Switch Mode

Chapter – 183

သားရဲနတ်ဘုရား မဟာမိတ်၏ လဲ့စားချေမှု။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၈၃ သားရဲနတ်ဘုရား မဟာမိတ်၏ လဲ့စားချေမှု။

ချင်စီရင်စုသည် စီရင်စု၉ခုအနက် ရဲစွမ်းသတ္တိအရှိဆုံး သိုင်းပညာရှင်များ ရှိသည့် ဒေသတစ်ခု အမြဲတမ်း ဖြစ်ခဲ့သည်။
ချင်စီရင်စုထဲ၌ မရေမတွက်နိုင်သည့် သိုင်းပညာရှင်များစွာက ကြယ်ပွင့်များပမာ မျက်စိကျိမ်းလောက်အောင် တောက်ပပေသည်။ သူတို့သည် စီရင်စု၉ခုတစ်ခုလုံးက သိုင်းပညာသမိုင်းကြောင်း၏ ရှည်လျားသော မြစ်ထဲတွင် တောက်ပသည့် အမှတ်အသားတစ်ခု ချန်ထားရစ်ခဲ့သည်။
ဘိုးဘေးနဂါးသည် ချင်စီရင်စုကို အသုံးပြုခဲ့ပြီး တောင်တန်းများနှင့် မြစ်များကို ပေါင်းစည်းရန် အုတ်မြစ်တစ်ခု ဖွဲ့တည်ကာ အံ့ဖွယ်အခြေအနေကို ပြန်လည် ပုံသွင်းခဲ့၏။
ချင်စီရင်စုထဲ၌ အန္တရာယ်များသည့် တောင်တန်းများနှင့် မြစ်များစွာရှိပြီး ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးက သူတို့ထဲမှတစ်ခု ဖြစ်၏။
ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးသည် လူသားများအတွက် တားမြစ်ဧရိယာတစ်ခုဖြစ်ကြောင်း ကောလဟာလထွက်ပေါ်ခဲ့သည်။
အံ့ဖွယ်ချီရှန်း ကျင့်ကြံဆင့် မရှိသည့်သူများက ထိုနေရာသို့ သွားရန် အရည်အချင်း မရှိကြပေ။ သူတို့၏ ကျင့်ကြံဆင့်က အံ့ဖွယ်ချီရှန်းအဆင့် ရောက်ပြီးလျှင်တော့ ဤနေရာတွင် ဂရုစိုက်ရဦးမည် ဖြစ်သည်။
အကြောင်းမှာ သူတို့ ဂရုမစိုက်ခဲ့လျှင် အံ့ဖွယ်ချီရှန်းများတောင် ဤနေရာတွင် သေနိုင်သောကြောင့် ဖြစ်သည်။
မလှမ်းမကမ်း၌ ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါး၏ အောက်ခြေမှ အဖြူရောင် မြူများ အလွှာလိုက် တက်လာလေ၏။ ခြေရင်းတို့က တိမ်တိုက်ပင်လယ်ဘက်မှ အောက်တွင် ရှိနေတာကို မြင်ဖို့ မဖြစ်နိုင်ပေ။
သိပ်မကြာမီ၌ သေးသွယ်သော ပုံရိပ်တစ်ခုက မလှမ်းမကမ်းကနေ ပျံသန်းလာပြီး တဖြည်းဖြည်းချင်း ကြီးလာတော့၏။
သူက နတ်ဆိုး ချောက်ကမ်းပါးကို ရောက်သည့်အချိန်၌ သူက အရပ်ရှည်ပြီး သန်မာသည့် လူသန်ကြီးတစ်ဦးဖြစ်ကြောင်း သိလိုက်ရ၏။ သို့သော်ငြား သူ၏ စိမ်းဖန့်သော သူငယ်အိမ်တို့က သူသည် သားရဲလူသားဖြစ်ကြောင်း လူသားစစ်စစ် မဟုတ်ကြောင်း ပြသနေလေသည်။
သူက နတ်ဆိုး ချောက်ကမ်းပါးအဆုံးသို့ သွားပြီး ဒူးထောက်ချကာ ကျယ်လောင်စွာ အော်လိုက်၏။
” သားရဲနတ်ဘုရား မဟာမိတ်ရဲ့ ပင်မ ယဇ်ပလ္လင်က တတိယခေါင်းဆောင် ကျွန်တော် ယွဲ့ယွီပါ။ ယခင် မဟာမိတ်ခေါင်းဆောင်ကို အရိုအသေပေးပါတယ်။ မဟာမိတ်ခေါင်းဆောင် ကြွချီလာပြီး ကျွန်တော်တို့ သားရဲနတ်ဘုရား မဟာမိတ်အတွက် အမှန်တရား ဆောင်ကျင်းပေးဖို့ တောင်းဆိုပါတယ် ”
ခဏအကြာ၌ တိမ်ပင်လယ်က ပြိုကွဲသွား၏။ အစွမ်းထက်သော ဖိအားက လက်ကြီးတစ်ဖက်
ဖြင့် ရစ်ပတ်လိုက်သလို ထင်မှတ်ရသည်။
သို့သော် လက်တွေ့တွင်မူ ယင်းကို ဝိညာဥ်စွမ်းအား
ဖြင့် ထိန်းချုပ်ထားရုံသာ ဖြစ်သည်။
တိမ်ပင်လယ်တို့ ပျောက်ကွယ်သွားပြီး အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုံရိပ်က အထဲကနေ ဖြည်းဖြည်းချင်း ပေါ်ထွက်လာပြီး တစ်ဖက်သူရှေ့သို့ ရောက်သွားသည်။
ထိုအစွမ်းထက်သော ဖိအားက ယွဲ့ယွီကို ခေါင်းမမော့နိုင်အောင် ဖြစ်စေ၏။
ဖိအားက သန်မာလွန်းသည်။ သူက ရှန်းထျန်းဆဌမအဆင့် မဟာချီရှန်းတစ်ဦး ဖြစ်လျှင်တောင် မဟာမိတ်ခေါင်းဆောင်နှင့် ရင်ဆိုင်သည့်အချိန်၌ သူက ထိုကဲ့သို့ ခမ်းနားကြီးကျယ်မှုမျိုးကို မခံစားရဖူးပေ။
မဟာမိတ်ခေါင်းဆောင်ကြီးက ထင်တဲ့အတိုင်းပဲ။
ထို့အပြင် သူက သားရဲနတ်ဘုရား မဟာမိတ်၏ သမိုင်းကြောင်းထဲ၌ အသန်မာဆုံး မဟာမိတ်ခေါင်းဆောင် ဖြစ်သည်။
လွန်ခဲ့သည့် အနှစ်၃၀၀တုန်းက သူသည် သေးငယ်သည့် တောင်ပေါ်ရွာလေးတစ်ရွာမှ ထွက်ပေါ်လာခဲ့၏။ သူက စွန့်ပစ်ခံလိုက်ရသော အားနည်းသည့်သားရဲလူသားတစ်ဦးမျှသာ ဖြစ်ခဲ့သည်။
သားရဲလူသားသည် မရေမတွက်နိုင်သည့် သွေးသံရဲရဲ တိုက်ပွဲများကို ကြုံတွေ့ပြီး သေမင်းအစွန်းဆီသို့ အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ဖူးတာကို မည်သူမှ မတွေးမိကြပေ။ အဆုံးတွင်မူ သူက သားရဲနတ်ဘုရား မဟာမိတ်၏ မဟာမိတ်ခေါင်းဆောင် ဖြစ်လာခဲ့သည်။
ထိုအချိန်မှစကာ ခေတ်တစ်ခုလုံးကို သူ၏ အမှတ်အသားများဖြင့် တန်ဆာဆင်ခဲ့၏။
သူသည် စီရင်စု၉ခု မဟာမိတ်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ကာ နဂါးစာရင်းရှိ အဆင့် ၃၅ရထားသည့် ကျန်းလင်းယွမ်နှင့် ရင်ဆိုင်ခဲ့သည်။
အနိုင်ရခဲ့သည်။
သူ ချစ်မြတ်နိုးရသူကို ကယ်တင်ရန်အတွက် သူက ချင်စီရင်စု၏ ကောင်းကင်ဂိတ်ကို ဖြတ်ကျော်လျက် ကမ္ဘာ့ဖီးနစ်စာရင်းတွင် အဆင့် ၄၁ ရထားသော ရွှမ်ချုံးယီကို အနိုင်တိုက်ခဲ့၏။
အနိုင်ရခဲ့သည်။
သူတစ်ယောက်တည်းဖြင့် လူသားမျိုးနွယ်စု၏ သားရဲလူသားများအပေါ် အမြင်ကို ပြောင်းလဲပေးခဲ့သည်။ သူက သားရဲလူသားများ ပိုသန်မာလာချိန်၌ သူတို့က အသေးအမွှား မဟုတ်တော့ကြောင်း လူသားမျိုးနွယ်စုကို သိစေခဲ့သည်။
သားရဲနတ်ဘုရား မဟာမိတ်၏ ခေါင်းဆောင် ဖြစ်နေသည်။ နှစ်ကာလများအတွင်း၌ ယင်းက သားရဲနတ်ဘုရား မဟာမိတ်အတွက် အအောင်မြင်ဆုံး အကျော်ကြားဆုံးအချိန် ဖြစ်ခဲ့သည်။
နေရာများစွာရှိ သိုင်းပညာရှင်များစွာက သားရဲနတ်ဘုရား မဟာမိတ်ကို တိုက်ရိုက်တောင် မျက်နှာချင်း မဆိုင်ဝံ့ပေ။ သူတို့က သားရဲနတ်ဘုရား မဟာမိတ်ကို တွေ့ချိန်၌ အရှုံးကို အလိုအလျောက် ဝန်ခံခဲ့ကြ၏။
သားရဲနတ်ဘုရား မဟာမိတ်ကို မည်သူကမှ မဆန့်ကျင်ရဲခဲ့ချေ။
ထိုစဥ်က သားရဲနတ်ဘုရား မဟာမိတ်သည် ယနေ့ကဲ့သို့ ခွေးလေခွေးလွှင့်တစ်ကောင်ပမာ ချောက်ထဲ၌ ပုန်းခိုနေရလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။
သူ့ကို အနိုင်ယူခဲ့တာ စီရင်စု၉ခု၏ ဓါးမော့နတ်ဘုရား လီယို့ရွှမ်းနဂါးစာရင်း၏ နဝမအဆင့် ရထားသူ မဟုတ်လား။ သူသာ စီရင်စု၉ခု၏ ဓါးမော့နတ်ဘုရား လီယို့ရွှမ်းနဂါးစာရင်း၌ အဆင့် ၉ ရထားသူ
ကြောင့်သာ မရှုံးခဲ့လျှင် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါး၌ တံခါးပိတ် ကျင့်ကြံရန် ဖိအားပေးခံခဲ့ရလျှင် သူက သားရဲနတ်ဘုရား မဟာမိတ်၏ မဟာမိတ်ခေါင်းဆောင်တစ်ဦး ဖြစ်နေဦးမှာပဲ ဖြစ်သည်။
ယွဲ့ယွီက ခေါင်းမော့ပြီး သူ့ရှေ့ရှိ ပိန်ပါးပါး လူကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက နီရဲလာကာ စိုစွတ်လာတော့၏။
သားရဲနတ်ဘုရား မဟာမိတ်တစ်ခုလုံးအဖို့ သူက သားရဲနတ်ဘုရားတစ်ပါး ဖြစ်သည်။
” လက်အောက်ငယ်သားက မဟာမိတ်ခေါင်းဆောင်ကို အရိုအသေပေးပါတယ် ဟင့် .. ဟင့် ”
” မငိုနဲ့။ ငါ မသေသေးဘူး ”
” ဟုတ်ပါပြီ ”
ယွဲ့ယွီက သူ၏ မျက်လုံးများကို ချက်ချင်း သုတ်လိုက်၏။
” မဟာမိတ်ခေါင်းဆောင်ကြီး ကျွန်တော်က ခေါင်းဆောင်ကို တောင်ပေါ်ကနေ ထွက်လာပြီး ကျွန်တော်တို့ သားရဲမဟာမိတ်အတွက် ဆုံးဖြတ်တစ်ခု ချပေးဖို့ တောင်းဆိုတာပါ။ သားရဲနတ်ဘုရားမဟာမိတ်ကို လူသားမျိုးနွယ်က ဖျက်ဆီးလိုက်ပြီး အမည်မသိ လူငယ်တစ်ယောက်က သားရဲနတ်ဘုရား မဟာမိတ်တစ်ခုလုံးကို ဖျက်ဆီးသွားတာ ”
မဟာမိတ်ခေါင်းဆောင်ကြီးက မျက်ခုံးပင့်ကာ မေးလိုက်တော့သည်။
” မဟာမိတ်ခေါင်းဆောင်အသစ်ကရော ဘယ်မှာလဲ ”
” ယခင် မဟာမိတ်ခေါင်းဆောင်ကြီးခင်ဗျာ။ မဟာမိတ်ခေါင်းဆောင်အသစ်ကို တစ်ဖက်လူက အနိုင်ယူပြီး နေရာမှာတင် သေသွားပါပြီ ”
” ငါ ထင်တာမမှားရင် မဟာမိတ်ခေါင်းဆောင်အသစ်ရဲ့ ကျင့်ကြံဆင့်က အနည်းဆုံး ရှန်းထျန်းအဌမအဆင့်ပဲ။ သူက သားရဲနတ်ဘုရား မဟာမိတ်တစ်ခုလုံးရဲ့ ရှေ့တန်းကို ရောက်ခဲ့ပြီးပြီ။ ဘယ်လိုလုပ်များ ဒီလောက်မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားရတာလဲ ”
” ခေါင်းဆောင်ကြီးရဲ့ မေးခွန်းကို ဖြေကြားဖို့က ကျွန်တော်တို့လည်း မသိပါဘူး။ တစ်ဖက်လူရဲ့
ကျင့်ကြံဆင့်က ရှန်းထျန်းအဌမအဆင့်မှာ ရှိပုံပါပဲ။ ဒါ့အပြင် တစ်ဖက်သူက တထဂတာ နတ်လက်ဝါး၊ ရှောင်လင်ရဲ့ ယန် ဓာတ် အပြင်းဆုံးနဲ့ ယန်လက်ဝါးသိုင်းကို အသုံးပြုခဲ့တာလေ ”
” တထဂတာ နတ်လက်ဝါးလား။ တစ်ဖက်သူက ဗုဒ္ဓဘာသာဝင်တစ်ယောက်လား ”
” မဟုတ်ဘူး။ တစ်ဖက်သူက ကျွန်တော်တို့ အရင်က တစ်ခါက မတွေ့ဖူးတဲ့ စစ်သည်တော်တစ်ယောက်ပဲ။ ဒါ့အပြင် သူ ဘယ်သူမှန်း ကျွန်တော်တို့ မသိသေးဘူး ”
” စိတ်မပူနဲ့။ ငါ့ကို နာ့လန်ဟိုဟူရဲ့ အသား ယူလာခဲ့ ”
” ဟုတ်ကဲ့ ”
ယွဲ့ယွီက နာ့လန်ဟိုဟူ၏ အသားတစ်စကို အမြန်ထုတ်ယူလိုက်၏။ သူသည် လိုရမယ်ရ အသုံးပြုရန်အတွက် နာ့လန်ဟိုဟူ၏ ပြားကပ်သော ခန္ဓာကိုယ်ကနေ ၄င်းကို တိတ်တဆိတ် ထုတ်ယူလာတာပဲ ဖြစ်သည်။
ခေါင်းဆောင်ကြီးက သူ့လက်ဖဝါးပေါ်ရှိ နာ့လန်ဟိုဟူ၏ အသားကို တင်ပြီး သူ၏ ကျင့်စဥ်ကို ထုတ်ဖော်လိုက်သည်။ နောက်တစ်စက္ကန့်၌ နာ့လန်ဟိုဟူ၏ အသားသည် သွေးအဆီအနစ်အဖြစ် အသွင်ပြောင်းလဲသွားကာ လေထဲ၌ စကားလုံးကြီး ၃လုံးကို ဖြည်းဖြည်းချင်း ဖွဲ့တည်လိုက်တော့၏။
” ကျန်းဟိုင်မြို့ ”
” နာ့လန်ဟိုဟူကို သတ်ခဲ့တဲ့သူက ကျန်းဟိုင်မြို့က အင်မတန် အစွမ်းထက်တဲ့ သူပဲ။ အဲ့ဒီလူများ ဖြစ်နေမလား ”
ယွဲ့ယွီ၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားလေ၏။
” မဟာမိတ်ခေါင်းဆောင် ပြောကြပုံအရ လတ်တလောမှာဆို နဂါးစာရင်းမှာ အဆင့် ၄၉ ရထားတဲ့ ဟန်နိုင်ငံရဲ့ ဓါးသူတော်စင် လျိုချန်စွင်းနှင့် နဂါးစာရင်းမှာ အဆင့် ၅၀ ရထားတဲ့ ကျားဟဲလျိုရဲ့ သခင် မူရာကာမီပေ့ချွမ်ကို အနိုင်ယူခဲ့တဲ့ ဓါးမော့ဓါးဝိဇ္ဇာတစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ သူ ကျင့်ကြံတဲ့ သိုင်းပညာရပ်က ဓါးမော့နဲ့ ဓါးသိုင်းဖြစ်လောက်တယ်။ မဟာမိတ်ခေါင်းဆောင် နာ့လန်သေသွားတုန်းက တစ်ဖက်သူက တထဂတာ နတ်လက်ဝါးကို သုံးသွားတာ ”
” ဘယ်သူသိမှာလဲ။ သူက ကြောက်ဖို့ကောင်းတာ ဖြစ်နိုင်တယ် ”
ခဏတာရပ်တန့်ပြီးနောက် သူ့အမူအယာက ရုတ်တရက် တောင့်တင်းသွားတော့သည်။
” မဟာမိတ်နတ်ဘုရားရဲ့ အခွဲတွေအားလုံးကို စုဖို့ အမိန့်ပေးလိုက်။ တစ်လအတွင်း ငါကိုယ်တိုင် ကျန်းဟိုင်မြို့ကို သွားမယ် ”
” ဟုတ်ကဲ့ ”
ယွဲ့ယွီသည် စိတ်လှုပ်ရှားလွန်းသောကြောင့် နှလုံးခုန် မြန်လာလေ၏။
သူ လှုပ်ရှားတော့မည် ဖြစ်သည်။ မဟာမိတ်ခေါင်းဆောင်ကြီးက လှုပ်ရှားတော့မည်။ မဟာမိတ်ခေါင်းဆောင်ကြီး လှုပ်ရှားလျှင် မဟာမိတ်ခေါင်းဆောင် နာ့လန်၏ သွေးကြွေးကို သေချာပေါက် လဲ့စားချေနိုင်လိမ့်မည်။
ထို့အပြင် မဟာမိတ်ခေါင်းဆောင်ကြီး၏ ခွန်အားဖြင့် သားရဲနတ်ဘုရား မဟာမိတ်သည် အဆင့်မြင့်သည့် ကာကွယ်မှုကို ရရှိမှာ သေချာ၏။
ထိုအချက်အရ လူသားမျိုးနွယ်စုသည် သားရဲနတ်ဘုရား မဟာမိတ်ကို ရန်စခြင်း၏ နောက်ဆက်တွဲကို သူ သိခွင့်ပေးတော့မှာပဲ ဖြစ်သည်။
ကျန်းဟိုင်မြို့ထဲတွင် ယဲ့ရှောင်က ထိုကိစ္စကို မသိပေ။
သိလျှင်တောင် သူက နာ့လန်ကို ဖျက်ဆီးဦးမှာပဲ ဖြစ်သည်။
သားရဲနတ်ဘုရား မဟာမိတ်က လွန်ကြူးပြီး မရေမတွက်နိုင်သည့် လူသားများစွာကို ဒုက္ခခံစားစေခဲ့၏။ ယဲ့ရှောင်က နာ့လန်ကို မသတ်ခဲ့လျှင် သားရဲနတ်ဘုရား မဟာမိတ်က ပြစ်မှု မည်မျှ များများကျူးလွန်မည်ဆိုတာ မည်သူက သိမည်နည်း။ ထို့အပြင် သားရဲနတ်ဘုရား မဟာမိတ်၏ လက်ဝဲကာကွယ်သူက ဖိနှိပ့်ခံထားရပြီး ဖြစ်သည်။
သူက သွားပြီး နာ့လန်ကို ပြဿနာ မရှာလျှင်တောင် နာ့လန်ဟိုဟူက သူ့ကို ပြဿနာ လာရှာမှာ သေချာသည်။
ထိုစဥ်က သူ၏ အစီအစဥ်ကို စတင်ပြင်ဆင်ခဲ့၏။
ဧရာမနဂါး အံ့ဖွယ်ဝိညာဥ်သည် သူ၏ လက်နက်ဝိညာဥ်ဖြစ်ရန်အတွက် သဘောတူပြီးသား ဖြစ်၏။ ထိုကဲ့သို့ အခွင့်အရေးကောင်းတစ်ခုကို သူ မဖြုန်းတီးနိုင်ပေ။
သားရဲနတ်ဘုရား မဟာမိတ်ကို သူ အောင်နိုင်စဥ်က သူသည် ကုန်ကြမ်းများစွာကို ရလာခဲ့၏။
သို့သော် ထိုကုန်ကြမ်းထဲ၌ ပျောက်ဆုံးနေသည့် ကုန်ကြမ်းအချို့ ရှိနေသေးသည်။
အဓိက ပါဝင်ပစ္စည်းက ရှားပါးသည့်အရာ မဟုတ်။ ယင်းက သာမန် ပစ္စည်း ဖြစ်ပြီး သွေးနီသဲသာ ဖြစ်သည်။ ယင်းက ဆေးကုန်ကြမ်းတစ်ဝက် ဖြစ်၏။ တစ်ခါတစ်ရံတွင် ဝိညာဥ် ဒဏ်ရာများကို ကုသရန် အသုံးပြုသည်။
ယင်းက ဝိညာဥ်ကိုလည်း ထိန်းသိမ်းပေးနိုင်သော ကုန်ကြမ်းတစ်မျိုး ဖြစ်သည်။ အဆင့်မြင့်အမှူးအမတ်အရာရှိများနှင့် အထက်တန်းလွှာများသည် သေလွန်ပြီးနောက် သူတို့ အုတ်ဂူထဲ ဖြည့်ထားရန် ၄င်းတို့ကို အသုံးပြု၏။
ယဲ့ရှောင်သည် လက်ကိုင်ရိုးရှည် ဓါးမော့နှင့် ထိုအရာကို ပေါင်းစည်းပြီး ပတ်ဝန်းကျင်ကို အဟာရဖြစ်ရန်အတွက် ဝိညာဥ်နဂါးအတွက် နေရာ ထောက်ပံ့ပေးဖို့ လိုအပ်သည်။
ယင်းကို အသုံးမပြုလျှင် အဆင်ပြေသော်ငြား ဧရာမနဂါး အံ့ဖွယ်ဝိညာဥ်၏ ပါရမီက ကွက်တိကျသွားပေလိမ့်မည်။
သူ ပြုလုပ်ရမည်ဖြစ်သောကြောင့် လုပ်ကိုလုပ်ရပေမည်။
မကြာမီ၌ သူသည် သူဌေး ရွှီ၏ လေလံအိမ်သို့ ရောက်သွား၏။
သူဌေး ရွှီက တံခါးဝ၌ ခါတိုင်းကဲ့သို့ နေပူစာ လှုံနေသည်။ သူက အင်မတန် သက်သောက်သက်သာ ဖြစ်နေလေ၏။
” သူဌေး ရွှီ ကျေးဇူးပြုပြီး သွေးနီသဲတချို့ ရအောင်လုပ်ပေးပါဦး ”
သူဌေး ရွှီက သူ့ကို တစ်ချက်ကြည့်ပြီး လက်ဝှေ့ရမ်းကာ အထဲကို အော်လိုက်၏။
” တာ့မောင်။ ယဲ့ရှောင်အတွက် သွေးနီသဲထုပ်ပေးလိုက် ”
ရွှီတာ့မောင်က ပြန်ပြောပြီး အပေါ်ထပ် ချက်ချင်း တက်သွားလေ၏။
သူဌေး ရွှီက ထပ်မေးလိုက်သည်။
” ယဲ့ရှောင် လတ်တလော မင်း ဘာကြောင့် လက်နက်မသန့်စင်တာလဲ ”
” ကျွန်တော် လတ်တလော အလုပ်များနေလို့။ သန့်စင်ဖို့ အချိန်မရှိဘူး ”
သူဌေး ရွှီက နှုတ်ခမ်းသပ်လိုက်၏။
” အွန်း ငါက မင်းထက် အသက်နှစ်ပြန်လောက် ကြီးတယ်။ မင်း ငါ့ကို ဦးလေးလို့ ခေါ်ရင် မလွန်လွန်းဘူးမလား။ မင်းကို ပြောရမယ့်စကား နှစ်ခွန်းရှိတယ် ”
” လူငယ်လေး။ မောင်ရင် မင်းက တချို့နေရာ အားလုံးမှာ တော်ပါရဲ့။ မင်းရဲ့ ကိုယ်ရည်ကိုယ်သွေးကို နိမ့်ချာလွန်းနေတာပဲ။ ကိစ္စရပ်တွေကို အမြဲတမ်း မတိုက်ခိုက်ပဲ နေတာက မကောင်းဘူးနော်။လက်နက်သန့်စင်တဲ့လောက ဘယ်လောက် အံ့သြဖို့ကောင်းလဲဆိုတာ မင်း မသိသေးတာ ဖြစ်မယ်။ အမှန်အတိုင်း ပြောရရင် ဟူမြို့ကို လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက သွားခဲ့ပြီး သန့်စင်သူတွေရဲ့ စီရင်စု၉ခု ယှဥ်ပြိုင်ပွဲကို ကြည့်ခဲ့တယ်။ ဘုရားရေ။ အဲ့ဒီမှာလေ လူတွေ ထောင်ချီပြည့်နေရောပဲ။ သူတို့ထဲမှာ အဆင့်နိမ့် ဒဏ္ဍာရီ တော်ဝင်လက်နက်ကိုတောင် သန့်စင်နိုင်ခဲ့တဲ့ ပညာရှင်တစ်ယောက် ရှိတယ် ”
” တော်ဝင်အဆင့်အောက် လက်နက်ဆိုတာ ဘာလဲသိလား ”
” ထားလိုက်တော့။ မင်း မသိလောက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်း ဘဝမှာ ဘယ်တော့မှ သန့်စင်လို့ရမှာ မဟုတ်တဲ့ လက်နက်ဆိုတာ သိထားဖို့ လိုတယ် ”
” အဲ့ဒီပညာရှင်က တစ်ပွဲတည်းနဲ့ နာမည်ကြီးသွားတာ။ အခု စီရင်စု၉ခုလုံးကို သူ့ကို ရှာနေကြပြီ။ သူတို့က သူ့ကို လက်နက်တွေ သန့်စင်ခိုင်းချင်နေ
တာ ”
” မင်းသာ တော်တဲ့ လက်နက်သန့်စင်သူ တစ်ယောက်ဆိုရင် မင်း အဲ့ဒီအဆင့်ကို မရောက်လောက်ပေမဲ့ စာကြည့်တိုက်မှူးတစ်ယောက်ဖြစ်တာထက်တော့ အဆတစ်ရာကောင်းမှာ သေချာတယ် ”
” စာကြည့်တိုက်ထဲမှာ နေရတာကလည်း အတော်ကောင်းတယ် ထင်တာပဲ။ ဆောင်းရာသီမှာ နွေးထွေးပြီး နွေရာသီမှာ အေးမြတယ်။ တစ်လကို တစ်သောင်းကျော် ရတယ်။ ပြီးတော့ ဝန်ထမ်းခံစားခွင့်တွေလည်း ရှိသေးတယ် ”
” ကောင်းပြီ။ မင်းက ကယ်ဆယ်လို့ မရတဲ့ ရွှံ့ပုံပဲ။ ငါ့အချိန်တွေ ဖြုန်းနေတယ်လို့ ထင်လား ”
သူဌေး ရွှီက ခေါင်းခါလိုက်၏။ ယဲ့ရှောင်ကို ကြည့်နေစဥ် သူ၏ မျက်လုံးထဲ၌ စိတ်ပျက်မှုများ ပြည့်သွားသည်။ သူ့ ဘဝ၌ ယဲ့ရှောင်၏ …..ဖြစ်မလာခြင်းအတွက် နောင်တရနေတာ သိသာ၏။
ထိုပန်းပဲပညာရှင်အကြောင်းကို သူက အမြန်ပြန်တွေးလိုက်သည်။
” အဲ့ဒီပန်းပဲပညာရှင်က ဘယ်လိုပုံလို့ ထင်လဲ။ သူသာ ကျန်းဟိုင်မြို့ကဆိုရင် ငါ တာ့မောင်ကို သူနဲ့ အောင်သွယ်ပေးမှာ ”
ထိုကဲ့သို့ အတွေးမျိုးကို ရင်ဆိုင်ရသောအခါ သူ၏ အထောက်အထားကို ဖုံးကွယ်ခဲ့မိတာကံကောင်းသည်ဟု ခံစားမိသည်။ မဟုတ်လျှင် သူ ညတွင်းချင်း ထွက်ပြေးရလောက်သည်။
မကြာမီ၌ ရွှီတာ့မောင်သည် သွေးနီသဲတစ်အိတ်ကို သယ်လာ၏။ ထိုသဲတစ်အိတ်က သာမန်လူတစ်ယောက်၏ ပခုံးပေါ်ထမ်း၍ သယ်လာနိုင်သော်ငြား ရွှီတာ့မောင်ကမူ လက်တစ်ဖက်တည်းဖြင့် သယ်လာ၏။ ဝက်ဝံကြီးတစ်ကောင်က ကြက်တစ်ကောင်ကို သယ်လာသည့်ပမာ ခံစားရသည်။
” ဟေ့ .. ဒီဟာက ဈေးပေါတယ်။ ကျွန်မတို့ ဆိုင်မှာ အနည်းဆုံး ၁၀ပေါင်ပဲ ရောင်းတယ် ”
” ကောင်းပြီလေ။ ဘယ်လောက်လဲ ”
” စုစုပေါင်း ၁၆၀၀။ တစ်ပေါင်ကို ယွမ် ၂၀၀ ”
ယဲ့ရှောင်က ငွေပေးချေပြီးနောက် သွေးနီသဲကို ယူလိုက်၏။ သူက ပခုံးပေါ် ထမ်းတင်သွားကာ သားအဖနှစ်ယောက်ကို နှုတ်ဆက်ပြီးနောက် လှည့်ထွက်သွား၏။
လမ်းချိုးသို့ ရောက်သောအခါ သူက သိုလှောင်လက်စွပ်ထဲ ၄င်းကို သိမ်းထားလိုက်၏။ ပြီးနောက် ကျန်းဟိုင်မြို့ကနေ ထွက်လာကာ မြို့ပြင်ရှိ တောင်ပေါ်ဆီ သွားလိုက်၏။
အင်မတန် အစွမ်းထက်သည့် လက်နက်ကို သန့်စင်ခြင်းက မိုးနှင့်မြေ သဘာဝဖြစ်စဥ်ကို ဖြစ်ပေါ်စေပေလိမ့်မည်။ ထို့ကြောင့် ယဲ့ရှောင်က သတိထားပြီး မြို့နှင့် ဝေးဝေးနေတာပဲ ဖြစ်သည်။

အပိုင်း ၁၈၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset