စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၈၄ အံ့ဖွယ်လက်နက် ထွက်ပေါ်လာချိန်။ တစ္ဆေများနှင့် နတ်ဘုရားများ ကြောက်လန့်ကုန်။
တောအုပ်ထဲသို့ ရောက်လာပြီးနောက် ယဲ့ရှောင်သည် သူ ပြင်ဆင်ထားသည့် ကုန်ကြမ်းများကို ချက်ချင်း ထုတ်လိုက်လေ၏။
မူလရှိသည့် လက်ကိုင်ရိုးရှည် ဓါးမော့အပြင် သွေးနီသဲ၊ အနှစ်တစ်သောင်း ဥက္ကာခဲသံ၊ အနှစ်တစ်သောင်း အေးခဲ သံမဏိစိန် ၊ သွေးနီကျောက်စိမ်းတို့လည်း ရှိနေလေ၏။
ရှားပါးသော ကုန်ကြမ်းများစွာကို ယဲ့ရှောင်က ထုတ်လိုက်သည်။ ပြီးနောက် သူက အတွင်းရှိ အဆီအနစ်ကို စတင်သန့်စင်တော့၏။
အစွမ်းထက်သည့် နတ်ဘုရား လက်မှုပညာကို ထုတ်ဖော်လိုက်ချိန်၌ ၄င်းက ရှားပါးသော ကုန်ကြမ်းများ အားလုံး၏ အဆီအနစ်ကို ထုတ်ယူရာ၌ အလွန်လွယ်ကူသွားတော့သည်။ ထို့အပြင် တိကျသော အချိုးအရ ၄င်းသည် လက်ကိုင်ရိုးရှည် ဓါးမော့ထဲသို့ ဖြည်းဖြည်းချင်း ပေါင်းစည်းသွား၏။
ထိုကုန်ကြမ်းများ၏ အဆီအနစ်များ၏ ထည့်သွင်းမှုပြီးနောက် လက်ကိုင်ရိုးရှည် ဓါးမော့၏ အပေါ်ယံက စတင်နီလာပြီး အပူတက်လာလေ၏။
ထို့အပြင် အရှည်က တဖြည်းဖြည်းချင်း တိုးလာပုံရပြီး ပိုရှည်ပြီး ပိုကြီးလာတော့သည်။
မူလက ၄င်း၏ အရှည်သည် ၆ပေခန့်သာ ရှိခဲ့၏။ ယခုမူ တဖြည်းဖြည်းချင်း ၇ပေ တိုးသွားသည်။
ယဲ့ရှောင်က လက်ကိုင်ရိုးရှည် ဓါးမော့၏ သိပ်သည်းမှု မည်မျှ သန်မာကြောင်း ခံစားမိပြီး အထဲသို့ သွင်းနိုင်သည့် ဝိညာဥ်စွမ်းအင် မည်မျှ ခိုင်မြဲကြောင်း ခံစားမိ၏။
လက်နက်တစ်ခု၏ ခွန်အားသည် ဝိညာဥ်စွမ်းအင် ပေါင်းစည်းမှုကို ခံနိုင်ရည် ရှိမရှိနှင့် ဝိညာဥ်စွမ်းအင်ပမာဏ မည်မျှများစွာ ခံနိုင်ရည်ရှိလည်းဟူသည့်ပေါ် မူတည်နေတာပဲ ဖြစ်သည်။
လက်နက်တစ်ခု၏ အကြီးမားဆုံး အသုံးဝင်မှုက ၄င်း၏ ချဲ့ထွင်မှုကို တိုးစေနိုင်တာပဲ ဖြစ်သည်။
ဝိညာဥ်စွမ်းအင် ပိုသွင်းလေ ၄င်း၏ တိုးချဲ့မှုက ပိုသန်မာလေ ဖြစ်၏။
ယဲ့ရှောင်က သိပ့်သည်းအောင် ပြုလုပ်ပြီးနောက် လက်ကိုင်ရိုးရှည် ဓါးမော့၏ စွမ်းရည်သည် ကဏ္ဍအားလုံး၌ ယခင်နှင့်ယှဥ်လျှင် ၅ဆကျော် ပိုတိုးလာလေ၏။
မူလက ယဲ့ရှောင်သည် လက်ကိုင်ရိုးရှည် ဓါးမော့ကို ဝိညာဥ်စွမ်းအင်ဖြင့် ဖြည့်ချင်လျှင် သူက အချိန်ပိုတောင် လိုအပ်လာ၏။။
သူက လက်ကိုင်ရိုးရှည် ဓါးမော့ကို ဝိညာဥ်စွမ်းအင်အပြည့်အဝ ဖြည့်နိုင်မည်ဆိုလျှင် ယင်းက
ယဲ့ရှောင်၏ ခွန်အားနှင့် ညီမျှလာပေလိမ့်မည်။ နောက်အဆင့်လည်း တိုးလာလိမ့်မည်။ ယင်းက လက်ကိုင်ရိုးရှည် ဓါးမော့အဖို့ ရှန်းထျန်းနဝမအ
ဆင့်ကို ကျော်တက်သွားဖို့က ပြဿနာတစ်ရပ် မဟုတ်တော့တာ သေချာ၏။
သိုင်းပညာရှင်များစွာ တိုက်ခိုက်ချိန်၌ တစ်ဖက်သူက အချိန်အတော်ကြာသည်အထိ ဝိညာဥ်စွမ်းအင်များ ပေါင်းစည်းရန် အခွင့်အရေးပေးမှာ မဟုတ်ပေ။
သို့သော်ငြား ယင်းက ယဲ့ရှောင်အတွက် တိုးတက်မှုကြီးတစ်ရပ် ဖြစ်နေသေးသည်။ အကြောင်းမှာ လက်ကိုင်ရိုးရှည် ဓါးမော့၏ ချဲ့ထွင်မှုကလည်း ပိုသန်မာလာကြောင့် ယဲ့ရှောင်အတွက် တိုးတက်မှုကြီးတစ်ရပ် ဖြစ်နေသေးသည်။ ထိုနည်းတူ သူက ရေတစ်ဇလုံကို လောင်းထည့်ပြီး ၅၀ဒီဂရီ ဆဲစီးယပ်ထိ အပူပေးပြီးနောက် ၁၀၀ ဒီဂရီ ဆဲစီးယပ်အထိ အပူပေးလိုက်ကာ ၄င်း၏ သေစေနိုင်မှုက သေချာပေါက် ကွဲပြားသွားတာမျိုးနှင့် ဆင်တူပေ၏။
နောက်ထပ်တစ်ချက် ရှိသေးသည်။ ယဲ့ရှောင်အဖို့ လက်ကိုင်ရိုးရှည် ဓါးမော့ကို ဝိညာဥ်စွမ်းအင်ဖြင့် တစ်ခါတည်း ဖြည့်ဖို့က မဖြစ်နိုင်သော်ငြား သူ၏ ကျင့်ကြံဆင့် တိုးလာသည်နှင့် ရှန်းထျန်းနဝမအဆင့်က မည်သို့ဖြစ်လာမည်နည်း။
ဒဏ္ဍာရီလာ ဘုရင်နယ်ပယ်အကြောင်းက မည်သို့ဖြစ်မည်နည်း။ ဧကရာဇ်နယ်ပယ်ကရော။
ထိုအချိန်ရောက်လျှင် သူက လက်ကိုင်ရိုးရှည် ဓါးမော့ကို တစ်ပါတည်း ဖြည့်နိုင်မှာ သေချာ၏။
ထိုအချိန်ရောက်လျှင် လက်ကိုင်ရိုးရှည် ဓါးမော့၏ ချဲ့ထွင်မှုလည်း ဆက်လက် တိုးလာမည်ဖြစ်ကာ ယဲ့ရှောင်၏ အသိစိတ်များလည်း တိုးလာလိမ့်မည်။
မကြာမီ၌ ကုန်ကြမ်းများ၏ ပေါင်းစည်းမှုက ပြီးပြည့်စုံသွားသည်။ လက်ကိုင်ရိုးရှည် ဓါးမော့က ယခုအချိန်တွင် ပေါင်းစည်းနိုင်သည့် အကန့်အသတ်သို့ ရောက်နေပြီး ဖြစ်သည်။ သူက နောင်၌ ရှေ့ဆက်တိုးတက်ချင်မည်ဆိုလျှင် ပိုကောင်းပြီး ပိုမြင့်မားသည့် ကုန်ကြမ်းအစစ်ကို ရှာရပေမည်။
ထိုအချိန်၌ သူက နဂါးဝိညာဥ်ကိုလည်း အထဲသို့ သွင်းလိုက်၏။
ယဲ့ရှောင်သည် နဂါးဝိညာဥ်ပါသည့် သံမဏိသေတ္တာနှင့် သခင်၏ သွေးအဆီအနစ်ကို ထုတ်လိုက်သည်။
ရှေးဦးစွာ သူက သွေးအဆီအနစ်ကို ထုတ်ပြီးနောက် ၄င်းကို လက်ကိုင်ရိုးရှည် ဓါးမော့ထဲ စုပ်ယူခိုင်းလိုက်တော့သည်။
ဘန်း။
ထျန်း။
ယဲ့ရှောင်က ထိုလှုပ်ရှားမှုများ ပြုလုပ်ပြီးချိန်၌ မျက်တောင်တစ်ခတ်အတွင်း အနက်ရောင်တိမ်တိုက်တစ်လွှာက ကောင်းကင်၌ စတင်လွှမ်းခြုံတော့သည်။
ယဲ့ရှောင်အကြည့်က အနည်းငယ် လှုပ်ရှားသွား၏။ ထင်တဲ့အတိုင်း ရောက်လာသေးတာပဲ။
သူ ခန့်မှန်းတာ မှန်ပေ၏။ သိုင်းပညာရှင်တစ်ယောက်၏ ကျင့်ကြံဆင့်သည် အဆင့်တစ်ခုသို့ ရောက်ရှိသည့် အချိန်တွင် လက်နက်နှင့် ဆေးလုံးများက လူ့လောက၏ အကန့်အသတ်ကို ကျော်လွန်သွားသောအခါ ကောင်းကင်ဘုံက လျှပ်စီး၊ မိုးကြိုး၊ လျှပ်စီးဝဋ်ကြွေးကို ဆင်းသက်စေ၏။
ယင်းက လက်ရှိ လေဟာနယ်ထဲ၌ ယန္တရားတစ်ခုကို ဖွင့်လိုက်တာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ယန္တရားက ပေါ်သွားလျှင် ဖွင့်ပြီးသား ဖြစ်သွားလိမ့်မည်။ ထိုယန္တရားက မပေါ်လျှင် ဖွင့်ပြီးသား ဖြစ်မှာမဟုတ်ပေ။
သို့သော် သူက ပြုလုပ်ရန် ဆုံးဖြတ်ပြီး ဖြစ်နေသောကြောင့် ရပ်တန့်တော့မှာ မဟုတ်ပေ။
အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် နဂါးဝိညာဥ်ပါသည့် သေတ္တာကို ဖွင့်ရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ဘန်း။
သေတ္တာဖွင့်ခါစ၌ ကောင်းကင်ကနေ ပြင်းထန်သည့် ပေါက်ကွဲသံကြီးတစ်သံက ချက်ချင်း ပေါ်ထွက်လာ၏။ ရေပုံးလောက်ထူသည့် လျှပ်စီးလုံးက ယဲ့ရှောင်၏ ခေါင်းထိပ်သို့ ပစ်ချတော့သည်။
ဧရာမနဂါး အံ့ဖွယ်ဝိညာဥ်သည် မိုးနှင့်မြေကြား၌ ပျောက်ကွယ်သွားသင့်၏။ သို့သော်ငြား ယဲ့ရှောင်က ၄င်းကို လက်နက်အဖြစ် ပေါင်းစည်းရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဆိုလိုသည်က ဤလောကထဲ၌ ဆက်နေထိုင်နိုင်ရန် သူ့ကို နောက်ထပ် အခွင့်အရေး ပေးနိုင်ရုံသာမက တစ်ချိန်တည်းတွင်လည်း အချိန်အတော်ကြာ နေထိုင်ခွင့်လည်း ပေးနိုင်၏။
ထိုလုပ်ရပ်က အချို့သော မမြင်ရသည့် စည်းမျဥ်းများကို ထိသွားပုံပေါ်သည်။
အစွမ်းထက်သော လျှပ်စီးက ကောင်းကင်၏ အမြင့်ဆုံး စွမ်းဆောင်ရည်နှင့် ပေါင်းစည်းသွား၏။ ဧရာမနဂါး အံ့ဖွယ်ဝိညာဥ်က အင်မတန် အစွမ်းထက်သော ဝိညာဥ်ဖြစ်သည့်တိုင် ယခုအချိန်၌ တုန်ယင်မိသွားသည်။
ကောင်းကင်ဘုံ၏ စွမ်းဆောင်မှု ရှေ့မှောက်၌ မည်သည့် အစွမ်းထက်သည့် သတ္တဝါများမဆို သေးသိမ်သွား၏။
သို့သော်ငြား အဆုံးတွင်မူ ၄င်းက ယဲ့ရှောင်၏ ကာကွယ်ခြင်းစွမ်းအားဖြင့် ပိတ်ဆို့ခံလိုက်ရသေးသည်။
သို့သော် ယင်းက ပထမအပိုင်းသာဖြစ်ပြီးသတိပေးချက်တစ်ခုသာဖြစ်ကြောင်း ယဲ့ရှောင် သိနေလေ၏။ မရေမတွက်နိုင်သည့် မိုးကြိုးများ ရှိနေသေးပြီး လက်နက်သန့်စင်မှု ပြီးမြောက်သည့်အထိ ဆက်ခံနေရဦးမှာပဲ ဖြစ်သည်။
” နဂါးဝိညာဥ် မင်း ဓါးမော့ထဲ ဝင်မှာလား။ မဝင်ဘူးလား ”
တင်းမာသည့် အော်သံက နဂါးဝိညာဥ်ကို ထိတ်လန့်နေရာက သတိဝင်လာစေ၏။ သူက ချက်ချင်း ရွှေရောင်အလင်းရောင်ခြည်အဖြစ် ပြောင်းလဲကာ လက်ကိုင်ရိုးရှည် ဓါးမော့ထဲ တစ်ဟုန်ထိုး ဝင်သွားလိုက်၏။ ထိုစဥ် မိုးကြိုးတိမ်တိုက်တို့က အပြည့်အဝ ဒေါသထွက်သွားပုံပေါ်၏။
မိုးကြိုးတစ်ခုပြီးတစ်ခု ယခင်ကထက် ပိုသိပ်သည်းလာကာ ရူးသွပ်စွာ ကျလာတော့၏။ နားကြိမ်းစေသည့် ဟိန်းသံများပါ လိုက်ပါလာပြီး လျှပ်စီးနဂါးအသွင် ပြောင်းလဲသွားပြီး ယဲ့ရှောင်၏ ခေါင်းဆီသို့ ဦးတည်တော့၏။
ဖုန်း ဖုန်း ဖုန်း ဖုန်း။
ကြီးမားပြီး သိပ်သည်းသော လျှပ်စီးစွမ်းအင်က ယဲ့ရှောင်၏ ခန္ဓာကိုယ်ကို ပစ်ခတ်တော့သည်။
ယဲ့ရှောင်က စိတ်လေးသွား၏။ သူက ဖျက်ဆီး၍မရသော စိတ်နတ်ဘုရားသိုင်းကို ထုတ်ဖော်ရန် ခွန်အားအကုန် အသုံးပြုလိုက်သည်။ တစ်ချိန်တည်းတွင် သူ၏ ကိုယ်ပိုင် ဝိညာဥ်စွမ်းအားကို သံချပ်ကာထဲသွင်းကာ လျှပ်စီးကို ခုခံလိုက်၏။
လက်ကိုင်ရိုးရှည် ဓါးမော့ကလည်း လျှပ်စီး၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိသည်။ အတွင်းရှိ နဂါးဝိညာဥ်က ကြောက်လန့်နေပုံပေါ်ပြီး လက်ကိုင်ရိုးရှည် ဓါးမော့အတွင်းရှိ လေဟာနယ်ထဲ၌ ရှောင်တိမ်းရန် ဆက်လက် ကူးခတ်နေသည်။
ယဲ့ရှောင်၏ အမူအယာက အေးစက်သွားတော့၏။
” မင်းက အမှိုက်လား။ ဒါ အသက်ရှင်ဖို့ မင်းရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။ မင်းကကောင်းကင်ဘုံကို တိုက်ခိုက်မလား။ ဒါမှမဟုတ် အသတ်ခံပြီး ပြာအဖြစ် ပြောင်းလဲမလား။ ငါ မင်းနဲ့အတူ မိုးကြိုးပစ်ခံနေတယ်လေ။ ငါ မကြောက်ဘူး။ မင်းက ဘာတွေ ကြောက်နေတာလဲ ”
ထိုစကားကို ကြားသည့်အချိန်၌ နဂါးဝိညာဥ်၏ ဝိညာဥ်ခန္ဓာက လှုပ်ခါသွားသည်။ ဟုတ်တယ်။ ဒါက သေမလား ရှင်မလားပဲ။
တစ်ခုတည်းသာ ရှိသည်။ သူသည် သားရဲနတ်ဘုရား မဟာမိတ် ချိတ်ပတ်ထားတာကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီး မသေခဲ့ပေ။ ယခု သူ၏ သခင်က ဘေးတွင် ရှိနေလေ၏။ အခွင့်အရေးကို အရမယူလျှင် ဘာမှကောင်းတော့မှာ မဟုတ်ပေ။
ဝေါင်း။
၄င်းက ဟိန်းသံတစ်ချက် ပေါ်ထွက်လာပြီးနောက် ၄င်း၏ ဝိညာဥ်ခန္ဓာဆီသို့ လျှပ်စီး ထိခိုက်မှုများကို ခံနိုင်ရည် ခံလိုက်သည်။ လက်ကိုင်ရိုးရှည် ဓါးမော့ထဲ ကူးခတ်နေပြီးနောက် ၄င်း၏ ဝိညာဥ်ခန္ဓာနှင့် ဓါးမော့ကို ပေါင်းစည်းကာ တော်ဝင်လက်နက်ထက် သာလွန်သည့် အံ့ဖွယ်လက်နက်တစ်ခုကို ဖွဲ့တည်လိုက်၏။
ထိုအချိန်၌ လျှပ်စီးသည် ၄င်းကို သန့်စင်ရန် ကိရိယာတစ်ခု ဖြစ်လာတော့၏။ ၄င်း ပစ်ခတ်ချိန်တိုင်း၌ ဝိညာဥ်ခန္ဓာက လက်ကိုင်ရိုးရှည် ဓါးမော့နှင့် ပိုပြီး သိပ်သည်းလာလေ၏။
မကြာမီ၌ နဂါးကြေးခွံများက ဓါးသွားပေါ်၌ ဖွဲ့တည်လာသည်။ နဂါးကြေးခွံတိုင်း၌ လျှပ်စီးသဏ္ဍန်များ ပါဝင်နေ၏။ ယင်းက ဆန်းကြယ်ပြီး အစွမ်းထက်သည်။
တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်။
ပတ်ဝန်းကျင်တောင်တန်းများသည် လျှပ်စီးကြောင့် ဖြတ်တောက်ခံလိုက်ရသည်။ ထိုကဲ့သို့ ပြင်းထန်သော ပတ်ဝန်းကျင်၌ လက်ကိုင်ရိုးရှည် ဓါးမော့သည် ၄င်း၏ ဆင့်ကဲပြောင်းလဲမှု နောက်ဆုံးတော့ ပြီးစီးသွားသည်။
အပြည့်အဝအားဖြင့် ၇၇၄စက္ကန့် ခုတ်ပိုင်းခံရပြီးနောက် ဖြစ်သည်။
ဝေါင်း။
ထိတ်လန့်ဖွယ် ဟိန်းသံက ကောင်းကင်ထဲ၌ ပေါ်ထွက်လာလေ၏။
ယခင်က နဂါးဟိန်းသံကို မကြားရပေ။ ဝိညာဥ်စွမ်းအင်ကို ကျင့်ကြံသူများသာ မြင်နိုင်၏။
ထိုနဂါး၏ ဟိန်းသံက နဂါးအစစ်၏ ဟိန်းသံ ဖြစ်သည်။
ယခုအချိန်၌ ယဲ့ရှောင်၏ လက်ကိုင်ရိုးရှည် ဓါးမော့က နောက်ဆုံး၌ တော်ဝင်လက်နက်ထက် သာလွန်သည့် လက်နက်အဖြစ် ဆင့်ကဲပြောင်းလဲသွားပြီ ဖြစ်သည်။
၄င်း၌ ကိုယ်ပိုင် အသိစိတ်ရှိနေရုံသာမက ယဲ့ရှောင်နှင့်လည်း တိုက်ခိုက်နိုင်၏။
တစ်ချိန်တည်းတွင် ယဲ့ရှောင်၏ ဝိညာဥ်စွမ်းအင်အားဖြည့်ပေးမှုဖြင့် ၄င်း၏ ကြမ်းတမ်းမှုက အဆပေါင်းများစွာ တိုးလာတော့သည်။
လက်နက်လောကထဲတွင် ၄င်းကို ယှဥ်နိုင်သည့်အရာက ရှားပေလိမ့်မည်။
ကျန်းဟိုင်တစ်မြို့လုံး၌ အနီးအနားရှိ မြို့များအပါအဝင် အားလုံးက လျှပ်စီးများ၊ အနက်ရောင်တိမ်တိုက်များဖြင့် လွှမ်းခြုံခံလိုက်ရသည်။
မရေမတွက်နိုင်သည့် နိုင်ငံသားများက ထိုထူးဆန်းသော မြင်ကွင်းကို ကြည့်နေကြပြီး ဘာဖြစ်မှန်း နားမလည်ကြပေ။
” ထူးဆန်းလိုက်တာ။ ဘာကြောင့် ဒီလောက်ကြီးတဲ့ မိုးကြိုးမုန်တိုင်းကြီး ရှိနေရတာလဲ။ မိုးလေဝသဌာနက ပြောတာတော့ ဒီနေ့ မိုးမရွာဘူးဆို ”
” အိမ်ပြန်ပြီး အဝတ်အစားတွေ မြန်မြန်သိမ်းရအောင်။ ငါ့အသဲလေးက အဲ့ဒါတွေကို လျှော်ပြီးထားတာ။ မိုးစိုစေခဲ့မယ်ဆိုရင် ငါ ဝတ်လို့ရမှာတောင် မဟုတ်တော့ဘူး ”
အချို့သော သိုင်းပညာပညာရှင်များက လျှပ်စီး၏ လှုပ်ရှားမှုကို သတိပြုမှုပြီးသား ဖြစ်၏။
သူတို့က မြို့များကြားရှိ တောင်တန်းကို လက်ညိုးထိုးလိုက်သည်။ ထိုကဲ့သို့ ဖိအားနှင့် ခြိမ်းခြောက်နိုင်မှုက လူသားများ၏ နှလုံးခုန်နှုန်းကို ပိုမြန်လာစေကာ သူတို့ ခန္ဓာကိုယ်ထဲရှိ သွေးများကို စတင်ဆူပွက်လာစေ၏။
” တစ်ယောက်ယောက်က အဆင့်တက်နေတာ
လား ”
” အရင်အခေါက်နဲ့ တူတူပဲ။ ကောင်းကင်ရဲ့ စွမ်းဆောင်အားကို တကယ်ထိမိတာပဲ ”
” စီနီယာ ဓါးမော့ဓါးဝိဇ္ဇာများလား ”
လျိုချန်စွင်းသည် သူ၏ တပည့် ဖျောင်ကျန့်ရှန်ကို ကျင့်ကြံမှု၌ ညွှန်ပြပေးရန်အတွက် စနေနေ့ပိတ်ရက်ကို ခွင့်ယူလိုက်သည်။ လျှပ်စီးတိမ်တိုက်ကို မြင်တွေ့သည့်အချိန်၌ သူ့အမူအယာက လေးနက်တည်ကြည်သွား၏။
” ဆရာ ဒီမိုးကြိုးတိမ်တိုက်က မူမမှန်ဘူး ”
လျိုချန်စွင်းက ခေါင်းညိတ်လိုက်၏။ သူ၏ မျက်လုံး၌ စိတ်ပြင်းပြမှုများ တောက်လောင်နေသည်။
” ဒါက သာမန် မိုးကြိုးတိမ်တိုက်တစ်ခု မဟုတ်ဘူး။ ဝဋ်ကြွေးချေ မိုးကြိုးပဲ။ လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်က မြင့်လွန်းရင် ဒါမှမဟုတ် အင်မတန် အစွမ်းထက်တဲ့ ထူးခြားတဲ့ တည်ရှိမှုတစ်ခု ပေါ်ပေါက်လာခဲ့တယ်ဆိုရင် ဒီဝဋ်ကြွေးချေ မိုးကြိုးက ရောက်လာတယ်။ ဒါက ငါတို့ အရင်က တစ်ခါမှ မတွေ့ဖူးတဲ့ စွမ်းအားပဲ။ ဓါးမော့ဓါးဝိဇ္ဇာများ ဖြစ်နေမလား ”
” ဖြစ်နိုင်တယ်။ တစ်ချက် သွားကြည့်ဦးမယ်။ မင်း ငါ့နောက်လိုက်မလာနဲ့။ မင်းရဲ့ ကျင့်ကြံဆင့်နဲ့ဆို ဒီလျှပ်စီးနဲ့ ထိမိရင် ဒဏ်ရာပြင်းပြင်းထန်ထန် ရလိမ့်မယ် ”
ပြောပြီးသည်နှင့် သူက ချက်ချင်းပင် အလင်းရောင်ခြည်အဖြစ် အသွင်ပြောင်းလဲကာ တောင်တန်းရှိရာဘက်ဆီသို့ သွားလိုက်၏။
ထိုစဥ် ယဲ့ရှောင်ဘက်ခြမ်းရှိ မိုးကြိုးတိမ်တိုက်များကလည်း ယဲ့ရှောင်ကို သင်ခန်းစာပေးချင်သည့်ပမာ အဆုံးမရှိ စုဝေးလာပြီး မှတ်ဉာဏ်ကောင်းတစ်ခုရအောင် လုပ်နေတော့သည်။
ယဲ့ရှောင်က လက်ကိုင်ရိုးရှည် ဓါးမော့ကို ညင်သာစွာ ပွတ်သပ်လိုက်၏။ လက်ကိုင်ရိုးရှည် ဓါးမော့က အပူချိန်သဲ့သဲ့ကို ထုတ်ဖော်နေ၏။ ယင်းက နဂါးဝိညာဥ်သည် သူ့ကို တုံ့ပြန်နေတာပဲ ဖြစ်သည်။
ယဲ့ရှောင်က အနည်းငယ် ပြုံးလိုက်၏။ လက်တစ်ချက် လှုပ်ရှားလိုက်ပြီး သွေးအဆီအနစ်တစ်စက်က ကျလာကာ ဓါးသွားထဲ ဝင်သွား၏။
” မင်းနဲ့ငါ နှစ်ယောက်လုံးက ကံမကောင်းတဲ့ သူတွေပဲ။ အခု ငါတို့တွေ အသက်ထပ်ရှင်တဲ့အထိ ကံကောင်းနေပြီး ဒါက အခွင့်အရေးတစ်ရပ်နဲ့ စိန်ခေါ်မှုတစ်ခုပဲ။ ငါက ပုံမှန်ဆို သိုသိုသိပ်သိပ် နေတတ်ပေမဲ့ တစ်စုံတစ်ခုနဲ့ တကယ်ကြုံတွေ့ရတဲ့အခါ သေမှာကို ထိုင်စောင့်နေရတာ မကြိုက်ဘူး ”
” ဒီလက်ကိုင်ရိုးရှည် ဓါးမော့သန့်စင်ပြီးချိန်ကစပြီး တစ်ခါမှ နာမည်မပေးထားရသေးဘူး။ ဒီနေ့ မင်းရဲ့ နဂါးစွမ်းရည်ကို အခြေပြုပြီး နာမည်ပေးမယ် ဟုတ်ပြီလား ”
လက်ကိုင်ရိုးရှည် ဓါးမော့သည် နဂါးဝိညာဥ်၏ အသံသဲ့သဲ့ ထွက်ပေါ်လာ၏။ နဂါးဝိညာဥ်၏ စိတ်လှုပ်ရှားမှုပဲ ဖြစ်သည်။ ယင်းက ယဲ့ရှောင် နာမည်တစ်ခု ချီးမြှင့်မှာကို စောင့်စားနေ၏။
” နဂါးက သေးလို့လည်းရတယ်၊ ကြီးလို့လည်းရတယ်၊ ပုန်းလို့လည်းရတယ်။ အကောင်ကြီးမယ်ဆိုရင် မှုတ်ထုတ်နိုင်တယ်။ သေးမယ်ဆိုရင် သူ့ရဲ့ ပုံသဏ္ဍန်ကို ဝှက်ထားနိုင်ပြီး စကြာဝဠာထဲ ပြန်တက်နိုင်တယ်။ ကွယ်ဝှက်ထားမယ်ဆိုရင် လှိုင်းတွေထဲမှာ ပုန်းနိုင်တယ် ”
” မင်းကို ငါခေါ်မှာက အင်း အမ်း ”
ဖ။ ယဲ့ရှောင်က သူနာမည်ပေးရာ၌ အသုံးမကျကြောင်း ရုတ်တရက် သတိရသွားသည်။
သူသည် ထျန်းရှီ၏ ကဗျာ၃၀၀ကို အလွန်ချောမွေ့စွာ မှတ်မိသော်ငြား နာမည်ပေးသည့်အခါ၌ သူ့စိတ်က ဗလာကျင်းသွားတော့၏။ ယခုအခေါက်တွင် သူ အပြီးသတ်သွားပြီ ဖြစ်သည်။
နဂါးဝိညာဥ်သည် ယဲ့ရှောင် စကားမပြောရသည့် အကြောင်းအရင်းကို ဇဝေဇဝါဖြစ်နေသည့်ပမာ နောက်ထပ် နှာမှုတ်သံသဲ့သဲ့ ထုတ်ဖော်လိုက်၏။
ယဲ့ရှောင်က ခဏတာ တိတ်ဆိတ်သွားသည်။ ကောင်းကင်ထဲရှိ လျှပ်စီးက ဆက်လက်စုဝေးနေ၏။ လျှပ်စီးများ ပိုများပြားလာသည်။ ယင်းက ဖြေရှင်းနည်းတစ်ခု မဟုတ်ပေ။
ပြီးနောက် သူက အသက်ပြင်းပြင်း တစ်ချက်ရှူကာ ယဲ့ရှောင်က ပါးစပ်ဟကာ ပြောလိုက်တော့၏။
” အခုကစပြီး မင်းကို မဟာနဂါးလို့ ခေါ်မယ် ”
နဂါးက ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်လိုက်လေ၏။ ၄င်းက ဝိညာဥ်သာ ဖြစ်သည်။ အလွန်အစွမ်းထက်သော်ငြား ယဥ်ကျေးမှုများအကြောင်း သိသူ မဟုတ်ပေ။ ယခင် ပိုင်ရှင်က ကလေးတစ်ယောက်သာ ဖြစ်ပြီး ကျောင်း မတက်ဖူးပေ။ ထို့ကြောင့် အမည်ကောင်းလားဆိုးလားဆိုတာ မသိပေ။ သို့သော် ပိုင်ရှင်က ပေးသောကြောင့် ကောင်းမှာသေချာသည်။
နဂါးဝိညာဥ်၏ စိတ်လှုပ်ရှားမှုကို အာရုံခံမိပြီး ယဲ့ရှောင်က သက်ပြင်းချလိုက်၏။ ပြီးနောက် သူက ကောင်းကင်ထဲ၌ ပြည့်နေသော မိုးကြိုးတိမ်တိုက်များကို ကြည့်ပြီး သူ၏ မျက်လုံးထဲ၌ ရက်စက်မှုများ ပြည့်လာတော့၏။
” မင်းက ခုတ်ပိုင်းရတာကို စွဲလန်းနေတာလား ”
အပိုင်း ၁၈၄ ပြီး၏။