စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၈၇ အနန္တကပ်ဘေး လက်ချောင်း။
” လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက လူသားမျိုးနွယ်စုထဲမှာ ဧကရာဇ်သွေးမျိုးဆက်ရှိတဲ့ နောက်ထပ် လူတစ်ယောက် ပေါ်လာတယ်။ ဒီနှစ်ယောက် ဟုတ်လောက်တယ်မလား ”
” သားရဲကပ်ဘေးက ကျရောက်တော့မယ်။ ဧကရာဇ်သွေးမျိုးဆက်ကို ဆက်ပေါ်ခွင့် မပေးနိုင်တော့ဘူး။ ဧကရာဇ်သွေးမျိုးဆက်ပြည့်တဲ့ သူတွေက များလွန်းတယ်။ သူက လေးနှစ်လောက် ကျင့်ကြံလိုက်မယ်ဆိုရင် သူမ ဘယ်လောက်သန်မာမလဲဆိုတာ ဘယ်သူ သိမှာလဲ ”
” သူသာ ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်သွားခဲ့မယ်ဆိုရင် ငါတို့ ပြင်ဆင်ထားတဲ့ အစီစဥ်ကြီးအတွက် ပြဿနာကြီးတစ်ခု ဖြစ်ပြီပဲ ”
” ဘာတွေကြောက်နေစရာလိုလဲ။ ဒီနေ့ ငါတို့သုံးယောက်လုံးက ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲတွေပဲ။ ငါတို့ သူ့ကို ဖမ်းမယ်ဆိုရင် သေချာပေါက် အသေးမွှားလေး ဖြစ်နေမှာ ”
” ငါတို့တွေက သူ့ကို ကြယ်ဆုံသော ကောင်းကင်ဆီ ခေါ်သွားပြီး အရှင်ကျားနတ်ဘုရားကို သူ့ကို ဝါးမြိုခွင့် ပေးလိုက်မယ်ဆိုရင် သူက လူသားမျိုးနွယ်စုရဲ့ ကယ်တင်ရှင် ဖြစ်မလာရုံတင်မကဘူး။ လူသားမျိုးနွယ်အတွက် ကပ်ဘေး ဖြစ်လာပြီး အရှင်ကျားနတ်ဘုရားကို အဆင့်တက်အောင်လည်း ကူညီပေးနိုင်လိမ့်မယ် ”
” ဂရုစိုက်ဦး။ လူသားမျိုးနွယ်က သူ့ကို ကာကွယ်ဖို့ အံ့ဖွယ်ချီရှန်းတချို့ စီစဥ်ထားလောက်တယ် ”
” ဒါ့အပြင် သူ့ရဲ့ အရှိန်အဝါကို သေချာပေါက် ချိတ်ပိတ်ထားမှာ။ ငါတို့ သူ့ကို ရှာမတွေ့ခင် ငါတို့ အရှိန်အဝါတွေကို ဖုံးကွယ်ထားမှရမယ်။ ရန်သူတွေကို သတိပေးမိစေမှာကို ရှောင်ရှားဖို့အတွက် လူသားတွေကို ငါတို့ ရောက်လာတာ သိခွင့်မပေးမှရမယ် ”
” ငါတို့ သူ့ကို ရှာပြီးရင် ကြယ်တာရာသားရဲနေရာဆီ ချက်ချင်း ခေါ်သွားရမယ်။ မနှောင့်နှေးကြနဲ့ ”
” ဟုတ်ကဲ့ ”
ယဲ့ရှောင်ဘက်တွင်မူ သူက ညစာ စားပြီးနောက် အိမ်သို့ ချက်ချင်း ပြန်လာလေ၏။ တိုင်းတာ၍မရသော ကပ်ဘေးလက်ချောင်းက အပြည့်အဝ ကျင့်ကြံပြီးသွားပြီ ဖြစ်သည်။ သူက ၄င်းကို စတင်ပေါင်းစည်းနိုင်၏။ သူ ပြန်ရောက်လာတာကို မြင်သောအခါ ဟွမ်လျိုလီသည် သူ့ကို ကြိုဆိုရန်အတွက် ရှေ့သို့ ချက်ချင်း တက်လာတော့၏။
” သခင် ပြန်လာတာ ကြိုဆိုပါတယ်။ ဒီနေ့ ကြယ်တာရာသားရဲ စားတော်ပွဲက အသင့်ဖြစ်ပါပြီ။ ဒီည ဘယ်လိုစားဖို့ စီစဥ်ထားလဲ ”
” ခါတိုင်းလို လုပ်တာပဲ ကောင်းတာပဲ။ အသားပလာတာ လုပ်ကြတာပေါ့ ”
” ဟုတ်ပြီလေ။ နားလည်ပါပြီ ”
သူ့နောက်ကို လိုက်လာတာ ကြာပြီးနောက် ဟွမ်လျိုလီသည် ပိုမို အသုံးဝင်လာတော့၏။ အတိတ်တုန်းက ယဲ့ရှောင်ကသာလျှင် ကိုယ်တိုင် ချက်ပြုတ်ခဲ့ရ၏။ လတ်တလော၌ ဟွမ်လျိုလီသည် ထိုတာဝန်ကို လက်ခံပြီး မိသားစု၏ စားဖိုမှူးခေါင်းဆောင် ဖြစ်လာတော့သည်။
ယင်းက ယဲ့ရှောင်ကို အချိန်ကုန် အတော်သက်သာစေသည်။ ထို့အပြင် ဟွမ်လျိုလီက သူမ၏ စံသတ်မှတ်ချက်အရ လုပ်သည့်အရာ ရှိ၏။ ယဲ့ရှောင်က သူမကို ဖိအားပေးခဲ့တာမဟုတ်။ သူမကိုယ်တိုင် ပြုလုပ်ခဲ့တာပဲ ဖြစ်သည်။
ထို့အပြင် ကျန်သည့် ပြောင်းလဲမှုများစွာ ရှိပေ၏။
ကြမ်းတိုက်ခြင်း၊ အဝတ်လျှော်ခြင်း၊ အိမ်ဝေယျဝစ္စများ အားလုံးကို ဥပမာ ယူနိုင်ပေ၏။ အတိတ်တုန်းက ဟွမ်လျိုလီသည် ထိုကိစ္စရပ်များကိုလည်း လုပ်ခဲ့ရ၏။ သို့သော် သူက သူမ အလုပ်လုပ်မလုပ် စောင့်မကြည့်နေလျှင် သူမက သူခြေအိတ်များကို ရေထဲတွင် စိမ်ထားပြီးနောက် အခြောက်ခံရန် အဝတ်ကြိုးတန်းပေါ် တန်းသွားတင်ထားလိုက်သည်။
ဟွမ်လျိုလီ၏ အဝတ်အစားများက မနံစော်သလို သူမ၏ ခြေအိတ်များကလည်း နံစော်နေခြင်း မရှိပေ။ သူမကဲ့သို့ ပုံရိပ်ယောင်ကြောင်က ညစ်ပတ်တတ်သည့် ခန္ဓာကိုယ်မျိုး မရှိပုံရသည်။ ရနံ့သင်းသင်းရှိနေလျက် သူမ၏ ဝိညာဥ်ပုံစံ ကျင့်ကြံခြင်း ပြသရန် ကူညီပေးတာ ဖြစ်လောက်သည်။
သူမက သင့်တော်စွာ မလျှော်ခဲ့လျှင် ယဲ့ရှောင်ကဲ့သို့ အသန့်ကြိုက်လွန်းသည့် လူတစ်ယောက်အဖို့ အင်မတန် မသက်မသာ ဖြစ်လိမ့်မည်။
ယခုအချိန်၌ သူမက ပိုတော်လာ၏။ သို့သော်ငြား ယဲ့ရှောင်သည် အချိန်တိုအတွင်း၌ သူမ၏ အကျင့်စရိုက် ပြောင်းလဲသွားတာကို နားမလည်နိုင်ပေ။ အမှန်တကယ်တွင် ဟွမ်လျိုလီ ကိုယ်တိုင်လည်း ထိုသို့ မဖြစ်ချင်တာကို ယဲ့ရှောင် မသိပေ။ ကြောင်များသည် ရေများကို အလွန်မုန်းတီးပြီး ရိုကျိုးရခြင်းကိုလည်း မုန်းတီးပေ၏။ သူမ မဟာနဂါးကို မတွေ့ခင်ထိ ဖြစ်၏။ အလွန်ခန့်ညားသည့် ဓါးမော့။ ထို့အပြင် ဝိညာဥ်အသိစိတ်ရှိသည့် ဓါးမော့ ဖြစ်သည်။ ယင်းက ဟွမ်လျိုလီကို ခြိမ်းခြောက်မှုအား ခံစားရစေ၏။
သူမသည် ယဲ့ရှောင်၏ လက်ထောက်တစ်ယောက်အနေဖြင့် သူမ၏ ရာထူးက အတော်လေး အန္တရာယ်များလာကြောင်း ခံစားမိသည်။
ယဲ့ရှောင်၏ ကျွန်အဖြစ် နှစ်ပေါင်း ၁၅၀၀နေမည်ဟု ပြောခဲ့သည်။ မဟာနဂါးက ယဲ့ရှောင်၏ ချစ်ခြင်းတရားကို လုယူသွားခဲ့ပြီး သူမသည် ယဲ့ရှောင် မောင်းထုတ်တာ ခံရလျှင် မည်သို့ဖြစ်မည်နည်း။ သူမသည် ကျန်သည့် ကြယ်တာရာသားရဲများ၏ ကံကြမ္မာအတိုင်း ကြုံတောင် ကြုံတွေ့ရနိုင်ကာ နေ့စဥ်နေ့တိုင်း သူတို့၏ အသားများ ဖြတ်တောက်ရန် ဖိအားပေးခံရမည်လော။
ထို့ကြောင့် ခေါင်းဆောင်ရာထူးကို တည်မြဲစေရေးအတွက် ဟွမ်လျိုလီသည် ယခုအချိန်၌ အလုပ် အလွန်ကြိုးစားနေတော့သည်။ သူမက အိမ်မွေးကြောင်လေး ဖြစ်လာသည့်ပမာပင်။ အလုပ်ကြိုးစားမည်။ သူမကိုသူမတောင် မမှတ်မိတော့သည့် အနေအထားထိ ဖြစ်၏။
သို့သော်ငြား ယင်းက လုံလောက်ရန် ဝေးသည်ဟု ခံစားမိသည်။ အကြောင်းမှာ လတ်တလော၌ မဟာနဂါးသည် သူမ၏ သခင်နှင့် မကြာခဏ အတူရှိနေကြောင်း တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ရံဖန်ရံခါ၌ သူမ သခင်၏ လက်ဖဝါးထဲသို့တောင် သူ တန်းဝင်သွားတတ်သည်။ ထို့ကြောင့် ယဲ့ရှောင်ကို ခစားရန်အတွက် ပိုတောင် ကြိုးကြိုးစားစား အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး သူမ သခင်၏ နှလုံးသားကိုပြန်ယူဖို့ စဥ်းစားလိုက်၏။ သူမကသာလျှင် မိသားစုထဲ၌ အတော်ဆုံး ကြယ်တာရာ အိမ်မွေးဆိုတာ သိစေချင်သည်။
သူမသည် လတ်တလော၌ အတွင်းစာလိပ်ဟုခေါ်သည့် အသုံးအနှုန်းတစ်ခုကို သင်ယူခဲ့ရသည်။ အတွင်းစာလိပ်က အောင်မြင်သရွေ့ သူမ၏ ရာထူးက ခိုင်မြဲနေလိမ့်မည်။ လက်ထောက်ခေါင်းဆောင်အနေဖြင့် သူမ၏ ရာထူး အပြည့်အဝ မတည်မြဲခင် ဟွမ်လျိုလီက တစ်ရက်လျှင် ၂၄နာရီလုံးလုံး သူမ သခင်ကို ခစားနိုင်၏။
ဒါကို ပြောနေရင်းနဲ့ သခင်နဲ့ ရင်းနှီးအောင် ငါ ဘယ်လိုလုပ်သင့်လဲ။ သခင်နဲ့ နေ့တိုင်း သွားအိပ်သင့်လား။ ပြောရရင် မဟာနဂါးက နေ့တိုင်း သခင့်ဘေးမှာ အိပ်နေတာလေ။ ငါအနားမှာ မရှိရင် သခင့်ကို သူ တိုးတိုးလေး ပြောနိုင်လောက်တယ်။ ငါ့အကြောင်း မကောင်းပြောမှာ သေချာတယ်။
ဟွမ်လျိုလီက ချက်ပြုတ်နေစဥ် ထိုအကြောင်းကို စတင်စဥ်းစားတော့၏။
တစ်ဖက်တွင်တွင်မူ အခန်းထဲသို့ ပြန်လာခါစ
ယဲ့ရှောင်သည် ရွှေရောင်အလင်းများ ပြည့်နေသော စာမျက်နှာကို ကြည့်လိုက်လေ၏။ သူကစိတ်ကောင်းဝင်နေကာ ရွှေရောင်စာအုပ်ကို စတင်ပေါင်းစည်းရန်အတွက် ညွှန်ကြားလိုက်သည်။
မကြာမီ၌ ရွှေရောင်စာအုပ်သည် တော်ဝင်အဆင့် ကျင့်စဥ်အသစ် အနန္တ ကပ်ဘေးလက်ချောင်းကို ပေါင်းစည်းလိုက်တော့သည်။
သူက ထပ်မံပြီး လှောင်ပြောင်မိပြန်တော့သည်။ ရွှေရောင်စာအုပ်က အမည်ပေးရာ၌ တကယ် အသုံးမဝင်ပေ။ နာမည်ကို သူကိုယ်တိုင်တောင် မတွေးတော့ပေ။ တိုင်းတာ၍မရသော ကပ်ဘေးလက်ချောင်းကို စကားလုံးတစ်လုံးသာ ပြောင်းလဲပြီး ကျင့်စဥ်အသစ်၏ နာမည်ဖြစ်လာတော့သည်။
သို့သော်ငြား ကြားရသည်မှာ အတော်ကောင်းလှ၏။ မိုက်ပုံပေါ်သည်။ အနည်းဆုံးတော့ သူ့လက်နက်ကို နာမည်ပေးတာထက်တော့ ပိုကောင်းသေးသည်။
ပြီးနောက် သူသည် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ကို အနန္တကပ်ဘေးလက်ချောင်းကို စတင်ကျင့်ကြံခိုင်းလိုက်တော့သည်။
တစ်ဖက်တွင်မူ သူက အနန္တ ကပ်ဘေလက်ချောင်း၏ ဝိသေသများကို စတင်လေ့လာနေ၏။ ကျန်သည့် ကျင့်စဥ်များနှင့် ယှဥ်လျှင် လက်ချောင်းသိုင်းက ပိုကြမ်းကြုတ်သည်။ အကြောင်းမှာ တူညီသည့် ဝိညာဥ်စွမ်းအင်ပမာဏကို လက်သီး သို့မဟုတ် လက်ဝါးသိုင်း၌ အသုံးပြုခဲ့လျှင် အကွက်ကြီးကြီးတစ်ကွက် ဖြစ်လာနိုင်သည်။ လက်ချောင်းသိုင်းကို အသုံးပြုလျှင် ကြီးမားပြီး ကြမ်းတမ်းသော အကွက်ကို တစ်သတ်မတ်တည်းအဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သည်။ တိုက်ခိုက်မှု၏ ဖိအား လျှော့ချခံရသည်နှင့် သူ၏ သေစေနိုင်မှုကလည်း ပိုတောင် ခိုင်မာလာလိမ့်မည်။
တိုတိုပြောရလျှင် လက်သီးသိုင်းနှင့် လက်ဝါးသိုင်းကို စကေးကြီးမားသည့် ကြမ်းတမ်းသည့် တိုက်ကွက်များဟူ၍ ခေါ်နိုင်ပေသည်။ လက်ချောင်းသိုင်းက တစ်ယောက်ချင်း တိုက်ခိုက်ရာ၌ သတ်ဖြတ်ရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်။
ထိုရှုထောင့်အရ ကျင့်စဥ်တိုင်းက အသုံးဝင်သည်။ လက်သီးသိုင်းနှင့် လက်ဝါးသိုင်းကို သင်ယူပြီးနောက် ကျန်သည့် ကျင့်စဥ်များကို သင်ယူရန် မလိုအပ်တော့ဟု မဆိုလိုပေ။
လက်ချောင်းသိုင်းက ပစ်မှတ်တစ်ခုသာ ဦးတည်သည့် တိုက်ကွက်များ ဖြစ်သည်။ လက်ချောင်းသိုင်းကမူ ကျန်သည့်သူများ၏ လှုပ်ရှားမှုကို အလွယ်တကူ ချုပ်နှောင်ထားနိုင်၏။ ယင်းက တိုက်ပွဲဝင်ရာ၌ အလွန်အသုံးဝင်သည့် စကေးလည်း ဖြစ်သည်။
ခြေသိုင်းကလည်း အလွန်သန်မာ၏။ ပစ်မှတ်တစ်ခုတည်း အားဖြစ်ပေးသော တိုက်ကွင်းပုံစံနှင့် ညီမျှလောက်သည်။ မည်သည့်နည်းနဲ့မဆို ပိုမို သင်ယူတာက ဘာမှမမှားပေ။ စကေးများ ပိုရှိခြင်းက လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ဝန်ထပ်ဝန်ပိုး ဖြစ်စေမှာ မဟုတ်ပေ။
နာရီအနည်းငယ် ကြာပြီးနောက် အောက်ထပ်ကနေ ထမင်းစားရန်အတွက် ဟွမ်လျိုလီ၏ ခေါ်သံက ထွက်ပေါ်လာ၏။
” သခင် စားဖို့ရပါပြီ ”
ထိုကလူတူတူ အသံက ယဲ့ရှောင်ကို အနည်းငယ်ကြက်သီးထသွားစေ၏။ သူက အနည်းငယ် မျက်မှောင်ကျုံ့ကာ အောက်ထပ်ဆင်းသွားလိုက်သည်။ မဟာနဂါးကလည်း ချက်ချင်း လိုက်ပါလာ၏။
ယခုအချိန်တွင် အပြင်ပိုင်း၌ လက်နက်တစ်ခု ဖြစ်နေချိန်တွင် သူက ယဲ့ရှောင်၏ လက်ဖဝါးကို ကပ်နေသည်။ အိမ်တွင် ရှိသည့်အချိန်၌ သို့မဟုတ် အပြင်လူများ မရှိချိန်၌ ၄င်း၏ သွင်ပြင်အစစ်အမှန်ကို ထုတ်ပြသည်။ ယင်းက ယဲ့ရှောင် ကတိပေးထားသည့် အရာဖြစ်၏။ သူသည် အတိုင်းအတာတစ်ခုအထိ လွတ်လပ်ခွင့် ပေးလိမ့်မည်။
နှစ်အတော်ကြာ ချိတ်ပိတ်ခံထားရပြီးနောက် တစ်ချိန်လုံး အချုပ်ခံထားရလျှင် ရူးသွပ်သွားလောက်သည်။ နေ့စဥ်နေ့တိုင်း အပိတ်ခံထားရမည်ဆိုလျှင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်၏။
ယဲ့ရှောင်သည် မဟာနဂါးကို ခေါ်လာပြီးနောက် ဟွမ်လျိုလီက မဟာနဂါးကို တစ်ချက်ကြည့်ကာ စိတ်ထဲ ကျိန်ဆဲလိုက်သည်။
လက်ပါးစေ။ ဘာကြောင့် နေ့တိုင်း သူ့လောက် နီးနီးကပ်ကပ် လိုက်နေရတာလဲ။ ငါ့ဆီကနေ သခင့်ရဲ့ မျက်နှာသာပေးမှုကို ယူဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။
” ဟမ် ငါရှုံးမှာ မဟုတ်ဘူး။ ခုနတုန်းက ငါအထက်တန်းကျောင်းသူဝတ်စုံတွေ ဝယ်ထားတယ်။ ဟီး ဟီး ဟီး ”
သူမ အဆင့်တက်လာသည်နှင့် ရှန်းထျန်းဆဌမအဆင့် ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် လူအသွင် ပြောင်းလဲပြီးနောက် သူမ၏ အရပ်အမြင့်က ၅ပေ ၂လက်မ ရောက်နေပြီ ဖြစ်သည်။ သူမက အရွယ်ရောက်ပြီးသား လူသား အမျိုးသမီးတစ်ဦးနှင့် မခြားပေ။ ရုပ်ရည်ကလည်း အလွန်ကြည့်ကောင်း၏။
ချီကီကဲ့သို့သော အမျိုးသားများ ကြိုက်နှစ်သက်သည့်အရာနှင့် မခုခံနိုင်သည့်အရာ ပေါင်းလိုက်သောအခါ မဟာနဂါးကို အလွယ်လေး နောက်ဆုတ်သွားအောင် လုပ်နိုင်၏။
တခြားနည်းလမ်း မရှိပေ။ မဟာနဂါးက သူမ၏ သခင်ကို မည်မျှ စိတ်ကျေနပ်စေကာမူ ယင်းက လက်နက်တစ်ခုသာ ဖြစ်သည်။ ထို့အပြင် ဓါးမော့လား ဓါးလားတောင် မပြောနိုင်ပေ။
ယဲ့ရှောင် ဆင်းလာမှာကို စောင့်ပြီးနောက် ဟွမ်လျိုလီသည် သူ့အတွက် ခုံတစ်လုံး ချက်ချင်း ဆွဲပေးလိုက်၏။ ပြီးနောက် ပန်းကန်တစ်လုံးနှင့် တူတစ်စုံကို ထုတ်လာပြီး ယဲ့ရှောင်အား လက်နှစ်ဖက်ဖြင့် ပေးလိုက်တော့သည်။
” သခင် ကျေးဇူးပြုပြီး သုံးဆောင်ပါ ”
” ခုတလော မင်း ဘာဖြစ်တာလဲ။ လဝက်လောက် ရှိနေပြီ။ အရင်ကနဲ့ သိပ်ပိုပိုပြီး မတူတော့ဘူး ”
ဟွမ်လျိုလီက ကလူတူတူ ရှက်ချင်ယောင်ဆောင်ပြီး ပြောလိုက်တော့၏။
” အိုး သခင်ကလည်း ကျွန်မက အခု အရွယ်ရောက်လာပြီလေ။ ဒီလိုက ပိုမကောင်းဘူးလား ”
” အော့ ”
ယဲ့ရှောင်က အန်ချင်လာသည်။ ရူးကြောင်ကြောင် ကြောင်၏ ဟန်ဆောင်သည့် အမူအယာများကို သူ သည်းမခံနိုင်ပေ။ သူမက TVပေါ်ရှိ မိန်းမပျက်များနှင့် အလွန်တူနေ၏။
” မင်း ပြောစရာရှိရင် ပြောသာပြော။ ကွေ့ဝိုက်နေစရာ မလိုဘူး ”
ဟွမ်လျိုလီက အနည်းငယ် မတရားသလို ခံစားလိုက်ရ၏။
” သခင် ဒေါသမထွက်ပါနဲ့။ နေ့တိုင်းနေ့တိုင်း မဟာနဂါးနဲ့ သခင် အလုပ်သွားနေတာပဲ တွေ့ရတာ။ အတူရေချိုးတယ်။ အတူအိပ်တယ်။ သခင် ကျွန်မအကြောင်း မေ့တော့မလို့ပဲ ”
” အော် ”
ယဲ့ရှောင်သည် နောက်ဆုံးတော့ ဘာဖြစ်နေမှန်း သဘောပေါက်သွားသည်။ သူ သိပေ၏။
ဟွမ်လျိုလီက လတ်တလော၌ ထူးထူးဆန်းဆန်း ပြုမူနေပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထူးဆန်းနေရသည့် အကြောင်းအရင်းကို သူ သိချင်နေတာပဲ ဖြစ်၏။ သူမ နေမကောင်းဖြစ်နေသလားဟုတောင် သူ သံသယဝင်ခဲ့သည်။
ယခုတော့မှ ဟွမ်လျိုလီ စိတ်ပူနေမှန်း သိလိုက်ရတာပဲ ဖြစ်သည်။
အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် သူက ဟွမ်လျိုလီ၏ ခေါင်းလေးကို ပုတ်ကာ သူမကို နှစ်သိမ့်လိုက်၏။
” မင်းကို ခံစားစေခဲ့တာ ငါ့ အမှားပါ ”
” သခင် ”
ဟွမ်လျိုလီ၏ မျက်ဝန်းတို့က အနည်းငယ် နီရဲသွားလေသည်။
” နောက်ဆုံးတော့ ဘာဖြစ်နေတယ်ဆိုတာ နားလည်သွားပြီပဲ။ ဒါဆို ဒီည ကျွန်မတို့လည်း ” ယဲ့ရှောင်က လေးနက်တည်ကြည်သော အမူအယာဖြင့် ခေါင်းညိတ်လိုက်၏။
” ရတာပေါ့။ ဒီည မင်း အိပ်ဖို့အတွက် မဟာနဂါးကို ဖက်ထားလို့ရတယ် ”
” ”
ယဲ့ရှောင်သည် ၄င်းကို ရှင်းရှင်းလင်းလင်း တွေးထားပြီးသား ဖြစ်၏။ သူက လူသားတစ်ယောက်ဖြစ်ပြီး ဟွမ်လျိုလီက သူမကို သူသည် ကျွန်တစ်ယောက်အဖြစ် ပြောင်းခဲ့သည့်အတွက် အမြဲတမ်း စိတ်ဓာတ်ကျနေခဲ့တာ ဖြစ်သည်။ သူမအဖို့ သူ့ကို ကြိုက်တာက သေချာပေါက် မဖြစ်နိုင်ပေ။ သူ ဤမိသားစုတွင် ဟွမ်လျိုလီနှင့် မဟာနဂါးသာ ရှိသည်။ ထို့အပြင် သူမ ဟွမ်လျိုလီ မဟာနဂါးကိုသာ ကြိုက်နိုင်သည် မဟုတ်ပါလော။
ရက်ပေါင်းများစွာ ကြာသည့်အထိ မဟာနဂါးက သူ့နောက် နီးကပ်စွာ လိုက်ပါလာသောကြောင့် ဟွမ်လျိုလီက မနာလိုဖြစ်နေတာ သေချာသည်။
ထို့ကြောင့် သူမ စိတ်ကျေနပ်စေပြီး မဟာနဂါးကို သူနှင့်အတူ ရှိနေအောင် သူ့ကို စိတ်ကျေနပ်အောင် လုပ်နေတာပဲ ဖြစ်ရမည်။ သူက အလွန်နားလည်တတ်ပြီး မှန်ကန်ဖြောင့်မတ်ပြီး သခင်တစ်ဦး ဖြစ်၏။ သူတို့က သူ၏ ကြယ်တာရာအိမ်မွေးနဲ့ သူ့ လက်နက်ဖြစ်နေသောကြောင့် သူတို့ အတူရှိမှုကို သေချာပေါက် တားမှာ မဟုတ်ပေ။
သူက ကူးပြောင်းလာလျှင်တောင် ချစ်ခြင်းတရား၏ လျှော့ပေါ့မှုအကြောင်းက အမြဲတစေ မှန်ကန်ပေ၏။ သူတို့ မျိုးနွယ်စုကို ချစ်ခြင်းတရားကျရောက်စေချင်၏။
” မဟာနဂါး ဒီညကစပြီး မင်း ဟွမ်လျိုလီနဲ့ အိပ်လိုက်တော့။ မင်းက လက်နက်တစ်ခုအဖြစ် သန့်စင်ခံထားရပေမဲ့ မင်းရဲ့ ဝိညာဥ်က နဂါးထီးတစ်ကောင်လေ။ မင်း ဟွမ်လျိုလီကို ကောင်းကောင်း ဂရုစိုက်ရမယ် ”
အပိုင်း ၁၈၇ ပြီး၏။