Switch Mode

Chapter – 186

နောက်ဆုံး လက်ချောင်း သိုင်း

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၈၆ နောက်ဆုံး လက်ချောင်းသိုင်း။

မျက်တောင်တစ်ခတ်အတွင်း အချိန်ကုန်ဆုံးသွားသည်။ လဝက်တာ ကုန်လွန်သွားလေ၏။ ရက်အနည်းငယ်အတွင်း သူ့မွေးစားသမီး တစ်လပြည့်မွေးနေ့ ကျင်းပမည်ဖြစ်ကာ ယဲ့ရှောင်၏ နောက်ဆုံး လက်ချောင်းသိုင်းက တိုးတက်မှု မရှိသေးပေ။
သို့သော်ငြား ကျင့်စဥ်တိုင်းက အဆုံးတွင် ရှာတွေ့ရန် အလွန်ခက်ခဲ၏။ ယဲ့ရှောင်က အလျင်မလိုပေ။ သူက ဖြည်းဖြည်းမှန်မှန်သာ တိုးတက်အောင် ဆောင်ရွက်နေ၏။
ယဲ့ရှောင်သည် ရှန်းထျန်းနဝမအဆင့်သို့ ရောက်ရှိပြီးနောက် တော်ဝင်ကျင့်စဥ်ကို ပေါင်းစည်းနိုင်မည်လားဆိုတာ မြင်တွေ့ရန် ပြင်ဆင်နေ၏။ သူက တော်ဝင်ကျင့်စဥ်များကို ပေါင်းစည်းနိုင်ခဲ့မည်ဆိုလျှင် နောင်ကြ အဆင့်နိမ့် ကျင့်စဥ်များကို ဆက်ရှာဖြစ်တော့မှာ မဟုတ်ပေ။ ထိုအစား နောက်ထပ် တော်ဝင်ကျင့်စဥ်များ ရရန် နည်းလမ်းများ တွေးရပေလိမ့်မည်။
အကြောင်းမှာ တော်ဝင်ကျင့်စဥ်များကသာလျှင် သူ့ကို အမြန်ဆုံး တိုးတက်အောင် ကူညီပေးနိုင်သောကြောင့် ဖြစ်၏။ ယင်း၌ ပြဿနာတစ်ရပ် ရှိနေသည်။ ထိုအချိန်၌ သူ သိုင်းစာကြည့်တိုက်ကနေ ထွက်သွားနိုင်မလားဆိုတာပဲ ဖြစ်သည်။ အနည်းဆုံးတော့ ကျန်းဟိုင်မြို့ရှိ သိုင်းစာကြည့်တိုက်ထဲတွင် ထိုသို့ တွေ့နိုင်မှာ မဟုတ်ပေ။ ဤနေရာ၌ ကျင့်စဥ်တချို့ က နည်းပါးလွန်းပြီး အထူးသဖြင့် တော်ဝင်ကျင့်စဥ် ဖြစ်သည်။ စာအုပ်တစ်အုပ်မှ ရှိမနေပေ။ မည်ကဲ့သို့ ရှာတွေ့မည်နည်း။
သို့သော်ငြား မြို့ကြီးများရှိ ထိပ်တန်းစာကြည့်တိုက်များကတောင် တော်ဝင်ကျင့်စဥ် များများစားစား ရှိပုံမရပေ။ စစ်မှန်သော တော်ဝင်ကျင့်စဥ်သည် ထိပ်တန်း မင်းဆွေမင်းမျိုး မိသားစုများထဲတွင်သာ ဝှက်ထားလေ့ရှိ၏။
ယဲ့ရှောင်သည် တစ်အုပ်ပြီးတစ်အုပ် သွားရောက်လုယူနိုင်ခြင်းလည်း မရှိပေ။
ထို့ကြောင့် နည်းလမ်းတစ်ခုသာ ရှိ၏။ အာကာသစစ်မြေပြင်သို့ သွားပြီး ကြယ်တာရာသားရဲများကို သတ်ဖြတ်ရန် ဖြစ်သည်။ ပြီးမှ နဂါးအမျိုးအစား သွေးမျိုးဆက်ဖြင့် ကြယ်တာရာသားရဲများဆီမှ တော်ဝင်ကျင့်စဥ်များကို ရယူပြီး ပေါင်းစည်းမှုကို ပြီးစီးအောင် လုပ်ရမှာပဲ ဖြစ်သည်။
မည်သည့်နည်းနဲ့မဆို ကျင့်ကြံခြင်းက ရပ်တန့်သွားမှာ မဟုတ်ချေ။ ယဲ့ရှောင်က သူ့ကိုသူ အသန်မာဆုံးဖြစ်အောင် လုပ်ရမည်။
သန်မာလွန်းသောကြောင့် သူနှင့် မည်သူမှ မယှဥ်နိုင်တော့သည့် အနေအထားထိ ဖြစ်၏။
” မင်း စာဖတ်နေပြန်ပြီ ”
ယဲ့ရှောင် စာဖတ်နေစဥ် လျိုချန်စွင်း၏ အသံကို ကြားလိုက်ရ၏။ ယဲ့ရှောင်သည် သူ ရောက်လာတာကို အာရုံခံမိပြီးသား ဖြစ်သည်။ ထို့ကြောင့် မအံ့သြသွားချေ။
” ကျွန်တော် ဘာမှလုပ်စရာ မရှိဘူး။ ဒါကြောင့် အချိန်ကုန်အောင် စာဖတ်နေတာပဲ ”
လျိုချန်စွင်းသည် သူဖတ်နေသော စာအုပ်ကို တစ်ချက်ကြည့်လိုက်၏။ ယင်းက ချီရှန်းအဆင့်တောင် မဟုတ်သည့် ချီရှန်းအဆင့်အောက် လက်ချောင်းသိုင်းပဲ ဖြစ်သည်။ ထိုကဲ့သို့ ကျင့်စဥ်မျိုးက သူ့ကို မျက်စိဖမ်းစားနိုင်ခြင်း မရှိပေ။
” မင်း စာအုပ်တော်တော်များများ ဖတ်တာ ငါ တွေ့မိတယ်။ ပြီးတော့ အားလုံးက သောင်းပြောင်းဖြစ်လွန်းအားကြီးတယ်။ မင်း အားလုံးကို မှတ်မိပြီး သူတို့ကို လေ့ကျင့်မယ်ဆိုရင် မင်းက သီအိုရီဆိုင်ရာ ပါမောက္ခတစ်ယောက် ဖြစ်လာလိမ့်မယ် ”
ဤလောကထဲ၌ ပါမောက္ခတစ်ဦးသည် သိုင်းပညာရပ်များ သိရန် မလိုပေ။ သိုင်းပညာ၌ ဗဟုသုတကြွယ်ဝလျှင် ပါမောက္ခတစ်ဦးလည်း ဖြစ်လိမ့်မည်။
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” ထားလိုက်တော့။ ကျုပ်က ကြုံသလို လှန်ကြည့်ရုံပါပဲ။ အချိန်ကုန် သက်သာဖို့ပဲလေ။ သူတို့ကို မှတ်မိဖို့ ဦးနှောက်သုံးရမယ်ဆိုရင် သေချာပေါက် လုပ်နိုင်မှာ မဟုတ်ဘူး ”
လျိုချန်စွင်းက ပြုံးလိုက်လေ၏။
” မင်း မစမ်းကြည့်ရင် လုပ်နိုင်မလုပ်နိုင်ဆိုတာ ဘယ်လိုလုပ် သိမှာလဲ ”
ခဏတာရပ်တန့်သွားပြီးနောက် သူက ထပ်ပြောလိုက်သည်။
” အော် ဟုတ်သား။ ​မင်း အဲ့ဒီကျန်းဟိုင်မြို့ကို ရောက်နေတာ ကြာပြီပဲ။ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာကို တွေ့ဖူးလား ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
လျိုချန်စွင်းက သူ့ဘာ့သာသူ ရယ်မောလိုက်သည်။
” ငါ တကယ် ဇဝေဇဝါ ဖြစ်မိတယ်။ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာက သိပ်ကို သိုသိပ်လွန်းတာ။ သူ့ကို တွေ့တောင် မတွေ့ရဘူး။ သူ့ကို ငါတောင် မတွေ့ရတာ။ မင်းလို သာမန်လူတစ်ယောက်ဆို ဘယ်လိုလုပ် တွေ့နိုင်မှာလဲ ” ချက်ချင်းပင် သူ၏ လေသံက နည်းနည်း လွန်သွားကြောင်း အာရုံခံမိလိုက်၏။ ထို့ကြောင့် သူက ချက်ချင်း တောင်းပန်လိုက်၏။
” တောင်းပန်ပါတယ်။ ငါ့စကားတွေက နည်းနည်း လွန်ကြူးရာ ရောက်သွားတယ် ”
” ကိစ္စမရှိဘူး။ ပြောရရင် ခင်ဗျားက အစတည်းက အံ့ဖွယ်ချီရှန်းတစ်ယောက်ပဲ။ ကျွန်တော်က သာမန်လူတစ်ယောက်ပဲလေ ”
ယဲ့ရှောင် စိတ်မရှိတာကို မြင်သောအခါ လျိုချန်စွင်းက သက်ပြင်းချလိုက်မိ၏။
” ငါ့ဘဝမှာ လေးစားရတဲ့သူ မရှိဖူးဘူးဆိုတာ မင်း မသိဘူး။ လွန်ခဲ့တဲ့ လဝက်တုန်းက တောင်တန်းတွေထဲ ဓါးမော့ဓါးဝိဇ္ဇာက တစ်ခါ ပေါ်လာဖူးတယ်။ သူ့ကို အဝေးကနေ လှမ်းကြည့်နေခဲ့တာ။ သူက ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါးလိုပဲ။ ကောင်းကင်ထဲမှာ မြင့်မြင့်မားမား ရပ်နေပြီးတော့ ဓါးတစ်ချက်တည်းနဲ့ တိမ်တွေကို ပိုင်းဖြတ်လိုက်တာလေ။ ငါလို ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ချီရှန်းကတောင် အဲ့ဒီ ဓါးချက်အောက်မှာ ပြာဖြစ်သွားမယ်ဆိုတာ ပြောရဲတယ်။ သူက သန်မာလွန်းပြီး မျက်စိကြိမ်းလောက်စရာပဲ။ နေတစ်စင်းလိုပဲ။ လူတွေကို လေးစားကြည်ညိုပြီး သူ့ကို ထပ်တွေ့ချင်စိတ် ဖြစ်ပေါ်စေတယ်။ ငါ သူ့ကို ကိုးကွယ်မိပြီ ”
ယဲ့ရှောင်က လျိုချန်စွင်း၏ အရူးအမူး သဘောကျနေသော အကြည့်ကို မြင်ပြီး မျက်ခုံး ပင့်လိုက်မိ၏။
အမှန်တကယ်တွင် ယဲ့ရှောင်က မည်သည့်နည်းနဲ့မဆို အံ့ဖွယ်ချီရှန်းတစ်ယောက် လေးစားကြည်ညိုတာ ခံရချိန်၌ ပျော်နေသင့်၏။ သို့သော်ငြား ယဲ့ရှောင်သည် ဘာကိုမှ မခံစားရပေ။ အန်ချင်သလိုတောင် ခံစားလိုက်ရ၏။
ဖြစ်နိုင်သည်မှာ လျိုချန်စွင်းက အမျိုးသားတစ်ယောက်ဖြစ်ပြီး အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ယောက် ဖြစ်နေသောကြောင့်လည်း ဖြစ်ဟန်တူ၏။
လျိုချန်စွင်းက သူ့ရှေ့တွင် ပေါ်မလာပဲ ထိုမျှ ချစ်ခင်စွာ ပြုမူနေခဲ့လျှင် ယဲ့ရှောင်က လက်ခံနိုင်လောက်သေးသည်။ သို့သော် သူ့ရှေ့တွင်မူ သူက ကြယ်ပွင့်နောက် လိုက်သူပမာ ဖြစ်နေလေ၏။ ယဲ့ရှောင်သည် ထိုကဲ့သို့ ချစ်ခင်ပြင်းပြသည့် ပုံဖြင့် ပြောနေတာကို မကြားနိုင်ချေ။
သို့သော်ငြား သူက ယဥ်ကျေးစွာ တုံ့ပြန်ရဦးမည်။
” ဒါဆို ခင်ဗျားရဲ့ စံပြပုဂ္ဂိုလ်နဲ့ မြန်မြန်တွေ့ဖို့ ဆုတောင်းပေးပါတယ် ”
လျိုချန်စွင်းက စိတ်အခြေအနေ ကောင်းနေ၏။ သူ၏ အကြည့်က ခိုင်မြဲကာ ပြောလိုက်တော့သည်။
” ငါ သူ့ကို သေချာပေါက် ရှာမယ်။ ငါ ဒီမှာ တစ်နှစ်နေဖို့ ဆုံးဖြတ်ထားတာ။ တစ်နှစ်အတွင်း စီနီယာ ဓါးမော့ဓါးဝိဇ္ဇာကို သေချာပေါက် ရှာမယ် ”
ယဲ့ရှောင်က တိတ်ဆိတ်သွားလေ၏။
” ခင်ဗျားရဲ့ အတွေးတွေကို ယုံကြည်မှု နည်းနည်း လွန်ကဲနေတာ မဟုတ်ဘူးလား။ စီရင်စု၉ခုက သူ့ကို တစ်နှစ်ပတ်လုံး ရှာနေခဲ့ပြီးတာလေ။ ခင်ဗျား သူ့ကို ရှာတွေ့နိုင်မယ်ဆိုတာ သေချာလို့လား ”
လျိုချန်စွင်းက မင်သက်သွားလေ၏။
” စီရင်စု၉ခုက သူ့ကို တစ်နှစ်ပတ်လုံး ရှာနေခဲ့တာလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” သူတို့တွေ ဓါးမော့ဓါးဝိဇ္ဇာကို ရှာတွေ့တဲ့အချိန်ကစပြီး သူ့ကို စရှာကြတော့တာပဲလေ။ အခုအချိန်အထိ ခြေရာလက်ရာ တစ်စက်မှ မတွေ့ရဘူး ”
ထိုသို့ပြောပြီးနောက် လျိုချန်စွင်း၏ မျက်နှာ ပိုမို လေးနက်တည်ကြည်လာတာကို သူ မြင်လိုက်ရသည်။ ယင်းက ယဲ့ရှောင်၏ နှုတ်ခမ်းထောင့်ကို အလိုလို ကွေးသွားစေ၏။ သိပ်ကောင်းတယ်။
ဒီနည်းနဲ့ ဒီကောင်က ဘယ်အချိန် နောက်ဆုတ်ရမလဲဆိုတာ သိပြီး ကျန်းဟိုင်မြို့ကနေ ထွက်သွားဖို့ ရွေးလောက်တယ်မလား။
သို့သော် နောက်တစ်စက္ကန့်၌ လျိုချန်စွင်းသည် တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်လေ၏။
” ဟုတ်ပြီ။ ကြည့်ရတာ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာက ရှာဖို့ မလွယ်တဲ့ပုံပဲ။ ဒီလိုဆိုမှတော့ ငါ ဒီမှာ နှစ်နှစ်နေဖို့ ဆုံးဖြတ်လိုက်ပြီ။ နှစ်နှစ်အတွင်း စီနီယာ ဓါးမော့ဓါးဝိဇ္ဇာက်ု သေချာပေါက် ရှာမယ် ”
” ”
သူသာ အစောတည်းက သိခဲ့လျှင် ဘာမှပြောခဲ့မှာ မဟုတ်ပေ။
အစက တစ်ဖက်သူသည် တစ်နှစ်အတွင်း စိတ်ပျက်မှုကြောင့် ထွက်သွားလောက်၏။ ယင်းက အဆင်ပြေနေသည်။ သူက နောက်ထပ် တစ်နှစ်ထပ်တိုးပြီး နှစ်နှစ်ဖြစ်လာတော့သည်။
နှစ်နှစ်လုံးလုံး အသက် ၄၀အရွယ် ဦးလေးကြီးက သူ့အပေါ် လေးစားမြတ်နိုးသည့်အကြောင်း ပြောနေသည်မည်ကို နှစ်နှစ်လုံးလုံး ကြားရတော့မှာကို တွေးမိသောအခါ ယဲ့ရှောင်က မသက်မသာ ဖြစ်လာတော့၏။
သူ ရှန်းထျန်းနဝမအဆင့်သို့ မြန်မြန်တက်ပြီး တော်ဝင်ကျင့်စဥ်များ ပေါင်းစည်းရန်သာ ဆန္ဒရှိတော့သည်။
တော်ဝင်ကျင့်စဥ်များ ပေါင်းစည်းပြီးနောက် သူက စာကြည့်တိုက်ထဲ၌ တစ်ချိန်လုံး နေတော့မှာ မဟုတ်ပေ။
” မင်းရဲ့ ဒီလက်ချောင်းသိုင်းက ချီရှန်းအဆင့်အောက်ပဲ ရှိတာ။ တကယ်တော့ သူ့ရဲ့ စွမ်းအားက အဲ့လောက် မကောင်းဘူး။ ဒါပေမဲ့ ငါက ဓါးသမားတစ်ယောက်။ ဒီတော့ မင်းကိုငါ ပြပေးနိုင်တဲ့ လက်ချောင်းသိုင်း ရှိမနေဘူး။ ဒါပေမဲ့ ဟိုမှာလက်ချောင်းသိုင်းတချို့ ရှိတဲ့ပုံပဲ။ စိတ်ဝင်စားတယ်ဆိုရင် မင်းသွားပြီး မင်းဘာ့သာမင်း ရှာကြည့်လိုက် ”
” အဲ့လိုလား။ ဒါဆို ကျွန်တော် အခု တစ်ချက် သွားကြည့်ဦးမယ် ”
ယဲ့ရှောင်ဘက်ခြမ်းရှိ စာအုပ်များထဲ၌ နောက်ဆုံး မတူညီသည့် အခြေခံ လက်ချောင်းသိုင်းကို ရှာတွေ့ရန် အလွန်ခက်ခဲသည်။ လက်ချောင်းသိုင်းပါသည့် စာအုပ်အားလုံးနီးပါးကို သူ ရှာခဲ့ပြီး ဖြစ်၏။ လျိုချန်စွင်း၌ စာအုပ်များ ရှိနေသောကြောင့် သူလည်း တစ်ချက် သွားကြည့်နိုင်သည်။
လျိုချန်စွင်းဘက်ခြမ်းကို သူ ရောက်သွားသည်။ ကံဆိုးသည်မှာ လျိုချန်စွင်း၏ ဧရိယာက ရှင်းလင်းနေလေသည်။ လျိုချန်စွင်းက သူ့ကို ရှာရန် အားစိုက်ထုတ်ထားတာပုံ ပေါ်၏။ ဤနေရာ၌ စာကြည့်တိုက်မှူး တစ်ယောက်အဖြစ် နေခြင်းကတောင်အတည်တကျ ဖြစ်နေလေသည်။
ပိုတောင် မထင်ထားသည်က ဖျောင်ကျန့်ရှန်က ဤနေရာ၌ သူ့ရှေ့ရှိ စာအုပ်ပုံကြီးတစ်ပုံ ရှိနေကာ ဤနေရာတွင် ရှိနေလိမ့်မည်ဆိုတာပဲ ဖြစ်သည်။
” မင်းလည်း ရောက်နေတာကိုး ”
ယဲ့ရှောင်က သူ့ကို နှုတ်ဆက်လိုက်၏။ ဖျောင်ကျန့်ရှန်က ခေါင်းမော့ပြီး လက်ကာပြကာ ဖတ်ရန် ခေါင်းငုံ့လိုက်တော့၏။
လျိုချန်စွင်းက ရှင်းပြလိုက်သည်။
” သူက အခု စီရင်စု၉ခုကို သူ့ရဲ့ နိုင်ငံသားရွှေ့ပြောင်းခွင့်အတွက် တင်နေတာ။ သူ အောင်မြင်သွားပြီ။ နောင်ကြ စီရင်စု၉ခုရဲ့ နိုင်ငံသားတစ်ယောက် ဖြစ်လာမယ်။ အခု သူက ကျန်းဟိုင်သိုင်းကျောင်းတော်ကို ဝင်ပြီး ဆရာဖြစ် လက်မှတ်ရအောင် ပြင်ဆင်နေတာ ”
” သူလည်း ဆရာတစ်ယောက် ဖြစ်ချင်တယ်လား ”
” သူ ဆရာတစ်ယောက်လုပ်ဖို့ အကြံပေးခဲ့တာ ငါပဲ။ တကယ်တော့ ဆရာဖြစ်တာက တိုးတက်ဖို့အတွက် အလွန်ကောင်းတဲ့ နည်းလမ်းပဲလေ။ သင်ကြားပေးနေရင်းကနေ သူ့ရဲ့ ချို့ယွင်းမှုတွေကိုလည်း ခံစားမိလာပြီး တိုးတက်လိမ့်မယ်။ ပြီးတော့ ကို့ကိုယ်ကို ပြီးပြည့်စုံအောင် လုပ်နိုင်မယ် ”
” ဒါ့အပြင် အခု ကျန့်ရှန်က သူ့ရဲ့ စိတ်အခြေအနေကို ထိန်းညှိရမှာလေ။ လတ်တလောမှာ သူက စီရင်စု၉ခုထဲ ဧကရာဇ်ရဲ့ သွေးမျိုးဆက်နှိုးထလာတဲ့ ချင်ယွိယန်ကို တွေ့ခဲ့တာ။ သူမရဲ့ ကျင့်ကြံမှုက တိုးတက်တာ အလွန်မြန်ဆန်ပြီး သူမ စိတ်အခြေအနေက အတော်လေး ဟန်ချက်မညီဘူး။ လတ်တလောမှာ သူ့ သိုင်းပညာရပ်ပေါ် နှလုံးသားက သိပ်မတည်ငြိမ်တော့ဘူးလေ ”
” ဒါကြောင့် သူ့ကို ဆရာဖြစ် လက်မှတ်ယူပြီး ဆရာတစ်ယောက် လုပ်ခိုင်းလိုက်တာပဲ။ သူ့စိတ်ခံစားချက်တွေ တည်ငြိမ်နိုင်မယ်လို့ ငါ မျှော်လင့်မိတယ် ”
” ကျွန်တော် သိပြီ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ ချင်ယွိယန် အမှန်တကယ် အဆင့်တက်သွားလိမ့်မည်ဟု သူ မထင်ထားပေ။ သို့သော် ထိုအကြောင်းကို ဂရုတစိုက် စဥ်းစားပြီးနောက် အဓိပ္ပာယ်ရှိကြောင်း သိလိုက်ရ၏။ ချီရှန်းတစ်ယောက် ဖြစ်လာပြီးနောက် သူမက ဧကရာဇ်သွေးမျိုးဆက် နှိုးထလာသည်နှင့် သူမ၏ ကျင့်ကြံဆင့်က အင်မတန် လျင်မြန်စွာ တိုးတက်လာလိမ့်မည်။
ထို့အပြင် စီရင်စု၉ခုထဲ၌ သူမကို လျင်မြန်စွာ ပျိုးထောင်နိုင်ရန်အတွက် အရင်းအမြစ်များစွာ မြုပ်နှံထားပေလိမ့်မည်။ ဤနည်းဖြင့် သူမက အဆင့်မတက်ချင်လျှင်တောင် အဆင့် လျင်မြန်စွာ တက်နေသေးမှာပဲ ဖြစ်၏။
သို့သော် လျိုချန်စွင်းရှေ့၌ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုတာ မကောင်းပေ။ ချင်ယွိယန် မည်သည့်အဆင့် တက်သွားကြောင်း သူ မြင်မှရမည်။ သို့မှသာ ဧကရာဇ်၏ သွေးမျိုးဆက် နှိုးထလာပြီးနောက် သူမကကောင်းကင်ကို ဖီဆန်နိုင်စွမ်း ရှိလာသည်လားဟု သူ ဆုံးဖြတ်နိုင်မှာပဲ ဖြစ်သည်။
ထားလိုက်တော့။ ငါ့ရဲ့ စာအုပ်တွေကို အရင်သွားကြည့်သင့်တယ်။
ယဲ့ရှောင်သည် ကျင့်စဥ်အချို့ကို သွက်သွက်လေး ရှာလိုက်သည်။ ကံဆိုးသည်မှာ ရှောင်လင် လက်ချောင်းသိုင်းအချို့အနက် ယဲ့ရှောင်သည် အားလုံးကို သင်ယူပြီး ဖြစ်နေသည်။
လက်ဖြောင့်သိုင်း၊ ဟာကြူလီမိုးကြိုးလက်ချောင်း၊ ယန်တစ်ပါးလက်ချောင်း။
ယဲ့ရှောင်သည် ဘာမှအလုပ်မဖြစ်ဟု တွေးလိုက်စဥ် ထောင့်ဘက်ရှိ လက်ချောင်းသိုင်းတစ်ခုကို ရုတ်တရက် တွေ့လိုက်ရ၏။
” တိုင်းတာ၍မရသော ကပ်ဘေးလက်ချောင်း ”
ယဲ့ရှောင်၏ မျက်လုံးက လက်သွားတော့သည်။ တိုင်းတာ၍မရသော ကပ်ဘေးလက်ချောင်းသည် သူ ယခင်က တစ်ခါမှ မကျင့်ကြံဖူးသည့် ကျင့်စဥ်တစ်မျိုး ဖြစ်သည်။ သူ့တွင် မရှိသော လက်ချောင်းကျင့်စဥ် ဖြစ်နိုင်သည်လားဆိုတာ မသိပေ။
ကျင့်စဥ်ကို အမြန်ဆွဲယူလိုက်ရာ ရွှေရောင်စာအုပ်၏ အံ့ဖွယ်ဝိညာဥ်က အလိုအလျောက် ခုန်ပေါက်လာတော့သည်။
ယဲ့ရှောင်၏ မျက်နှာက လင်းထိန်သွားလေ၏။ အောင်မြင်ပြီ။
ယင်းက အမှန်တကယ်ပင် နောက်ဆုံး လက်ချောင်းသိုင်း ဖြစ်သည်။ ၄င်းပေါင်းစပ်ရန် အချိန်ကျရောက်တိုင်း နောက်ဆုံးလက်ချောင်းသိုင်းကို ရှာတွေ့ချိန်၌ ရွှေရောင်စာအုပ်၏ အံ့ဖွယ်ဝိညာဥ်က တုံ့ပြန်မှုတစ်ခု ပေးသောကြောင့် ဖြစ်သည်။
ယဲ့ရှောင်က တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွား၏။ သူက နောက်ဆုံးတစ်ခုကို လေ့ကျင့်ချင်လျှင် စာအုပ်များ ပိုမို ဖတ်ရှုသင့်သည်။
ကျန်ရှိသည့် ခြေသိုင်းနှင့် လက်သည်းသိုင်းတို့ကိုလည်း မြှင့်တင်ရမှာပဲ ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူက စာအုပ်များ တစ်ခုပြီးတစ်ခု ရှာရန် မလိုတော့ပဲ စာအုပ်စင်တောက်လျှောက် သွားနိုင်ပြီပဲ ဖြစ်သည်။ သင့်တော်သည့် စာအုပ်ကို ထိလိုက်ချိန်တွင် ရွှေရောင်စာအုပ်၏ အံ့ဖွယ်ဝိညာဥ်ကအလိုအလျောက် ခုန်လာလိမ့်မည်။ သူက နောက်ဆုံးတစ်ခုကို ရှာတွေ့နိုင်မည် မဟုတ်ပါလော။
ထိုအစီအစဥ်က အတော်ပြီးပြည့်စုံ၏။
သို့သော်ငြား ယခုအချိန်၌ ယဲ့ရှောင်သည် သူ၏ နောက်ဆုံး လက်ချောင်းသိုင်းကို ဦးစွာ ဖတ်ရှုရပေမည်။ အလုပ်ဆင်းရန် အချိန်ရောက်တော့မှာ ဖြစ်၏။
ဒေါင်း။
နှစ်မိနစ်ခန့် ကြာပြီးနောက် အလုပ်ဆင်းရန် ခေါင်းလောင်းမြည်လာတော့သည်။ ယဲ့ရှောင်ကလည်း သူ၏ ရွှေရောင်စာအုပ်ထဲ၌ တိုင်းတာ၍မရသော ကပ်ဘေးလက်ချောင်းကို မှတ်သားပြီး ဖြစ်၏။ ရွှေရောင်စာအုပ်က စတင်ကျင့်ကြံနေပြီ ဖြစ်သည်။ သူသည် အိမ်သို့ ပြန်ရောက်သည့်အချိန်၌ ပြီးပြည့်စုံသည့် အနေအထားထိ ရောက်အောင် ကျင့်ကြံပြီးဖြစ်ကာ ပေါင်းစည်းနိုင်မှာပဲ ဖြစ်သည်။
တစ်ချိန်တည်းတွင် အလွန်ထူးကဲသည့် အရှိန်အဝါတို့ဖြင့် လူရိပ်သုံးရိပ်ကလည်း ကျန်းဟိုင်မြို့ပေါ်သို့တိတ်တဆိတ် ဆင်းသက်လာ၏။
သူတို့က သာမန်လူသားများနှင့် မတူညီသည့် ရုပ်ခန္ဓာရှိသည်။ အချို့က နွားသိုးတစ်ကောင်ပမာ သန်မာပြီး အချို့က ပင့်သက်ရှိုက်ရလောက်သည့် သေးကျင်းသော ခါးရှိသည်။
” ဒါက ကျန်းဟိုင်မြို့လား ”

အပိုင်း ၁၈၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset