Switch Mode

Chapter – 191

အပတ်တကုတ် ကြိုးစား ရှင်သန်ခြင်း

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၉၁ အပတ်တကုတ် ကြိုးစားရှင်သန်ခြင်း။

” ကောင်းပြီ။ အခုချက်ချင်း အစီအရင်ကိုဖွင့်လိုက်မယ် ”
မော့ယွီက ဘီးတစ်ခုကို ပစ်ထုတ်လိုက်ပြီး ၄င်းကို ဝိညာဥ်စွမ်းအင်ဖြင့် ပေါင်းစည်းလိုက်သည်။ နောက်တစ်စက္ကန့်တွင် ဘီးက ကောင်းကင်ထဲ၌ ရွှေရောင်အလင်း စက်ဝိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။
အလင်းစက်ဝိုင်းက မည်သည့်နေရာကို ဦးတည်နေမှန်း မသိပေ။ သို့သော် အချို့သော တုန်လှုပ်ဖွယ် ဟိန်းသံများကို အလင်းစက်ဝိုင်း၏ နောက်မှ ဝေဝါးဝါး ကြားရသည်။ စိတ်ပျက်အားငယ်မှုသာလျှင် ချင်ယွိယန်၏ မျက်နှာထက်၌ ကျန်ရစ်ခဲ့၏။
သူမသည် ပို့ဆောင်ရေး အစီအရင်ကို တစ်ခါမှ မတွေ့ခဲ့ဖူးသော်ငြား ၄င်း၏ အစွမ်းထက်ပုံကို ကြားခဲ့ဖူးသည်။
ယင်းက လေဟာနယ်နှင့် အချိန်၏ နိယာမကို ထိန်းချုပ်နိုင်သည့် စွမ်းအားဖြစ်ပြီး စစ်သည်တော်တစ်ယောက်ကို ကျယ်ဝန်းလှသည့် အကွာအဝေးအတွင်း ချက်ချင်း ရွှေ့ပြောင်းပေးနိုင်ပေ၏။
နိုင်ငံတိုင်း၌ ပ်ို့ဆောင်ရေး အစီအရင်တစ်ခု နှစ်ခုသာ ရှိသည်။
စီရင်စု၉ခု၌ အများဆုံးရှိသည့်တိုင် နှစ်ခုထက် မပိုပေ။
ထိုကဲ့သို့ အစီအရင်မျိုးက အာကာသစစ်မြေပြင်ပေါ်သို့ စစ်ကူထိုးရန်အတွက် စစ်သည်တော်အရေအတွက်များစွာကို ပို့သည့်အချိန်မှလွှဲ၍ ကျန်သည့်အချိန်၌ သုံးလေ့မရှိပေ။
၄င်း မည်မျှ အဖိုးတန်ပြီး မည်မျှ စွမ်းအားကြီးကြောင်း မှန်းဆနိုင်ပေ၏။
သူမက ထိုပို့ဆောင်ရေး အစီအရင်ကို ဖြတ်သန်းသွားခဲ့လျှင် လူ့လောကသို့ ဘယ်တော့မှ ပြန်မလာနိုင်တော့ရန် ၉၉ရာခိုင်နှုန်းချေ အခွင့်အရေး ရှိသည်။
ထိုကြယ်တာရာသားရဲများ ပြောပုံအရ သူတို့က သူမကို အသန်မာဆုံး သားရဲမျိုးနွယ် သိုင်းပညာရှင်ဆီသို့ သူမကို ပူဇော်ကြမှာပဲ ဖြစ်သည်။ တစ်ဖက်သူအား သူမ၏ ဧကရာဇ်သွေးမျိုးဆက်ကို အမှန်တကယ် ဝါးမြိုခွင့် ပေးခဲ့လျှင် သူတို့က အနိုင်ယူ၍မရသော ကြယ်တာရာသားရဲ သိုင်းပညာရှင်တစ်ဦးကို ဖန်တီးနိုင်လောက်သည်။
ယင်းက လူသားမျိုးနွယ်စုအတွက် ကပ်ဘေးတစ်ခုဖြစ်မှာ သေချာသည်။
ထိုအတိုင်း ဖြစ်ခွင့်မပေးနိုင်ချေ။
လုံးဝ မရပေ။
သူမက ယခုအချိန်တွင် အားနည်းပြီး ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေသော်ငြား စီရင်စု၉ခုနှင့် လူသားမျိုးနွယ်အတွက် တစ်စုံတစ်ခု လုပ်နိုင်စွမ်း ရှိသေးသည်။
ကြယ်တာရာသားရဲနှစ်ကောင်က ပို့ဆောင်ရေး အစီအရင်ကို ဖွင့်လှစ်နေပြီး သူမကို သတိမထားတာကို အခွင့်ကောင်းယူပြီး ချင်ယွိယန်က ဝိညာဥ်စွမ်းအင်ကို ရုတ်တရက် ထုတ်ဖော်ကာ လက်ဖဝါးထဲ သိပ်သည်းလိုက်၏။ ပြီးနောက် ဓါးတစ်လက်အသွင်ပြောင်းကာ သူမ၏ နှလုံးကို ထိုးဖောက်လိုက်တော့သည်။
ဖူး။
သူမကို သယ်ဆောင်လာသည့် စူဇန်ဟူသော ကြယ်တာရာသားရဲက အဖြစ်အပျက်ကိုသဘောပေါက်သွားပြီး အမူအယာက ရုတ်ချည်းပြောင်းသွား၏။
” ခွေးမ။ နင် တကယ်သေချင်နေတာပဲ ”
သူမက ချင်ယွိယန်၏ လက်ကို အမြန်ဆုံး ဆွဲထုတ်လိုက်သည်။
” မော့ယွီ။ ကုသခြင်းကျင့်စဥ်ကို မြန်မြန်သုံး။ ငါတို့တွေ ဒီလူသား မိန်းကလေးကို သေခွင့်မပေးမှ ရမယ်။ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာရဲ့ ကောင်းချီးပေးမှု မရှိပဲ သေဆုံးပြီးတဲ့ ဧကရာဇ်ရဲ့ သွေးစက်က အသုံးမဝင်တော့ဘူး ”
မော့ယွီက ချက်ချင်း နောက်ဆုတ်လာပြီး ချင်ယွိယန်ကို ကုသခြင်းကျင့်စဥ်သုံးပြီး ကုသပေးရန် ပြင်ဆင်လိုက်၏။
ထိုစဥ် သူမ၏ အကြည့်က အောက်ကနေ လျင်မြန်စွာ တက်လာနေသော အလင်းတန်းဆီသို့ ရုတ်တရက် ရောက်သွားလေသည်။ သူမ ကြက်သီးမွေးညင်းများ ထကုန်၏။
” ဘာအရှိန်လဲ။ လူသားသိုင်းပညာရှင်တစ်ယောက်က လိုက်မှီလာပြီ ”
စူဇန်၏ အမူအယာက အေးစက်သွားသည်။
” သံမဏိနွားရိုင်း ကျရှုံးသွားတာလား။ လူသားမျိုးနွယ်က အတော်လေး ခေါင်းမာတာပဲ။ ဒါပေမဲ့ သူ လာတယ်ဆိုရင်တောင် သေရဦးမှာပဲ ”
သူမက ချင်ယွိယန်ကို မော့ယွီထံ ပစ်ပေးကာ ကုသခိုင်းလိုက်ပြီးနောက် သူမက ကျင့်စဥ်ကို ထုတ်ဖော်ရန် ခွန်အားအကုန် အသုံးပြုလိုက်သည်။
ဓါးအလင်းသိန်းချီက သူမနားတစ်ဝိုက် ချက်ချင်း ဖွဲ့တည်လာပြီး ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေ၏။
” တော်ဝင်ဓါးသိုင်း။ သတ်ဖြတ်စမ်း ”
အမိန့်တစ်ချက်ဖြင့် သူမနောက်ရှိ ဓါးအလင်းထောင်ချီက တစ်ပြိုင်နက်တည်း ဆင်းသက်လာသည်။ တားမြစ်၍မရသော အဟုန်ဖြင့် ယဲ့ရှောင်ဆီသို့ တစ်ဟုန်ထိုး ဝင်ရောက်တိုက်ခိုက်တော့၏။
ယဲ့ရှောင်က စိတ်မလှုပ်ရှားသွားပေ။ အတွေးတစ်ချက်ဖြင့် သူက ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးကို လည်ပတ်လိုက်ပြီး ပေတစ်သိန်းခန့်ရှည်သော ဓါးအလင်းကြီးတစ်ခုထဲ ကောင်းကင်ထဲတန်းတန်းမတ်မတ် ကျရောက်လာ၏။ ချက်ချင်းပင် တော်ဝင်ဓါးသိုင်းနှင့် တိုက်မိသွား၏။
ဖုန်း ဖုန်း ဖုန်း။
ကောင်းကင်ထဲ၌ ပေါက်ကွဲမှုမှ မီးလျှံများ ပြည့်နေပြီး အမှောင်ထုထဲရှိ ကောင်းကင်ကို ပိုတောင် တောက်ပသွားစေ၏။ ပေါက်ကွဲမှုကနေ မီးလျှံများက မီးခိုးများ၊ ဖုန်မှုန့်များနှင့် ရောကုန်၏။ လျှပ်စီးများက ရံဖန်ရံခါ ပေါ်လာလေတော့သည်။ ပေတစ်သောင်းခန့်ရှည်သည့် ကြီးမားသည့် မိုးကြိုးတိမ်တိုက်တစ်ခုကို ဖန်တီးနေပုံပေါ်သည်။
စူဇန်၏ တော်ဝင်ဓါးသိုင်းအတွက်မူ ၄င်းက မပြိုလဲသွားသေးပေ။ ယဲ့ရှောင် ရှေ့တိုးနေသရွေ့ သူက ဓါးအလင်းနှင့် သေချာပေါက် တိုက်မိမှာ သေချာသည်။ သူ မသေလျှင်တောင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလောက်သေး၏။
စူဇန်က သူမ၏ ခွန်အားကို ဂုဏ်ယူဝင့်ကြွားနေသည့်ပမာ သူမ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားတော့သည်။
သို့သော်ငြား သူမ ပြောရန် အချိန်မရသေးခင် သူမ အသင်းဖော် မော့ယွီထံမှ အသံကို ကြားလိုက်ရ၏။
” စူဇန် မင်းနောက်မှာ ”
စူဇန်၏ ခန္ဓာကိုယ်ပေါ်ရှိ မွေးညင်းများ ထောင်ထကုန်၏။ ထိုလူ သူ့နောက်သို့ မည်သည့်အချိန်က ရောက်နေသနည်း။
သူမ၏ ကိုယ်ဖော့သိုင်းက လုံလောက်အောင် အစွမ်းထက်ပြီး ဖြစ်သည်။ ကျားနတ်ဘုရားအောက် သိုင်းပညာရှင်များကြားထဲ၌ သူမ အဆင့်က ထိပ်ပိုင်းရောက်ရန် လုံလောက်သည်။ သူမနှင့် ယှဥ်ပြိုင်နိုင်သည့်သူက အနည်းစုသာ ရှိ၏။
ယခု သူမသည် လူသားမျိုးနွယ်စုထဲ၌ သူမကို ချက်ချင်း ဖိနှိပ့်နိုင်သော ပုဂ္ဂိုလ်တစ်ဦးနှင့် အမှန်တကယ် တွေ့နေသည်လော။ သူမ ၄င်းကို မယုံနိုင်ပေ။
သို့သော်ငြား သူမက အနည်းငယ်လေးတောင် မနှောင့်နှေးခဲ့ချေ။ သူမ ခန္ဓာကိုယ်တွင် ခွန်အားအားလုံးကို ချက်ချင်း စုစည်းလိုက်ပြီးနောက် ကိုယ်ဖော့သိုင်းကို သုံးပြီး ယဲ့ရှောင်၏ တိုက်ကွက်ကို ရှောင်ရန် နေရာကနေ ထွက်ပြေးလိုက်၏။
သို့သော်ငြား သူမက လှုပ်ရှားတော့မည့်အချိန် အင်မတန် သန်မာပြီး သိပ်သည်းသော ဖိအားက သူမ ရင်ဘက်ကို ချက်ချင်း ဖိချေလိုက်၏။
စူဇန်က သူမ ရင်ဘက်ထဲကနေ သွေးများ စင်ထွက်လာတာကိုတောင် မြင်လိုက်ရပြီး လေထဲ ပန်းပွင့်တစ်ပွင့်ပမာ လွှင့်စင်သွား၏။
အနန္တကပ်ဘေးလက်ချောင်း။ ထိုအကွက်က ဖျက်ဆီး၍မရလောက်အောင်ပင် ဖြစ်သည်။
ယင်းက ချက်ချင်း ပေါက်ကွဲသွားစေနိုင်သော သိပ်သည်းမှု မြင့်မားသည့် ဝိညာဥ်စွမ်းအင်ပါရှိ
သည်။ ၄င်း၏ အရှိန်က မြန်ဆန်လွန်းပြီး သူ၏ ကြမ်းတမ်းမှုက ပြိုင်ဘက်ကင်းသည်။
ယဲ့ရှောင်၏ ကျန်သည့် အကွက်များနှင့် ယှဥ်လျှင် ယင်းက စက်သေနတ်ဖြင့် တူနေပေ၏။ နီးကပ်သည့် အကျယ်အဝန်းအတွင်း အဆင့်တူတွင် မည်သူကမှ ၄င်းကို မရှောင်နိုင်ချေ။
အနန္တကပ်ဘေးလက်ချောင်း ပေါ်ထွက်လာသည်နှင့် စူဇန်၏ ခန္ဓာကိုယ်က နေရာမှာတွင် ထိုးဖောက်ခံလိုက်ရသည်။ သူမ ကျောရိုးတောင် ထိုးဖောက်ခံလိုက်ရပြီး ခုခံနိုင်စွမ်း မရှိတော့ချေ။
သို့သော်ငြား ယဲ့ရှောင်သည် အနန္တကပ်ဘေးလက်ချောင်းကို ပထမဆုံးအကြိမ် အသုံးပြုသည်ဖြစ်သောကြောင့် အနည်းငယ် စွဲလန်းနေ၏။ သူက နောက်ထပ် လက်ချောင်းခြောက်ချောင်း ထပ်ထည့်လိုက်သည်။
အမျိုးသားတစ်ယောက်သည် သေသည်အထိ လူငယ်တစ်ယောက် ဖြစ်နေမှာပင်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း ဘန်း။
လက်ချောင်းနှစ်ချောင်းက သူမ ပခုံးကို ချိုးလိုက်ကာ လက်ချောင်းနှစ်ချောင်းက သူမ ခြေထောက်ကို ချိုးလိုက်ပြီး လက်ချောင်းတစ်ချောင်းက သူမကို ဇာတ်ချိုးပြီး နောက်ဆုံးလက်ချောင်းကမူ သူမ ခေါင်းကို ထိုးဖောက်သွား၏။
လက်ချောင်းခြောက်ချောင်းပြီးနောက် စူဇန်၏ တစ်ကိုယ်လုံး ကျိုးပဲ့ကုန်သည်။
ဖြစ်စဥ်တစ်ခုလုံးက တစ်စက္ကန့် မပြည့်လိုက်ပေ။
ရုတ်ချည်းသတ်ဖြတ်ခြင်း။
ပြီးပြည့်စုံပြီး အမေးထုတ်ဖွယ် မရှိသော ရုတ်ချည်းသတ်ဖြတ်မှုတစ်ခု ဖြစ်သည်။
ယဲ့ရှောင်သည် သူမကို သိုလှောင်လက်စွပ်ထဲ တိုက်ရိုက်ပစ်ထည့်ကာ နောက်ဆုံး ကျန်ရှိသည့်သူ မော့ယွီဆီကို ကြည့်လိုက်၏။
မော့ယွီက တုန်ယင်သွားကာ လှည့်ပြေးတော့သည်။
ဒါက ကြောက်ဖို့ကောင်းလိုက်တာ။ ဒီလူသားရဲ့ ခွန်အားက မှန်းဆနိုင်တာထက် ကျော်လွန်တယ်။ သူ့ရဲ့ ကောင်းကင်ကို ဖီဆန်နိုင်မှုက တုန်ယင်စေတယ်။
သူ့အဖို့ ထိုလူကို အနိုင်ယူဖို့က မဖြစ်နိုင်ပေ။ မျှော်လင့်ချက်တောင် မရှိပေ။ သို့သော်ငြား ထွက်ပြေးရန် မျှော်လင့်ချက် ရှိသေး၏။
ပို့ဆောင်ရေးအစီအရင်။
သူက ပို့ဆောင်ရေး အစီအရင်ဆီသို့ ထွက်ပြေးနိုင်သရွေ့ ဘေးကင်းသွားပေလိမ့်မည်။
တစ်ဖက်သူ၏ အရှိန်က လုံလောက်အောင် မြန်ဆန်နေသော်ငြား သူမက ပို့ဆောင်ရေး အစီအရင်နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။
တစ်ခဏအတွင်း ပို့ဆောင်ရေး အစီအရင်ရှေ့သို့ ချက်ချင်း ရောက်သွား၏။ ဒါပဲ သူမ လွှတ်မြောက်တော့မယ်။
သူက စိတ်လှုပ်ရှားလွန်းသောကြောင့် ငိုချင်လာသည်။
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင်အနေဖြင့် မရေမတွက်နိုင်သည့် လူသားများနှင့် ကြယ်တာရာသားရဲများစွာကို နှစ်ပေါင်းများစွာ သတ်ဖြတ်ခဲ့၏။ သူမ၏ လက်ထဲတွင် သွေးများ စွန်းထင်းနေပြီးသား ဖြစ်သည်။
သို့သော်ငြား ယနေ့မှသာ သူမ အပေါ် သေခြင်းတရား၏ ခြိမ်းခြောက်မှု ကျရောက်လာသောအခါ အသက်ရှင်ရခြင်းက မည်မျှ အံ့သြဖွယ်ကောင်းကြောင်း သဘောပေါက်သွားတော့သည်။
သို့သော်ငြား ထိုစဥ် ရွှေရောင်ဓါးမော့အလင်းက လေထဲ လျှပ်ပွင့်များကို ဖြစ်စေပြီး သူမ၏ ခါးကို ဟင်းရွက်လှီးဓါးပမာ ပိုင်းဖြတ်လိုက်ပြီး နှစ်ခြမ်း ခြမ်းလိုက်တော့၏။
မော့ယွီ၏ သူငယ်အိမ်တို့ ရုတ်တရက် ကြီးလာကာ သူမ ရင်ထဲ၌ ပြည့်ကြပ်လာသော သေခြင်းတရား ခံစားချက်ကြောင့် အသက်ရှူကြပ်လာ၏။
သူ သေတော့မှာလား။
လူ့လောကထဲမှာ သေတော့မှာလား။
မဟုတ်ဘူး။ သူ မသေနိုင်ဘူး။
ရှန်းထျန်း အဌမအဆင့်ရောက်အောင် ကျင့်ကြံဖို့က လွယ်တာမှ မဟုတ်တာ။ ခဲရာခဲဆစ်ကြိုးစားပြီး တစ်လှမ်းချင်း တက်လာခဲ့ရတာ။ ဒီနေရာက သေသွားရမယ်ဆိုရင် ဒါ သူမ သေချာပေါက် ဆန္ဒရှိတဲ့ အရာမဟုတ်ဘူး။
နောက်ဆုံးသော ခွန်အားကို သုံးပြီး ယဲ့ရှောင်၏ ဓါးမော့ရောင်ခြည်မှ သက်ရောက်မှုကို ငှားယူလျက် သူမသည် တတ်စွမ်းသမျှ ခွန်အားဖြင့် ပို့ဆောင်ရေး အစီအရင်နဲ့ ပျံသန်းသွားလေ၏။
အောင်မြင်သွားချေပြီ။
သူမသည် နောက်ဆုံးတော့ ပို့ဆောင်ရေး အစီအရင်ထဲ ဝင်နိုင်ခဲ့သည်။ ဤနည်းဖြင့် အစီအရင်က လျင်မြန်စွာ ပိတ်သွားလိမ့်မည်။ လူသားမျိုးနွယ်က ခွင့်ပြုချက်မရပဲ မလာရဲချေ။ ထို့အပြင် စက္ကန့်ပိုင်းအတွင်း သူမက ကြယ်ဆုံသော ကောင်းကင် ကြယ်တာရာသားရဲမျိုးနွယ်၏ စခန်းဆီသို့ ပျံသွားနိုင်တော့မည် ဖြစ်သည်။
သူမက ကြယ်တာရာသားရဲစခန်းရှိ မြက်ပင်များ၏ မွှေးရနံ့ကို အောက်မေ့လာပုံပေါ်သည်။
သူမက လူသားမျိုးနွယ်၏ နှိုးထခါစ ဧကရာဇ်၏ သွေးမျိုးဆက်ကိုလည်း သယ်ဆောင်လာ၏။ သူမသာ အရှင်ကျားနတ်ဘုရားဘေးသို့ ပြန်သွားနိုင်မည်ဆိုလျှင် သူက သူမ၏ ခန္ဓာကိုယ်ကို သေချာပေါက် ပြန်ပြင်ပေးလိမ့်မည်။ သူမကို သူတောင် ချီးမြှင့်နိုင်လောက်၏။
သူမ သေမင်းခံတွင်းဝကနေ လွှတ်မြောက်လာခါစ ဖြစ်သည်။ ထိုစဥ် သူမ၏ နောက်ထပ်အကျိုးဆောင်မှုကို စတင်စိတ်ကူးယဥ်မိပြီ ဖြစ်၏။ ငရဲကနေ ကောင်းကင်သို့ တန်းတက်သွားသော ပျော်ရွှင်မှုက သူမရင်ထဲ ရုတ်တရက် ပေါ်ပေါက်လာ၏။ သို့သော်ငြား ထိုစဥ် မထင်မှတ်ထားသည့်အရာ ဖြစ်လေ၏။
ရုတ်တရက် သူမ နောက်ကနေ ပေါက်ကွဲသံကြီးတစ်သံ ပေါ်လာသည်။
ဖုန်း။
ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် သန်မာသည့် လှိုင်းတစ်ခု ပေါ်လေ၏။
လေပြင်းများက သူမ၏ ဆံနွယ်များကို တိုက်ခိုက်နေပြီး သူမက မင်သက်စွာ လှည့်ကြည့်လိုက်မိသည်။
သူငယ်အိမ်တို့ ရုတ်တရက် ကြီးမားလာကာ မျက်ဝန်းများ ပြူးကျယ်လာကာ မျက်လုံးက ပြူးထွက်လာ၏။
သူ ဘာမြင်လိုက်တာလဲ။
ထိုလူက နဂါးပုံသဏ္ဍန် လက်နက်တစ်ခုကို ကိုင်ဆောင်ထား၏။ ယင်းက ဓါးမော့လား ဓါးလား မသိပေ။ သို့သော် တစ်ချက်ပြီးတစ်ချက် ပိုင်းဖြတ်ကာ ပိတ်တော့မည် ဖြစ်သည့် ပို့ဆောင်ရေး အစီအရင်ရဲ့ ဝင်ပေါက်ကို ဗရမ်းဗတာ ဖျက်ဆီးနေလေ၏။ ခဏအတွင်း၌ ယင်းက ယခင်ကကဲ့သို့ ပိတ်ရန် ရုန်းကန်နေရသည်။
ဒီလူ ရူးနေတာလား။
သေစမ်း။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် သူ့ရဲ့ အရှိန်နဲ့ သူမကို သေချာပေါက် လိုက်မှီလာမှာပဲ။
မရဘူး။ ငါ ဒီဧကရာဇ်ရဲ့ သွေးမျိုးဆက်ကို ထပ်ပြီး မသယ်ထားနိုင်တော့ဘူး။
ဒီလိုဆိုရင် ငါ သေမှာ။
မော့ယွီက မနှောင့်နှေးရဲတော့ပဲ သတိလစ်နေသော ချင်ယွိယန်ကို ယဲ့ရှောင်ဆီ ချက်ချင်း ပစ်ထုတ်ပေးလိုက်သည်။
သို့သော် ယဲ့ရှောင်က ချင်ယွိယန်ကို ဖမ်းပြီးနောက် သူသည် ပို့ဆောင်ရေး အစီအရင်ထဲကနေ ချက်ချင်း မထွက်သွားပေ။ ထိုအစား သူ့ဆီ ဆက်ပြေးသွားလိုက်၏။ ယခုအချိန်တွင် မော့ယွီက အံ့သြဆွံ့အသွားတော့သည်။ ဘာတွေဖြစ်နေတာလဲ။
ငါက နင်တို့ ဧကရာဇ်သွေးမျိုးဆက် လူသားကို ပြန်လွှတ်ပေးပြီးပြီလေ။ ဘာကြောင့် ငါ့နောက် လိုက်နေသေးတာလဲ။
ယဲ့ရှောင်၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော သေခြင်းတရား၏ ဖိနှိပ့်မှုကို ခံစားမိပြီး မော့ယွီက ကြောက်လန့်သွားသည်။
” အရှင်ကျားနတ်ဘုရား ကယ်ပါဦး ”
သူမက စူးရှစွာ အော်လိုက်၏။ နောက်တစ်စက္ကန့်၌ သူမ၏ ရင်ဘက်ကို ယဲ့ရှောင်က ထိုးဖောက်သွားကာ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအား အလုံးစုံ ဖိနှိပ့်ခံလိုက်ရသည်။ ပြီးနောက် သူက ၄င်းကို သူ၏ သိုလှောင်လက်စွပ်ထဲ ပစ်ထည့်လိုက်သည်။
ပြီးသွားပြီ။ သူမ အဆုံးသတ်သွားချေပြီ။
နောက်ဆုံးအခိုက်အတန့်၌ သူမ သတိလစ်သွားချိန် စိတ်ပျက်အားငယ်မှုကြောင့် မျက်ရည်များ ကျလာတော့၏။
သူ ဒီကို ဘာကြောင့် ဘာကြောင့် ရောက်လာတာလဲ။ အစတည်းက သူမ ဘာကြောင့် နည်းနည်းစောစော ထွက်မသွားမိတာလဲ။ စက္ကန့် တစ်စက္ကန့်လောက် စောထွက်သွားခဲ့မယ်ဆိုရင် သူမ သေရမှာ မဟုတ်ဘူး။
ကံဆိုးသည်မှာ ဤလောက၌ အကယ်၍ဟူသည်က မရှိပေ။ ထားလိုက်တော့။ ဘဝက ဒီအတိုင်း ဖြစ်ဖို့ ဆန္ဒရှိပြီးသားပဲ။
ငါ နောက်ဘဝမှာ ဒီလူသား မကောင်းဆိုးဝါးကို ဘယ်တော့မှ ထပ်မတွေ့ဖို့ ဆုတောင်းတယ်။
ပို့ဆောင်ရေး အစီအရင်အတွင်း၌ ယဲ့ရှောင်သည် နောက်ဆုံး ကြယ်တာရာသားရဲ မော့ယွီကို ဖမ်းပြီး နောက် သူက ချင်ယွိယန်ကို ချက်ချင်း သယ်ကာ ဆုတ်ခွာသွားတော့၏။
အစီအရင်ဝင်ပေါက်က ပိတ်တော့မည်ဖြစ်သောကြောင့် ယဲ့ရှောင်သည် နတ်ဘုရားအာရုံစူးစိုက်ခြင်းကို အမြင့်ဆုံး အရှိန်တင်လိုက်သည်။
ဝင်ပေါက်ပိတ်တော့မည်ကို မြင်သောအခါ ယဲ့ရှောင်က ချင်ယွိယန်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ညာလက်ဖြင့် မဟာနဂါးကို တင်းကြပ်စွာ ကိုင်ထားကာ သုံးကြိမ်ဆက်တိုက် ပိုင်းဖြတ်လိုက်၏။
ဖုန်း ဖုန်း ဖုန်း။
ထိုအစွမ်းထက်သော ဓါးဆန္ဒက ပို့ဆောင်ရေး အစီအရင်၏ ဝင်ပေါက်ကို လျင်မြန်စွာ ပိုင်းဖြတ်သွားပြီး အချိန်ကို နောက်ထပ် စက္ကန့်ဝက် နှောင့်နှေးသွားစေ၏။
နောက်ဆုံးတွင် ပို့ဆောင်ရေး အစီအရင် မပိတ်ခင် ၀.၀၁စက္ကန့်၌ သူသည် ပို့ဆောင်ရေး အစီအရင်တွင် အပြင်ဘက်သို့ ပြန်ထွက်လာ၏။
ယဲ့ရှောင်က သက်ပြင်းချလိုက်သည်။ ကံကောင်းသည်မှာ ကပ်သီးလေး လွှတ်လာ၏။ သို့သော် ထိုစဥ် ကြယ်ဆုံသော ကောင်းကင်က ရုတ်တရက် ရှုံ့တွလာသည်။ ပိတ်သွားပြီဖြစ်သော ပို့ဆောင်ရေး အစီအရင်သည် အမှန်တကယ် ပြန်ပွင့်လာ၏။
ယဲ့ရှောင်၏ သူငယ်အိမ်တို့ ကျုံ့သွားသည်။ ယင်းက ပို့ဆောင်ရေး အစီအရင် ဖွင့်လှစ်သည့် နည်းလမ်းမဟုတ်။ ၄င်းကို ဖွင့်ရန် ခွန်အား သုံးလိုက်တာပဲ ဖြစ်သည်။
မော့ယွီရဲ့ နောက်ဆုံး အော်သံက ကြယ်တာရာသားရဲ သိုင်းပညာရှင်ရဲ့ တိုက်ခိုက်မှုကို သွေးဆောင်မိတာလား။

အပိုင်း ၁၉၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset