Switch Mode

Chapter – 194

သန်မာတဲ့သူက အားနည်းတဲ့သူကို အမဲလိုက်တယ်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၉၄ သန်မာတဲ့သူက အားနည်းတဲ့သူကို အမဲလိုက်တယ်။

မင်းက ပျားတစ်ကောင်ပဲ။ ဒါတောင် မင်းရဲ့ သိက္ခာကို ဖက်တွယ်ချင်သေးတယ်လား။
အစောပိုင်းဓါးသိုင်းကွက်မှု၏ အားနည်းမှုက လုံလောက်အောင် မသန်မာသည့်အပြင် တော်ဝင်ဓါးသိုင်း၌လည်း အားနည်းချက်ကြီးတစ်ခု ရှိ၏။ ယင်းက ၄င်း၏ ခွန်အား တိုးမြှင့်ရန်အတွက် ဆက်တိုက် တိုက်ခိုက်ရန် လိုအပ်တာပဲ ဖြစ်သည်။ ထို့ကြောင့် ဝိညာဥ်စွမ်းအင် လုံလောက်မှု မရှိလျှင် နောက်ဆုံး တိုက်ကွက်ကို ထုတ်ဖော်နိုင်မှာ မဟုတ်ပေ။ နောက်ဆုံးတိုက်ကွက်ကို မထုတ်ဖော်နိုင်ခြင်းက ၄င်း၏ အသန်မာဆုံး စွမ်းအားကို ထုတ်ဖော်ရန် မဖြစ်နိုင်ဘူးလည်း ဆိုလို၏။ ထိုပြဿနာက စူဇန်အတွက် အတော်လေး ဒုက္ခရောက်စေတာ ဖြစ်နိုင်သည်။ သို့သော် ယဲ့ရှောင်အတွက်မူ ပြဿနာက အလွန်မကြီးပေ။
သူက စိတ်စွမ်းအားကျင့်စဥ်နှစ်မျိုးကို သင်ယူခဲ့ပြီး နှစ်မျိုးလုံးက တော်ဝင်အဆင့် စိတ်စွမ်းအား ဖြစ်သည်။ ခရမ်းရောင်ကြယ်ပင်လယ်နှင့် ဓမ္မကျမ်းစာ။
ထိုစိတ်စွမ်းအားကျင့်စဥ်နှစ်မျိုးက ယဲ့ရှောင်ကို ထောက်ပံ့ပေးရန် လုံလောက်ပြီး သူ့ကို တော်ဝင်ဓါးသိုင်းအား စွမ်းအားအမြင့်ဆုံး အဆင့်ထိရောက်အောင် ထုတ်ပြခွင့်ပေး၏။ သို့သော်ငြား ထိုသို့တိုင် တော်ဝင်ဓါးသိုင်းသည် တော်ဝင်အဆင့် ဓါးသိုင်းတစ်ခုသာဖြစ်ပြီး သူ့တွင်လည်း အကန့်အသတ် ရှိ၏။ နောက်အဆင့်မှ ဝိညာဥ်စွမ်းအင် ပိုသိပ်သည်းလေ ၄င်း ပြသသည့် အရှိန်က ပိုနှေးကွေးသွားပြီး သေချာပေါက် လျော့သွားမှာပဲ ဖြစ်သည်။ ထို့ကြောင့် တိတိကျကျဆိုရလျှင် ပင်မပန်းတိုင်က လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို မြှင့်တင်ရဦးမှာပဲ ဖြစ်သည်။
ယဲ့ရှောင်က အလျင်မလိုပေ။ မည်သည့်နည်းနဲ့မဆို ယခုအချိန်၌ သူက ရှန်းထျန်းအဌမ ကြယ်တာရာသားရဲသုံးကောင်ကို ရှာတွေ့ခဲ့ပြီး ဖြစ်သည်။ သူတို့ထဲမှ တစ်ကောင်က နို့ထွက်သည်။ နောက်တစ်ကောင်က ပျားရည်ထွက်၏။ နှစ်ခုပေါင်းလိုက်လျှင် သူ၏ ကျင့်ကြံဆင့်ကို နေ့စဥ်နေ့တိုင်း နည်းနည်းချင်း မြှင့်တင်နိုင်လိမ့်မည်။
ထို့အပြင် သူ၏ ကျင့်စဥ်များအားလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်တာဖြစ်ပြီး သူ၏ ကျင့်ကြံဆင့်လည်း တိုးတက်နိုင်၏။
သူ စိုးရိမ်ပူပန်ရန် မလိုအပ်ချေ။
အား။ ဟုတ်သား။ ပြောနေရင်းနဲ့ ဒုတိယမြောက်နေ့ရောက်နေပြီပဲ။ ဒီနေ့ အခွံ၊ နွားနို့နဲ့ ပျားရည်ကို လွှဲပေးဖို့ သွားပြောရမယ်။ သူတို့ ဒါအတွက် ပြင်ဆင်ထားလောက်မှာပါ။ ငါ နွားနို့နဲ့ ပျားရည်ကို မမြည်းရတာ အတော်ကြာနေပြီ။
” ဟွမ်လျိုလီ ”
” ကျွန်မ ဒီမှာပါ။ ဒီမှာ။ သခင် ဘာလိုချင်လဲ ”
” ဒီနေ့ အသား၊ ကြက်ဥ၊ နို့၊ ပျားရည်နဲ့ အခွံကို ငွားယူလိုက် ”
” နို့နဲ့ ပျားရည်လား ”
ဟွမ်လျိုလီ၏ မျက်နှာထက်တွင် ဝေခွဲမရသည့် အကြည့် ရှိနေလေ၏။ တစ်ဖက်တွင် ယဲ့ရှောင်က ရှင်းပြလိုက်တော့သည်။
” မနေ့ညတုန်းက ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲသုံးကောင်ကို ငါတို့ ဖမ်းလာတယ်လေ။ သူတို့ထဲမှာ နွားတစ်ကောင်၊ ပျားတစ်ကောင်နဲ့ ပိုးမွှားတစ်ကောင်ပါလာတယ်။ နွားနဲ့ပျားက နို့နဲ့ပျားရည် ထုတ်လုပ်နိုင်တယ်။ ကျန်တစ်ကောင်က အခွံပေးနိုင်တယ်။ သူတို့ကို သံချပ်ကာ သန့်စင်ဖို့ သုံးချင်တာ ”
ဟွမ်လျိုလီသည် သူမ ဝိညာဥ် တုန်လှုပ်သည့်အထိ ချက်ချင်း ထိတ်လန့်သွားလေ၏။
နင်ငါ့ကို နောက်နေတာလား။ ရှန်းထျန်းအဌမ အဆင့် ကြယ်တာရာသားရဲသုံးကောင်လား။
ဒါက နည်းနည်းလေး ကြမ်းတမ်းလွန်းမနေဘူးလား။ သခင်ကတော့ တကယ် သခင်ပါပဲ။ သူက ပိုပိုပြီး အစွမ်းထက်လာနေတာ ”
မဟုတ်ဘူး မဟုတ်ဘူး။ ငါ မတတ်နိုင်ဘူး။ ဒီလိုအစွမ်းထက်တဲ့ သခင်နဲ့ တွေ့ပြီး သူ့နောက် နှစ်ပေါင်း ၁၅၀၀ပဲ လိုက်တာက ဆုံးရှုံးမှု များလွန်းတယ်။
မရဘူး။ ငါ နှစ်ဆတိုးရမယ်။ နှစ်ပေါင်း ၃၀၀၀လောက် သခင့်အတွက် ကျွန်လုပ်ပေးမယ်။ နှစ်ပေါင်း ၃၀၀၀က ငါ့အတွက် လုံလုံလောက်လောက် အကျိုးခံစားခွင့် ရနေပြီ။
” သခင် စိတ်မပူပါနဲ့။ တာဝန်ပြီးစေရမယ်လို့ ကတိပေးတယ် ”
သို့သော်ငြား တစ်နာရီကြာပြီးနောက် ဟွမ်လျိုလီသည် လေးတိလေးကန်စွာ ပြန်လာလေ၏။
” ဟင့် ဟင့် ဟင့်။ သခင် ကျွန်မအတွက် ဖြေရှင်းပေးရမယ်။ အဲ့ဒီမျိုးမစစ်တစ်စုက ပစ္စည်းတွေ နာနာခံခံနဲ့ မပေးရုံတင်မကဘူး ကျွန်မကိုတောင် ရိုက်လိုက်သေးတယ် ”
” ဝူး ဟူး ဟူး။ ကျွန်မ မျက်နှာကြီး ရောင်ကိုင်းနေတာပဲ ကြည့်ကြည့်ပါဦး ”
” သခင်သာ သူတို့ကို ခွင့်မပြုထားတဲ့အချက်ကြောင့်သာမဟုတ်လျှင် သူတို့ကို သေအောင် ရိုက်ပစ်မှာ ”
ယဲ့ရှောင်က မျက်ခုံး ပင့်လိုက်လေ၏။ ဘာတွေဖြစ်ကုန်တာလဲ။
တစ်ညတာ ကုန်ဆုံးသွားပြီး ဖြစ်သည်။ သူတို့၏ အလုပ်ကို သေချာ မလုပ်သည်လော။
” ငါ သွားကြည့်လိုက်မယ် ”
ယဲ့ရှောင်သည် မြေဝပ်ခြင်းသိုင်းကို အသုံးပြုပြီးနောက် စာကြည့်တိုက်အောက်ရှိ မြေအောက်ထဲသို့ သွက်သွက်လေး သွားလိုက်သည်။ သူက ချိတ်ပိတ်မှုထဲ ဝင်ရောက်လိုက်၏။
အထဲသို့ ရောက်သောအခါ နော့ဖစ်နှင့် ကျန်သည့် ကြယ်တာရာသားရဲလည်း ရောင်ကိုင်း ညိုမဲစွဲနေအောင် ရိုက်ခံထားရတာ တွေ့လိုက်ရသည်။
နော့ဖစ်နှင့် ကျန်သည့်သူများက ယခုအချိန်တွင် အလွန်အသိဝင်နေပြီ ဖြစ်၏။ ဟွမ်လျိုလီက သူတို့လူထဲမှ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူမကို ကာပေးရန် ကူညီပေးရမည်မှန်း သိသည်။
စူဇန်နှင့် ကျန်သည့်နှစ်ယောက်။ သူတို့မျက်လုံးထဲ၌ အကြောက်တရား ရှိနေသော်ငြား သူတို့ မျက်လုံးထဲ၌ ခေါင်းမာမှု ပြနေသေးသည်။
” မင်းတို့တွေက မွေးမြူရေးတိရစ္ဆာန် မဖြစ်ချင်ကြဘူးပေါ့ ”
စူဇန်က နှာခေါင်းရှုပ်လိုက်၏။
” နင်ရော ဘာကြောင့် မဖြစ်လိုက်လဲ ”
သူမ ပြောပြီးသည်နှင့် ယဲ့ရှောင်၏ လက်သီးက သူမ မျက်နှာပေါ် ကျရောက်လာသည်။
ဖုန်း။
ပြင်းထန်သည့် ပေါက်ကွဲမှုနောက်၌ စူဇန်သည် လွှင့်ထွက်သွားကာ အစီအရင်၏ အတွင်းနံရံနှင့် ရိုက်မိသွား၏။ သူမက ပြန်ကန်လာကာ ယဲ့ရှောင်၏ ခြေထောက်အောက်သို့ ကျလာသည်။ ယဲ့ရှောင်က သူမ မျက်နှာကို တက်နင်းလိုက်တော့၏။
” ငါ မင်းကို ဖြေခိုင်းနေတာ။ မေးခိုင်းနေတာ မဟုတ်ဘူး ”
စူဇန်သည် အထိုးခံရပြီးနောက် သူမ ခေါင်းများ မူးဝေသွားပြီး စိတ်များ နှောက်ကျိကုန်၏။ သူမ၏ ဝိညာဥ်သည် ခန္ဓာကိုယ်မှ ထွက်သွားလုနီးပါး ဖြစ်သွားသည်။
သေစမ်း။
အရမ်းနာတာပဲ။ ဒီမျိုးမစစ်က မိန်းကလေးတွေကို ဘယ်လိုသနားရမယ်ဆိုတာ မသိဘူး။
အမှန်တကယ်တော့ ယဲ့ရှောင်အဖို့ သူ့ကဲ့သို့ အမျိုးသမီးများကို သနားဖို့က မဖြစ်နိုင်ပေ။
ယဲ့ရှောင်သည် လူသားတစ်ယောက်။ မှန်ကန်ဖြောင့်မတ်သူ ဖြစ်သည်။ သူမက ပျားတစ်ကောင် ဖြစ်သည်။ ကျင့်ကြံဆင့်က အလွန်မြင့်သည်။ လူသားအသွင် ပြောင်းနိုင်သည့်တိုင် သူမက ပျားတစ်ကောင် ဖြစ်နေသေး၏။ မည်သူကများ ပျားတစ်ကောင်ကို သနားမည်နည်း။ ထို့အပြင် သူမ၏ လက်ထဲ၌ လူသား မည်မျှ များများ သေလွန်ခဲ့မှန်း မည်သူက သိမည်နည်း။
သူမ လူသားများကို သတ်ချိန်၌ သက်ညှာမှု ပြသခဲ့သည်လော။ ဂရုဏာရှိခဲ့သည်လော။ သူမက လူတိုင်းထက် ပိုစားခဲ့လောက်သည်။
ယဲ့ရှောင်က ခြေထောက် ခွန်အားကို ပိုမြှင့်လိုက်ရာ စူဇန်ကို သူမ ပျားခေါင်း ပေါက်ကွဲတော့မည့်ပမာ ခံစားသွားရစေသည်။
” ဦးနှောက်ရှိတဲ့ ပျားတစ်ကောင်ဖြစ်ရတာ ကောင်းလွန်းနေတယ် မဟုတ်ဘူးလား။ ဘာကြောင့်များ ငါ လှုပ်ရှားအောင် ဖိအားပေးရတာလဲ။ ငါ လှုပ်ရှားရင် မင်းတို့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး ”
” မင်းတို့ကို ငါ သေအောင် ရိုက်ပြီးရင် အားလုံးကို အသက်ပြန်သွင်းပေးနိုင်သေးတယ် ”
” ငါ တကယ် နားမလည်ဘူး။ မင်းတို့အားလုံး ဘာ​လိုချင်နေတာလဲ ”
စူဇန်က အံကြိတ်ပြီး ပြောလိုက်၏။
” နင် ငါ့ကို နှိပ့်စက်လို့ရတယ်။ ဒါပေမဲ့ နင့်အတွက် မွေးမြူရေး တိရစ္ဆာန်ဖြစ်ပေးလိမ့်မယ်လို့ မမျှော်လင့်နဲ့။ ငါက ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ချီရှန်း ကြယ်တာရာသားရဲတစ်ကောင်ပဲ။ အရှင်ကျားနတ်ဘုရားအောက်က စစ်သူကြီး။ ငါ့မှာ ဂုဏ်သိက္ခာရှိတယ် ”
ယဲ့ရှောင်က ခဏတာ တိတ်ဆိတ်သွား၏။
” နင့်ရဲ့ ဂုဏ်သိက္ခာ လိုချင်တယ်ဟုတ်လား။ ကောင်းပြီလေ။ အခု နင့်ရဲ့ ကျင့်စဥ်တွေအားလုံးကို ချိတ်ပိတ်ပြီး ဆက်ကပ်ထဲမှာ ရောင်းလိုက်မယ် ”
သူက ဆောင့်ကြောင့်ထိုင်ချပြီးနောက် စူဇန်၏ ခေါင်းကို မြှောက်ကာ နားထဲ တီးတိုးပြောလိုက်၏။
” လူသား ဆက်ကပ်အဖွဲ့က တစ်ကမ္ဘာလုံးကို နယ်လှည့်နေတာ။ အဲ့ဒီအချိန်ရောက်ရင် မရေမတွက်နိုင်တဲ့ လူတွေအများကြီး လာကြည့်ကြမှာပဲ။ တစ်ချိန်တည်းမှာပဲ မင်းက ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်နေတာကြောင့် လူသားတွေ မြင်ရုံပဲ မြင်တွေ့နိုင်ပြီး လက်လှမ်းမမှီနိုင်တဲ့ တည်ရှိမှု ဖြစ်လာလိမ့်မယ်။ မင်းက သူတို့ လဲ့စားချေဖို့ ဆန္ဒကို သေချာပေါက် စိတ်ကျေနပ်စေမှာပဲ။ စဥ်းစားကြည့်လေ။ ပျားတစ်ကောင်က ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲတဲ့။ လူသားတွေရဲ့ ကြာပွတ်အောက်မှာ ဖျော်ဖြေပြီး အဲ့ဒီလူသားတွေအတွက် ပျော်ရွှင်စရာတွေ ဆောင်ယူလာမှာ။ ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ကောင်းလဲ။ ဘယ်လောက်ပျော်ဖို့ကောင်းလဲ ”
” အဲ့ဒီအချိန်ကြရင် မင်းက တစ်ကမ္ဘာလုံးမှာ နာမည်ကြီးသွားမှာ သေချာတယ် ”
” ဒါဆို မင်းကို လေးစားတဲ့သူတွေ အများကြီးရှိမှာပဲ ”
စူဇန်က တုန်ယင်သွား၏။ ယဲ့ရှောင်၏ အကွက်က ရက်စက်လွန်းသည်။
သူက တကယ့်ကို နတ်ဆိုးတစ်ကောင်သာ ဖြစ်သည်။ သူမ ဂရုအစိုက်ဆုံးက သူမ၏ သိက္ခာ ဖြစ်သည်။ သူမ အထင်အသေးဆုံးဖြစ်သည့် လူသားပုရွက်ဆိတ်များ အနိုင်ကျင့် အရှက်ခွဲတာ ခံရလျှင် သူမက ဆက်ကပ်အဖွဲ့ထဲ၌ လူပျက်တစ်ယောက်ဖြစ်လာပြီး လူသားများကို ပျော်ရွှင်အောင် လုပ်ပေးရလိမ့်မည်။ ထို့အပြင် သူမက ပြန်တိုက်ခိုက်နိုင်မှာ မဟုတ်ပေ။ တကယ်တော့ တစ်လောကလုံးရှိ လူသားအားလုံး မြင်တွေ့တာတောင် ခံရဦးမည်။
သူမ သေနိုင်လျှင် ကောင်းပေမည်။ သို့သော် ကြောက်မက်စရာအကောင်းဆုံးက ယဲ့ရှောင်က သူမကို သေခွင့်မပေးမှာ သေချာ၏။ သူက သူမကို အသက်သွင်းပေးပြီး ဆက်နေထိုင်ခိုင်းမှာပဲ ဖြစ်သည်။ ထိုအတိုင်း အမှန်တကယ် ဖြစ်လာခဲ့လျှင် ရိုးရိုးသားသား ဆိုရပါက သူမ ယဲ့ရှောင်အတွက် မွေးမြူရေး တိရစ္ဆာန် ဖြစ်ပေးနိုင်လောက်သည်။ အနည်းဆုံးတော့ သူမက ပျားရည်ထုတ်ပေးရန်သာ လိုအပ်သည်။ ယင်းက သူမကိုလည်း အရှက်ကွဲသည်ဟု ခံစားမိစေသော်ငြား လူသားတစ်ယောက်ကို ခစားရခြင်းသည် တစ်လောကလုံးရှိ လူသားများအားလုံးကို ခစားရခြင်းထက် ပိုကောင်းသည်။ ထို့အပြင် အချက်တစ်ချက် ရှိသေး၏။
ထိုအကြောင်းကို လူအများ မသိလျှင် သူမ မျက်နှာကို အဖက်ဆယ်နိုင်လောက်သေးသည်။
နောင်ကြ သူမ လွှတ်မြောက်သွားသည့်အခါ လူသားများကို လဲ့စားချေနိုင်သည်။ ထိုအချိန်ရောက်လျှင် အနည်းဆုံးတော့ သူမ အရှက်ကွဲသည့် အကြောင်း သိသည့်သူများမှာ မဟုတ်ပေ။ ကြယ်တာရာသားရဲစခန်းဆီသို့ သတင်းပြန့်မှာ မဟုတ်။
သူမက ရှန်းထျန်း အဌမအဆင့် အံ့ဖွယ်ချီရှန်း။ အရှင်ကျားနတ်ဘုရားလက်အောက်ရှိ စစ်သူကြီးတစ်ဦး ဖြစ်သည်။ အမြတ်အရှုံးကို တွက်ဆပြီးနောက် နောက်ဆုံးတွင် သူမ နှလုံးသားကို ဆန့်ကျင်၍ ဆုံးဖြတ်ချက်ဆစ်ခု ချမှတ်ခဲ့သည်။ သူမ ဆန္ဒမရှိသော်ငြား အံကြိတ်ပြီး ပြောရုံသာ တတ်နိုင်သည်။
” ဒီနေရာမှာ ပန်းပွင့်တွေ မရှိဘူး ”
” မင်း ဘာပြောလိုက်တာလဲ။ ပြော …။ ငါ မကြားရ
ဘူး ”
စူဇန်က ဒေါသထွက်လွန်းသောကြောင့် အံကြိတ်မိသွား၏။ သို့သော်ငြား သူမက ပါးစပ်ဟကာ ပြောလိုက်သေးသည်။
” ဒီနေရာမှာ ပန်းပွင့်တွေ မရှိဘူး။ ငါတို့ ပျားမျိုးနွယ်က ပျားရည်ထုတ်လုပ်ချင်တယ်ဆိုရင်လတ်လတ်ဆတ်ဆတ် ပန်းပွင့်တွေ လိုအပ်တယ်။ မဟုတ်ရင် ပျားရည် ထုတ်လုပ်နိုင်မှာ မဟုတ်ဘူး ”
ယဲ့ရှောင်က မင်သက်သွား၏။ ပျားများသည် ပျားရည်ထုတ်လုပ်ရန် ပန်းပွင့် လိုအပ်ကြောင်း သူ မသိတာ မဟုတ်ပေ။ ကြယ်တာရာသားရဲများကလည်း ပျားရည်ထုတ်လုပ်ရန် ပန်းပွင့် လိုအပ်လိမ့်မည်ဟု မထင်ထားတာပဲ ဖြစ်သည်။
” လိုအပ်တဲ့ ပန်းပွင့်တွေအတွက် ပြဿနာတော့ မရှိဘူး။ ဒါပေမဲ့ ငါ သိချင်တာတစ်ခု ရှိတယ် ”
” ပန်းပွင့်တွေကနေ ထုတ်လုပ်လိုက်တဲ့ ပျားရည်တွေထဲမှာ ဝိညာဥ်စွမ်းအင်ပါသေးလား။ ငါ လိုအပ်တာက ဝိညာဥ်စွမ်းအင်ပမာဏအများကြီး ပါဝင်တဲ့ ပျားရည်ပဲ။ ဒါမှ ကျင့်ကြံဆင့်တက်အောင် သုံးနိုင်မှာ။ ချိုရုံသက်သက် အရသာရှိတဲ့ ပျားရည် မဟုတ်ဘူး ”
” ဝိညာဥ်စွမ်းအင်နဲ့ ကျွန်မတို့ ပျားတွေ ထုတ်လုပ်တဲ့ ပျားရည်က ဝိညာဥ်စွမ်းအင်ကို ကျင့်ကြံလို့ရတယ်။ ဒါပေါ့။ ပန်းပွင့်မျိုးစုံနဲ့ ဆိုင်သေးတယ် ”
” ပန်းပွင့်များလေ။ တန်ဖိုး ပိုရှိလေပဲ။ ကျွန်မ ချက်လုပ်တဲ့ ပျားရည်က ပိုလည်း ကောင်းသွားတယ် ”
ယဲ့ရှောင်က နားထင်ကို ပွတ်လိုက်၏။ သူက ယနေ့တွင် ပျားရည် မသောက်ရတော့မည့်ပုံ ပေါ်သည်။
နောင်တရလိုက်တာ။
” ငါ ပြီးမှ ပန်းပွင့်တွေ ပြင်ဆင်ပေးမယ်။ ဒါပေမဲ့ အချိန်ရလာတဲ့အခါ ဒီရက်ပိုင်းအတွင်း မင်း မပေးခဲ့ရတဲ့ ပမာဏတွေအတွက် ပြန်ဖြည့်ပေးဖို့ မှတ်ထား ”
ယဲ့ရှောင်က သူမကို လွှတ်ချလိုက်ပြီး သံမဏိနွားရိုင်းကို ကြည့်လိုက်၏။
သံမဏိ နွားရိုင်းက တုန်ယင်သွား၏။ သူက နာကျင်မှုကို တောင့်ခံကာ သူ၏ အခွံထဲမှ တစ်ဖက်ကို ထုတ်ယူပြီး ယဲ့ရှောင်အား ပေးလိုက်တော့၏။
” ဒါက ကျွန်တော့် အခွံပါ ”
” အနည်းဆုံးတော့ မင်းနေရာမင်း သိတာပဲ ”
ယဲ့ရှောင်က အခွံကို သိမ်းပြီးနောက် နောက်ဆုံးလူ မော့ယွီကို ကြည့်လိုက်၏။
မော့ယွီကလည်း တုန်ယင်နေပြီး ရှိုက်သံဖြင့် ပြောလိုက်၏။
” ငါ့ .. ငါ့မှာ ပုံးမရှိဘူးလေ။ ရေပုံး မရှိဘူးလေ။ ငါ့ကို ဆက်ကပ်အဖွဲ့ဆီ မရောင်းပါနဲ့။ လူသားမျိုးနွယ်တစ်စုလုံးအတွက် မဖျော်ဖြေခိုင်းပါနဲ့။ ဒါ အလုပ်မဖြစ်သေးရင်လည်း လာပြီး အခုချက်ချင်း သောက်လိုက်လို့ ရတယ်လေ ”
” ငါ အဲ့လောက် မရူးဘူး။ မနက်ဖြန်ကြ ကုန်ပစ္စည်းတွေ စပို့လို့ရပြီ။ ဒီနေ့ မင်းကို အလွှတ်ပေးလိုက်မယ် ”
မော့ယွီက သက်ပြင်းချလိုက်၏။
” ကျေး ကျေးဇူးပါ ”
ယဲ့ရှောင်က သူ့ ရင်ထဲ၌ ပြက်ရယ်ပြုလိုက်တော့သည်။
ကြည့်စမ်းပါဦး။ ဒါက ကြယ်တာရာသားရဲတစ်ကောင်။ မင်းတို့ လုံလောက်အောင် မသန်မာရင် သူတို့က မင်းကို စားစရာလို စားမှာပဲ။ ဒါပေမဲ့ မင်း သန်မာနေတာ လုံလောက်သရွေ့ မင်းရဲ့ မွေးမြူရေး တိရစ္ဆာန်ဖြစ်ဖို့ လိမ်မာလာလိမ့်မယ်။ တောတွင်းဥပဒေက လူသားနဲ့ ကြယ်တာရာသားရဲကြားမှာ အမြဲတမ်း တူညီနေတာပဲ။
သူက မြေပြင်ပေါ် အမြန်တက်ပြီး အလုပ်သွားလိုက်၏။
ယနေ့ စာကြည့်တိုက်သို့ လာသည့် လူအတော်များသည်။ အများစုက ကျန်းဟိုင်သိုင်းကျောင်းတော်မှ လူများ ဖြစ်သည်။
မနေ့ညက တိုက်ပွဲက အတော်ပြင်းထန်ခဲ့ပြီး တိုက်ပွဲသည် အကျယ်အဝန်းကလည်း ကြီးမားလွန်း၏။ အဆောက်အဦးများ ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် ကျောင်းသည် တစ်နေ့လုံးနီးပါး ပြင်ဆင်ရမည် ဖြစ်သည်။
ဤကမ္ဘာရှိ လူသားများက သိုင်းပညာရပ်များ ကျင့်ကြံသောကြောင့် အလုပ်လုပ်တာ ပိုမြန်ဆန်သည်။ ထို့အပြင် သူတို့က ဆောက်လုပ်ရေးကုန်ကြမ်းအသစ်များ ထပ်ထည့်လိုက်ရာ ၄င်းတို့က ခြောက်လွယ်ပြီး ပျက်စီးသွားသော ကျောင်းဝန်းကို ပြင်ဆင်ရန် နေ့တစ်ဝက်သာ အချိန်ယူခဲ့ရသည်။
ယဲ့ရှောင်က လူအုပ်ကို တိုးလိုက်၏။ ကျောင်းသားများက စကားပြောနေကြသည်။ မနေ့ညက အဖြစ်အပျက်ကို ဆွေးနွေးနေသည့်အပြင် ယဲ့ရှောင်၏ အာရုံစိုက်မှုကို ရသွားစေသည့် ထူးခြားသော ခေါင်းစဥ်အချို့လည်း ပါဝင်၏။

အပိုင်း ၁၉၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset