Switch Mode

Chapter – 193

မွေးမြူရေး တိရစ္ဆာန်တွေက မွေးမြူရေးကို သတိပြုသင့်တယ်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၉၃ မွေးမြူရေး တိရစ္ဆာန်တွေက မွေးမြူရေးကို သတိပြုသင့်တယ်။

” မစ္စတာ မစ္စတာ ယဲ့။ ကျုပ်တို့ လတ်တလော ဘာမှမှားတာ မလုပ်ဘူးလေ။ နေ့တိုင်းနေ့တိုင်း အသားနှင့် ဥတွေကိုလည်း အချိန်မှီ ပေးတာပဲ ”
ယဲ့ရှောင်က လက်ဝှေ့ရမ်းလိုက်၏။
” စိတ်မပူနဲ့။ ဒီတစ်ခေါက် ငါ လာတာက မင်းတို့တွေနဲ့ ဘာမှမဆိုင်ဘူး ”
ကြယ်တာရာသားရဲတစ်စုက ယဲ့ရှောင်ကို ကြောင်တိကြောင်အ မျက်နှာထားဖြင့် ကြည့်လိုက်ကြသည်။
သူတို့နဲ့ ဘာမှမဆိုင်ဘူးလား။
ဒါဆိုရင် ဘာကိစ္စလဲ။ သူ့အတွက် လူကိုယ်တိုင် လာရလောက်အောင် ဘာများ အရေးကြီးလို့လဲ။
အဆုံးတွင်မူ နောက်တစ်စက္ကန့်၌ ယဲ့ရှောင်က သူတို့ထက်တောင် ပိုသန်မာသည့် ကြယ်တာရာသားရဲသုံးကောင်ကို ထိန်းသိမ်းထားတာကို ကြယ်တာရာသားရဲများ မြင်လိုက်ရ၏။
” ဒါက ”
” ဟိုလီရှစ် ”
” ဟိုလီရှစ် ဟိုလီရှစ် ဟိုလီရှစ် ”
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများက ချက်ချင်း ရူးသွပ်ကုန်၏။
ဒါ နောက်နေတာလား။
ယဲ့ရှောင်သည် ကြယ်တာရာသားရဲများ ပိုမို ဖမ်းဆီးလာခဲ့ပြီး ထိုကြယ်တာရာသားရဲ သုံးကောင်၏ ခွန်အားက သူတို့ထဲက အနည်းစုထက် ပိုတောင် သန်မာနေ၏။
ဘုရားရေ။ ဒီလူရဲ့ ခွန်အားက အကန့်အသတ် မရှိဘူးလား။
မော့ယွီ၊ သံမဏိနွားရိုင်းနှင့် စူဇန်တို့ကလည်း သူတို့ကို ကြောင်တိကြောင်အ စိတ်လွှတ်စွာ ကြည့်နေကြ၏။
ဒါဘာအခြေအနေလဲ။ ဒီမှာ ကြယ်တာရာသားရဲတွေ ဘာကြောင့် များနေရတာလဲ။
ဒါ့အပြင် ကြယ်တာရာသားရဲတစ်ကောင်ချင်းစီရဲ့ ခွန်အားက အံ့ဖွယ်ချီရှန်းအဆင့် အထက်မှာ ရှိတာမလား။ သူတို့ အိမ်မက်မက်နေတာများလား။
ယဲ့ရှောင်သည် ကြယ်တာရာသားရဲသုံးကောင်ကို ဖမ်းလာပြီးနောက် သူက ပါးစပ် ဖြည်းဖြည်းချင်း ဟကာ ပြောလိုက်တော့၏။
” အခုက စပြီး ဒါက မင်းတို့ သုံးကောင်နေရမဲ့ နေရာပဲ။ သူတို့တွေက စည်းမျဥ်းတွေကို မင်းတို့ကို သင်ပြပေးလိမ့်မယ်။ မနက်ဖြန်ကစပြီး မင်းတို့ သုံးကောင် ပုံမှန်အတိုင်း အလုပ်စလုပ်ရမယ်။ ငါ များများစားစား မလိုချင်ဘူး။ ပျားရည်ရယ် နွားနို့ရယ် အခွံရယ်ပဲ။ အဲ့ဒီပစ္စည်းသုံးမျိုး မတွေ့ရဘူးဆိုရင် နောက်ဆက်တွဲကို သူတို့ သင်ခန်းစာပေးလိမ့်မယ် ”
ထိုသို့ပြောပြီးနောက် ယဲ့ရှောင်က လှည့်ထွက်သွားကာ ချိတ်ကို ခွန်အား မြှင့်လိုက်သည်။
ဆိုရလျှင် ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲ သုံးကောင် ပိုဝင်လာနေ၏။ မူလ အစီအရင်က လုံလောက်အောင် သန်မာမှာ မဟုတ်တာ သေချာ၏။
ယဲ့ရှောင်သည် မူလစည်းကို တင်ထားရုံသာ ရှိသည်။ နောက်ဆုံးအခေါက်က သားရဲနတ်ဘုရား မဟာမိတ်၏ လက်ဝဲကာကွယ်သူသည် အမည်မသိ နည်းလမ်းကို အသုံးပြုပြီး ဖောက်ဝင်လာခဲ့သည်။ ထို့ကြောင့် သူက ဝိညာဥ်ကျောက်တုံးများ ထပ်ထည့်ထားရမည်ဖြစ်ကာ ဝိညာဥ်စွမ်းအင်ပမာဏများစွာကို ပါဝင်သည့် ကုန်ကြမ်းတစ်မျိုးကို စီစဥ်လျက် အစီအရင်ကို ပြန်လည်တည်ဆောက် အားဖြည့်ရပေမည်။
ထိုကုန်ကြမ်းများ ထည့်ပြီးနောက် ထိုကြယ်တာရာသားရဲများကို မဆိုထားနှင့် နောက်ထပ် အကောင် အနည်းငယ် ပိုရောက်လာလျှင်တောင် ယဲ့ရှောင် စိုးရိမ်စရာ ရှိတော့မှာ မဟုတ်ပေ။
အားလုံးပြုလုပ်ပြီးနောက် ယဲ့ရှောင်က ထွက်သွားတော့သည်။
အာရုဏ်တက်ခါနီးပြီ ဖြစ်သောကြောင့် သူက မနက်စာစားကာ အလုပ်သွားရန် ပြင်ဆင်ရဦးမည်။
သူ ထွက်သွားပြီးနောက် ပုံရိပ်အချို့က စာကြည့်တိုက်အထက် ကောင်းကင်ဆီသို့ ချက်ချင်း ပျံသန်းလာလေ၏။
လျိုချန်စွင်း၊ တုချန်ဖုန်း၊ ဖာ့ကျန်း၊ လဲ့ရှင်းလင်နှင့် လျန်ချီမူ။
ကျန်းဟိုင်မြို့ထဲရှိ ပုဂ္ဂိုလ်ကြီးများအားလုံးနှင့် အနီးအနား အဓိကဂိုဏ်းမှ သိုင်းပညာရှင်များကတောင် အမြန်ဆုံး အရှိန်ဖြင့် ရောက်လာသည်။
” ဘာတွေ ဖြစ်ကုန်တာလဲ။ ကျန်းဟိုင်တစ်မြို့လုံးက စုပ်ယူတဲ့ ဝိညာဥ်စွမ်းအင် အရှိန်က ဘာကြောင့် တိုးလာတာလဲ ”
” တော်တော်များတယ်။ နှစ်ဆနီးပါးပဲ ”
” အောက်က ဝိညာဥ်စုစည်းခြင်း အစီအရင်က တစ်ခုခု မှားသွားတာပဲ ဖြစ်ရမယ်။ ဖာ့ကျန်း ဒီအစီအရင်က ဆရာကြီးတို့ ရှောင်လင်ကလေ။ ဘာဖြစ်လဲဆိုတာ တစ်ချက်ကြည့်လို့ရမလား ”
ဖာ့ကျန်းက ခါးသက်စွာ ပြုံးလိုက်၏။
” ဒီနုံချာတဲ့ ရဟန်းအိုက အရင်တုန်းက ပြောပြသားပါ။ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာက အစီအရင်အတွက် အစီအရင်အသစ်တစ်ခု တည်ဆောက်ထားခဲ့တာ။ ဒါ့အပြင် အဲ့ဒါက တော်ဝင်အစီအရင်ပဲ။ ဒီနုံချာတဲ့ ရဟန်းကို မပြောနဲ့။ ဒီနေရာမှာ အစီအရင်မှာ အကျွမ်းကျင်ဆုံး အစီအရင် ပညာရှင်အားလုံးကို ခေါ်ခဲ့မယ်ဆိုရင်တောင် အစီအရင်ကို ကျုပ်တို့တွေ ဖြိုခွဲနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အောက်မှာ ဘာဖြစ်နေလဲဆိုတာ ဘယ်သူ့မှ မသိဘူး ”
လျိုချန်စွင်းက ပြောသည်။
” ဝိညာဥ်စုစည်းခြင်း အစီအရင်က အဓိကအားဖြင့် အဆင့်မြင့် ကြယ်တာရာသားရဲတွေရဲ့ ခွန်အားကို အားကိုးရတာ။ မနေ့ညတုန်းက စီနီယာ ဓါးမော့ဓါးဝိဇ္ဇာက ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲ သုံးကောင်ကို သတ်လိုက်တယ်။ ဒါ့အပြင် ဒီအစီအရင်ကို သူ တည်ဆောက်ခဲ့တာ။ ကျုပ် ခန့်မှန်းတာ မှန်မယ်ဆိုရင် ကြယ်တာရာသားရဲတွေရဲ့ အလောင်းကို ဒီချိတ်ပိတ်မှုထဲ ထည့်ထားတာ သူပဲ ဖြစ်လောက်တယ် ”
” ဒါကြောင့် ကျန်းဟိုင်မြို့ထဲက ဝိညာဥ်စွမ်းအင်တွေ တိုးလာတာပဲ ”
လူတိုင်းက တုန်လှုပ်သွားကာ သူတို့ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲကုန်၏။
” ဟုတ်သားပဲ။ ဒါကို ငါတို့ ဘာကြောင့် မတွေးမိတာလဲ။ ဒီကိစ္စက စီနီယာ ဓါးမော့ဓါးဝိဇ္ဇာနဲ့ တစ်နည်းနည်းတဲ့ သက်ဆိုင်လောက်တယ်လို့ပဲ တွေးမိခဲ့တာ။ ဝိညာဥ်စုစည်းခြင်း အစီအရင်ရဲ့ ခွန်အားတွေ တိုးလာတာက အစီအရင်အမြုတေကြယ်တာရာသားရဲတွေနဲ့ တစ်ခုခု သက်ဆိုင်နေလိမ့်မယ်လို့ မတွေးခဲ့မိဘူး။ ဒီရှုထောင့်ရဲ့အရ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာက သူ သတ်ခဲ့သမျှ အဆင့်မြင့် ကြယ်တာရာသားရဲအားလုံးကို ဒီနေရာမှာ ပိတ်ထားတာပဲ ”
” အခု ကျန်းဟိုင်မြို့က စုပ်ယူတဲ့ ဝိညာဥ်စွမ်းအားနှုန်းက ပထမအဆင့် မြို့တွေရဲ့ အဆင့်အတန်းကို ရောက်လာပြီ။ ကြည့်ရတာ ကျန်းဟိုင်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက တက်လာပြီးပုံပဲ ”
လူတိုင်းက အင်မတန် စိတ်လှုပ်ရှားသွားကြသည်။
မြို့တစ်မြို့က စုပ်ယူနိုင်သည့် ဝိညာဥ်စွမ်းအင်အရည်အသွေးနှင့် အရှိန်သည် မြို့တစ်မြို့၏ ဖွံဖြိုးတိုးတက်ရာ၌ အခြေခံကျသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်သည်။
မြို့တစ်မြို့၌ ဝိညာဥ်စွမ်းအင် မရှိခဲ့လျှင် မည်သူကမှ ထိုနေရာကို သွားချင်ကြမှာ မဟုတ်။ ဆိုရလျှင် သိုင်းပညာရှင်တစ်ဦးအနေဖြင့် သူတို့ အလိုအပ်ဆုံးက ကျင့်ကြံရန်အတွက် ဝိညာဥ်စွမ်းအင်ပင် ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် မြို့တစ်မြို့၌ ဝိညာဥ်စွမ်းအင်များ များလေ သိုင်းပညာရှင်များက ဝိညာဥ်စွမ်းအင် ပိုစုပ်ယူနိုင်လေ ဖြစ်ကာ ကျင့်ကြံမှုအရှိန် ပိုတိုးလေဖြစ်သည်။ မြို့၏ လူဦးရေက တိုးတက်လာလိမ့်မည်။
” ကျန်းဟိုင်မြို့က တကယ်ကောင်းချီးပေးခံရတဲ့ မြို့ပဲ ”
လျိုချန်စွင်းက သက်ပြင်းချလိုက်မိ၏။
ကမ္ဘာကြီးထဲ၌ နေ့စဥ်နေ့တိုင်း ဝိညာဥ်စွမ်းအင် စုပ်ယူသည့်အရှိန်ကို တိုးမြှင့်ရန် နည်းလမ်းမျိုးစုံ စဥ်းစားနေသည့် မြို့များ မရေမတွက်နိုင်အောင် ရှိသည်။ သို့သော် ကျန်းဟိုင်မြို့က မြို့လေးတစ်မြို့သာ ဖြစ်သည်။ ထိုသို့တိုင် မြင့်မားသည့် အရှိန်ဖြင့် ဝိညာဥ်စွမ်းအင်များကို စုပ်ယူနိုင်သည်။ ယင်းက ကောင်းကင်ဘုံက ကောင်းချီးပေးတာပဲ ဖြစ်သည်။
” မဟုတ်ဘူး။ ဓါးသူတော်စင် လျို။ ခင်ဗျား မှားနေပြီ ထင်တယ် ”
တုချန်ဖုန်းက ပြုံးလိုက်၏။
” ဘာလို့ဆိုတော့ ကျုပ်တို့တွေက ဓါးမော့ဓါးဝိဇ္ဇာလို ကံကောင်းခြင်း ကြယ်ပွင့်လေးတစ်ပွင့်ရထားလို့ပဲ။ ကံကောင်းခြင်း ကြယ်ပွင့်က ထွန်းလင်းစွာ တောက်ပနေတာကြောင့် ဒီနေ့ ကျန်းဟိုင်မြို့က ရှိနေနိုင်တာပဲ ”
လျိုချန်စွင်းက ခေါင်းညိတ်ပြီးနောက် သူ့စကားကို ထောက်ခံလိုက်သည်။
” ခင်ဗျားပြောတာ မှန်တယ်။ ကျန်းဟိုင်မြို့ရဲ့ စစ်မှန်တဲ့ ကံကြမ္မာအမှန်က ဓါးမော့ဓါးဝိဇ္ဇာ လက်ထဲမှာ ရှိနေတာ ”
အပေါ်ရှိ လူသားများကမူ ပျော်ရွှင်ကြည်နူးနေကြသည်။ အောက်ရှိ ကြယ်တာရာသားရဲများကမူ အံ့သြဆွံ့အနေလေ၏။
” အဲ့ဒီလူသား မျိုးမစစ်ကောင်က ငါတို့ကို ၀က်တွေ ကြက်တွေလို မွေးမြူရေး တိရစ္ဆာန်တွေအဖြစ် ပျိုးထောင်တယ်လို့ ဆိုလိုတာလား။ ”
စူဇန်က မယုံနိုင်စွာ အော်လိုက်၏။ ကျန်သည့် ကြယ်တာရာသားရဲများက လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။
” သူ ရူးနေပြီလား။ သူ့ရဲ့ ဦးနှောက် တစ်ခုခု ဖြစ်သွားတာလား။ ငါတို့ အံ့ဖွယ်ချီရှန်း ကြယ်တာရာသားရဲတွေက ကြယ်တာရာမျိုးနွယ်စုရဲ့ သိုင်းပညာ ကျွမ်းကျင်သူတွေက သူ့ရဲ့ မွေးမြူရေး တိရစ္ဆာန်ဖြစ်ချင်တယ်လို့ ဘာကများ သူ့ကို တွေးမိစေတာလဲ။ ကျုပ်တို့က အံ့ဖွယ် ချီရှန်းအဆင့်ရှိတဲ့ သတ္တဝါတွေလေ။ သာလွန်တဲ့ စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ။ လူသားတွေလိုပဲ။ ငါတို့ရဲ့ မွေးမြူရေး တိရစ္ဆာန်တွေ ဖြစ်စေတာ။ ငါတို့က လူသားတွေရဲ့ မွေးမြူရေး တိရစ္ဆာန် မဖြစ်နိုင်ဘူး။ သူ့ကို အိမ်မက် မက်ခိုင်းလိုက် ”
စူဇန်သည် ဒေါသထွက်လွန်းသောကြောင့် နားထဲမှ အခိုးများ ထွက်လာလေ၏။
သူမက မည်သူနည်း။ သူမသည် ကျားနတ်ဘုရားလက်အောက်ရှိ စွမ်းဆောင်ရည်ရှိသော ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ချီရှန်း ကြယ်တာရာသားရဲတစ်ကောင် ဖြစ်သည်။ သူမက အစွမ်းထက်လွန်းသောကြောင့် သူမကို မည်သူမှ ရန်မစရဲလောက်အောင် အစွမ်းထက်သည်။
အမိန့်တစ်ချက်ဖြင့် ကြယ်တာရာသားရဲတစ်သန်းက လက်လျှော့လိမ့်မည်။ သူ ယဲ့ရှောင်က မည်သူနည်း။ အမည်မရှိ လူသားတစ်ဦးမျှသာ ဖြစ်၏။
သူ၏ ခွန်အားက သူမထက် သာလျှင်တောင် သေချာပေါက် ယှဥ်နိုင်မှာ မဟုတ်ပေ။ သူမက သေချာပေါက် အညံ့ခံမှာ မဟုတ်ပေ။ သူမ၌ ဂုဏ်သိက္ခာ ရှိသည်။ ကျားနတ်ဘုရားလက်အောက်ရှိ စစ်သူကြီးတစ်ဦး၏ ဂုဏ်သိက္ခာဖြစ်သည်။
ကျန်သည့် ကြယ်တာရာသားရဲများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မတတ်နိုင်ပဲ အေးအေးလူလူ ပြောလိုက်တော့သည်။
” ငါတို့ ထင်တာကတော့ မင်း နာနာခံခံနဲ့ မွေးမြူရေး တိရစ္ဆာန်ဖြစ်လိုက်သင့်တယ်။ အဲ့ဒီကောင်ကို ရန်စပြီး အားလုံးကို ပြဿနာ မတက်စေနဲ့ ”
စူဇန်က အေးစက်စက် ပြုံးလိုက်၏။
” မင်းတို့ အားလုံးလိုမျိုး ငါ့ကို စိတ်နှလုံး နူးညံ့တယ်များ ထင်နေလား။ ခမ်းနားတဲ့ အံ့ဖွယ်ချီရှန်းကြယ်တာရာသားရဲတစ်ကောင်အနေနဲ့ မင်းတို့ရဲ့ မျက်နှာကို တကယ်ကြီး အမှုမထားပဲ ကြယ်တာရာသားရဲမျိုးနွယ်စုရဲ့ သိက္ခာကို မထောက်ပဲ လူသားတွေအတွက် မွေးမြူရေး တိရစ္ဆာန် ဖြစ်လာတယ်။ နင်တို့က တကယ်အရှက်ကွဲစေတာပဲ ”
ကျိဖုန်းက ပြောလိုက်၏။
” အစတုန်းက ငါလည်း နင့်လိုပဲ တူညီတဲ့ စိတ်ခွန်အားမျိုး ရှိခဲ့တာ။ ဒါပေမဲ့ အခုတော့ နေ့တိုင်း နာနာခံခံနဲ့ ဥဥပေးနေရသေးပဲ မဟုတ်ဘူးလား ”
စူဇန်က အထင်တသေး ရယ်မောလိုက်၏။
” ဟား ဟား။ နင်က ငါနဲ့ တူမလား။ ငါက ရှန်းထျန်းအဌမအဆင့်။ နင်က ရှန်းထျန်း သတ္တမအဆင့်မှာပဲ ရှိသေးတာ။ ရှန်းထျန်းသတ္တမအဆင့်နဲ့ ရှန်းထျန်းအဌမအဆင့်ကြား နယ်ပယ်တစ်ခုပဲ ကွာတယ်ဆိုပေမဲ့ ကွာဟချက်က မိုးနဲ့မြေလိုပဲ ”
ကျိဖုန်းက ကူကယ်ရာမဲ့စွာ ခေါင်းခါပြီး မလှမ်းမကမ်းရှိ နော့ဖစ်ကို လက်ညိုးထိုးပြလိုက်၏။
” အား ဒါ စီနီယာ နော့ဖစ်လေ။ သူ့ရဲ့ ပင်မခန္ဓာက ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်းတစ်ယောက်ပဲ။ နင်က ဘယ်လောက်ပဲ အစွမ်းထက်ထက် ရှန်းထျန်း အဌမဆင့်မှာပဲရှိပြီး သူ့ထက်တော့ ပိုအစွမ်းမထက်နိုင်ဘူးမလား ”
” အခု သူ လိမ်လိမ်မာမာနဲ့ ယဲ့ရှောင်စကား နားထောင်နေတာ။ နင့်မှာ ဘာဂုဏ်ယူဝင့်ကြွားစရာ ရှိတယ်လို့ ထင်လဲ။ နင်က ရှန်းထျန်း အဌမအဆင့်မှာ ရှိတယ်လို့ မပြောနဲ့။ ရှန်းထျန်း နဝမအဆင့်ဆိုရင်တောင် နင့် သူ့ကို အနိုင်မယူနိုင်သရွေ့ မွေးမြူရေး တိရစ္ဆာန်ဖြစ်ပေးရဦးမှာပဲ ”
” ဒါဆိုရင် ငါ မဖြစ်ပေးရင်ရော။ ဘာဖြစ်မ
လဲ ”
” ဒါဆို နင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သေဆုံးရလိမ့်မယ်။ မဟုတ်ဘူး။ သေချင်စိတ် ဖြစ်လာမှာ။ သေချင်စိတ်။ အဲ့ဒီလူမှာ တော်ဝင်ကုသခြင်းကျင့်စဥ် သုံးမျိုးရှိတယ်။ နင် သေဖို့အတွက် ဘယ်နည်းကိုပဲသုံးသုံး သူက နင့်ကို ကယ်တင်လိမ့်မယ်။ နင့်ကိုနင် ချက်ချင်း မဖောက်ခွဲသရွေ့ ပြာတောင် မချန်တော့မှ ရမယ် ”
” ဒါပေမဲ့ ဒီချိတ်ပိတ်မှုအတွင်းမှာ နင် ဘာမှမလုပ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ငါတို့တွေက နင့်ကိုနင် ဖောက်ခွဲခွင့် ပေးမှာ မဟုတ်ဘူး။ နင် ဒီလိုလုပ်ရင် ငါတို့လည်း ပါသွားလိမ့်မယ် ”
စူဇန်က အံကြိတ်ပြီး သူမ၏ မျက်လုံးထဲ၌ ကြောက်လန့်ရိပ် တစ်စွန်းတစ်စ ပေါ်လာသည်။
သူမက လူသားတစ်ယောက်ဖြစ်စေ၊ ကြယ်တာရာသားရဲတစ်ကောင်ဖြစ်စေ အသိစိတ်ရှိသည့် အသက်အသွင်ဖြစ်စေ နာကျင်စရာအကောင်းဆုံးက မသေနိုင် မရှင်နိုင်တာပဲ ဖြစ်သည်။
သို့သော်ငြား အလွယ်တကူ အလျှော့မပေးမှာ သေချာ၏။
ယဲ့ရှောင်ကို ပထမဆုံးအကြိမ် အလျှော့ပေးလိုက်သည်နှင့် သူက ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်။ မရေမတွက်နိုင်အောင် လိုချင်လာလိမ့်မည်။ ထို့ကြောင့် သူမက ပထမဆုံး အကြိမ်ကို တောင့်ခံထားရမည်။
သူမ၏ အသင်းဖော်နှစ်ယောက်ကို ကြည့်လိုက်တော့၏။
” မနက်ဖြန် ငါတို့ သူ့ကို လျစ်လျူရှူထားမယ်။ သူ ဘာလုပ်မလဲဆိုတာ ကြည့်ကြတာပေါ့။ ငါတို့ကို လှည့်ကွက်နည်းနည်းလေးနဲ့ အညံ့ခံအောင် လုပ်နိုင်လိမ့်မယ်လို့ သူ ထင်နေရင် သူ ငါတို့ကို အထင်သေးတာ များလွန်းသွားပြီပဲ ”
” ကျားနတ်ဘုရားလက်အောက်က စစ်သူကြီးက သေချာပေါက် သတ္တိကြောင်သူ မဟုတ်ဘူး ”
သံမဏိ နွားရိုင်းနှင့် မော့ယွီက ခေါင်းညိတ်လိုက်သည်။
စူဇန်ပြောတာ မှန်ပေ၏။ သူတို့အောက်ခြေစည်းကို တင်းခံထားရမည်။
ယဲ့ရှောင်က သူတို့ကို မွေးမြူရေး တိရစ္ဆာန်အဖြစ် ပြောင်းလဲပစ်ချင်သည်။ သို့သော် သူတို့က မွေးမြူရေး တိရစ္ဆာန် မဖြစ်ချင်ပေ။ သူတို့ သိက္ခာကြောင့် မဟုတ်ပေ။ တစ်ချိန်တည်းတွင် သူတို့ ကျန်းမာရေး၊ ကျင့်ကြံဆင့်နှင့် အများကြီး သက်ဆိုင်နေသောကြောင့် ဖြစ်သည်။
မော့ယွီက နို့ထုတ်လုပ်သည်ဖြစ်စေ၊ သံမဏိနွားရိုင်းက အခွံခွဲပေးရသည်ဖြစ်စေ။ အားလုံးက ခန္ဓာကိုယ်ကို အလွန်ထိခိုက်စေ၏။
ယင်းက သူတို့၏ ကိုယ်ပိုင် ကျင့်ကြံဆင့်နှင့် သွေးအဆီအနစ်ကို သိပ်သည်းပြီး ရလာသော တန်ဖိုးရှိသည့် အဆီအနစ် ဖြစ်၏။ သူတို့ မည်ကဲ့သို့ အလွယ်တကူ ပေးနိုင်မည်နည်း။
ယင်းက အရိုက်ခံရရန် တောင်းဆိုနေခြင်းသာ ဖြစ်သည်။ မည်သည့်နည်းနဲ့မဆို သူတို့ အရိုက်ခံရတာ တစ်ခါနှစ်ခါ မဟုတ်ပေ။
သူတို့ အံကြိတ်ထားပြီး အကြိမ်ရေ အနည်းငယ် တောင်ခံသရွေ့ ယဲ့ရှောင်က လက်လျှော့လိုက်လိမ့်မည်။
ပြီးနောက် ဤနေရာကနေ ထွက်ပြေးရန် နည်းလမ်းတစ်ခု စဥ်းစားမှာပဲ ဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်း ဒုတိယမြောက်နေ့က လျင်မြန်စွာ ကျရောက်လာ၏။ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်အတွင်း တော်ဝင်ဓါးသိုင်းက
အကြည့်အဝ ကျင့်ကြံပြီး ဖြစ်သည်။ ယဲ့ရှောင်က အနည်းငယ် စမ်းသပ်ကြည့်လိုက်၏။
တော်ဝင်ဓါးသိုင်းနှင့် ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးသိုင်း၌ မတူညီသည့် သဘာဝရှိသည်။
ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးသိုင်းက ၄င်း၏ စွမ်းအား အားလုံးကို တိုက်ကွက်တစ်ကွက်တည်း စုဝေးလိုက်တာ ဖြစ်သည်။ တော်ဝင်ဓါးသိုင်းကမူ ၄င်းသည် ဓါးစွမ်းရည်၏ စွမ်းအားမျကို ထပ်တိုး တိုက်ကွက်များ တောက်လျှောက် တိုးလာစေခြင်း ဖြစ်သည်။ ဓါးတစ်ချက်က ကျန်သည့်ဓါးများထက် ပိုသန်မာလာ၏။
အမှန်တကယ် နှိုင်းယှဥ်ကြည့်လျှင် တော်ဝင်ဓါးသိုင်းက ပိုသန်မာ၏။
သို့သော်ငြား ၄င်း၏ ခွန်အားက နောက်အဆင့်တွင်မူတည်နေပြီး အစောပိုင်းအဆင့်၌ လုံလောက်အောင် မသန်မာသေးပေ။ ထိုအကြောင်းအရင်းကြောင့် သူ စူဇန်နှင့် တိုက်ခိုက်စဥ်က သူမ ဓါးရောင်ခြည်များစွာကို ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးက ဖြိုခွဲနိုင်ခဲ့တာပဲ ဖြစ်သည်။

အပိုင်း ၁၉၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset