စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၉၅ အိန္ဒိယဗုဒ္ဓ ရှောင်လင်ကို ရောက်လာခြင်း။
” မင်း ကြားပြီးပြီလား။ အိန္ဒိယဗုဒ္ဓ အာရိုက ငါတို့ စီရင်စု၉ခုကို ထပ်ရောက်လာတော့မယ် ”
” အာရိုလား။ ဘယ်သူက အာရိုလဲ။ သူက အရမ်းအစွမ်းထက်တာလား ”
” ဘယ်လောက် တုံးအလိုက်လဲလို့။ အာရိုဆိုတာ အိန္ဒိယက လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀လောက်တုန်းက ပေါ်ထွက်လာခဲ့တဲ့ ဗုဒ္ဓရဲ့ တပည့် ပါရမီရှင်လေ ”
” အဲ့ဒီတုန်းက သူက ငါတို့ စီရင်စု၉ခုရဲ့ ဗုဒ္ဓတပည့်တော်တွေကို စိန်ခေါ်ဖို့ လာခဲ့တယ်။ နှစ်ခါပဲ ကျရှုံးခဲ့တာ။ သူက ကျန်တဲ့သူတွေကို အနိုင်ယူနိုင်ခဲ့တယ်။ နောက်ဆယ်စုနှစ်ပေါင်းများစွာလည်း နှစ်စဥ်နှစ်တိုင်း စိန်ခေါ်ခဲ့တာ။ အဲ့ဒီအချိန်တုန်းက သူ မအောင်မြင်တာကလွှဲရင် တစ်ခါမှ မရှုံးဖူးဘူး ”
” ဝိုး မဖြစ်နိုင်ဘူးမလား။ သူက ဒီလောက်အစွမ်းထက်တယ်လား ”
” သူက အတော်စွမ်းတယ်။ သူက ရှန်းထျန်း ဆဌမအဆင့် မဟာချီရှန်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီလို့ ပြောကြတယ်။ သူက ရှန်းထျန်းသတ္တမအဆင့်ကို အချိန်မရွေး အဆင့်တက်နိုင်တယ် ”
” ဘုရားရေ။ သူသာ ရှန်းထျန်းသတ္တမအဆင့်ကို အဆင့်တက်သွားမယ်ဆိုရင် ဒါက ဒဏ္ဍာရီလာ အံ့ဖွယ်ချီရှန်းအဆင့် ရောက်သွားမှာ မဟုတ်ဘူးလား ”
” အဲ့လိုမဟုတ်ဘူးလား။ ဒီတော့ သူ ဘယ်လောက် အစွမ်းထက်လဲဆိုတာ နင် အခု သိပြီလား။ ငါ အဲ့ဒီအကြောင်း ကြားဖူးတယ်။ သူက ဒီတစ်ခေါက် လူတော်တော်များများကို အနိုင်ယူပြီးသားတဲ့။ သူက မျိုးဆက်တူက လူတွေကိုပဲ စိန်ခေါ်တာကြောင့် စီနီယာက သူ့ကို စိန်ခေါ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သူ့အရင်တုန်းက အနိုင်ယူခဲ့တဲ့ ဗုဒ္ဓစီနီယာက မလှုပ်ရှားသရွေ့ သူက ဒီနှစ်မှာလည်း သေချာပေါက် အနိုင်ယူသွားဦးမှာပဲ ”
” ဟူး။ သူက သိပ်သန်မာလွန်းတာပဲ။ ပြောရင်းနဲ့ ငါတို့ စီရင်စု၉ခုရဲ့ ဗုဒ္ဓဂိုဏ်းက အရမ်းအစွမ်းထက်တာ မဟုတ်ဘူးလား။ ငါတို့တွေက သူ့ကို ဘယ်လိုလုပ် အနိုင်မယူနိုင်ရတာလဲ ”
” မင်းနားက ဘာအတွက် ထားတာလဲ။ ငါ ခုနတုန်းက ပြောတာ မကြားလိုက်ဘူးလား။ မင်းက ငါ့ကို ထပ်ပြောစေချင်တာလား။ သူက သူနဲ့ မျိုးဆက်တူ ဗုဒ္ဓသိုင်းပညာရှင်တွေကိုပဲ စိန်ခေါ်တာ။ သူ့ထက် အသက်ပိုကြီးတဲ့ ရဟန်းတွေကို ထည့်မပြောထားဘူးလေ။ ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ စီရင်စု၉ခု ဗုဒ္ဓဂိုဏ်းက အစွမ်းထက်တဲ့ သိုင်းပညာရှင်တွေလည်း မွေးထုတ်ခဲ့တယ်။ သူတို့ထဲမှာ သူ့ထက် တစ်နှစ် နှစ်နှစ်ငယ်တဲ့သူက နှစ်ယောက်ရှိပြီး အံ့ဖွယ်ဂိုဏ်းကို တက်ကုန်ပြီ။ သူတို့တွေက သူ့ထက် ပိုသန်မာတယ်မလား။ သူ စိန်ခေါ်တဲ့သူတွေက သူနဲ့ အဆင့်တူတဲ့ သူတွေပဲ။ သူနဲ့ အဆင့်တူအတွင်းမှာ သူ့ကို တိုက်ခိုက်နိုင်တဲ့သူ များမျစားစား မရှိဘူး။ မင်း စိတ်တိုစရာကောင်းတယ်လို့ မထင်ဘူးလား ”
” ငါတို့ တတ်နိုင်တာ ဘာမှမရှိဘူးလေ ”
အိန္ဒိယဗုဒ္ဓဘာသာ ရောက်လာမည်မှန်း ယဲ့ရှောင် သိနေလေ၏။ ထို့အပြင် တစ်ဖက်လူ၌ အလားအလာတချို့ ရှိပုံပေါ်သည်။
ယေဘုယျအားဖြင့် သာမန် ပါရမီရှင်တစ်ဦးသည် အသက် ၃၀မှ အသက် ၄၀ ဝန်းကျင်အတွင်း ချီရှန်းအဆင့်သို့ အဆင့်တက်နိုင်မည်။ သူတို့က အသက် ၅၀မှ အသက် ၆၀အတွင်း မဟာချီရှန်းအဆင့်သို့ အဆင့်တက်နိုင်ပြီး အသက် ၁၀၀၌ အံ့ဖွယ်ဂိုဏ်းသို့ အဆင့်တက်နိုင်မည်။
တစ်ဖက်သူသည် အသက် ၆၀၌ ရှန်းထျန်း ဆဌမအဆင့်၏ အထွတ်အထိပ်သို့ အဆင့်တက်လှမ်းခဲ့ပြီး ဖြစ်သည်။ သူက ရှန်းထျန်း သတ္တမအဆင့် အံ့ဖွယ်ဂိုဏ်းသို့ ဝင်ရန် ခြေလှမ်းတစ်ဝက်မျှသာ လိုတော့သည်။ သူ၏ ပါရမီက အတော်လေး ကောင်းမွန်သည်ဟု သတ်မှတ်၍ရသည်။
သို့သော်ငြား ယဲ့ရှောင်က သိပ်စိတ်မဝင်စားပေ။ အကြောင်းမှာ သူ၏ ပါရမီက သာမန်လူများနှင့် ယှဥ်နိုင်ရုံသာ ရှိသည်။ သူက စစ်မှန်သည့် ပါရမီရှင်များနှင့် ပြိုင်ခဲ့လျှင် ဖျောင်ကျန့်ရှန်ကိုတောင် ယှဥ်နိုင်မှာ မဟုတ်လေရာ ဧကရာဇ်၏ သွေးမျိုးဆက် ပိုင်ဆိုင်ထားသူဆိုလျှင် ပြောနေရန် မလိုတော့ချေ။
ဖာ့ကျန်းက သူနှင့် တိုက်ခိုက်ချင်သည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူက ထိုအမည်ကို ဂရုစိုက်မိမှာတောင် မဟုတ်လောက်ပေ။ တစ်ဖန် သူတို့ ပြောပုံအရ မထင်ထားသည့်အရာ ဖြစ်မလာခဲ့လျှင် ဖာ့ကျန်းရှုံးရန် ၈၀ ၉၀ရာခိုင်နှုန်း ရှိသည်။
သူက ထိုရဟန်းအိုနှင့် ဆက်ဆံရေးကောင်း၏။
ငါ သူ့ကို ကူညီနိုင်မလား။ ကြည့်ဦးမယ်။
မည်သို့ပင်ဆိုစေကာမူ ဖာ့ကျန်းက စီရင်စု၉ခုမှ ဖြစ်သည်။ အာရိုက မည်မျှ ပါရမီ ထူးစေကာမူ သူက အိန္ဒိယလူမျိုး ဖြစ်နေသေး၏။
သူ၏ လူမျိုးကို သူ ကူညီရဦးမည်။ သူက ပဥ္စမအလွှာသို့ အမြန်တက်သွားလိုက်၏။
စတုတ္ထအလွှာ၌ ကျောင်းသားများ မရှိသလောက်ပင်။ အကြောင်းမှာ သာမန်ကျောင်းသားများသည် ဂုဏ်ထူးဆောင်ရလဒ်များ မရသရွေ့ အကျိုးမဆောင်ထားသရွေ့ ဤနေရာသို့ ရောက်လာခွင့် မရှိသောကြောင့် ဖြစ်သည်။
တစ်ဖက်တွင်မူ ဖာ့ကျန်းက ပဥ္စမအလွှာ၌ စာဖတ်နေလေ၏။
ပဥ္စမအလွှာနှင့် ဆဌမအလွှာက ရှောင်လင်က လှူဒါန်းပေးထားသည့် ဗုဒ္ဓကျင့်စဥ်အများစု သိမ်းဆည်းထားသည့် နေရာလည်း ဖြစ်သည်။
ယံ့ရှောင်က တစ်ချက်သွားကြည့်လိုက်သည်။
ဖာ့ကျန်း၏ လက်ရှိ ကျင့်ကြံဆင့်သည် ရှန်းထျန်း ပဥ္စမအဆင့် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်သည်။ သူက ရှန်းထျန်းဆဌမအဆင့်သို့ အဆင့်တက်ရန် တစ်လှမ်းမျှသာ ဝေးတော့သည်။
သို့သော် သူ၏ ပါရမီက သာမန်ပါရမီရှင်များကဲ့သို့သာ ဖြစ်သည်။ ထို့ကြောင့် အဆင့်တက်ရန် သူ့ကိုသူ အားထားမည်ဆိုလျှင် လအနည်းငယ်အတွင်း ယှဥ်ပြိုင်နိုင်မှာတောင် မဟုတ်ပေ။
ယဲ့ရှောင်က ထိုအကြောင်းကို ခဏတာစဥ်းစားပြီးနောက် စာအုပ်စင်ပေါ်၌ စိန်ကျမ်းဂန်ကို တွေ့လိုက်သည်။
စိန်ကျမ်းဂန်က ချီရှန်းအဆင့် စိတ်စွမ်းအားကျင့်စဥ် ဖြစ်သည်။ ဗုဒ္ဓဘာသာ၌ စိတ်စွမ်းအားကျင့်စဥ်များစွာရှိပြီး သူတို့က အလွန်နာမည်ကျော်ကြားသည်။ ဥပမာတစ်ခုမှာ ကြွက်သားအရွတ်များကို ပြောင်းလဲပေးသည့် စိန်ဗောတိကျမ်းပဲ ဖြစ်သည်။ သို့သော်ငြား လက်တွေ့တွင်မူ ဓမ္မကျမ်းစာများက ဗုဒ္ဓစိတ်စွမ်းအားကျင့်စဥ်၏ စစ်မှန်သော အနှစ်သာရ ဖြစ်သည်။ ဗုဒ္ဓစိတ်စွမ်းအားကျင့်စဥ်၏ အကြမ်းမျဥ်း ပုံစံဟူ၍ ပြောနိုင်ပေသည်။
ယဲ့ရှောင်သည် ဓမ္မကျမ်းစာကိုလည်း သင်ယူခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် တစ်ချက်ကြည့်ရုံ
ဖြင့် ထိုရှောင်လင်စိတ်စွမ်းအား ကျင့်စဥ်များကို မြင်နိုင်၏။ မိနစ်ပိုင်းအတွင်း ဟာကွက်များကို နားလည်ပြီး သူတို့ကို ပြင်ဆင်နိုင်သည်။
သူက စိန်ဗောတိကျမ်း၌ မှတ်တမ်းတင်ထားသည့် အချက်အလက်များကို နောက်ထပ် စိတ်စွမ်းအားအဖြစ် ကိုယ်ပိုင်ခွန်အားဖြင့် ပြောင်းလဲလိုက်သည့် ဓမ္မကျမ်းစာ၏ အစိတ်အပိုင်းတော်တော်များများကို ထပ်ပေါင်းထည့်လိုက်ပြီး ပြီးပြည့်စုံစွာ ပေါင်းစည်းသွားတော့၏။
ယင်းက ပြီးပြည့်စုံသည့် ဓမ္မကျမ်းစာနှင့် မယှဥ်နိုင်သော်ငြား စိန်ဗောတိကျမ်းဂန်ထက်တော့ အဆပေါင်းများစွာ ပိုကောင်းသေးသည်။
သူက ဖာ့ကျန်းဘေးသို့ လျှောက်သွားပြီး သူ မဖတ်သေးသည့် စာအုပ်ပေါ် တင်ထားလိုက်သည်။
သူ၏ ကျင့်စဥ်က မြင့်မားလွန်း၏။ ထို့ကြောင့် ဖာ့ကျန်းက ၄င်းကို သတိမပြုမိပေ။
” စာလာဖတ်တာ စောနေပါလား။ မနက်စာ စားပြီးပြီလား ”
” မစားရသေးဘူး။ ဒီရဟန်းက မစ္စတာ ယဲ့နဲ့ ဒီရက်ပိုင်းအတွင်း မစားနိုင်သေးဘူး ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ဒါဆို ဆက်ကြိုးစားလိုက်ပါဦး။ ထပ်မနှောင့်ယှက်တော့ဘူး ”
” ဟုတ်ပြီ။ ခဏနေမှ အဲ့ဒီအကြောင်း ပြောတာပေါ့။ အချိန်ကျလာတဲ့အခါ ဒီရဟန်းအိုက တစ်နပ်ဒကာခံပါ့မယ် ”
ယဲ့ရှောင်က ပြုံးလိုက်၏။
” ဒါဆို အချိန်ကျလာတဲ့အခါ ပင်လယ်စာ ဒါမှမဟုတ် တစ်ခုခု မှာရင် နှိမ်ခွင့်မရှိဘူးနော် ”
” စိတ်မပူပါနဲ့။ ဒီရဟန်းအိုက မစားပေမဲ့ သူများ စားတာကိုတော့ မတားမြစ်ပါဘူး ”
နှစ်ယောက်သားက ကောင်းကောင်းမွန်မွန် နှုတ်ဆက်ပြီးနောက် စတုတ္ထအလွှာသို့ ပြန်သွားလိုက်သည်။
မိတ်ဆွေကောင်းတစ်ယောက်အနေဖြင့် သူကအနည်းငယ် ကူညီခဲ့ပြီး ဖြစ်သည်။ ဖာ့ကျန်းက ၄င်းကို နားလည်သဘောပေါက်နိုင်လျှင် သူ၏ ကောင်းချီးပေးခံရမှုသာ ဖြစ်လိမ့်မည်။ ၄င်းကို နားမလည်လျှင် သူ တတ်နိုင်တာ ဘာမှမရှိပေ။
ယဲ့ရှောင်က လက်ရှိ၌ ရှန်းထျန်း အဌမအဆင့်တွင်သာရှိသည်။ အချိန်အတိုင်းအတာတစ်ခုအတွက် သူ၏ အထောက်အထားကို မထုတ်ဖော်ချင်ပေ။ ယခု သူ့ကိုယ်ပိုင် ကိစ္စများနှင့် အလုပ်များနေ၏။
သူ ပထမဆုံးလုပ်ရန် လိုအပ်သည့်အရာက စာအုပ်တစ်အုပ်ဖတ်ပြီး အချက်အလက်တချို့ ရှာရန် ဖြစ်သည်။ ဤလောကထဲ၌ ဝယ်နိုင်သည့် ပန်းအမျိုးအစားများကို မြင်ချင်ပြီး သူ မည်သည့်ပန်းက သူ တတ်နိုင်သည့် ပမာဏအတွင်း ရှိလာလဲဆိုတာ သိချင်၏။
ပျားစူဇန်က ပျားရည်ထုတ်လုပ်ရန် ပန်းပွင့်များ လိုအပ်သည်။ ပန်းပွင့်ကကောင်းလေ ထုတ်လုပ်
သည့် ပျားရည်က ပိုကောင်းလေ ဖြစ်၏။
ပျားရည်ကောင်းက သူ့ခွန်အား တိုးတက်နိုင်အောင် သေချာပေါက် ကူညီပေးနိုင်မည်မှန်း မှန်းဆနိုင်ပေ၏။
ထို့ကြောင့် ယဲ့ရှောင်သည် ပန်းပွင့်ကောင်းများကို ရှာရန် အကောင်းဆုံး ကြိုးစားနေ၏။
တစ်ဖက်တွင်မူ မြေအောက်တွင် စူဇန်ကို မော့ယွီနှင့် မြေအမတာ ဝမ်တို့က ကုသပေးပြီး ဖြစ်သည်။ မော့ယွီ၏ ကုသခြင်းကျင့်စဥ်ကလည်း တော်ဝင်ကျင့်စဥ်ဖြစ်သော်ငြား ယဲ့ရှောင်နှင့် ယှဥ်လျှင် ၄င်းက မိုးနှင့်မြေပမာ ဖြစ်နေသည်။
ကုသခြင်းကျင့်စဥ်ဖြစ်စေ၊ ကျင့်ကြံခြင်းကျင့်စဥ်ဖြစ်စေ ၄င်းကို ကောင်းစွာ အသုံးပြုချင်လျှင် ထိုလူပေါ် မူတည်နေသေး၏။
ယဲ့ရှောင်၏ စိတ်စွမ်းအားက အလွန်ကောင်းမွန်၏။ ထို့ကြောင့် သူသည် ကုသခြင်းကျင့်စဥ်ကို အသုံးပြုရာ၌ သို့မဟုတ် တိုက်ပွဲဝင်ကျင့်စဥ်ကို အသုံးပြုသည့်အချိန်၌ သူ၏ စွမ်းအားသည် ကျန်သည့်သူများထက် ပိုသန်မာ၏။
ထို့အပြင် သူ့တိုက်ကွက်များက အလွန်အစွမ်းထက်သည်။ ထိုးနှက်ချက်လက်သီးနှစ်ချက်က စူဇန်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေ၏။ မော့ယွီက ကုသသူအနေဖြင့် သူ့တာဝန်ကို မလုပ်နိုင်အောင် ဖြစ်နေသည်။ ယဲ့ရှောင်၏ စိတ်စွမ်းအားကျင့်စဥ်က အလွန်အစွမ်းထက်သည်။
ထို့ကြောင့် သူက ကုသခြင်းကျင့်စဥ်ကို အသုံးပြုသည့်အချိန်တွင် သို့မဟုတ် တိုက်ပွဲဝင်ကျင့်စဥ်ကို အသုံးပြုသည့်အချိန်တွင် သူ့စွမ်းအားက ကျန်သည့်သူများထက် ပိုသန်မာ၏။
ထို့အပြင် သူ့တိုက်ခိုက်မှုက အလွန်အစွမ်းထက်သည်။ ထိုးနှက်ချက်နှစ်ခုက စူဇန်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေ၏။ မော့ယွီက ကုသူ တစ်ယောက်အနေဖြင့် သူ၏ တာဝန်ကို မလုပ်နိုင်သေးပေ။ မြေအမတဝမ်၏ အကူအညီဖြင့် သူက ပိုကောင်းလာ၏။
ကုသပေးပြီးနောက် စူဇန်၏ အမူအယာက အေးစက်လာသည်။
” အဲ့ဒီ သေသင့်တဲ့လူသား မျိုးမစစ် သူက ငါတို့ကို သတ္တဝါလို မဆက်ဆံဘူး။ သူက အင်မတန် ရွံရှာမုန်းတီးဖို့ ကောင်းတာပဲ ”
နော့ဖစ်က သူမကို နှစ်သိမ့်လိုက်သည်။
” တခြားနည်း မရှိဘူး။ ငါတို့လည်း ရွေးချယ်စရာ မရှိဘူး။ ခေါင်းငုံ့ထားရုံပဲ ရှိတယ်။ အချိန်အတိုင်းအတာတစ်ခုထိ သည်းခံတာပေါ့။ ငါ ဒါကို တွေးထားပြီး ငါတို့ ပူးပေါင်းမယ်ဆိုရင် အချိန်ကုန် သက်သာမယ်။ ခက်ခဲမှုတွေကို တောင့်ခံမယ်။ အရှက်ကွဲမှုတွေကို တင်းခံပြီး ဝန်ထုပ်ဝန်ပိုးတွေကို တောင့်ခံမယ်။ အတူကြိုးစားကြမယ်။ သန်မာအောင် ကြိုးစားကြမယ်။ နောင်ကြ ဒီချိတ်ပိတ်မှုကို ငါတို့ သေချာပေါက် ဖြတ်ကျော်နိုင်မှာ ”
” မင်းရဲ့ အချိန်ကို သုံးဖို့ပဲလိုတယ်။ ငါ နားလည်တယ်။ ဘာမှပြောစရာ မလိုဘူး ”
ခဏရပ်ပြီးနောက် စူဇန်က ထပ်ပြောလိုက်သည်။
” ဒါဆို စီနီယာရဲ့ အမြင်အရ ဒီနေရာကနေ ကျွန်မတို့ လွှတ်မြောက်ဖို့ ဘယ်လောက်ကြာမလဲ ”
နော့ဖစ်က မေးစေ့ကို ပွတ်လိုက်ပြီးနောက် လေးနက်တည်ကြည်သော အမူအယာဖြင့် ပြောလိုက်သည်။
” အရင်တုန်းက နှစ်ပေါင်း ၂၅၀၀လို့ပဲ ငါ တွက်ဆခဲ့တာ။ ဒါပေမဲ့ မင်းတို့ သုံးယောက်ဝင်လာတော့ သိပ်မသေချာတော့ဘူး။ နှစ်ပေါင်း ၂၅၀၀က အဲ့ဒီလူကို အနိုင်ယူဖို့ ငါတို့အတွက် သေချာပေါက် လုံလောက်မှာ မဟုတ်ဘူး ”
” ဒါကြောင့် ငါ နောက်ထပ် နှစ်ပေါင်း ၁၅၀၀ ထပ်ထည့်ပြီး နှစ်ပေါင်း ၄၀၀၀အဖြစ်ထားဖို့ ဆုံးဖြတ်လိုက်တယ် ”
” ကြယ်တာရာသားရဲတွေက အသက်ကြီးလာတာနဲ့အမျှ ကျင့်ကြံဆင့် တိုးလာတာ။ နှစ်ပေါင်း ၄၀၀၀ကြာပြီးရင် ငါတို့တွေ အထွတ်အထိပ်အဆင့် အံ့ဖွယ်ချီရှန်းတွေ ဖြစ်နိုင်ပြီ ”
စူဇန်က မျက်မှောင်ကျုံ့လိုက်တော့၏။
” ဒါက နည်းနည်းကြာလွန်းမနေဘူးလား ”
နော့ဖစ်က ခေါင်းခါလိုက်သည်။
” မကြာဘူး။ ငါတို့ ကြယ်တာရာသားရဲတွေက လူသားတွေလို မဟုတ်ဘူး။ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ ငါတို့က သာလွန်တဲ့ သိုင်းပညာရှင်မျိုးဆက်ဖြစ်လာလိမ့်မယ်။ သည်းခံပြီး ကြီးပြင်းလာဖို့ အချိန်ပဲ လိုအပ်တာ ”
” ဒီတော့ မင်းတွေးမိမှာ မဟုတ်တဲ့ ကိစ္စတစ်ခု ရှိသေးတယ် ”
” လူသားတွေရဲ့ သက်တမ်းက အလွန်တိုတယ်။ သူတို့ လေ့ကျင့်နေတဲ့ သိုင်းပညာရပ်က အလွန်သန်မာရင်တောင် သူတို့ သက်တမ်းက ငါတို့ ကြယ်တာရာသားရဲတွေကို မကျော်နိုင်ဘူး ”
” ငါတို့သာ အနှစ် ၄၀၀၀ထိ အချိန်ဆွဲထားမယ်ဆိုရင် အကျိုးအမြတ်လေးခု ရှိတယ်။ ပထမတစ်ချက်က အဲ့ဒီလူသားက အသက်မရှင်ရင် ငါတို့ သူ့ကို သေတဲ့ထိ ညှင်းပမ်းလို့ရတယ်။ လူသားမျိုးနွယ်စုအဖို့ သူတို့ သိုင်းပညာရှင်တစ်ယောက် အမြဲတမ်း ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား။ ဒါဆို လွှတ်မြောက်ပြီမလား။ ဒုတိယအချက်အနေနဲ့ သူ မသေသေးရင်တောင် သူ့ရဲ့ ပါရမီက အကန့်အသတ်ရှိဦးမှာပဲမလား။ သူက အံ့ဖွယ်ဂိုဏ်းအထွတ်အထိပ်ကို အလွယ်တကူ ရောက်နိုင်တယ်။ ဒါပေမဲ့ ဘုရင်နယ်ပယ်ကို အဆင့်တက်ဖို့ဆိုတာ ခက်ခဲသွားမှာ။ သူ့တစ်ဘဝလုံး အဲ့ဒီနယ်ပယ်ကို မချိုးဖျက်နိုင်ခဲ့ရင် အံ့ဖွယ်ဂိုဏ်းရဲ့ အထွတ်အထိပ်ကို ငါတို့ရောက်သရွေ့ သူ့ကို ဖျက်ဆီးနိုင်တယ် ”
” တတိယအချက်ကတော့ ဒီကာလအတွင်း သားရဲကပ်ဘေး ဖြစ်ပေါ်လာပြီး ငါတို့ မျိုးနွယ်စုတွေ ငါတို့ကို ရှာတွေ့သွားရင် သူတို့ ငါတို့ကို ကယ်တဲ့အခါ လွှတ်မြောက်ဦးမှာပဲ ”
စူဇန်က ခေါင်းညိတ်လိုက်၏။
” စီနီယာက ထင်တဲ့အတိုင်းပဲ။ ပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒီဂျူနီယာက လေးစားမိပါရဲ့။ ဒါပေမဲ့ နောက်တစ်ချက်ကရော ”
” စတုတ္ထအချက်က တကယ်တော့ အရေးမကြီးဘူး။ ဒါပေမဲ့ စဥ်းစားကြည့်လေ။ ကြယ်တာရာသားရဲတွေနဲ့ လူသားတွေကြားက အငြင်းပွားမှုက ပိုပိုပြင်းထန်လာပြီး တိုက်ပွဲက နှစ်စဥ်နဲ့အမျှ ပိုပြင်းထန်လာတာ။ အနှေးနဲ့အမြန် အဆုံးအဖြတ် တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ် ”
” လူသားတွေ ဘယ်လောက်များများ သေမလဲ။ ကြယ်တာရာသားရဲတွေ ဘယ်လောက်ရှိနေမလဲ။ ငါတို့တွေက ဒီမှာ မွေးမြူရေး တိရစ္ဆာန်တွေဖြစ်နေမယ်ဆိုရင် ကြားရတာ မကောင်းပေမဲ့ လက်တွေ့မှာ ငါတို့လည်း ဘေးကင်းတယ်။ ငါတို့ အခု ထွက်သွားရင် ကျားနတ်ဘုရားရဲ့ ကျွန်ပဲ ဖြစ်ဦးမှာ။ မင်းက ဘယ်သူ့ကျွန် ဖြစ်ချင်လို့လဲ ”
” ယဲ့ရှောင်က မဆိုးပါဘူး။ သူက သန်မာပြီး ချောမောတယ်။ သူက လူသားတစ်ယောက်ပဲ။ ဒါပေမဲ့ သူ အဲ့ဒါကို မပြောရင် ငါတို့ကလည်း အဲ့ဒါကို မပြောရင် ငါတို့ လူသားမျိုးနွယ်စုအတွက် အိမ်မွေးတိရစ္ဆာန်ဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူက သိမှာလဲ ”
” နှစ်ပေါင်း ၄၀၀၀ကြာပြီးရင် လူသားတွေနဲ့ ကြယ်တာရာသားရဲတွေအားလုံး သေလောက်ပြီ။ ငါတို့ကတော့ ငါတို့ရဲ့ ကျင့်ကြံဆင့်က ပိုမြင့်တဲ့ အဆင့်ကို ရောက်ရုံပေါ့။ အဲ့ဒီအချိန် ငါတို့ အပြင်ထပ်ထွက်တဲ့အခါ ထိခိုက်မှုမရှိပဲ အကျိုးအမြတ်တွေပဲ ရလာမှာ။ ဖြစ်နိုင်တာက မင်းရော ငါရော အရှင်သခင်တစ်ပါး ဖြစ်လာနိုင်တယ် ”
စူဇန်၏ စိတ်နှလုံးတုန်လှုပ်သွားသည်။
စီနီယာ နော့ဖစ်ပြောတာ တကယ် အဓိပ္ပာယ်ရှိပုံပဲ။
အပိုင်း ၁၉၅ ပြီး၏။