စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၉၆ တည်တည်ငြိမ်ငြိမ် မြင့်တက်သွားခြင်း။
ယဲ့ရှောင်ဘက်တွင်မူ တစ်မနက်လုံး ကြည့်ရှုပြီးနောက် သူသည် ပန်းပွင့် အမျိုးအစားအချို့ကို လျင်မြန်စွာ ခွဲထုတ်လိုက်၏။ သာမန်ပန်းပွင့်များကို အသုံးပြုခြင်းက အလုပ်မဖြစ်မှာ သေချာသည်။ ယဲ့ရှောင်သည် သူ့ကို အဆင့်တက်အောင် ကူညီပေးနိုင်သည့် ဝိညာဥ်စွမ်းအင်ပမာဏများစွာ ထုတ်လုပ်ပေးကာ အရသာကောင်းမွန်သည့် ပျားရည်ကို လိုချင်သည်။
အွန်လိုင်းမိတ်ဆွေများ တွေ့ဆုံချိန်၌ တွေ့ဆုံရန်အတွက် ချိန်းဆိုချက် မပြုလုပ်နိုင်သည့်အတိုင်းကဲ့သို့ ဖြစ်သည်။ ယင်းက မသင့်တော်လွန်းပေ။ သူတို့က စိတ်က နစ်မြုပ်ထားရန် လိုအပ်၏။
ခရမ်းသစ်ခွဟု ခေါ်သည့် ပန်းပွင့်တစ်ပွင့်ကို သူ ပထမဆုံး အတည်ပြုလိုက်သည်။ ယင်းက ညအချိန်တွင်သာ မွှေးသည့် ပန်းတစ်ပွင့် ဖြစ်သည်။ ကျန်သည့်ပန်းပွင့်များနှင့် ကွဲပြားနေပေ၏။ ၄င်းက နေရောင်ကို စုပ်ယူတာ မဟုတ်ပဲ လရောင်ကို စုပ်ယူပြီး ကောင်းကင်နှင့် မြေကြီး၏ အဆီအနစ်ကို စုစည်းထား၏။ ကြားရသည်မှာ ထူးဆန်းနေပြီး ဖုတ်ကောင်ပမာ ထင်မှတ်ရသည်။
အဲ့ဒီပန်းပွင့်က ဘာတွေကောင်းလဲ။
အာရုဏ်တက်ချိန်၌ ဖူးပွင့်၏။ ထိုအချိန်တွင် လူအများစု အနားယူနေသည့် အချိန်ဖြစ်သည်။ မိုးနှင့်မြေကြားရှိ ဝိညာဥ်စွမ်းအင်က အပြည့်ဝဆုံး ဖြစ်သည်။
ထို့ကြောင့် ဝိညာဥ်စွမ်းအင်က အလွန်သိပ်သည်းတော့သည်။
အိမ်တွင် ထိုကဲ့သို့သော ပန်းမျိုးကို စိုက်ပျိုးထားသည့် သိုင်းပညာရှင်များလည်း ရှိပေ၏။ ယင်းတို့ကို အဆင်တန်ဆာ ပန်းပွင့်အဖြစ်လည်း အသုံးပြုနိုင်၏။ ယင်းက ဝိညာဥ်စွမ်းအင်ကိုလည်း စုပ်ယူနိုင်သည်။
၄င်းကို ရွေးချယ်လိုက်ရသည့် နောက်ထပ်အရေးကြီးသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်သည်။ ပမာဏများစွာ စိုက်ပျိုးသောကြောင့် ဝယ်ယူရ လွယ်ကူသည်။
နောက်ထပ် ပုံစံတစ်မျိုးက နေကြာများ ဖြစ်သည်။ နေကြာများ၏ ဂုဏ်သတ္တိနှင့် ခရမ်းသစ်ခွများ၏ ဂုဏ်သတ္တိက ဆန့်ကျင်ဘက် ဖြစ်သည်။ ခရမ်းသစ်ခွက လရောင်ကို နှစ်သက်သကဲ့သို့ နေကြာကမူ နေရောင်ကို နှစ်ခြိုက်သည်။ ၄င်း၏ တည်ရှိမှုက တွေ့နေကျ ဖြစ်၏။ သူ၏ အာနိသင်သည် ခရမ်းသစ်ခွလောက် မကောင်းသော်ငြား ၄င်း၏ အရေအတွက်နှင့် နိမ့်ပါးသော ဆေးနှုန်း၊ နိမ့်ပါးသော ခံနိုင်ရည်ကြောင့် အဆင်မပြေပေ။
ပန်းပွင့်ပုံစံနှစ်မျိုးအပြင် ကျောက်စိမ်းပန်းပွင့်၊ ကျောက်တွင်းပန်းပွင့်၊ ပန်းပွင့်ဘုရင်၊ အသင်္ချေခရမ်းနှင့် အနီရောင်သစ်ရွက်တို့လည်း ရှိနေလေ၏။
အားလုံးက ဝိညာဥ်စွမ်းအင်ရှိသည့် ပန်းပွင့်များ ဖြစ်သည်။ အချို့ကဆို ထိပ်တန်းအဆင့် ဆေးပင်အချို့ သန့်စင်ရန်အတွက် အသုံးပြုရန် လေလံအိမ်တော်၌တောင် လေလံပစ်ကြသည်။
သို့သော် ယဲ့ရှောင်က ထိုပန်းပွင့်များထဲမှ အချို့က ရရှိရန် မလွယ်ကူကြောင်း မှန်းဆပြီးသား ဖြစ်သည်။
ယဲ့ရှောင်သည် မှောင်ခိုဈေးကွက်ပိုင်ရှင်
ဝမ်တာ့လုံ၏ နံပါတ်ကို ဆွဲနှိပ်လိုက်၏။
ထိုလူက အရာအားလုံး၌ အဆက်အသွယ် အလွန်ကြွယ်ဝသည်။ ယဲ့ရှောင် ဘာမှ ရှာမတွေ့လျှင် ဝမ်တာ့လုံကို ရှာတွေ့သရွေ့ ပြဿနာ မရှိပေ။
” ဟယ်လို မစ္စတာ ယဲ့။ ကျွန်တော့်ကို ဘာကြောင့် ရုတ်တရက် ခေါ်တာလဲ။ အော်ဒါများ ရှိလို့လား ”
” ခင်ဗျားဆီကနေ ပန်းပွင့်တချို့ ဝယ်ချင်လို့ ”
” ပန်းပွင့်တွေလား။ သူတို့တွေက အဂ္ဂရိတ်ဆရာတွေအတွက်လား ”
” ဟုတ်တယ် ”
” ကောင်းပြီလေ။ ဘယ်လိုပန်းပွင့်မျိုး လိုချင်တာလဲ ”
ယဲ့ရှောင်က သူ လိုချင်သည့် ပန်းပွင့်အမျိုးအစားအချို့ကို ပြောပြလိုက်ရာ ဝမ်တာ့လုံက ရှင်းပြ၏။
” မစ္စတာ ယဲ့။ ခင်ဗျားကို ခရမ်းသစ်ခွနဲ့ နေကြာပွင့်တွေတော့ ပေးနိုင်ပါရဲ့။ ဒါပေမဲ့ နောက်ထပ် အမျိုးအစားတွေက ရဖို့ မလွယ်ဘူး။ သူတို့အားလုံးက ရှားပါးတဲ့ ကုန်ပစ္စည်းတွေ။ တန်ကြေးက မြင့်တယ်။ ပန်းပွင့်တစ်ပွင့်ကို တစ်သောင်းလောက် ကျတာ။ ဒါမှမဟုတ် သိန်းတောင် ကျော်ရင် ကျော်မယ်။ အဂ္ဂရိတ်ပညာရပ်အတွက် အဲ့ဒီ ပန်းပွင့်မျိုးကို ဝယ်တာ ခင်ဗျားအတွက် မသင့်တော်ဘူး။ ကျရှုံးခဲ့ရင် ဘယ်လောက် ဆုံးရှုံးသွားမလဲ ”
” အဲ့လိုပန်းပွင့်တွေကို ဘယ်မှာများ ထပ်ဝယ်လို့ ရဦးမလဲ။ ပိုပြီး ဈေးချိုချိုနဲ့ ဝယ်လို့ရမလား ”
” ခင်ဗျားဘာ့သာခင်ဗျား ခူးဝယ်ဖို့အတွက် တောင်တန်းတွေကို မသွားသရွေ့ သူတို့ကို ဈေးချိုချိုနဲ့ ဝယ်ဖို့က မဖြစ်နိုင်ဘူး။ ကျုပ်မှတ်မိတာ မှန်မယ်ဆိုရင် အဲ့ဒါတွေကို အနောက်တောင်ဘက် တောအုပ်မှာ ရှာတွေ့နိုင်တယ်။ ဒါပေမဲ့ အဲ့ဒီမှာ အင်မတန် အန္တရာယ်များတာ။ အလွန် အစွမ်းထက်တဲ့ ကြယ်တာရာသားရဲတချို့လည်း ပုန်းနေတာလေ။ ခင်ဗျား ဂရုမစိုက်ရင် သေသွားလိမ့်မယ် ”
” အဲ့လိုလား။ ကျုပ်သိပြီ။ ဒါဆိုရင် ခရမ်းသစ်ခွနဲ့ နေကြာကို ကျုပ်အတွက် ယွမ် ၂၀၀၀၀၀လောက် အရင်စုဆောင်းပေးထား ”
ယဲ့ရှောင်သည် ဈေးကွက်ထဲ၌ ကျိဖုန်း၏ အမွှေးကို အသုံးချပြီး သန်းချီ ရှာနိုင်ခဲ့၏။ ယခု သူက ပိုက်ဆံအကြောင်း စိုးရိမ်ပူပန်ရန် မလိုအပ်ချေ။
” ကောင်းပါပြီ။ ညမနက်ခင် ဆက်သွယ်လိုက်ပါ့မယ် ”
” ခင်ဗျားဆီက သတင်းကောင်း စောင့်နေမယ် ”
ဖုန်းချပြီးနောက် ယဲ့ရှောင်သည် သူ့ရင်ထဲ၌ အစီအစဥ်တစ်ခု စတင် ရေးဆွဲတော့သည်။
ရှေးဦးစွာ သူသည် ခရမ်းသစ်ခွနှင့် နေကြာ၏ အာနိသင်ကို ထုတ်ဖော်ချင်ပြီး သူတို့ မည်သည့် အဆင့်ထိ ရောက်နိုင်လည်းဆိုတာ တွေ့ချင်၏။
ပျားရည်က အလွန်ကောင်းပြီး ဝိညာဥ်စွမ်းအင်ပမာဏများစွာ ပေးနိုင်ခဲ့လျှင် သူက ကျန်သည့် ပန်းပွင့်အမျိုးအစားများကို ရှာရန် တောအုပ်ထဲသို့ သွားမှာပဲ ဖြစ်သည်။
ပျားရည်က ဆိုးရွားပြီး ၄င်းတွင် ပါဝင်သည့် ဝိညာဥ်စွမ်းအင်က မကောင်းပါက သူက စူဇန်ကို ချက်ချင်း ဖယ်ရှားပြီး သူမကို ပေါင်မုန့်များ ညှပ်ပြီး ပျားကြော် လုပ်စားမှာပဲ ဖြစ်သည်။
ယဲ့ရှောင်သည် တန်ဖိုးမရှိသည့်အရာများကို ထောက်ပံ့ပြီး နေမှာ မဟုတ်ပေ။ ၄င်းက ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်နေလျှင်တောင် သူ့အတွက် တန်ဖိုးမရှိပေ။
ထိုည၌ ဝမ်တာ့လုံသည် ကတိပေးထားသည့်အတိုင်း ယဲ့ရှောင်အတွက် ပန်းပွင့်နှစ်မျိုးကို ပြင်ဆင်ပေးထား၏။ တစ်စည်းစီ၌ တစ်မျိုးစီ ပါဝင်သည်။
ယဲ့ရှောင်က ငွေပေးချေပြီး ပန်းပွင့်များကို ချိတ်ပိတ်မှုထဲ ပစ်ထည့်လိုက်၏။ သူက စူဇန်ကို ပျားရည် စလုပ်ခိုင်းပြီးနောက် အနားယူရန် အိမ်ပြန်သွားသည်။
နောက်တစ်နေ့၌ သူက ပစ္စည်းများကို စုဆောင်းရန် မွေးမြူရေးခြံသို့ သူကိုယ်တိုင် ရောက်လာပြီး ဟွမ်လျိုလီကို မသွားခိုင်းခဲ့ပေ။ သူက ရလဒ်ကိုကိုယ်တိုင် မြင်ချင်၏။
ယဲ့ရှောင် ရောက်လာချိန်၌ ကြယ်တာရာသားရဲများ အားလုံးက ယနေ့အတွက် ပစ္စည်းများ ပြင်ဆင်ထားပြီး ဖြစ်သည်။
နော့ဖစ်၏ ရေဘဝဲလက်တံ၊ မြေအမတဝမ်၏ ဂျင်ဆင်းမြစ်၊ သမင်သွေး၊ သမင်ချို၊ ဥ၊ လိပ်ဥ။ သို့သော်ငြား ယဲ့ရှောင် တန်ဖိုးအထားဆုံးက အဆင့် ၈ ကြယ်တာရာသားရဲနှစ်ကောင်ဖြစ်သည့် စူဇန်နှင့် မော့ယွီထံမှရသည့် ပစ္စည်းများ ဖြစ်သည်။
မော့ယွီက နို့ညစ်ပြီးသွားပြီး လက်ရှိတွင် ကြယ်သီး မြန်မြန် တပ်နေသည်။ ယင်းက ယဲ့ရှောင်ကို အလွန်ဇဝေဇဝါ ဖြစ်သွားစေတော့သည်။
သူက ကြယ်တာရာသားရဲအသွင်ပြောင်းဖို့ မလိုတာများလား။
မဖြစ်နိုင်တာ။ အဲ့လောက် အစွမ်းထက်တယ်လား။ လတ်လတ်ဆတ်ဆတ် နို့က နွေးနေသေးတုန်းပဲ။
ယဲ့ရှောင်က လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး ဝိညာဥ်စွမ်းအင်ကို သုံးကာ ပုံးထဲကနေ နည်းနည်း ယူထုတ်လိုက်၏။ အရသာက အလွန်ကောင်းပြီး နွေးထွေးကာ အနည်းငယ် ချိုမြပြီး နှုတ်မြိန်သည်။
အင်မတန် သိပ်သည်းသော်ငြား သိမ်မွေ့သည့် ဝိညာဥ်စွမ်းအင်က သူ့အစာအိမ်ထဲကနေ ယဲ့ရှောင်၏ ခြေလက်လေးဘက်ဆီသို့ ပြန့်သွားတော့သည်။
ဘုရားရေ။ ချက်ကောင်းမိပြီပဲ။
၄င်းကို သောက်ခြင်း၏ အာနိသင်က သာလွန်အဆင့် ဆေးလုံးတစ်လုံး သောက်ခြင်းနှင့် နီးစပ်နေသည်။ နွားနို့တစ်ပုံးသောက်ပြီးနောက် အနည်းဆုံးတော့ ချီရှန်းအဆင့် ဆေးလုံးများစွာ သောက်ခြင်းနှင့် တူသွားလိမ့်မည်။
ထို့အပြင် ၄င်းကို ချိစ်ထောပတ်၊ မက်မွန်ဒိန်ချဥ် စသဖြင့် ပြုလုပ်၍ရသည်။
လက်တွေ့အသုံးချသည်ဖြစ်စေ၊ အရသာအရာတွင်ဖြစ်စေ ယင်းက ဆေးလုံးသန့်စင်ထားသည်ထက် အဆပေါင်းများစွာ ပိုကောင်းသည်။
ပိုအရေးကြီးသည်က ဆေးလုံးသန့်စင်ရန် ရှားပါးသော ကုန်ကြမ်းများစွာ ဝယ်ယူရန် လိုအပ်၏။ ယင်းက ကုန်ကြမ်းစရိတ် များရုံသာမက ပါဝင်ပစ္စည်းများကိုလည်း သန့်စင်ရန် လိုအပ်သည်။ ယင်းက အတော်ဒုက္ခများ၏။
နှစ်ခုကမူ အလွန်ရိုးရှင်းသည်။ ဘာမှလုပ်စရာ မလိုပေ။ နေ့တိုင်းလာပြီး စုဆောင်းလိုက်ရုံသာ ဖြစ်သည်။ ပြီးပြည့်စုံနေပေ၏။
မနေ့တုန်းက အင်မတန် မောက်မာထောင်လွှားခဲ့သော စူဇန်သည် ယခုမူ အလုပ်ကြိုးစားဆုံး ပျားလေးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားပြီ ဖြစ်သည်။
တစ်ညလုံး အလုပ်လုပ်ပြီးနောက် သူက ပုံးလေးရှစ်ပုံးသာ ရိတ်သိမ်းခဲ့ပြီး ဖြစ်သည်။
ထို့အပြင် သူက အံ့ဖွယ်အဆင့် ပျားတစ်ကောင် ဖြစ်သည်။ ထို့ကြောင့် ပျားရည်ထုတ်လုပ်ရာ၌ အလွန်မြန်ဆန်မှာ သေချာသည်။
သူမသည် ပျားရည်ထုတ်လုပ်ရန်အတွက် အင်မတန် မြန်ဆန်သည့် နည်းလမ်းကိုလည်း အသုံးပြုနိုင်၏။ သို့သော်ငြား ထိုအချိန်၌ ပျားရည်၏ ပြီးပြည့်စုံသော အဆင့်အတန်းသည် အနည်းငယ် ဝေးကွာသွားလိမ့်မည်။
ဝိညာဥ်စွမ်းအင်ပမာဏနှင့် ပျားရည်၏ အရသာက ချို့တဲ့သွားလိမ့်မည်။
စူဇန်သည် ယဲ့ရှောင်ကို မကြိုက်သော်ငြား သူမက အရူးတစ်ယောက် မဟုတ်။ ယခုအချိန်တွင် သူ့ကို ဆန့်ကျင်တာက သေလမ်းရှာနေတာပဲ ဖြစ်သည်။ ထိုသို့ပြုလုပ်မည့်အစား သူမ ခဏတာ လိမ္မာလိုက်မည်။
နော့ဖစ်၏ စကားအရ သူတို့ တစ်နေ့တွင် ကယ်ဆယ်ခံရနိုင်သည်။ သို့သော် သူတို့ ဤနေရာ၌ သေသွားလျှင် မတန်ပေ။
ယဲ့ရှောင်က ဝိညာဥ်စွမ်းအင်ကို သုံးပြီးနောက် နည်းနည်းယူကာ မြည်းစမ်းကြည့်လိုက်၏။ မော့ယွီ ထုတ်ပေးထားသည့် လတ်လတ်ဆတ်ဆတ် နို့ထက် အားမလျော့တာ သေချာသည်။
မော့ယွီသည် သွေးအဆီအနစ်နှင့် ဝိညာဥ်စွမ်းအင်ပေါင်းစည်းပြီး ဖန်တီးထားပြီး စူဇန်ကမူ ပျားရည် စုဆောင်းရန် အတွက် သူမ၏ ကိုယ်ပိုင် သွေးအဆီအနစ်ကို စတေးစရာ မလိုမှန်း သိထားရပေမည်။ သွင်ပြင်အရ သူမသည် ကျန်သည့် ကြယ်တာရာသားရဲများထက် ပိုသန်မာနေ၏။
ထို့အပြင် ဤနေရာ၌ ပျားရည်များစွာ ရှိနေသည်။ နို့ထက် ပိုများပေ၏။ ယင်းက ချီရှန်းအဆင့် ဆေးလုံးတစ်ဒါဇင်ခန့် တစ်ပြိုင်တည်း ထောက်ပံ့ခြင်းနဲ့ ညီမျှသည်။
သူက သူမကို နောက်ပိုင်း အလုပ် ပိုကြိုးစားခိုင်းပြီး နေ့စဥ်နေ့တိုင်း ပန်းပွင့်များ ပိုရအောင် ယူပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
သို့သော် ထိုပန်းပွင့်များကို ရယူသည့်နည်းလမ်း ပြောင်းလဲရန် သူ စဥ်းစားလိုက်၏။
သူက နေ့စဥ်နေ့တိုင်း ပန်းပွင့်ကို သိန်းချီကို ဝယ်နေခဲ့လျှင် တန်မှာ မဟုတ်ပေ။ သူကိုယ်တိုင် စုဆောင်းသင့်သည်လော။
သို့သော် ထိုအကြောင်းကို စဥ်းစားပြီးနောက် ယဲ့ရှောင်က လက်လျှော့လိုက်၏။
သူသာ သူမကို မွေးမြူရေး နေရာ၌ ထားမည်ဆိုလျှင် သူမ ထွက်ပြေးမှာ မဟုတ်ပေ။ သူမကို လွတ်ပေးလိုက်ပါက လူတိုင်းထက်ပြေးတာ ပိုမြန်ဆန်လိမ့်မည်။
သူ၏ လက်ရှိကျင့်ကြံဆင့်သည် ရှန်းထျန်းနဝမအဆင့်သို့ မရောက်သေးသောကြောင့် ဖြစ်သည်။ သူက ယခုအချိန်၌ ရှန်းထျန်းနဝမအဆင့် သိုင်းပညာရှင် ဖြစ်ပြီး သူ၏ ဝိညာဥ်စွမ်းအင်က သူမထက် တစ်ဆင့် ပိုမြင့်နေလျှင် သူ၏ ဝိညာဥ်စွမ်းအားကို သုံးပြီး သူမကို တစ်နေရာထဲ၌ ချုပ်နှောင်ထားလိုက်မည်ဖြစ်ကာ သူမကို ပွင့်ချပ်များ စုပ်ယူစေနိုင်မှာပဲ ဖြစ်သည်။
ယခု သူ၏ ကျင့်ကြံခြင်းက မလုံလောက်သေးပုံ ရသည်။ သူက ကျင့်ကြံဆင့် တိုးမြင့်ရန်အတွက် နည်းလမ်းတစ်ခုကို မြန်မြန် စဥ်းစားရမည်။
ယဲ့ရှောင်က သူ၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သူ့ဝိညာဥ်စွမ်းအင် ကျင့်ကြံမှုသည် ၅၀ရာခိုင်နှုန်းရောက်ခါနီးပြီ ဖြစ်၏။ သူက ရှန်းထျန်းနဝမအဆင့်သို့ ရောက်ရန် ၅၀ရာခိုင်နှုန်း လိုသေးသည်။
ရက်အနည်းငယ်အတွင်း သူက ဝိညာဥ်စွမ်းအင်များကို ဖြည်းဖြည်းချင်း စုဆောင်းနိုင်မည်။ ရက်အနည်းငယ်ကြာပြီးနောက် သူသည် တောအုပ်ထဲသို့ သွားရန် အချိန် ရှာထားမည်။ စူဇန်ထံမှ ပျားရည် ပြုလုပ်ရန်အတွက် သင့်တော်သည့် ပန်းပွင့်တချို့ ရှာတွေ့နိုင်မလား ကြည့်ရမည်။
ယနေ့ ထုတ်ကုန်များကို သိမ်းဆည်းပြီးနောက် ယဲ့ရှောင်က မွေးမြူရေးခြံကနေ လှည့်ထွက်သွားတော့၏။
နော့ဖစ်နှင့် ကျန်သည့်ကြယ်တာရာသားရဲများက ပြုံးပြီး ပြောလိုက်တော့၏။
” ဘယ်လိုလဲ။ တကယ်တော့ မွေးမြူရေးတိရစ္ဆာန်ဖြစ်ရတာ ကောင်းတယ်မလား။ မင်း နေ့တိုင်း ခဏလောက် အလုပ်လုပ်ပေးရင် တစ်နေ့လုံး အားနေမှာ ပဲ။ မင်းကိုယ်ပိုင် ဘေးကင်းဖို့လည်း စိတ်ချရတယ်လေ ”
” ကြိုက်သလောက် ဆော့လို့ရတယ်။ ကြိုက်သလို လေ့ကျင့်လို့ရတယ် ”
စူဇန်သည် ၄င်းကို ဝန်မခံချင်သော်ငြား ခေါင်းညိတ်လိုက်သေး၏။
” အတော်ကောင်းတာပဲ ”
မော့ယွီက ကြုံးဝါးလိုက်မိသည်။
” အရာအားလုံး ကောင်းပါရဲ့။ ဒါပေမဲ့ ဆိုးတာက အတော်နာတယ်။ ပူနေသေးတုန်းပဲ ”
” မင်းက အတော်ကောင်းပါရဲ့။ နည်းနည်းလေး ညစ်လိုက်ရုံပဲ။ အစ်ကို သမင်ကတော့ ကံမကောင်းဘူး။ သူက နေ့တိုင်းနေ့တိုင်း သွေးထွက်နေရပြီး သူ့ရဲ့ သမင်ချိုကိုလည်း ဖြတ်ပေးရသေးတယ် ”
ယဲ့ရှောင်က ပြန်လာပြီး အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများဆီမှ ပစ္စည်းများအားလုံးကို စားသုံးလိုက်၏။ သူက မဖြုန်းတီးခဲ့ပေ။
သူ၏ အစွမ်းထက်သော ခန္ဓာသည် လျင်မြန်စွာ အစာချေနေပြီး ကြွယ်ဝသည့် သွေးအဆီအနစ်နှင့် ဝိညာဥ်စွမ်းအင်တို့ကို သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုထဲ စုပ်ယူနေလေ၏။
သူ၏ ကျင့်စဥ်က မျက်တောင်တစ်ခတ်အတွင်း အတော်လေး တိုးလာပြီး တစ်ရာခိုင်နှုန်း တိုးလာလေ၏။
ထိုအရှိန်က အမှန်တကယ် မနှေးပေ။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် လောကကြီး၏ အစွမ်းအထက်ဆုံး ပါရမီရှင်များအဖို့ ထိုကဲ့သို့ ကြွယ်ဝသည့် ထောက်ပံ့ရေး အရင်းအမြစ်များ ရဖို့က မဖြစ်နိုင်ပေ။ ရှန်းထျန်းအဌမအဆင့်က ရှန်းထျန်းနဝမအဆင့်သို့ အနည်းဆုံး နှစ်အနည်းငယ် အချိန်ယူရပေလိမ့်မည်။
သူ၏ ကိုယ်ပိုင် အရှိန်အတွက်မူ ရက်တစ်ရာခန့် အချိန်ယူရပေလိမ့်မည်။ သူက သုံးလအတွင်း နဝမအဆင့်ကို ရောက်လောက်၏။ သူသည် ကျန်သည့်သူများထက် အဆပေါင်းများစွာ သန်မာနေပြီးသား ဖြစ်သည်။
ပြီးနောက် ယဲ့ရှောင်သည် စာကြည့်တိုက်ထဲတွင် နောက်ထပ် လဝက်ခန့် လိမ္မာစွာ နေခဲ့ပြီး နေ့စဥ်နေ့တိုင်း သူက အချိန်မှီ ရုံးတက်ပြီး စာအုပ်များ လေးနက်စွာ ဖတ်၏။ ရုံးဆင်းပြီးနောက် သူက စားကောင်းသောက်ဖွယ်များ ပြင်ဆင်ကာ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများ၏ ထုတ်ကုန်များကို သုံးပြီး သူ၏ ကျင့်ကြံဆင့်ကို တိုးမြှင့်ခဲ့၏။
လဝက်အတွင်း ယဲ့ရှောင်၏ ကျင့်ကြံဆင့်သည် နှစ်ဆယ်ရာခိုင်နှုန်းအောက် တိုးတော့သည်။ ဤနည်းဖြင့် သူသည် ကျင့်ကြံဆင့် သုံးဆယ်ရာခိုင်နှုန်းသာ လိုတော့သည်။ သူက ရှန်းထျန်းနဝမအဆင့်သို့ တက်လှမ်းနိုင်တော့မှာပဲ ဖြစ်သည်။
သူသည် သူ့အမြင်အာရုံထဲ၌ ကျန်ရှိသည့် ကျင့်စဥ်နှစ်မျိုးမှ အခြေခံ လက်သည်းသိုင်း ( ၈ ) မျိုးကို လည်း သင်ယူခဲ့သည်။ လက်သည်းသိုင်းနှင့် ခြေသိုင်း ဖြစ်သည်။ ကျင့်စဥ်များကို မှတ်တမ်းတင်ထားသည့် စာမျက်နှာက အနည်းငယ် လင်းလာ၏။ ဆိုလိုသည်က နောက်ဆုံးတစ်ခုကို ရရန် တစ်လှမ်းသာ လိုတော့သည်။ ပြီးနောက် သူသည် တော်ဝင်လက်သည်းသိုင်းကို အောင်မြင်စွာ ပေါင်းစည်းနိုင်မှာပဲ ဖြစ်သည်။
ယဲ့ရှောင်သည် သူ နောက်ဆုံးအခေါက်က ချင်ယွိယန်ကို ဖမ်းရန်အတွက် စူဇန်နှင့် ကျန်သည့်သူများဆီက တွေ့ကြုံခဲ့ဖူးသည့် လက်သည်းသိုင်းကို စတင်ကျင့်ကြံချင်နေ၏။
ယဲ့ရှောင်သည် ပို့ဆောင်ရေး အစီအရင်ထဲသို့ ဝင်သွားခဲ့စဥ်က အလွန်စွန့်စားမှုများသည့် အကွက်ဖြစ်ခဲ့သည်။ သူ ဂရုမစိုက်ခဲ့မိလျှင် လေဟာနယ်အချိန် ဖရိုဖရဲဖြစ်မှုနောက် နောက်ကောက်ကျနိုင်သည်။ ထိုအချိန်က သူသည် လေဟာနယ်စွမ်းအားကို ခုခံရလောက်သည်အထိ မသန်မာသေးပေ။
ထို့ကြောင့် သူ ထိန်းချုပ်နိုင်သည့် ကျင့်စဥ်နှစ်မျိုးရှိရန် လိုအပ်သည်။
အပိုင်း ၁၉၆ ပြီး၏။