Chapter – 3 ဂါးဒီးယန်း ( အစောင့်အရှောက် ) ဝိညာဉ်တော်
ယဇ်ပူဇော်ရာ ကျောက်ပြားက အရမ်းကိုကြီးမားတဲ့ ကျောက်ဆောင်ကြီးတွေရဲ့ အလွှာတစ်ခုကနေ ထုတ်ယူထားခဲ့တာပါ။ ပြီးတော့ယဇ်ပလ္လင်ကြီးက မိုးမခပင်ကြီးရဲ့ အနီးအနားလေးမှာပဲရှိနေပါတယ်။ ဒါကအတော်လေးကို ကျယ်ပြန့်တာကြောင့် ကြမ်းကြုတ်တဲ့ သားရဲကောင်ကြီးတွေတောင် ယဇ်ပလ္လင်ထက်မှာတော့ သေးကျုံ့လို့သွားကြပါတယ်။
ယဇ်ပလ္လင်ကျောက်ပြားကြီးကတော့ သားရဲကောင်တွေရဲ့ သွေးများနဲ့ ဖုံးလွှမ်းနေပါပြီ။ ကြံ့ချိုပါဆင်နဂါးသားရဲကြီးရဲ့ ဦးချိုကနေ အလင်ါ်ရောင်မှိန်တုတ်မှိန်တုတ်ထွက်နေပြီး အလင်းအေးလို ကောင်းကောင်းဖြစ်ပေါ်နေတာကြောင့် မကောင်းတဲ့ အငွေ့အသက်တွေဖြာထွက်နေသလိုပါ။ ဒါက လူတိုင်းရဲ့ နှလုံးသားကို တုန်လှုပ်စေတဲ့ ကြောက်ခမန်းလိလိမြင်ကွင်းကြီးတစ်ခုပါပဲ။
ကျောက်ခေတ်ရွာအကြီးအကဲရဲ့ ဦးဆောင်မှုကြောင့် ရွာသူရွာသားတွေဟာ မိုးမခပင်ကြီးရဲ့ ကာကွယ်စောင့်ရှောက်မှုခံယူနိုင်ဖို့ ဆုတောင်းနေကြပါတယ်။ ဒါက ယဇ်ပူဇော်တိုင်း ပုံမှန်ဖြစ်နေကျ အဖြစ်အပျက်ပါပဲ။ အမဲလိုက်ခြင်း အဆုံးသတ်တိုင်းမှာ ဒီနေရာမှာ မဖြစ်မနေယဇ်ပူဇော်ကြပါတယ်။
ဒါပေမဲ့မိုးမခသစ်ပင်အိုကြီးကတော့ ပငတိတိတ်ဆိတ်ငြိမ်သက်နေပြီး တုန့်ပြန်မှုနည်းနည်းလေးတောင် မရှိပါဘူး။ ဒီလို ပူဇော်ပွဲကို အမြဲလုပ်နေကြပေမယ့်လည်း ကျောက်ခေတ်ရွာအတွင်းက ရွာသားတစ်ချို့ကတော့ အမှန်တကယ်ကို ဝိညာဉ်တွေရှိနေတာကို သိထားကြပါတယ်။ နောက်ဆုံးမှာတော့ ယဇ်ပူဇော်ခြင်း အခမ်းအနားပြီးဆုံးသွားခဲ့ပါတယ်။
ဒီအချိန်မှာတော့ ရွာသားတွေအားလုံးဟာ သက်မချနိုင်ခဲ့ပြီး ပျော်ရွှင်မှုတွေ ပြန်ရရှိလာကြပါပြီ။ ယဇ်ပူဇော်ခြင်းအခမ်းအနားမှာတော့ သူတို့တွေဟာ နည်းနည်းလေးမှ မပေါ့ဆရဲကြဘူးလေ။ သူတို့ဟာ သားရဲကောင်တွေရဲ့ အစိတ်အပိုင်းတွေကို ဖြတ်တောက်လိုက်ကြပြီး ရွှေ့ပြောင်းဖို့လုပ်နေကြပါပြီ။
” နှစ်တွေတောင် အများကြီးကုန်လာခဲ့ပြီးပြီလေ ဘ်ိုးဘေးတွေရဲ့ ဝိညာဉ်တွေကလည်း ထွက်သွားလောက်ပြီ ကျွန်တော်တို့က ယဇ်ပူဇော်ရမဲ့ အချိန်ရောက်တိုင်း ပူဇော်ဖို့ လိုလို့လား ”
ကလေးငယ်လေးတစ်ယောက်က အသံတိုးတိုးနဲ့ ဝေဖန်လိုက်ပါတယ်။
” မင်း အမှိုက်သရိုက်ကောင် ဘာတွေလျောက်ပြောနေတာလဲ ”
ကလေးငယ်လေးရဲ့ အဖေဟာ မျက်လုံးတွေပြူးကျယ်သွားခဲ့ပြီး သူ့ကလေးကို ရိုက်ဖို့လက်ရွယ်လိုက်ပါတယ်။
အကြီးအကဲရှီယွီဖန်းက သူ့ကို လက်ကာပြလိုက်ပြီး တားဆီးထားလိုက်ပါတယ်။ သူက ပျော့ပျောင်းစွာပြောဆိူလိုက်ပါတယိ။
” ငါတို့က ဘိုးဘေးတွေရဲ့ ဝိညာဉ်ကိုပူဇော်ကြတာလေ ဒါမှပဲ ငါတို့ရဲ့နှလုံးသားထဲက စိတ်ရင်းအမှန်နဲ့ ပူဇော်မှုက ဟန်ဆောင်နေတာ မဟုတ်တော့ဘူးပေါ့ ဒါက ငါတို့ရဲ့ ရွာကို စောင့်ရှောက်ကောင်းကြီးပေးပြီး ကာကွယ်ပေးဖို့ တောင်ဆိုရာမှာ အထောက်အကူတစ်ခုပဲလေ”
ကလေးငယ်ရဲ့ မျက်နှာဟာ ချက်ချင်းကို နီရဲလာခဲ့ပြီး ရွာအကြီးအကဲကို ကပျာကသီ ရှင်းပြလိုက်ပါတယ်။
” ကျွန်တော်တို့က သားကောင်တွေကို ဘယ်တော့မှ မထားခဲ့ကြဘူးလေ ဒါ့ကြောင့်လည်း ဘိုးဘေးတွေရဲ့ ဝိညာဉ်ကို ပူဇော်ဖို့ မလိုဘူးထင်လို့ပါ ”
” မင်းရဲ့ စိတ်ရင်းကစစ်မှန်နေရင် ဒါက မပြောပလောက်ပါဘူးကွ”
ရှီယွီဖန်းက ကလေးငယ်ရဲ့ ပုခုံးကိုပုတ်လိုက်ပြီး ဂရုတစိုက်ရှင်းပြလိုက်ပါတယ်။
ဒီဘိုးဘေးတွေရဲ့ ဝိညာဉ်ကို ဂါးဒီးယန်း ဝိညာဉ်တော်လို့လည်း ခေါ်ကြပါတယ်။ ဒါက အနစ်နာခံခြင်း နဲ့ ပံ့ပိုးမှုဝိညာဉ်တော်ရဲ့ အတိုကောက်ပါပဲ။ ဒီလိုအရာတွေက ကျောက်ခေတ်ရွာကို တိတ်ဆိတ်နေတဲ့ တောင်တန်းထဲက ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကောင်တွေခြိမ်းခြောက်ခံရခြင်းကနေ ကာကွယ်စောင့်ရှောက်ပေးတာပါ။
ကျောက်ခေတ်ရွာရဲ့ သက်ကြီးဝါကြီးတွေဟာ ဘိုးဘေးတွေရဲ့ ဝိညာဉ်တော်ဆိုတာ မနေ့တစ်နေ့ကမှ ပေါ်လာခဲ့တာမဟုတ်မှန်း သိကြပါတယ်။ ဘာလို့လဲဆိုတော့ ယဇ်ပူဇော်ပွဲကျင်းပတဲ့အခါတိုင်း သားရဲကောင်တွေရဲ့ အသွေးအသားနဲ့ အနှစ်သာရတွေဟာ ပျောက်ကွယ်သွားတတ်ကြလို့ပါ။ ဒါက တကယ့်ကိုထူးဆန်းအံ့သြဖွယ်ရာအဖြစ်အပျက်ပါပဲ။
နက်ရှိုင်းတဲ့ ညနက်နက်တစ်ညမှာ မိုးမခပင်အိုကြီးပေါ်လာခဲ့တာလေ။ အါ့ဒီနောက်မှာတော့ အရာအားလုံးပြောင်းလဲသွားတော့တာပါပဲ။ မိုးရာသီရဲ့ ညတစ်ညကိုပြန်စဉ်းစားလိုက်တိုင်း ရွာအကြီးအကဲရှီယွီဖန်းရဲ့ စိတ်အာရုံတွေဟာ ပျံ့လွှင့်သွားတတ်စမြဲပါ။ အါ့ဒီအချိန်တုန်းက သူက လူင်ာလေးတစ်ယောက်အဖြစ်ပဲရှိသေးပြီး တုန်လှုပ်ပြီး ကြောက်မက်ဖွယ်ရာကောင်းတဲ့ အဖြစ်အပျက်တွေကို မြင်ယောင်မိနေတုန်းပါပဲ။
အါ့ဒီညက လျပ်စီးတွေ လျှပ် မိုးတွေထစ်ချုန်းနေခဲ့ပြီး မိုးသည်းထန်စွာရွာနေခဲ့သလို မိုးသက်မုန်တိုင်းလည်း ကျဆင်းလာခဲ့တာပါ။ မိုးသက်မုန်တိုင်းကြီးက သူ့ရဲ့ အစွမ်းကုန်ကန့်သတ်ချက်ကိုတောင် ကျော်လွန်အောင်တိုက်ခိုက်ခဲ့တာကြောင့် မိုးကြိုးတွေနဲ့ လျှပ်စီးကြောင်းတွေက တောင်တန်းကြီးကို အကြီးအကျယ်ထိခိုက်ပျက်စီးစေခဲ့တာလေ။ သမုဒ္ဒရာကြီးထဲမှာ လှိုင်းတံပိုးတွေထသလို ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကောင်ကြီးတွေတောင် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။
အါ့ဒီအချိန်မှာပဲ အရမ်းကိုကြီးမားတဲ့ မိုးမခသစ်ပင်ကြီးက မိုးကောင်းကင်နယ်နိမိတ်ကနေ တစ်ဆင့် မိုးတိမ်တွေကြားမှာ ထင်ထငရှားရှားကို ထွက်ပေါ်လာပါတယ်။
သောင်းချီတဲ့ မိုးမခအကိုင်းအခက်ထောင်ပေါင်းများစွာကလည်း မီးနတ်ဘုရားရဲ့ လောင်ကျွမ်းမှုလို တစ်ခုခုရဲ့ အပြင်းအထန်တိုက်ခိုက်မှုကို ခံလိုက်ရပြီး မိုးကောင်းကင်ကိုတောင် ထိုးဖေါက်ခံလိုက်ရသလိုပါ။
နောက်ဆုံးမှာတော့ မိုးမခသစ်ပင်ကြီးတစ်ပင်လုံးဟာ မီးကျွမ်းသွားခဲ့ပြီး အနက်ရောင်သစ်ပင်ကြီးတစ်ပင်အလားပါ။ အါ့ဒီမှာပဲ မိုးကေင်းကင်ပေါ်က မီးကျွမ်းခံလိုက်ရတဲ့ အနက်ရောင် မိုးမခသစ်ပင်ကြီးဟာ ကျောက်ခေတ်ရွာမှာ အမြစ်တွယ်စေလိုက်ပြီး လက်ရှိအရွယ်အစားအထိ သေးကျုံ့သွားခဲ့ပါတယ်။ တစ်ချိန်မှာပဲ လျှပ်စီးတွေ ပျောက်ကွယ်သွားခဲ့သလို သည်းထန်စွာရွာသွန်းနေခဲ့တဲ့ မိုးကလည်း ချက်ချင်းကို တိတ်ဆိတ်သွားခဲ့ပါတယ်။ အါ့ဒီညမှာပဲ ကျောက်ခေတ်ရွာသားတွေအတွက် ယဇ်ပူဇော်ရာကျောက်ပြားကြီးကိုပါ ရရှိလာခဲ့တာပါ။
ရွာအကြီးအကဲရှီယွီဖန်းက ဒီအဖြစ်အပျက်မြင်ကွင်းတွေကို ပြန်ပြောပြရတဲ့အခါတိုင်း သူ့ရဲ့ စိတ်ဝိညာဉ်ထဲကတောင် တုန်လှုပ်မှုကို ခံစားရပါတယ်။ မိုးမခသစ်ပင်အိုကြီးက တောင်တန်းတွေထဲကနေ အလေ့ကျအမြစ်တွယ်ပြီး ပေါက်လာတာမဟုတ်ဘဲ ကောင်းကင်ကနေ ဆင်းသက်လာခဲ့တာပါ။ ဒါ့ကြောင့် အရမ်းကို ကြီးမားတဲ့ မူလမိုးမခသစ်ပင်ကြီးထိခိုက်ပျက်စီးရတဲ့ အကြောင်းပြချက်က မိုးချုန်းခြင်းရဲ့ အဆုံးမဲ့ အော်ဟစ်သံကြီးကြောင့်ပါပဲ။ ဒါကို ကျောက်ခေတ်ရွာသားမဟုတ်တဲ့ လူအများကြီးကတောင် သိနေကြပါတယ်။
မိုးမခသစ်ပင်အိုကြီးက မြေပြင်မှာ အမြစ်တွယ်ပြီး ဆယ်စုနှစ် တစ်ခုအတွင်းမှာတော့ အမှန်တကယ်ကို အနက်ရောင်သစ်ပင်ကြီး
တစ်ပင်အဖြစ်ရှိနေတာပါ။ ဒါက လုံး၀ကို ဒီသစ်ပင်ကြီး သေဆုံးနေခဲ့ပါပြီး ဆိုတာ ထင်ရှားနေပါတယ်။ နောက်ပိုင်းနှစ်တွေကို
ရောက်လာတဲ့ အချိန်မှာတော့ သစ်ပင်အိုကြီးဟာ ချက်ချင်းကို
အစိမ်းရောင်သစ်ပင်ကြီး အဖြစ် ပြန်ပြောင်းသွားခဲ့ပါတယ်။
အဲ့ဒီအချိန်ကစပြီး သစ်ပင်အိုကြီးက တခြားပြောင်းလဲမှုတွေ မဖြစ်တော့ပါဘူး။
” မင်းတို့ အားလုံး သတိထားကြဦး။ ဒီလို သားရဲကောင်တွေဆိုတာ ရခဲ့တယ်။
သူတို့ရဲ့ သွေးတွေ ၊ အသားတွေနဲ့ အရိုးက စပြီး အစိတ်အပိုင်း မှန်သမျှက အရမ်းကို အဖိုးတန်လွန်းတယ်။ ဒါကြောင့် သူတို့ရဲ့ စွမ်းရည်တွေကို မဖြုန်းတီးမိစေနဲ့ ။ ”
ရွာအကြီးအကဲ ရှီယွီဖန်းက သတိပေးလိုက်ပါတယ်။
ဒီ သားရဲကောင်ကြီးတွေကတော့ စိတ်အာရုံတစ်ချက်နဲ့တင် ခြောက်ခြားစရာကောင်းအောင် လောက်အောင် ပျံသန်းနိုင်ပြီး အောင်မြင်ခံ့ညားတဲ့ အသံလဲ ရှိပါတယ်။
ရွာသားတစ်ယောက်ဟာ သားရဲရဲ့ ခန္ဓာကိုယ်ထဲကနေ ကောင်းမွန်တဲ့ အစိတ်အပိုင်းတွေကို ထုတ်ယူပြီး ကြီးမားလှတဲ့ အိုးကြီးတစ်လုံးကို ကြိုတင်ပြင်ဆင်နေပါတယ် ။ ဒါက အရမ်းကို
ရှားပါးပြီး အဖိုးတန်တဲ့ သန့်စင်ပြီး ဆေးဝါးလိုပဲလေ။
သားရဲကောင်တွေဟာ ဖီးရှီုး ကြီးကနေ ဆင်းသက်လာပေမယ့်
ယှဉ်ရရင် ဖီးရှီုးကြီးလို သန့်စင်တဲ့ သွေးတွေဖြစ်ဖို့ကတော့ အတော့်လေးကို အလှမ်းကွာဝေးပါတယ်။ ပြောရမယ်ဆိုရင် ဖီးရှီုးကြီး တစ်မျိုးတည်းကပဲ အံ့ဩစရာကောင်းတဲ့ သန့်စင်သောသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာလေ။
ဒါဟာ ကျောက်ခေတ်ရွာသားတွေ အတွက်တော့ ဖီးရှီုး
ဒဏ္ဍာရီ သားရဲအမျိုးအစားလို ရိုင်းစိုင်းကြမ်းကြုတ်ပြီး ကြီးမားတဲ့
သားရဲကောင်ကို ဖမ်းမိခဲ့တာပါ။ ဒီသားရဲကောင်တွေရဲ့ ခြေသည်းတစ်ခုကနေ အလွယ်တကူ ပွတ်ဆွဲ ခံလိုက်ရတာနဲ့
ဘယ်လောက် သန်မာတဲ့ လူပဲဖြစ်ဖြစ် ချက်ချင်းကို အသက်ထွက်သွားမှာပါ။ ဒါက ရိုးရှင်းပေမယ့်လည်း ကြောက်မက်ဖွယ်ရာ ကောင်းလှပါတယ်။
ဒီတစ်ခါ အမဲလိုက်ရာကနေ ရလာတဲ့ ရလာဒ်ကတော့ သူတို့ကို သက်တောင့်သက်သာ စကားပြောနိုင်စေခဲ့ပါတယ်။
” ဝိုး ချိုနှစ်ချောင်း ကြံ့ဦးချိုက ရတဲ့ စစ်မှန်တဲ့ သွေးတွေက တကယ်ကို ထူးခြားတာပဲ။ ဒီမှာရှိသမျှ အစိတ်အပိုင်းတွေက ဖီးရှီုးကြီးထက် ပိုမှာ မဟုတ်ဘူး။ ”
ရှီယွီဖန်းက သူရဲ့ ဓားနဲ့ ကြံ့ဦးချိုကို လှိးဖြတ်ထုတ်လိုက်ပါတယ်။ ဒါက ကျောက်ပြား ကျောက်ဆိုင်တွေကို လှီးဖြတ်ရသလို အရမ်းကို ခက်ခဲပါတယ်။
တစ်ချိန်တည်းမှာပဲ ကြံ့ဦးချိုထဲက ကတ္တီပါအရောင် စစ်မှန်သော
သွေးစက်တွေ ထွက်ပေါ်လာခဲ့ပြီး အလင်းရောင်တွေတောင် ဖြာထွက်လာပါတယ်။ ရုတ်တရက် မမျှော်လင့်ဘဲ ကြံ့ဦးချိုဟာ အနီရောင် သွေးခဲကြီး အဖြစ် လူတိုင်းရဲ့ ရှေ့မှာပဲ ဖြစ်သွားခဲ့ပါတယ်။
” တကယ် ကောင်းလွန်းတယ်။ ဒီသန့်စင်တဲ့ သွေးတွေက အရမ်းကို ဆေးဖက်ဝင်တာ။ ဒဏ္ဍာရီလာ သားရဲတွေက သာမန် မဟုတ်ဘူးပဲ။ ”
ရွာအကြီးအကဲ တစ်ယောက်က ကြံ့ဦးချို သွေးခဲကြီးကို အိုးကြီးထဲထည့်လိုက်ပြီး ချက်ချင်းပဲ အဖုံးပိတ်လိုက်ပါတယ်။
” ရွာခေါင်းဆောင် ကျွန်တော်တို့ ရှာတွေ့လာတဲ့ ကြံ့ဦးချိုပါ
ဆင်နဂါးသားရဲကြီးက တကယ့်ကို ပစ္စည်းကောင်းပဲ။ အဲ့ဒီလိုမှ မဟုတ်ရင် ကျွန်တော်တို့ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး အကုန်သေဖို့
နီးစပ်သွားမှာ ”
အမဲလိုက်အဖွဲ့ရဲ့ လူငယ်တစ်ယောက်က ပြောလိုက်ပါတယ်။
” ဒါက အခုဆို တကယ့်ကို တော်တော်လေး ရှားပါးနေပြီလေ။ သူရဲ့ခေါင်းပေါ်က ဦးချိုကလည်း ရင့်သန်နေပြီးပြီ
ဒါကြောင့် ဂရုတစိုက်နဲ့ ထုတ်ယူလိုက်တာ။ သူ့ကို အခြောက်ခံပြီး
အရိုးပြုပြင်တဲ့ တန်ဖိုးကြီးဆေးဝါးလိုလည်း သုံးလို့ရနိုင်တယ် ”
ရှီယွီဖန်းက ခေါင်းငြိမ့်ပြီး ပြောဆိုလိုက်ပါတယ်။
” ဒီသားရဲကောင်ရဲ့ ခြေထောက် ကြွက်သားတွေ အမြောင်းမြောင်းထနေတာပဲ။ ဒါက ပုဆိန်နဲ့ တောင်ခုတ်လို့ မရဘူး”
” အစိတ်အပိုင်းတွေ အားလုံးက ပစ္စည်းကောင်းတွေချည်းပဲလေ။
မင်းတို့ လူငယ်လေးတွေ သတိထားပြီး လုပ်ဖို့လိုတယ်။ အတောင်နှစ်ဖက်က အသွေး အသားတွေကိုလည်း မဖြုန်းတီးမိစေနဲ့”
ရွာသားတွေ အားလုံး ပျော်ရွှင်နေတာပါ။ သူတို့ရဲ့ မျက်နှာကလည်း အပြုံးတွေနဲ့ ပြည့်နေပါတယ်။
ကလေးလူငယ်တွေကတော့ မြန်မြန်ဆန်ဆန်ကို ပျောက်ကွယ် သွားချင်နေပါပြီ။ သူတို့ဟာ ကိုယ့်ကိုကိုယ် ခံနိုင်ရည်ရှိဖို့ လိုအပ်နေကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီသွေးတွေ အရိုးတွေကို ဆေးဝါးတွေ စီရင်ပြီး သူတို့ကို သုံးကြတော့မှာ
သိနေတာကြောင့်ပါပဲ။
အချိန်တော်လေး ကြာသွားချိန်မှာတော့ သားရဲကောင်တွေ
ဆီက အဖိုးတန်တဲ့ အစိတ်အပိုင်းတွေ အားလုံးကို ထုတ်ယူလို့ပြီးသွားခဲ့ပါပြီ။
ရွာအကြီးအကဲ ရှီယွီဖန်းက ခေါင်းငြိမ့်ပြီး စိတ်ကျေနပ်မှု
အပြည့်နဲ့ ပြောဆိုလိုက်ပါတယ်။
” အမဲလိုက်ရာက သားကောင်တွေ ဒီမှာ အကုန်ရှိတယ်။
ငါတို့ တစ်ဦးချည်းအတွက် လိုအပ်တာတွေ ယူပြီးပြီ။ ကျန်တာတွေကို ဝေမျှဖို့ လုပ်ကြတော့ ”
သားရဲကောင်တွေက တောင်ငယ်တစ်ခုလို ပုံထပ်နေတာပါ။ ရွာသားတွေက ကျန်ခဲ့တဲ့ရက်တွေတုန်းက အစားသောက် ရှားပါးမှု
ဒဏ်ကို ခံခဲ့ရတာပါ။ ဒါကြောင့် အသားတွေကို အလေအလွင့် အဖြစ်မခံနိုင်ကြပါဘူး။ အစားစာရှားပါးတဲ့ သူတို့လို ရွာတွေအတွက်
ဒါက ရွေးချယ်စရာ မရှိပါဘူး။ အသားတွေက စွမ်းအင်ကျင့်ရာမှာ အသုံးမ၀င်ပေမဲ့လည်း အသက် မသေအောင်တော့ အထောက်အကူပေးပါတယ်။
အိမ်ထောင်တစ်ခုချင်းစီက အမျိုးသမီးတွေက အသားတွေကို ဝေမျှယူဖို့ လုပ်နေကြပါတယ်။ အရင်က အစားသောက်နဲ့ပတ်သက်ပြီး စိုးရိမ်ခဲ့ကြရပေမဲ့ အခုတော့ ပြုံးရွှင်နေကြပါပြီ။ အခုဆိုရင် အမဲလိုက်အဖွဲ့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လာနိုင်ခဲ့သလို ကောင်းကင်ဘုံက လက်ဆောင်တွေလို သားကောင်အများကြီးကိုလည်း ရခဲ့ပါတယ်။
နာရီဝက်လောက် ကြာသွားချိန်မှာတော့ အိမ်ထောင်စုတိုင်းရဲ့ မီးခိုးတလူလူနဲ့ ထွက်နေသလို အသားရဲ့ အမွှေးနံ့က သင်းပျံ့လာပါတယ်။ ယောက်ျာသားတွေ အားလုံးက အသားကို တစ်ကိုက်ကိုက်လိုက်
သေရည်တစ်ခွက် မော့လိုက်နဲ့ ဟန်ကျပန်ကျ စည်းစိမ်ခံနေကြပါတယ်။
” အား ဒါ ဖီးရှီုးအသားပဲ ဒါကြောင့် များများသာစား ” မင်းကို စွမ်းအားတွေ အများကြီး ဖြစ်စေနိုင်တယ် ” ဒါက အမှန်တကယ်ကို ရှားပါးတဲ့ အသားတွေ ”
” ပိုပြီး စားပေး ဒီဆင်နဂါးသားရဲ အသားက မင်းရဲ့ အသားနဲ့ အရိုးကို သံတုံးသံခဲလို ဖြစ်စေဖို့ ကူညီပေးလိမ့်မယ်။
ဒါက သာမန် အသားတွေ စားတာကို ရပ်ပစ်ပေးနိုင်တယ်။ ”
မတူညီတဲ့ သားရဲကောင်တွေရဲ့ အသားကို စားသောက်ရတာဟာ ကျောက်ခေတ်ရွာသားတွေကို ပြီးပြည့်စုံတဲ့
ညစာဖြစ်စေခဲ့ပါတယ်။ ဖြားယောင်းသွေးဆောင်နိုင်စွမ်းရှိတဲ့။ အသားနဲ့ ရွှင်လန်းတက်ကြွနေတဲ့ ရယ်မောသံတွေဟာ။ ကျောက်ခေတ်ရွာတစ်လျှောက် ပွဲလမ်းသဘင် ကျင်းပနေသလို
မြည်းဟိန်းလို့နေပါတယ်။