွမ်းထက်သည့်အရှိန်အဝါ အချို့က ချဥ်းကပ်လာနေပြီး ဖြစ်သည်။ သူတို့က စီရင်စု၉ခု မဟာမိတ်၏ အံ့ဖွယ်ချီရှန်းများ ဖြစ်သည်။
ထိုအရှိန်အဝါများကို အာရုံခံမိသောအခါ ရှားပင်းနဥ်၏ အမူအယာက အနည်းငယ် ပြောင်းလဲသွား၏။ ချက်ချင်းပင် သူမက ယဲ့ရှောင်ကို ကူကယ်ရာမဲ့စွာ ပြောလိုက်တော့သည်။
” မစ္စတာ ယဲ့။ ကျွန်မ တောင်းပန်ပါတယ်။ အရင်သွားရတော့မယ်။ ရှင် အခု ကျွန်မနဲ့ ထပ်သွားဖို့ ဆန္ဒ မရှိပေမဲ့ ကျွန်မတို့ ထပ်တွေ့မှာ သေချာတယ်လို့ ကျွန်မ ယုံတယ်။ ကြယ်ဆုံသော ကောင်းကင်မှာ ရှင့်ရဲ့ ရောင်ခြည်ကို ပံ့ပိုးပေးနိုင်တဲ့သူ ဘယ်သူ့မှ မရှိမှာ စိုးရိမ်မိပါရဲ့။ ကြယ်ဆုံသော ကောင်းကင်မှာ ရှင် ထွန်းလင်းတောက်ပလာမဲ့ အချိန်ကို ကျွန်မ စောင့်နေမယ်။ ကျွန်မတို့ ထပ်တွေ့ကြတာပေါ့ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ ရှားပင်းနဥ်က နှုတ်ဆက်ပြီး တစ်ဖက်သို့ ပျံသန်းသွားသည်။
သူကလည်း ရပ်မနေပေ။ သူက ပြာမဖြစ်သေးသော ကြယ်တာရာသားရဲအလောင်း သုံးခုလေးခုကို သိုလှောင်လက်စွပ်ထဲ ထည့်ပြီးနောက် လှည့်ထွက်သွားတော့၏။
အရာအားလုံးက ခဏအတွင်း ဖြစ်သွားသည်။ ယဲ့ရှောင် ထွက်သွားပြီးနောက် လူရိပ်အချို့ကလည်း အမြန်ဆုံးသော အရှိန်ဖြင့် ဤနေရာကို ရောက်လာသည်။
လူတိုင်းက ကွဲထွက်နေသော လျိုကို ကြည့်ပြီး မွေးညင်းများ ထောင်ထကုန်၏။ သူတို့ စိတ်ဝိညာဥ်က အင်မတန် ထိတ်လန့်တုန်လှုပ်ခြောက်ခြားသွားတော့သည်။
” ဘုရားရေ။ ဒါကို ဘယ်သူ ဘယ်သူ လုပ်ထားတာလဲ ”
” ဒါပေမဲ့နဲ့ ဒီဓါးရာ။ တစ်ဖက်သူက ဒီလိုအက်ကွဲကြောင်းကြီးကို တစ်ကွက်တည်းနဲ့ ခွဲလိုက်တာပဲ ”
” ကြောက်ဖို့ကောင်းလွန်းလိုက်တာ။ ပင်လယ်ဘက်တောအုပ်ထဲမှာ ဘယ်အချိန်ကစပြီး ဒီလို အစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ယောက် ရှိလာတာလဲ ”
” အဲ့ဒီလူရဲ့ ခွန်အားက သိပ်ကို သန်မာလွန်းတယ်။ သူက ရှန်းထျန်းနဝမအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ ခွန်အားမျိုး သေချာပေါက် ရှိနေမှာ စိုးရိမ်မိတယ် ”
ယဲ့ရှောင်သည် ရှန်းထျန်းနဝမအဆင့် သိုင်းပညာရှင်တစ်ယောက်၏ ခွန်အားရှိမနေပေ။ သူ၏ ကျင့်ကြံမှုက အလွန် သန်မာနေရုံသာ ရှိသည်။ သူ၏ ကျင့်စဥ်နှင့် လက်နက်ပါ ထပ်ပေါင်းလိုက်လေရာ သူ၏ ခွန်အားကို နောက်ဆုံးတော့ ပြသနိုင်ခဲ့တာပဲ ဖြစ်သည်။
သို့သော် ယင်းက ကိစ္စမရှိပေ။ အကြောင်းမှာ ယခုအချိန်၌ သူ ရှန်းထျန်းနဝမအဆင့်သို့ အဆင့်တက်နိုင်ပြီး ဖြစ်သောကြောင့်ပင်တည်း။
ယခင်က ကျန်းဟိုင်မြို့၌ သူက သွေးအဆီအနစ်နှင့် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများစွာ၏ ဝိညာဥ်စွမ်းအင်များကို ဝါးမြိုခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံမှုက အတော်လေး တိုးတက်လာလေ၏။ သူက ရှန်းထျန်း န၀မအဆင့်နှင့် မဝေးတော့ချေ။
သူက ယခု ပန်းဘုရင်၏ တစ်ဝက် အသင်္ချေခရမ်းနှင့် သစ်ရွက်နီကို ရလာပြီး ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲအချို့ကိုလည်း ရလာကာ ဆေးသန့်စင်မှုကနေ သူ၏ ခွန်အားကို ပေါင်းစည်းလိုက်လျှင် သူ့ကို အဆင့်တက်အောင် ကူညီပေးနိုင်မှာပဲဖြစ်သည်။
အစက ယဲ့ရှောင်သည် ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲ အချို့ကိုလည်း အသက်ပြန်သွင်းပြီး သူတို့ကို အချိန်အတော်ကြာ မွေးမြူရေးနေရာ၌ ထားချင်ခဲ့သည်။ သို့သော်ငြား ယဲ့ရှောင်က သူတို့ကို စစ်ဆေးခဲ့ပြီး၏ ဖြစ်သည်။ သူတို့သည် နဂါးအမျိုးအစား သွေးမျိုးဆက် မဟုတ်ကြချေ။ သူတို့သည် အသင်္ချေခရမ်းနှင့် သစ်ရွက်နီကြောင့် လှည့်စားခံရပြီး သူတို့ ကိုယ်ပိုင် ဝိညာဥ်စွမ်းအားကို သုံးပြီးမှ ရှန်းထျန်းအဌမအဆင့် ရောက်တာ ဖြစ်သည်။ သူတို့ သွေးအဆီအနစ်က လုံလောက်အောင် မသိပ်သည်းပေ။ ဤနည်းဖြင့် ယဲ့ရှောင်က သူတို့ကို အာရုံစိုက်ရန် မလိုအပ်တော့ချေ။
နောက်ထပ် အကြောင်းအရင်းတစ်ရပ် ရှိ၏။ အကြောင်းမှာ သူ ထိုစဥ်က ရှားပင်းနဥ်နှင့် တွေ့ခဲ့သောကြောင့် ဖြစ်သည်။
ယဲ့ရှောင်သည် ယခင်က သူ၏ ကျင့်ကြံမှုသည် အနည်းငယ် နှေးကွေးသည်ဟု ခံစားခဲ့မိသည်။ ယခု သူက ရှားပင်းနဥ်နှင့် တွေ့ပြီးဖြစ်ရာ အန္တရာယ် အငွေ့အသက်ကို ခံစားမိလာ၏။ သူက ကျန်းဟိုင်မြို့ထဲ၌ သန်မာမှု လုံလောက်လျှင်တောင် စီရင်စု၉ခုထဲ၌ မည်သို့ဖြစ်မည်နည်း။ တစ်လောကလုံးဆိုလျှင် မည်သို့ဖြစ်မည်နည်း။ ထိုနည်းတူ အာကာသစစ်မြေပြင်ထဲတွင် ဆိုလျှင်မူ။
ထို့ကြောင့် သူက အမြန် အဆင့်ချိုးဖျက်တက်ရမည်။ ဆေးလုံးကို သန့်စင်ပြီး ရှန်းထျန်း နဝမအဆင့်သို့ အဆင့်တက်ရပေမည်။

အပိုင်း ၂၀၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset