Switch Mode

Chapter – 179

ပြဿနာတစ်ခုကိုဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက ဖြစ်ရတဲ့အကြောင်းအရင်းကို ဖယ်ရှားလိုက်တာပဲ။

စာကြည့်တိုက်တာအိုသခင်
အပိုင်း (၁၇၉) ပြဿနာတစ်ခုကိုဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက ဖြစ်ရတဲ့အကြောင်းအရင်းကို ဖယ်ရှားလိုက်တာပဲ။

မှောင်မဲနေသည့် ရွာထဲတွင် သားရဲလူသားတစ်ဦးက သားအမိနှစ်ယောက်ရှေ့၌ သတ္ထုစပ်သံမဏိဓားကို ကိုင်ထားလေ၏။ ၎င်း၏ သွေးဆာလောင်နေသောမျက်လုံးများက အမှောင်ထုထဲတွင် ရဲတောက်နေသည်။ ပြောရန်မလို ၎င်း၏ လက်ထဲရှိဓားကိုမြောက်ပြီးနောက် မိခင်ဖြစ်သူ၏ခေါင်းကို ခုတ်ပိုင်းလိုက်တော့၏။
သားအမိနှစ်ယောက်က ချက်ချင်းပင်စိတ်ပျက်အားငယ်သွား၏။ သူတို့က တစ်ယောက်ကိုတစ်ယောက်ဖက်ထားပြီး မျက်လုံးကိုတင်းကြပ်စွာမှိတ်ထားရာ တစ်ဖက်သူ၏ ရက်စက်ကြမ်းကြုတ်သောမျက်နှာကို မကြည့်ရဲပေ။
” ဘယ်သူ ဘယ်သူက ငါတို့ကို ကယ်လိုက်တာလဲ … ”
သူတို့၏ ဆန္ဒအမှန်ဖြစ်လာပြီး ပေါက်ကွဲသံကြီးက သူတို့နားဘေး၌ ရုတ်တရက်ကြားလိုက်ရတော့သည်။
ဖုန် …
သံမဏိဓားပြုတ်ကျသည့်အသံက လိုက်ပါလာသည်။ သားအမိနှစ်ယောက်က သံသယဖြင့် မျက်လုံးဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။ သူတို့သည် သားရဲလူသား၏အလောင်းကိုသာ တွေ့လိုက်ရ၏။ အမည်မသိအကြောင်းအရင်းတစ်ချို့ကြောင့် သူတို့က သွေးမြူအဖြစ်ပေါက်ကွဲသွားပြီဖြစ်သည်။
သားအမိနှစ်ယောက်က စိတ်လွတ်သွားသည်။ ခဏအတွင်း တောက်ပသည့်အလင်းလုံးက ကောင်းကင်ပေါ်၌ ပေါ်လာလေ၏။
ထိုအလင်း၌ မွန်မြတ်မှုများပြည့်နေကာ နတ်ဘုရားအလင်းပမာ ဖြစ်နေတော့သည်။ အလင်းဖြန့်ကျက်ခြင်းခံရသည့် ရွာသားများအားလုံးက ပြန်ရှင်လာ၏။
မျက်တောင်တခပ်အတွင်း၌ ရွာတစ်ခုလုံးက အသစ်ပမာပြန်ကောင်းလာသည်။ အစောတုန်းကဖြစ်ခဲ့သည်က အိပ်မက်မျှသာဖြစ်နေသလိုပင်။
သို့သော် မြေပြင်ပေါ်ရှိ သံမဏိဓားနှင့် လတ်လတ်ဆတ်ဆတ်သွေးတို့က အစောတုန်းကအဖြစ်အပျက်သည် အိပ်မက်မဟုတ်ကြောင်း ပြသနေ၏။
” ဆန်းကြယ်မှု ဒါတကယ် ဆန်းကြယ်မှုတစ်ရပ်ပဲ … ”
” ကောင်းကင်ဘုံက ငါတို့အော်သံတွေကိုကြားသွားပြီး ငါတို့ကို လာကယ်တာပဲဖြစ်ရမယ် … ”
သူတို့ကို ကယ်တင်သူက ကောင်းကင်ဘုံမဟုတ်ပေ။ ယဲ့ရှောင်အသုံးပြုခဲ့သည့် ကောင်းကင်ပြုပြင်ခြင်းကျင့်စဥ်ပဲ ဖြစ်၏။ သို့သော်ငြား ထိုစဥ် ယဲ့ရှောင်က ရွာထဲမှ ထွက်သွားပြီဖြစ်၏။ သူ သားရဲလူသားအားလုံးကို သတ်ဖြတ်ခဲ့သောကြောင့် စိုးရိမ်တာမရှိတော့ပေ။ သူတို့ကိုမသတ်ခင် ခုနှစ်စင်ကြယ်၏ခမ်းနားသောဆန်းကြယ်မှုဖြင့် သူတို့မှတ်ဉာဏ်များကို ဖတ်ရှု့ခဲ့ပြီးသောကြောင့် ဖြစ်၏။
အစက သားရဲနတ်ဘုရားမဟာမိတ်ကိုရှာဖို့ သေချာပေါက် လွယ်ကူမှာမဟုတ်မှန်း ယဲ့ရှောင်သိနေ၏။ ထို့ကြောင့် သူက သူ့ကိုရှာရန် အားစိုက်မထုတ်ချင်ပေ။ ပြီးနောက် သူ့အိမ်တံခါးဝသို့ သားရဲနတ်ဘုရားမဟာမိတ် တံခါးလာခေါက်မှာကို စောင့်နေပြီး ကျန်းဟိုင်မြို့သို့သွားကာ တစ်ချက်ထဲဖြင့် သူတို့ကို သုတ်သင်ရှင်းလင်းမှာပဲ ဖြစ်သည်။
ယခုအချိန်၌ သူက သူတို့ကို ရင်ဆိုင်တွေ့ပြီဆိုသောကြောင့် ထပ်စောင့်ရန်မလိုတော့ချေ။ ပြဿနာကိုဖြေရှင်းရန်အကောင်းဆုံးနည်းလမ်းက ၎င်းဖြစ်ရသည့် အကြောင်းအရင်းကို ဖယ်ရှားလိုက်ရုံသာဖြစ်သည်။
ထို့အပြင် ယဲ့ရှောင်သည် ဤလောကထဲ၌ ညစ်ညမ်းသောသတ္တဝါများကို ဆက်လက်မရှင်သန်စေချင်ပေ။
ပတ်ဝန်းကျင်ရှိ အကြီးဆုံးမြို့က နက်ရှန်းမြို့ဖြစ်ပြီး ရွာလေးက ထိုမြို့ထဲ၌ ပါဝင်လေ၏။ နောက်ကျနေပြီဖြစ်သော်ငြား မြို့တော်ဝန်၏ အိမ်ရှိဖုန်းက ရုတ်တရက်မြည်လာတော့သည်။
” ဟယ်လို … ”
” မြို့တောဝန်ဝမ်း လွန်ခဲ့တဲ့ဆယ်မိနစ်တုန်းက တောင်ပေါ်ရွာလေးက သားရဲလူသားတွေတိုက်ခိုက်တာခံရတယ် … ”
” အခြေအနေဘယ်လိုလဲ … ရွာသားတွေဘယ်လိုလဲ … ”
” အခြေအနေကိုတော့ အသေးစိတ်မသိဘူး … သားရဲလူသားတွေက အရင်ထဲက ဆွေးနွေးထားတဲ့ပုံပဲ … သူတို့ ဖုန်းလိုင်းတွေကို ဖြတ်တောက်ပြီး အချက်ပြတာတွေကိုတောင် ဟန့်တားထားတာ … တောင်ပေါ်ရွာလေးက အပြင်လောကကို အကူအညီမတောင်းနိုင်ဘူး … ”
” ဒါပေမယ့် ကံကောင်းချင်တော့ သူတို့ကယ်တင်ခံလိုက်ရပြီး သားရဲလူသားအားလုံး အသတ်ခံလိုက်ရတယ် … ကျွန်တော်အစောပိုင်းခန့်မှန်းချက်အရ ဖြတ်သွားတဲ့သိုင်းပညာရှင်တစ်ယောက်က သူတို့အားလုံးကို ကယ်သွားတာပဲဖြစ်မယ် … ”
မြို့တော်ဝန်၏ မျက်လုံးထဲ၌ သုန်မှုန်သည့်အကြည့်ပေါ်လာပြီးနောက် ချက်ချင်းပျောက်ကွယ်သွားသည်။
” အားလုံးအဆင်ပြေတာကောင်းတယ် … တစ်ချက်ကြည့်ရအောင် မြို့စောင့်တပ်ဖွဲ့ကို ပို့လိုက် … ပြီးတော့ ရွာသားတွေ ဒဏ်ရာရှိမရှိသိရအောင်လို့ ဆေးရုံကနေ ကုသသူတစ်ချို့ပို့လိုက် … ”
” ဟုတ်ကဲ့ … ”
ဖုန်းချပြီးနောက် သူ၏ အမူအရာက ချက်ချင်းအေးစက်သွားလေ၏။ အမှောင်ထုထဲတွင် သူ၏မျက်လုံးက အနည်းငယ်အနီရောင်လက်နေပြီး အညှိုးကြီးသည့်တစ္ဆေတစ်ကောင်ပမာ ဖြစ်နေတော့သည်။
” သေစမ်း ငါ့ရဲ့အစီအစဥ်ကို ဘယ်သူဖျက်ဆီးတာလဲ … ”
သူပြောပြီးသည်နှင့် စိမ်းသက်သောအသံက သူ့နားထဲကြားလိုက်ရသည်။
” မြို့တော်ဝန်အနေနဲ့ သားရဲလူသားတွေနဲ့ပေါင်းပြီး ကိုယ့်လူမျိုးတွေကို ထိခိုက်အောင်လုပ်တာ ခင်ဗျားရဲ့ အသိစိတ်က မနာကျင်ဘူးလား … ”
” ဘယ်သူလဲ … ”
မြို့တော်ဝင်က ထိုစကားနှစ်ခွန်းကိုပြောပြီး သူခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်က ချက်ချင်းထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်က ဖျက်လက်သောကြောင်တစ်ကောင်ပမာ ကွေးညွှန့်လိုက်ပြီး သားကောင်ကို အချိန်မရွေးခုန်အုပ်ရန် အသင့်ပြင်လိုက်၏။
တစ်ချိန်ထဲတွင် သူက အိပ်ယာပေါ်တွင်ထားသည့် သတ္ထုစပ်ဓားမြှောင်ကို ဆွဲထုတ်လိုက်၏။
ခဏအကြာတွင် လူငယ်လေးတစ်ယောက်က အမှောင်ထုထဲကနေ ထွက်လာသည်။ လရောင်အောက်၌ မြို့တော်ဝန်က တစ်ဖက်သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရ၏။ ယင်းက အလွန်ချောမောခန့်ငြားသောလူငယ်လေး ဖြစ်သည်။
သို့သော်ငြား တစ်ဖက်လူ၏ ရုပ်ရည်သွင်ပြင်ကြောင့် အနည်းငယ်မျှတောင် စိတ်မအေးရဲချေ။ တစ်ဖက်လူသည် မြို့စောင့်တပ်ဖွဲ့ဝင်များအားလုံးကိုရှောင်ရှားပြီး သူ၏အခန်းထဲသို့ရောက်လာခဲ့၏။ ဤကဲ့သို့ခွန်အားမျိုးက သာမန်လူတစ်ယောက်မဟုတ်တာ သေချာ၏။
” မင်းက ဘယ်သူလဲ … ငါ့ကိုဘာကြောင့် ရှာနေတာလဲ … ”
ရောက်လာသည့်သူက ယဲ့ရှောင်ပဲ ဖြစ်သည်။
” ငါမင်းကို ဘာကြောင့်ရှာနေလဲဆိုတာ အခြားသူတွေထက်ပိုသိမှာပဲ … ”
” ငါမသိ … ”
တစ်ဖက်သူက ကပ်တိကပ်ဖဲ့ပြောချင်သေးသော်ငြား ယဲ့ရှောင်၏စိတ်က အနည်းငယ်လှုပ်ရှားသွားပြီး သူ၏ လက်ချောင်းများကို အနည်းငယ်ဖြစ်ညစ်လိုက်၏။
” အား … ”
ပြင်းထန်သည့်နာကျင်မှုက သူ့ကို စူးရှစွာအော်စေ၏။ သူ၏ နာကျင်နေသော မျက်နှာအမူအရာက ဖြည်းဖြည်းချင်းလိမ်တွန့်သွားပြီး လက်ထဲရှိဓားမြှောင်က မြေကြီးပေါ်စွမ်းအားကင်းမဲ့စွာ ပြုတ်ကျသွား၏။
” အဲ့ဒီ တောင်ပေါ်ရွာကိစ္စကို ဝင်စွပ်ဖက်တာ မင်းလား … ”
သူက အော်ဟစ်လိုက်၏။ သို့သော် ယဲ့ရှောင်က သူ့ကို လျစ်လျူရှု့ထားကာ သူ၏ အသိစိတ်ကိုကျူးကျော်ရန် ခုနှစ်စင်ကြယ်၏ ခမ်းနားသောဆန်းကြယ်မှုကို တိုက်ရိုက်အသုံးပြုလိုက်သည်။
သူ၏ ကျင့်ကြံဆင့်က ဟို့ထျန်း နဝမအဆင့်တွင်သာရှိပြီး ချီရှန်းတစ်ဦးတောင်မဟုတ်ပေ။ သူက ယဲ့ရှောင်၏ ဝိညာဥ်စွမ်းအင်ကို လုံးဝခုခံနိုင်ခြင်းမရှိပေ။
သူ၏ အသိစိတ်က သူ့ထိန်းချုပ်မှုမှ ကင်းလွတ်နေပြီး ယဲ့ရှောင်၏ ဝိညာဥ်စွမ်းအား ကျူးကျော်​တာခံလိုက်ရကြောင်း ခံစားလိုက်ရသောအခါ သူ၏ မျက်လုံးက စတင်ကြောက်လန့်လာတော့သည်။
ထိုလူသည် သိုင်းပညာရှင်ဖြစ်ရုံသာမက ဝိညာဥ်စွမ်းအင် ကျွမ်းကျင်သူလည်းဖြစ်သည်။ သူ၏ နည်းလမ်းများက သူမှန်းဆနိုင်တာထက် ကျော်လွန်၏။
သေစမ်း။ သူခက်ခဲတဲ့အခြေအနေထဲရောက်နေတာပဲ။
ယဲ့ရှောင်ကမူ တစ်ဖက်သူ၏မှတ်ဉာဏ်ကိုစစ်ဆေးပြီးနောက် သူအမူအရာက ပိုတောင်အေးစက်သွားသည်။ မြို့တော်ဝန်၏ ပါရမီက အလွန်ဆိုးဝါးသည်။ သို့သော်ငြား သူက သာမန်လူတစ်ယောက်သာ ဖြစ်ရန်ဆန္ဒမရှိပေ။ ရှန့်ထျန်းနယ်ပယ်သို့တက်လှမ်းနိုင်ရန်အတွက် သူသည် သားရဲနတ်ဘုရားမဟာမိတ်နှင့် တိတ်တဆိတ်အပေးအယူလုပ်ခဲ့၏။
သူက သားရဲနတ်ဘုရားမဟာမိတ်အတွက် အလုပ်လုပ်ပေးခဲ့ပြီး သားရဲမဟာမိတ်က သူ့ကျင့်ကြံဆင့်မြင့်တက်အောင် ကူညီပေးဖို့ အရင်းအမြစ်များထောက်ပံ့ပေးခဲ့သည်။
ထိုတောင်ပေါ်ရွာက ပထမဆုံးအကြိမ်မဟုတ်ပေ။ ထိုသို့သောကိစ္စမျိုးကို သူပြုလုပ်ခဲ့တာပထမအချိန်လည်းမဟုတ်။
ယဲ့ရှောင်၏ သတ်ဖြတ်မှုလိုစိတ် ဆက်လက်ပြန့်ကားလာတာကိုအာရုံခံမိပြီး သူကအနည်းငယ်ကြောက်လန့်သွားကာအမြန်ပြောလိုက်၏။
” စီနီယာကျွန်တော်မှားမှန်းသိပါပြီ … ကျွန်တော်ခဏတာစိတ်နှောက်သွားရုံပါပဲ … ဒါကြောင့် သားရဲနတ်ဘုရားမဟာမိတ်နဲ့ အပေးအယူလုပ်ခဲ့တာ … နောင်ကျ သူတို့နဲ့ ထပ်ပြီးအပေးအယူမလုပ်တော့ပါဘူး … ”
” ဒါအပြင် ကျွန်တော်မှာ ဆေးလုံးအချို့ရှိပြီး တန်ဖိုးကြီးတဲ့ ပါဝင်ပစ္စည်းတွေလည်း ရှိပါသေးတယ် … စီနီယာကိုပေးဖို့ ဆန္ဒရှိပါတယ် … စီနီယာသဘောထားကြီးပြီး ကျွန်တော်ကို လွတ်ပေးမယ်လို့ မျှော်လင့်ပါတယ် … ”
ယဲ့ရှောင်၏ အမူအရာက ရေခဲသမျှအေးစက်သွားကာ ပြောလိုက်၏။
” မင်း သစ္စာဖောက်တဲ့လူတွေကို လွတ်ရောလွတ်ပေးဖူးလို့လား … ”
” စီနီယာ ကျွန်တော် … ”
ယခုအခေါက်တွင် ယဲ့ရှောင်က သူ့ကိုပြီးအောင်ပြောခွင့်မပေးပေ။ ခုနှစ်စင်ကြယ်၏ ခမ်းနားသောဆန်းကြယ်မှုကို တန်းအသုံးပြုကာ သူ၏ ဝိညာဥ်စွမ်းအင်ကို ခြေမှုန့်လိုက်၏။ ယဲ့ရှောင်သည် သူ၏ မှတ်ဉာဏ်ထဲရှိ သားရဲနတ်ဘုရားမဟာမိတ်၏ တည်နေရာကို ရှာတွေ့ခဲ့ပြီဖြစ်သည်။ ထိုကြောင့် သူအသက်ရှင်ရန် မလိုအပ်တော့ချေ။
သို့သော် ယဲ့ရှောင်က သူ၏ ဝိညာဥ်စွမ်းအားကို အမှုန့်ဖြစ်အောင် အပြည့်အဝမချေခဲ့ပေ။ သူက တစ်စိတ်တစ်ပိုင်းသာ ချေမှုန့်ခဲ့၏။ ဤနည်းဖြင့် သူထွက်သွားပြီးနောက် စစ်ဆေးရန်အတွက် ဝိညာဥ်စွမ်းအင်ကျင့်ကြံသူတစ်ယောက်ကို ပို့လိုက်မည်။ ပြီးနောက် သူတို့သည် သူ၏ ညစ်ပတ်သောကိစ္စများကို ရှင်းရှင်းလင်းလင်းနားလည်သွားလိမ့်မည်။
သို့သော် ယဲ့ရှောင်က သူအကြောင်းမှတ်ဉာဏ်များကိုမူ ဖျက်ဆီးခဲ့၏။ ဤနည်းဖြင့် ဝိညာဥ်ကျင့်ကြံသူများက သူ့ကို ရှာတွေ့နိုင်တော့မှာ မဟုတ်ပေ။
ထိုသို့ပြုလုပ်ပြီးနောက် ယဲ့ရှောင်သည် တစ်ဖက်သူ၏ သိုလှောင်လက်စွပ်ကိုယူပြီး လှည့်ထွက်သွားတော့၏။
လရောင်ကမထွက်သေးပေ။ သူက အနောက်အရပ်ဆီသို့ ရောက်နေပြီဖြစ်၏။ အာရုဏ်တက်ခါနီးပြီဖြစ်ရာ ဤလောကထဲ၌ အမှောင်မိုက်ဆုံးအခိုက်အတန့်ဖြစ်နေ၏။
ယဲ့ရှောင်သည် နတ်ဘုရားအာရုံစူးစိုက်ခြင်းကျင့်စဥ်ကိုအသုံးပြုခဲ့ပြီး နန်ရှန်းမြို့အပြင်ဘက်မြစ်ရှေ့ဆီသို့ ရောက်သွား၏။ အတွေးတစ်ချက်ဖြင့် သူသည် မြေဝပ်ကျင်းကျင့်စဥ်ကို အသုံးပြုကာ မြစ်စပ်နားရှိမြေကြီးထဲ ချက်ချင်းမြှုပ်သွား၏။
နက်ရှိုင်းသောမြေအောက်ထဲတွင် ဧရာမမီးတောင်ချော်ရည်ဂူရှိသည်။ ထိုနေရာက မှုန်မိုင်းပြီး ခြောက်သွေ့ကာ ဂူတစ်ခုလုံးကို လင်းထိန်စေနိုင်သည့် ဇုန်များဖြင့်သိပ်သည်းနေလေ၏။ မီးစုန်းဖျော့ဖျော့ဖြင့် မြေကြီးက အရိုးဖြူများပြည့်ကြပ်နေကြောင်း ဝေဝါးဝါးမြင်နိုင်သည်။ ထိုအရိုးဖြူများက ကြယ်တာရာသားရဲများနှင့် လူသားများ၏ အရိုးများဖြစ်သည်။
ယဲ့ရှောင်သည် ထိုဂူကိုရောက်သည့်အချိန်၌ သူက မြင်ကွင်းကို တွေးထင်ပြီးသားဖြစ်သော်ငြား ကိုယ်တိုင်တွေ့လိုက်ရသောအခါ ဒေါသအရိပ်အယောင်ပေါ်လာ၏။ သို့သော်ငြား ဂူထဲကနေ ထူးဆန်းသည့်ရယ်သံလှိုင်းများပေါ်ထွက်လာသည့်အချိန်၌ သူရောက်လာတာဖြစ်သည်။
” ကျွတ် ကျွတ် ကျွတ် … ဒါလူသားပဲ … လူသားရဲ့မွှေးပြန့်တဲ့ရနံ့ကို ရတယ် … ”
” တကယ်လူသားပဲ … သေခြင်းတရားကိုမသိတဲ့ လူသားတစ်ယောက်က ဒီနေရာကို တကယ်ကြီးရောက်လာတယ် … သူက အခုငါ့ဟာပဲ … ”
” ငါ့ဟာ … ”
အသံနှစ်သံက ပေါ်ထွက်လာပြီး တစ်ယောက်နှင့်တစ်ယောက် ယှဥ်ပြိုင်နေကာ အမြန်ဆုံးအရှိန်ဖြင့် ယဲ့ရှောင်ရှေ့သို့ရောက်လာကြသည်။
ယဲ့ရှောင်က မလှုပ်ရှားပေ။ ဓားမော့အလင်းဖျက်ခနဲပေါ်လာပြီး ကြယ်တာရာသားရဲအသွင်သို့ အပြည့်အဝပြောင်းခါနီးပြီဖြစ်သည့် သားရဲလူသားနှစ်ယောက်၏ခေါင်းက နေရာမှာတွင်ပြုတ်ကျသွားလေ၏။ ပြီးနောက် ယဲ့ရှောင်သည် ဂူထဲသို့ ဆက်ဝင်သွားလိုက်၏။
ဂူ၏အတွင်းပိုင်းထဲ၌ အသက်သုံးဆယ်အရွယ်ရှိ အမျိုးသမီးက အေးစက်သည့်ရေခဲကျောက်စိမ်းကုတင်ပေါ်၌ လဲနေပြီး အသက်လေးဆယ်အရွယ်အမျိုးသားက သူမ၏ ခြေသလုံးသားများအား နှိမ့်ပေးတာကို ခံစားနေလေ၏။
လက်အောက်ငယ်သားတစ်ဦးက သူမအတွက် နွေးထွေးသည့် သွေးတစ်ပန်ကန်ယူလာပေးသည်။
” မဟာမိတ်ခေါင်းဆောင် ဒါက လတ်ဆတ်တယ် … ”
အမျိုးသမီးက သွေးယူပြီး သောက်ချလိုက်၏။ သူမမျက်လုံးများက နီရဲနေသည်။ မူလက အသက်သုံးဆယ်ဖြစ်ပုံပေါ်သည့် သူမ၏မျက်နှာသည် နုပျိုသွားသည်။ အသားအရည်က ကျောက်စိမ်းနယ်ကြည်လင်နေပြီး သူမအသားအရည်က အသက်နှစ်ဆယ်အရွယ်မိန်းမပျိုလေးတစ်ဦးထက်တောင် ပိုကောင်းနေ၏။
” လက်ဝဲကာကွယ်သူက သားရဲနတ်ဘုရားဂိုဏ်းရဲ့ အရေးကိစ္စကိုစစ်ဆေးဖို့ ထွက်သွားတာ … ဒီလောက်ကြာပြီးတာတောင် သူဘာကြောင့် ပြန်မရောက်သေးတာလဲ … ”
နှိပ်နယ်ပေးနေသည့်လူရွယ်က ချက်ချင်းပြန်ပြောလိုက်၏။
” မဟာမိတ်ခေါင်းဆောင် ကာကွယ်သူရန်က အဆင့်တက်တော့မှာပါ … သူက သူ့ကိုကူညီပေးဖို့ ရှန့်ထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းကြယ်တာရာသားရဲတစ်ကောင်ကို ရှာချင်နေတာ … ”
” သူရှာမတွေ့သေးတာများလား … ”
” ပြောရရင် ရှန့်ထျန်းသတ္တမအဆင့် ကြယ်တာရာသားရဲက ရှာဖို့မလွယ်ဖူးလေ … ”
မဟာမိတ်ခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်၏။
” သူမှန်တယ် … အဋ္ဌမအဆင့်ကို အဆင့်တက်ပြီးရင် သူကငါနဲ့ အဆင့်တူသွားတော့မှာ ငါ့ရဲ့အမိန့်ကို သာထပ်ပြီးနားထောင်စရာမလိုတော့ဘူး … နင်တို့ နံစော်တဲ့ယောက်ျားတွေက အမြဲတမ်းလောဘကြီးပြီး မရောင့်ရဲနိုင်ဘူး … မင်းတို့ ဘယ်တော့မှ မကျေနပ်ဘူး … ”
လူရွယ်က ချက်ချင်းပင် ခေါင်းငုတ်ထားပြီးပြောလိုက်၏။
” မဟာမိတ်ခေါင်းဆောင် စိတ်မပူပါနဲ့ … ကျွန်တော်က ခေါင်းဆောင်ပေါ် အကြွင်းမဲ့သစ္စာရှိပါတယ် … ကာကွယ်သူရန်လိုမျိုး အဆင့်တက်ပြီး ခေါင်းဆောင်နဲ့အဆင့်တူဖို့ အမြဲတမ်းတွေးနေသူမျိုး မဟုတ်ပါဘူး … ”
” ဟုတ်ပြီ ဒါမှဟုတ်သေးတယ် … ”
မဟာမိတ်ခေါင်းဆောင်က သူ့နားကို ထိလိုက်၏။
” နင် လက်ယာကာကွယ်သူက ပိုပြီးနာခံတယ် … ငါနင့်ကို ကောင်းကောင်းဂရုစိုက်မယ် … ”
” ကျေးဇူးပါ မဟာမိတ်ခေါင်းဆောင် … ”
သူပြောပြီးသည်နှင့် ပေါက်ကွဲသံက ပေါ်ထွက်လာကာ ဂူတံခါးက အပိုင်းပိုင်းအစစကြေသွား၏။
ကျောက်စကျောက်နများသည် သားရဲလူသားများ၏ အလောင်းများနှင့်အတူ လှိမ့်လာတော့၏။
ထိုပေါက်ကွဲမှုက အထဲရှိလူနှစ်ယောက်၏ အမူအရာကို အေးစက်သွားစေ၏။
” ဘယ်သူလဲ … ဘယ်သူကများ အတင့်ရဲတာလဲ … ”
ပြောပြီးသည်နှင့် ယဲ့ရှောင်က ရှေ့သို့လှမ်းလာကာ တည်တည်ငြိမ်ငြိမ်လျှောက်လာလေ၏။
ယဲ့ရှောင်ကို တွေ့လိုက်ရချိန် မဟာမိတ်ခေါင်းဆောင်၏ မျက်လုံးများက လက်သွားတော့၏။ သူမ၏ မျက်လုံး၌ လောဘအရိပ်တို့ ပြည့်သွားတော့သည်။
” ချောလိုက်တဲ့လူပဲ … ဒီနေရာကို မင်းတကယ်ရှာတွေ့လိမ့်မယ်လို့ မထင်ထားဘူး … ”
ယဲ့ရှောင်က သူတို့နှစ်ယောက်ကိုကြည့်လိုက်၏။ တစ်ယောက်က ရှန့်ထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းတစ်ဦးဖြစ်ပြီး နောက်တစ်ယောက်က ရှန့်ထျန်းအဋ္ဌမအဆင့် အံ့ဖွယ်ချီရှန်းတစ်ဦးဖြစ်သည်။ သူမှန်ကန်သည့်နေရာကို ရောက်လာပေ၏။
” မင်းတို့ကို ရှာတွေ့ပြီ … ”
အပိုင်း (၁၇၉) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset