Switch Mode

Chapter – 176

မုဆိုးလား မဟုတ်ဘူး မင်းက သားကောင်သက်သက်ပဲ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၇၆ မုဆိုးလား မဟုတ်ဘူး မင်းက သားကောင်သက်သက်ပဲ။

” မင်းကို နှောက်နေတာ .. ရယ်စရာ မကောင်းဘူး
လား ”
ယဲ့ရှောင်က အခက်တွေ့သွားစဥ် လျိုချန်စွင်းက ရုတ်တရက်ကြီး ပါးစပ်ဟပြီး ရယ်မောလိုက်၏။
” ”
ယဲ့ရှောင်၏ အေးစက်သော မျက်နှာထားကို ကြည့်ပြီး လျိုချန်စွင်း၏ အပြုံးက တဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။
သာမန်လူသားတွေက သူတို့ ခင်မင်ရင်းနှီးမှု တိုးအောင်လို့ တစ်ယောက်နှင့်တစ်ယောက် စနှောက်ကြတယ် မဟုတ်ဘူးလား။ ဒါပေမဲ့ ယဲ့ရှောင်က ရယ်စရာကောင်းမယ်လို့ မထင်ဘူးလား။
သာမန်လူတွေနဲ့ အဆင်ပြေနေဖို့က ခက်ခဲလွန်းတာကိုး။ ဓါးမော့ဓါးဝိဇ္ဇာလို သိုင်းပညာရှင်တွေပဲ သူနဲ့ ဆက်သွယ်ပြီး အပြန်အလှန် ပြောဆိုနိုင်တာလား။
သက်ပြင်းသဲ့သဲ့ချပြီး လျိုချန်စွင်းက ယဲ့ရှောင်ကို နှုတ်ဆက်လိုက်၏။
” ဘာကိစ္စမှ မရှိတော့ရင် အဆောင်ကို အရင်ပြန်ပါတော့မယ်။ နှုတ်ဆက်ပါတယ် ”
ယဲ့ရှောင်က သူ့လက်ထဲရှိ မြေပုံကို ကြည့်လိုက်၏။ ထိုထူးကဲသော မြေပုံကို အကြိမ်ပေါင်းများစွာ လှန်ကြည့်ထားပုံ ပေါ်၏။ ဒီလူက သာမန်လူတွေအတွက် ပထမဆုံးအကြိမ် လုပ်ပေးတာ ဖြစ်လောက်တယ် ဟုတ်တယ်မလား။
” လောင်လျို ”
လျိုချန်စွင်းက ထိတ်လန့်သွားပြီးနောက် ယဲ့ရှောင်ကို လှည့်ကြည့်လိုက်၏။
” မင်း ငါ့ကို ဘာခေါ်လိုက်တာလဲ ”
” ငါ့ရဲ့ သူငယ်ချင်းနဲ့ ငါနဲ့ တစ်ယောက်ကိုတစ်ယောက်လိုပဲ အဲ့လိုပဲ ခေါ်တာလေ။ စော်ကားတယ်လို့ ထင်ရင် ကြီးကြပ်သူ လျိုလို့လည်း ခေါ်နိုင်တယ် ”
လျိုချန်စွင်းက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ချက်ချင်း ရယ်မောလိုက်သည်။
” မင်းက တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ လူပဲ ”
လျိုချန်စွင်းသည် မြင့်မားပြီး စွမ်းဆောင်ရည်ရှိစွာ နေသားကျနေတာ ဖြစ်သည်။ သို့သော် ယခုအချိန်၌ သူမက ဓါးမော့ဓါးဝိဇ္ဇာကို ရှာချင်နေ၏။ သူ၏ ထူးခြားသော အထောက်အထားကြောင့် စီရင်စု၉ခုတွင် ရှိနေသော်ငြား မကျေနပ်နိုင်ပေ။ ထို့ကြောင့် သူက သိုင်းစာကြည့်တိုက်တွင် အလုပ်လုပ်လိုပြီး အချိန်ဖြတ်သန်းရန် သာမန်လူတစ်ယောက် ဖြစ်ချင်၏။ သို့သော်ငြား သူ့အဖို့ သာမန်လူတစ်ယောက် မဖြစ်နိုင်မှန်း သူ သိနေသည်။
ကျန်သည့်သူများကို သူ နှုတ်ဆက်ချိန်၌ သူတို့က တုန်ယင်နေလေ၏။ သူ၏ လုပ်ဖော်ကိုင်ဖက်များဖြစ်စေ၊ စာအုပ်ငှားရမ်းလာသည့်သူများဖြစ်စေ သူတို့အားလုံးက သူ့ကို တလေးတစား ဆက်ဆံပြီး အကွာအဝေးတစ်ခု ထားထား၏။
သူ၏ တပည့်များကတောင် သူ့ကို လေးစားမှုသာ ရှိသည်။
အံ့ဖွယ်ဂိုဏ်းနှင့် လူသားမျိုးနွယ်က မတူညီသည့် မျိုးနွယ်ဖြစ်နေပြီးသားပင်။ နောက်ဆုံး၌
လျိုချန်စွင်းက ဇွဲသတ္တိ ယဲ့ရှောင်ကို ရှာတွေ့သွားသည်။ ထိုလူက သူ့ကို သာမန်မိတ်ဆွေကဲ့သို့ ဆက်ဆံ၏။ ဤကဲ့သို့ ခံစားချက်က သူ့ကို အတော်လေး ထူးဆန်းသည်ဟု ခံစားမိသော်ငြား သက်တောင့်သက်သာလည်း ရှိ၏။
ကျန့်ရှန်က သူ့ကို စာကြည့်တိုက်ဆီ လာခိုင်းတာ အံ့သြစရာ မရှိဘူးပဲ။ တခြားတစ်နေရာမှာဆိုရင် ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ လူမျိုးနဲ့ တွေ့ခွင့်ရမှာ မဟုတ်ဘူး။ ကြည့်ရတာ ကျန်းဟိုင်မြို့ထဲ ဓါးမော့ဓါးဝိဇ္ဇာကို ရှာဖို့ အချိန်ကုန်ရတာက သိပ်ပြီး ပျင်းစရာ မကောင်းတဲ့ပုံပဲ။
ယဲ့ရှောင်က သူ့လက်ထဲရှိ မြေပုံကို ဝှေ့ရမ်းလိုက်၏။
” ခင်ဗျား တစ်နပ်လောက် တူတူစားချင်လား။ မြေပုံကို စမ်းစစ်ဖို့ ကူညီပေးမယ်ဆိုရင် တစ်နပ်ဒကာခံမယ်လို့ ပြောထားတာပဲ ”
” ထမင်းတစ်နပ်လား။ ကောင်းတာပဲ။ အံ့ဖွယ်ချီရှန်းတစ်ယောက်ဖြစ်လာပြီးတဲ့နောက် မစားတာ အတော်ကြာနေပြီ။ နည်းနည်းစားတာက ထိခိုက်မှု မရှိပါဘူး ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီးနောက် ပုန်းနေသည့် ယန်ရှီးကို အော်ခေါ်လိုက်၏။
” ယန်ရှီး တူတူသွားချင်လား ”
ယန်ရှီးက အမြန်ခေါင်းခါလိုက်သည်။
” မသွားဘူး မသွားဘူး ကျွန်မ လုပ်စရာအလုပ် ရှိသေးတယ် ”
” ဒါဆို ငါတို့ အရင်သွားနှင့်မယ် ”
ယဲ့ရှောင်နှင့် လျိုချန်စွင်းတို့ ထွက်သွားတာကို ကြည့်ပြီး ယန်ရှီးက သူမ ရင်ဘက်ကို အမြန်ပုတ်ကာ သက်ပြင်းချလိုက်တော့၏။
ကြီးကြပ်သူက တကယ်ထူးဆန်းတာပဲ။ သူရဲ့စိတ်အခြေအနေက သန်မာလွန်းနေတာ မဟုတ်ဘူးလား။ အံ့ဖွယ်ချီရှန်းတစ်ယောက်နဲ့ အတူရှိတာ ကြောက်မနေဘူး။
ကြီးကြပ်သူက အသက် ၂၀ပဲရှိသေးပြီး ချီရှန်းတစ်ယောက် မဟုတ်ဆိုတာသာ သိထားခဲ့ရင် သူက ဆန်းကြယ်တဲ့ သိုင်းပညာရှင်လို့ ငါ သံသယဝင်မိလောက်တယ်။
ထိုအကြောင်းအရင်းကြောင့် ယဲ့ရှောင်သည် ခယလွန်းတာလည်း မရှိ။ သူ့ကိုသူ အထင်ကြီးလွန်း
သည့် ပုံလည်း မပြုမူခဲ့ပေ။ သူသည် အသက် ၂၀ဝန်းကျင်သာ ရှိသေး၏။ နောက်ထပ်နှစ်လဆို သူ အသက် ၂၁နှစ်ပြည့်မှာ ဖြစ်သည်။ သူ့ဦးနှောက် မပျက်သေးသရွေ့ သူ့ကို ချီရှန်းတစ်ယောက်ဟု မည်သူကမှ တွေးမှာ မဟုတ်ချေ။
သူတို့က သူသည် သာမန်ဆန်ပြီး ပိုကောင်းသည့် စိတ်နေသဘောထားရှိသောကြောင့် လျိုချန်စွင်းနှင့်အတူ ရှိနိုင်တာဟုသာ တွေးမိလောက်၏။
နှစ်ယောက်သားက စကားတပြောပြောဖြင့် ပြောလိုက်ကြသည်။
” ဘာစားချင်လဲ ”
” အင်း ဟန်ကင်ချီဆိုရင်ရော ဘယ်လိုလဲ ”
” စီရင်စု၉ခုထဲမှာ ဟန်ကင်ချီ ဆိုင်တွေ သိပ်မရှိဘူးမလား ”
” ဟုတ်လား ”
” ဒါပေါ့။ ကင်ချီ ကိုယ်တိုင်က ငါတို့ စီရင်စု၉ခုကနေ ဆင်းသက်လာတာလေ။ ဒီမှာ ကင်ချီမျိုးစုံရှိတယ်။ အရသာနဲ့ ဟင်းလျာအရ ဒီနေရာက ကင်ချီက ဟန်ကင်ချီထက် အဆတစ်ရာ ပိုကောင်းတယ် ”
” ခင်ဗျားက စီရင်စု၉ခုကို လာတာ။ ဒါပေမဲ့ စီရင်စု၉ခုရဲ့ ကင်ချီအစား ဟန်ကင်ချီ စားချင်နေတယ်။ ဒါက နည်းနည်းလေး မလွန်လွန်းဘူးလား ”
” ဒါဆို ဒီနေ့ စီရင်စု၉ခုရဲ့ ကင်ချီကို စားကြည့်မယ် ”
သူတို့နှစ်ယောက်သားက ခဏတာ လျှောက်သွားပြီးနောက် လျိုချန်စွင်းသည် လမ်းကြားလေးတစ်ခုကို ဖြတ်သန်းသွားသည့်အချိန်၌ ရုတ်တရက် ရပ်တန့်လိုက်၏။
ယဲ့ရှောင်က သူ့ရှေ့ရှိ လမ်းကြားလေးထဲ၌ ရှန်းထျန်းစတုတ္ထအဆင့် သားရဲလူသားနှစ်ကောင် စောင့်နေတာကို အာရုံခံမိ၏။
” ဟား ဟား ဟား။ ငါတို့တွေက ဝိညာဥ်စုစည်းခြင်း အစီအရင် ချိတ်ပိတ်မှု တည်နေရာအကြောင်း မေးဖို့ စာကြည့်တိုက်မှူးတစ်ယောက် ရှာမတွေ့မှာ စိုးရိမ်နေတာ။ မင်းတို့တွေက ငါတို့ရဲ့ တံခါးဝ ရောက်လာတာပဲ ”
ယဲ့ရှောင်သည် ထိုသားရဲလူသားနှစ်ကောင်ကြောင့် မင်သက်သွားလေသည်။ ကံဆိုးလိုက်တာ။
ကျန်းဟိုင်စာကြည့်တိုက်ထဲ၌ မရေမတွက်နိုင်သည့် စာကြည့်တိုက်မှူးများစွာ ရှိသည်။ သို့သော် အဆုံးတွင်မူ မည်သူ့ကိုမှ ထိုသားရဲလူသားနှစ်ကောင်က မဖမ်းမိခဲ့ပေ။ ကျန်းဟိုင်တစ်မြို့လုံး၌ အံ့ဖွယ်ချီရှန်းနှစ်ဦးသာ ရှိရာ သားရဲလူသားများက သူတို့ကို ပစ်မှတ်ထားရန် ဆုံးဖြတ်လိုက်၏။ ထိုဖြစ်နိုင်ချေက ထီပေါက်ရန်ထက်တောင် နိမ့်သည်။
သူက လျိုချန်စွင်းကို တစ်ချက်ကြည့်လိုက်၏။
” လောင်လျို မင်း လှုပ်ရှားခွင့် မပြုထားဘူးမလား။ ရဲခေါ်ချင်လား ”
လျိုချန်စွင်းက ခေါင်းခါလိုက်လေ၏။
” စီရင်စု၉ခုရဲ့ အထက်အရာရှိတွေနဲ့ ရေးထိုးထားတဲ့ သဘောတူစာချုပ်မှာ သမန်ကာလျှံကာ လှုပ်ရှားခွင့် မရှိဘူး။ ဒါပေမဲ့ သားရဲလူသား ဒါမှမဟုတ် ကြယ်တာရာသားရဲတွေနဲ့ ဆုံတွေ့ခဲ့မယ်ဆိုရင် ငါ့ဆီ ဒါမှမဟုတ် ငါ့အပေါ် ရက်စက်တဲ့ ရည်ရွယ်ချက်ရှိတဲ့ လူသားတွေနဲ့ တွေ့ရမယ်ဆိုရင် ငါ လှုပ်ရှားလို့ ရတယ် ”
” မင်းကို မျက်မြင်သက်သေ ဖြစ်ခိုင်းရတော့မှာပဲ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
သားရဲလူသားနှစ်ကောင်က အလွန်ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သွားလေ၏။
လျိုချန်စွင်းသည် ယဲ့ရှောင်နှင့် တိုက်ပွဲကြောင့်ဒဏ်ရာရထားသည့်တိုင် ချီရှန်းအဆင့် သားရဲလူသားနှစ်ကောင်က ခံနိုင်ရည်ရှိမည့် အရာမဟုတ်ပေ။
ဆိုရလျှင် သူသည် ကမ္ဘာ့နဂါးစာရင်း၌ အဆင့် ၄၉ ရထားသည့် ဟန်ဓါးသူတော်စင်တစ်ယောက် ဖြစ်၏။
ဓါးရောင်ခြည်နှစ်ခု ဖြတ်သွားသည်နှင့် ချီရှန်းအဆင့် သားရဲလူသားနှစ်ကောင်သည် အပိုင်းပိုင်း ခုတ်ခံလိုက်ရပြီး သူတို့၏ သားရဲနတ်ဘုရားများကို သွားတွေ့ရတော့၏။
ယဲ့ရှောင်က သူ့ကို ချီးကျူးလိုက်သည်။
” အထင်ကြီးစရာပဲ။ နဂါးစာရင်းက အဆင့် ၄၉ရထားတဲ့ သိုင်းပညာရှင်ဆိုတော့ ထင်တဲ့အတိုင်းပဲ။ သိုင်းပညာက သာမန်လူသားတွေ ယဥ်နိုင်တာနဲ့ ဝေးကွာလွန်းနေတာပဲ ”
လျိုချန်စွင်းက အေးအေးလူလူ ပြောလိုက်၏။
” အခု ငါက အဆင့်၄၉ မဟုတ်တော့ဘူး။ အဆင့်၅၀ ဖြစ်သွားပြီ ”
ယဲ့ရှောင် ကြက်သေသေသွားစဥ် လျိုချန်စွင်းက ချက်ချင်း ရှင်းပြလိုက်၏။
” အခု ဓါးမော့ဓါးဝိဇ္ဇာက အဆင့် ၄၉လေ။ သူက ငါ့ကို အနိုင်ယူခဲ့တယ်ဆိုတော့ နဂါးစာရင်းထဲ အလျိုအလျောက် ပါသွားပြီး အပြန်အလှန်အနေနဲ့ ငါ့ရဲ့အဆင့်က တစ်ဆင့်နိမ့်သွားတာ။ အခု ငါက အဆင့် ၅၀။ မူရာကာမီပေ့ချွမ်က ကျားစာရင်းရဲ့ ပထမနေရာအဖြစ် တွန်းထုတ်ခံလိုက်ရတယ်။ ဆိုလိုတာက သူက နဂါးစာရင်းက သိုင်းပညာရှင်တစ်ယောက် မဟုတ်တော့ဘူး ”
” ကျွန်တော် သိပြီ ”
သူတို့နှစ်ယောက်သားက ဝေးသည်ထက် ဝေးအောင် လျှောက်သွားလိုက်၏။ လမ်းကြားသို့ ဖြတ်သွားပြီး မကြာမီ၌ ချက်ချင်းပင် လူရိပ်တစ်ရိပ် ပေါ်လာ၏။ မြေပြင်ပေါ်၌ အလွန်ရှည်လျားသည့် ဓါးရာကို မြင်တွေ့သည့်အချိန်၌ သူက ကြောက်လန့်မှုကြောင့် တုန်ယင်လိုက်တော့သည်။
” အစွမ်းထက်လိုက်တဲ့ ဓါးရာပဲ။ ဟန်နိုင်ငံရဲ့ ဓါးသူတော်စင် လျိုချန်စွင်းက ကျန်းဟိုင်မြို့လေးမှာ စာကြည့်တိုက်မှူးတစ်ယောက်ဖြင့် နေနေလိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး ”
” ကံကောင်းလို့ ခုနတုန်းက ထွက်မလာတာ။ လက်အောက်ငယ်သားနှစ်ယောက်ကိုပဲ ထွက်ခိုင်းခဲ့လိုက်တာ ”
ထိုသို့ပြောပြီးနောက် စာကြည့်တိုက်ကို လှည့်ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွား၏။
” အခု လျိုချန်စွင်းနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်က သွားစားတော့မှာ။ အစီအရင်တည်နေရာအကြောင်း သွားရှာရမယ် ဟီး ဟီး ဟီး ”
ထိုသို့ပြောပြီးနောက် သူက အလင်းတန်းအသွင်ပြောင်းပြီး စာကြည့်တိုက်ထဲ ဝင်သွားလိုက်၏။
ရှန်းထျန်းသတ္တမအဆင့် ခွန်အားဖြင့် သူ့အဖို့ စာကြည့်တိုက်ထဲရှိ အဆင့်မြင့်သည့် ဝန်ထမ်းတစ်ဦးကို ရှာဖို့က လွယ်ကူသည်။ ပြီးနောက် သူက ဝိညာဥ်စုစည်းခြင်း အစီအရင်၏ တည်နေရာအကြောင်းရှာရန် နည်းလမ်းတစ်ရာ ရှိသည်။
မကြာမီ၌ သူသည် စာကြည့်တိုက်ရှေ့ရှိ ဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုအောက်တွင်ရှိသော ကျန်းဟိုင်မြို့၏ ဝိညာဥ်စုစည်းခြင်း အစီအရင်ကို ရှာတွေ့သွားသည်။ ယင်းက သူ့ကို အပျော်လွန်သွားစေ၏။
သူ ရုပ်ထုရှေ့သို့ ရောက်သည့်အချိန်၌ သူ့မျက်လုံးထဲရှိ ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်တော့ချေ။
ဒီချိတ်ပိတ်မှုအောက်မှာ နော့ဖစ်ရဲ့ကိုယ်ခွဲ ရှိနေတာလား။ ပတ်ဝန်းကျင်မြို့တွေမှာ မြို့ကြီးတွေကလွှဲရင် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲအားလုံးကို ခွဲထားပြီး ချိတ်ပိတ်ထားတာ။ သူတို့က ငါ့ရဲ့ ကျင့်ကြံဆင့် တိုးတက်အောင် ကူညီပေးနိုင်မှာ မဟုတ်ဘူး။
ကျန်းဟိုင်တစ်မြို့တစ်ခုပဲ အံ့ဖွယ်ဂိုဏ်းရဲ့အထွတ်အထိပ်မှာ ရှိတဲ့ နော့ဖစ်ရဲ့ ကိုယ်ခွဲရှိပြီး သူက ရှန်းထျန်းနယ်ပယ်ရဲ့ နဝမအဆင့်မှာ ရှိနေတာ။ ငါသာ ဒီချိတ်ထဲ ဝင်လိုက်ပြီး သားရဲဝိညာဥ် အမွှေးနံ့သာကို သုံးလိုက်ရင် မဟာမိတ်ခေါင်းဆောင်ပေးထားတဲ့ သားရဲဝိညာဥ်အမွှေးတံကို အသုံးပြုလိုက်မယ်ဆိုရင် တစ်ဖက်သူရဲ့ ဝိညာဥ်စွမ်းအင်ကို အလွယ်တကူ လျှော့ချနိုင်ပြီး တစ်ဖက်သူကို စားနိုင်မှာပဲ။ တစ်ဖက်သူရဲ့ သွေးစွမ်းအားကို သုံးပြီး ငါ့ရဲ့ ကြယ်တာရာသားရဲ သွေးမျိုးဆက်ကို သိပ်သည်းနိုင်တော့မယ်။ ဒါက ငါ့ကို တော်ဝင်ကြယ်တာရာသားရဲတစ်ကောင် ဖြစ်လာစေလိမ့်မယ်။
အဲ့ဒီအချိန်ကြရင် မဟာမိတ်ခေါင်းဆောင်နဲ့ ငါ့ရဲ့ ကျင့်ကြံဆင့် ပေါင်းစည်းလိုက်တဲ့အခါ ရှန်းထျန်းအဌမအဆင့်ကို မြန်မြန်ဆန်ဆန် တက်သွားမှာ သေချာတယ်။
ပြီးနောက် သူ၏ နားထဲ အသံတစ်သံ ရုတ်တရက် ပေါ်လာလေ၏။
” အဲ့မှာ ဘယ်သူရပ်နေတာလဲ ”
ဖြတ်ခနဲ ပေါ်လာပြီး လက်ဝဲကာကွယ်သူ၏ ပုံရိပ်ကို အစောင့်တစ်ဦးက မြင်တွေ့သွား၏။ သို့သော်ငြား လက်ဝဲကာကွယ်သူက နှာခေါင်းရှုပ်လိုက်ပြီး သူက လက်မြှောက်ပြီးနောက် စွမ်းအင်တစ်ခုကို သုံးကာ သူ့ကို အပိုင်းပိုင်း ချေမှုန်းလိုက်၏။
” သေချင်နေတာပဲ ”
ပြောဆိုပြီးနောက် ရုပ်ထုကို ကြည့်လိုက်၏။ ပြီးနောက် သူ၏ အိတ်ကပ်ထဲမှ အထူးလက်နက်ကို ထုတ်လိုက်သည်။ သူ၏ လက်နက်ဖြင့် မြေကြီးထဲ တိုက်ရိုက်မြုပ်သွားသည်။
သူက လုံခြုံရေးအစောင့်လေးကို မကြောက်ပေ။ သို့သော်ငြား လျိုချန်စွင်းသည် စားသောက်ပြီးနောက် သေချာပေါက် ပြန်လာမည်ဖြစ်သော
ကြောင့် အချိန် သိပ်မရှိပေ။ ထိုအချိန်ရောက်လာလျှင် ပြဿနာ များပေလိမ့်မည်။
ဤလက်နက်ကို မဟာမိတ် ခေါင်းဆောင်က ပေးထားတာ ဖြစ်၏။ မြေကြီးထဲတွင် ဝပ်နိုင်ပြီး ကြယ်တာရာသားရဲတစ်ကောင်၏ ကြယ်တာရာ အမြုတေကနေ သက်ဆင်းထားတာ ဖြစ်သည်။
ဝိညာဥ်စွမ်းအင်နှင့် ပေါင်းစည်းပြီးနောက် ၄င်းက ​ မြေလျှိုးနိုင်သည့် စွမ်းအင် ရှိလာလိမ့်မည်။ ပြီးနောက် ၄င်းဖြင့် သူသည် မည်သူ့ကိုမှ သတိမထားမိစေပဲ မြေအောက်ထဲ အလွယ်တကူ နစ်ဝင်သွားနိုင်၏။
မဟာမိတ်ခေါင်းဆောင် ပေးထားတဲ့ဟာက တကယ် အသုံးဝင်တာပဲ။ ဒီလက်နက်နဲ့ဆိုရင် သူတို့ရဲ့ ချိတ်ပိတ်မှု အစီအရင်ကို အလွယ်တကူ ဖောက်နိုင်လိမ့်မယ် ”
” နော့ဖစ်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို ယူသွားပြီးရင် ငါ ပြန်ရောက်တဲ့အခါ မဟာမိတ်ခေါင်းဆောင်ကို သင့်တော်အောင် ပြန်ပေးဆပ်ရမယ်။ နေ့တိုင်း ခုနှစ်ရက် ခုနှစ်ညတိုင်တိုင် သူ့ကို နစ်မြုပ်ထားရမယ် ”
ဘန်း။
ဘုရားရေ။ ဘာကြောင့် မာရတာလဲ။
လက်ဝဲ ကာကွယ်သူက ခေါင်းကို နာကျင်စွာ ကိုင်လိုက်၏။ သူ ဝင်တိုက်မိသည့် အရာက မာကျောလွန်းနေသည်။ သူက ရှန်းထျန်းသတ္တမအဆင့်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က အဆပေါင်းများစွာ ခွန်အားရှိသော်ငြား ၄င်းကို မခုခံနိုင်သေးပေ။ သူ့ခေါင်းကိုပွတ်လိုက်ပြီး ဝိညာဥ်စွမ်းအင်ကို လှည့်ပတ်လိုက်၏။ သူ့ခေါင်းရှိ နာကျင်မှုက အနည်းငယ် လျော့ပါးသွားသည့်အချိန်ကြမှသာ ၄င်းကို ထပ်မံ စစ်ဆေးလိုက်၏။
သူ့ရှေ့ရှိ အရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ထိတ်လန့်သွားတော့သည်။
အစွမ်းထက်လိုက်တဲ့ အစီအရင်ပဲ။ ဒီအစီအရင်က တကယ်ကြီး တော်ဝင်အဆင့်ပဲ။
ဘုရားရေ။ ရှန်းထျန်းသတ္တမအဆင့် နော့ဖစ်ရဲ့ ကိုယ်ခွဲကို ချိတ်ပိတ်ဖို့ အစီအရင်သုံးထားတာပဲ။ ဒီအစီအရင်က တကယ်အထင်ကြီးဖို့ကောင်းတယ်။ ငါ မဖောက်ဝင်နိုင်တာ။ အံ့သြစရာ မရှိဘူးပဲ။
မကြာမီ၌ သူ၏ နှုတ်ခမ်းထောင့်က ထပ်မံကွေးတက်သွားသည်။
ကံဆိုးတာက ဒီအစီအရင်က တော်ဝင်အစီအရင်ဆိုပေမဲ့ ဝိညာဥ်ကျောက်တုံး မသုံးထားဘူး။ အစီအရင်ရဲ့ ရိုးရိုးရှင်းရှင်း ထွင်းထားတဲ့ စကားလုံးတစ်ခုလောက်ပဲ။ ဝိညာဥ်ကျောက်တုံးတွေကို သုံးထားခဲ့မယ်ဆိုရင် ငါ သေချာပေါက် ဖောက်ထွက်နိုင်ပြီး လက်ဗလာနဲ့ ပြန်ရမှာ မဟုတ်ဘူး။ အခု မဟာမိတ်ခေါင်းဆောင်က ငါ့ဆီပေးထားတဲ့ အစီအရင်ဖျက်ခြင်း တော်ဝင်လက်နက်ကို သုံးပြီး အစီအရင်ထဲမှာ မိနစ်ပိုင်းလောက် အပေါက်လေးတစ်ပေါက် ဖောက်လိုက်ရုံပဲ။ အထဲကို သေချာပေါက် ဝင်နိုင်ပြီး နော့ဖစ်ကို ဖြေရှင်းနိုင်မှာ။

အပိုင်း ၁၇၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset