Switch Mode

Chapter – 192

သူ ဒီကို ထပ် ရောက်လာပြန်ပြီ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၉၂ သူ ဒီကို ထပ်ရောက်လာပြန်ပြီ။

မကြာမီ၌ ကောင်းကင်ထဲတွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားသည်။ ယဲ့ရှောင် ယခင်က တစ်ခါမှ မမြင်တွေ့ဖူးသည့် အသန်မာဆုံး ဖိအားက သူ၏ ခေါင်းပေါ် ကျရောက်လာ၏။ သို့သော်ငြား ထိုဖိအားက မဆင်းသက်လာပေ။ အကြောင်းမှာ လေဟာနယ် ပို့ဆောင်ရေး အစီအရင်ကို ဖောက်ထွက်ရခြင်းကတင် ၄င်း၏ စွမ်းအားကို ကုန်ဆုံးမှု များလွန်းစေသောကြောင့် ဖြစ်၏။ ယဲ့ရှောင်ရှေ့၌ သူ့ကိုသူ ဆက်လက် မပံ့ပိုးနိုင်တော့ချေ။
သို့သော်ငြား ထိုအတိုင်း ၄င်းက ပြင်းထန်သည့် လေပြင်းတို့ကို ဆက်လက် တိုက်ခိုက်နိုင်သေး၏။
ယဲ့ရှောင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဥ်စွမ်းအင်တို့က မီးလျှံများပမာ အကြိမ်ရေ အနည်းငယ် ဝှေ့ရမ်းသွားသည်။
ဝေါင်း။
နီးကပ်စွာ လိုက်ပါလာသည်က ဒေါသထွက်နေသော ကျားဟိန်းသံဖြစ်ပြီး ပို့ဆောင်ရေး အစီအရင်ထဲကနေ ပေါ်ထွက်လာ၏။ ဒေါသတကြီး ဟိန်းသံက မိုးခြိမ်းသံပမာ တစ်လောကလုံးကို ပဲ့တင်သံ ထွက်သွားစေပြီး နားဆူသွားစေ၏။
ယဲ့ရှောင်သည် တစ်ဖက်သူ၏ အမျက်ဒေါသ၊ မလိုလားမှု၊ သတ်ဖြတ်လိုစိတ်တို့ကို ထိုဟိန်းသံထဲကနေ အာရုံခံမိသည်။ သို့သော်ငြား ယဲ့ရှောင်က အနည်းငယ်လေးမျှ ဒေါသမထွက်ရုံသာမက စိတ်လှုပ်ရှားမှုတောင် ရှိနေလေသည်။
အစွမ်းထက်လိုက်တဲ့ ကြယ်တာရာသားရဲတစ်ကောင်ပဲ။
ထိုကြယ်တာရာသားရဲ၏ ခွန်အားသည် ရှန်းထျန်းနဝမအဆင့် သိုင်းပညာရှင်တစ်ဦးကို ကျော်နေလောက်ပြီ ဖြစ်နိုင်သည်။ ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲတစ်ကောင်၏ သွေးအဆီအနစ်က အလွန်သိပ်သည်းနေပြီးသား ဖြစ်၏။ ရှန်းထျန်းနဝမအဆင့် ကြယ်တာရာသားရဲတစ်ကောင်သာဆိုလျှင် ၄င်း၏ သွေးအဆီအနစ် မည်မျှ သန်မာမည်နည်း။
ထိုအံ့ဖွယ်အဆင့် ကြယ်တာရာသားရဲသည် ကျားနတ်ဘုရားကို ခေါ်ခဲ့ပုံ ပေါ်သည်။
ကျားနတ်ဘုရားလား။
ကျားနတ်ဘုရားများ ဖြစ်နိုင်မလား။
ကျားသား အရသာရှိ မရှိ သူ မသိသော်ငြား ကျားအရေခွံကမူ သေချာပေါက် အလွန်တန်ဖိုးကြီးပြီး ဘုရင်အေးအ်ထက် အဆတစ်ရာ ပိုသန်မာလောက်သည်။ ထို့အပြင် ကျားသားရေကလည်း ကောင်းမွန်သည့် ပါဝင်ပစ္စည်း တစ်မျိုးဖြစ်ပြီး ၀ိုင်ချက်၍ ရသည်။
ကျားရိုးကိုမူ ဆေးလုံးသန့်စင်လိုက်လျှင် အလွန်ကောင်းမွန်မည့်ပုံ ပေါ်သည်။ တစ်ချိန်တည်းတွင် တစ်ဖက်လူ၏ ကျင့်ကြံဆင့်က သန်မာလွန်းသောကြောင့် ၄င်း၏ ကြယ်အမြုတေကလည်းသေချာပေါက် သာမန်ပစ္စည်း မဟုတ်လောက်ပေ။
ထိုအချင်းအရာကို တွေးမိရုံဖြင့် ယဲ့ရှောင်က သူ၏ ပါးစပ်ထဲ အတော်လေး စိုစွတ်တာကို ခံစားလိုက်ရသည်။
ထိုစဥ် ကောင်းကင်ထဲ၌ ကျားဟိန်းသံက ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်သည်။
ယဲ့ရှောင်က ခဏတာ တိတ်ဆိတ်နေပြီးနောက် လက်မြှောက်ကာ ပိုင်းဖြတ်လိုက်တော့၏။
ဖုန်း။
ပို့ဆောင်ရေး အစီအရင်ထဲ၌ ထိုပိုင်းဖြတ်မှုက ပေါ်ထွက်လာပြီး အရာဝတ္ထုတစ်ခုလုံးကို အပြည့်အဝ ဖျက်ဆီးပစ်လိုက်၏။ ပို့ဆောင်ရေး အစီအရင်၏ ပေါ်တယ်သည် အပြည့်အဝ ပိတ်သွားတော့သည်။
နောက်ဆုံးတော့ အခု တိတ်ဆိတ်သွားပြီ။ ဒါပေမဲ့ ငါ့ရဲ့ ခွန်အားကို မြန်မြန်လေး တိုးတက်အောင် လုပ်ရမယ်။ နောင်ကြ ဒီကျားနတ်ဘုရားနဲ့ တွေ့တဲ့အခါ ငါ သူ့ကို အလွှတ်ပေးလို့ မရဘူး။
ယဲ့ရှောင်သည် သူ၏ သိုလှောင်လက်စွပ်ထဲရှိ ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲ သုံးကောင်ကို တစ်ချက်ကြည့်ပြီး သူ၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။
သူ၏ မွေးမြူရေးနေရာက အနည်းငယ် တိုးချဲ့နိုင်မည့်ပုံ ပေါ်သည်။
သူက ချင်ယွိယန်ကို သယ်လာပြီး ကျန်းဟိုင်မြို့သို့ အမြန်ပြန်လာ၏။ မြို့သို့ ပြန်ရောက်ပြီးနောက် သူက ချင်ယွိယန်၏ ဒဏ်ရာများကို ကုသပေးရန် ကုသခြင်းကျင့်စဥ် သုံးလိုက်သည်။ ပြီးနောက်မြို့တော်ဝန်၏ အိမ်တော်ဝင်ပေါက်၌ ထားခဲ့ပြီး သူကိုယ်တိုင်ကမူ သူ့ကိစ္စများ ဆောင်ရွက်ရန် သွားတော့သည်။
ချင်ယွိယန်သည် အိပ်စက်နေရာကနေ နိုးလာပြီးနောက် မြို့တော်ဝန်၏ အိမ်တော်ကို တွေ့လိုက်ရသည့်အချိန်၌ ထိတ်လန့်သွားလေ၏။
” ငါ မှတ်မိတာတော့ ငါ လေဟာနယ် ပို့ဆောင်ရေး အစီအရင်ထဲကို အဲ့ဒီ ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲ ခေါ်သွားခံရသင့်တာလေ။ ငါက ဘာကြောင့် မြို့တော်ဝန်အိမ်ရှေ့ ရောက်နေတာလဲ ”
ငါ သေပြီးတာများ ဖြစ်နေမလား။ ငါ သေပြီးတဲ့နောက် ထင်ယောင်ထင်မှား ဖြစ်တာလား။
သို့သော် သူမက ပါးကို အမြန် ဆိတ်ဆွဲကြည့်လိုက်သည်။ နာကျင်မှုကို ခံစားလိုက်ရသောအခါ သူမ မသေသေးကြောင်း သဘောပေါက်သွားလေ၏။
ထူးဆန်းလိုက်တာ။ ငါ ဒီမှာ ဘယ်လိုလုပ် ပေါ်လာတာလဲ။
သူမက ခေါင်းငုံ့လိုက်ပြီးနောက် ခဏတာ စဥ်းစားလိုက်သည်။
ငါ မှတ်မိသလောက်ကတော့ သတိမလစ်ခင်တုန်းက တိုက်ခိုက်တဲ့အသံတစ်သံ ကြားလိုက်ရတယ်။ ပြီးတော့ နေပါဦး။ ငါ့ကို ကယ်လိုက်တာ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာများ ဖြစ်နေမလား။
ကျန်းဟိုင်တစ်မြို့လုံး၌ သူမကို ကယ်နိုင်သည့် စွမ်းရည်ရှိသူက သူမှတစ်ပါး အခြားသူ မရှိပေ။ ထို့အပြင် ဓါးမော့ဓါးဝိဇ္ဇာသာလျှင် ထိုကဲ့သို့ အစွမ်းထက်သည့် ကုသခြင်းစွမ်းရည် ပိုင်ဆိုင်ထားသည်။ သူက အချိန်တိုအတွင်း သူမ၏ ဒဏ်ရာများကို ကုသပေးခဲ့သည်။
” စီနီယာ ကျွန်မ နောက်ထပ် အကြွေးတင်ပြန်ပြီ။ ဒါပေမဲ့ ဘာကြောင့်များ ရှင် ဘယ်သူဆိုတာ သိခွင့် မပေးရတာလဲ ”
ချင်ယွိယန်က သက်ပြင်းချပြီး သူမ၏ ကူကယ်ရာမဲ့မှုကို ဖော်ပြမိတော့သည်။
အချိန်များ ကုန်ဆုံးသွားပြီး အဆုံးမရှိ အမှောင်ထုက ကြယ်တာရာသားရဲများကို ရေထဲရှိ ပေါင်းပင်များပမာ ဖြစ်စေသည်။ သူတို့က မည်သည့်နေရာသို့ ရောက်နေမှန်း မသိပေ။ အမှောင်ထုထဲ ရောက်နေသောကြောင့် ဖြစ်၏။
ရုတ်တရက် အလင်းရောင်ခြည် ပေါ်လာလေသည်။ မဟာစွမ်းဆောင်အားတစ်ခု ရှိနေသည့်ပမာ ကြယ်တာရာသားရဲ သုံးကောင်၏ အသိစိတ်ကို လက်တွေ့သို့ လမ်းညွှန်နေ၏။
အဆုံးတွင်မူ သူတို့က အင်မတန် တောက်ပသည့် အလင်းတံခါးကို ဖြတ်ကျော်ပြီးနောက် သတိအပြည့်အဝ ရသွားတော့သည်။
” ထူးဆန်းလိုက်တာ။ ငါတို့ သေပြီးပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ် အသက်ပြန်ရှင်လာတာလဲ ”
” ငါ မသိဘူး။ ဒါက ငရဲပဲ ဖြစ်နေမလား။ ဒါကြောင့် ငါတို့ဝိညာဥ်တွေ အတူတူ စုဝေးနေတာလား ”
” မဟုတ်သေးဘူး။ ဒါ ငရဲ မဟုတ်ဘူး။ မင်းတို့တွေ မြန်မြန် ကြည့်ဦး ”
မော့ယွီက သံမဏိနွားရိုင်းနှင့် ရှေ့ရှိ စူဇန်ကို ကြည့်လိုက်ရာ သူတို့က သူမ လက်ညိုးထိုးပြသည့်ဘက်ဆီသို့ ကြည့်လိုက်၏။ ချက်ချင်းပင် သူမစိတ်များ ဟာလာဟင်းလင်း ဖြစ်သွားကာ တစ်ကိုယ်လုံးက ထိန်းချုပ်မရနိုင်အောင် တုန်ယင်သွား၏။
သူတို့ရှေ့၌ ရပ်နေသည်က သူတို့ကို မနှိုင်းယှဥ်နိုင်သည့် အကြောက်တရား ဖြစ်စေသည့် ပုဂ္ဂိုလ်ပဲ ဖြစ်သည်။ ထိုလူက အိမ်မက်ဆိုးနှင့် တူသည့်သူ။ ယဲ့ရှောင်ပဲ ဖြစ်သည်။
” ပြေး ”
သံမဏိနွားရိုင်းနှင့် စူဇန်သည် ချက်ချင်းပင် ပြေးဖို့ တွေးလိုက်၏။ လက်တွေ့ကမူ ပြေးခြင်းမှအပ သူတို့နှစ်ယောက်က သူတို့ လုပ်နိုင်သည့် အခြားသောအရာကို မတွေးနိုင်ကြပေ။ ကံဆိုးသည်မှာ ကြယ်တာရာသားရဲနှစ်ကောင်က ပြေးတာ မြန်ဆန်သော်ငြား သူတို့က ယဲ့ရှောင်၏ အရှိန်နှင့် ဝေးသေးသည်။
ကြယ်တာရာသားရဲနှစ်ကောင် လှည့်ထွက်သွားချိန်၌ ယဲ့ရှောင်က လက်ဖြောင့်တီးလိုက်သောအခါ အနန္တကပ်ဘေးလက်ချောင်းနှစ်ချောင်းက ပေါ်ထွက်လာ၏။
ချက်ချင်းပင် ကြယ်တာရာသားရဲနှစ်ကောင်၏ ဒူးဆစ်ရိုးက ထိုးဖောက်ခံလိုက်ရသည်။
ဘန်း ဘန်း။
အရိုးကျိုးသံနှစ်သံကို ကြားလိုက်ရပြီး သံမဏိနွားရိုင်းနှင့် စူဇန်တို့၏ ခန္ဓာကိုယ်က တုန်ယင်နေကာ ချက်ချင်း နာခံသွားတော့၏။
” ဘာတွေ ဖြစ်ကုန်တာလဲ။ မင်း ငါတို့ကို သတ်ပြီးသား မဟုတ်ဘူးလား။ ဘာကြောင့် ငါတို့ကို အသက်ပြန်သွင်းပေးရတာလဲ ”
ယဲ့ရှောင်က ထူးမခြားနား ပြောလိုက်၏။
” တစ်ယောက်ယောက်က မင်းကို ပြီးမှ ပြောပြလိမ့်မယ် ”
ဤနည်းဖြင့် ယဲ့ရှောင်သည် ကြယ်တာရာသားရဲသုံးကောင်ကို ဝိညာဥ်စွမ်းအင်ဖြင့် ဖိနှိပ့်ပြီးနောက် သူတို့ကို မြေအောက်ထဲသို့ ခေါ်လာ၏။
အမှန်တကယ်တွင် ယဲ့ရှောင်က သူတို့၏ ကြယ်အမြုတေကို စစ်ဆေးပြီး သူတို့ဆီမှ တော်ဝင်ကျင့်စဥ်များကို ရယူပြီး ဖြစ်သည်။
သူတို့ထဲ၌ သံမဏိနွားရိုင်း၏ ကြယ်ဝင်အမြုတေထဲရှိ တော်ဝင်ကျင့်စဥ်သည် သူ ကျင့်ကြံထားသော ဖျက်ဆီး၍မရသော စိတ်နတ်ဘုရားသိုင်းနှင့် ဇစ်မြစ်တူသည်။ အမျိုးအစားက ဆင်တူနေ၏။ ထို့ကြောင့် သူ၏ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ထဲ၌ မှတ်တမ်းမတင်နိုင်ချေ။
မော့ယွီ၏ ကုသခြင်းကျင့်စဥ်အတွက်လည်း တူနေပေ၏။
သူက မတူညီသည့် တော်ဝင်အဆင့် ကျင့်စဥ်သုံးမျိုးကို စုဆောင်းခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူ့အဖို့ ၄င်းတို့ကို ဆက်လက်ပြီး မှတ်တမ်းတင်ရန် မဖြစ်နိုင်တော့ပေ။
စူဇန်က သူတို့နှစ်ယောက်ထက် နည်းနည်း ပိုသန်မာ၏။ သူမက ကြယ်အမြုတေထဲ၌ တော်ဝင်ကျင့်စဥ်နှစ်မျိုး ရှိသည်။
တစ်မျိုးက ကိုယ်ဖော့သိုင်း ဖြစ်သည်။ သို့သော် ကံဆိုးသည်မှာ သူက နတ်ဘုရားအာရုံစူးစိုက်ခြင်းနှင့် နီးစပ်သည်။ ထို့ကြောင့် မှတ်တမ်းတင်၍ မရချေ။
ကံကောင်းသည်က စူဇန်၏ နောက်ထပ် တော်ဝင်ကျင့်စဥ်က တော်ဝင်ဓါးသိုင်း ဖြစ်သည်။ တော်ဝင်ကျင့်စဥ်နှင့် တော်ဝင်ဓါးသိုင်းက ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးသိုင်းနှင့် မတူညီသည့် ဓါးသိုင်းတစ်မျိုး ဖြစ်သည်။ ထို့ကြောင့် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ထဲ၌ တိုက်ရိုက် မှတ်တမ်းတင်ထားနိုင်သည်။
ဤနည်းဖြင့် တစ်ချိန်တည်းတွင် သူ့၌ ဓါးသိုင်းနှစ်မျိုး ရှိတော့သည်။
သူ စိတ်ပျက်စရာ မရှိတော့ပေ။
အစက တော်ဝင်ကျင့်စဥ်နှင့် သာမန်ကျင့်စဥ်များက တူညီပေ၏။ သူတို့နှစ်ခုလုံးက တိကျသည့် ဘောင်နှင့် အုတ်မြစ် ရှိကြသည်။ ကွဲပြားခြားနားသည့် ကျင့်စဥ်များသာလျှင် အတူတကွ ပေါင်းစည်းနိုင်ပြီး ခွန်အားကို မြှင့်တင်ပေးနိုင်တာ ဖြစ်ကာ တစ်ခု အားနည်းချက်ကို တစ်ခု ဖြည့်ဆည်းပေးနိုင်၏။
ယဲ့ရှောင်အဖို့ ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲ သုံးကောင်ထဲ၌ တော်ဝင်အဆင့် ဓါးသိုင်းတစ်မျိုး ရလိုက်ခြင်းက အလွန်အကျိုးရှိနေပြီ ဖြစ်သည်။
အနည်းဆုံးတော့ စာကြည့်တိုက်ထဲတွင် စာဖတ်ပြီး အခြေခံ ကျင့်စဥ်များကို ရှာနေတာထက်တော့ ပိုကောင်းသည်။
ကြယ်တာသားရဲအချို့၏ ကြယ်အမြုတေကို စစ်ဆေးပြီးနောက် ကျန်သည်က သူတို့ကို မွေးမြူရေး နေရာသို့ ပို့ရန် ဖြစ်သည်။
မော့ယွီက နွားတစ်ကောင် ဖြစ်သည်။ နွားတစ်ကောင်က နို့ထုတ်နိုင်၏။ နောင်ကြ သောက်ရန် နို့ရလာလိမ့်မည်။
ထို့အပြင် သူမ၏ ကိုယ်ပိုင် သွေးမျိုးဆက်က ကုသခြင်း၌ ကောင်းမွန်ကာ နို့က ကုသနိုင်သော ဂုဏ်သတ္တိနှင့် ပါဝင်ပစ္စည်းအချို့ ရလိမ့်မည်။ သောက်သုံးပြီးနောက် ခန္ဓာကိုယ်အတွက်အကျိုးအမြတ် ရှိစေမှာ သေချာသည်။ လူတစ်ယောက်၏ ကျင့်စဥ်ကိုတောင် ခွန်အား ဖြည့်ပေးနိုင်လောက်သည်။
သူ့ကို သိမ်းထားရမည်။ သံမဏိနွားရိုင်းကမူ အသုံးမဝင်ပေ။
၄င်း၏ ပင်မခန္ဓာက ဦးချိုတစ်ချောင်း
ဖြင့် ဖြစ်သည်။ သူ၏ အခွံက မာကျောပြီး အင်မတန် သန်မာ၏။ အသားက စား၍မရတာ သေချာသည်။ ယဲ့ရှောင်က သူ့ပါးစပ်နား ထည့်နိုင်မှာ မဟုတ်ပေ။ သို့သော်ငြား ၄င်း၌ ကိုယ်ပိုင် အသုံးဝင်မှု ရှိ၏။ အကြောင်းမှာ အခွံက အလွန်မာသောကြောင့် ဖြစ်သည်။ နှစ်ပေါင်းများစွာ လေ့ကျင့်ထားမှုဖြင့် ၄င်း၏ အခွံကို ပြီးပြည့်စုံသည့်အနေအထားထိ သန့်စင်ခဲ့ပြီးတာ ဖြစ်သည်။ လိပ်ခွံနှင့် ယှဥ်လျှင် ယင်းက ပိုတောင် မာကျောသည်။
ယဲ့ရှောင်သည် ထိုကဲ့သို့ မာကျောသည့် အခွံကို မဖြုန်းတီးချင်ပေ။
အချိန်တိုင်း၌ သူက အခွံကို ခွာပြီး သံချပ်ကာအဖြစ် အခွံကို သန့်စင်လိုက်သည်။
ပြီးနောက် လက်ရှိ သံချပ်ကာကို ခွန်အားမြှင့်တင်ရန် ၄င်း၏ အခွံကို အသုံးပြုနိုင်၏။
၄င်း၏ အခွံက မသန့်စင်ခင်က လျိုချန်စွင်းကဲ့သို့ ဓါးသူတော်စင်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပြီးသား ဖြစ်သည်။ သူက ၄င်းကို သန့်စင်ပြီး ၄င်းထဲက ဒြပ်စင်များကို ထုတ်ကာ သူ၏ သံချပ်ကာထဲ ထည့်လိုက်ပြီဆိုလျှင် သူ၏ သံချပ်ကာက ခွန်အား ပိုမြင့်သွားမည်။
ထိုကဲ့သို့ ကောင်းမွန်သည့် ကြယ်တာရာသားရဲကို သေချာပေါက် သိမ်းထားမည်။
ကျန်ရှိသည်က စူဇန်ဖြစ်သည်။ စူဇန်က ယဲ့ရှောင်ကို အံ့အားအသင့်စေဆုံး ဖြစ်သည်။
သူမက ပျားတစ်ကောင် ဖြစ်သည်။ သူမက တော်ဝင်ဓါးသိုင်းကဲ့သို့ တော်ဝင်ဓါးကျင့်စဥ်တစ်မျိုးကို ပံ့ပိုးပေးခဲ့ရုံသာမက တစ်ချိန်တည်းတွင် သူ့ကို ပျားရည်လည်း ထောက်ပံ့ပေး၏။
ယင်းက ကြယ်တာရာသားရဲတစ်ကောင်၏ အသားထက် ပိုကောင်းသည်။ ယင်း၌ သွေးအဆီအနစ် ဝိညာဥ်စွမ်းအားနှင့် အရသာကလည်း အလွန်ကောင်းမွန်သည်။
သူမနှင့် မော့ယွီကို ရရှိပြီးနောက် ယဲ့ရှောင်သည် သူသည် အသားစိမ်းကိုစား၊ သွေးသောက်ရသည့် ခေတ်ကာလကနေ လက်ရှိခေတ်သို့ ရောက်သွားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ကြယ်တာရာသားရဲများ၏ အသားကို နေ့စဥ်နေ့တိုင်း စားခြင်းဖြင့် စားစရာ မည်မျှ အရသာရှိစေကာမူ သူသည် မွှေးနေသေးသည်။ သို့သော်ငြား နို့နှင့် ပျားရည်ပေါင်းစည်းမှုတို့ဖြင့် သူသည် နေ့စဥ်နေ့တိုင်း အရသာရှိသည့် ဟင်းလျာများ ပြုလုပ်နိုင်ပြီးဖြစ်ကာ အရသာမျိုးစုံ ပြောင်းလဲနိုင်သည်။
ချိတ်ပိတ်မှုအောက်၌ နော့ဖစ်နှင့် ကျန်သည့် ကြယ်တာရာသားရဲများက အချိန်ကုန် သက်သာစေရန် ဂိမ်းတချို့ ဆော့နေသည်။
” ဒီနေ့ရက်တွေက တကယ် ပျင်းဖို့ကောင်းလွန်းတယ်။ ဘယ်အချိန်ကြမှ အဆုံးသတ်မလဲဆိုတာ သိချင်မိတယ် ”
” ရွေးချယ်စရာ မရှိဘူးလေ။ ငါတို့ကို အရမ်းအားနည်းနေဖို့ ဘယ်သူက ပြောလဲ။ ငါတို့တွေက အဲ့ဒီနှာဘူး ယဲ့ရှောင်ကိုတောင် အနိုင်မယူနိုင်ဘူး ”
” သည်းခံ။ ငါတို့ ကြယ်တာရာသားရဲတွေအဖို့ နှစ်ပေါင်း၂၅၀၀ဆိုတာ ခဏလေးပဲ ”
” အခုကလာပြီး လာမဲ့ လေးနှစ်အတွင်း သားရဲကပ်ဘေးတွေထဲမှာ ငါတို့ တည်ရှိမှုကို ရှာတွေ့တဲ့ သိုင်းပညာရှင်တွေ ပေါ်လာပြီ။ ငါတို့ကို ကယ်ဖို့ မျှော်လင့်မိတယ် ”
သူ ပြောပြီးစဥ် ရင်းနှီးနေသော အရှိန်အဝါက ရုတ်တရက် ဝင်လာ၏။
ကြယ်တာရာသားရဲ ၇ကောင်၏ အမူအယာက ချက်ချင်း ပြောင်းလဲသွားသည်။
” ဖ။ သူ ဒီကို ထပ်ရောက်လာပြန်ပြီ ”
” ပြီးသွားပြီ။ သူပြောတော့ သူကိုယ်တိုင် မလာဘူးဆို …။ အဲ့ဒီ ဟို အထိန်းတော်ကြောင်ပဲ လွှတ်တာလေ ”
” သူ ဒီရောက်လာပြီဆိုတော့ ကောင်းမှာ မဟုတ်ဘူး ”
” သေစမ်း။ သူ အဆင့်တက်သွားတာများလား။ သူက ငါတို့ကို ဆေးလုံးအဖြစ် သန့်စင်ချင်နေတာမလား။ ဟုတ်တယ်မလား ”
” ဒါက ကြောက်စရာအကောင်းဆုံး မဟုတ်ဘူး။ ကြောက်စရာအကောင်းဆုံးက သူ့ ကျင့်ကြံဆင့်မှာ ကူညီဖို့အတွက် ငါတို့တွေထဲက တစ်ယောက်ကို လိုချင်တယ်ဆို ဘယ်လိုလုပ်မလဲ ”
အားလုံးက ရုတ်တရက် တုန်ယင်ကုန်ကြပြီး နံရံကို အလိုလို မှီကာ နေရာအချို့ကို ကာကွယ်ချင်သွားသည်။
နောက်တစ်စက္ကန့်တွင် ယဲ့ရှောင်၏ ပုံရိပ်က သူတို့ မျက်စိရှေ့၌ ပေါ်လာတော့သည်။ ကြယ်တာရာသားရဲ အားလုံးက အင်မတန် ကြောက်ရွံ့နေကာ နံရံထဲ တိုးဝင်နေကြ၏။ သူတို့က ယဲ့ရှောင်ကို အပိုင်းတစ်ထောင် ပိုင်းဖြတ်ပြီး သူ့ကို အရှင်လတ်လတ် ဝါးမြိုချင်သော်ငြား ယခုအချိန်တွင်မူ ရွေးချယ်စရာ မရှိပဲ သတ္တိကြောင်စွာ ပြုမူနေကြရတော့သည်။

အပိုင်း ၁၉၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset