Switch Mode

Chapter – 180

ဧကရာဇ် သွေးမျိုးဆက်

စာကြည့်တိုက်တာအိုသခင်
အပိုင်း (၁၈၀) ဧကရာဇ်၏ သွေးမျိုးဆက်

ယဲ့ရှောင်သည် ထိုစကားနှစ်ခွန်းကို ​ပြောပြီးနောက် ပတ်ဝန်းကျင်ရှိ အရှိန်အဝါကသိပ်သည်းလာကာ အစွမ်းထက်သည့်ခွန်အားကို ၎င်းနှင့်အတူသယ်ဆောင်လာလျက် တစ်ဖက်သူဆီသို့ အညှာအတာမဲ့စွာ ဖိချလိုက်တော့သည်။
သတ်ဖြတ်ခြင်းဆန္ဒများ စီးထွက်လာသည့် ခံစားချက်က လူနှစ်ယောက်၏ နှလုံးသားကို ကြောက်လန့်မှုကြောင့် တုန်ရီစေ၏။
” အဲ့ဒီလူက အံ့ဖွယ်ချီရှန်းပဲ … ငယ်ရွယ်တဲ့အံ့ဖွယ်ဂိုဏ်း … ”
သူတို့နှစ်ယောက် ထိတ်လန့်သွားတာ အံ့သြစရာမရှိပေ။ အကြောင်းမှာ ယဲ့ရှောင်၏ ရုပ်ရည်သွင်ပြင်နှင့် သက်တမ်းအရ သူသည်အလွန်ငယ်ရွယ်သည်။ သိုင်းပညာရှင်တစ်ယောက်က အိုမင်းရင့်ရော်မှုသက်တမ်းကို ဆွဲဆန့်ထားနိုင်လျှင်တောင် သူသည် အနည်းဆုံးသော အသက်သုံးဆယ်အောက်တွင်ရှိတာ သေချာ၏။
မဟာမိတ်ခေါင်းဆောင်ကမူ နှုတ်ခမ်းသပ်လိုက်သည်။ ယဲ့ရှောင်ကိုကြည့်သည့်အကြည့်များက လောဘများပြည့်နေ၏။
ငယ်ရွယ်ချောမောပြီး အစွမ်းထက်တဲ့ကောင်လေးပဲ။ သူ့ကို လက်အောက်ငယ်သားအဖြစ်ခေါ်နိုင်မယ်ဆိုရင် ငါဆန္ဒရှိသလို ဆော့ကစားနိုင်မှာပဲ။
ယဲ့ရှောင်ရဲ့ ရုပ်ရည်သွင်ပြင်က လက်ဝဲကာကွယ်သူရဲ့ ရုပ်ရည်သွင်ပြင်ထက် အဆင့်ပိုမြင့်တယ်။ မိုးနဲ့မြေလိုပဲ။
” လူငယ်လေး မင်းကို ဘာက ဒီလောက်ဒေါသထွက်စေတာလဲ … အမြန်လာပြီး ငါ့ရဲ့ပွေ့ဖက်မှုကိုခံလိုက် … မင်းရဲ့ဒေါသတွေ ဖြေလျော့ပေးမယ် … ”
သို့သော်ငြား သူမပြောပြီးချိန်၌ ယဲ့ရှောင် ခေါင်းအထက်ရှိကြီးမားသည့် ဓားမော့အလင်းက စိတ်နှလုံးခြောက်ခြားဖွယ်ဖိအားတစ်ခုကို ဖွဲ့တည်လိုက်ပြီး သူ့ရှေ့သို့ချက်ချင်းရောက်လာသည်။
ဓားအလင်းကထုတ်ပြသည့် သေစေနိုင်လောက်သည့်အန္တရာယ်သည် မဟာမိတ်ခေါင်းဆောင်၏ သူငယ်အိမ်ကို ကျုံ့သွားစေ၏။ နောက်တစ်စက္ကန့်၌ သူမဘေးရှိ လက်ယာကာကွယ်သူက သူမကို တွန်းထုတ်လိုက်သည်။
” မဟာမိတ်ခေါင်းဆောင် ဂရုစိုက် … ”
သို့သော် သူက မဟာမိတ်ခေါင်းဆောင်ကို တွန်းထုတ်လိုက်ခါစရှိသေးသည်။ မျက်တောင်တခက်အတွင်း သူသည် ယဲ့ရှောင်၏ ဓားမော့အလင်းကြောင့်နှစ်ခြမ်းကွဲသွားပြီး သူ့ခန္ဓာကိုယ်ထဲရှိဝိညာဥ်ပါ ပါသွားလေ၏။
ဖုန် …
ဓားမော့ရောင်ခြည်က ပေါက်ကွဲသွားပြီး သိပ်သည်းသောထိတ်လန့်ဖွယ်စွမ်းအားလှိုင်းက ဓားသွားစက်ပမာ သားရဲနတ်ဘုရားမဟာမိတ်ခေါင်းဆောင်ကို တုန်လှုပ်သွားစေ၏။
နောက်ဆုံးတော့ ယဲ့ရှောင်သည် သူမကိုသတ်ရန်ရောက်လာမှန်း သိသွားသည်။
သူမ အနည်းငယ်လေးတောင်ဂရုမစိုက်ပဲ မနေဝံ့တော့ချေ။ ယဲ့ရှောင်၏တိုက်ကွက် အစွမ်းထက်ပုံကို မြင်တွေ့ပြီးနောက် သူမသည် အစိမ်းရင့်ရင့်အလင်းတန်းအဖြစ် ချက်ချင်းအသွင်ပြောင်းကာ ထွက်ပြေးသွား၏။
အစွမ်းထက်လိုက်တဲ့ လူသားသိုင်းပညာရှင်ပဲ။ ဒီလူသားသိုင်းပညာရှင်က ဘယ်ကနေထွက်လာတာလဲ။ သူက အသက်မကြီးသေးပေမယ့် သိပ်ကိုသန်မာတယ်။
ဓားမော့အလင်းက ရှန့်ထျန်းသတ္တမအဆင့် လက်ယာကာကွယ်သူကို တကယ်ကြီးသတ်နိုင်ခဲ့တာ။ ဒါက ငါတောင်မရနိုင်တဲ့နယ်ပယ်ပဲ။
သေစမ်း။
ဒါပေမယ့် ကံကောင်းချင်တော့ ဒီအဖွားကြီးက ပြေးတာမြန်တယ်လေ။ အချိန်တိုအတွင်း သူလိုက်မီမှာမဟုတ်ဘူး။ အရင်ဆုံးပုန်းနေတာက ပိုကောင်းမယ်။
ထိုစဥ်ကောင်းကင်ထဲရှိ တိမ်တိုက်များက ရုတ်တရက်လှုပ်ရှားလာပြီး ကြီးမားသည့်ဗုဒ္ဓသဏ္ဍာန်အရိပ်က တဖြေးဖြေးဖွဲ့တည်လာတော့၏။
မဟာမိတ်ခေါင်းဆောင်၏ သူငယ်အိမ်က ရုတ်တရက်ကျုံ့သွားလေ၏။
မြန်လိုက်တာ။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တစ်ဖက်လူက ဘာလို့ဒီလောက်မြန်နိုင်မှာလဲ။ အရင်ပြေးတာ သူဆိုတာ သိသာနေရဲ့သားနဲ့။
ဒါ့အပြင် တော်ဝင်ကိုယ်ဖော့သိုင်းကို သုံးထားတာလေ။ သူမရဲ့ အရှိန်က အဲ့ဒီချီရှန်းရဲ့ ကိုယ်ဖော့သိုင်းတွေထက် ပိုမြန်တာပဲကို။
သို့သော် သူမ၏အရှိန်က မြန်နေပြီးသားဖြစ်သည့်တိုင် တစ်ဖက်သူက သူမထက်ကျော်ပြီး ပြေးနိုင်သေး၏။
တစ်ဖက်သူဘက်ခြမ်းမှာ တခြားတစ်ယောက်ရှိနေတာများလား။
သို့သော် တိမ်ဗုဒ္ဓက ဖွဲ့တည်လာပြီး ယဲ့ရှောင်၏ပုံရိပ် သူမရှေ့၌ ပေါ်လာသည့်အချိန်၌ သူမ၏စိတ်ကူးတို့ ချက်ချင်းကွဲကြေကုန်၏။ လူတစ်ယောက်မျှသာဖြစ်သည်။ သူမ ယခုအချိန်တွင် ပြေးချင်သော်ငြား အရပ်မျက်နှာပြောင်းလဲရန် သိပ်နောက်ကျသွားပြီ ဖြစ်သည်။
ထို့အပြင် သူမပြေးချင်လျှင်တောင် တစ်ဖက်သူ၏အရှိန်ဖြင့် သူမအဖို့ ထပ်မံပြေးဖို့က မဖြစ်နိုင်လောက်ပေ။
သူနဲ့ တိုက်ခိုက်ကြတာပေါ့။
မဟာမိတ်ခေါင်းဆောင်က အံတင်းတင်းကြိတ်လျက် ယဲ့ရှောင်ကို မျက်နှာချင်းဆိုင်လိုက်သည်။ ပြီးနောက် သူမက ယဲ့ရှောင်၏မျက်နှာကို လက်သီးဖြင့်ထိုးလိုက်၏။
ယဲ့ရှောင်က မယိမ်းယိုင်သွားပေ။ သူက လက်ဝါးကိုအနည်းငယ်မြောက်လိုက်ပြီး ရှေ့သို့ခုတ်ပိုင်းချရန် အခွင့်အရေးကိုယူလိုက်၏။
ဖုန် …
ဧရာမရွှေရောင်ဗုဒ္ဓဆီမှ တံဆိပ်က မဟာမိတ်ခေါင်းဆောင်၏ခေါင်းကို ချက်ချင်းကာသွားပြီး သူမ၏တိုက်ကွက်ကို လွှမ်းခြုံသွား၏။
” မကောင်းတော့ဘူး … ”
မဟာမိတ်ခေါင်းဆောင်၏ သူငယ်အိမ်များက ကျုံ့သွားပြီး သူမ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများအားလုံး ထောင်ထကုန်သည်။
ယဲ့ရှောင်၏ တထာဂတာနတ်လက်ဝါးစွမ်းအင်သည် ကျားဓာတ်ပါဝင်ပြီး ယန်အရှိန်အငွေ့အသက်ပါဝင်၏။ သူမ မခုခံနိုင်သည့်အရာ ဖြစ်သည်။
ထိုကျင့်စဥ်ထဲ၌ သေခြင်းတရားများဖြင့်ပြည့်နေသော ရန်လိုသည့်ခံစားချက်မျိုးကိုတောင် သူမ ခံစားမိ၏။
အနည်းငယ်လေးတောင် ဂရုမစိုက်ဘဲ မနေဝံ့ကာ သူမ၏ သတိအနေအထားကိုထိန်းသိမ်းထားလျက် သားရဲတစ်ကောင်အသွင် ပြောင်းလိုက်တော့သည်။ သူမက ကြယ်တာရာသားရဲ သွေးမျိုးဆက်အသွင်ကို အပြည့်အဝပြောင်းလဲလိုက်၏။
ယင်းက ဧရာမရက်စက်ခြင်း မြေခွေးနီဖြစ်သည်။ သူမ၏ သားရဲအသွင်နှင့်အတူ သူမ၏ခွန်အားကလည်း ဆက်လက်တိုးတက်လာလေ၏။
နောက်ဆုံးတွင် သူမ၏ လက်သီးနှင့် ယဲ့ရှောင်၏ တထာဂတာနတ်လက်ဝါးတို့တိုက်မိသွားသည်။
ဖုန် …
လက်သီးနှင့်လက်ဝါး တိုက်ခိုက်မှုကြား၌ ကြီးမားသည့်ကြိမ်နှုန်းက အရပ်မျက်နှာအနှံ့ (၃၆၀) ဒီဂရီချက်ချင်းပြန့်ကားသွားလေ၏။ ကောင်းကင်ထဲရှိ တိမ်တိုက်များကို လွင့်စင်သွားစေပြီး ကြည်လင်သည့်ကောင်းကင်ဖြစ်သွားစေကာ ယင်းသည် ပွတ်တိုက်ခံလိုက်ရသည့်မှန်ပမာ ဖြစ်သွားတော့၏။
ကြီးမားသည့် သက်ရောက်အားက မဟာမိတ်ခေါင်းဆောင်ကို သူမ၏ အတွင်းကလီစာများ ဗြောင်းဆန်ကုန်သလို ခံစားရစေသည်။ ကံကောင်းသည်မှာ သူမက ထိန်းထားနိုင်သေး၏။
ရုပ်ခန္ဓာ မြင့်တင်ခြင်းနှင့် တိုက်ပွဲခွန်အားငှားရမ်းခြင်းကို သားရဲအသွင်ပြောင်းလဲခြင်းက ယူဆောင်လာပြီး သူမက ယဲ့ရှောင်၏ လက်ဝါးကို အမှန်တကယ်ပိတ်ဆို့နိုင်ခဲ့၏။ သူမ၏ ခန္ဓာကိုယ်က ပြင်းပြစွာနာကျင်နေပြီး ခန္ဓာကိုယ်ထဲရှိအရိုးများက တုန်ရီနေလျှင်တောင် အနည်းဆုံးတော့ ထိုလက်ဝါးကို ပိတ်ဆို့နိုင်ခဲ့သည်။
သူမက အပြည့်အဝချေမှုန်းမခံရသရွေ့ အသက်ရှင်နိုင်ရန်အခွင့်အရေးရှိသည်။
ထိုအကွက်၏စွမ်းအား ပြေပျက်သွားပြီးနောက် သူမက ချက်ချင်းပင် ထင်ယောင်ထင်မှားဖြစ်မှုကို ရွတ်ဆိုပြီး ထွက်ပြေးမှာပဲဖြစ်သည်။ ကောင်းကင်ထဲ၌ ယဲ့ရှောင်က သူမ၏အတွေးကို မည်ကဲ့သို့မြင်နိုင်မည်နည်း။ သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးတက်သွားကာ လှောင်ပြောင်သည့်အေးစက်စက်အပြုံး ထုတ်ပြလိုက်သည်။ ယဲ့ရှောင်က သူ့လက်ကိုမြောက်ပြီး လက်သီးဆုပ်လိုက်တော့၏။
မဟာနိဗ္ဗာန်နလက်သီး
လက်သီးကျရောက်လာသည့်အချိန်တွင် ကောင်းကင်နှင့်မြေကြီးက တုန်ရီသွားပြီး စီးဆင်းနေသောတိမ်များ နောက်ဆုတ်ကုန်၏။
ကောင်းကင်နှင့်မြေကြီး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ထိုအကွက်ထဲသိပ်သည်းသွားပုံရသည်။ စွမ်းအားက သန်မာလွန်းသောကြောင့် အောက်ခြေမဟာမိတ်ခေါင်းဆောင်ကတောင် အသက်ရှုအောင့်ထားမိပြီး မျက်လုံးပြူးကျယ်သွား၏။
အဲ့ဒီလက်သီး အစွမ်းထက်လိုက်တာ။ ပြီးသွားပြီပဲ။
သူမ၏ စိတ်ထဲ ထိုအတွေးပေါ်လာချိန်တွင် ယဲ့ရှောင်၏ မဟာနိဗ္ဗာန်နလက်သီးသည် တထာဂတာနတ်လက်ဝါးပေါ် ကျရောက်ပြီးပြီဖြစ်၏။
မဟာနိဗ္ဗာန်နလက်သီးနှင့် တထာဂတာနတ်လက်ဝါးပေါင်းစီးမှုက သားရဲနတ်ဘုရားမဟာမိတ်၏ မဟာမိတ်ခေါင်းဆောင်ကို အပြည့်အဝပြိုလဲသွားစေသည့် စွမ်းအားပေါ်ထွက်လာစေသည်။
ကျွတ် ကျွတ် ကျွတ် … ဖုန် …
သားရဲအသွင်ပြောင်းထားသော သူမ၏လက်များက ရက်ရက်စက်စက်ကြေမွသွားလျက် တစ်လက်မပြီးတစ်လက်မ ကြေမွကာ သွေးမြူအဖြစ်ပေါက်ကွဲသွားတော့သည်။
နောက်ဆုံးတွင် တထာဂတာနတ်လက်ဝါးစွမ်းအင်က သူမ၏ရင်ဘက်ပေါ် သူ့ဘာသာသူရိုက်နှိပ်ပြီး သူမပေါ်မြေကြီးထဲ တိုက်ရိုက်ရိုက်ချလိုက်တော့၏။ မြေပြင်က ကြမ်းတမ်းစွာလှုပ်ခါသွားတော့သည်။ ဖိအားကပြင်းထန်လွန်းသောကြောင့် အရပ်မျက်နှာအနှံပြန့်သွားကာ နန်ရှန်းမြို့၏ မရေမတွက်နိုင်သည့် နိုင်ငံသားများကို နိုးသွားစေသည်။
” ဘာတွေဖြစ်နေတာလဲ … ငလျင်လှုပ်တာလား … ”
” ပြေးကြဟေ့ ငလျင်လှုပ်နေပြီ … ”
” ငါ့ရဲ့ချစ်စရာလေး ဘယ်မှာလဲ … အား .. ငါ ဝတ်ဖို့အဝတ်အစားမရှိဘူး … ”
မြေပြင်ပေါ်၌ သားရဲနတ်ဘုရားမဟာမိတ်၏ မဟာမိတ်ခေါင်းဆောင်သည် ရွှံ့ပုံအဖြစ်ပြောင်းလဲသွားတော့၏။ သူမက သားရဲအသွင်ပြောင်းလဲပြီးနောက် ဧရာမမြေခွေးသားမွှေးက ပြားကပ်သွားပြီဖြစ်သည်။
တထာဂတာနတ်လက်ဝါး၏ ကြီးမားသောလက်ဝါးရာက မြေပြင်ပေါ်၌ ပေါ်လာသည်။ ပေသုံးသောင်းကျော်ရှည်ပြီး ပေသုံးရာခန့်နက်၏။
ကောင်းကင်ကနေ ငုတ်ကြည့်လိုက်လျှင် ယင်းက ထိတ်လန့်စရာကောင်းနေသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် ချွေးစေးများပျံစေရန် လုံလောက်နေပြီးသားဖြစ်၏။ သူမကို လျှပ်စီးကြောင်းဖြတ်သန်းသွားသည့်ပမာ သူမတစ်ကိုယ်လုံး ကြက်သီးထသွားစေ၏။
သို့သော်ငြား ရှန့်ထျန်းအဋ္ဌမအဆင့်၏ အစွမ်းထက်သောရှင်သန်နိုင်စွမ်းက သူမ၏ နောက်ဆုံးထွက်သက်ကို ထိန်းထားပေး၏။ သူမက တောင့်ခံနိုင်ရုံမျှသာ ရှိသည်။
” နင် ဘယ်သူလဲ … ”
သူမက ရုန်းကန်နေပြီးနောက် ထိုစကားလုံးအချို့ကိုပြောလိုက်သည်။
သူမ သေမှာ ကျိန်းသေနေ၏။ သူမ၏ ကံကြမ္မာကိုလက်ခံပြီးသားဖြစ်သည်။ သို့သော် ထိုလူမည်သူမှန်း အမှန်တကယ်သိချင်နေသည်။
ကံဆိုးသည်မှာ သူမကို တုံ့ပြန်သည်က ထိတ်လန့်ဖွယ်ဓားမော့ရောင်ခြည်သာ ဖြစ်၏။
ဖုန် …
ချက်ချင်းပင် မြေကမ္ဘာဖျက်ဆီးခြင်းစွမ်းအားက သူမကို အပြည့်အဝအညှာအတာမရှိ ဖျက်ဆီးလိုက်လေ၏။ ယဲ့ရှောင်က မလိုအပ်တာ ဘာမှမလုပ်ပေ။
ထိုစဥ် ဤအရပ်မျက်နှာ၌ စွမ်းအင်စီးကြောင်းများစွာက စုဝေးလာတော့သည်။ သူတို့နှစ်ယောက်ကြားရှိတိုက်ပွဲက ပြင်းထန်လွန်းသောကြောင့် ရုတ်ရုတ်သဲသဲဖြစ်ရပ်က ကြီးမားလွန်းသည်။ ထိုကြောင့် လူအချို့၏ အာရုံစိုက်မှုကို ရသွား၏။
ယဲ့ရှောင်က လက်ဝှေ့ရမ်းလျက် သားရဲနတ်ဘုရားမဟာမိတ်ခေါင်းဆောင်၏ သိုလှောင်လက်စွပ်ကို ယူလိုက်သည်။ သူက ကောင်းကင်အာရုံစူးစိုက်ခြင်းကိုထုတ်ဖော်လျက် နေရာကနေ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
သူက မြေခွေးနီ၏သားမွှေးကို မယူသွားပေ။ ဆိုရလျှင် တစ်ဖက်လူက ကြယ်တာရာသားရဲအစစ်မဟုတ်။ သားရဲလူသား အသွင်ပြောင်းလဲထားခြင်းဖြစ်၏။ တိတိကျကျဆိုရလျှင် သူမ၏ ခန္ဓာကိုယ်ထဲ၌ လူသွေးတစ်ဝက်ရှိနေသေး၏။ သူက မြေခွေးသားမွှေးကို ယူသွားခဲ့လျှင် သူ့အစာအိမ်ထဲ၌ မသက်မသာဖြစ်ပေလိမ့်မည်။
သူထွက်သွားပြီးခါစ စက္ကန့်ပိုင်းအတွင်း အလင်းရောင်ခြည်များစွာက ဤနေရာသို့ရောက်လာသည်။
သူတို့ရှေ့ရှိ မြင်ကွင်းကိုမြင်သောအခါ လူတိုင်းက မျက်ဝန်းများမှေးကျဥ်းမိသွားသည်။ သူတို့ ကျောရိုးကနေခေါင်းထိပ်ထိ အေးစိမ့်မှုက ပေါ်ထွက်လာ၏။
” အစွမ်းထက်လိုက်တဲ့ အကွက်ပဲ … ဒီသိုင်းကွက်က အံ့ဖွယ်ဂိုဏ်းထက် အားမနည်းလောက်ဘူး … အံ့ဖွယ်ဂိုဏ်းရဲ့ အထွတ်အထိပ်နားနီးစပ်တယ် … ရှန့်ထျန်းနဝမအဆင့်ရဲ့ စွမ်းအားမျိုးပဲ … ”
” ပြီးတော့ ဒီလက်ဝါးသိုင်းကို အရင်ကတစ်ခါမှမတွေ့ဖူးဘူး … ဘယ်ဂိုဏ်းက လက်ဝါးသိုင်းလဲ … ”
” ငါထင်တာမှန်မယ်ဆိုရင် ဒါက ရှောင်လင်ကပျောက်ဆုံးသွားတာကြာပြီဖြစ်တဲ့ တထာဂတာနတ်လက်ဝါးဖြစ်လောက်တယ် … ”
” တထာဂတာနတ်လက်ဝါးလား … ရှောင်လင်ရဲ့ အသန်မာဆုံးသိုင်းပညာရပ်ဖြစ်ပြီး အကြမ်းတမ်းဆုံးပဲလေ … ကျားဓာတ်အပြင်းထန်ဆုံးနဲ့ တထာဂတာနတ်လက်ဝါးလား … ”
” ဟုတ်တယ် … ”
” ဒါပေမယ့် တထာဂတာနတ်လက်ဝါးက ပျောက်နေတာနှစ်ပေါင်းရာချီကြာနေပြီမလား … ဘာကြောင့် ရုတ်တရက်ကြီးပေါ်လာရတာလဲ … ”
” ဘယ်သူက သေချာပြောနိုင်မှာလဲ … ဆန်းကြယ်သိုင်းပညာရှင်တစ်ယောက်ကသုံးတာ ဖြစ်​ကောင်းဖြစ်မှာပေါ့ … ”
ထိုစဥ် တစ်စုံတစ်ယောက်က မြေခွေးနီ၏သားမွှေးကိုစစ်ဆေးရန် လက်ဝါးရာကျသည့်နေရာသို့ ဆင်းသက်ပြီဖြစ်သည်။
” ဒီမြေခွေးရဲ့ သွေးမျိုးဆက်က သိပ်မသန့်စင်ဘူး … ကြယ်တာရာသားရဲတစ်ကောင် အပြည့်အဝမဟုတ်ဘူး … နေအုံး ဒါက သားရဲလူသားပဲ … ပြီးတော့ ရှန့်ထျန်းအဋ္ဌမအဆင့် သားရဲလူသား … သားရဲနတ်ဘုရားမဟာမိတ်ရဲ့ ခေါင်းဆောင် နလန်ဟော်ဟူများ ဖြစ်နေမလား … ”
” နလန်ဟော်ဟူလား … ဘုရားရေ … သူက စီရင်စုကိုးခုထဲမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူဆိုးကြီးတွေထဲက တစ်ယောက်ပဲလေ … သူက မရေမတွက်နိုင်တဲ့ သတ္တဝါတွေကို သတ်ခဲ့တာ … ”
” စီရင်စုကိုးစုက သူ့ကိုအမြဲတမ်းဖမ်းချင်ပေမယ့် သူက အင်မတန်အစွမ်းထက်တာ … တော်ဝင်ကျင့်စဥ်တွေလည်း အများကြီးရှိတယ် … သူ့ကိုဖမ်းဖို့ ဆယ်စုနှစ်လောက်အချိန်သုံးခဲ့ရတယ် … စစ်သားတွေ စစ်သူကြီးတွေလည်း အများကြီးဆုံးရှုံးခဲ့တာ … ထူးချွန်ထက်မြတ်တဲ့ စစ်သည်ဘယ်လောက်များများဆုံးရှုံးခဲ့မှန်း ဘယ်သူကသိမှာလဲ … ဒါပေမယ့် သူတို့တွေက သူ့ကိုတစ်ခါမှရှာမတွေ့ခဲ့ဖူးလေ … ”
” သူဒီနေ့ ဒီမှာအသတ်ခံရလိမ့်မယ်လို့ ငါမထင်ထားဘူး … ”
” နလန်ဟော်ဟူကို သတ်နိုင်တယ်ဆိုရင် အဲ့ဒီလူက အင်မတန်အစွမ်းထက်ပြီး ကျင့်စဥ်တွေအများကြီးရှိတဲ့သူ ဖြစ်ရမယ် … အဲ့ဒီ စီနီယာက သာမန်မဟုတ်ဘူး … တကယ်အံ့သြဖို့ကောင်းတာပဲ … ”
” ဒီကိစ္စကို မြန်မြန်အထက်ရှိတွေဆီ သတင်းပို့ … ဒီကိစ္စက ကြီးမားလွန်းတယ် … ငါတို့ ဆုံးဖြတ်လို့ရတဲ့ဟာ မဟုတ်ဘူး … ”
မကြာမီ၌ နောက်တစ်နေ့ရောက်လာသည်။ သို့သော် မနေ့ညက လျှို့ဝှက်ချက်က မပြန့်သွားပေ။
သားရဲနတ်ဘုရားမဟာမိတ်၏ အရေးကိစ္စက လျှို့ဝှက်ချက်တစ်ခုအနေဖြင့် အစောထဲကသတ်မှတ်ထားတာဖြစ်၏။ ထိုကြောင့် ကျယ်ကျယ်ပြန့်ပြန့်သတင်းပို့ဖို့က မသင့်တော်ပေ။ ယင်းက ကြောက်လန့်မှုအချို့ကိုသာ ဖြစ်စေလိမ့်မည်။
ယဲ့ရှောင်သည် အိမ်ပြန်ရောက်လာပြီးနောက် သူ၏ အိပ်ယာပေါ်၌ ချက်ချင်းလဲကာ ဖုန်းဆော့နေကာ ရွှေရောင်စာအုပ်ကို ဓမ္မကျမ်းစာအား အေးအေးဆေးဆေးကျင့်ကြံခိုင်းထား၏။
ထိုစဥ် လက်ချောင်းသိုင်းအားလုံးက ပြီးပြည့်စုံသည့်အခြေအနေအထိရောက်အောင် ကျင့်ကြံပြီးသွား၏။ သူ တိုက်ခိုက်နေစဥ်၌ သူတို့အားလုံးကို ကျင့်ကြံပြီးသွားတာဖြစ်သည်။
သို့သော် ပေါင်းစည်းအုံးမည့်ပုံမပေါ်ပေ။ ယင်းက မလုံလောက်သေးတာသိသာ၏။
သို့သော် ပျော်ရွှင်ရန်ထိုက်တန်သည်က ၎င်းသည် ရွှေရောင်အလင်းဖျော့ဖျော့ စတင်ထွက်ပေါ်လာတာပဲဖြစ်သည်။
ဆိုလိုသည်က ပေါင်းစီးရန်အတွက် အခြေခံကျင့်စဥ်တစ်မျိုးသား လိုအပ်တော့သည်။
အချိန်ကျလာသည့်အခါ ပေါင်းစည်းလျှင် မည်သို့သောကျင့်စဥ်မျိုးရမည်ဆိုတာ သူ မသိတော့ပေ။ ယဲ့ရှောင်က ဖုန်းဖွင့်လိုက်သောအခါ ချက်ချင်းအံ့သြဆွံ့အသွား၏။
ဘာတွေဖြစ်ကုန်တာလဲ။
စီရင်စုကိုးစုထဲမှာ ဧကရာဇ်သွေးမျိုးဆက်နဲ့ လူသားတစ်ယောက်ပေါ်လာပြီး ကျန်းဟိုင်မြို့ထဲမှာတဲ့လား။
ဘယ်သူလဲ။

အပိုင်း (၁၈၀) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset