Switch Mode

Chapter – 1

ဘဝ၏ ပြည့်စုံမှု

Chapter – 1 ဘဝ၏ ပြည့်စုံမှု

အဆုံးအစမဲ့ ကျယ်ပြန့်တဲ့ စကြာဝဠာကြီးထဲက ပျက်စီးနေသော ကမ္ဘာကြီးတစ်ခုမှာ ဥက္ကာပျံတွေသာ ဝှေ့ဝဲနေပြီး ချောရည်မြစ်ကြီး တစ်စင်း ကွေ့ပတ်စီးဆင်းနေပါတယ် ။

ကြီးမားကျယ်ပြန်တဲ့ ကျောက်အမူစွန်းတစ်ခုရဲ့ အပေါ်မှာတော့ မွန်းစတား ဟိုင်းဆင်ကြီး တစ်ကောင်ပေါ်ထွက်လာပါပြီ ။ ဒီ မွန်းစတား ဟိုင်းဆင်ကြီးဟာ ၁၀မီတာလောက်ကြီးမားပြီး သူ့ရဲ့ အစွယ်ကြီးတွေဟာ ၃မီတာလောက်အထိ ရှည်လျားလှပါတယ် ။ မွန်းစတား ဟိုင်းဆင်ကြီးရဲ့ ခြေတစ်ချောင်း တစ်ချောင်း ဟာ ခိုင်မာလှတဲ့ ကျောက်တိုင်ကြီးလိုဖြစ်နေပြီး သူ့ရဲ့ မျက်လုံးတွေဟာ လည်း ခရစ်စတယ် ရောင် လင်းလက်နေပါတယ် ။

” ဟွန် းးးး း း း ဝူးးးးးးးးး ”

မွန်းစတား ဟိုင်းဆင်ကြီးဟာ အရမ်းကို ဒေါသတကြီး ဖြစ်နေပြီး သူ့ရဲ့ နှာမောင်းကြီး ကို ကောင်းကင်ယံ ဆီ မြောက်ထားပြီး အဆက်မပြတ် မာန်သွင်းအော်ဟစ်နေပါတယ် ။ ဒီ မွန်းစတား ဟိုင်းဆင်ကြီး ဟာ သူ့ရဲ့ ရန်သူတော် တစ်စုံတစ်ရာကို အလွန်အမင်း ဒေါသကြီးနေပုံရပါတယ် ။

” ဂီးးးးး ဂီးးးးးးး ”

ဥက္ကာခဲတွေ ပျံဝဲနေတဲ့ ဂြိုလ်ကြီး ရဲ့ ကောင်းကင်ယံကနေ အပြာရောင် တောက်ပနေတဲ့ ငှက်ကြီးတစ်ကောင် ပေါ်ထွက်လာပါပြီ ။ ဒါဟာ ဒဏ္ဍာရီ လာ ဖီးနစ် ငှက်ကြီး ပါပဲ ။ ဒဏ္ဍာရီလာ ဖီးနစ် ငှက်ကြီး ဟာ အစိမ်းရောင်တောက်ပနေတဲ့ မျက်လုံးကြီးတွေကို ပိုင်ဆိုင်ထားပါတယ် ။ ဒဏ္ဍာရီလာ ဖီးနစ် ငှက်ကြီး ဟာ အရှိန်အဟုန် နဲ့ တဟုန်ထိုး ပျံသန်းဆင်းသက်လာပြီး သူ့ရဲ့ ကြီးမားပြီး သန်မာလှတဲ့ ခြေသည်းကြီးတွေနဲ့ မွန်းစတား ဟိုင်းဆင်ကြီး ကို ကုတ်ဆွဲ ချီမလိုက်ပါပြီ ။

” အွန်းးးးး အွန်းးးးးး ”

မွန်းစတား ဟိုင်းဆင်ကြီး ဟာ သူ့ထက် ၄ဆလောက် ပိုမိုကြီးမားတဲ့ ဒဏ္ဍာရီလာ ဖီးနစ်ငှက်ကြီး ရဲ့ တိုက်ခိုက်မှုကို မခုခံနိုင်ဘဲ ခြေသည်းကြီး နဲ့ ညှပ်ယူကုတ်ဆွဲခြင်း ကို ခံသွားရပါတယ် ။ ဒဏ္ဍာရီလာ ဖီးနစ် ငှက်ကြီး ဟာ သူရဲ့ ခြေသည်းကြားက မွန်းစတား ဟိုင်းဆင်ကြီး ကို လေထဲကို ပစ်တင်လိုက်ပါပြီ ။ ဒီနောက် မှာတော့ ကောင်းကင်ကနေ ပြန်ကျလာတဲ့ မွန်းစတားဟိုင်းဆင်ကြီး ဆီကို တဟုန်ထိုးပျံသန်းသွားပြီး သူ့ရဲ့ ကြီးမားတဲ့နှုတ်သီးကြီး နဲ့ ကိုက်ချီပျံသန်းသွားရင်း ဥက္ကာပျံတွေကြားမှာ ပျောက်ကွယ်သွားပါတယ် ။

ဒဏ္ဍာရီလာ ဖီးနစ်ငှက်ကြီး ဟာ မွန်းစတားဟိုင်းဆင်ကြီး ကို သုတ်ချီ စားသောက်ဖို့ ပျံသန်းထွက်ခွာ သွားချိန်မှာပဲ ချော်ရည်ငွေ့တွေ ဆိုင်းနေတဲ့ မြစ်ကြီးထဲက နေ မီတာများစွာ ကြီးမားတဲ့ လက်ကြီး တစ်ဖက် တိုးထွက်လာပါတယ် ။ ချော်ရည်မြစ် ဟာ တဖြည်းဖြည်း ပွက်ပွက်ဆူလာပြီး ကီလိုမီတာ များစွာမြင့်မား တဲ့ ဖင်းဂေါ့စ်ကြီး တစ်ကောင် လူးလွင့် ထလာပါပြီ ။ ဖင်းဂေါ့စ်ကြီးဟာ နှစ်ရာပေါင်း များစွာ ချော်ရည်မြစ်ကြီးထဲ မှာ အိပ့်စက်အနားယူနေပုံ ရပြီး ဒဏ္ဍာရီလာ ဖီးနစ် ငှက်ကြီး နဲ့ မွန်းစတားဟိူင်းဆင်ကြီး တို့ ဆူညံစွာ တိုက်ခိုက်မှုကြောင့် နိုးထလာခြင်း ဖြစ်ပုံရတယ် ။

ဖင်းဂေါ့စ် ကြီး ဟာ ပျက်စီးနေတဲ့ ဥက္ကာခဲ ဂြိုလ်ကြီး ကို ဝှေ့ရမ်းကြည့်လိုက်ပြီး သူ့ရဲ့ လက်ကြီးတစ်ဖက်ကို ချော်ရည်မြစ်ထဲ ထိုးနှစ်လိုက်ပါတယ် ။

” ဟီးးးးးးး ”

ဖင်းဂေါ့စ်ကြီး ဟာ ကျယ်လောက်လွန်းလှတဲ့ အသံရှည်ကြီး တစ်ခုကို အော်ဟစ်လိုက်ပြီး ချော်ရည်မြစ်ထဲက သူ့ရဲ့ လက်ကြီး ကို ပြန်ဆွဲထုတ်လိုက်ချိန်မှာတော့ မီတာများစွာ ရှည်လျားတဲ့ ကျောက်စိမ်းတုတ်ကြီး ပေါ်ထွက်လာပါတယ် ။ ဖင်းဂေါ့စ် ကြီး ဟာ ကျောက်စိမ်းတုတ်ကြီး ကို အဆက်မပြတ် ဝှေ့ရမ်းလိုက်ပြီး သူ့ရဲ့ ပုခုံးကြီးတွေပေါ်ကို ထမ်းတင်လိုက်ပါတယ် ။ သူရဲ့ မီတာရာပေါင်းများစွာ ကြီးမားတဲ့ ခြေထောက်ကြီးကို ရွေ့လျားရင်း ချော်ရည်မြစ်ထဲကနေ တဖြည်းဖြည်း ထွက်ခွာသွားပါတယ် ။

****°
ကျောက်ခေတ်ကျေးရွာတစ်ခုက ကျယ်ပြန့်သောတောင်ပေါ်အကွာအဝေးအတွင်းတည်ရှိခဲ့ပါတယ်။ ပတ်ပတ်လည်အားလုံးမှာတော့ ရှည်လျားတဲ့ တောင်ထိပ်နှင့်ကြီးမားသောမြစ်တို့သည် အဆုံးမဲ့အုပ်စုများလို ရှိနေတာပါ။

နေရောင်ခြည်တွေဟာ မိုဃ်းတိမ်ကိုဖေါက်ထွင်းပြီး နွေးနွေးထွေးထွေးပဲ လူတွေပေါ်ကို ဖြာကျနေပါတယ်။

ကလေးများ များစွာဟာအုပ်စုတစ်စုရှိနေပြီး အသက်အရွယ် 10 ကျော်ကနေ အသက် 4 နှစ်အရွယ်တွေအထိပါ။ သူတို့ကရွာ၏ အရှေ့ပိုင်းမှာစုဝေးနေကြပြီး နေရောင်ကို မျက်နှာမူထားကြတာပါ ။ ဟူးး ဟ အသံများနှင့်အတူသူတို့၏ လေ့ကျင့်ခန်းများကိုလေ့ကျင့်ခဲ့ကြသည်။ ငယ်ရွယ်နုန
ယ်တဲ့ မျက်နှာထားတွေရှိကြပေမယ့်လည်း အားလုံးဟာ လေးနက်နေခဲ့ကြသည်။ ငယ်ရွယ်သေးသူတွေက သူတို့ရဲ့ပဲုစံကောင်းတွေရအောင်ကြိုးစားနေချိန်မှာပဲ အရွယ်ကြီးတဲ့ ကလေးတွေကတော့ ကျားတစ်ကောင်နဲ့ တူတဲ့ ခွန်အားတွေကိုတောင် ရရှိနေကြပါပြီ။

ကျား သို့မဟုတ် ကျားသစ်အဖြစ် တောသားရဲများအနေဖြင့် ချုပ်လုပ်ထားတဲ့ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက်။ သူရဲ့ အသားအရေများက ကြေးနီရောင်ဖြစ်ပြီးသူ၏အနက်ရောင်ဆံပင်များကတော့ သူ့ပခုံးကိုကျော်ကျနေခဲ့သည်။ သူရဲ့ တောက်ပနေတဲ့မျက်လုံးတွေဟာ ကလေးတစ်ဦးချင်းဆီတိုင်းကို စူးစိုက်ကြည့်နေပြီး သူဟာ ညွှန်ကြားသင်ပြနေပါတယ်။

” ဒီအချိန်မှာ လောကကြီး တစ်ခုလုံးကို ရွေ့ပစ်နိုင်ဖို့ဆိုရင် နေ လို တိုးတက်ဖို့ လိုသလို လေ လိုလည်း အကောင်းဆုံး ကြံ့ခိုင် ဖျတ်လတ်နေရမယ် ဒါပေမယ့်လည်း ငါတို့ဟာ ဒဏ္ဍာရီတွေထဲကလို နေရောင်ခြည် မရှိဘဲ လေ ထဲကနေ အစားအစာတွေကို စားသောက်နိုင်မှာ မဟုတ်ဘူး တစ်ယောက်ယောက် က နေနဲ့ မျက်နှာချင်းဆိုင်ပြီး လေ့ကျင့်မှုတွေကြောင့် ပိုပြီးအစွမ်းထက်လာမယ်ဆိုရင်တော့ သူ့ရဲ့ ခန္ဓာကိုယ် က စွမ်းအားတွေနဲ့ ပြည့်လာမှာပဲ ”

” ဒီကျင့်စဉ်ရဲ့ ထူးခြားချက်ကတော့ နေ့တစ်နေ့ ရဲ့ မနက်ခင်းကို ပဲ မှီခိုအားထားလို့ရတယ် နေ့တိုင်းကို မင်းတို့ဟာ တဖြည်းဖြည်း တိုးတက်လာကြလိမ့်မယ် ဆိုပေမယ့် လက်တွေ့ လုပ်ကတာတော့ ခက်ခဲလွန်းတယ် ချီ စွမ်းအားတွေကို မင်းတို့ရဲ့ ကြွက်သားတွေ အရွတ်ကြောလုံးတွေ နဲ့ ရိုးတွင်းချင်ဆီ ထဲအထိ အတားအဆီး မရှိလှည့်ပတ်စေနိုင်မှ မင်းတို့က ပိုပြီး သန်မာလာလိမ့်မယ် ဒါမှလည်း ဒီ ကျယ်ပြန့် နက်ရှိုင်းတဲ့ ချိုင့်ဝှမ်းဒေသ ထဲမှာ မင်းတို့ အသက်ရှင်နိုင်လိမ့်မယ် ”

ရှေ့မှာရပ်နေတဲ့ ကလေးများ၏အုပ်စုကို ညွှန်ကြားသူလူလတ်ပိုင်းလူကြီးဟာ တင်းကြပ်တဲ့မျက်နှာအနေအထားရှိခဲ့ပါတယ်။ သူကအလေးအနက်ထားအော်လိုက်ပြီးတော့, သတိပေးလိုက်ပါတယ်။

” မင်းတို့ နားလည်သလား”

“ကျနော်တို့နားလည်ပါတယ်!”

သူတို့ကျယ်လောင်စွာ ပြန်ပြောလိုက်ပြီး ကလေးများ၏အုပ်စုတစ်စုလုံးကလည်း အရမ်းကို တက်ကြွနေခဲ့ပါတယ်။

” ကျောက်ခေတ်ရွာက လူတွေဟာ ရှေးနှစ်ပေါင်း ထောင်ချီတဲ့ အချိန်တွေထဲက ဒီတောင်တန်းတွေကြားကို လာပြီး အခြေချနေနိုင်ခဲ့ကြတာ မင်းတို့ ငါတို့ ရဲ့ ဘိုးဘေးကြီးတွေပေါ့ တစ်ခါတစ်လေ မှာ တို့ ကျောက်ခေတ်ရွာ ရဲ့ ကောင်းကင်မှာ အရမ်းကို ကြီးမားပြင်းထန်တဲ့ လေပြင်းတွေ နဲ့ ဖင်းဂေါ့စ် သားရဲကြီးတွေရဲ့ အရိပ်ပုံစံတွေ ပေါ်လာတတ်တယ် လကွယ်ညတွေ လိုမျိုးမှာတော့ မိုးထိမတန် မြင့်မားနေတဲ့ ဟို တောင်ထွဠ်ကြီးတွေပေါ်ကနေ အဖော်မဲ့ သားရဲကြီး တစ်ချို့တစ်လေ လည်း ပေါ်လာတတ်သေးတယ် နောက်ပြီးတော့ အဆိပ်ရှိတဲ့ မွန်းစတား ပိုးကောင်တွေကလည်း ပုံစံ အမျိုးမျိုး နဲ့ သွားလာလှုပ်ရှားတတ်ကြသေးတယ်ဆိုတာကိုလည်း မေ့ထားလို့ မရဘူး သူတို့တွေကလည်း အရမ်းကို ကြောက်စရာကောင်းလွန်းတယ် ”

“နားလည်ကြရဲ့လား ..။ ”

တဒင်္ဂ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကျယ်လောင်တဲ့ အမေးစကား တစ်ခု ပေါ်ထွက်လာပါတယ် ။
ဒါဟာအကြမ်းအားဖြင့် 1 သို့မဟုတ် 2 နှစ်အရွယ်သာရှိသေးတဲ့ အရမ်းပိုငယ်သေးတဲ့ သူငယ်ကလေးပါ။

သူဟာ လအနည်းငယ်လောက်ကမှ ဘယ်လိုလမ်းလျှောက်ရမလည်းဆိုတာ လေ့လာသင်ယူခဲ့ပုံရပြီး အခုတခြားသူတွေနဲ့ လေ့ကျင့်ဖို့လုပ်နေပါပြီ။သူဟာ အရမ်းကိုငယ်ရွယ်သေးတာကြောင့် သိသာထင်ရှားစွာရှိမနေခဲ့ပါဘူး။ ဒါ့ကြောင့်လည်းသူဟာ ကလေးအုပ်စုထဲမှာ ရောနှောနေနိုင်ခဲ့ပြီး သူပေါ်လာမယ်လို့လည်း မထင်ခဲ့ရတာပါ။

” ဟူးဟက် ဟဲဟက် ”

သူငယ်လေးဟာ ပါးစပ်ကနေ အသံမျိုးစုံလုပ်နေခဲ့တာပါ။ သူ့ရဲ့ နူးညံ့တဲ့လက်ကလေးကို ဖြည်းဖြည်းချင်းဆီ လှည့်ပတ်ပေးပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်။

သူ့ရဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ဖို့ ငယ်ရွယ်လွန်းသေးတာကြောင့်လည်း ခြေလှမ်းတွေက မတည်ငြိမ်နိုင်ဘဲ ချာလပတ်ရမ်းခါနေပါပြီ။ ဒါ့အပြင် သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းကနေ အဖြူရောင်နို့ရည်တွေတောင် ပြန်ထွက်ကျလာပါတယ်။

ကလေးအုပ်စုဟာ သူငယ်လေးရဲ့ လှုပ်ရှားမှုတွေကို မျက်တောင်မခပ်စတမ်းကြည့်ရှုနေကြပြီး သူတို့ရဲ့ လေ့ကျင့်မှုတွေကိုတောင် ရပ်နားထားကြပါတယ်။

သူငယ်လေးရဲ့ အသားအရေတွေဟာ ဖြူစင်နူးညံ့လှပြီး ကြီးမားဝိုင်းစက်နေတဲ့ မျက်လုံးရွဲကြီးများကလည်း အတော်လေးကိုလှပလို့နေတာပါ။ သူဟာ တကယ့်ကိုချစ်စရာကောင်းလှပြီး ခန္ဓာကိုယ်လေးကလည်း ကြွေရုပ်တစ်ရုပ်လိုပါပဲ။

သူဟာ အဆက်မပြတ်လှုပ်ရှားနေကာ ယိယိ ယယ မာန်သွင်းသံတွေကိုလည်း သူ့ရဲ့ ပါးစပ်ကနေ ချစ်စဖွယ်ကောင်းအောင် အော်ဟစ်နေပါတယ်။

ကြီးမားလှတဲ့ ကျောက်တုံးကျောက်ဆောင်အပိုင်းအစတွေပေါ်မှာ အသက်ရှူလေ့ကျင့်ခန်းလုပ်နေကြတဲ့ အကြီးအကဲတော်တေ်ာများများက ပြုံးရွင်နေကြပါတယ်။

ခန္ဓကိုယ်အပေါ်ပိုင်းကို ဗလာကျင်းထားပြီး သန်မာတဲ့ကြွက်သားတွေ ပိုင်ဆိုင်ထားတဲ့ လူတွေကလည်း အပြုံးတွေနဲ့ပါ။ သူတို့က ကျောက်ခေတ်ရွာအတွင်းမှာတော့ စွမ်းအားအကောင်းဆုံးသူတွေဖြစ်ကြပြီး ရွာကိုကာကွယ်စောင့်ရှောက်နေကြရသူတွေပါပဲ။

သူတို့က ငယ်စဉ်တည်းက လေ့ကျင့်ခဲ့ရပါတယ်။ အမည်နာမ မသိနိုင်တဲ့ ကြီးမားလှတဲ့သားရဲကြီးတစ်ကောင်ကနေဖြစ်လာတဲ့ သတ္တုနက်ရောင်တောက်ပနေတဲ့ အရိုးပွဲကိုလည်း ကျောက်ခေတ်ရွာက အကြီးအကဲက ကျင်းပပေးရပါသေးတယ်။ ဒါက လေတွေအရမ်းတိုက်ပြီး မိုးချုန်းသံလို အသံကြီးတွေဆူညံစွာထွက်ပေါ်လာတဲ့ အခါမျိုးမှာပေါ့။

သူတို့နေထိုင်ရာအရပ်ဒေသဟာ အရမ်းကိုစက်ဆုတ်ဖွယ်ရာကောင်းတဲ့ သားရဲကြီးတွေ၊ အဆိပ်ပြင်းလှတဲ့ အင်းဆက်ပိုးမွှားတွေအပြင် အသက်ရှင်သန်ဖို့ရာ အစားအစာတွေကို ရှာဖွေရတဲ့အခါမျိုးမှာလည်း ကြုံတွေ့ရတဲ့ အခက်အခဲတွေကြောင့် ရွာသားအများကြီးဟာ တောထဲမှာသေဆုံးခဲ့ကြရပါတယ်။

သူတို့ဟာ အသက်ရှင်နေထိုင်ချင်ကြတယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ်ခွန်အားကြီးမားလာအောင်လုပ်ပြီး ခဲယဉ်းလှတဲ့ နံနက်ခင်းကျင့်စဉ်တွေကိုလည်း လေ့ကျင့်ရပါလိမ့်မယ်။ ဒါ့ကြောင့်လည်း ကလေးသူငယ်တွေက အစ အရွယ်ရောက်သူတွေ အလယ် အကြီးအကဲတွေအထိ စွမ်းအင်ကျင့်စဉ်တွေ လေ့ကျင့်ရခြင်းပါပဲ။

” အာရုံစိုက်ကြစမ်း ”

ကလေးအုပ်စုရဲ့လေ့ကျင့်ရေးအတွက် ကြီးကြပ်မှုနဲ့ ညွန်ကြားချက်တွေကို သင်ပြဖို့ တာဝန်ရှိတဲ့ သက်လတ်ပိုင်းလူကြီးက ကျယ်လောင်စွာအော်ဟစ်ပြောဆိုလိုက်ပါတယ်။ ကလေးအုပ်စုကလည်း အလျှင်အမြန်ပဲ အလေးအနက်ထားတဲ့ အမူအရာတွေပြန်ဖြစ်သွားကြပါတယ်။

” ရိ ယ မောလိုက်တာ့့ ”

သူငယ်လေးက ကလေးအုပ်စုရဲ့ လေ့ကျင့်မှုတွေကို ကြည့်လိုက်ပြီး ညီးတွားလိုက်ပါတယ်။ ဒီ့နောက်မှာတော့ သူဟာ မောပန်းစွာနဲ့ မြေကြီးပေါ်ကို ထိုင်ချလိုက်ပါပြီ။ ဒါပေမဲ့ ခနအကြာမှာတော့ သူ့ရဲ့ အာရုံကိုအပြောင်းအလဲဖြစ်သွားစေမဲ့အရာ ဖြစ်ပေါ်လာခဲ့ပါတယ်။

သူရဲ့ အနီးအနားတစ်ဝိုက်မှာ ငါးရောင်စပ်စာငှက်လေးတစ်ကောင်ဟာ လှပစွာကခုန်ပျံသန်းနေပါတယ်။ သူဟာ ချက်ချင်းပဲတဟုန်ထိုးပြေးသွားခဲ့ပါတယ်။ သူငယ်လေးဟာ ငါးရောင်စပ်စာငှက်လေးကို မဖမ်းနိုင်ခဲ့ဘဲ ဖင်ထိုင်လှဲကျသွားပါတယ်။ သူဟာ ငါးရောင်စပ်စာငှက်လေးကို အံကြိတ်ကာကြည့်လိုက်ပြီး ငြီးတွားကာပြန်ထလာသလို ငိုကြွေးမှုလည်း မရှိခဲ့ပါဘူး။

” ကောင်းပြီ ရပ်လိုက်ကြတော့့့့ ”

သက်လတ်ပိုင်းလူကြီးဟာ အသံနက်ကြီးနဲ့ အော်ဟစ်လို့ပြောဆိုလိုက်ပါတယ်။ ကလေးအုပ်စုကလည်း သူတို့ရဲ့ လေ့ကျင့်မှုကို ရပ်တန့်လိုက်ပြီး မနက်စာစားသောက်ဖို့ ပြန်သွားကြပါတယ်။

ရှေးဟောင်းဓါးကြီးတွေကို လွယ်ပိုးထားကြတဲ့ လူကြီးတွေကလည်း ကျောက်ဆောင်ကြီးပေါ်ကနေဆင်းလာကြပြီး သူတို့ရဲ့ ကလေးတွေနောက် လိုက်ပါသွားကြပါတယ်။

ကျောက်ခေတ်ရွာအကြီးအကဲရွှီယွီဖန်းရဲ့ အိမ်ဝင်းကတော့ ရွာရဲ့ အရှေ့ဘက်မှာရှိနေတာပါ။ ဒီဝင်းတံတိုင်းရဲ့ခြံစည်းရိုးကို ကြီးမားလှတဲ့ကျောက်တုံးတွေနဲ့ဆင့်ထားပြီး မိုးမခသစ်စေးနဲ့ သရိုးကိုင်ထားတာပါ။

ဝင်းတံတိုင်းနဲ့ မီးဖိုဆောင်ရဲ့ ကြားမှာတော့ အဖြူရောင်အရည်တို့ဆူပွက်နေတဲ့ အိုးကြီးတစ်လုံးရှိနေပါတယ်။ အိုးကြီးထဲက မွေးပျံ့သင်းကြိုင်နေတဲ့ နို့နံ့ကလည်း လူတိုင်းရဲ့ နှာဝကို ကလူကျီစယ်နေပါတယ်။

သူငယ်လေးဟာ အိုးကြီးထဲကို ဆေးပင်တချို့ကို တခါတခါပစ်လိုက်ပြီး သစ်သားယောင်းမကြီးနဲ့ ဖြည်းဖြည်းချင်းမွှေပေးနေပါတယ်။ အချိန်တခနလောက်ကြာသွားချိန်မှာတော့ ရွှီယွီဖန်းက ပြောဆိုလိုက်ပါတယ်။

” တော်လောက်ပြီ လူလေး သောက်လို့ရနေပြီ့့့ ”

သူငယ်လေးဟာ သူ့ရဲ့ အသက် ၆ လလောက်မှာပဲ မိဘနှစ်ပါးစလုံးကို ဆုံးရှုံးခဲ့ရပါတယ် ။ ဒါ့ကြောင့်လည်း သူဟာ သားရဲကောင်တွေရဲ့ နို့တွေကို ပဲ သောက်နေရတာလေ ။ ဒီလိုနဲ့ပဲ သူ့ရဲ့အသက်ဟာ သုံးနှစ်ကျော်လာခဲ့ပါပြီ ။ သူဟာ သာမန်ခလေးတစ်ယောက်သာ ဆိုရင်တော့ သူဟာ အမှန်တကယ်ကို နို့ဖြတ်ပြီး အစားအစာဘက်ကို ပြောင်းလဲသင့်ပါတယ် ။ သူကတော့ တကယ့်ကို နှစ်နှစ်ခြိုက်ပဲ နို့သောက်နေတုန်းပါပဲ ။ သူဟာ နို့သောက်တာကို ရပ်ပစ်လိုက်ဖို့လည်း စိတ်ပါပုံ မရပါဘူး ။ ဒါ့ကြောင့်လည်း တခြားခလေးတွေက သူ့ကို လှောင်ပြောင်ရယ်မောနေခဲ့ကြတာပေါ့ ။ အခုလည်း သူဟာ ဘူးသီးခြောက်နို့ဗူးကို မော့သောက်ရင်း ကျောက်တုံးကြီးတစ်လုံးပေါ် ဟန်ပါပါ ထိုင်နေပါတယ် ။

” ခလေးလေး မင်းက နို့သောက်နေတုန်းလား ”

အသက်ပိုကြီးတဲ့ ခလေးအုပ်စု ဟာ ဆူညံစွာပဲ သူငယ်လေး ကို အော်ဟစ်ပြောကြပါတယ် ။

” မင်းတို့က မျောက်ကလေး တွေပဲ မင်းတို့လည်း သူ့ အရွယ်ကို ဖြတ်သန်းလာရတာပဲ မဟုတ်လား ”

ကျောက်ခေတ်ရွာအကြီးအကဲ ဟာ ပြုံးနေခဲ့ပြီး ခလေးအုပ်စုကို အပြစ်တင်လိုက်ပါတယ် ။ သူ ဟာ ဒီ မိဘမဲ့ ခလေးလေးကို အရမ်းကို သနားပြီး ချစ်မြတ်နိုးနေရတာလေ ။ ခလေးအုပ်စု ကလည်း ကျောက်ခေတ်ရွာအကြီးအကဲ ရဲ့ စကားကို လုံးဝအလျော့မပေးဘဲ စောဒက တက်လိုက်ပါတယ် ။

” ကျနော်တို့ က သူ့အရွယ်ကို ဖြတ်ခဲ့ရတာပါပဲ ဒါပေမယ့်လည်း ကျနော်တို့က အသက် သုံးနှစ်ကျော်တဲ့ ထိတော့ နို့မသောက်ကြဘူးလေ ”

” ဟားးးးးး ဟားးးးး ဟားးးးးး ”

ခလေးကြီး အုပ်စု ဟာ သူတို့ရဲ့စကား ကို သဘောကျပြီး တဝါးး ဝါးး တဟားးဟားး ရယ်မောလိုက်ကြပါတယ် ။

သူငယ်လေး ဟာ ခလေးကြီးတွေရဲ့ လှောင်ပြောင်စကားတွေကြောင့် သူ့ရဲ့ မျက်နှာမှာ မဲ့ပြုံးတစ်ခု ပေါ်လာပါတယ် ။ သူ့ရဲ့ ကြီးမားပြီးတောက်ပနေတဲ့ မျက်လုံးလေးတွေက ဖျော့တော့တော့ လခြမ်းကွေးလေးကို စွေစောင်းကြည့်လိုက်ပြီး သူဟာ စိတ်အနှောက်အယှက် နည်းနည်းလေးမှ ခံစားရပုံ မပေါ်ပါဘူး ။ သူဟာ အရွယ်နဲ့မလိုက်အောင် မောက်မာထောင်လွှားနေပြီး သူ့ရဲ့ ဘူးသီးခြောက်နို့ဗူးကို သာ အသာအယာ မော့သောက်နေပါတယ် ။

ကျောက်ခေတ်ရွာဟာ အရမ်းလည်းပဲ မကြီးမားဘဲ အရွယ်ရောက်ပြီးသား ယောကျာ်း မိန်းမ အားလုံးကို စုပေါင်းလိုက်မယ်ဆိုရင်တောင် မှ လူ သုံးရာလောက်ပဲရှိပါတယ် ။ ဒါ့ကြောင့် ကျောက်ခေတ်ရွာဟာ ရွာလေး တစ်ရွာပဲ ဖြစ်ပါတယ် ။ သူတို့ဟာ လွင်ပြင်ထဲမှာ သဘာဝ အတိုင်း နေထိုင်ကြပြီးတော့ အရမ်းကိုကြီးမားတဲ့ ကျောက်တုံးတွေအောက်မှာ အိမ်တွေကို ဆောက်ထားကြပါတယ် ။

ကျောက်ခေတ်ရွာရဲ့ ပတ်ပတ်လည်မှာတော့ မြက်ပင်ရိုင်းကြီးတွေ သစ်ပင်ရိုင်းကြီးတွေက အပြိုင်းအရိုင်းကို ပေါက်ရောက်နေကြပါတယ် ။ ဒါပေမယ့်လည်း အါ့သည်နေရာတွေမှာ ကြမ်းကြုတ်ရက်စက်တဲ့ သားရဲကောင်ကြီးတွေ ရှိပါတယ် ။

ကြီးမားလွန်းတဲ့ တောင်တန်းကြီးကနေ သူတို့ရဲ့ အန္တာရယ်ကို ကာကွယ်ဖို့ ကလန်ဟာ အစောင့်အရှောက်တွေ ချထားရပါတယ် ။ ကလန်သားတွေအတွက်လည်း အစားအသောက်တွေ ပေါများမကြွယ်ဝ နေခဲ့ပါဘူး ။ စားဖိုဆောင် က ကြီးကြပ်သူဟာ ခလေးတွေရဲ့ ပန်းကန်ထဲကို မညီညာတဲ့ ဂျုံပေါင်မုန့် အနည်းငယ် နဲ့မကျက်တကျက် အသားလေးတွေပဲ ထည့်ပေးနိုင်တာပါ ။

သည်အခြေအနေတွေကနေ ရွေးချယ်ခွင့် ရမယ်ဆိုလည်း ကလန်သားတွေဟာ တောင်တန်းကြီးတွေဆီကို သွားပြီးသားကောင် ရှာဖို့ ဘယ်သူမှ လိုလိုလားလား မရှိပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ တောင်တန်းကြီးထဲမှာ လျို့ဝှက်တဲ့ ကြောက်စရာကောင်းတဲ့ သွေး နဲ့ ယစ်ပူဇော်ခြင်းတွေ ရှိနေလို့ဖြစ်ပါတယ် ။

နောက်ပြီး အစားအစာတွေက အမြဲတမ်းကို အလွန်အမင်း အဖိုးတန်တယ်ဆိုပေမယ့်လည်း သူတို့ရဲ့ အသက်ကို အလဟသ ဖြုန်းတီးပစ်ဖို့ အထိတော့ ခွင့်မပြုနိုင်ပါဘူး ။ ဒါ့ကြောင့်လည်း ဆာလောင်မှု အစားအစာ အမဲလိုက်ခြင်း သွေးစက်တွေ နဲ့ ရှင်သန်ရတဲ့ ဘဝတွေကို သူတို့ငယ်စဉ်တည်းက သင်ပေးထားတာလေ ။ အခု ကလေးအုပ်စုတို့ကို သင်ကြားပေးနေသလိုမျိုးပါပဲ ။ ဒါမှလည်း သူတို့ဟာ အားလုံးနဲ့ အချိတ်အဆက် မိနေမှာဖြစ်ပါတယ် ။

နံနက်စာစားပြီးချိန်မှာတော့ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ လူကြီးတွေဟာ တစ်ယောက်ပြီးတစ်ယောက် အကြီးအကဲရွှီယွီဖန်းရဲ့ အိမ်ဝင်းအတွင်းကို စုဝေးလာကြပါတယ်။ သူတို့ရဲ့ ဆံပင်တွေဟာ အဖြူရောင်သန်းနေပေမယ့်လည်း ခန္ဓာကိုယ်ကတော့ အများကြီးကို ကြံ့ခိုင်သန်စွမ်းနေသေးပုံရပါတယ်။

လူကြီးတစ်ယောက်ဟာ တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး စတင်ပြောဆိုလိုက်ပါတယ်။ သူက ကျောက်ခေတ်ရွာရဲ့ အမဲလိုက်ခေါင်းဆောင် ရှီလင်းဟူပါ။ ရှီလင်းဟူက အရပ်၂မီတာကျော်ရှည်ပြီး ကြေးနီရောင်အသားအရေရှိကာ သန်မာလှတဲ့ကြွက်သားတွေကြောင့် ဝက်ဝံကြီးတစ်ကောင်နဲ့တူနေပါတယ်။ သူဟာ 300 ဂျင် ဒါမှမဟုတ် ဒီထက်ပိုနိုင်တဲ့ ရှေးဟောင်းဓါးရှည်ကြီးတစ်လက်ကို လွယ်ပိုးထားပါတယ်။

” သိပ့်မကြာသေးခင်က အမှားအယွင်းတစ်ခုခုဖြစ်ခဲ့ပုံပဲ ပြီးခဲ့တဲ့ ညတုန်းကလည်း ဖင်းဂေါ့စ် လို သားရဲကောင်တွေ ကျော်ဝင်လာပြီး အနှောက်အယှက်ပေးလာတာထင်တယ် တောင်တန်းကြီးထဲမှာတော့ တစ်ခုခု နက်နက်ရှိုင်းရှိုင်းကို ဖြစ်နေပြီ ”

အမဲလိုက်ခေါင်းဆောင်ရှီလင်းဟူရဲ့ စကားကြောင့် ကျောက်ခေတ်ရွာအကြီးအကဲဟာ အကြီးအကျယ်တုန်လှုပ်သွားပါတယ် ။ ဖင်းဂေါ့စ်လို ဒဏ္ဍာရီလာ အကောင်ကြီးတွေတောင် တောင်တန်းကြီးတွေထဲ ရောက်လာပြီလား ။ ဒါဆို ကျောက်ခေတ်ရွာသားတွေအတွက် အန္တာရယ်ကြီးတွေ ပေါ်ပေါက်လာတော့မယ်လို့ ဆိုလိုခြင်းတွေပဲ ဖြစ်လေမလား ။

” အမ် ကျန်ခဲ့တဲ့ ညတုန်းကလည်း ငါ့ရဲ့ အရေပြားနဲ့ အရိုးတွေ အေးစိမ်စိမ့်ဖြစ်လာလို့ အ်ိပ့်နေတာကနေ ငါ လန့်နိုးလာတယ် ရက်စက်တဲ့ သားရဲကောင်တွေ ဒါမှမဟုတ် ကြီးမားတဲ့ မွန်းစတားကောင်တွေပဲ သေချာပေါက်ဖြစ်ရမယ် ”

ကျောက်ခေတ်ရွာရဲ့ လူကြီးတွေဟာလည်း တစ်ယောက်တစ်ပေါက် ကြောက်လန့်တကြား ဖြစ်ကုန်ကြပါပြီ ။ သူတို့ဟာ တစ်ခုခုနောက်ကို လိုက်ပြီး ဒါမှမဟုတ် နက်နက်ရှိုင်းရှိုင်းကို ဆင်ခြင်သုံးသပ်နေကြပါတယ် ။ သူတို့တွေဟာ မကြာသေးခင်က စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေကို စကားရိပ်သန်းဆွေးနွေးနေကြပါတယ် ။ သူတို့ဟာ တစ်ခုခု က ကွဲပြားခြားနားမှုတွေ ဖြစ်ခဲ့လားဆိုတာ ရှုပ်ထွေးနေပါတယ် ။

” ကလေးတွေကြီးပြင်းလာကြဖို့ သူတို့တွေ ငတ်ပြတ်လို့တော့ မရဘူး ကျုပ်တို့နည်းလမ်းတစ်ချို့ စဉ်းစားကြရမယ့့့်”

လူကြီးတစ်ယောက်လည်း ထောက်ပြပြောဆိုလိုက်ပါတယ်။
အကြီးအကဲရွှီယွီဖန်းကတော့ တွေးတွေးဆဆ ပြောဆိုလိုက်ပါတယ် ။

” ငါကတော့ နက်ရှိုင်းတဲ့ ရှုပ်ထွေးမှုတွေကို ခံစားနေရပြီ
ဒီတော့ လုပ်စရာ တစ်ခုပဲ ရှိတော့တယ် ဘိုးဘေးတွေရဲ့ ကြီးမြတ်တဲ့ ဝိဥာည်တွေကို ပူဇော်ကြမယ် လိုအပ်တာတွေ သယ်ခဲ့ကြတော့ ”

ကျောက်ခေတ်ရွာသားတွေဟာ ယောက်ယက်ခပ် အလုပ်ရှုပ်သွားကြပါပြီ ။

ကျောက်ခေတ်ရွာရဲ့ အရှေ့ဘက်မှာ ရှေးနှစ်ပေါင်း ထောင်ချီကာလကတည်းက တည်ရှိခဲ့ပုံရတဲ့ အလွန်ကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင် ရှိပါတယ် ။ ဒီသစ်ပင်ကြီးဟာ ၁၂ မီတာလောက်ထိကို ကြီးမားပြီးတော့ မနက်ခင်းရဲ့ နေရောင်ခြည်နုနုလေးတွေကိုတောင် မမြင်စေပါဘူး ။ ဒါဟာ တကယ့်ကို သဘာဝအတိုင်းဖြစ်နေတာ ဖြစ်ပါတယ် ။

ကျောက်ခေတ်ရွာအကြီးအကဲ ဦးဆောင်တဲ့ ရွာသူရွာသားတွေဟာ သစ်ပင်ကြီးရဲ့ ရှေ့မှာ စုပေါင်းပြီး ဒူးတုတ်ထိုင်နေကြပါပြီ ။ သူတို့တွေက သူတို့ရဲ့ ဘိုးဘေးကြီးတွေကို အလွန်အမင်းကို ရိုသေလေးစားပုံ ရပြီး စကားသံ သဲ့သဲ့လေးတောင် မထွက်လာကြပါဘူး ။ ကျောက်ခေတ်ရွာအကြီးအကဲ ရဲ့ လက်ထဲမှာ တော့ အမွေးတိုင်ကို ကြာဖူးသဏ္ဍာန်ကိုင်ဆောင်ထားပြီး သူ့ရဲ့ သြဇာရှိလှတဲ့ အသံသာ တစ်ခွန်းခြင်း ထွက်ပေါ်လာပါတယ် ။

” ကြီးမြတ်သော ဘိုးဘေးတို့၏ သန့်ရှင်းသော အစောင့်အရှောက် ဝိဥာည်များ ခင်ဗျား ကျုပ်တို့ ရဲ့ ကျောက်ခေတ်ရွာသားတွေဟာ ဒီသားရဲတွေရဲ့ လတ်ဆတ်တဲ့အသားတွေကို ဆက်သပါတယ် အပြန်အလှန်အားဖြင့် သင်တို့ရဲ့ မြေးမြစ်တွေဖြစ်တဲ့ ကျောက်ခေတ်ရွာသားတွေကို စောက်ရှောက်ပေးတော်မူပါ ”

****°

Comment

Leave a Reply

Options

not work with dark mode
Reset