Switch Mode

Chapter – 188

အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ ဆေးလုံးကို ဖော်မှာလား။ ဉာဏ်ရှိတဲ့ အတွေးပဲ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၈၈ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ ဆေးလုံးကို ဖော်မှာလား။ ဉာဏ်ရှိတဲ့ အတွေးပဲ။

မဟာနဂါးသည် တစ်စုံတစ်ခုကို နားလည်သွားသည့်ပုံဖြင့် သူ၏ ကိုယ်ထည်ကို လှုပ်ရမ်းလိုက်၏။ ယဲ့ရှောင်က ဟွမ်လျိုလီကို ပြုံးကြည့်လိုက်သည်။
” တွေ့လား မဟာနဂါးက သဘောတူပြီးနေပြီ။
မြန်မြန် စားဖို့အတွက် တစ်ခုခု ချက်ပြုတ်တော့။ မင်းရဲ့ ကျင့်ကြံဆင့်ကို တတ်နိုင်သမျှ မြန်မြန် မြှင့်တင်။ မဟာနဂါးက အံ့ဖွယ်လက်နက်တစ်ခုအဖြစ် သတ်မှတ်လို့ ရပြီးပြီ။ တစ်လောကလုံးမှာ များများစားစား မရှိဘူး။ မင်း ထိုက်တန်အောင်လို့ မင်းကိုမင်း ပိုသန်မာအောင် လုပ်သင့်တယ် ”
” ”
ဘာတွေဖြစ်ကုန်တာလဲ။ တစ်ခုခု မူမမှန်ဘူးလို့ ဘာကြောင့် ခံစားမိတာလဲ။
သူမသည် ယဲ့ရှောင်ကို ခစားချင်တာ သိသာနေ၏။ မျက်နှာသာပေးမှုအတွက် မဟာနဂါးနှင့် ယှဥ်ပြိုင်ကာ လက်ထောက်ခေါင်းဆောင် ရာထူးကို ကာကွယ်ချင်သည်။
မျက်တောင်တစ်ခတ်အတွင်း သူမက မဟာနဂါးကို အရူးအမူး ချစ်သည်ဟူသော အနေအထားဖြင့် ပြောင်းလဲသွားရသနည်း။
ယဲ့ရှောင်၏ အမူအယာကလည်း ရှိသေးသည်။ သူက သမီးတစ်ယောက် ကြီးပြင်းလာတာကို ကြည့်နေသည့်ပမာ ဖြစ်နေ၏။ ဘာကြောင့် ဖခင်အိုကြီးတစ်ယောက်ရဲ့ ကျေနပ်နေတဲ့ အပြုံးဖြစ်နေရတာလဲ။
” ဘယ်လိုစားရမလဲဆိုတာ မသိလို့ ပျော်လွန်းနေတာလား။ မစားဘူးဆိုရင် မင်းမပါပဲ စားလိုက်တော့မယ် ”
ယဲ့ရှောင်က ပါးစပ် ထဟလိုက်ရာ ဟွမ်လျိုလီက ချောင်းဟန့်ပြီး သူမခုံတွင် ထိုင်ကာ အမြန်စားတော့၏။
ထားလိုက်တော့။ ဘာပဲဖြစ်ဖြစ် မဟာနဂါးကို သူမ သခင်နှင့် မရင်းနှီးအောင် ကာကွယ်ပေးနိုင်မယ်ဆိုရင် အဆင်ပြေသွားမှာပဲ။ ဒါက အောင်မြင်ဖို့အတွက် ပထမခြေလှမ်းလို့ သတ်မှတ်လို့ရတယ်။
နောက်မှ သူမ သခင်နှင့် မရင်းနှီးဖို့ နည်းလမ်းရှာပြီး သူမကို သူ ပိုပြီး အာရုံစိုက်လာအောင် လုပ်ရမယ်။
သူမဘေးရှိ မဟာနဂါးကို တစ်ချက်ကြည့်ပြီးနောက် ရင်ထဲ ရှုတ်ချလိုက်၏။ သူမက အလွန်စိတ်မချမ်းမသာ ဖြစ်နေလေသည်။
သူမ၏ သခင်သည် မဟာနဂါးကို ပစ္စည်းကောင်းများစွာ ပေးခဲ့ကာ သူ့ကို အချိန်တိုအတွင်း အံ့ဖွယ်လက်နက်တစ်ခုအဖြစ် အဆင့်တိုးမြှင့်စေခဲ့သည်။ သူမသည် မဟာနဂါးကို မလိုချင်သောကြောင့် စိတ်ထဲ အချဥ်ပေါက်နေလေ၏။ ထို့အပြင် သူမက မိသားစု၏ နာမည်တစ် လက်ထောက် ဖြစ်လာလိမ့်မည်။
သူမက နှစ်ပေါင်း ၁၅၀၀ကြာ လက်ထောက်ခေါင်းဆောင် ဖြစ်နိုင်၏။ မဟုတ်ပေ။ အချိန်ထပ်တိုးရမည်။ ဆိုရလျှင် ယဲ့ရှောင်နှင့်အတူ ရှိနေပါက အကျိုးခံစားခွင့် များလွန်း၏။
နောက်ထပ်နှစ် ၅၀၀ထပ်တိုးလိုက်မယ်။ နှစ်ပေါင်း ၂၀၀၀။ အရင်ဦးဆုံး သူမရဲ့ သခင်အတွက် နှစ်ပေါင်း ၂၀၀၀လောက် ကျွန်လုပ်ပေးတာပေါ့။
အချိန်က တစ်တိတိ ကုန်ဆုံးသွားပြီး မကြာမီ၌ ညနက်လာပြီ ဖြစ်သည်။
ကျန်းဟိုင်သိုင်းကျောင်းတော်ရှိ မြေအောက်လျှို့ဝှက်ခန်းထဲ၌ ချင်ယွိယန်က မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားတော့သည်။
သူမ အဆင့်ထပ်တက်သွားပြီ ဖြစ်၏။
ဧကရာဇ်သွေးမျိုးဆက် နှိုးထလာချိန်မှစပြီး သူမသည် သူ့ ချီသွေးကြောများကို ဖွင့်လိုက်သည့်ပမာ သူမ၏ ကျင့်ကြံဆင့် အရှိန်က မြန်ဆန်လွန်းလေရာ လူတစ်ယောက်၏ ခေါင်းမွေးကို ထောင်ထသွားစေ၏။
သူမသည် ယခင်က အလွန် လွယ်လင့်တကူ မသင်ယူနိုင်ခဲ့သော ကျင့်စဥ်များစွာကို ယခု နားလည်သဘောပေါက်ပြီး သင်ယူသွားနိုင်သည့်ပမာ ဖြစ်နေလေ၏။ အချိန်တိုအတွင်း၌ သူမသည် ရှန်းထျန်တတိယအဆင့်သို့ အဆင့်တက်လှမ်းခဲ့ပြီး နောက်တစ်လှမ်းက မဟာချီရှန်းတစ်ဦး ဖြစ်လာတော့မည်။ ထိုအရှိန်က သာမန်မဟုတ်ပေ။
သူမ ရှန်းထျန်းနယ်ပယ်သို့ ဝင်ရောက်စဥ်က သူမသည် ဖျောင်ကျန့်ရှန်ထက်တောင် နောက်ကျကြောင်း သိထားရပေမည်။ သို့သော် ယခုမူ ဖျောင်ကျန့်ရှန်က ရှန်းထျန်းပထမအဆင့်သာ ရှိသေး၏။ သူက မြန်ဆန်သော်ငြား ရှန်းထျန်းဒုတိယအဆင့်ကို မရောက်သေးပေ။
ထိုစဥ် သူမကမူ ရှန်းထျန်း တတိယအဆင့် ရောက်ရောက်ပြီး ဖြစ်သည်။ သူမက သူ့ထက် ပိုသန်မာ၏။
ဧကရာဇ်သွေးမျိုးဆက်ကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သော်ငြား ဖြစ်နိုင်ချေအများစုက စီရင်စု၉ခုသည် သူတို့၏ ထောက်ပံ့မှုများကို သူမအား ပေးခဲ့သောကြောင့် ဖြစ်သည်။ ချီရှန်းအဆင့် ဆေးလုံးများက အဓိကကျနေပေ၏။ ယခု သူမသည် သကြားလုံးစားသည့်ပမာ ဆေးလုံးကို တစ်ပတ်တစ်လုံး စားနေ၏။ ယခင်က သူမသည် ဒဏ္ဍာရီလာ တော်ဝင်အဆင့် ဆေးလုံးကိုတောင် စားခဲ့သည်။
ယင်းက စီရင်စု၉ခုလုံး၌ အင်မတန် ရှားပါးသည့် တည်ရှိမှုဖြစ်ကြောင်း ပြောကြသည်။
မဟာချီရှန်းများကတောင် ၄င်းကို ရရန်အရည်အချင်း မရှိပေ။ ယင်းကို ရှန်းထျန်းဆဌမအဆင့် မဟာချီရှန်းအဆင့် ကြယ်တာရာသားရဲဖြင့် ဖော်စပ်ထားတာ ဖြစ်၏။ သန့်စင်ရန်အတွက် တစ်လလုံးလုံး အချိန်ယူရသည်။
ဆေးလုံးကို ဖော်စပ်ခဲ့သည့်သူက စီရင်စု၉ခုထဲ၌ အတော်ဆုံး အဂ္ဂရိတ်ပညာရှင်များထဲမှ တစ်ဦးဟု ဆိုနိုင်ပေသည်။
ထို့အပြင် စီရင်စု၉ခုကလည်း သူမကို အံ့ဖွယ်ချီရှန်းနှစ်ဦး ပို့ထားသည်။ တစ်ယောက်က သူမဘေးကင်းရေးအတွက် တာဝန်ယူထားပြီး နောက်တစ်ယောက်ကမူ သူမ၏ ကျင့်စဥ်ကို ညွှန်ကြားပြသပေးခြင်းအတွက် တာဝန်ယူထားသည်။
အံ့ဖွယ်ဂိုဏ်းနှစ်ယောက်က နဂါးစာရင်း၏ ထိပ်နားတွင် ရှိသည့်သူများ မဟုတ်ပေ။ ဖီးနစ်စာရင်းတွင် ရှိသည့်သူများလည်း မဟုတ်ချေ။
စီရင်စု၉ခု၌ နဂါးနှင့် ဖီးနစ်စာရင်း အဆင့်သတ်မှတ်ချက်ဝင်သည့် အံ့ဖွယ်ချီရှန်း စုစုပေါင်း ၁၇ယောက်သာ ရှိသည်။ ထို့အပြင် သူတို့က ကြယ်တာရာသားရဲများ ပြဿနာမရှာအောင် ဟန့်တားဖို့အတွက် နေရာအချို့ကို စောင့်ကြပ်ရန် တာဝန်ယူထားရသည်။ အလွန်ဆုံးမှ နဂါးစာရင်းသို့ ဝင်သွားခါစ ဓါးမော့ဓါးဝိဇ္ဇာအပါအဝင် အံ့ဖွယ်ချီရှန်း ၁၈ယောက်သာ ရှိသည်။
ထိုသို့တိုင် စီရင်စု၉ခုသည် ကျားစာရင်း၌ နာမည်ကြီးကြီး ပုဂ္ဂိုလ်များဖြစ်သည့် အံ့ဖွယ်ချီရှန်းနှစ်ဦးကို ပို့ပေးခဲ့သည်။
ကျားစာရင်း၌ အဆင့် ၇ ရထားသော လျန်ချီမူ။ ကျားစာရင်း၌ အဆင့် ၁၉ရထားသော လဲ့ရှင်းလင်တို့ ဖြစ်သည်။
သူတို့သည် သိုင်းလောက၌ နာမည်ကျော် ပုဂ္ဂိုလ်များဖြစ်ပြီး ဓါးမော့သိုင်းကို အထူးပြုထားတာ ဖြစ်သည်။
စီရင်စု၉ခုက သူမကို တန်ဖိုးမထားတာ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် စီရင်စု၉ခုသည် သူမကို အလွန်တန်ဖိုးထား၏။
သို့သော်ငြား စီရင်စု၉ခုသည် ဓါးမော့ဓါဝိဇ္ဇာ မည်သူမှန်း မသိရသေးပေ။ သူမသည် ဓါးမော့ဓါးဝိဇ္ဇာ၏ ဓါးဆန္ဒကို တစ်ခါ သင်ယူခဲ့ဖူးသည်။
ထို့ကြောင့် စီရင်စု၉ခု မဟာမိတ်က သူမကို ဓါးမော့ဓါးဝိဇ္ဇာ ခေါ်သွားလိုစိတ် ရှိမရှိ မဆုံးဖြတ်နိုင် ဖြစ်နေ၏။ မလိုလားအပ်သော အငြင်းပွားမှုများကို ရှောင်ရှားရန်အတွက် သူတို့က ရွေးချယ်စရာ မရှိပဲ ဤနည်းလမ်းကိုသာ သုံးရသည်။
ရှေးဦးစွာ လျန်ချီမူနှင့် လဲ့ရှင်းလင်တို့ကို လွှတ်ပြီး သူမကို ကာကွယ်စေကာ သိုင်းပရပ်များ ညွှန်ကြားပြသစေ၏။
မည်သည့်နည်းနှင့်မဆို သူမ၏ ကျင့်စဥ်က လုံလောက်အောင် မမြင့်မားသေးပေ။ သူတို့၏ ကြီးကြပ်မှုဖြင့် အဆင်ပြေလောက်သည်။
သူတို့က သူမကို မသင်ပြပေးနိုင်လျှင် ဓါးမော့ဓါးဝိဇ္ဇာက ပေါ်မလာခဲ့လျှင် စီရင်စု၉ခုက ဓါးနတ်ဘုရား လီလျိုဆွေ့နှင့် မီးလျှံဓါးမော့တို့ကို ရှာရန် လူလွှတ်ပေးမှာပဲ ဖြစ်သည်။
ဆရာသခင်နှစ်ဦးက သူမကို သင်ပြပေးလိမ့်မည်။ မဟုတ်လျှင် သူမက သင်ယူရန်အတွက် ထိုဆရာနှစ်ယောက်ကို သွားရှာနေပြီးလောက်ပြီပဲ ဖြစ်သည်။ ချင်ယွိယန်က သူမ မှားယွင်းသည်ဟု မခံစားရပေ။ သူမသာ ဓါးမော့ဓါးဝိဇ္ဇာ၏ ဓါးဆန္ဒကို မသင်ယူခဲ့လျှင် ထိုအခြေအနေ၌ ရှန်းထျန်းပထမအဆင့်သို့ ရောက်မှာမဟုတ်လေရာ ဧကရာဇ်သွေးမျိုးဆက် နှိုးထဖို့ဆိုလျှင် ပိုတောင် မဖြစ်နိုင်ပေ။
ဓါးမော့ဓါးဝိဇ္ဇာ​နှင့် ကံကြောင့် သူမ ယနေ့ အောင်မြင်မှု ရလာခဲ့တာပဲ ဖြစ်သည်။
ထို့ကြောင့် သူမဘဝတွင် အလေးစားဆုံးလူက ဓါးမော့ဓါးဝိဇ္ဇာပဲ ဖြစ်သည်။
” မင်း အဆင့်တက်သွားတာလား ”
မြေအောက်လျှို့ဝှက်ခန်း တံခါးက တိတ်တဆိတ် ပွင့်သွားလေ၏။ အံ့ဖွယ်ချီရှန်းနှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် လဲ့ရှင်းလင်က ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူမက ခန္ဓာကိုယ်နှင့် ကွက်တိကျသည့် အစိမ်းဖျော့ ဂါဝန်ရှည်ကို ဝတ်ထားကာ အရပ်ရှည်ပြီး သွယ်လျသည်။ ထိုကဲ့သို့ သွင်ပြင်ဖြင့် သူမက နတ်ဘုရားမတစ်ပါးဖြစ်မှာ သေချာ၏။ သူမကို လျစ်လျူရှူနိုင်သည့် အမျိုးသားက အနည်းစုသာ ရှိလိမ့်မည်။
သူမက အသက် ၁၀၀ကျော်နေပြီဖြစ်သော်ငြား ကျန်းဟိုင်စာကြည့်တိုက်၏ အသက် ၉၀ကျော်ရှိသူ အိုးရန်ယွင်ကျုံးနှင့် ယှဥ်လျှင် သူမက ပိုနုနေသည်။
အကြောင်းမှာ သူမက အံ့ဖွယ်ချီရှန်းတစ်ဦးဖြစ်ပြီး အိုးရန်ယွင်ကျုံးကမူ ရှန်းထျန်းပထမအဆင့်သာ ရှိသောကြောင့် ဖြစ်သည်။
နှစ်ယောက်ကြားရှိ ကွာဟချက်က ကြီးမားလွန်းပြီး ထာဝရနုပျိုမှုကလည်း အလွန်မြင့်မားသည့် ကျင့်ကြံဆင့် လိုအပ်သည်။
ချင်ယွိယန်က ချက်ချင်း ထရပ်ပြီး လဲ့ရှင်းလင်ကို လက်သီးဆုပ်မိုးလျက် အရိုအသေပြုလိုက်၏။
” အားလုံးက ဆရာ့ရဲ့ သင်ကြားပေးမှုပါပဲ။ ကျေးဇူးတင်ပါတယ် ဆရာ ”
လဲ့ရှင်းလင်က လက်ဝှေ့ရမ်းလျက် ပြုံးလိုက်တော့သည်။
” မင်း ဒီလောက် ရိုကျိုးနေဖို့ မလိုဘူး။ အားလုံးက မင်းရဲ့ သွေးမျိုးဆက်ကြောင့်ပဲ။ ငါတို့က နည်းပြအနေနဲ့ပဲ ဒီကို ရောက်လာတာ ”
” ဒါ့အပြင် မင်းကို ပျိုးထောင်ပေးတာက လူသားမျိုးနွယ်စုတစ်ခုလုံးအတွက် အကျိုးအမြတ် ရှိမှာပဲ။ ဒါပေမဲ့ ဧကရာဇ်သွေးမျိုးဆက်ဆိုတာ ထင်တဲ့အတိုင်းပဲ။ မင်းက သာမန်လူတစ်ယောက်ဖြစ်ခဲ့ရင် ပါရမီရှင်တစ်ယောက်ဆိုရင်တောင် အံ့ဖွယ်ဂိုဏ်းရဲ့ သင်ကြားပြသပေးမှု တော်ဝင်ကျင့်စဥ်တွေ ကျင့်ကြံမှုနဲ့ ဆေးလုံးတွေရဲ့ အထောက်အပံ့နဲ့ အချိန်တိုအတွင်း ရှန်းထျန်းတတိယအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ ခွန်အားမျိုးရလာဖို့ အချိန်တိုအတွင်း နှစ်ဆင့်တက်သွားဖို့က မဖြစ်နိုင်ဘူး ”
သူမက ဂုဏ်ယူဝင့်ကြွားသွားမည့်အစား မေးလိုက်၏။
” စီနီယာ လဲ့။ ကျွန်မ သိချင်လို့ပါ။ တခြားသူတော်စင် သားတော် သမီးတော်တွေရဲ့ လက်ရှိကျင့်ကြံဆင့်ကရော ”
” အင်း ဒါက လျှို့ဝှက်ချက်တစ်ခု ဖြစ်လောက်မယ်။ ဒါပေမဲ့ နင်ကိုယ်တိုင်က ဧကရာဇ်တစ်ပါးဆိုတော့ ပြောပြလို့လည်း ထိခိုက်စရာအကြောင်း မရှိဘူး။ နင့်အပြင် ဧကရာဇ်သုံးယောက်ရှိတယ်။ သူတို့တွေက ကျန်းစီရင်စုက ယဲ့မိသားစုရဲ့သမီး ယဲ့ဝူရွှမ်း။ သူက အသက် ၂၃ ရှိပြီးဖြစ်တယ်။ ရှန်းထျန်း ဆဌမအဆင့်ကို ရောက်နေပြီးပြီ။ ရှန်းထျန်းသတ္တမအဆင့်ကို အချိန်မရွေး အဆင့်တက်လို့ရလောက်တယ်။ နောက်တစ်ယောက်က ကျင်းလင်ထဲက ကျူးမိသားစုက ကျူးထျန်းယွီ။ သူက အသက် ၂၆ နှစ်ရှိပြီး ရှန်းထျန်းသတ္တမအဆင့်ကို အဆင့်တက်ပြီးပြီ။ နောက်ဆုံးတစ်ယောက်က စီရင်စု၉ခုရဲ့ မြောက်ပိုင်းအဆုံးမှာရှိတဲ့ ရေခဲလွင်ပြင်ရဲ့ ဖုန်းချင်ယန်။ သူက အသက် ၃၀ရှိပြီး ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ချီရှန်းတစ်ယောက်ပဲ ”
” ဝိုး … အစွမ်းထက်လိုက်တာ ” ချင်ယွိယန်က
ပင်းသက်ရှိုက်မိသွားလေ၏။
” ကြောက်ဖို့ကောင်းလွန်း မနေဘူးလား။ သူတို့ခွန်အားတိုးတာ ဘယ်လိုလို့ ဒီလောက် မြန်ရတာ
လဲ ”
” ကမ္ဘာ့နဂါးစာရင်းမှာ အဆင့် ၁၀ရထားတဲ့ ဓါးသူတော်စင် လုချင်ရှန်းကလည်း အသက် ၃၀အရွယ်မှာ အံ့ဖွယ်ချီရှန်း ရှန်းထျန်းသတ္တမအဆင့်ကို ရောက်ခဲ့တာလို့ ကြားဖူးတယ်။ ဘာကြောင့် သူတို့အားလုံးက လုချင်ရှန်းထက် ပိုသန်မာရတာလဲ ”
လဲ့ရှင်းလင်က ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။
” ဒီလို နှိုင်းယှဥ်မရဘူးလေ။ စဥ်းစားကြည့်လေ။ လုချင်ရှန်းက ကမ္ဘာ့နဂါးစာရင်းမှာ အဆင့် ၁၀ပဲ ရထားတာ။ တခြားပါရမီရှင်တွေက သူ့ထက် ပိုသန်မာတယ်။ သူက အသက် ၃၀အရွယ်မှာ ရှန်းထျန်းသတ္တမအဆင့်ကို ရောက်ခဲ့တယ်ဆိုပေမဲ့ ကျန်တဲ့သူတွေက သူ့ထက် တစ်လှမ်းသာပြီးပြီ။ အသက် ၂၀မှာ ရှန်းထျန်းနယ်ပယ်ရဲ့ ထိပ်ကို ရောက်တဲ့သူတွေ အများကြီးရှိတယ်။ အာကာသစစ်မြေပြင်ထဲ ဝင်ရောက်ခဲ့တဲ့ သိုင်းပညာရှင်တွေက ကမ္ဘာကြီးရဲ့ အဓိက အဆင့်သတ်မှတ်ချက်တွေထဲဝင်ဖို့ မရွေးခဲ့ဘူးဆိုတာ သိထားရမယ် ”
” ပြီးတော့ တစ်ကမ္ဘာလုံးမှာ ဧကရာဇ်သွေးမျိုးဆက်ရှိတဲ့သူ လူ ဘယ်လောက်များများ ရှိလဲ။ သူတို့ပါ ထပ်ပေါင်းလိုက်ရင် ၁၀ယောက် မကျော်လောက်ဘူး။ စီရင်စု၉ခုအတွက်ကတော့ မင်းတို့ ၄ယောက်ပဲ ရှိတယ် ”
ချင်ယွိယန်က ခေါင်းညိတ်လိုက်၏။
” ဒါအမှန်ပဲနော်။ ပြောရရင် ကျွန်မတို့က ဒီနယ်ပယ်ကို ရောက်လာဖို့ အနှစ် ၂၀ကျော်လောက် ကျင့်ကြံခဲ့ရတာ။ အံ့ဖွယ်ဂိုဏ်းကို ရောက်ဖို့ တစ်နှစ်လောက်ပဲ ကျင့်ကြံရတာ မဟုတ်ဘူး။ သာမန်အကွာအဝေးအတွင်း တကယ်တွက်လို့ရနေသေးတာပဲ ”
” ဟုတ်တယ်။ တစ်ယောက်ယောက်က တစ်နှစ်အတွင်း အံ့ဖွယ်ဂိုဏ်းကို ရောက်နိုင်ခဲ့တယ်ဆိုရင် သူတို့က တစ်ယောက်တည်း မဟုတ်လောက်ဘူး။ သူတို့က လူ မဟုတ်လောက်ဘူး ”
” အံ့ဖွယ်ဂိုဏ်းကို ရောက်ဖို့ အနှစ် ၂၀ကျော်လောက် ကျင့်ကြံပြီးမှ တစ်ကမ္ဘာလုံးက ပါရမီရှင်တွေထဲမှာ အနှစ် ၂၀ကျော်လောက် ကျင့်ကြံပြီးမှ အံ့ဖွယ်ဂိုဏ်းကို ရောက်ခဲ့မယ်ဆိုရင် မူမမှန်ဘူးလို့ ပြောလို့မရတော့ဘူး။ ဒါက သာမန်အတိုင်းအတာထဲမှာ ရှိသေးတယ် ”
” နှမြောဖို့ကောင်းတာက ကျွန်မက အားအနည်းဆုံးပဲ။ ယခုအချိန်အထိ ရှန်းထျန်းတတိယအဆင့်ပဲ ရှိသေးတယ်။ မဟာချီရှန်းတစ်ယောက်တောင် မဟုတ်ဘူး။ တခြားသူတွေနဲ့ ယှဥ်ရင် ကျွန်မ တကယ်ရှက်မိတယ် ”
လဲ့ရှင်းလင်က ပြုံးလိုက်၏။
” မင်းကိုမင်း အထင်သေးဖို့ မလိုဘူး။ အခုက သမီးရဲ့ ဝိညာဥ်က နှိုးထခါစလေ။ တခြားသူတွေထက် နောက်ကျနေပြီးသား။ ဒီတော့ ကျင့်စဥ်က ပိုနှေးတာက ပုံမှန်ပဲလေ။ စီရင်စု၉ခုရဲ့ လက်ရှိ အဂ္ဂရိတ်စွမ်းရည်က နိမ့်ပါးနေတာတော့ နှမြောစရာပဲ။ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲကို သုံးပြီး ဆေးလုံး အလွယ်တကူ ဖော်စပ်နိုင်ဖို့ နည်းလမ်းမရှိဘူး ”
” အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲကို သုံးပြီး ဆေးလုံးသန့်စင်ဖို့အတွက် အဂ္ဂရိတ်ပညာရှင်တစ်ယောက်ရဲ့ ကျင့်ကြံဆင့်က အနည်းဆုံး မဟာချီရှန်း၏ အထွတ်အထိပ်ကို ရောက်နေရမယ်။ ပြီးတော့ သူ့ရဲ့ ဝိညာဥ်စွမ်းအင်က ရှန်းထျန်းသတ္တမအဆင့်ကို ကျော်ရမယ်။ မဟုတ်ရင် ဆေးလုံးဖော်စပ်နေတုန်းမှာ ကြယ်တာရာသားရဲရဲ့ ဝိညာဥ်အတွင်းအားကနေ တန်ပြန်တိုက်ခိုက်မှုကို ခံရဖို့များတယ် ”
” အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲကိုသုံးပြီး ဆေးလုံးဖော်စပ်နိုင်ခဲ့မယ်ဆိုရင် သမီးရဲ့ ခွန်အားက ပိုတောင်မြင့်တဲ့ တစ်ဆင့်ကို သေချာပေါက် ရောက်သွားလိမ့်မယ် ”
ချင်ယွိယန်က ပြုံးပြီး ခေါင်းခါလိုက်၏။
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲကို သုံးပြီး ဆေးလုံးသန့်စင်ဖို့လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက စိတ်ကူးယဥ်ဆန်လွန်းတာပဲ။
လူသားများအဖို့ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင်ကို သတ်ဖြတ်နိုင်ရန် မျှော်လင့်ချက် ရှိပြီး ဆေးလုံးဖော်စပ်ဖို့က ကြယ်တာရာသားရဲတစ်ကောင်ကို သတ်သလောက် မရိုးရှင်းပေ။ ထိုထက် ဆယ်ဆ ပိုခက်သည်။ ထို့အပြင် အဂ္ဂရိတ်ပညာရှင်များအတွက် လိုအပ်ချက်က အင်မတန် တင်းကြပ်သည်။
တစ်ကမ္ဘာလုံး၌ စီရင်စု၉ခုထဲရှိ အဆင့်အမြင့်ဆုံး အဂ္ဂရိတ်ပညာရှင်များကလည်း အတော်လေး ဖြုန်လောက်သည်။ ဤလောကထဲ၌ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲကို အသုံးပြုပြီး ဆေးလုံးသန့်စင်သူ မရှိနိုင်လောက်ပေ။ မဟုတ်ပါလော။

အပိုင်း ၁၈၈ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset