Switch Mode

Chapter – 177

ဒီကမ္ဘာကြီး စမှတ်ဖြစ်ရုံပဲ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၇၇ ဒီကမ္ဘာကြီးက စမှတ်ဖြစ်ရုံပဲ။

သူ့လက်ထဲရှိ တော်ဝင်လက်နက်ကို ကြည့်ပြီး လက်ဝဲ ကာကွယ်သူက ၄င်းနှင့် ခွဲရမှာ တွန့်ဆုတ်နေလေ၏။
သူ့လက်ထဲရှိ ပစ္စည်းသည် တော်ဝင်လက်နက် ဖြစ်သော်ငြား ဆက်တိုက် အသုံးပြုနိုင်သည့် လက်နက်မျိုး မဟုတ်ပေ။ တစ်ကြိမ်အသုံးပြုပြီးပြီနှင့် နောင်ကြ အသုံးမဝင် ဖြစ်သွားလိမ့်မည်။
မဟုတ်လျှင် မည်ကဲ့သို့ ကောင်းကင်ဖီဆန်နိုင်တော့မည်နည်း။
သို့သော် နော့ဖစ်၏ ကိုယ်ခွဲအတွက်မူ ၄င်းကလည်း ထိုက်တန်ပေ၏။ ပြီးနောက် ထိုတော်ဝင်လက်နက်ကို စား၍မရနိုင်။ တစ်စုံတစ်ယောက်၏ ကျင့်ကြံဆင့်ကိုလည်း တိုးမြှင့်ပေးနိုင်ခြင်း မရှိပေ။
နော့ဖစ်က ကျင့်ကြံဆင့်ကို မြှင့်တင်ပေးနိုင်ပြီး သွေးမျိုးဆက်ကို အားဖြည့်ပေးနိုင်၏။
အတွေးတစ်ချက်ဖြင့် ဝိညာဥ်စွမ်းအင်ကို တော်ဝင်လက်နက်ထဲ အဆုံးမရှိ သွန်ထည့်လိုက်၏။
ထိုစဥ် လျိုချန်စွင်းနှင့် ကင်ချီစားသောက်ဆိုင်တွင် စားသောက်နေသော ယဲ့ရှောင်က ရုတ်တရက် မျက်မှောင် ကျုံ့သွားသည်။
သူသည် တော်ဝင်လက်နက်၏ အရှိန်အဝါကို အာရုံခံမိပြီးဖြစ်ကာ ယင်းက သူ၏ အစီအရင် ဖြစ်၏။ လျိုချန်စွင်းက သူ့ကဲ့သို့ ဝိညာဥ်စွမ်းအင်ကို ကျင့်ကြံထားခြင်း မရှိပေ။ ထို့ကြောင့် သူ့အဆင့်၏ တိကျမှုမျိုး မရှိပဲ ယဲ့ရှောင် အာရုံခံမိတာကို အာရုံမခံနိုင်ပေ။
သူက ယဲ့ရှောင်၏ အမူအယာကြောင့် အနည်းငယ် အံ့သြသွားရုံသာ ရှိသည်။
” ဘာဖြစ်လို့လဲ ”
” ဘာမှ မဟုတ်ပါဘူး။ ကျုပ် မပြီးပြတ်သေးတဲ့ ကိစ္စလေးတစ်ခုကို ရုတ်တရက် သတိရသွားလို့ ”
ယဲ့ရှောင်က အကြောင်းပြချက်တစ်ခု ကြုံရာရှာပြီးနောက် အာရုံသိပ်မစိုက်ခဲ့ပေ။
တစ်ဖက်သူ၌ တော်ဝင်လက်နက် ရှိသော်ငြား ၄င်းက တစ်ကြိမ်သာ အသုံးပြုနိုင်၏။ ထို့အပြင် ထောင့်လေး၌သာ အစီအရင်ကို ချဲ့ထွင်နိုင်တာ ဖြစ်သည်။ သူ့တစ်ယောက်တည်းသာ ဝင်ခွင့်ပြုနိုင်၏။ ထို့ကြောင့် ယဲ့ရှောင်က သူ့ကို သတိထားမနေတော့ပေ။
တိုက်တိုက်ဆိုင်ဆိုင်ပင် နော့ဖစ်နှင့် ကျန်သည့်သူများက သူ့ကို ဆန့်ကျင်ပြီး စောတက တက်ကြ
လိမ့်မည်။ သူတို့ရင်ထဲရှိ မကျေမချမ်း ဖြစ်မှုများကို ဖောက်ခွဲစေချင်၏။ ထိုသို့ပြုလုပ်ခြင်းဖြင့်သာ သူတို့ ပိုပြီး ကျန်းမာလာလိမ့်မည်။
နော့ဖစ်နဲ့ တခြားသူတွေ လွတ်မြောက်နိုင်ချေကရော။
ဟား ဟား ဟား။
စာကြည့်တိုက် တစ်ဖက်ခြမ်း၌ လက်ဝဲ ကာကွယ်သူသည် သူ၏ တစ်ခါသုံး တော်ဝင်လက်နက်ကို အသုံးပြုပြီး ယဲ့ရှောင်၏ တော်ဝင်အစီအရင်ထဲ၌ ယာယီ အပေါက်လေးတစ်ပေါက် လုပ်လိုက်သည်။ ပြီးနောက် သူက အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် ငုံ့ဝင်လိုက်၏။
” နော့ဖစ် ဒီကာကွယ်သူရဲ့ အစာအဖြစ် နာခံလော့ ”
သို့သော် သူသည် ထိုစကားများပြောပြီးခါစ၌ တစ်စုံတစ်ခု မူမမှန်တာကို ရုတ်တရက် ခံစားလိုက်မိသည်။
ချိတ်ပိတ်မှု အစီအရင်အောက်ရှိ အရှိန်အဝါက သိပ်သည်းလွန်းနေ၏။ သိပ်သည်းလွန်းသောကြောင့် သူ၏ လက်နှင့် ခြေထောက်များတောင်
မဆန့်နိုင်ပေ။
နော့ဖစ်ရဲ့ ကိုယ်ခွဲက ရှန်းထျန်းသတ္တမအဆင့်မှာပဲ ရှိသေးတာလို့ ပြောထားတာမလား။
ဘယ်လိုကြောင့် ကြီးမားတဲ့ဖိအား ဆောင်ယူလာတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ တူနေပါလိမ့်။
သူက ကြက်သေသေနေစဥ် နောက်တစ်စက္ကန့်၌
မတူညီသည့် အသံမျိုးစုံ ကြားလိုက်ရ၏။
” အဲ့လူက ဘယ်သူလဲ ”
” ငါ မသိဘူး။ သူက စီနီယာ နော့ဖစ်ကို လာရှာတာ။ စီနီယာ နော့ဖစ် သူ့ကို သိလား ”
” ငါ့ဖင်ကိုပဲသိ။ သူ ငါ့ကို စားချင်နေတာ မင်း မကြားဘူးလား ”
” အော် သူက ငါတို့ ရန်သူတစ်ယောက်ပဲ ”
အမှောင်ထဲတွင် ချီရှန်းအဆင့် ကြယ်တာရာသားရဲများသည် သူတို့၏ အစွမ်းထက်သော အရှိန်အဝါများကို စတင်ထုတ်ဖော်လိုက်၏။ သူတို့ ခန္ဓာကိုယ်အပေါ်ယံ၌ အလင်းက စတင်ပေါ်လာပြီး ရောင်ခြည်မျိုးစုံကို ဖွဲ့တည်လိုက်တော့သည်။ လက်ဝဲ ကာကွယ်သူက အံ့သြဆွံ့အသွားလေ၏။
ဘာတွေဖြစ်ကုန်တာလဲ။
တစ် နှစ် သုံး လေး ငါး ခြောက် ခုနှစ်။ စုစုပေါင်း
ချီရှန်းအဆင့် ကြယ်တာရာသားရဲ ၇ကောင်လား။ နော့ဖစ်ရဲ့ ကိုယ်ခွဲတစ်ခုပဲ ရှိတာလို့ ပြောခဲ့တာ မဟုတ်ဘူးလား။
ဒါ့အပြင် ဒါက သေးငယ်တဲ့ ကျန်းဟိုင်မြို့လေးလေ။ ဒါတောင် အစီအရင် အမြုတေအနေနဲ့သုံးဖို့ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတွေ အများကြီး ရှိနေတယ်။ သူတို့ ဘာတွေကစားနေကြတာလဲ။ မဟုတ်ဘူး။ အခုက အဲ့ဒီအကြောင်း တွေးဖို့ အချိန် မဟုတ်ဘူး။ ဒီနေရာမှာ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတွေ များနေတာ။ ဒီတော့ အဓိကက ဘယ်လို အသက်ရှင်ရမလဲဆိုတာပဲ။
သားရဲဝိညာဥ်အမွှေးတိုင်ကို မြန်မြန်သုံးရမယ်။
သားရဲဝိညာဥ်အမွှေးတိုင်သည် မရေမတွက်နိုင်သည့် ကြယ်တာရာသားရဲများ၏ သွေးအဆီအနစ်ကနေ ဖွဲ့တည်ထားသော အမွှေးတိုင်တစ်ခု ဖြစ်၏။ ၄င်းကို မီးညှိလိုက်သည်နှင့် ကြယ်တာရာသားရဲများ၏ ဝိညာဥ်စွမ်းအင်ကို လှုပ်ဆော်ပေးနိုင်ပြီး အင်မတန် အားနည်းစေကာ ခွန်အားအဖြစ် အသုံးပြု၍မရ ဖြစ်စေ၏။ ယင်းက ကြယ်တာရာသားရဲများကို ဖြေရှင်းရန်အတွက် လူသားမျိုးနွယ်စုက ဖော်စပ်ထားတာပဲ ဖြစ်သည်။
သူ့၌ သားရဲဝိညာဥ် အမွှေးတိုင်ရှိနေသရွေ့ ဤနေရာ၌ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ ၇ကောင်ရှိနေလျှင်တောင် သူ့၌ ထွက်ပြေးရန်
အခွင့်အရေးတစ်ခု ရှိသေးသည်။ သို့သော်ငြား သူ၏ အတွေးများက အကောင်းမြင်လွန်းအားကြီးနေသည်။ သူက သားရဲဝိညာဥ်အမွှေးတိုင်ကို ထုတ်လိုက်သည်နှင့် သူ့၏ ပခုံးကို အစွမ်းထက်သည့် အတွင်းအားက လာရိုက်တော့သည်။
ဖုန်း။
ပြင်းထန်သည့် အားက သူ၏ ပခုံးကို လှုပ်ခါသွားစေပြီး ၄င်းကို ချော်သွားစေ၏။ ပြီးနောက် ကျန်သည့်တိုက်ကွက်များကလည်း ရောက်လာတော့သည်။
နှစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်ပေါ် တိုက်ခိုက်မှုရာချီ ကျရောက်လာပြီး သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေ၏။
မြေ အမတာ ၀မ်သည် သူ့လက်ထဲက ပြုတ်ကျသွားသည့် သားရဲဝိညာဥ်အမွှေးတိုင်ကို ကောက်ယူပြီး နှစ်ချက်ခန့် ရှူလိုက်မိ၏။ သူ့အမူအယာက အနည်းငယ် ပြောင်းလဲသွားတော့သည်။
” သားရဲဝိညာဥ်အမွှေးတိုင်ပဲ။ ဒီကောင်က ငါတို့ကို ဖြေရှင်းဖို့ ဒီရောက်လာတာ ”
ထိုစကားများ ပြောလိုက်သည်နှင့် ကြယ်တာရာသားရဲများ၏ အမူအယာက ချက်ချင်းပင် အေးစက်သွားတော့၏။
” ကြယ်တာရာသားရဲတွေကို အနိုင်ကျင့်တာ လွန်လွန်းနေပြီ ”
” ယဲ့ရှောင်က ငါတို့ကို ထုတ်ကုန်အဖြစ် ပျိုးထောင်နေတာ။ မင်းက ငါတို့ရဲ့ အသားတွေကို ဖြတ်ချင်တယ်ပေါ့။ ငါတို့သွေးကို သောက်ချင်တယ်လား ”
” အနည်းဆုံးသော ယဲ့ရှောင်က လူသားတွေကြားထဲမှာ အလွန်ခန့်ညားပြီး သန်မာတယ်။ မင်းက သောက်ရုပ်ဆိုးပြီး အားနည်းနေတာ။ ငါတို့ကို အသုံးပြုရဲတယ်ပေါ့။ မင်း သေချင်နေတာပဲ ”
” သူ့ကို စားကြ ”
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ ၇ကောင်က ဒေါသထွက်သွားလေ၏။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ သူတို့ ခံစားခဲ့ရတဲ့ အရှက်ကွဲမှုက ဘယ်လောက်လဲ။ ဒေါသလား။ ထားလိုက်တော့။ သူတို့ ယဲ့ရှောင်ကို မရိုက်နိုင်ဘူးလေ။
အခုအချိန်မှာ ရှန်းထျန်းသတ္တမအဆင့် သားရဲလူသားလေးက ရာရာစစ သူတို့ကို အသုံးချရဲတယ်ပေါ့။ သူတို့ကို ရွှံ့လိုများ သဘောထားနေတာလား။
လက်ဝဲကာကွယ်သူသည် ကြယ်တာရာသားရဲအချို့ကြောင့် ယိမ်းယိုင်သွားပြီး အရှင်လတ်လတ် စုပ်ဖြဲခံရ၏။ သူက နာကျင်စွာ အော်လိုက်တော့သည်။
” ရပ်တော့ ရပ်တော့။ ငါက သားရဲနတ်ဘုရား မဟာမိတ်ရဲ့ လက်ဝဲကာကွယ်သူပဲ။ ငါရှိနေတဲ့ တည်နေရာကို သိတယ်နော် ”
” မင်းတို့ ငါ့ကို သတ်ရင် ငါတို့ သားရဲနတ်ဘုရား မဟာမိတ်ရဲ့ မဟာမိတ်ခေါင်းဆောင်က မင်းတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး။ ငါက သူ့ရဲ့ ချစ်သူပဲ။ သူ ရောက်လာပြီး မင်းတို့ကို သတ်မှာ သေချာတယ် ”
” အား ”
အော်သံအချို့ ပေါ်ထွက်လာပြီးနောက် လက်ဝဲ ကာကွယ်သူသည် ကြယ်တာရာသားရဲများ၏ အညှာအတာကင်းမဲ့စွာ စားခြင်းကို ခံရသေး၏။
ကြယ်တာရာသားရဲများသည် သွေးများ ပြည့်နေသည့် ပါးစပ်ကို တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ရက်စက်သည့်အပြုံးများ ပေါ်လာလေ၏။
သူတို့တွေက ကြယ်တာရာသားရဲနဲ့ တောရိုင်းတိရစ္ဆာန်တွေလေ။ မင်း ဘယ်သူလဲဆိုတာ ဂရုစိုက်မနေဘူးလေ။ သူတို့ စိတ်မပျော်ရင် သူတို့ လူမျိုးတွေကိုတောင် စားမှာ။ သားရဲလူသားတစ်ယောက်ဆိုရင် ဝေးလာဝေးပေါ့။ သူတို့အဖို့ လက်ဝဲကခွဲသူဆိုတာ အစာပြေ သက်သက်ပဲလေ။
” ဟေ့ ငါတို့ သူ့ကို စားလိုက်ရင် တကယ် ပြဿနာ မရှိလောက်ဘူးမလား။ သားရဲနတ်ဘုရား မဟာမိတ်ရဲ့ ခေါင်းဆောင် ရောက်လာရင် ဘယ်လိုလုပ်မလဲ ”
” မင်း ဘာတွေကြောက်နေတာလဲ ”
နော့ဖစ်က လက်ဝဲကခွဲသူ၏ လက်ကို ကောက်ကိုင်ပြီး သွားကြားထိုးကာ အေးအေးလူလူ ပြောလိုက်၏။
” ငါတို့ လက်ရှိ အထောက်အထားကို မေ့သွားတာလား။ ငါတို့ လက်ရှိ အထောက်အထားက ယဲ့ရှောင်ရဲ့ သတ္တဝါတွေပဲ။ သားရဲနတ်ဘုရား မဟာမိတ်ရဲ့ ခေါင်းဆောင် လာဖို့ကို ပြောမနေနဲ့။ သူကိုယ်တိုင် ရောက်လာရဲတယ်ဆိုရင်တောင် ဘာများ ကြောက်စရာရှိမှာလဲ။ ယဲ့ရှောင်က ငါတို့အားလုံးကို သူ သတ်တာ ခွင့်ပြုပေးမယ်တဲ့လား ”
” ယဲ့ရှောင်ရဲ့ ခွန်အားနဲ့ဆိုရင် သူ့ကို ရိုက်ဖို့က သစ်ရွက်တစ်ရွက်ကို ညှင်းပမ်းရသလိုပဲ ဖြစ်မှာပဲ မဟုတ်ဘူးလား ”
” အား ဟုတ်သား။ အဲ့ဒီအကြောင်း မေ့တော့မလို့ ”
” ငါ့ကို မပြောနဲ့ဦးနော်။ ဒီလိုဆိုရင် ယဲ့ရှောင်ရဲ့ တိရစ္ဆာန်တွေဖြစ်နေတာက အတော်ကောင်းနေတဲ့ပုံပဲ။ အနည်းဆုံးတော့ ဒီလိုသိုင်းပညာရှင်တစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အချိန် အလွန်လုံခြုံတယ် ”
ယဲ့ရှောင်ဘက်တွင်မူ သူက လျိုချန်စွင်းနှင့် များစွာ စားနေသေးဆဲ ဖြစ်၏။
” စီရင်စု၉ခုရဲ့ ဆားရေစိမ်က ဟန်နိုင်ငံရဲ့ ဟင်းရွက်ချဥ်ထက် ပိုကောင်းတယ် ”
လျိုချန်စွင်းက သက်ပြင်းချလိုက်မိ၏။
ယင်းက စီရင်စု၉ခုပဲ ဖြစ်သည်။ သိုင်းပညာ ယဥ်ကျေးမှုဖြစ်စေ၊ ကျန်သည့် ယဥ်ကျေးမှုဖြစ်စေ ဟန်နိုင်ငံက အလွယ်တကူ ယှဥ်နိုင်သည့်အရာ မဟုတ်ပေ။
ယဲ့ရှောင်က ပြုံးကာ ပြောလိုက်တော့၏။
” ပြောနေဖို့တောင် မလိုဘူး။ သံသယဖြစ်ဖို့ထက် ကျော်လွန်နေတဲ့ အရာပဲလေ ”
သူ့ရင်ထဲ၌ နိုင်ငံကို ဂုဏ်ယူစိတ်တို့က ပေါ်ထွက်လာ၏။ ဤကမ္ဘာ၌ စီရင်စု၉ခု၏ မျိုးဆက်များသာလျှင် ထိုကဲ့သို့ ခံစားချက်ရသည် မဟုတ်ပါလော။
မျက်စိကြိမ်းလောက်အောင် တောက်ပသည့် လူနေမှု အကျင့်စရိုက် ယဥ်ကျေးမှု ရှိသည့် နိုင်ငံတစ်ငံ။ ကျန်သည့် နိုင်ငံများက ဘယ်တော့မှ ယှဥ်ပြိုင်နိုင်မှာ မဟုတ်သည့် တည်ရှိမှု ဖြစ်သည်။
” အော် ဟုတ်သား။ စကားမစပ် မင်းက ဟို့ထျန်းတတိယအဆင့် ရောက်နေပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ မင်း ဝိညာဥ်တစ်ခု သိပ်သည်းဖို့ အခွင့်အရေး ရှိသေးတာပဲ။ ဝိညာဥ်သိပ်သည်းပြီး ဘာကြောင့်မြန်း ရှေ့ဆက်မသွားလဲ ”
” ပိုက်ဆံမရှိဘူးလေ ”
လျိုချန်စွင်းက ထိတ်လန့်သွား၏။ သူသည် ချက်ချင်းပင် ယဲ့ရှောင်က သာမန်လူတစ်ယောက်ဖြစ်ကြောင်း အမှတ်ရသွား၏။ ဝိညာဥ်သိပ်သည်းခြင်းဆေးလုံးဝယ်ရန် ပိုက်ဆံမရှိတာ သေချာသည်။
ထိုအကြောင်းကို တွေးပြီးနောက် သူက ပါးစပ်ဟကာ ပြောလိုက်တော့၏။
” မင်းကို ကူညီစေချင်လား။ ငါ့ကို ကဒ်နံပါတ်ပြောလေ။ အရင်ဆုံး မင်းကို ပိုက်ဆံချေးထားမယ်။ နောင်ကြ ပြန်ပေးပေါ့ ”
” မလိုပါဘူး။ တစ်ပါးသူကို အကြွေးတင်တာ မကြိုက်ဘူး။ ဒါ့အပြင် ကျုပ်က ကျင့်ကြံနိုင်ရင်တောင် ဘယ်နယ်ဘယ်ထိရောက်အောင် ကျင့်ကြံနိုင်မှာလဲ ”
လျိုချန်စွင်းက ခေါင်းညိတ်လိုက်၏။
” ဟုတ်တာပဲ ”
အခြေခံအားဖြင့် သူတို့၏ ဝိညာဥ်စွမ်းအင် မနှိုးထနိုင်သည့် သူများကို ခပ်ဝေးဝေး မသွားနိုင်ပေ။ ဝိညာဥ်သိပ်သည်းခြင်း ဆေးလုံး ရယူရန်အတွက် ပိုက်ဆံများစွာ သုံးစွဲခြင်းသည် မလိုအပ်ပေ။ သူတို့၏ အံ့ဖွယ်ဝိညာဥ်ကို သိပ်သည်းစေရန်အတွက် ဝိညာဥ်သိပ်သည်းခြင်းဆေးလုံး ရယူရန် ပိုက်ဆံများစွာ သုံးစွဲခြင်းက မရှိမဖြစ် မဟုတ်ပေ။ ၄င်းအတွက် အကြွေးပမာဏများစွာ တင်သွားခဲ့ပါက အတော်လေး အဆင်အခြင်မဲ့ရာ ရောက်ပေလိမ့်မည်။
” အော် ဟုတ်သား။ ပြောနေရင်းနဲ့ ခင်ဗျားကို မေးစရာ မေးခွန်းတစ်ခု ရှိလို့။ အံ့ဖွယ်ဝိညာဥ်ကို သုံးတာက ဘယ်လိုမျိုးလဲ။ လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို မြှင့်တင်ရုံသက်သက်ပဲလား ”
ယဲ့ရှောင်သည် ထိုမေးခွန်းအကြောင်း အမြဲတမ်း အလွန်သိချင်နေခဲ့တာပဲ ဖြစ်သည်။ သို့သော် သူ တွေ့သမျှ လူထဲ၌ အဆင့်အတန်းမြင့်မားသည့်သူက များများစားစား မရှိပေ။ လျိုချန်စွင်းက သူ သိသည့် တစ်ဦးတည်းသော အံ့ဖွယ်ချီရှန်း ဖြစ်၏။ ထိုမေးခွန်းကို သူ့အား ရှင်းပြနိုင်လောက်သည်။
လျိုချန်စွင်းက နှုတ်ခမ်းသုတ်ကာ ခဏစဥ်းစားပြီးနောက် ပြောလိုက်တော့၏။
” အံ့ဖွယ်ဝိညာဥ်လို့ခေါ်တဲ့ အဲ့ဒီအရာက အစမှာတော့ ကျင့်ကြံခြင်းအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ပြောပေမဲ့ များများစားစား အသုံးဝင်ပုံ မပေါ်ဘူး။ ပြောရရင် ကျင့်ကြံခြင်းအတွက် ပံ့ပိုးပေးသည့် တိုက်ပွဲအတွက် သေစေနိုင်လောက်တဲ့ ပမာဏကို တိုးမြှင့်ပေးတာအပြင် သူ့ကိုယ်ပိုင် သဘောတူညီချက်အရ တိုက်ပွဲအတွက် အသုံးမပြုနိုင်ဘူး။ အသုံးဝင်တာက အင်မတန် နည်းတဲ့ပုံပဲ။ ဒါပေမဲ့ တကယ်တော့ သိုင်းပညာရှင်အသိုင်းအဝိုင်းမှာ ဝိညာဥ်အပေါ် ငါတို့ နားလည်သဘောပေါက်မှုက လူသားတွေက အားနည်းလွန်းပြီး ဝိညာဥ်ရဲ့ စွမ်းအားအစစ်အမှန်ကို အပြည့်အဝ မပြသနိုင်ဘူး။ လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်က ဧကရာဇ်နယ်ပယ်ကို တက်လှမ်းပြီးမှ ဝိညာဥ်ရဲ့ စွမ်းအားကို အစစ်အမှန် ပြသနိုင်တာလို့ ပြောကြတယ်။ အဲ့ဒီအမြင်အရ ဖြစ်နိုင်ချေ အများဆုံး အဖြေက ငါတို့ သိုင်းပညာရှင်တွေက ဧကရာဇ်နယ်ပယ်ကို မရောက်ခင် အမှိုက်တွေလိုပဲ သတ်မှတ်ခံထားရမှာ။ ငါ့လို အံ့ဖွယ်ချီရှန်းအပါအဝင်ပေါ့ ”
” ငါတို့ရဲ့ လက်ရှိ ကမ္ဘာကြီးရဲ့ အလုံးစုံအဆင့်က နိမ့်နေတဲ့ပုံပဲ။ ဒါကြောင့် အလွန်သန်မာတယ်လို့သတ်မှတ်ခံထားရတဲ့ ချီရှန်းတွေတောင် ပုရွက်ဆိတ်လို ဖြစ်နေတာပဲ ”
” ဆိုလိုတာက ဒီစက်ကြာဝဠာကြီးမှာ ကျုပ်တို့က စမှတ်ပဲ ရှိသေးတာလား ”
” တိတိကျကျပြောရမယ်ဆိုရင် ငါတို့က စမှတ်ထက်တောင် ပိုဆိုးတယ် ”
” ခင်ဗျား ရယ်မှာတော့ မကြောက်ဘူး။ ဇဝေဇဝါဖြစ်နေလောက်ရောပေါ့။ ဒီလောကထဲမှာ အံ့ဖွယ်ချီရှန်းတွေ ဘာကြောင့် အများကြီး ရှိနေတာလဲ။ သူတို့တွေက သန်မာတာ သိသာလွန်းနေရက်နဲ့ ဘာကြောင့်များ အာကာသစစ်မြေပြင်ကို မသွားကြတာလဲ ”
” ငါတို့တွေ အာကာသစစ်မြေပြင်ကို သွားရင် လူသားတွေကို ကူညီပေးနိုင်ပြီး အလွယ်တကူ နိုင်လိမ့်မယ်လို့ သေချာပေါက် တွေးလောက်တယ် ဟုတ်တယ်မလား။ ဒါပေမဲ့ အဖြေအမှန်က မင်းကို သေချာပေါက် ထိတ်လန့်သွားစေမှာပဲ။ ငါတို့ အံ့ဖွယ်ဂိုဏ်းတွေက အာကာသစစ်မြေပြင်ကို မသွားတဲ့ အကြောင်းအရင်းတစ်ရပ် ရှိတယ်။ တစ်ခုက ကမ္ဘာမြေပေါ်ကို ထိုးဖောက်ဝင်ရောက်လာတဲ့ ကြယ်တာရာသားရဲတွေလည်း အများကြီးရှိတယ်။ သူတို့ကို ဖိနှိပ့်ဖို့အတွက် ငါတို့တွေ သန်မာတဲ့ သိုင်းပညာရှင်တွေ လုံလုံလောက်လောက် ရှိရမယ်။ လူသားမျိုးနွယ်ရဲ့ နောက်တန်း အခြေခံစိုက်စခန်းကိုလည်း ကာကွယ်ရမယ်။ ကြယ်တာရာသားရဲတွေကို ငါတို့ အသိုက်တွေကို ဖျက်ဆီးခွင့် ပေးလို့ မရဘူးလေ။ နောက်တစ်ချက် အဲ့ဒါက အံ့ဖွယ်ဂိုဏ်းအများစုက အာကာသစစ်မြေပြင်ကို သတိလက်လွှတ် မသွားရဲတာပဲ ”
ယဲ့ရှောင်က ကြောင်အသွားလေ၏။
” အာကာသစစ်မြေပြင်က အဲ့လောက် အန္တရာယ်များတာလား ”
” များတာပေါ့ ”
လျိုချန်စွင်း၏ အမူအယာက တည်ကြည်သွားကာ ဖြေလိုက်၏။
” မင်း မှန်းဆနိုင်တာထက် ပိုပြီး အန္တရာယ်များတယ်။ အာကာသစစ်မြေပြင်ကို သွားတဲ့ သာမန်သိုင်းပညာရှင်တစ်ယောက်ပြီးတစ်ယောက် ရှိပေမဲ့ သူတို့ထဲက အများစုက လေ့ကျင့်ပြီးမှ ယင်ကောင်လေးတချို့ကို ဖြေရှင်းနိုင်တာ။ စစ်မှန်တဲ့ ကြယ်တာရာသားရဲ သိုင်းပညာရှင်တစ်ယောက် ပေါ်လာပြီဆိုတာနဲ့ အံ့ဖွယ်ဂိုဏ်းက ပြိုလဲသွားမှာပဲ။ ဒါတွေအားလုံးက မျက်တောင်တစ်ခတ်အတွင်း ဖြစ်သွားတာ ”

အပိုင်း ၁၇၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset