စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၉၀ ဒီရေကို ပြောင်းလဲခြင်း။
ပေါက်ကွဲသံကြီးတစ်သံဖြင့် ချီမူက ပစ်ချခံရပြီးနောက် အင်္ဂတေမြေပြင်ပေါ်၌ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားစေသည်။ ဖုန်မှုန့်များနှင့် ကျောက်စကျောက်နများက နေရာအနှံ့ လွှင့်စင်ကုန်၏။
ပြီးနောက် သူက တွင်းထဲကနေ တွားသွားထွက်လာကာ အံ့သြဆွံ့အနေလေ၏။ သူက ကြောင်တိကြောင်အ အမူအယာဖြင့် သူ၏ ရင်ဘက်ကို ထိလိုက်သည်။
ငါ့ရဲ့ ဒဏ်ရာတွေအားလုံး ကုသပျောက်ကင်းသွားပြီလား။ ဘာဖြစ်သွားတာလဲ။ ငါ ကြယ်တာရာသားရဲကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာ မဟုတ်ဘူးလား။
လဲ့ရှင်းလင်က သူ့ဘေးသို့ ပျံသန်းလာပြီး ရှင်းပြလိုက်၏။
” ကျွန်မတို့ကို ကယ်ခဲ့တဲ့သူက ကျန်းဟိုင်မြို့က ဓါးမော့ဓါးဝိဇ္ဇာပဲ ”
ချီမူတောင် ထိတ်လန့်သွားလေ၏။
” သူ့ရဲ့ ကုသခြင်းကျင့်စဥ်ကလည်း ဒီလောက် သန်မာတယ်လား ”
လဲ့ရှင်းလင်က ခေါင်းညိတ်လိုက်သည်။
” ဘုရားရေ ဒီစီနီယာက နည်းနည်းလေး သန်မာလွန်းနေတာ မဟုတ်ဘူးလား။ သူ့ရဲ့ တိုက်ခိုက်ရေး ခွန်အားက အစွမ်းထက်ရုံတင် မကဘူး ကုသခြင်း ကျင့်စဥ်ကလည်း အံ့သြဖို့ကောင်းနေတာ။ သူက ပြိုင်ဘက်ကင်းလုနီးပါးပဲ ”
ချီမူတောင် သက်ပြင်းချမိသွားသည်။
ကုသခြင်းကျင့်စဥ်ဖြင့် သူက အကန့်အသတ်မဲ့
ခံနိုင်ရည် ရှိသည်ဟု ဆိုလိုတာပဲ ဖြစ်သည်။ ထိုစီနီယာက ကျန်သည့်သူများနှင့် ရင်ဆိုင်တိုက်ခိုက်
သည့် တိုက်ပွဲတစ်ပွဲ၌ အနိုင်မယူနိုင်သည့် ပုဂ္ဂိုလ်ဖြစ်နေပေလိမ့်သည်။
ဆိုရလျှင် ဤလောကြီးထဲ၌ တိုက်ပွဲဝင်ခွန်အားနှင့် ကုသခြင်းကျင့်စဥ် နှစ်မျိုးလုံးကို ဤကဲ့သို့ မြင့်မားသည့် အဆင့်ထိရောက်အောင် လေ့ကျင့်နိုင်သည့်သူ မရှိသလောက်ပင်ဖြစ်သည်။
ဤအတိုင်းသာဆိုလျှင် ထိုစီနီယာအတွက် မည်သူကမှ အဆင့်တူတွင် ယှဥ်ပြိုင်နိုင်လောက်မှာ မဟုတ်ပေ။
” အဲ့လိုမဟုတ်ဘူး။ သူက ဒီလို အစွမ်းထက်တဲ့ ကျင့်စဥ်ရှိပေမဲ့ အထောက်အပံ့ပေးဖို့ ဝိညာဥ်စွမ်းအင် တော်တော်များများလည်း လိုသေးတယ်။ သူ့မှာ လုံလောက်တဲ့ ဝိညာဥ်စွမ်းအင်မရှိရင် အချည်းနှီးဖြစ်သွားမှာ ”
” သူက အနီးကပ် တစ်ယောက်ချင်း တိုက်ခိုက်တဲ့ပွဲမှာ လွှမ်းမိုးနိုင်စွမ်းရှိတယ်လို့ ပြောလို့ရတယ်။ သူ့နားမှာ ကြယ်တာရာသားရဲတွေ အများကြီး ဝိုင်းနေရင် ခုခံနိုင်လောက်မှာ မဟုတ်ဘူး ”
” သူက လူသားတစ်ယောက်ပဲလေ။ နတ်ဘုရားတစ်ပါး မဟုတ်ဘူး ”
” ဒါပေမဲ့ ဒါတောင်မှ သူက သိပ်ကို သန်မာလွန်းတယ်။ လူသားမျိုးနွယ်စုအတွက် သူလို သိုင်းပညာရှင်တစ်ယောက်ရှိတာက တကယ်ကောင်းချီးပေးခံရတာပဲ ”
ချီမူတောင် ခေါင်းညိတ်လိုက်ပြီး လဲ့ရှင်းလင်၏ အကဲဖြတ်မှုက အလွန်တိကျပေပြီး ယဲ့ရှောင်က သန်မာသော်ငြား သူ၏ စိတ်ခွန်အားက မလုံလောက်ခဲ့လျှင် ထိုကဲ့သို့ အစွမ်းထက်သော ခွန်အားမျိုးကို သူ၏ ကိုယ်ပိုင်တိုက်ကွက်အဖြစ် ပြီးပြည့်စုံစွာ ထုတ်နိုင်မှာ မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ယင်းက လူသားမျိုးနွယ်မှ ချန်ပီယံတစ်ယောက် ဖြစ်လာခြင်းအား သူ့ကို မတားမြစ်နိုင်ပေ။
အကြောင်းမှာ ကျန်သည့်သူများအဖို့ ထိုမျှ များပြားသည့် ကျင့်စဥ်များကို တစ်ခုချင်းစီ သင်ယူနိုင်ကာ မြင့်မားသည့် ခံနိုင်ရည်ရှိဖို့က မလွယ်ကူသောကြောင့် ဖြစ်သည်။
လျန်ချီမူသည် လွင့်ထွက်သွားပြီး အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲနှစ်ကောင်က လေဟာနယ်ထဲ တက်သွားပြီးနောက် လျိုချန်စွင်းက လှုပ်ရှားတော့၏။
ဓါးသိုင်းက အရှိန်ကို အထူးပြုသည့် သိုင်းလမ်းကြောင်း ဖြစ်သည်။ သူက မြန်ဆန်လွန်းသောကြောင့် ကြယ်ကြွေတစ်စင်းပမာ ရွေ့လျားနေလေ၏။ တစ်နေရာကနေ နောက်တစ်နေရာဆီသို့ ချက်ချင်းနီးပါး ရောက်သွား၏။
ထို့ကြောင့် သူ ပျောက်ကွယ်သွားသည့် တစ်ခဏ၌ လျိုချန်စွင်း၏ ပုံရိပ်က လေထဲတွင် မရှိတော့ပေ။ မရေမတွက်နိုင်သည့် ဓါးအလင်းများစွာက လျင်မြန်စွာ ပိုင်းဖြတ်လာ၏။
ဖုန်း ဖုန်း ဖုန်း။
ဓါးအလင်းများက အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ၏ ခန္ဓာကိုယ်ပေါ် တိကျစွာ ကျရောက်လာ၏။
ထို့အပြင် ဓါးအလင်းများက တစ်နေရာထဲကို ကျရောက်လာတာ ဖြစ်သည်။
အံ့ဖွယ်ချီရှန်းတစ်ဦးအနေဖြင့် လျိုချန်စွင်းက ကြွယ်ဝသည့် တိုက်ပွဲဝင်အတွေ့အကြုံ ရှိသည်။ ထို့ကြောင့် ကြယ်တာရာသားရဲက ခွန်အားအမျိုးအစား ခုခံခြင်း ကြယ်တာရာသားရဲဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူ ပြောနိုင်သည်။
သူက ကြုံသလို တိုက်ခိုက်ခဲ့လျှင် ၄င်း၏ ခုခံမှုကို မဆုံးဖြတ်နိုင်လောက်ပေ။ သူ၏ ခွန်အားကို တစ်နေရာထဲတွင် စုထားရပေမည်။ ဤနည်းဖြင့်သာ တစ်ဖက်သူက ခုခံမှု မြှင့်တင်ခဲ့သည့်အချိန်၌ သူက နေရာပြောင်းရမှာ ဖြစ်သည်။
ထို့ကြောင့် လျိုချန်စွင်းသည် သူ အထူးတိုက်ခိုက်မှု ပုံစံအနေဖြင့် သူ့ ရန်သူ၏ အားနည်းချက်နေရာအချို့ကို ရွေးချယ်လိုက်သည်။
တစ်ချက်ပိုင်းဖြတ်ခြင်း၊ ဆယ်ချက်ပိုင်းဖြတ်ခြင်း အချက်တစ်ရာ ပိုင်းဖြတ်ခြင်း၊ အချက်တစ်ထောင်ပိုင်းဖြတ်ခြင်း။ ထိုမျှ များပြားသည့် တိုက်ကွက်များက နှစ်စက္ကန့်အတွင်း ပြီးစီးသွားသည်။
ယခင် ပိုင်းဖြတ်မှု၏ စွမ်းအားပျောက်ကွယ်မသွားခင် နောက်ထပ် ပိုင်းဖြတ်မှု၏ ထိခိုက်မှုက ရောက်လာနေပြီ ဖြစ်သည်။ လျိုချန်စွင်း၏ ကြမ်းတမ်းပြီး လျန်မြန်သော ပိုင်းဖြတ်မှုအောက်၌ သူ့ရန်သူ၏ သံချပ်ကာက ဓါးရာပေါင်းများစွာ ပေါ်လာ၏။ တောက်ပသည့် အစိမ်းရောင် ကြယ်တာရာသားရဲ သွေးများက မီးရှူးမီးပန်းပမာ လွှင့်စင်ကြလာပြီး ဓာတ်မီးအလင်းဖျော့ဖျော့ ဖြာထွက်နေလေ၏။
” ပြီးသွားပြီ ”
လျိုချန်စွင်း၏ အကြည့်တို့က အေးစက်သွား၏။ ပြီးနောက် သူ၏ ခွန်အားအကုန်သုံးကာ တိုက်ခိုက်တော့သည်။ ကျန်သည့် ခွန်အားကို တစ်နေရာထဲတွင်သာ အားပြုပြီး အမှားယွင်းများထဲမှ တစ်ခုကို တိုက်ခိုက်နေကာ သူ့ဓါးဆန္ဒ၏ ကြမ်းတမ်းသော စွမ်းအားကို ရန်သူ၏ ခန္ဓာကိုယ်ထဲ သွင်းနေလိုက်၏။ သူက ၄င်းကို အတွင်းကနေ ဖျက်ဆီးနေတာ ဖြစ်သည်။
ခြေလှမ်းတစ်လှမ်းဖြင့် ဝိညာဥ်စွမ်းအင်တို့ ရှေ့တိုးလာသည်။ ပေ ၁၀၀အတွင်း ၄င်းက လျိုချန်စွင်း၏ အိမ်ကွင်းဖြစ်သွားတော့၏။
ထိုစဥ် ဓါးသိုင်းအပေါ် သူ၏ နားလည်သဘောပေါက်မှုကို အပြည့်အဝ ပြသခဲ့ပြီး ဖြစ်သည်။ ပေ ၁၀၀အတွင်း ဓါးရောင်ခြည်တစ်ခုသာ ကျန်ပုံပေါ်၏။
ရုတ်တရက် အသည်းခိုက်ဖွယ် နာကျင်မှုက
လျိုချန်စွင်း၏ ခန္ဓာကိုယ်ထဲရှိ ချီသွေးကြောကနေ ရုတ်တရက် ပေါ်ထွက်လာ၏။
ဓါးမော့ဓါးဝိဇ္ဇာကြောင့် ရထားသည့် ဓါးဒဏ်ရာသည် အပြည့်အဝ မပျောက်ကင်းသေးပေ။ သူက ယခုအချိန်၌ သူ၏ ခွန်အားအပြည့်အဝ ထုတ်သွားရန် ဖိအားပေးခံနေရသောကြောင့် ဒဏ်ရာက ပြန်ပွင့်သွား၏။
သို့သော် သူက ရွေးချယ်စရာ မရှိပေ။ မြှားက လေးချိုပေါ် တင်ပြီးဖြစ်သောကြောင့် ၄င်းကို လွှတ်ရပေမည်။
” သေပေတော့ ”
ဓါးရောင်ခြည်က ပေါက်ကွဲထွက်လာပြီး တစ်ကမ္ဘာလုံးက အဖြူရောင်အလင်းဖြင့် ပြည့်သွားလေ၏။ မြင်ကွင်းထဲ ပိတ်ထားသည့်ပမာ ပတ်ဝန်းကျင် သတ္တဝါများ၏ မြင်ကွင်းနှင့် အမြင်အာရုံကို ပိတ်ထားသည့်ပမာ အလွန်တလက်လက် တောက်ပနေ၏။
ထိုမင်သက်ဖွယ် ဓါးက ချက်ချင်းပင် အံ့ဖွယ်အ
ဆင့် ကြယ်တာရာသားရဲရှေ့သို့ ရောက်သွားလေ၏။ ယင်းက ဒဏ်ရာ လက်မဝက်မျှသာ ကွာသည်။
သူ အနိုင်ရတော့မည်။
” မင်း ငါ့ကို ဒီအတိုင်း သတ်လို့ရမယ်လို့ တွေးနေတာလို့ ငါ့ကို မပြောနဲ့နော် ”
ထိုစဥ် တစ်ဖက်သူ၏ ကျီစယ်သော အသံက လျိုချန်စွင်း၏ နားထဲ ရုတ်တရက် ဝင်လာလေ၏။ ဒီတော့မှ သူ၏ လက်က နောက်ထပ်လက် ထပ်ပေါ်လာပြီး ဓါးရောင်ခြည်ကို ပိုင်းဖြတ်ချတာကို တွေ့လိုက်ရသည်။
ဖုန်း။
ပြင်းထန်းသည့် ပေါက်ကွဲမှု နောက်ကနေ
လျိုချန်စွင်း၏ ဓါးရောင်ခြည်က ပြင်းထန်သည့် ကြိမ်နှုန်းကို ခံစားလိုက်ရပြီး ပေါက်ကွဲသွား၏။
” ဆိုးလိုက်တာ ”
လျိုချန်စွင်းက ရင်ထဲ ထိတ်သွားတော့၏။ ဓါးရောင်ခြည်က သူ၏ အသန်မာဆုံး စွမ်းအားဖြင့် သိပ်သည်းထားတာ ဖြစ်သည်။ သူတို့နှစ်ခုကြား၌ ထိန်းချုပ်မှု ကင်းမဲ့ပြီး ပေါက်ကွဲသွားခဲ့လျှင် ၄င်း၏ စွမ်းအားက သေချာပေါက် ထူးကဲပေလိမ့်မည်။
သို့သော်ငြား တစ်ဖက်သူ၌ အလွန်ခိုင်မာသည့် ခုခံမှု ရှိနေ၏။ သို့သော် သူကမူ ကျန်သည့်သူများလောက် သန်မာဖို့ ဝေးနေသေး၏။
နောက်တစ်စက္ကန့်တွင် သူသည် ပေါက်ကွဲမှု၏ ပြင်းအားကြောင့် ချက်ချင်း လွှင့်ထွက်သွားတော့သည်။
ချပ်ချင်းပင် လျိုချန်စွင်းက သူ၏ အတွင်းကလီစာများ နေရာရွေ့သွားသည်ဟု ခံစားလိုက်ရသည်။
ပေါက်ကွဲမှုကနေ ခံစားခဲ့ရသော လှိုင်းက ကျန်းဟိုင်သိုင်းကျောင်းတော် တစ်ဝက်နီးပါးကို ပြားသွားစေသည်။
ကျောင်းသားများ ရွှေ့ပြောင်းပြီးခြင်းကြောင့်သာ မဟုတ်လျှင် လူများစွာက သေလျှင်သေ မဟုတ်လျှင် ဒဏ်ရာရလောက်၏။
လျိုချန်စွင်းက အဆောက်အဦးတစ်ခုနှင့် တိုက်မိသွားကာ သွေးတစ်ပွက်အန်တော့သည်။ သူ၏ အသားအရောင်ကလည်း အင်မတန် ဖြူစွတ်သွားလေ၏။ သူက ဒဏ်ရာရထားပြီးဖြစ်ကာ ယခု သူ၏ ဒဏ်ရာများက ပိုတောင် ဆိုးလာ၏။ သူ၏ လက်ကိုတောင် မမြှောက်နိုင်တော့ချေ။
အလင်းမှိန်ဖျော့သွားစဥ် ကြယ်တာရာသားရဲ၏ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများစွာလည်း ပေါ်လာသည်။ သို့သော် အများစုကို သံချပ်ကာက ကာပေးထား၏။
ထို့ကြောင့် ၄င်း၏ ဒဏ်ရာများက အလွန်ပေါ့ပါးသည်။ ပြီးနောက် ရှန်းထျန်းအဌမအဆင့်၏ အစွမ်းထက်သော ရှင်သန်မှုအောက်၌ ၄င်းက လျင်မြန်စွာ ကုသနေလေသည်။
လျိုချန်စွင်း၏ မျက်လုံးများက သုန်မှုန်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာမရှိခဲ့လျှင် သူက ထိုတိုက်ကွက်ဖြင့် တစ်ဖက်သူကို သတ်နိုင်မှာ သေချာသည်။ ကံဆိုးသည်မှာ ဤလောကထဲ၌ အကယ်၍ဆိုတာ မရှိပေ။
သူ စီရင်စု၉ခု၏ မြေပေါ်၌ အမှန်တကယ် သေရလိမ့်မည်ဟု မထင်ထားပေ။ ယင်းက သူ၏ ဇစ်မြစ်ဆီသို့ ပြန်လာခြင်းဟု မှတ်ယူနိုင်သည်လား မသိပေ။
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲသည် လျိုချန်စွင်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာ၏။ ထူးဆန်းသော ပိုးမွှား၏ မျက်နှာပေါ်၌ ကောက်ကျစ်သော အပြုံး ပေါ်လာကာ ၄င်းကို ပိုတောင် ရုပ်ဆိုးသွားစေသည်။
” ရှန်းထျန်းအဌမအဆင့် လူသားစစ်သည်တော်တစ်ယောက်ဆိုတော့ ထင်တဲ့အတိုင်းပဲ။ ငါ မင်းသတ်တာ ခံရတော့မလို့။ ဒါပေမဲ့ ကံဆိုးတာက မင်းက ဒဏ်ရာရနေတဲ့ ပုံပဲ။ ဒီတော့ ငါ လုပ်နိုင်တာ ဘာမှမရှိဘူးလေ။ မင်းကို ငါ စားလိုက်ရုံပေါ့ ”
” ရှန်းထျန်းအဌမအဆင့် လူသားတစ်ယောက်အနေနဲ့ အစွန်းအထင်းက ငါ့ရဲ့ ခွန်အားကို တိုးစေဖို့ လုံလောက်လောက်တယ်မလား ”
လျိုချန်စွင်းက သက်ပြင်းချပြီး ကောင်းကင်ကို မော့ကြည့်လိုက်၏။ အစွမ်းထက်သည့် စစ်သည်တော်တစ်ယောက်အနေဖြင့် သူ တစ်စုံတစ်ကို သတိပြုမိသည်။
သိုင်းပညာရပ်ကျင့်ကြံသူများသည် သတ်လျှင်သတ် မသတ်လျှင် အသတ်ခံရမည်။ သူတို့၏ နေ့ရက် မည်သည့်အချိန်တွင် ရောက်လာ…မှန်း မသိရပေ။ သို့သော် ဤနေရာသို့ ရောက်လာပြီ ဖြစ်သောကြောင့် ကြောက်နေစရာ မရှိပေ။
သူ့အဖို့ မိဘများကို ငိုယိုတမ်းတပြီး မိန်းကလေးတစ်ယောက်ပမာ ပြုမူနေရန် မလိုအပ်ချေ။ ၁၈နှစ်အတွင်း သူက သူရဲကောင်းတစ်ယောက် ထပ်ဖြစ်လိမ့်မည်။ သို့သော်ငြား ကောင်းကင်ကို မော့ကြည့်လိုက်ချိန် သူ၏ နှုတ်ခမ်းထောင့်က ကွေးတက်သွား၏။
” ကြည့်ရတာ ဒီနေ့ ငါ သေစရာ မလိုတဲ့ပုံပဲ ”
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ၏ သူငယ်အိမ်က ကျုံ့သွားလေ၏။ သူ၏ အမူအယာ မူမမှန်ကြောင်း သတိပြုမိသောအခါ ၄င်းက ချက်ချင်းပင် သတိအနေအထား ဖြစ်သွားတော့၏။
” ဟန့် မင်း ငါ့ကို ချုံခိုတိုက်ခိုက်ချင်နေတာ မင်း သေချင်နေတာပဲ ”
ယင်းက တင်းမာစွာ အော်ပြီး လက်သီးဖြင့် ထိုးလိုက်လေ၏။ ထိုစဥ် ရှန်းထျန်းအဌမအဆင့်၏ အစွမ်းထက်သော ခွန်အားက ပြီးပြည့်စုံကာ ပြသခြင်း ခံလိုက်ရပုံ ပေါ်သည်။ ထိုခွန်အားက စွမ်းလွန်းသောကြောင့် လေထုတစ်ခုလုံးကို တုန်ယင်သွားစေ၏။ လေနှင့် ဝိညာဥ်စွမ်းအင်က လျင်မြန်စွာ ဖြည့်ညစ်ခံလိုက်ရပြီး လေဟာနယ်ကို ဖွဲ့တည်လိုက်တော့သည်။
ထိုလက်သီးချက်သည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သူကို ၄င်းခံစားနိုင်စွမ်း မရှိသည့် နာကျင်မှု ခံစားစေရန် ယုံကြည်ချက် ရှိသည်။
သို့သော်ငြား ယင်းက မှားယွင်းသွားချေ၏။ လက်သီးအရာ၌ အင်မတန် ယုံကြည်ချက်ရှိသူက ပိုတောင်သန်မာသည့် လက်သီးနှင့် တွေ့လိုက်ရသည်။
လက်သီးက အလွန်သေးပြီး သာမန်အရွယ်ရောက် လူသားအမျိုးသားတစ်ဦး၏ အရွယ်အစားသာ ရှိသည်။ ၄င်းကို ပထမဆုံး နှိုင်းယှဥ်ကြည့်လျှင် သံမဏိဇလုံဘေး၌ ကြွေပန်းကန်တစ်လုံးကို ထားထားတာနှင့် တူသည်။ သို့သော်ငြား လက်သီး၏ ခွန်အားက သန်မာလွန်းသောကြောင့် ၄င်းက ခံနိုင်မှာ မဟုတ်ပေ။ ချက်ချင်းပင် လက်သီးနှစ်ခု ဆုံတွေ့မိသွားချိန်၌ ဖျက်ဆီး၍မရသော သံမဏိလက်သီးသည် ပုံသဏ္ဍန်စပြောင်းပြီး ပြိုကွဲလာ၏။ ယင်းက ပွတ်တိုက်မှုကြောင့် ပေါက်ကွဲသွားသည့် ပူးပေါင်းနှင့် တူညီသည်။
လက်သီးကနေ တံတောင်အထိ ယင်းက ဖရိုဖရဲ ဖြစ်နေလေ၏။ သက်ရောက်မှုက ၄င်း၏ ခန္ဓာကိုယ် မတည်မငြိမ်ဖြစ်စေကာ နောက်သို့ တွန်းပို့နေသည်။ သို့သော်ငြား လက်သီး၏ အဟုန်က မရပ်သွားပဲ ၄င်း၏ ရင်ဘက်ပေါ် ဆက်ကျနေ၏။
သံသယဖြစ်ဖွယ် မရှိပဲ လက်သီးက ၄င်း၏ ရင်ဘက်ကို ချက်ချင်း ထိုးဖောက်သွားကာ အတွင်းရှိ နှလုံးကို မွမွကြေသွားစေပြီး နောက်ထိ ရောက်သွားသည်။
မဟာနိဗ္ဗာနလက်သီး။
လက်သီးတစ်ချက်တည်းဖြင့် အရာအားလုံးကို သတ်ဖြတ်ခြင်း။ အစွမ်းထက်လိုက်တာ။ ယင်းက နောက်ဆုံး အတွေးဖြစ်သည်။
၄င်း၏ ပြိုင်ဘက်ကို ကြည့်ရန်တောင် မလိုအပ်ချေ။ ပြိုင်ဘက်က မြန်ဆန်လွန်းသောကြောင့် အမြင်အာရုံကတောင် လိုက်မမှီနိုင်ပေ။
ခေါင်းငုံ့ထားပြီး တစ်ဖက်သူ၏ သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်ချင်လျှင် ခေါင်းငုံ့ထားရပေမည်။ သို့သော် ၄င်း၏ အသိစိတ်က ဝေဝါးနေပြီ ဖြစ်သည်။
လျိုချန်စွင်းက ချောင်းဟန့်လျက် သူ့ကို စကားပြောရန် သူ့ကိုသူ အားတင်းထားလိုက်သည်။
” စီနီယာ ဒီဂျူနီယာ လျိုချန်စွင်းက တွေ့ကြုံချင်ပါတယ် ”
ကံဆိုးသည်မှာ သူ ပြောတာ မပြီးသေးခင် ယဲ့ရှောင်သည် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲနှင့် ထွက်သွားပြီးဖြစ်ကာ သူ့ကို စကားပြောရန် အခွင့်အရေး မပေးပေ။
သို့သော် သူ မသွားခင် ယဲ့ရှောင်က လက်ဖြောင့်တီးလျက် ကုသခြင်း အလင်းတစ်ခုကို ပစ်ထုတ်ကာ သူ၏ ခန္ဓာကိုယ်ပေါ် ကျရောက်စေလျက် သူ၏ ဒဏ်ရာများကို အလွန်လျင်မြန်စွာ ကုသပေးနေသည်။
ထိုလူက ကျန်းဟိုင်မြို့ကိုယ်စား ဆောင်ရွက်ပေးခဲ့သည်။ သူက ဟန်နိုင်ငံ ဓါးသူတော်စင်ဖြစ်သော်ငြား သူ့ကို ကယ်ရန် ထိုက်တန်သေးသည်။ ယင်းက မျက်နှာသာ ပြန်ပေးတာပဲ ဖြစ်၏။
လျိုချန်စွင်းသည် နွေဦးရှိ ညိုးရော်နေသော သစ်ပင်ပမာ ခံစားရချိန်၌ မပျော်ရွှင်ခဲ့ပေ။ သူက အနည်းငယ် ထိတ်လန့်ရုံသာ ရှိသည်။
စီနီယာက ကုသခြင်းကျင့်စဥ်ကို သိလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါ့အပြင် သူ့ရဲ့ ကုသခြင်း စွမ်းရည်က သိပ်ကို သန်မာတာ။ သူက တကယ် နတ်ဘုရားတစ်ပါးပဲ။
ကံဆိုးတာက ငါ စီနီယာကို တွေ့လို့မရသေးဘူး။
နှမြောစရာပဲ။
တကယ် နှမြောစရာပဲ။
သို့သော် သူ၏ အကြည့်တို့က ပိုလေးနက်လာ၏။
စီနီယာ ကျွန်တော် လျိုချန်စွင်းက သေချာပေါက် လာရှာမယ်။
နှစ်နှစ်က မလုံလောက်ရင် နောက်ထပ် တစ်နှစ်ထပ်တိုးမယ်။
သုံးနှစ်။
သုံးနှစ်။ ကျုပ်တို့ နှစ်ယောက်လုံး ကျန်းဟိုင်မြို့မှာ ရှိတယ်ဆိုတော့ ဒီဂျူနီယာက ခင်ဗျားကို ရှာဖို့ အခွင့်အရေး မရှိဘူးဆိုတာ မယုံဘူး။
ယဲ့ရှောင်ဘက်တွင်မူ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ၏ အလောင်းကို သိမ်းပြီးနောက် သူသည် ကောင်းကင်ထဲရှိ ကျန်သည့်သူများနောက် ချက်ချင်း လိုက်တော့သည်။
သူ၏ အရှိန် မည်မျှ ကြောက်မက်ဖွယ် ကောင်းသနည်း။ တစ်ဖက်သူက စက္ကန့်အနည်းငယ် ပျံသန်းပြီးသည့်တိုင် သူ့အဖို့ လိုက်မှီရန်က အသေးအမွှားပဲ ဖြစ်သည်။ ကောင်းကင်ထဲ၌ မော့ယွီ၊ စူဇန်။ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲနှစ်ကောင်က အဆင့်မြင့်မားသော ပိုင်နက်တစ်ခုထဲ ဝင်နေပြီ ဖြစ်သည်။
” ငါတို့တွေ အဲ့ဒီနေရာက ပို့ဆောင်ရေး အစီအရင်ထဲ ရောက်တော့မယ်။ ပို့ဆောင်ရေး အစီအရင် ဖွင့် ”
” ဒါပေမဲ့ သံမဏိ နွားရိုင်း ပေါ်မလာသေးပါဘူး ”
” စိတ်မပူနဲ့။ သူ့ရဲ့ ခွန်အားနဲ့ဆို တစ်မိနစ်က ရှန်းထျန်း အဌမအဆင့် လူသားကို ဖြေရှင်းဖို့ လုံလောက်တယ်။ အရင်ဦးဆုံး ပို့ဆောင်ရေး အစီအရင်ကို ဖွင့်။ သူ ဒီကို မကြာခင် လာလောက်မယ် ”
အပိုင်း ၁၉၀ ပြီး၏။