စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၈၅ နောက်ထပ်ပစ်မှတ်။
ဝေါင်း။
နဂါးက တိုးတိုးသဲ့သဲ့ ဟိန်းလိုက်လေ၏။ ယင်းက ယဲ့ရှောင်၏ လက်နက်ဖြစ်ပြီး ယဲ့ရှောင်၏ ပြင်းထန်သော တိုက်ပွဲဝင်ဆန္ဒကို ခံစားမိ၏။
ယဲ့ရှောင်၏ တိုက်ပွဲဝင်လိုစိတ်က ၄င်း၏ တိုက်ပွဲဝင်လိုစိတ်ပဲ ဖြစ်သည်။ ကောင်းကင်ထဲရှိ လျှပ်စီးက စုဝေးနေသေးဆဲ ဖြစ်ပြီး တိုးလာ၏။
ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်ကလည်း နဂါး၏ ခန္ဓာထဲကို စတင်ထည့်ပေးနေသည်။ ထိုရူးလောက်ဖွယ် စွမ်းအားက အနည်းငယ်တောင် ကြောက်မက်ဖွယ် ကောင်းစေ၏။
ဒါက သခင့်ရဲ့ ကျင့်ကြံမှုလား။ အစွမ်းထက်လိုက်တာ။ ငါ့ရဲ့ အရင် သခင်ရဲ့ ဝိညာဥ်ကျင့်ကြံမှုထက်တောင် ပိုသန်မာသေးတယ်။ ဒီလိုအစွမ်းထက်တဲ့ သခင်နောက် လိုက်နေရတော့ ငါ့သခင်ကို သေချာပေါက် သိက္ခာကျစေလို့ မရဘူး။
နဂါးသည် ၄င်း၏ ခန္ဓာကိုယ် ထိန်းချုပ်ပြီးနောက်
ဝိညာဥ်စွမ်းအင်ကို သူ၏ တစ်ကိုယ်လုံးထဲ စီးဝင်စေကာ သူ့ကိုသူ ပြည့်ပြည့်စုံစုံ အခြေအနေထိ ချိန်ညှိလိုက်၏။
ကောင်းကင်ထဲရှိ မိုးကြိုးတိမ်တိုက်များ အမြင့်ဆုံးထိ စုဝေးသွားပြီး မိုးကြိုးလုံးသောင်းချီက တစ်ပြိုင်နက်တည်း ဆင်းသက်လာစဥ် ယဲ့ရှောင်က နောက်ဆုံး၌ လှုပ်ရှားလေ၏။
အောက်ခြေကနေ ကောင်းကင်ပိုင်းဖြတ်ခြင်း ဓါးက ၄င်း၏ စွမ်းဆောင်အား အကုန်ဖြင့် ပေါက်ကွဲသွားတော့၏။
နတ်ဘုရားအလင်းပမာ မျက်စိကြိမ်းလောက်အောင် တောက်ပသည့် အလင်းသည် ကောင်းကင်ထဲသို့ တန်းတန်းမတ်မတ် ရောက်သွားလေ၏။ ညှိုးရော်နေသော ခိုင်းခက်တစ်ခုကို အလွယ်တကူ ဖျက်ဆီးနိုင်သော ဖိအားဖြင့် ၄င်းသည် လျှပ်စီးလုံးတစ်သောင်းကို ချက်ချင်း ဖျက်ဆီးပစ်လိုက်၏။
ပြီးနောက် ၄င်းသည် တိမ်တိုက်များထဲ ဝင်သွားကာ ကောင်းကင်ထဲရှိ ဝဋ်ကြွေးချေတိမ်တိုက်ကို တိုက်ရိုက် ပိုင်းဖြတ်လိုက်ကာ ထိတ်လန့်ဖွယ် ဓါးရာကို ဖန်တီးလိုက်တော့သည်။
မြို့ပေါင်းများစွာကို လွှမ်းခြုံထားသည့် မိုးကြိုးတိမ်တိုက်…ကို ယဲ့ရှောင်၏ ဓါးက ဤနည်းအတိုင်း ပိုင်းဖြတ်လိုက်တော့သည်။
ထိုစဥ် ကောင်းကင်တစ်ခုလုံးက ပဥ္စလက်ဆန်မှုတစ်ရပ် ဆင်းသက်လာသည့်ပမာ ထင်မှတ်ရသည်။
မရေမတွက်နိုင်သည့် လူများက ထိုဓါးရောင်ခြည်ကြောင့် အင်မတန် ထိတ်လန့်သွား၏။
ရှေးယခင်ကစပြီး လူသားများက သဘာဝများအပေါ် ကိုးကွယ်ယုံကြည်မှုသည် တစ်ခါမှ မပျောက်ကွယ်ခဲ့ပေ။ လူတစ်ယောက်က သိုင်းပညာရပ်များ ကျင့်ကြံပြီး ကောင်းကင်ထဲ ပျံသန်းနိုင်မည်ဆိုလျှင်တောင် သဘာဝ၏ စွမ်းအားက လူသားများ အလွယ်တကူ ခုခံနိုင်သည့်အရာနှင့် ဝေးနေသေး၏။
သို့သော် ယခု တစ်စုံတစ်ယောက်က ကောင်းကင်ထဲရှိ ဝဋ်ကြွေးတိမ်တိုက်ကို ထပ်ပိုင်းပိုင်းပစ်ခဲ့သည်။
ထိုကျင့်စဥ်၊ ထိုခွန်အား။ လူတိုင်း၏ ရင်ထဲ၌ သူသည် သေမျိုးလောကသို့ ဆင်းသက်လာသူ ဖြစ်နေ၏။
ယဲ့ရှောင်၏ ဓါးက ရှန်းထျန်းနဝမအဆင့်၏ စွမ်းအားကို အမှန်တကယ် တက်လှမ်းနိုင်ခဲ့သည်။
လျိုချန်စွင်းသည် ထိုဓါးကို မြင်တွေ့ပြီးနောက် ထိတ်လန့်လွန်းသောကြောင့် တစ်ကိုယ်လုံး ထိတ်လန့်သွားပြီး ဝိညာဥ်ပါ ထုံထှိုင်းသွား၏။
သူ၏ အရှိန်ကို တက်စွမ်းသမျှ မြှင့်တင်ပြီးနောက် နောက်ဆုံးတွင် အတိုတောင်းဆုံးအချိန်အတွင်း သူက ထိုတောင်တန်းပေါ်သို့ ရောက်လာ၏။
အဝေးကနေ လက်ကိုင်ရိုးရှည် ဓါးမော့သို့မဟုတ် ဓါးတစ်လက်နှင့် တူသည့် လက်နက်ကို ကိုင်ထားသော အနက်ရောင် ပုံရိပ်ကို တွေ့လိုက်ရ၏။ ယင်းက မိုးနှင့်မြေကြား ဝင့်ကြွားစွာ ရပ်နေလေ၏။
ဒါက ဓါးမော့ဓါးဝိဇ္ဇာ။
ဓါးမော့ဓါးဝိဇ္ဇာပဲ ဖြစ်ရမယ်။
လျိုချန်စွင်းက အင်မတန် စိတ်လှုပ်ရှားသွား၏။ စိတ်လှုပ်ရှားလွန်းသောကြောင့် သူ၏ ဝိညာဥ်ကို မထိန်းချုပ်နိုင်တော့ပေ။ နှစ်ပေါင်းများစွာကြာသည့်တိုင် ယနေ့ကဲ့သို့ သူ တစ်ခါမှ စိတ်မလှုပ်ရှားဖူးပေ။
သူကိုယ်တိုင် ရှန်းထျန်းသတ္တမအဆင့်မှ ရှန်းထျန်းအဌမအဆင့်သို့ အဆင့်တက်ခဲ့သူ ဖြစ်သည့်တိုင် ယနေ့ စိတ်လှုပ်ရှားတာမျိုး တစ်ခါမှ မဖြစ်ဖူးပေ။
သူသည် ယခင်က တစ်ခါမှ မတွေ့ဖူးသည့် ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်နှင့် ဆုံတွေ့ခဲ့ပြီး သူ မည်သူမှန်း သိလိုက်ရသည်။ သို့သော် ထိုစဥ် တစ်ဖက်သူက ခြေလှမ်းများကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။
လျိုချန်စွင်း၏ သူငယ်အိမ်တို့ ကျုံ့သွားသည်။ ဓါးမော့ဓါးဝိဇ္ဇာ ထွက်သွားတော့မည်။
” စီနီယာ ကျေးဇူးပြုပြီး စောင့်ပါဦး ကျွန်တော် ”
ကံဆိုးသည်မှာ သူ ပြောတာ မပြီးသေးခင် ယဲ့ရှောင်က ချက်ချင်းပင် နတ်ဘုရား အာရုံစူးစိုက်ခြင်းကို ထုတ်ဖော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က သူ့ထက် ပိုမြန်ဆန်သည့် အလင်းစီးကြောင်းတစ်ခုအသွင် ပြောင်းလဲပြီး နေရာကနေ ချက်ချင်း ပျောက်ကွယ်သွားလေ၏။
” စီနီယာ ”
လျိုချန်စွင်းက သူ့နောက် လိုက်လာပြီး စိတ်ပျက်အားငယ်စွာ အော်လိုက်၏။ ကံဆိုးသည်မှာ ယဲ့ရှောင်သည် ထိုနေရာကနေ အပြည့်အဝ ပျောက်ကွယ်သွားပြီး ဖြစ်သည်။
သူက လက်သီးကျစ်ကျစ်ဆုပ်လိုက်၏။ သူ၏ စံပြပုဂ္ဂိုလ်နှင့် တွေ့ရန် တစ်လှမ်းသာ လိုတော့၏။
ထိုစဥ် ကျန်သည့်သူများကလည်း အခြားသော နေရာကနေ ပျံသန်းလာ၏။
” ဒါ လျိုချန်စွင်းပဲ ”
” ဓါးသူတော်စင် လျို။ ခုနတုန်းက အဲ့ဒီဓါးကို ခင်ဗျား လွှဲခုတ်လိုက်တာလား ”
လျိုချန်စွင်းက ခေါင်းခါပြီး သူ့ကိုသူ လှောင်ပြုံး ပြုံးလိုက်၏။
” ဒီလိုအဆင့် ဓါးအလင်းကို ကျုပ် ဘယ်လိုလုပ် ထုတ်နိုင်မှာတုန်း။ ဤလောကထဲမှာ ဓါးမော့ဓါးဝိဇ္ဇာတစ်ယောက်ပဲ ဒီလိုခွန်အား ရှိတာမလား ”
လူတိုင်းက ထိတ်လန့်သွားပြီး ဓါးမော့ဓါးဝိဇ္ဇာကို လေးစားမှုတို့ဖြင့် ပြည့်သွား၏။
” ဓါးမော့ဓါးဝိဇ္ဇာက ထင်တဲ့အတိုင်းပဲ ”
” သူက ငါ့မျိုးဆက်ရဲ့ စံပြပုဂ္ဂိုလ်ပဲ ”
လျိုချန်စွင်းက သက်ပြင်းချပြီး ခေါင်းခါလိုက်ကာ ကျန်းဟိုင်မြို့သို့ အမြန်ပြန်လိုက်သည်။
သူ၏ ကျင့်စဥ်ကို ထပ်မံ လှည့်ပတ်ပြီးနောက် ပတ်ဝန်းကျင်ရှိ မြင်ကွင်းများက လျင်မြန်စွာ ပြောင်းလဲသွား၏။ သို့သော်ငြား ထိုစဥ် သူ၏ သူငယ်အိမ်က ရုတ်တရက် ကျုံ့သွားလေ၏။
ထိုခံစားချက်။ မဟုတ်ဘူး။ အဲ့ဒီခံစားချက်က သူနဲ့ ယဲ့ရှောင် ညစာ စားပြီးတဲ့အချိန် သူ့နောက် အရိပ်ကလေးတစ်ခု ဖြတ်သွားတာနဲ့ တူတူပဲ။
အစောတုန်းက သူ အထီးကျန်တဲ့ ခံစားမှုပဲ။ စိတ်ပူပန်ခဲ့တာ။ ဒါပေမဲ့ အဲ့ဒီကိစ္စကို ဂရုမပြုခဲ့မိဘူး။ မှားယွင်းတွက်ချက်တာ။ မှားယွင်းတွက်ချက်တာ။
သူသည် ဓါးမော့ဓါးဝိဇ္ဇာကို တစ်ခါ တွေ့ဆုံပြီးသားဖြစ်နေလိမ့်မည်ဟု သူ မထင်ထားပေ။
ပိုတောင် မထင်ထားသည်က ဓါးမော့ဓါးဝိဇ္ဇာသည် ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ဦးသာ ဖြစ်ရုံမက တစ်ချိန်တည်းတွင် သူက ကိုယ်ဖော့သိုင်းကျွမ်းကျင်သူလည်း ဖြစ်၏။ သူ၏ အရှိန်ဖြင့် လျိုချန်စွင်းတောင် သူ့ကို လိုက်မမှီနိုင်ပေ။ ရယ်စရာကောင်းတာက သူသည် ဓါးမော့ဓါးဝိဇ္ဇာနှင့် တိုက်ခိုက်ချင်နေသေးတာပဲ ဖြစ်၏။
ဓါးမော့ဓါးဝိဇ္ဇာက သူ့ကို မတိုက်ခိုက်ချင်တာ အံ့သြစရာ မရှိတော့ပေ။ အကြောင်းမှာ ဓါးမော့ဓါးဝိဇ္ဇာက သူ့ကို တကယ် အထင်သေးနေသောကြောင့် ဖြစ်၏။
သူ အခွင့်အရေးကို မဖမ်းဆုပ်နိုင်တာ နှမြောစရာ ကောင်းလှပေသည်။ သို့သော် ဓါးမာ့ဓါးဝိဇ္ဇာကို ဆုံတွေ့လိုသည့် လျိုချန်စွင်း၏ စိတ်ဆန္ဒက ပိုတောင် ခိုင်မာလာတော့သည်။
သူက လက်သီးကျစ်ကျစ်ဆုပ်လိုက်၏။
” တစ်နှစ်။ တစ်နှစ်အတွင်း ခင်ဗျားကို တွေ့ရမယ်။ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာ ”
ထိုစဥ် ကြယ်ဆုံသော ကောင်းကင်ရှိ အမေရိကန်ဓာတ်ခွဲခန်းထဲ၌ သိပ္ပံပညာရှင်များက ထုတ်လုပ်ထားသည့် နောက်ဆုံးပေါ် တိုက်ခိုက်ရေး ဂျက်လေယာဥ်ကို ခေါင်းဆောင်အား တင်ပြနေ၏။
” ခေါင်းဆောင်ခင်ဗျာ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ယုံပေးပါ။ ဒီတစ်ခေါက် ကျွန်တော်တို့ သယ်လာတဲ့ တိုက်ခိုက်ရေး ဂျက်လေယာဥ်က အဆင့်အမြင့်ဆုံးဆိုတာ သေချာတယ် ”
” တကယ်လား ”
ခေါင်းဆောင်က သူ့ရှေ့ရှိ သိပ္ပံပညာရှင်တစ်စုကို သံသယဖြင့် ကြည့်လိုက်၏။ သူက ထိုလူများ၏ မှားယွင်းသော စကားလုံးများကို မယုံတော့ပေ။
သို့သော်ငြား တိုက်ခိုက်ရေး ဂျက်လေယာဥ်၏ နည်းပညာသည် အမေရိကန်၏ အားသာချက်တစ်ပိုင်း ဖြစ်၏။ ထို့ကြောင့် သူသည် ဤသုတေသနကို လက်မလျှော့ပဲ ဌာနတစ်ခု တည်ထောင်ခဲ့သည်။
” အဟုတ်ပါပဲ ခေါင်းဆောင်ခင်ဗျာ။ ကျေးဇူးပြုပြီး ကျွန်တော့်တို့ကို ယုံပေးပါ။ ဒီတစ်ခေါက် တိုက်ခိုက်ရေး ဂျက်လေယာဥ်ရဲ့ ကိုယ်ထည်ကို အားဖြည့်ဖို့အတွက် ကုန်ကြမ်းအသစ်တွေနဲ့ တိုက်ခိုက်ရေး ဂျက်လေယာဥ်ကို အစားထိုးထားပြီး အရင်အဖြစ်အပျက်တွေကို ဖြေရှင်းနိုင်မှာ။ အစွမ်းထက်တဲ့ တိုက်ခိုက်ရေးသမားနဲ့ ကြုံတွေ့ပြီးရင် တိုက်ခိုက်ရေး ဂျက်လေယာဥ် မထိခိုက်စေဘူးလို့ အာမခံပါတယ်။ တိုက်ပွဲဝင် လုပ်ဆောင်ချက်လည်း တိုးတက်လာတာပါ ”
ခေါင်းဆောင်က ခေါင်းညိတ်လိုက်၏။ ယခုအခေါက် သုတေသန၏ လမ်းကြောင်းက အတော်လေး ကောင်းမွန်ပေသည်။ ယခင်ကထက် ပိုအားကိုးရ၏။
ယခင်က သုတေသန၏ အရှိန်ကိုသာ သူတို့ စိုးရိမ်ပူပန်ခဲ့ကြသည်။ သို့သော်ငြား အရှိန်က အစွမ်းထက်လျှင်တော့ တိုက်ခိုက်ရေး ဂျက်လေယာဥ်၏ ခုခံမှု မလုံလောက်ကြောင်း သူတို့ မေ့ခဲ့ကြသည်။ သူတို့သည် အစွမ်းထက်သော သိုင်းပညာရှင်တစ်ဦး သို့မဟုတ် ကြယ်တာရာသားရဲတစ်ကောင်နှင့် ရင်ဆိုင်တွေ့ရလျှင် တစ်ချက်တည်းဖြင့် ဖျက်ဆီးခံရမှာပဲ ဖြစ်သည်။
အာကာသစစ်မြေပြင်ထဲ၌ ကြယ်တာရာသားရဲအရေအတွက် များပြားလွန်းသည်။ စူပါခွန်အားရှိပြီး မျိုးစိတ်များတောင် ရှိ၏။ သူတို့က ၄င်းကို ထိလာလျှင် တိုက်ခိုက်ရေး ဂျက်လေယာဥ်များ ပျက်စီးကုန်လိမ့်မည်။ ဘာအတွက် အသုံးပြုရတော့မည်နည်း။
ငွေကြေးမည်မျှ သုံးစွဲရစေကာမူ တိုက်ခိုက်ရေး ဂျက်လေယာဥ် မည်မျှများစွာ တည်ဆောက်စေကာမူ ယင်းက အချိန်ဖြုန်းရုံသာ ဖြစ်နေလိမ့်မည်။
” ဟုတ်ပြီ။ မင်းတို့ရဲ့ စမ်းသပ်ချက်ကို ကြည့်ဖို့ အချိန်နည်းနည်း ရှိတယ်။ စလိုက်ရအောင် ”
အားလုံးက အင်မတန် စိတ်လှုပ်ရှားသွားပြီး အမြန်ခေါင်းညိတ်လိုက်၏။
” ဟုတ်ပြီ ဟုတ်ပြီ။ စမ်းသပ်မှု အခု စတင်ပါပြီ ”
ပြီးနောက် သိပ္ပံပညာရှင်များက လေယာဥ်မှူးကို အခြေစိုက်စခန်းထဲကနေ တိုက်ခိုက်ရေး ဂျက်လေယာဥ် မောင်းနှင်လာရန် သွက်သွက်လေး အမိန့်ပေးလိုက်၏။ ပြီးနောက် သူတို့က တိုက်ခိုက်ရေး ဂျက်လေယာဥ်ရဲ့ သရုပ်ပြမှုကို စတင်ပြင်ဆင်တော့သည်။
” သွား ”
” ခွဲထွက် ”
” ဖြိုခွဲ ”
” ခွေ့ ”
စမ်းသပ်မှုက တရားဝင် စတင်တော့၏။ အမေရိကန် တိုက်ခိုက်ရေး ဂျက်လေယာဥ်သည် အလင်းတန်းအသွင် ပြောင်းလဲပြီး အခြေစိုက်စခန်းထဲကနေ အမြန်ထွက်လာလေ၏။ ပြီးနောက် ခမ်းနားသော အမူအယာဖြင့် သူတို့က ခပ်ဝေးဝေးဆီသို့ သွက်သွက်လေး ရောက်သွားသည်။
” ဒီတစ်ခေါက် တိုက်ခိုက်ရေး ဂျက်လေယာဥ်တွေက အတော်လေး ကောင်းတဲ့ပုံပဲ ”
ခေါင်းဆောင်က စိတ်ဝင်တစား ခေါင်းညိတ်လိုက်လေ၏။ သိပ္ပံပညာရှင်များက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဝန်ထုပ်ဝန်ပိုးကြီး ပြေလျော့သွားသည့်ပမာ ပြုံးလိုက်ကြသည်။
နောက်ဆုံးတွင် သူတို့က ဝေဖန်ခံရတာ ရပ်တန့်နိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် ထိုစဥ် ရုတ်တရက် ပေါက်ကွဲသံကြီး သုံးသံက အဝေးကနေ ပေါ်ထွက်လာ၏။
ဖုန်း ဖုန်း ဖုန်း။
ပြီးနောက် မီးတောက်သုံးလုံးက ပေါက်ကွဲလာလေ၏။
ဓာတ်ခွဲခန်းထဲရှိ လူတိုင်း အံ့သြဆွံ့အကုန်၏။ ထိုမြင်ကွင်းကို ကြောင်အသည့် အမူအယာဖြင့် ကြည့်နေလျက် ဘာဖြစ်သွားမှန်း မသိပေ။
” ဘာဖြစ်တာလဲ ”
ခေါင်းဆောင်က လန့်ဖြန့်ပြီးနောက် ဇဝေဇဝါဖြစ်နေသည့် အမူအယာဖြင့် မေးလိုက်၏။
စမ်းသပ်မှုကို တာဝန်ယူထားသည့် သိပ္ပံပညာရှင်များထဲမှ တစ်ယောက်က ဖြေလိုက်၏။
” မြန်လွန်းတယ်။ ကျွန်တော်တို့ အနားကို လျင်မြန်စွာ ချဥ်းကပ်လာတဲ့ စွမ်းအင်လှိုင်းတစ်ခုကို ရှာတွေ့ပြီ။ အဲ့ဒါက ဖြတ်သွားတာ အရမ်းမြန်လွန်းတယ်။ အခု ပျောက်သွားပြီ။ ဒါပေမဲ့ တိုက်ခိုက်ရေး ဂျက်လေယာဥ်တွေအားလုံး ဖျက်ဆီးခံလိုက်တာ ”
” ”
လူတိုင်းက ကြက်သေ သေကုန်၏။
…….။
ဘယ်လိုစွမ်းအင်မျိုးက ဒီလောက် အံ့သြဖို့ ကောင်းတာလဲ။ ခဏအတွင်း ဖြတ်သွားပြီး တိုက်ခိုက်ရေး ဂျက်လေယာဥ်တွေ အားလုံးကို တိုက်ရိုက် ဖျက်ဆီးလိုက်တယ်လား။ ဒါက လွန်လွန်းတယ် ဟုတ်ပြီလား။
ဒီတစ်ခေါက် သူက မျက်နှာတောင် မပြလာဘူး။ သူက လျှပ်ပြက်သလိုလား။ ဆော့ကစားတာပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား။
ယဲ့ရှောင်သည် ကျန်းဟိုင်မြို့သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ လျိုချန်စွင်း သူ့ကို ရှာချိန်၌ သူ ၄င်းကို အာရုံခံမိပြီ ဖြစ်၏။
သူသည် မဟာနဂါး၏ စွမ်းအားကိုလည်း စမ်းသပ်ခဲ့၏။ ယင်းက လုံလောက်သွားပြီ ဖြစ်သည်။
တော်ဝင်လက်နက်နှင့် မဟာနဂါး အံ့ဖွယ်ဝိညာဥ် တိုးလာမှုဖြင့် သူ ထုတ်ဖော်သည့် တိုက်ခိုက်မှုက သူ့ လက်ရှိ ခွန်အားထက် သာလွန်နေပြီ ဖြစ်သည်။ ရှန်းထျန်း နဝမအဆင့် သိုင်းပညာရှင်တစ်ယောက်နှင့် တိုက်ခိုက်ချိန်တွင် သူ အရေးနိမ့်မှာ မဟုတ်ပေ။
မဟာနဂါးကို အသုံးပြုခြင်းက ဝင်ရောက်တိုက်ခိုက်ရန် လိုအပ်သော်ငြား ကောင်းမွန်သည့် အကွက်တစ်ကွက်ဟူ၍ သတ်မှတ်၍ ရသည်။
ထို့အပြင် သူ၏ ခွန်အား တိုးလာမှုဖြင့် ဝိညာဥ်စွမ်းအင် ထုတ်ဖော်မှုကလည်း တိုးလိမ့်မည်။ နောင်၌ ဝင်ရောက်တိုက်ခိုက်ရန် အချိန်က ပိုတောင် တိုတောင်းလာပြီး သူ့အတွက် အသုံးပြုရတာ ပိုအဆင်ပြေလာလိမ့်မည်။
နောက်တစ်ဆင့်က သူ၏ ကျင့်ကြံဆင့်ကို ဆက်လက် မြှင့်တင်ရန် ဖြစ်သည်။
ယဲ့ရှောင်သည် ဟွမ်လျိုလီကို နော့ဖစ်နှင့် ကျန်သည့်သူများဆီမှ အသားနှင့် ဥများ နေ့စဥ်နေ့တိုင်း သွားယူခိုင်းခဲ့၏။ ထိုအံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများ၏ သွေးမြူစွမ်းအင်တို့၏ အကူအညီဖြင့် သူ၏ ကျင့်ကြံဆင့်က သေချာပေါက် မြှင့်တက်လာလိမ့်မည်။
တစ်ချိန်တည်းတွင် ကျင့်စဥ်များစွာ၏ အထောက်အကူဖြင့် သူ၏ ကျင့်ကြံဆင့် မြှင့်တင်ချိန်က နှေးကွေးသည်ဟု သတ်မှတ်၍ မရနိုင်တော့ပေ။
ထိုအတွက် အဓိက အကြောင်းအရင်းမှာ စိတ်စွမ်းအားကျင့်စဥ် နှစ်မျိုးဖြစ်သည့် ခရမ်းရောင်ကြယ်ပင်လယ်နှင့် ဓမ္မကျမ်းတို့ ရှိနေသောကြောင့် ဖြစ်သည်။
သူတို့နှစ်ခု ဝိညာဥ်စွမ်းအင်ကို စုပ်ယူသည့် အရှိန်က အမြန်ဆုံး ဖြစ်နေသည်။ သူ၏ ကျင့်ကြံဆင့်ကို မြှင့်တင်ရာတွင်လည်း အရှိန်က အမြန်ဆုံး ဖြစ်၏။ဖာ့ရှင်း၏ မြေပုံကြောင့် သူသည် ဓမ္မကျမ်းနှင့် ကျန်သည့် လက်ချောင်းသိုင်း လေးမျိုးကို ရှာတွေ့ခဲ့တာပဲ ဖြစ်သည်။
ယခု သူ၏ ပစ်မှတ်က လက်ချောင်းသိုင်းဖြစ်သည်။ နောက်ဆုံးတော့ လက်ချောင်းသိုင်းကို ဦးစွာ ရှာပြီးနောက် တော်ဝင်အဆင့် လက်ချောင်းသိုင်းအဖြစ် ပေါင်းစည်းပြီးနောက် နောက်ထပ်ကျင့်စဥ်ကို ထပ်ယူမှာပဲ ဖြစ်သည်။
အမှန်တကယ်တွင် ယဲ့ရှောင်သည် တစ်ခု ဝေဖန်ချင်၏။ ယင်းက ရွှေရောင်စာအုပ်ပဲ ဖြစ်သည်။
သူသည် စစ်ဆေးရန် ဝိညာဥ်စွမ်းအင်ကို အသုံးပြုခဲ့လျှင် ရွှေရောင်စာအုပ်ထဲ မဝင်နိုင်ပေ။ သူက တစ်ခုပြီးတစ်ခု ဖတ်ရပေလိမ့်မည်။
ထိုအကြောင်းအရင်းကြောင့် ယဲ့ရှောင်သည် သူ့အမြင်အာရုံကနေ ကျင့်စဥ်များကို တိုက်ရိုက်ကြည့်ရှုခြင်းက ရွှေရောင်စာအုပ်၏ တံဆိပ်အခြေအနေများကို ဖွင့်လှစ်နိုင်မည်ဟု မှန်းဆမိသည်။
စိတ်ခွန်အားက ရွှေရောင်စာအုပ်၏ စွမ်းအင်ကို မဖွင့်လှစ်နိုင်ပေ။
သူက ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးပြီး စစ်ဆေးခဲ့လျှင် တစ်နှစ်အတွင်း မရေမတွက်နိုင်သည့် သိုင်းကျမ်းမျိုးစုံကို ပေါင်းစည်းရလိမ့်မည်။
နောက်ထပ် အချိန်အတွင်း ယဲ့ရှောင်က သူ့အတိတ်ဘဝဆီသို့ ပြန်တွေးမိ၏။ သူ့ယခင် ဘဝပုံစံအတိုင်း ပြန်ရောက်သွားသည်။ နေ့စဥ်နေ့တိုင်း စာအုပ်များ ဖတ်ကာ အလုပ်ဆင်းပြီးနောက် ကြယ်တာရာသားရဲ အသားကို စား၏။
သူက ရှန်းထျန်းအဌမအဆင့်သို့ ရောက်နေပြီးသောကြောင့်လားမသိ။ ကြယ်တာရာသားရဲအသားနှင့် ဥများက ရှန်းထျန်းသတ္တမအဆင့်တွင် ရှိပြီး သူတို့ သွေးအဆီအနစ်များက မလုံလောက်တော့ပေ။
ဤနည်းဖြင့် ယဲ့ရှောင်က သူတို့ကို သတ်ပြီး ဆေးလုံးအဖြစ် သန့်စင်ပြီး ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲများကို ရှာသင့်လားဟု တွေးလိုက်သည်။
သို့သော် ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲများက ရှာရန် မလွယ်ကူချေ။ တစ်ချက်တည်းနှင့် ရှာတွေ့မှာ မဟုတ်ပေ။ ထို့ကြောင့် ယဲ့ရှောင်သည် ထိုအစီအစဥ်ကို လက်လျှော့လိုက်၏။ အစီအစဥ်အတိုင်း ဆက်သွားတာက ပိုကောင်းပေမည်။
အပိုင်း ၁၈၅ ပြီး၏။