Switch Mode

Chapter – 71

စနစ်အား ပထမဆုံးအကြိမ် အဆင့်မြှင့်တင်ခြင်း

အခန်း ၇၁။ စနစ်အား ပထမဆုံးအကြိမ်အဆင့်မြှင့်တင်ခြင်း

ထိုဖိတ်ခေါ်ခြင်းတိုကင်သည် အလွန်ထူးဆန်းပေသည်။

၎င်းကို အမည်မသိသတ္တုတစ်ခုဖြင့်ပြုလုပ်ထားပြီး အလွန်မဲနက်နေ‌ကာ လင်းဝူတပင် ဖတ်ရှု၍မရနိုင်သော ရှေးခေတ်စကားလုံးတစ်ခုကို လျှို့ဝှက်ဆန်းကြယ်စွာရေးထွင်းထားသည်။

သို့သော်လည်း နတ်ဘုရားစိတ်ဝိညာဉ်မျက်လုံးများ၏ အကူအညီဖြင့် ၎င်းကို ဖတ်ရှုလိုက်နိုင်သည်။

“စီရင်သူ”

“စီရင်သူအဖွဲ့အစည်းက မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီလိုတိုကင်လေးကိုတောင် အရမ်းမှော်ဆန်ဆန်ပြုလုပ်ထားခဲ့တယ်။ အရူးတာအိုပညာရှင်ရဲ့ နောက်ကွယ်ကလူတွေအကြောင်းတော့ သိချင်မိတယ်။ အခွင့်အရေးရရင် တချက်လောက်သွားကြည့်တာ‌ပေါ့” လင်းဝူတသည် တီးတိုးရေရွတ်လိုက်သည်။

ဖိတ်ခေါ်ခြင်းတိုကင်ကို ဖွင့်ကြည့်လိုက်သည့်အခါ အထဲတွင် ဗလာကျင်းနေသည်။ ဘာမှ ရေးမထားခဲ့ချေ။

ထိုသို့မြင်သောအခါ လင်းဝူတသည် ၎င်းအား စူးစမ်းကြည့်လိုက်ပြီး ပြန်သိမ်းထားလိုက်သည်။

သူသည် တယန်မြို့မှ ထွက်မသွားသေးချေ။ သူသည် တိတ်ဆိတ်သောနေရာတစ်ခုကို ရှာဖွေကာ ကျင့်ကြံနေလိုက်သည်။

တစ်ရက်ကြာပြီးနောက် စနစ်၏ အဆင့်မြှင့်တင်မှု ပြီးဆုံးသွားခဲ့သည့်အတွက် လင်းဝူတသည် ကျင့်ကြံခြင်းမှနိုးထလာခဲ့သည်။

[‌ဒင်]

[တုနှိုင်းမဲ့ အလောင်းမြှုပ်နှံခြင်းနည်းစနစ်၏ ပထမဆုံးအကြိမ် အဆင့်မြှင့်တင်မှု ပြီးဆုံးပါပြီ။ အဆင့်မြှင့်တင်ခြင်း၏ အသေးစိတ်အချက်အလက်များကို ဖော်ပြထားသည်။ သေသေချာချာဖတ်ရှုပေးပါ]

[၁။ အင်အားကြီးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် : ပိုင်ရှင်စုဆောင်းလိုက်သည့် အလောင်းသည် ပိုင်ရှင်၏ ကျင့်ကြံခြင်းအခြေခံထက် နယ်ပယ်ကြီးတစ်ခုမြင့်နေခဲ့လျှင် အင်အားကြီးသူဟု သတ်မှတ်သည်]

[မှတ်ချက် : ပိုင်ရှင်၏ ကျင့်ကြံခြင်းအဆင့်ထက် နိမ့်သောကျင့်ကြံသူများကို စုဆောင်ခဲ့လျှင် မည်သည့်ပစ္စည်းမှ မရနိုင်တော့ပါ]

[၂။ လုပ်ဆောင်ချက်အသစ် : “ပစ္စည်းများပေါင်းစပ်ခြင်း” : ဤလုပ်ဆောင်ချက်ဖြင့် ပိုင်ရှင်သည် အဆင့်တူသော ပစ္စည်းများကို ပေါင်းစည်းနိုင်ကာ အဆီအနှစ်စွမ်းအင်ကိုထုတ်ယူပြီး မသန့်စင်မှုများအား ဖယ်ရှားပေးနိုင်သည်]

[၃။ ပိုင်ရှင်သည် အလောင်းသန့်စင်ခြင်းမီးဖိုအား ရရှိခဲ့ပါသည်။ စုဆောင်းထားသောအလောင်းများကိုသန့်စင်ပြီး အလောင်းအဆီအနှစ်စွမ်းအားအား ထုတ်ယူနိုင်ကာ ပိုင်ရှင်၏ ကျင့်ကြံခြင်းတွင် အထောက်အကူပြု‌ပေးသည်။ ]

[၄။ ပိုင်ရှင်သည် သင့်၏နောက်လိုက်ဖြစ်သော သေမင်းတမန် ၁၂ယောက်အားရရှိပါသည်]

[မှတ်ချက် : သေမင်းတမန်များသည် အင်မော်တယ်များဖြစ်ကြပြီး ပိုင်ရှင်အား မည်သည့်အခါမှ သစ္စာဖောက်မည်မဟုတ်ချေ။ သူတို့ကို ပိုပြီးသန်မာလာအောင်လုပ်ရန် ကံစွမ်းအားအမှတ်များစွာလိုအပ်ပေသည်]

သတိပေးချက်အသံများသည် သူ့စိတ်ထဲတွင် မြည်ဟိန်းလာခဲ့သည်။

ထိုသို့ကြားသည့်အခါ လင်းဝူတသည် တခဏလောက်တိတ်ဆိတ်သွားခဲ့ပြီး စနစ်၏ အဆင့်မြှင့်တင်မှုများအား သေချာလေ့လာလိုက်သည်။

ပထမဆုံးအနေဖြင့် အလောင်းစုဆောင်းရာတွင် အလောင်းအား စံနှုန်းတစ်ခုသတ်မှတ်လိုက်ပေသည်။

သူ့ထက် ကျင့်ကြံခြင်းအခြေခံ အဓိကနယ်ပယ်ကြီးတစ်ခုမြင့်သော အလောင်းကို စုဆောင်းမှသာ ဆုလာဘ်ရရှိနိုင်တော့မည် ဖြစ်သည်။

ယခုအချိန်တွင် လင်းဝူတ၏ ကျင့်ကြံခြင်းအခြေခံသည် နတ်အသွင်ပြောင်းလဲခြင်း ပြီးပြည့်စုံခြင်းအဆင့်ဖြစ်‌ပေသည်။ စနစ်၏ စံသတ်မှတ်ချက်ကြောင်း မူလပြန်အဆင့်ကျင့်ကြံသူအလောင်းများကို စုဆောင်းမှသာ ဆုလာဘ် ရရှိစေပေလိမ့်မည်။

မူလပြန်အဆင့်အောက်ရှိ အလောင်းများသည် အကျိုးသက်ရောက်မှု ရှိတော့မည်မဟုတ်ချေ။

ထိုသတ်မှတ်ချက်ကို မြင်သောအခါ လင်းဝူတသည် အနည်းငယ် အံ့ဩသွားခဲ့သော်လည်း စိတ်ထဲတွင် တွေးတောနေခြင်းမရှိချေ။

မည်သို့ပင်ဆိုပါစေ ပို၍စွမ်းအားကြီးသူများ၏ အလောင်းသည်သာ ပစ္စည်းကောင်းများရရှိရန် အခွင့်အရေးရှိပေသည်။ သူ့ထက် နယ်ပယ်ကြီးတစ်ခုမြင်သော သူတစ်ယောက်၏ အလောင်းကို စံသတ်မှတ်ထားခြင်းသည် လက်ခံနိုင်ပေသည်။

ထိုအပြင် ပစ္စည်းများပေါင်းစပ်ခြင်းလုပ်ဆောင်ချက်သည် ထပ်တိုးပါဝင်လာခဲ့သည်။

လင်းဝူတသည် ထိုလုပ်ဆောင်ချက်နှင့် ပတ်သတ်ပြီး အလွန်သိချင်နေမိသည်။

“ဘုန်း”

သူသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ၏ ထူးကဲသောတာအိုစိတ်ဝိညာဉ်လက်နက် ၅ခုအားထုတ်ယူလိုက်သည်။

“စနစ်…ဒီအရာတွေကို ပေါင်းစည်းလို့ရလား”

[ရပါတယ်]

[ပိုင်ရှင်သည် အဆင့်မြှင့်တင်ချင်သည့် လက်နက်ကို အဓိကထားပြီး တခြားလက်နက်များ၏ အနှစ်သာရများအား ထုတ်ယူကာ အဓိကလက်နက်ဆီသို့ ပေါင်းထည့်ပေးနိုင်သည်]

ဒါက ဒီလိုအလုပ်လုပ်တာပေါ့။

လင်းဝူတသည် အသစ်အဆန်းတစ်ခုကို ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် မဟာပျက်သုဉ်းခြင်းဒယ်စောက်ကို အဆင့်မြှင့်တင်ရန်အတွက် တခြားလက်နက်လေးခု၏ အနှစ်သာရများအား ထုတ်ယူရန် ရွေးချယ်လိုက်သည်။

[ဒင်… ကံစွမ်းအားအမှတ် မလုံလောက်၍ ပေါင်းစပ်လို့မရပါ]

အမ်… ပစ္စည်းတွေပေါင်းစပ်တာကလည်း ကံစွမ်းအားအမှတ်တွေ လိုတယ်လား။

လင်းဝူတသည် မျက်မှောင်ကြုတ်လိုက်သည်။

“တယန်ဘိုးဘေးနယ်မြေက ရခဲ့တဲ့ ရတနာတွေအားလုံးကို ကံစွမ်းအားအမှတ်နဲ့ လဲလှယ်မယ်”

သူ့တွင် ရွေးချယ်စရာမရှိချေ။

အခုအချိန်တွင် သူသည် မွဲတေနေ၍ ပိုမိုကောင်းမွန်သည် ထူးကဲသောတာအိုစိတ်ဝိညာဉ်လက်နက်တစ်ခုရရှိရန် ကျောက်တုံးစေတီမှ ရခဲ့သော ပစ္စည်းများအား စတေးရပေတော့မည်။

ထို့အပြင် ၎င်းတို့အား အသုံးပြုရန် ရည်ရွယ်ချက်လည်းမရှိချေ။

[ဒင်… ဂုဏ်ယူပါတယ်။ ပိုင်ရှင်သည် ကံစွမ်းအားအမှတ် ၁.၂၈မီလီယန်ရရှိပါသည်]

“တယန်ဓား၊ တာရီနတ်ဆိုးမီးဖို၊ ရွှမ်ထျန်းချိပ်တံဆိပ်၊ ချီရှောင်ဓားတို့ကို မဟာပျက်သုဉ်းခြင်းဒယ်စောက်နဲ့ ပေါင်းစပ်ဖို့ ကံစွမ်းအားအမှတ် ဘယ်လောက်လိုလဲ”

[၈၀၀၀၀၀လိုအပ်ပါတယ်]

များလွန်းတာဘဲ။

လင်းဝူတသည် မျက်မှောင်ကြုတ်လိုက်သည်။

“ပေါင်းစပ်မယ်”

နောက်ဆုံးတွင် သူသည် ပေါင်းစပ်ရန် ရွေးချယ်လိုက်သည်။

ကံစွမ်းအားအမှတ် ၈၀၀၀၀၀ကုန်ဆုံး‌သွားသော်လည်း ထိပ်ထန်းအဆင့် ထူးကဲသောတာအိုစိတ်ဝိညာဉ်လက်နက်တစ်ခု ရရှိခြင်းသည် ထိုက်တန်ပေသည်။

ထို့ကြောင့် လင်းဝူတသည် မျှော်လင့်ချက်များဖြင့်ပြည့်သွားသည်။

[ပေါင်းစပ်ခြင်းလုပ်ဆောင်နေပါသည်။ တခဏလောက်‌စောင့်ဆိုင်းပေးပါ]

“ဘုန်း”

“ဘုန်း”

“ဘုန်း”

လျှို့ဝှက် ဆန်းကြယ်သော တာအိုသံစဉ်တစ်ခုသည် သူ၏ နားထဲသို့ဝင်ရောက်လာခဲ့သည်။

လင်းဝူတသည် သူ့ရှေ့ရှိ ထူးကဲသောတာအိုစိတ်ဝိညာဉ်လက်နက်ငါးခုကို နှမျောခြင်းမရှိဘဲကြည့်လိုက်သည်။ ၎င်းတို့သည် များပြားသော နတ်အလင်းတန်းတို့ဖြင့် ဖုံးလွှမ်းထားပြီး အတွင်းမှ ပြင်းထန်သည့် သတ္တုအချင်းချင်း တိုက်မိသော အသံများ ထွက်ပေါ်လာသည်။

လက်နက်အား သွန်းလုပ်နေသည့်ပုံပေါ်သည်။

“ဝှစ်”

တခဏကြာပြီးနောက် အလင်းတန်းများသည် ပျောက်ကွယ်သွားခဲ့သည်။

ချက်ချင်းပင် အလွန်ရှေးကျသော် အနက်ရောင် ဒယ်စောက်တစ်ခုသည် လင်းဝူတ၏ မျက်လုံးရှေ့တွင်ပေါ်လာခဲ့သည်။

၎င်းသည် အလွန်ပြင်းထန်သည့် ထူးကဲသောတာအိုအော်ရာကိုထုတ်လွှတ်နေပြီး လေဟာနယ်ကိုပင် အေးခဲစေသည်။

[အမည် : မဟာပျက်သုဉ်းခြင်းဒယ်စောက်]

[အမျိုးအစား : စိဝ်ဝိညာဉ်လက်နက်]

[အဆင့် : ထိပ်တန်းအဆင့်]

[တာအိုကန့်သတ်ချက် : ၈၁]

[ဖော်ပြချက် : ထူးကဲသောတာအိုလက်နက်လေးခုဖြင့် ပေါင်းစပ်ထားသည်]

[လုပ်ဆောင်ချက် : ၁။ မည်သည့်နေရာကိုမဆို ဖိနှိပ်နိုင်သည်]

[၂။ အရာအားလုံးကို ဖျက်စီးနိုင်သည်။ ထူးကဲသောတာအိုလက်နက်များအထဲတွင် ပြိုင်ဘက်ကင်းသည်]

[၃။ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအားများကို စိတ်ဝိညာဉ်ရေစင်အဖြစ်ပြောင်းလဲပေးနိုင်သည်။ စိတ်ဝိညာဉ်ရေစင်ကို စိတ်ဝိညာဉ်ဆေးပင်များ ရှင်သန်ကြီးထွားရန်အသုံးပြုနိုင်သကဲ့သို့ ၎င်းသည် လူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံခိုင်မာအောင်ပြုပေးနိုင်သည်]

အချက်အလက်အသစ်များသည် သူ့မျက်စိရှေ့တွင်ပေါ်ထွက်လာခဲ့သည်။

၎င်းတို့ကိုဖတ်ရှုပြီးနောက် လင်းဝူတသည် အံ့ဩသွားခဲ့သည်။

ထူးကဲသောတာအိုစိတ်ဝိညာဉ်လေးခု၏ အဆီအနှစ်များကို အောင်မြင်စွာ ပေါင်းစည်းသွားနိုင်သည့်အတွက် မဟာပျက်သုဉ်းခြင်းဒယ်စောက်သည် ထိပ်တန်းအဆင့် ထူးကဲသောတာအိုစိတ်ဝိညာဉ်လက်နက်အဖြစ်ပြောင်းလဲသွားခဲ့သည်။

ထို့အပြင် ၎င်း၏ လုပ်‌ဆောင်ချက်စွမ်းအားများသည်လည်း ပို၍ သန်မာလာခဲ့သည်။

“ကံစွမ်းအားအမှတ် ၈၀၀၀၀၀က အလဟသတ်ဖြစ်သွားခဲ့တာတော့မဟုတ်ဘူးဘဲ။ ဒီလက်နက်က ငါ့ကို စိတ်မပျက်စေခဲ့ဘူး။ ဒီလက်နက်နဲ့ဆိုရင် ငါ့ရဲ့ ခွန်အားက ကြီးကြီးမားမား ထပ်မံတိုးလာနိုင်တယ်”

လင်းဝူတ၏ မျက်လုံးများသည်တောက်ပသွားခဲ့သည်။

အချိန်ကြာမြင့်စွာ လေ့လာဆန်းစစ်ပြီးနောက် မဟာပျက်သုဉ်းခြင်းဒယ်စောက်အား စနစ်၏ နေရာလွတ်ထဲတွင် သိမ်းဆည်းထားလိုက်သည်။

ထို့နောက် သူ၏ မျက်လုံးများသည် အလောင်းသန့်စင်ခြင်းမီးဖိုဆီသို့ ကျရော‌က်သွားခဲ့သည်။

“ဘုန်း”

အတွေးတစ်ချက်ဖြင့် ရှေးဟောင်းဆန်ပြီး လျှို့ဝှက်ဆန်းကြယ်သော အော်ရာတောက်ပနေသည့် ရှစ်ထောင့်သဏ္ဍာန်မီးဖိုတစ်ခုကို ထုတ်ယူလိုက်သည်။

၎င်းသည် ပေ၁၀၀လောက်ရှည်ပြီး လျှို့ဝှက်ဆန်းကြယ်သော အော်ရာကို ထုတ်လွှတ်နေခဲ့သည်။

[အမည် : အဆင့်နိမ့်အလောင်းသန့်စင်ခြင်းမီးဖို]

[အဆင့် : အနိမ့်ဆုံး]

[ဖော်ပြချက် : သက်ရှိအားလုံးကို ဖျက်စီးနိုင်ပြီး ၎င်းတို့ အဆီအနှစ်၏ အဆတစ်သောင်းပုံ တစ်ပုံအား သင့်၏ ကျင့်ကြံခြင်းကို တိုးမြှင့်ဖို့ရန်အတွက် အသုံးပြုနိုင်သည်]

အဆင့်နိမ့်အလောင်းသန့်စင်ခြင်းမီးဖိုလား။ သူတို့ရဲ့အဆီအနှစ် ၁၀၀၀၀ပုံ ၁ပုံလား။

လင်းဝူတသည် သတင်းအချက်အလက်များကို မြင်သောအခါ အတွေးနက်သွားသည်။

ထိုအချိန်တွင် ရဲတင်းသော အတွေးတစ်ခုသည် သူ့၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

စနစ်၏ အဆင့်မြှင့်တင်မှုပြီးနောက် သူသည် သူ့ထက်နယ်ပယ်ကြီးတစ်ခုမြင့်သော သူများ၏ အလောင်းကိုသာ သိမ်းဆည်းခွင့်ရှိသည်ဟု စည်းကမ်းသတ်မှတ်လိုက်သည်။ ကျင့်ကြံခြင်းအဆင့်နိမ့်သူများ၏ အလောင်းအားစုဆောင်းခြင်းသည် ဖြုန်းတီးမှုတစ်ခုသာဖြစ်သည်။

အခု အလောင်းသန့်စင်ခြင်းမီးဖိုရှိသည့်အတွက် ဆုံးရှုံးမှု မရှိ‌နိုင်တော့ပေ။

တချိန်တည်းတွင် သူ၏ ခွန်အားပင် တိုးလာနိုင်သည်။

တစ်သောင်းပုံ တစ်ပုံသည် နည်းသော်လည်း သူ့တွက်တော့ အသုံးဝင်နေဆဲပင်။

၎င်းသည် ကျင့်ကြံခြင်း၏ ဖြတ်လမ်းတစ်ခုဖြစ်သည်။

ထိုသို့တွေးပြီး လင်းဝူတ၏ မျက်လုံးများသည် တောက်ပသွားခဲ့သသည်။

ဤအချိန်တွင် သူ၏ အနာဂတ်ကို တွေး‌တောကြည့်နိုင်သည်။

“စနစ်… အလောင်းသန့်စင်ခြင်းမီးဖိုက အဆင်နိမ့်အဆင့်ဆိုတော့ အဆင်မြင့်အဆင့်က ရှိသေးလား”

[ရှိပါတယ်]

[ပိုင်ရှင်၏ ကျင့်ကြံခြင်းအဆင့်သည် သေချာသောအဆင့်တစ်ခုထဲရောက်ရှိခဲ့လျှင် စနစ်သည် ထပ်မံအဆင့်မြှင့်တင်မှာဖြစ်ပြီး အလောင်းသန့်စင်ခြင်း မီးဖိုသည် အဆင့်မြင့်တက်လာရန်အခွင့်အရေးရှိပါတယ်။ ပြီးတော့ အလောင်းသန့်စင်ခြင်းမီးဖိုကို အဆင်မြှင့်တင်ဖို့ ကံစွမ်းအားအမှတ်များကို အသုံးပြုနိုင်ပါတယ်]

“ကောင်းပြီ”

နောက်ဆုံးတွင် ကံစွမ်းအားအမှတ်များ လိုအပ်နေဆဲပင်။

“သေမင်းတမန်တွေက ဘာလဲ”

[သူတို့က ပိုင်ရှင်ကို လက်ဆောင်ပေးသည့် အစေခံတွေပါ။ သူတို့ရဲ့ ရုပ်ခန္ဓာကဖျက်စီးမရနိုင်သလို လွှမ်းမိုးနိုင်စွမ်းရှိပြီး ပိုင်ရှင်အား ဘယ်တော့မှ သစ္စာ‌ဖောက်မည်မဟုတ်ပေ။ တစ်ယောက်စီတိုင်းသည် အလွန်ပြင်းထန်သန်မာသည့် ခွန်အားရှိသည်]

[သူတို့၏ ကျင့်ကြံခြင်းအဆင့်ထဲတွင် ပြိုင်ဘက်ကင်းသည်]

[စုစုပေါင်း ၁၂ယောက်ရှိသည်။ ခေါင်းဆောင်သည် လီကန်ထျန်းဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နယ်ပယ်အစောပိုင်းအဆင်ဖြစ်သော်လည်း ကောင်းကင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်တစ်ယောက်ကို အလွယ်တကူအနိုင်ယူနိုင်သည်။ မူလပြန်အဆင့်တစ်ယောက်ကိုပင် မရှုံးနိမ့်နိုင်ချေ]

[သူတို့နှင့် ပတ်သတ်သောသတင်းအလျက်အလက်များကို ပိုင်ရှင်ကိုယ်တိုင် စစ်ဆေးကြည့်နိုင်သည်]

စနစ်၏ အသံထွက်ပေါ်လာပြီးနောက် လှိုင်းတွန့်လေးများဖြစ်သွားကာ သတင်းအချက်အလက်များရေးမှတ်ထားသော စာရွက်တစ်ခုပေါ်လာခဲ့သည်။

ထို့နောက် ချက်ချင်းပင် နတ်ဆိုး၁၂ကောင်သည် လင်းဝူတရှေ့တွင် ပေါ်လာခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset