Chapter – 2 အရိုးစာသား
ဝတ်ပြုဆုတောင်းခြင်းအတွက် ကျောက်ခေတ်ရွာအကြီးအကဲက ဦးဆောင်ပြီးတော့ သူ့ရဲ့နောက်မှာ သက်ကြီးဝါကြီးတစ်ချို့ကလည်း လေးနက်တဲ့အမူအယာတွေဟာ သူတို့ရဲ့ မျက်နှာပေါ်မှာ ပေါ်လွှင်နေပါတယ်။ အမျိုးသမီးတော်တော်များများ နဲ့ ကလေးသူငယ်လေးတွေလည်း လျင်မြန်စွာရောက်ရှိလာကြပါတယ်။ သူတို့ဟာ တောင်တန်းတွေဆီကို အမဲလိုက်သွားတဲ့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေအားလုံး ဘေးအန္တရာယ်အသွယ်သွယ်ကနေ လုံခြုံစိတ်ချစွာ ပြန်လာနိုင်ဖို့တိတ်တဆိတ်ဆုတောင်းပေးနေကြတာပါ။
ကျောက်ခေတ်ရွာဟာ မိုးမခပင်ကြီးရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာရှိပြီး ဒါက လုံးဝကိုခြားနားလှတဲ့ ပြင်ပကမ္ဘာကြီးတစ်ခုလေ။ တောင်တန်းကြီးဟာ အရင်းအမြစ်တွေပေါများကြွယ်ဝသလို ကြီးမားလှတဲ့သားရဲကြီးတွေ နဲ့ ကြောက်မက်ဖွယ်ရာငှက်ကြီးတွေကြောင့်လည်း အန္တရာယ်များလှပြီး ရိုးရှင်းမှုမရှိပါဘူး။
ကျောက်ခေတ်ရွာရဲ့ အမဲလိုက်အဖွဲ့ကတော့ သူတို့ရဲ့ကျောပေါ်မှာ ဧရာမလေးကြီးတွေနဲ့ ရှေးဟောင်းဓါးရှည်တွေကိုသယ်ပိုးပြီး တောင်တန်းကြီးထဲက ချိုင့်ဝှမ်းတွေ ချောင်းမြောင်းတွေနဲ့ ရှည်လျားကျယ်ပြန်တဲ့ ရေကန်ကြီးတွေရှိရာဆီကို ဝင်ရောက်သွားကြပါပြီ။
ခနအကြာမှာတော့ လူသူလေးပါးတိတ်ဆိတ်ငြိမ်သက်နေတဲ့ အမဲလိုက်အဖွဲ့ဝင်ရောက်သွားရာ အရပ်ဆီကနေ မသတီစရာကောင်းလှတဲ့ အနံ့အသက်ဆိုးကြီး ပေါ်ထွက်လာပါတယ်။
*********
ကျောက်ခေတ်ရွာအဝင်ဝမှာ ရှိလို့နေတဲ့ မြက်ခင်းလွင်ပြင်မှာတော့ ရွာအကြီးအကဲရှီယွီဖန်း ရှိနေပါတယ်။ သူ့အရှေ့မှာလည်း ကလေးငယ်လေးအုပ်စုတစ်စု ရှိနေတာပါ။
ရွာအကြီးအကဲရှီယွီဖန်းဟာ ကလေးအုပ်စုကို ဝေ့ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။
” ကဲ ကဲ မျောက်လောင်းလေးတွေ ထိုင်ကြ မင်းတို့တွေ ခက်ခဲတဲ့ သင်ခန်းစာတွေကို လေ့လာဖို့ လိုနေပြီ့့့ ”
ကလေးအုပ်စုကတော့ ချက်ချင်းကိုပဲ စိတ်မသက်မသာဖြစ်သွားကြပါတယ်။ သူတို့အားလုံးဟာ မအီမလည်ခံစားချက်တွေတောင်ဖြစ်လာတာပါ။ ဒါကြောင့်လည်း သူတို့ဟာ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ထိုင်လိုက်ကြပါတယ်။
” အဘိုးအကြီးအကဲ ဒီ ငှက်မင်းဘာသာစကား နဲ့ လိပ့်မင်း စာအရေးအသားတွေက မကောင်းဆိုးရွားသင်္ကေတတွေလိုပဲ ရှုပ်ထွေးလိုက်တာ့့ ဒါက သင်ယူရတာ ခက်ခဲလွန်းတယ် ဘာဖြစ်လို့ ဒါကို သင်ပေးနေရတာလဲ့့ ”
” ဟုတ်တယ် အတိအကျပြောရရင် ကျွန်တော့်အဖေသင်ပေးတဲ့ မြှားပစ်တာလောက်တောင် အသုံးဝင်တာလည်း မဟုတ်ဘူး့့ ”
ကလေးငယ်လေးတွေဟာ တစ်ယောက်တစ်ခွန်း စောဒဂတက်လိုက်ကြပါတယ်။ သူတို့ရဲ့ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးတဲ့ အမူအယာတွေဖြစ်နေပြီး ရွာအကြီးအကဲရှီယွီဖန်းသင်ကြားပေးနေတဲ့ ပညာရပ်တွေအပေါ်မှာ ဝိရောဓိခံစားချက်တွေ ခံစားနေရတာလေ။
” မင်းတို့ကလေးတွေက ဘာဆိုဘာမှ မသိကြသေးဘူးပဲ့့ အါ့ဒီ အရိုးစာသားဆိုတာ ဟိုအရင်တည်းက သားစဉ်မြေးဆက် ဆင်းသက်လာတာပဲ့့ ပြောရရင်တော့ ဒါက သဘာဝဆန်ပြီး ပျောက်ကွယ်နေပေမယ့် အရိုးပေါ်မှာ အာဏာရှင်ဆန်တဲ့ မှော်သင်္ကေတတွေ ပါဝင်တာပဲလေ့့ အရိုးအတွင်းထဲမှာ နှစ်မြုပ်နေတတ်တာကြောင့်လည်း လူတော်တော်များများက သင်ယူချင်တာတောင် လျို့ဝှက်ဆန်းကြယ်တဲ့ အရိုးစာသားကို သင်နိုင်ကြတာ မဟုတ်ဘူး့ ပြီးတော့ မင်းတို့ မိဘတွေကလည်း မင်းတို့ကို တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး မင်းတို့ ပိုအားကောင်းလာဖို့ မျော်လင့်နေကြတာ့့ မင်းတို့က အရိုးစာသားကို နည်းနည်းလောက်သင်ယူရတယ်ဆိုရင်တောင် အနာဂတ်မှာ အောင်မြင်နိုင်မှာပဲ့့ ”
ကျောက်ခေတ်ရွာအကြီးအကဲရှီယွီဖန်းဟာ သူမမြင်မတွေ့နိုင်တော့မဲ့ မျော်လင့်ချက်တွေအတွက် ကလေးတွေကို သုံးသပ်ချက်ပေးလိုက်ပါတယ်။
” အဘိုးအကြီးအကဲ့့ ကျွန်တော်တို့ကို အရိုးစာသားရဲ့ အစွမ်းတွေကို ပြပေးပါ့့ ”
ကလေးငယ်လေးတစ်ယောက်က ရွာအကြီးအကဲရှီယွီဖန်းကို တောင်းဆိုလိုက်ပါတယ်။
” လူလေး့့ ဒီကိုလာခဲ့ဦး့့ ”
ကျောက်ခေတ်ရွာအကြီးအကဲရှီယွီဖန်းဟာ အော်ဟစ်လိုက်ပါတယ်။
သူငယ်လေးကတော့ ငါးရောင်စပ်စာငှက်လေးကို လိုက်လံဖမ်းဆီးတာ ပြီးဆုံးသွားခဲ့ပါပြီ ။ အခုချိန်မှာတော့ သူက ကြီးမားတဲ့ ခွေးဝါကြီးရဲ့ အမြီးကို စွမ်းအားတွေအများကြီးသုံးပြီး ဆွဲနေတာပါ။ သူ့ရဲ့ မျက်နှာဟာ စိတ်ရှုပ်ထွေးတဲ့ အမူအယာတွေဖြစ်နေပြီး ခေါင်းကိုမော့ထားကာ တင်ပါးကိုလှုပ်ပြီး ခွေးဝါကြီးကို ချုပ်ကိုင်နိုင်ဖို့ကြိုးစားနေပါတယ်။
သူငယ်လေးဟာ သူ့ရဲ့ ဝန်းစက်တဲ့ မျက်လုံးတောက်တောက်တွေကို ဖွင့်ပြီး ပြောလိုက်ပါတယ်။
” ယိယ ယိယ အဘိုးအကြီးအကဲ ဘာလိုချင်လို့လဲ့့ ”
ကျောက်ခေတ်ရွာအကြီးအကဲရှီယွီဖန်းဟာ ပြန်ဖြေလိုက်ပါတယ်။
” ငါ အရိုးစာသားဆိုတာကို သူတို့ကို ပြမလို့ ** အါ့ဒါ လူလေးကို ခိုင်းမလို့ ”
” ရတယ်လေ့့့ ”
သူငယ်လေးဟာ အရမ်းကိုနာခံတတ်တဲ့ လူလိမ္မာလေးတစ်ယောက်လို သူ့ရဲ့ ပါးစပ်ကို ပိတ်ထားလိုက်ပါပြီ။
သူဟာ လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး စွမ်းအားတွေကို ဖော်ထုတ်လိုက်တဲ့အခါမှာ သူ့ရဲ့ မျက်နှာလေးဟာ တဖြည်းဖြည်းနဲ့ အနီရောင်သန်းလာခဲ့ပါတယ်။
ဝုန်းခနဲ အသံတစ်ခုဖြစ်ပေါ်လာခဲ့ပါပြီ။
သူငယ်လေးရဲ့ လက်ဝါးပြင်တစ်ဖက်ပေါ်မှာ ထူးဆန်းတဲ့ တောက်တောက်ပြောင်ပြောင် အလင်းတန်းတစ်ခုပေါ်ထွက်လာပြီလေ။ ဒါကိုကြည့်ရတာဟာ သတ္တုရောင်တောက်ပနေတဲ့ အရာတစ်ခုကို မြင်နေရသလိုပါ။ ထူးဆန်းတောက်ပြောင်တဲ့ သတ္တုရောင်အလင်းတန်းဟာ သူငယ်လေးရဲ့ အခြားသောလက်တစ်ဖက်မှာလည်း ထင်ထင်ရှားရှားကို တောက်ပလာပါတယ်။ သူငယ်လေးဟာ ခြေလှမ်းအနည်းငယ်လောက် လမ်းလျောက်သွားပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ထက်ကြီးမားနေခဲ့တဲ့ ကျောက်တုံးကြီးကို ချီမပြလိုက်ပါတယ်။
” ဒါက ့့ မွန်းစတားစွမ်းရည့့့် ”
ကလေးအုပ်စုထဲကနေ အသက်နည်းနည်းပိုကြီးတဲ့ ကောင်လေးတစ်ယောက်က ထအော်လိုက်ပါတယ်။
” ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ့့ ဒီလောက်ကြီးတဲ့ ကျောက်တုံးကြီးကို မပြနိုင်ဖို့ဆိုတာက့့့့ ”
” သူငယ်လေး့့ မင်းကို နို့သောက်လို့ ဒီလိုခွန်အားရှိနေတာလား့့့ ”
ကလေးအားလုံးဟာ သူငယ်လေးကို လှောင်ပြောင်လိုက်ကြပါတယ်။
” ယိယ ့့ ယိယ ့ ဟုတ်တယ့် ငါ့ရဲ့ ခွန်အားတွေကိုပဲ သုံးခဲ့တာ့့”
သူငယ်လေးဟာ ကျောက်တုံးကြီးကို မြေပြင်ပေါ်ပြန်ချလိုက်ပြီး စိုးရိမ်ကြောင့်ကြဟန်မရှိဘဲ အေးအေးဆေးဆေးပြုံးလိုက်လို့ပါ။ သူ့ရဲ့ လက်ဝါးပေါ်က သိမ်မွေ့ဆန်းကြယ်လှတဲ့ အလင်းတန်းတွေဟာလည်း မှေးမှိန်ပျောက်ကွယ်သွားကြပါပြီ။
” အဘိုးအကြီးအကဲ့့ သူက ကျွန်တော်တို့နဲ့ ဆယ်နှစ်လောက် ကွာတယ်လေ့့ ဒါတောင် လျို့ဝှက်ဆန်းကြယ်တဲ့ အရိုးစာသားအစွမ်းတွေ ရှိနေတာလား့့ ”
ကလေးအုပ်စုရဲ့ မျက်လုံးတွေဟာ လိုအင်ဆန္ဒတွေကြောင့် တဖိတ်ဖိတ်တောက်ပထွန်းလင်းနေပြီး သူတို့ရဲ့ စိတ်ဆန္ဒတွေကို ဖုံးကွယ်ထားနိုင်စွမ်းမရှိခဲ့ပါဘူး။
” သိပ့်စိတ်လှုပ်ရှားမနေကြနဲ့ ဒါက အခြေခံလေးပဲရှိသေးတာလေ့့ ဒဏ္ဍာရီထဲက ထင်ရှားတဲ့ကောင်းကင်ဘုံအရိုးစာသားနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ ဒါက ဘာမှမဟုတ်သေးဘူး့့ ”
ကျောက်ခေတ်ရွာအကြီးအကဲ ရှီယွီဖန်းဟာ ခေါင်းကိုခါရမ်းပြီးပြောဆိုလိုက်ပါတယ်။
” အဘိုးအကြီးအကဲ ့့ ကျွန်တော်တို့ကို ပြင်ပကမ္ဘာအကြောင်း ပြောပြနိုင်မလား့့ ”
ကလေးအုပ်စုဟာ မျော်လင့်တကြီး မေးမြန်းလိုက်ပါတယ်။
ကျောက်ခေတ်ရွာအတွင်းက လူတွေထဲမှာ ပြောရရင်တော့တစ်ဒါဇင်ထက်မနည်းတဲ့လူတွေဟာ မိခင်ကမ္ဘာကြီးကနေ ဝေးကွာလွန်းလှတဲ့ ပြင်ပကမ္ဘာကြီးကို စူးစမ်းဖို့ ထွက်ခွာသွားတတ်ကြပါတယ်။
ဒါပေမဲ့လည်း လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုလောက်က သေအံ့မူးမူးအခြေအနေတွေနဲ့ ပြန်ရောက်လာခဲ့ကြတယ်လေ။ သိပ့်မကြာခင်မှာပဲ သူတို့အားလုံးဟာ သေဆုံးသွားကြပြီး ကျောက်ခေတ်ရွာအကြီးအကဲ ရှီယွီဖန်းတစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့တာပါ။
သူဟာ ဟိူအတိတ်အချိန်တွေထဲက အရိုးစာသားကို လေ့လာနေခဲ့တာပါ။ ကျောက်ခေတ်ရွာထဲက လူတစ်ဦးချင်းဆီကို အရိုးစာသား ပါ မပါ စမ်းသပ်ခဲ့ပါတယ်။ ဒါက ကလေးတွေကို ကျားလို နဂါးလို ဖြစ်စေနိုင်တယ်ဆိုတာကို မိဘတွေကလည်း သိထားကြပါတယ်။
အရိုးစာသားကို ထုတ်ဖော်နိုင်တဲ့ သူငယ်လေးကြောင့် ကလေးအုပ်စုရဲ့ နှလုံးသားတွေဟာ ပြင်းပြင်းထန်ထန်တုန်လှုပ်နေကြပြီး အာမေဠိတ်သံတွေလည်း ဆူညံနေတော့တာပါ။ ဒီကလေးတွေဟာ စိုးရိမ်စိတ်တွေ ဖြစ်လာသလို တစ်ချိန်တည်းမှာပဲ လေးစားအားကျခြင်းတွေလည်း ဖြစ်လာခဲ့ပါတယ်။
သိပ်မကြာသေးတဲ့ နှစ်တွေတုန်းကတော့ ကျောက်ခေတ်ရွာအကြီးအကဲ ရှီယွီဖန်းဟာ ရွာသားတွေထဲမှာ အရိုးစာသားပါလာတာ မတွေ့ရတာကြောင့် သူ့ရဲ့အရိုးစာသားရှာဖွေခြင်းအတွက် တဖြည်းဖြည်းစိတ်လှုပ်ရှားမှုတွေလည်း နည်းလာခဲ့ပါပြီ။ ဒါပေမယ့် သားရဲတွေရဲ့ နို့ကိုသောက်ပြီး ကြီးပြင်းလာတဲ့ သူငယ်လေးကြောင့် သူ့ရဲ့ အရိုးစာသားမျော်လင့်ချက်အိပ်မက်ဟာ ပြန်နိုးထလာခဲ့ပါတယ်။
” ပြင်ပကမ္ဘာ့့ ”
ကျောက်ခေတ်ရွာအကြီးအကဲ ရှီယွီဖန်းဟာ ထပ်ခါထပ်ခါ ရေရွတ်လိုက်ပါတယ်။ သူ့ရဲ့ စကားသံတွေမှာ ဆုံးရှုံးခဲ့ရခြင်းတွေအတွက် နောင်တတရားတို့ ပျော်ဝင်နေခဲ့ပါတယ်။
” လူတစ်ယောက်က ခြေဆံ့ပြီးလျောက်သွားမယ်ဆိုရင် ဒေသတစ်ခုလုံး ဘယ်လောက်ကျယ်ပြန့်သလဲဆိုတာ သိလာမှာပဲ့့ ဒါက လီသန်းပေါင်းများစွာကို ကျယ်ဝန်းတာလေ့့ ဒါ့ကြောင့် သူ့ရဲ့ ဘဝတစ်သက်တာမှာ ဒေသတစ်ခုလုံးကို နှံ့စပ်ဖို့ဆိုတာ က ဖြစ်နိုင်မှာ မဟုတ်ဘူး့့ နောက်ပြီး လူသူကင်းမဲ့တဲ့ နေရာတွေ အန္တရာယ်များလှတဲ့ ဒေသတွေကလည်း အများကြီးကို ရှိနေတာပါ အါ့ဒီဒေသက နေထိုင်သူတွေကို ဆက်ဆံရတာကလည်း တကယ်ကို ခက်ခဲလွန်းတယ့့် အနိုင်အထက်ပြုတတ်တဲ့ သားရဲမိစ္စာတွေကလည်း ရှိနေတာလေ့့ သူတို့တွေက လျို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာလည်း ကောင်းတယ့့် ဘာပဲဖြစ်ဖြစ် ကလန်တွေအများကြီးစုပေါင်းပြီး ကြီးကျယ်ခမ်းနားတဲ့ မြို့ကြီးတစ်မြို့လည်း ရှိနေတာလေ သူတို့တွေက ရှေးဟောင်းကလန်တွေကိုတောင် ဖျက်စီးပစ်နိုင်တဲ့ အစွမ်းတွေရှိကြတာပါ သူတို့က အစဉ်အဆက်ဆင်းသက်လာတဲ့ ရှေးတည်းက လူသားတွေပါပဲ သူတို့က နတ်ဘုရားတွေရဲ့ အာဏာတွေကိုတောင် သိမ်းပိုက်နိုင်တယ်လေ ဒီလူတွေက လူသားမျိုးနွယ်ထဲမှာတော့ အရမ်းကို အစွမ်းထက်တဲ့ ပါရမီရှင်တွေပါပဲ့့ ”
ကလေးအုပ်စုတစ်ခုလုံးဟာ သူတို့ရဲ့ စိတ်နှလုံးအတွင်းကနေ လေးစားမှုတွေ ဖြစ်ပေါ်လာပါတယ်။ သူတို့တွေက ပြင်ပကမ္ဘာအကြောင်းကို စပ်စုခဲ့ကြသလို တစ်ချိန်တည်းမှာပဲ အါ့ဒီလို အဆင့်မျိုးလိုချင်တဲ့ ဆန္ဒတွေဖြစ်လာပါတယ်။
ကလေးတစ်ယောက်က မေးလိုက်ပါပြီ။
” ဒီဒေသထဲမှာ ပြန်လည်မွေးဖွားခြင်းကို ခံယူနိုင်တဲ့ ဒဏ္ဍာရီကျောက်မျက်ရှိနေတာလား နောက်ပြီး လူသားမျိုးနွယ်ရဲ့ အစွမ်းထက်ဆုံး ဂျီးနီးယက်စ်ကရော ဘယ်လောက်တောင် သန်မာတာလဲ ့့ ”
ကျောက်ခေတ်ရွာအကြီးအကဲ ရှီယွီဖန်းက ဖြေလိုက်ပါတယ်။
” မင်းသိချင်တယ်ဆိုရင်တော့ ပထမဆုံး မင်းသန်မာနေမှ ဖြစ်မှာ့့ ”
” ကျွန်တော်တို့က လျို့ဝှက်ဆန်းကြယ်တဲ့ အရိုးစာသားရဲ့ စွမ်းအားတွေကို ကျွမ်းကျင်သွားရင် မိုးကောင်ကင်အောက်မှာ ရှိနေတဲ့ ဒေသတွေကို လေ့လာစူးစမ်းနိုင်မယ်မဟုတ်လား့့့ ”
တချို့သော ကလေးတွေက သူတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖေါ်ပြောလိုက်ကြပါပြီ။
ကျောက်ခေတ်ရွာအကြီးအကဲ ရှီယွီဖန်းဟာ သူ့ရဲ့ အရှေ့မှာ ရှိနေတဲ့ ကလေးမလေးတစ်ယောက်ရဲ့ ခေါင်းကို ပွတ်သပ်လိုက်ရင်း့့့
” တခြားဒေသတွေကို မပြောနဲ့ ဒီဒေသရဲ့ ထက်ဝက်လောက်ကိုဖြတ်ပြီး ခရီးသွားလာနိုင်တဲ့ ဘယ်သူမဆို မယုံနိုင်လောက်အောင်ကို အစွမ်းထက်ကြတာချည်းပဲ ့့ ”
ကလေးအားလုံးဟာ အံ့သြလွန်းလို့ စကားတောင်မပြောနို်င်ကြတော့ပါဘူး။
” ငါ လုပ်နိုင်တာကတော့ မင်းတို့ကို မှန်ကန်တဲ့ လမ်းကြောင်းပြပေးတာပဲ ့့ မင်းတို့ရဲ့ အဆုံးသတ်က ဘယ်လိုရှိမလဲဆိုတာကတော့ မင်းတို့ပေါ်ပဲ မူတည်တယ့့် ငါက မင်းတို့ကို ပြင်ပကမ္ဘာက သက်တူရွယ်တူကလေးတွေထက် မညံ့အောင်တော့ သင်ပေးမှာပဲ့့ ”
ကျောက်ခေတ်ရွာအကြီးအကဲ ရှီယွီဖန်းဟာ စကားကို လက်စသတ်ချိန်မှာတော့ သူတို့ရဲ့ မျက်လုံးထဲကနေ ကွဲပြားခြားနားတဲ့ ဥာဏ်အလင်းတွေဖြစ်ပေါ်သွားကြသလို သူတို့ရဲ့ ရင်ထဲက ထူးခြားဆန်းကြယ်တဲ့ အရိုးတွန်သံတွေကိုတောင် ပြန်ကြားမိနေသလိုပါပဲ။
ကျောက်ခေတ်ရွာအကြီးအကဲ ရှီယွီဖန်းကို စက်ဝိုင်းပုံစံပတ်ပတ်လည်ဝန်းရံထားခဲ့တဲ့ ကလေးတွေလည်း မွန်းတည့်ချိန်ရောက်လာချိန်မှာတော့ လူစုခွဲခဲ့ကြပါပြီ။
” ဒါက တကယ့်ကို ခက်ခဲတာပဲ့ အကြီးအကဲပြောတာက ခန္ဓာကိုယ်ထဲမှာ အရိုးစာသားတစ်ခုပေါ်လာဖို့တောင် နှစ်အနည်းငယ်လိုအပ်တယ်ဆိုပဲ့့ နောက်ပြီး လူအများစုကလည်း အစဉ်အဆက်အောင်မြင်ခဲ့တာမဟုတ်ဘူးလေ့့ ဒါပေမယ့် ဒီ သူငယ်လေး ဒါကို တကယ်လုပ်ပြနိုင်ခဲ့တာပဲ့့့ ”
သူငယ်လေးကတော့ သူ့ရဲ့ မျက်လုံးကို ပုတ်ခပ်ပုတ်ခပ်လုပ်လိုက်ပြီး ခွေးဝါကြီးရဲ့ အမြီးကို ဆွဲဖို့ ပြန်ကြိုးစားလိုက်ပါတယ်။
နေမင်းဟာ အနောက်ဘက်အရပ်ကို မှေးတင်သွားပြီး နေဝင်ချိန်ရဲ့ တောက်ပမှုအောက်မှာ ကျောက်ခေတ်ရွာက ရွှေစာရွက်နဲ့ ကူးချထားတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။ ကျောက်ခေတ်ရွာထဲက နေအိမ်တွေက့ ရှေးဟောင်းဆန်လှတဲ့ နယ်ပယ်ဒေသတစ်ခုလို တိတ်ဆိတ်ငြိမ်သက်နေကြပါတယ်။ ဟိုးဝေးကွာလှတဲ့ တောင်တန်းထဲမှာတော့ ဝံ နဲ့ ခြင်္သေ့လို သားရဲကောင်တွေရဲ့ ဟိန်းဟောက်သံကိုတောင် ကြားနေရပါတယ်။
ပြောရရင် ဒါဇင်နဲ့ချီတဲ့လူတွေဟာ မိုးကုတ်စက်ဝိုင်းကြီးအောက်မှာ ပေါ်ထွက်လာကြပြီး သူတို့ရဲ့ အရိပ်တွေက နေရောင်အောက်မှာ ဖြာထွက်လို့နေပါတယ်။ နေဝင်ချိန်ရဲ့ အလင်းရောင်ကြောင့် သူတို့ရဲ့ ထွားကြိုင်းသန်မာပြီး မြင့်မားလှတဲ့ အရပ်အမောင်းတွေကြောင့် သူရဲကောင်းတွေရဲ့ ဟန်ပန်ပေါ်ထွက်နေပါတယ်။ သူတို့က အမဲလိုက်ခရီးကနေ ပြန်လာကြတာပါ။ နောက်ပြီး သူတို့တစ်ဦးချင်းကလည်း ကြမ်းကြုတ်တဲ့ သားရဲကောင်တစ်ကောင်ရဲ့ ဦးခေါင်းကို ဆွဲလာကြပါတယ်။
” သူတို့ပြန်လာကြပြီ ”
ကျောက်ခေတ်ရွာအဝင်ဝမှာ အချိန်အကြာကြီးစောင့်ဆိုင်းနေကြတဲ့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ ရွှင်လန်းတက်ကြွတဲ့ အသံတွေထွက်ပေါ်လာပါတယ်။ သူတို့နှလုံးသားထဲက စိုးရွံ့ထိတ်လန့်နေမှုတွေတောင် ပျောက်ကွယ်သွားကြပါပြီ။
” အဖေနဲ့ တခြားသူတွေလည်း အန္တရာယ်ကင်းကင်းနဲ့ ပြန်လာကြပြီပေါ့ ”
” ကောင်းတယ် ဒီလောက်များတဲ့ အစားအစာတွေနဲ့ ပြန်လာကြပြီ ဒီအချိန်ကတော့ ကျနော်တို့ရဲ့ ချွေတာရမဲ့ အချိန်တွေ ကုန်ဆုံးသွားပုံပဲ ”
ဒီအချိန်မှာတော့ အရွယ်ရောက်ပြီးသားယောကျာ်းတွေဟာ အမဲလိုက်ရာမှာ အရမ်းကိုကြီးမားတဲ့ အောင်မြင်မှုတွေရခဲ့ပြီး ကောင်းမွန်တဲ့ သားကောင်တွေနဲ့ ပြန်လာခဲ့ကြပါတယ်။ သူတို့ရရှိလာတဲ့ သားကောင်ကတော့ နွားနဲ့ ဆင်တူပြီး နဂါးဦးချိုက အသားများပါတယ်။ ဒါ့အပြင် ဆင်တစ်ကောင်လို ခန္ဓာကိုယ်ရှိပြီး သူ့ရဲ့ တောင်ပံပါတဲ့ အရေပြားကလည်း စပါးအုံးမြွေကြီးတစ်ကောင်လိုပါပဲ။
ကျောက်ခေတ်ရွာသက်ကြီးရွယ်ကြီးတွေရဲ့ မျက်နှာပေါ်မှာ အရမ်းကို အံ့အားသင့်နေကြတဲ့ အမူအယာတွေ ရှိနေကြပါတယ်။ ဒီသားရဲကောင်ကြီးက ပုံမှန်အားဖြင့်တော့ ကိုင်တွယ်ဖို့ အရမ်းကို ခက်ခဲပါတယ်။ တစ်ချို့သူတွေကတော့ မာန်ဟုန်ပြင်းတဲ့ သားရဲကောင် လို့ ခေါ်ကြပါတယ်။ ဒီနေ့ အမဲလိုက်သွားရာကနေ ဒီလောက်ကြီးမားလှတဲ့ သားရဲကောင်ကြီးကို ရလာမယ်လို့တော့ သူတို့တွေ လုံးဝမမျှော်လင့်ထားခဲ့ပါဘူး။
ဒီသားရဲကောင်က ဦးချိုပါ ဆင်နဂါးသားရဲကောင်ကြီးပါ။ သူ့ရဲ့ ဆင်ခန္ဓာကိုယ်ကြီးက သတ္ထုကြီးတစ်ခုလိုပါပဲ။ ဓါးတွေ လှံတွေနဲ့ ထိုးဖေါက်ဖို့တောင် တကယ့်ကို ခက်ခဲပါတယ်။ နဂါးဦးချိုကလည်း ကျောက်သားတွေကို အလွယ်တကူခွဲခြမ်းပစ်နိုင်ပြီး ဓါးလိုချွန်ထက်လှပါတယ်။ ဒါက သူတို့ရဲ့ ရှင်သန်မှုကို အားကောင်းစေပြီး အစွမ်းထက်ရန်သူတွေရဲ့ ရန်ကနေလည်း ကာကွယ်ပေးပါတယ်။ သူတို့ကို ကြီးမားတဲ့ အတောင်ပံတွေနဲ့ မွေးဖွားလာတဲ့ ပျံသန်းနိင်သော စပါးအုံးလူသတ်သမားတွေလို့ လူသိများပါတယ်။ သူတို့က တောင်တွေပေါ်မှာ ပျံနိုင်ပြီး ငုတ်လျိုးပျောက်ကွယ်နိုင်စွမ်းကြောင့်လည်း အလွန်အမင်းကို ကြောက်မက်ဖွယ်ရာကောင်းလှပါတယ်။
ကျောက်ခေတ်ရွာသားတွေရဲ့ ပွဲဦးထွက်အမဲလိုက်အတွေ့အကြုံက အရမ်းကို ကြောက်မက်ဖွယ်ရာကောင်းပြီး ဒဏ္ဍာရီလာ သတ္တဝါကြီးကို ဖမ်းမိလာခဲ့တာပါ။ သူတို့တွေက စစ်မှန်ပြီး ကြမ်းကြုတ်လှတဲ့ သားရဲကောင်တွေပါ။ ပုံမှန်အားဖြင့်တော့ ဒီလို သားရဲကောင်ကြီးတွေကို ရှောင်ရှားဖို့ အမဲလိုက်သူတွေက ရှည်လျားတဲ့ လမ်းလွဲတွေ လုပ်ကြပေမယ့်လည်း ဒီနေ့ကတော့ သားရဲကောင်ကြီးကို လုံးဝအန်တုယှဉ်ပြိုင်နိုင်ခဲ့တာပါ။
” အခု ကျွန်တော်တို့ထဲက ဘယ်သူမှ ဒဏ်ရာမရခဲ့ကြဘူး ဒီလို အကျိုးကျေးဇူးများတဲ့ ခရီးကနေ ပြန်လာနိုင်ဖို့က အရမ်းကို ကံကောင်းကြလို့ပဲ ”
အမဲလိုက်အဖွဲ့ခေါင်းဆောင်ရှီလင်းဟူ က ရွာအကြီးအကဲ နဲ့ ရွာသူရွာသားတွေကို ရှင်းပြလိုက်ပါတယ်။
လွန်ခဲ့တဲ့ ညအနည်းငယ်တုန်းက တကယ့်အထွတ်အထိပ်သားရဲကောင်ကြီး တောင်တန်းမြေပြင်ကို ဖြတ်သန်းသွားတာကြောင့် တောင်တန်းတစ်ခုလုံးတုန်ခါနေခဲ့ပါတယ်။ သူ့ရဲ့သတ်ဖြတ်မှုတွေကြောင့် တောင်တန်းအတွင်းက သားရဲကောင်အများအပြားကလည်း ထိခိုက်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ရက်တွေတုန်းက များပြားလှတဲ့ သားရဲကောင်တွေဟာ ထိခိုက်ဒဏ်ရာရကုန်တာကြောင့် အလွယ်တကူအမဲလိုက်ခြင်းခံရတာပါ။
” တောင်တွေထဲမှာ အရမ်းကို ကြီးမားတဲ့ ခြေရာကြီးတွေကို တွေ့ခဲ့ရတယ် အါ့ဒါက လူတွေရဲ့ ခြေရာတွေလိုပဲ ဒါပေမဲ့ ခြေရာက မီတာ ၁၀၀နီးပါးရှိနေလို့ သူတို့က အရမ်းကို ကြီးမားတဲ့ အကောင်ကြီးတွေ ဖြစ်လိမ့်မယ် ”
” အါ့လောက်တောင် ကြီးတာလား ”
ရွာသားတွေက အော်ဟစ်လိုက်ပါတယ်။ ဒါက တကယ့်ကို တုန်လှုပ်စရာကောင်းတဲ့ သတင်းပဲလေ။
ဒီစကားကိုကြားလိုက်ရတဲ့ အကြီးအကဲတွေကတော့ အေးမြတဲ့ လေထုထဲက လေအေးတွေကို ရှူသွင်းလိုက်ကြပါတယ်။ သူတို့က အရမ်းကိုကြီးမားပြီး ဆိတ်ငြိမ်လှတဲ့ဒေသက ပတ်ပတ်လည်တောင်တန်းကြီးတွေ ဝန်းရံထားတဲ့ အနက်ရှိုင်းဆုံးသော တောင်တန်းထဲက အဖြစ်အပျက်တွေကို သဘောပေါက်ကြပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီတစ်ခါအမဲလိုက်လို့ရရှိလာတဲ့ အကျိုးအမြတ်ကတော့ လူတိုင်းကို အပြည့်အဝပျော်ရွှင်စေခဲ့ပါတယ်။
ကျောက်ခေတ်ရွာဟာ ရွာသူရွာသားတွေရဲ့ ရယ်မောသံတွေနဲ့ ပြည့်စုံနေခဲ့ပြီး လေပြည်လေညင်းလေးတွေတောင် ရွှင်လန်းလို့ နေပါပြီလေ။
ကျောက်ခေတ်ရွာ အကြီးအကဲ ရှီယွီဖန်းကတော့ ရွာသူရွာသားတွေကို ဦးဆောင်ပြီး အမဲလိုက်ရာကနေ ရရှိလာသမျှ သားကောင်တွေကို ကြီးမားလှတဲ့ ယဇ်ပလ္လင်ရှိရာကို ယူဆောင်လာခဲ့ပါတယ်။
****°
1 လီဆိုတာ မီတာ 500 နဲ့ ညီမျှတဲ့ တရုတ်လူမျိုးတွေရဲ့ မိုင် ပါ။