Switch Mode

Chapter – 199

မျက်လုံးကို သုံးခြင်း၏ စွမ်းအား

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၉၉ မျက်လုံးကို သုံးခြင်း၏ စွမ်းအား။

ယဲ့ရှောင်သည် ဟွမ်ထောင် လမ်းညွှန်ပေးလိုက်သည့်ဘက်သို့ ချက်ချင်း သွားလိုက်သည်။ နတ်ဘုရားအာရုံစူးစိုက်ခြင်းကို သုံးကာ မြန်ဆန်သည့် အရှိန်ဖြင့် ရှေ့သို့ ဆက်သွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်း သူက မိုင်တစ်ရာအကွာသို့ သွားပြီး ဖြစ်သည်။
ယဲ့ရှောင် ရောက်ခါစ၌ သူ့မျက်လုံးများ လက်သွားတော့၏။
” တကယ်ပဲ ထူးကဲကျောက်စိမ်း ပန်းပွင့်ပဲ ”
သူက လျင်မြန်စွာ ဆင်းသက်လိုက်ပြီး စိတ်ကောင်းဝင်နေလေ၏။ ထူးကဲကျောက်စိမ်းပန်းပွင့်ကို ထိုမျှ မြန်မြန်ဆန်ဆန် တွေ့လိမ့်မည်ဟု သူ မထင်ထားပေ။
ထိုပန်းပွင့်၏ ဝိညာဥ်စွမ်းအားက အလွန်ကြွယ်ဝသည်။ ခရမ်းသစ်ခွနှင့် နေကြာတို့နှင့် ယှဥ်ပါက ၄င်းသည် သုံးဆ ပိုသန်မာ၏။
သုံးဆ။ ယင်းက မည်ကဲ့သို့ သဘောတရားနည်း။ တစ်နည်းဆိုရလျှင် ပျားများက ပျားရည်ပြုလုပ်ရန်အတွက် ထိုပန်းပွင့်ကို အသုံးပြုမည်ဆိုလျှင် ပျားရည်တစ်ပုံး၏ အာနိသင်က ယခင် သုံးပုံးနှင့် ယှဥ်နိုင်လောက်သည်။
ဤနေရာ၌ ပန်းပွင့်များပြားသည်။ အားလုံးကိုပျားရည်အဖြစ် ချက်လုပ်လိုက်မည်ဆိုလျှင် အနည်းဆုံးတော့ သူ၏ ကျင့်ကြံမှုအတွက် ကြီးကြီးမားမား ထောက်ပံ့ပေးနိုင်လိမ့်မည်။ သူ ရှန်းထျန်းအဌမအဆင့်၏ အထွတ်အထိပ်သို့ အဆင့်တက်သွားလောက်သည်။ ချက်ချင်းပင် သူက အချိန်မရွေး နေရာမရွေး ရှန်းထျန်းနဝမအဆင့်၏ ခွန်အားသို့ အဆင့်တက်နိုင်မှာပဲ ဖြစ်သည်။
ယဲ့ရှောင်၏ သူ၏ ဝိညာဥ်စွမ်းအင်ကို ချက်ချင်း အသက်သွင်းပြီးနောက် လွန်ကဲခြင်းဓါးမော့ကို သုံးကာ လှပသည့် ပန်းပွင့်များ အားလုံးကို ဖြတ်တောက်လိုက်သည်။
သူက ထိုပန်းပွင့်များကို အမြစ်ကနေ မဖြတ်လိုက်ပေ။ ထိုအစား သူတို့ကို မြေကြီးထဲကနေ ဖြတ်ထုတ်ပြီး မြေဇီလွှာပါ ပါလာလေ၏။
ယခင်က ဝယ်လာသည့် ခရမ်းသစ်ခွနှင့် လောင်ကျွမ်းခြင်း နေကြာတို့သည် သာမန် ပန်းပွင့်များသာ ဖြစ်သည်။ ထို့ကြောင့် သူတို့ကို စိုက်ပျိုးရန် အားစိုက်ထုတ်ဖို့ မလိုအပ်ချေ။
တစ်ဖက်တွင်မူ ထူးကဲကျောက်စိမ်း ပန်းပွင့်၏ ဝိညာဥ်စွမ်းအင်က ပြန်ဖြည့်သွင်းရန် လိုအပ်သည်။ သူက တစ်ကြိမ်သာ အသုံးပြုလျှင် နည်းနည်းတော့ အကျိုးဆုတ်ယုတ်လိမ့်မည်။
သူက ဤနေရာသို့ ရောက်လာခဲ့တာ ဖြစ်သောကြောင့် ပန်းပွင့်များကို အကြိမ်ရေ အနည်းငယ် ပိုအသုံးပြုအောင် လုပ်ရပေမည်။
ယဲ့ရှောင်သည် သူ ရှာတွေ့သမျှ ထူးကဲကျောက်စိမ်းပန်းပွင့် အားလုံးကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်၏။
မည်သည့်နည်းနှင့်မဆို သူ့သိုလှောင်လက်စွပ်၏ ဝင်ဆံ့နိုင်သော ပမာဏက လုံလောက်နေသား ဖြစ်သည်။
သူက ထိုပန်းပွင့်အားလုံးကို ယူပြီး ပန်းပွင့်တစ်သုတ်က သူ့ကို ရှန်းထျန်းအဌမအဆင့်သို့ ရောက်အောင် မြှင့်တင်ပေးနိုင်လောက်သည်။ ဒုတိယအသုတ်ဆို သူ့ကို ရှန်းထျန်းနဝမအဆင့်သို့ ရောက်အောင် အဆင့်တက်စေနိုင်မှာ တစ်ရာ ရာခိုင်နှုန်း သေချာသည်။
ဤနည်းဖြင့် ရှန်းထျန်းနဝမအဆင့်သို့ အဆင့်တက်ရန်အတွက် သူ တစ်ပတ်တောင် လိုမှာမဟုတ်ပေ။
ပြီးပြည့်စုံတယ်။
သို့သော် ထိုစဥ် မတော်တဆဖြစ်ရပ် ဖြစ်ပွားလာ၏။ တောအုပ်တစ်ခုလုံး စတင်တုန်ခါလာတော့သည်။
” ဒါက ”
ယဲ့ရှောင်က မျက်ခုံးပင့်ပြီး ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုဖြင့် စစ်ဆေးကြည့်လိုက်သည်။ မကြာမီ၌ မူမမှန်ဖြစ်ရသည့် အရင်းအမြစ်ကို ရှာတွေ့သွားတော့သည်။
ပင်လယ်ဘက် တောအုပ်အလယ်ရှိ ကြယ်တာရာသားရဲများက အထိကရုန်း ဖြစ်ပွားနေလေ၏။ မရေမတွက်နိုင်သော ကြယ်တာရာသားရဲများသည် ထူးခြားသော အင်အားတချို့ကြောင့် စွဲဆောင်ခံလိုက်ရပုံပေါ်ပြီး သူတို့က တောအုပ်ထဲ၌ ပြေးလွှားနေကြသည်။
ထိုအကြောင်းအရင်းကြောင့် သိုင်းပညာရှင်များစွာက ဟန်ချက်ပျက်ကုန်ပြီး သူတို့က သွက်သွက်လေး ပြေးလျှင် မပြေးလျှင်လည်း ကြိုးစားပမ်းစား ပြန်တိုက်ခိုက်ကြ၏။
ပြေးလည်း မပြေးနိုင်၊ တိုက်ခိုက်နိုင်ခြင်းလည်း မရှိသည့် သူများကမူ သေဖို့ကိုတောင် စောင့်နေရသည်။
ကြယ်တာရာသားရဲ အထိကရုန်းက ရုတ်တရက် ဆန်လွန်းသည်။ ယဲ့ရှောင်သည် တုံ့ပြန်ရန် အချိန်တောင် မရလိုက်သေးခင် လူအချို့က အရှင်လတ်လတ် ဝါးမြိုခံလိုက်ရ၏။ အသက်သွင်းနိုင်ခြင်း မရှိတော့ပေ။ ခဏအကြာတွင် အစွမ်းထက်သည့် ပုံရိပ်အချို့က တောအုပ်ထဲကနေ ရုတ်တရက် ပေါ်ထွက်လာသည်။
သူတို့က ကြယ်တာရာသားရဲများ ဖြစ်သည်။
အားအနည်းဆုံးက မဟာချီရှန်း ဖြစ်၏။
သူတို့၏ မျက်လုံးများက နီရဲနေပြီး သွေးနီရောင်သမ်းနေလေ၏။ သူတို့က အမောတကော အသက်ရှူနေပြီး ယဲ့ရှောင်ကို သတ်ဖြတ်လိုစိတ်ဖြင့် ကြည့်ကာ တိုးဝင်လာကြတော့သည်။
ကြယ်တာရာသားရဲအချို့က ငြိမ်းငြိမ်းချမ်းချမ်း ထွက်ခွာသွားသည်။
သို့သော် ယဲ့ရှောင် လှုပ်ရှားလိုက်တာ မဟုတ်ပေ။ ထိုအစား ကောင်းကင်ထံမှ ဆင်းသက်လာသော မမြင်ရသော ဖိအားသည် ကြယ်တာရာသားရဲအချို့ကို ချက်ချင်း သတ်ဖြတ်လိုက်သောကြောင့် ဖြစ်သည်။
နင်လား။
ကြယ်တာရာသားရဲများ အသတ်ခံရပြီးနောက် အင်မတန် သာယာနာပျော်ဖွယ်အသံကို ယဲ့ရှောင်၏ နားထဲ ရုတ်တရက် ကြားလိုက်ရသည်။
လှည့်ကြည့်လိုက်ရာ ဖြည်းဖြည်းချင်း ဆင်းသက်လာသော အဖြူရောင်ပုံရိပ်ကို တွေ့လိုက်ရသည်။ ယင်းက မျက်နှာဖုံးဖြင့် မိန်းကလေးပဲ ဖြစ်နေသည်။
တစ်ဖက်သူ၏ ခွန်အား ထိုမျှ သန်မာသောကြောင့် ယဲ့ရှောင် မအံ့သြသွားပေ။ အကြောင်းမှာ တစ်ဖက်သူ၏ ကျင့်ကြံဆင့် အားမနည်းကြောင်း သူ အာရုံခံမိပြီး ဖြစ်သောကြောင့် ဖြစ်သည်။
ဤနေရာတွင် သူမ အမှန်တကယ် ပေါ်လာလိမ့်မည်ဟု သူ မထင်ထားရုံသာ ဖြစ်သည်။
တစ်ဖက်သူကလည်း သူ့ကို ဤနေရာတွင် တွေ့လိမ့်မည်ဟု မထင်ထားပေ။ ထိုစဥ် ယဲ့ရှောင်သည် သူမ၏ အကြည့်က အနည်းငယ် သတိထားမှု ပါရှိနေလေ၏။
ယဲ့ရှောင်က စကားမပြောပေ။ သူက သူစိမ်းများနှင့် စကားပြောခဲသည်။ အထူးသဖြင့် မိန်းကလေးများနှင့် ဖြစ်သည်။
” ကြည့်ရတာ ရှင့်ရဲ့ ခွန်အားကို ဖုံးကွယ်ထားတဲ့ပုံပဲ။ ကျွန်မရဲ့ အမြင်အာရုံကို ပိတ်ဆို့ထားနိုင်တယ်ဆိုတော့ ရှင့်ရဲ့ ခွန်အားက တကယ်မရိုးရှင်းဘူးပဲ။ ဒါ့အပြင် ရှင်က ငယ်ရွယ်လွန်းနေတယ်။ လူသားတစ်ယောက်လား ”
” မင်းက ငယ်ရွယ်ပြီး သန်လည်း သန်မာတယ်။ လူသားတစ်ယောက်ဆိုတာ သေချာလား ”
မိန်းကလေး၏ မျက်လုံးထဲ၌ မောက်မာထောင်လွှားမှု တစ်စွန်းတစ်စ ပေါ်လာ၏။ သို့သော် ယဲ့ရှောင်ကို မတုံ့ပြန်ပေ။
သူမက လူသားတစ်ယောက် မဟုတ်တာ အလွန်သိသာ၏။ ထို့အပြင် သူမက သူမ မျိုးနွယ်စုကို သူစိမ်းများဆီ ထုတ်ဖော်ရမှာ အလွန်အထင်သေးသည်။
ယင်းက အတော်စိတ်ဝင်စားစရာ ကောင်းပေ၏။
သူမ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်က သားရဲလူသားမဟုတ်သလို ကြယ်တာရာသားရဲလည်း မဟုတ်။ သို့သော် သူမက လူသားလည်း မဟုတ်ပေ။
ဤလောကထဲ၌ ထိုကဲ့သို့ လူထူးလူဆန်းတစ်ယောက် မည်ကဲ့သို့ ရှိနိုင်ရသနည်း။
ပိုတောင် ထူးဆန်းသည်က သူမသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ကျင့်ကြံဆင့် မြင့်မားနေတာပဲ ဖြစ်သည်။ သူမ၏ အထောက်အထားက ရိုးရှင်းပုံ မရပေ။
တစ်ချိန်တည်းတွင် တောအုပ်ထဲမှ အနက်ရောင် လျှပ်စီးက လျင်မြန်စွာ ပစ်ခွင်းလာပြီး မိန်းကလေး၏ ပုံရိပ်ဆီသို့ ဦးတည်သွားလေ၏။
ယင်းက ရှန်းထျန်းဆဌမအဆင့် လင်းနို့ ကြယ်တာရာသားရဲပဲ ဖြစ်သည်။ ၄င်း၏ အစွယ်က သွေးဆာလောင်နေသည့် အေးစက်စက် အလင်းတို့ ရှိနေပြီး အဝါရောင် အဆိပ်ရေတို့ စွန်းထင်းနေလေ၏။
ယဲ့ရှောင်က လက်ဖြောင့်တီးပြီး အနန္တကပ်ဘေးလက်ချောင်းကို ထုတ်ဖော်လိုက်ရာ အနက်ရောင် လင်းနို့ကို ချက်ချင်း ပေါက်ကွဲသွားစေသည်။
” ငါတို့ ကြေပြီ ”
ယဲ့ရှောင်က ထိုစကားကို ပြောပြီးနောက် လှည့်ထွက်သွားရန် ပြင်လိုက်သည်။
မိန်းကလေး၏ အကြည့်တို့က အနည်းငယ် လှုပ်ရှားသွားသည်။ သူမက ယဲ့ရှောင်၏ ခွန်အားကို အတော်လေး စိတ်ဝင်စားနေတာ သိသာ၏။
” ရှင် ပန်းပွင့်တွေ ရှာနေတာနဲ့ တူတယ်။ ဟုတ်တယ်မလား ”
ယဲ့ရှောင်က ရပ်တန့်လိုက်ပြီး သူမကို တစ်ချက် လှည့်ကြည့်လိုက်သည်။
မိန်းကလေးက ထပ်ပြောပြန်၏။
” ကျွန်မလည်း ပန်းပွင့်တွေ ရှာဖို့ ဒီနေရာကို ရောက်လာတာ။ ဒါပေမဲ့ ကျွန်မ ရှာနေတဲ့ ပန်းပွင့်တွေက ရှင့်ထက် ပိုပြီး သန်မာတယ်။ ရှင် ဒီနေရာမှာ တစ်ရာ ဒါမှမဟုတ် တစ်ထောင်လောက် နုတ်ယူခဲ့ရင် အဲ့ဒီ အပင်လောက်တောင် တန်မှာ မဟုတ်ဘူး။ ကျွန်မနဲ့ ပူးပေါင်းချင်လား ”
ယဲ့ရှောင်က ခဏသာ တွေးပြီးနောက် ချက်ချင်း ပြောလိုက်၏။
” အရင်ဆုံး ရှင်းရှင်းလင်းလင်း ပြောပါ ”
” ရှင် အသင်္ချေ ခရမ်းနဲ့ သစ်ရွက်နီအကြောင်း ကြားဖူးတယ်မလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ဒီတော့ ”
” တကယ်တော့ အသင်္ချေ ခရမ်းနဲ့ သစ်ရွက်နီက ပန်းပွင့်ဘုရင်လို့ ခေါ်ပေမဲ့ ကွာဟချက်တွေ ရှိတယ်။အသင်္ချေ ခရမ်းနဲ့ သစ်ရွက်နီရဲ့ အဆင့်အနိမ့်ဆုံးက တစ်ရောင်ပဲ ရှိတယ်။ သူက အရောင် ( ၉ ) မျိုးထိ မြှင့်တင်လို့ရတယ် ”
” အသင်္ချေ ခရမ်းနဲ့ သစ်ရွက်နီက အနေအထားတစ်ခုထိ ပေါက်ရောက်လာခဲ့တဲ့အချိန် အစွမ်းထက်တဲ့လူသားသိုင်းပညာရှင်တစ်ယောက်ရဲ့ ခွန်အားကို ပိုင်ဆိုင်လာတာ ”
” အခုအချိန်မှာ ပင်လယ်ဘက် တောအုပ်ထဲ အသင်္ချေ ခရမ်းနဲ့ သစ်ရွက်နီတွေ ရှိတယ်။ သူ့ရဲ့ ကိုယ်ထည်ထဲမှာ စုဝေးနေတဲ့ ဝိညာဥ်စွမ်းအင်က လူသား ရှန်းထျန်းအဌမအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ အဆင့်ကို ရောက်နေပြီးသား ”
” ဒါ့အပြင် အဆင့်တက်တော့မှာ။ သူက အဆင့်တက်သွားပြီး လူသား ရှန်းထျန်း နဝမအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ အဆင့်ကို ရောက်သွားခဲ့မယ်ဆိုရင် ထူးခြားတဲ့ စွမ်းရည်တချို့ နှိုးထလိမ့်မယ်။ အဲ့ဒီအချိန် ကောက်ရိုးပုံထဲ အပ်ရှာနေရသလို ဖြစ်မှာပဲ။ ဒီတစ်ခေါက် အဲ့ဒီအပင်ကို ရှာဖို့ ရောက်လာတာ။ သူ့ရဲ့ ဉာဏ်ရည်က အရမ်းမြင့်တယ်။ သူ့ကိုယ်ပေါ်က ဝတ်မှုန်တွေကို သုံးပြီး ကြယ်တာရာသားရဲတွေကို ဖရိုဖရဲဖြစ်အောင် လုပ်နိုင်တယ်။ သူ့နားမှာ အစွမ်းထက်တဲ့ ကြယ်တာရာသားရဲ တော်တော်များများ စုဝေးနေတယ်လို့ တွက်ချက်မိတာပဲ ”
” အစကတော့ ကျွန်မရဲ့ ခွန်အားတစ်ခုတည်းနဲ့ အဲ့ဒါကို ဖြေရှင်းဖို့ လုံလောက်တယ်လို့ တွေးခဲ့တာ။ ဒါပေမဲ့ လက်ရှိအခြေအနေအရ အဲ့လိုမလုပ်နိုင်မှာ စိုးရိမ်မိတယ် ”
” ဘယ်လိုလဲ။ ကျွန်မနဲ့ ပူးပေါင်းချင်လား။ ကိစ္စပြီးသွားတာနဲ့ ရှင်းအတွက် ဆုလာဘ်ကြီး ပေးမယ် ”
ယဲ့ရှောင်က ပြောလိုက်၏။
” မင်း ငါ့ကို ဘာပေးနိုင်လဲ ”
” ပစ္စည်းတွေ အများကြီးပေါ့။ ကုန်ကြမ်းတွေ၊ ဆေးပင်တွေ၊ ဆေးလုံးတွေ။ တန်ကြေးက သင့်တော်သရွေ့ ကျွန်မ ရှင့်ကို ပေးမယ် ”
ယဲ့ရှောင်က အရူးတစ်ယောက် မဟုတ်ပေ။ အသင်္ချေခရမ်းနှင့် သစ်ရွက်နီသည် ပန်းပွင့် ဘုရင်ဟူ၍ လူသိများ၏။ ဤနေရာ၌ အမြင့်ဆုံးထိရောက်အောင် ကျင့်ကြံပြီးသော အသင်္ချေခရမ်းနှင့် သစ်ရွက်နီတို့ ရှိနေခဲ့မည်ဆိုလျှင် ၄င်း၏ တန်ကြေးက သာမန် ပစ္စည်းများနှင့် ရှင်နိုင်မှာ မဟုတ်ပေ။
” ကျုပ် ခင်ဗျားနှင့်အတူ အသင်္ချေခရမ်းနဲ့ သစ်ရွက်နီတွေကို ညီတူမျှတူ ခွဲချင်တယ် ”
” ရှင် ဘာပြောလိုက်တာ ”
အမျိုးသမီးက မင်သက်သွားပြီး သူမ၏ အမူအယာက ချက်ချင်း သုန်မှုန်သွား၏။
ယဲ့ရှောင်က ထပ်ပြောလိုက်သည်။
” ခင်ဗျား တခြားပစ္စည်းတွေ သုံးပြီး ကျုပ်ကို လှည့်စားဖို့ တွေးစရာ မလိုဘူး။ ကျုပ်က အသင်္ချေခရမ်းနဲ့ သစ်ရွက်နီပဲ လိုချင်တာ ”
အမျိုးသမီး၏ အကြည့်က စူးရှသွား၏။ သူမက အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်တော့သည်။
” ကောင်းပြီ။ ရှင့်ကို ကတိပေးတယ် ”
သူမက ဖြည်းဖြည်းချင်း ဆင်းသက်လိုက်၏။
” ကျွန်မ နာမည်က ရှားပင်းနဉ်။ ရှင့်ရဲ့ နာမည်ကရော။ တာ့ရှုန်လို့ မပြောနဲ့နော်။ ဒါက ရှင့်ရဲ့ နာမည် မဟုတ်တာ သေချာတယ် ”
” ရှားပင်းပေါင် ”
ရှားပင်းနဉ်က ယဲ့ရှောင်ကို စိုက်ကြည့်လိုက်၏။ မျက်ဝန်းလှလှတစ်စုံက ဒေါသရိပ်များ ပါရှိနေလေသည်။
ယဲ့ရှောင်က ချောင်းအနည်းငယ် ဟန့်ကာ ထပ်ပြောလိုက်သည်။
” ကျုပ်က ယဲ့လျန်ချန်း ”
ထိုအမည်က သာမန် နာမည်ဟူ၍ သတ်မှတ်နိုင်ကြောင်း ကြားသောအခါ ရှားပင်းနဥ်က နောက်ဆုံးတွင် ယဲ့ရှောင်ကို ယုံကြည်သွားသည်။
” ဒါဆို အခုကစပြီး ကျွန်မတို့နှစ်ယောက် အသင်းဖော်တွေ ဖြစ်သွားပြီ ”
” ကျုပ်တို့ နောက်ထပ် ဘာလုပ်သင့်လဲ ”
” အရင်ဆုံး သူ့ရဲ့ တည်နေရာကို ရှာမယ်။ ပြီးမှ လှုပ်ရှားမယ် ”
ထိုသို့ပြောပြီးနောက် ရှားပင်းနဥ်သည် သူမ၏ လက်တစ်ချောင်းဖြင့် သင်္ကေတနှစ်ခုကို ဖွဲ့တည်လိုက်သည်။ နောက်တစ်စက္ကန့်၌ ရွှေရောင်ဖျော့ဖျော့ ကြိမ်နှုန်း အတက်အကျတစ်ခုသည် သူမ မျက်လုံးထဲမှ ပေါ်ထွက်လာပြီးနောက် လျင်မြန်စွာ ပြန့်ကားသွားတော့သည်။
သူမ၏ မျက်လုံးက ထပ်မံ ပြောင်းလဲသွား၏။
ယဲ့ရှောင်သည် ဘေးကနေ တိတ်တဆိတ် လေ့လာနေတော့သည်။
သူမ နည်းလမ်းများကို သူမ၏ မျက်လုံးအတွင်းမှ ပြသနေကြောင်း အကြိမ်ပေါင်းများစွာ သူ ရှာတွေ့ခဲ့၏။ ယခင်က သူမသည် တိုက်ခိုက်ရန် မျက်လုံး သုံးခဲ့သည်။ သို့သော် ယခု ရှာဖွေရန် မျက်လုံးကို သုံးနေ၏။ ယင်းက စိတ်စွမ်းအားနှင့် သိုင်းကျင့်စဥ်ကို ပေါင်းစည်းပြီး ခံစားချက်တစ်မျိုး ဖြစ်သည်။ ထိုကဲ့သို့ နည်းစနစ်မျိုးကို တွေ့ကြုံဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။
သူသည် သိုင်းစာကြည့်တိုက်ထဲရှိ စာအုပ်များ အားလုံးကို ဖတ်ရှုခဲ့ဖူး၏။ သို့သော်ငြား မျက်လုံးဖြင့် ထုတ်ဖော်နိုင်သည့် သိုင်းကျင့်စဥ်အကြောင်း မတွေ့ဖူးပေ။
ထိုမိန်းကလေးက အတော်လေး မြင့်မြတ်ပုံပေါ်သည်။
” ရှာတွေ့ပြီ။ အဲ့ဒါက မြေကြီးကို တစ်လက်မလောက် ကျုံ့သွားစေနိုင်တဲ့ စွမ်းရည်ကို သင်ယူထားတာ ဖြစ်လောက်တယ်။ ဒါမှမဟုတ် မြေအသွင်ကျင့်စဥ်ကို သင်ယူထားတာ ဖြစ်လောက်တယ်။ ဒါ့အပြင် အရှိန်အဝါက တိုးလာနေသေးတုန်းပဲ ”
” ကျွန်မတို့နှစ်ယောက် မြန်မြန် သွားဖို့လိုတယ် ”
ထိုသို့ပြောပြီးနောက် ရှားပင်းနဥ်က သူမ သွားလိုသည့် အရပ်မျက်နှာဆီ လျင်မြန်စွာ ပျံသန်းသွား၏။ အတွေးတစ်ချက်ဖြင့် ယဲ့ရှောင်ကလည်း သူမနောက် လိုက်ပါသွားသည်။
တောအုပ်ထဲ၌ သနားစဖွယ် အော်သံများ အဆက်မပြတ် အော်ထွက်နေ၏။ သို့သော် ၄င်းတို့က လူသားများဆီမှ မဟုတ်။ ကြယ်တာရာသားရဲများဆီမှ ဖြစ်သည်။
တောအုပ်ထဲ၌ စခန်းချနေသော သိုင်းပညာရှင်များနှင့် စီရင်စု၉ခု၏ မြို့စောင့်တပ်က လှုပ်ရှားတာ အလွန်သိသာသည်။
ယဲ့ရှောင်သည် ရှားပင်းနဥ်နောက် လိုက်လာပြီးနောက် တောအုပ်အလယ်ရှိ တောင်ကုန်းလေးဆီသို့ လျင်မြန်စွာ ရောက်သွားတော့သည်။ ရှားပင်းနဥ်က အောက်ရှိ တောင်ပူစာလေးကို ကြည့်လိုက်၏။
” အဲ့ဒီမှာပဲ ”
ယဲ့ရှောင်က ၄င်းကို သူ၏ ဝိညာဥ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် တောင်ပူစာလေး၏ အောက်ခြေ၌ အင်မတန်သန်မာသည့်အငွေ့အသက်တစ်ခု ပေါ်ထွက်နေသည်။ ထို့အပြင် ၄င်းက ဆက်လက် စုပ်ယူနေပြီး ခွန်အား မြှင့်တက်နေ၏။
သို့သော် ယဲ့ရှောင် မထင်ထားသည်က ထိုချောင်ထရံနား၌ ကျောက်ကပ်ပန်းနှင့် အခြားသော ပန်းမျိုးစေ့များ ပေါက်ရောက်နေတာပဲ ဖြစ်သည်။ တစ်ခုချင်းစီက အလွန်ကောင်းမွန်သည်။ ဝိညာဥ်ပန်းပွင့်များဖြစ်ပြီး ပျားရည်ပြုလုပ်ရန်အတွက် အလွန်သင့်တော်သည်။
” အပေါ်မှာ နေဦး။ ကျွန်မ မြေအသွင်ကျင့်စဥ်ကို သုံးပြီး အောက်ဆင်းကြည့်လိုက်မယ်။ တတ်နိုင်မယ်ဆိုရင် ကျွန်မ ဆွဲထုတ်ကြည့်ဦးမယ်။ ရှင် ဂရုစိုက်ရမယ်။ မလွှတ်သွားစေနဲ့ ”
” ရှင့်ရဲ့ ခွန်အားက အဲ့ဒါကို ဖိနှိပ့်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ခဏလောက် ပိတ်ဆို့ထားပြီး အချိန်နည်းနည်းလောက် ပေးရင် ကျွန်မတို့တွေ ယူလို့ရပြီ ”
” ကျွန်မက အဓိက တိုက်ခိုက်မယ်။ ရှင်က ဘေးကနေ ပံ့ပိုးပေး ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ တောင်ပေါ်၌ ပန်းပွင့်များစွာ ရှိနေသည်။ သူက ပန်းပွင့်များအားလုံးကို ဖယ်ရှားရန် အခွင့်အရေးယူပြီးနောက် အားလုံးကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။
မည်သည့်နည်းနှင့်မဆို တစ်ဖက်လူက သူ့ကို လှုပ်ရှားခွင့် မပေးထားပေ။ ထို့ကြောင့် သူ လုပ်စရာ ဘာမှမရှိပေ။
ရှားပင်းနဥ်က သူ လက်ခံတာကို မြင်သောအခါ သူမသည် ကျောက်ဆောင်ဆီ ချက်ချင်း ပြေးသွားပြီးနောက် ပန်းပွင့်ဘုရင်ကို ဖြေရှင်းတော့၏။
ထိုစဥ် ယဲ့ရှောင်က ဆင်းသက်ရန် အခွင့်အရေးယူကာ ပန်းပွင့်များ ခူးတော့သည်။
ကောင်းကင်ပိုင်းဖြတ်ခြင်းဓါး ထုတ်ဖော်လိုက်သည်နှင့် ဓါးအလင်းက မြေပြင်ကို ခွဲသွားပြီး ပတ်ဝန်းကျင်ရှိ လတ်လတ်ဆတ်ဆတ် ပန်းပွင့်များ အားလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲ စုလိုက်တော့သည်။ တစ်ချိန်တည်းတွင် အောက်ကနေ တိုက်ပွဲအတက်အကျက ပြန့်ကားလာ၏။
မြေပြင်က အနည်းငယ် လှုပ်ခါလာတော့သည်။

အပိုင်း ၁၉၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset