စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၇၅ မြေပုံ ပေါင်းစပ်ဖွဲ့စည်းမှု။
မွေးမြူရေးနည်းလမ်းအချို့ကို သင်ယူပြီးနောက် မွန်းတည့်ချိန်ရောက်သွားပြီ ဖြစ်သည်။ ယဲ့ရှောင်နှင့် ဖာ့ကျန်းက ကန်တင်း၌ ထမင်းတစ်နပ် စားခဲ့၏။ သို့သော်ငြား လျိုချန်စွင်းက ကန်တင်းသို့ ရောက်မလာခဲ့ပေ။ သူက မြေပုံကို စမ်းစစ်ရင်း အလုပ်များနေသေးတာ ဖြစ်လောက်သည်။
ပြီးနောက် ယဲ့ရှောင်သည် မွန်းတည့်ချိန်၌ တစ်နာရီ အချိန်ယူပြီးနောက် မြေအောက်ထဲသို့ သွားခဲ့သည်။
ချိတ်ပိတ်မှုထဲ၌ ကျင့်ကြံနေသော အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ ၇ကောင်က သူ ရောက်လာတာကို သတိပြုမိပြီး ကြောက်လန့်မှုကြောင့် ချက်ချင်း တုန်ယင်ကုန်၏။
ဖ။ ပလိတ်နတ်ဘုရား ရောက်လာပြန်ပြီ။
ယဲ့ရှောင်က လက်ဝှေ့ရမ်းလိုက်ကာ သူတို့ အလွန်အကျွံ စိတ်ပူပန်နေရန် မလိုကြောင်း ညွှန်ပြလိုက်၏။
” အားလုံးပဲ စိတ်ပူနေဖို့ မလိုဘူး။ ဒီတစ်ခေါက် ငါ ဒီကို ရောက်လာတဲ့ ကိစ္စက မင်းတို့နဲ့ ဆွေးနွေးစရာတစ်ခု ရှိလို့ပဲ ”
ကြယ်တာရာသားရဲက သူ့ကို ကြောင်တိကြောင်အ အမူအယာများဖြင့် ကြည့်နေသည်။ ယဲ့ရှောင်က ဆက်ပြောလိုက်၏။
” ငါ ဒီမှာ စိုက်ပျိုးမွေးမြူရေး အစီအစဥ်တချို့ လုပ်ဖို့ စီစဥ်ထားတယ်။ မင်းတို့ တစ်ကောင်ချင်းစီရဲ့ လက္ခဏာအရ လုပ်မှာပဲ။ ဒါက မင်းတို့ရဲ့ နာကျင်မှု အနည်းဆုံးကို အကြီးမားဆုံးပမာဏထိရောက်အောင် လုပ်နိုင်တယ်။ တစ်ချိန်တည်းမှာလည်း ငါ့ကို တန်ဖိုးရှိတာ ပိုပြီး ထောက်ပံ့ပေးနိုင်တယ်။ ဒါက နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အစီအစဥ်ပဲ ”
ကြယ်တာရာသားရဲများက ယဲ့ရှောင်ကို အထင်တသေး ကြည့်လိုက်၏။ မင်းက တစ်ဖက်သတ်ပြောနေတာ။ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေလို့တောင် ပြောသေးတယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်ဆိုတဲ့ စကားကို မျက်နှာချင်းဆိုင် ဘယ်လိုလုပ် ပြောရဲရတာလဲ။
ယဲ့ရှောင်သည် သူတို့၏ အတွေးများအကြောင်း ဂရုမစိုက်ပေ။ ဤနေရာရှိ ကြယ်တာရာသားရဲတိုင်းက ၄င်း၏ လက်ထဲတွင် လူသွေးမည်မျှ စွန်းခဲ့မှန်း မသိပေ။ ယဲ့ရှောင်က သူတို့အတွက် ဂရုဏာသက်နေမှာ မဟုတ်ပေ။
” ဒီနေ့ကစပြီး ကျိဖုန်းနဲ့ ရွမ်ရှေး က ငါ့ကိုလတ်လတ်ဆတ်ဆတ် ဥတစ်လုံးစီ ပေးပြီး နေ့တိုင်း လတ်လတ်ဆတ်ဆတ် မျိုးမစစ်ဥလေး ပေးရမယ် ”
ကြယ်တာရာသားရဲနှစ်ကောင်၌ ဥအစိမ်းဥသည် အကျင့်စရိုက်ရှိသည်။ ထို့အပြင် သူတို့ ထုတ်လိုက်သည့် ဥက အလွန်အရသာရှိ၏။ တစ်ချိန်တည်းတွင် ဝိညာဥ်စွမ်းအင်ပမာဏများစွာလည်း ထောက်ပံ့ပေးနိုင်၏။ သူတို့၏ လတ်လတ်ဆတ်ဆတ် အသားနှင့် အသွေးကို စားသောက်ခြင်းနှင့်ယှဥ်လျှင် ၄င်းက ထောက်ပံ့ပေးနိုင်သည့် ဝိညာဥ်စွမ်းအင်က ပိုကြွယ်ဝ၏။
အကြောင်းမှာ သူတို့၏ ဥက သူတို့ ကျင့်ကြံနေစဥ် သွေးအဆီအနစ်နှင့် ဝိညာဥ်စွမ်းအင်ကို သုံးပြီး သိပ်သည်းထားရသောကြောင့် ဖြစ်သည်။
ယဲ့ရှောင်အဖို့ နေ့စဥ်နေ့တိုင်း ကြက်သားနှင့် လိပ်သားကို စားဖို့က မဖြစ်နိုင်ပေ။ သို့သော် ဥနှစ်လုံးသာဆိုလျှင် ကြက်ဥကြော်စားနိုင်ပြီး ကျန်သည့် ကြယ်တာရာသားရဲများ၏ အသားနှင့် စားနိုင်၏။ တူညီသည့် သွေးအဆီအနစ်နှင့် ဝိညာဥ်စွမ်းအင်ကို ရနိုင်ရုံသာမက ဤနည်းဖြင့် လွန်ကြူးရာ မရောက်တော့ပဲ သူ၏ အရသာခံမှုလည်း တိုးတက်နိုင်၏။
ဥပမာအနေဖြင့် ကြက်ဥကြော်အပြင် ကြက်ဥပြုတ်၊ လက်ဖက်ကြက်ဥ၊ ကြက်ဥပေါင်း၊ ကြက်ဥကိတ်မုန့်၊ ကြက်ဥခရမ်းချဥ်သီးဟင်းတို့ စသည်ဖြင့် ဖြစ်သည်။
” ဘာ။ နေ့တိုင်းဥနှစ်လုံး စားမှာ။ မဖြစ်နိုင်တာ ”
ကျိဖုန်းနှင့် ရွမ်ရှေးက ချက်ချင်း ငြင်းပယ်တော့သည်။ ဥဥခြင်းက သူတို့၏ တောင်ပံများနှင့် ခြေထောက်ကို ယဲ့ရှောင်က ဖြတ်ထုတ်လိုက်ခြင်းနှင့် ဆင်တူနေသော်ငြား အနည်းဆုံးတော့ ဂုဏ်သိက္ခာ တစ်စွန်းတစ်စ ပါဝင်နေသေးသည်။ အကြောင်းမှာ သူတို့သည် ယဲ့ရှောင် အတင်းအဓမ္မခုတ်ထစ်တာ ခံအပ်သောကြောင့် ဖြစ်သည်။
ဥဥခြင်းသည်က ပင်ကိုစွမ်းရည်တစ်မျိုး ဖြစ်သည်။ လူသားများက ဦးစွာ သတ္တဝါများ မွေးမြူခြင်းနှင့် ဆင်တူ၏။ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများအဖို့ ယင်းက မည်မျှ အရှက်ကွဲစေနိုင်မည်နည်း။။ ၄င်းက မည်ကဲ့သို့ တူညီနိုင်မည်နည်း။
ယဲ့ရှောင်က ကျန်သည့် ကြယ်တာရာသားရဲနှစ်ကောင်ကို တစ်ချက်ကြည့်လိုက်၏။ အေးခဲတမျှ အေးစက်နေသော အကြည့်သည် သူတို့ကို ချက်ချင်း တုန်ယင်သွားသေ၏။ သူတို့က ဒေါသတကြီး မပြောရဲတော့ချေ။
ယဲ့ရှောင်က ထပ်ပြောလိုက်၏။
” သမင်က နေ့တိုင်း သမင်ချိုကို ထောက်ပံ့ပေးရပြီး သမင်သွေးကို ထောက်ပံ့ပေးရမယ်။ ငါ သရေချက်ဖို့ သုံးမှာ။ နော့ဖစ်က အနည်းဆုံး နေ့တိုင်း လက်တံတစ်ချောင်း ထုတ်ပေးရမယ်။ မြေ အမတာ ၀မ်က နေ့တိုင်း ဂျင်ဆင်းတစ်ခု ပေးရမယ်။ အဲ့ဒါကို လက်ဖက်ရည်ကျိုပြီး သောက်မှာ ”
” မြေနတ်မြွေနဂါး ။ ငါ မင်းတို့တွေကတော့ အသားနှင့် သွေး နည်းနည်းစီ ပေးရမယ်။ ဖြစ်နိုင်မယ်ဆိုရင် ငါးဥထုတ်ပေးနိုင်တဲ့ ငါးဆိုရင်ကောင်းမယ်။ ဒါနဲ့ဆိုရင် သူတို့ကို ငါးဥလုပ်စားလို့ ရတယ် ”
” ဒါပဲ။ ဘယ်သူ လက်ခံလဲ ”
” ငါ ငြင်းတယ် ”
သမင်က ချက်ချင်း ငြင်းလိုက်၏။ နေ့စဥ်နေ့တိုင်း ၄င်း၏ ချိုကို ဖြတ်တောက်ရပြီး သွေးထွက်ရပေမည်။ သူ၏ စတေးမှုက အကြီးမားဆုံး ဖြစ်နေ၏။ သို့သော်ငြား ထိုသို့ပြောလိုက်စဥ်၌ ယဲ့ရှောင်က သူ့ကို နံရံထဲ ဝင်သွားအောင် ထိုးလိုက်ပြီး သတိလစ်သွားတော့သည်။ ကျန်သည့် ကြယ်တာရာသားရဲများက တုန်ယင်သွားမိ၏။
ဒီလူက တကယ် ကြမ်းတမ်းတာပဲ။
ယခုအချိန်တွင် ကြယ်တာရာသားရဲများအားလုံးက နော့ဖစ်ဆီသို့ ကြည့်လိုက်ကြ၏။ သူတို့အကြည့်က အလွန်သိသာသည်။ ခင်ဗျားက အခု ခေါင်းဆောင်လေ။ ခင်ဗျားပြော။
နော့ဖစ်က ရွေးချယ်စရာ မရှိတော့ပဲ ကျည်ဆန်ကိုကာကာ ချောင်းဟန့်ပြီး ပြောလိုက်တော့၏။
” ဒါက မစ္စတာ ယဲ့။ ကျွန်တော်တို့အတွက် ခင်ဗျားရဲ့ တောင်းဆိုချက်ကို လုပ်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ အစက ကျွန်တော်တို့တွေ တစ်ရက်ကို ကြယ်တာရာသားရဲတစ်ကောင်ရဲ့ သွေးနဲ့အသားပေးဖို့ပဲ လိုအပ်တာလေ။ ဒါပေမဲ့ အခု ရုတ်တရက်ကြီး ကြယ်တာရာသားရဲတိုင်းက ပေးရတော့မယ်။ ဒါက တစ်ဖက်သတ် .ရာဇသံဆန်ဆန် ပေးတာနဲ့ တူတူပဲ ”
” ခက်ခဲတာလား။ ခက်ခဲတယ်ဆိုရင် မလုပ်ရုံပေါ့ ”
ကြယ်တာရာသားရဲများ၏ မျက်လုံးက ချက်ချင်း လက်သွားတော့သည်။
” တကယ်လား ”
” မဟုတ်ဘူးပေါ့ ”
ယဲ့ရှောင်၏ စကားများက ကြယ်တာရာသားရဲများ၏ မျှော်လင့်ချက်ကို ချက်ချင်း ချုပ်ငြိမ်းသွားစေ၏။
သူက နှာခေါင်းရှုပ်ကာ ပြောလိုက်တော့သည်။
” မင်းတို့တွေ မင်းတို့တွေ အဲ့လောက်ထိ ဇီဇာကြောင်မနေနဲ့။ မင်းတို့အားလုံး ကြယ်ဆုံသော ကောင်းကင်ကနေ မြေပြင်ဆီကို လာတယ်ဆိုတာ မမေ့လိုက်နဲ့။ မင်းတို့ကို လာဖို့ တောင်းဆိုထားတာလည်း မဟုတ်ဘူး။ မင်းတို့ ကြယ်တာရာသားရဲတွေရဲ့ လက်ထဲမှာ လူ့သွေးတွေ မချို့တဲ့ဘူး။ ဒီမှာ သနားစရာကောင်းချင်ယောင်ဆောင်နေဖို့ မလိုဘူး။ ငါပြောသလိုလုပ်။ ဒါမှမဟုတ်ရင် နေ့တိုင်း တစ်နာရီတစ်ခါ မင်းတို့ကို လာနှုတ်ဆက်မယ်။ ဒါ့အပြင် နောင်ကြ ငါ အလွယ်လေး လွှတ်ပေးမှာ မဟုတ်ဘူး။ နောက်ကြ ငါ လာမှာမဟုတ်ဘူး။ ငါ့ရဲ့ ကြယ်တာရာသားရဲ ဟွမ်လျိုလီက မင်းတို့ ပစ္စည်းတွေကို ယူဖို့ နေ့တိုင်း လာလိမ့်မယ် ”
ယဲ့ရှောင်သည် ဟွမ်လျိုလီကို ထားခဲ့ပြီး ယနေ့ ထုတ်ကုန်များကို ယူရန် တာဝန်ပေးလိုက်ပြီး သူက စာဖတ်ရန် စာကြည့်တိုက်သို့ ထွက်သွားလေ၏။
ဟွမ်လျိုလီက ခုန်ထွက်လာပြီး ကြယ်တာရာသားရဲများကို ဝှေ့ရမ်းပြလိုက်သည်။
” ဟယ်လို … အားလုံးပဲ ငါက ဟွမ်လျိုလီ ပုံရိပ်ယောင်ကြောင်။ ငါ့ဆရာရဲ့ ကျေးဇူးကြောင့် ဒီကို ရောက်လာတာပဲ။ မင်းတို့ညီအစ်ကိုတွေ ညီအစ်မတွေအားလုံး ခစားရတာ ဂုဏ်တက်မိပါရဲ့။ ငါ့အတွက် ခက်ခဲအောင် မလုပ်ပါနဲ့ ”
ကြယ်တာရာသားရဲများကို တစ်ယောက်ကိုတစ်ယောက် အထင်တသေး ကြည့်လိုက်ကြသည်။
သူက ဖော်ရွေချင်ယောင်ဆောင်သေးတယ်ပေါ့။ သစ္စာဖောက်က ကြယ်တာရာသားရဲမျိုးနွယ်စုကို သိက္ခာကျစေတာပဲ။ သူတို့က နှာခေါင်းရှုပ်ပြီး မနစ်မြို့ကာ သူမကို တံတွေးကြတော့၏။
ဟွမ်လျိုလီသည် ထိုကဲ့သို့ တုံ့ပြန်မှုကို မှန်းဆထားပြီးသား ဖြစ်၏။ သူမက ဒေါသမထွက်။ ပြုံးသာပြုံးနေသည်။
” သူတို့ ကုန်ပစ္စည်းတွေ ပထမဆုံး ပေးတဲ့သူတွေအတွက် သခင့်ရှေ့မှာ စကားကောင်းကောင်းပြောပေးမယ်။ လဝက်လောက် အနားယူခွင့်ပေးမယ်။ အခုကစပြီး နေ့တိုင်း ထုတ်လုပ်နေစရာ မလိုတော့ဘူး ”
ကျိဖုန်းက အေးစက်စက် ရယ်မောလိုက်၏။
” ငတုံးကြောင်။ နင်က ကြောင်တစ်ကောင်နဲ့ သိကျွမ်းသလို ဟန်ဆောင်နေပြီး နင့်ရဲ့ လူမျိုးတွေကို သစ္စာဖောက်တယ်။ နင့်ရဲ့ အာဏာကို ဒီမှာ လာဖော်ထုတ်ဖို့ မျက်နှာ ရှိသေးတယ်ပေါ့။ နင့်ရဲ့ နိုင်လိုမင်းထက် အာဏာကို ငါတို့တွေ အညံ့ခံမယ် ထင်နေတာလား။ ပြောလိုက်မယ်။ နင်က စိတ်ကူးယဥ်လွန်းနေတာပဲ။ ငါတို့ရဲ့ အတင်းကြပ်ဆုံး စွမ်းရည်တွေနဲ့ ဆန္ဒပြမယ် ”
သို့သော် သူမ ပြောတာမပြီးသေးခင် နားထဲ ဖူးဟူသည့် အသံကြားလိုက်ရ၏။ ပြီးနောက် နော့ဖစ်၊ မြေနတ်မြွေနဂါးနှင့် ငါး သူတို့က သူတို့ ခန္ဓာကိုယ်မှ
အသားများကို လှီးထုတ်လိုက်၏။ သမင်ကလည်း သူ၏ ပေါင်ကို ဖြတ်ပြီး တစ်ချိန်တည်းတွင် ဦးချိုကို ဖြတ်လိုက်တော့သည်။
” နင်တို့ ဘာလုပ်နေတာလဲ။ သူ ပြောတဲ့အတိုင်း ဘာလို့ လုပ်တာလဲ။ အံ့ဖွယ်ချီရှန်းကြယ်တာရာသားရဲတစ်ကောင်ရဲ့ ဂုဏ်သိက္ခာက ဘယ်မှာလဲ။
ဂုဏ်သိက္ခာ ဘယ်မှာလဲ ”
ကျိဖုန်းသည် သူ၏ အတောင်ပံကို နာကျင်စွာ ဆွဲနုတ်ပြီးနောက် ပြောလိုက်တော့၏။
” မင်းက အကျဥ်းသားတစ်ယောက် ဖြစ်နေပြီပဲ။ ဘာဂုဏ်သိက္ခာ လိုဦးမှာလဲ။ အရင်ဆုံး အသက်ရှင်ကြတာပေါ့။ အဲ့ဒီ ယဲ့လူကို တစ်နာရီတစ်ခါ လာခွင့်ပေးလိုက်မယ်ဆိုရင် သေတာထက် ဆိုးရွားတဲ့ ဘဝကို ရလိမ့်မယ် ”
” သစ္စာဖောက်။ အားလုံးက သစ္စာဖောက်တွေပဲ ”
ကျိဖုန်းသည် သူမဘေးရှိ လှုပ်ရှားမှု ကင်းမဲ့နေသော လိပ်ကို ကြည့်ကာ ရင်ထဲ၌ ပိုပြီး
သက်တောင့်သက်သာ ဖြစ်သွားတော့သည်။
” ကြည့်ရတာ ကျွန်မတို့တွေ ကျောထောက်နောက်ခံတချို့ ရပြီပုံပဲ … လိပ်။ အရင်တုန်းက လူတိုင်းက နင့်ကို သတ္တိကြောင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အခုတော့ နင်က သူတို့ထက် ပိုပြီး တာဝန်ယူနိုင်စွမ်းရှိတဲ့ ပုံပဲ ”
သူမ ပြောပြီးသည်နှင့် လိပ်က တင်ပါးခါကာ လိပ်ဥ ဥလိုက်တော့၏။ ပြီးနောက် သူမက ဟွမ်လျိုလီအား ပျော်ရွှင်စွာ ပေးလိုက်တော့သည်။
” လိပ် နင်ကတောင် သေစမ်း။ ငါတစ်ယောက်ပဲ ကြယ်တာရာသားရဲမျိုးနွယ်စုရဲ့ သိက္ခာခေါင်းစီးကို သယ်ထားတဲ့သူနဲ့ တူတယ် ”
ကြယ်တာရာသားရဲအချို့က သူတို့ ပစ္စည်းများကို
ဟွမ်လျိုလီအား ပေးလိုက်၏။
” အရှင် ဟွမ် ဒါက ကျွန်မတို့ ပေးတာပါ ”
ဟွမ်လျိုလီက ခေါင်းညိတ်လိုက်၏။
” မဆိုးဘူး မဆိုးဘူး။ မင်းတို့အားလုံးက သိပ်ကို ပူးပေါင်းနိုင်စွမ်း ရှိတယ်။ အထူးသဖြင့် သမင်ပဲ။ နင်လုပ်တာ အကောင်းဆုံးပဲ။ နင့်ရဲ့ သွေးနဲ့ နင့်ရဲ့ ချိုကို ဖြတ်ပေးတယ်။ ပထမဆုံး လွှဲပေးတဲ့သူပဲ။ သခင့်ရှေ့မှာ စကားကောင်းကောင်းပြောပေးဖို့ သေချာပေါက် ကူညီမယ် ”
” ငါ့ကို အရှင် ဟွမ်လို့ မခေါ်နဲ့။ အခုကစပြီး မိန်းမဆိုးဟွမ်လို့ခေါ်ရင် ရပြီ ”
” အား … ဟုတ်ကဲ့ မိန်းမဆိုးဟွမ် ”
ဟွမ်လျိုလီက ခံစားချက် ကောင်းနေ၏။ သူမသည် လူသားများ၏ ရုပ်သံဇာတ်လမ်းတွဲကို ကြည့်ချိန်၌ လူတိုင်းက ထိုအစွမ်းထက်သည့် သူကို မိန်းမဆိုးဟုခေါ်တာ တွေ့ဖူးသည်။ ယင်းက သိပ်ကို မိုက်၏။ သူမက ကျန်သည့်သူများကို မိန်းမဆိုးဟု ခေါ်စေချင်သည်။ ယခု သူမ အိပ်မက်က နောက်ဆုံးတော့ အမှန်အတိုင်း ဖြစ်လာပြီပင်။
သူမက သူမသခင်နှင့်အတူ ရှိရတာကို အလွန်ပျော်ရွှင်နေပုံ ပေါ်၏။ အချိန်အနည်းငယ် ပိုထပ်ပေါင်းရန် ဆုံးဖြတ်လိုက်သည်။
နောက်ထပ် နှစ် ၁၅၀၀လောက်အထိ သူမ သခင်ရဲ့ ကျွန်အဖြစ်နေပြီး ဘယ်တော့မှ မပုန်ကန်ဘူး။
ပြီးနောက် သူမ၏ အကြည့်သည် မလှမ်းမကမ်းရှိ ကျိဖုန်းဆီ ရောက်သွား၏။
” ဒီကြက်က သခင့်ရဲ့ တောင်းဆိုချက်ကို မလိုက်နာဘူး။ သခင် စိတ်မပျော် ဖြစ်နေမှာပဲ။ သခင်သာ ဒေါသထွက်ရင် လူတိုင်းက ခက်ခဲတဲ့အချိန် ရှိလိမ့်မယ်။ ငါတို့ ဘာလုပ်သင့်လဲ။ ငါတို့တွေ လွှဲပေးသင့်တယ်လို့ မထင်ဘူးလား ဟုတ်တယ်မလား ”
ကြယ်တာရာသားရဲတစ်စုက ချက်ချင်းပင် ထောက်ခံကြကာ ခေါင်းညိတ်တော့၏။
” နားလည်ပါတယ် နားလည်ပါတယ် ”
” ဒါဆို မင်းတို့ တာဝန် ယူလိုက်။ မနက်ဖြန် ဒီအချိန်မှာ ကြက်ဥနှစ်လုံး မြင်ချင်တယ် ”
” နားလည်ပါပြီ ”
” ဒါဆို အားလုံးကို မနှောက်ယှက်တော့ဘူး .. တာ့တာ ”
ဟွမ်လျိုလီ ထွက်သွားပြီးနောက် ကြယ်တာရာသားရဲများ၏ အကြည့်က ကျိဖုန်းဆီ ချက်ချင်း ရောက်သွားတော့သည်။
” အမ်း … နင်တို့တွေ ဘာလုပ်မလို့လဲ။ အဆင်အခြင်မဲ့တာ မလုပ်နဲ့နော် ”
နောက်တစ်စက္ကန့်၌ ချိတ်ပိတ်မှုအတွင်း အသည်းခိုက်ဖွယ် အော်သံက ပေါ်ထွက်လာလေ၏။
ဟွမ်လျိုလီက အပေါ်တက်လာပြီး အားလုံးကို
ယဲ့ရှောင်အား လွှဲပေးလိုက်သည်။
” သခင် ဒါက ဒီနေ့ ရိတ်သိမ်းမှုပါ။ ကျိဖုန်းက မနာခံဘူး။ ဒါကြောင့် သူ့ကို ဂရုစိုက်ဖို့ ကျန်တဲ့ ကြယ်တာရာသားရဲတွေကို ပြောတာ ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီးနောက် မြေနတ်စပါးအုံ၏ အသားကို ဟွမ်လျိုလီအား ချပေးလိုက်သည်။ ကျန်သည့် ပစ္စည်းများကို သူ၏ သိုလှောင်လက်စွပ်ထဲ ထည့်လိုက်၏။
” ဒါက မင်းအတွက်ပဲ ”
” ကျေးဇူးပါ သခင် ”
ဟွမ်လျိုလီက တစ်ကိုက်တည်းဖြင့် မြွေသားကို မြိုချလိုက်ပြီး နေရောင်အောက်၌ ပျော်ရွှင်စွာ လှဲနေလေ၏။ သူမ ခန္ဓာကိုယ်ထဲရှိ သွေးအဆီအနစ်များ ထပ်မံ တက်လာသည်ဟု ခံစားမိသည်။ လက်ရှိ ဖြစ်စဥ်အရ ရှန်းထျန်းဆဌမအဆင့်သို့ ဆက်တက်ရန် သိပ်မလိုလောက်တော့ပေ။
အံ့သြစရာပဲ။
ယဲ့ရှောင်က စာဆက်ဖတ်နေ၏။ သူက ယခုအချိန်တွင် ကျင့်စဥ်တော်များများ ရှိနေပြီဖြစ်သည်။ သူ့အသက်ကို ကယ်တင်ရန် ကျင့်စဥ်ကိုတိုင်းကို ကျင့်ကြံရန် မလိုအပ်ပေ။ သူ ဆန္ဒရှိသည့် အချိန်တိုင်း ဖတ်နိုင်မည် ဖြစ်သည်။
မည်သည့် စာအုပ်ကသာ မည်သည့်ကျင့်စဥ်ကို ဦးစွာ ကျင့်ရမည်ဆိုတာ သိရှိတာက ကံကောင်းပေ၏။
လက်ရှိတွင် ရွှေရောင်စာအုပ်၏ အံ့ဖွယ်ဝိညာဥ်ထဲ၌ ခြေသိုင်း၊ လက်သည်းသိုင်း၊ လက်ချောင်းသိုင်း ကျင့်စဥ်သုံးမျိုးကို သိမ်းထားပြီဖြစ်သည်။ သူက ထိုကျင့်စဥ်သုံးမျိုးကို ကျွမ်းကျင်သွားပြီးနောက် သူ၏ ကျင့်ကြံမှုသည် ရှန်ထျန်းနဝမအဆင့်သို့ တက်သွားမည်ဟု မှန်းဆမိသည်။ သူက ဘုရင်နယ်ပယ်ဆီသို့ အဆင့်တက်နိုင်မည်ဟုတောင် တွေးထား၏။
တိုတိုပြောရလျှင် သူ၏ ပန်းတိုင်က ထိုကျင့်စဥ်သုံးမျိုးကို ဦးစွာ အာရုံစိုက်ရန် ဖြစ်သည်။
ဒင်း။
အလုပ်ဆင်းပြီးနောက် နာရီသံမြည်လာ၏။
ယဲ့ရှောင်သည် အလုပ်ဆင်းချိန်တွင် နာရီသံမြည်လာ၏။ ယဲ့ရှောင်က ထရပ်ပြီး အိမ်ပြန်ရန် ပြင်ဆင်သည့်အချိန်၌ လျိုချန်စွင်းက ပြည့်စုံသည့် မြေပုံတစ်ချပ်နှင့် ရောက်လာ၏။
” မင်္ဂလာပါ ကြီးကြပ်သူ ယဲ့။ မြေပုံက စမ်းစစ်ပြီးပါပြီ ”
” ဒီလောက် မြန်မြန် ပြီးသွားတယ်လား ”
ယဲ့ရှောင်က အနည်းငယ် အံ့သြသွား၏။ သူက ထိုလူကို ကြိုးစားခိုင်းချင်စိတ်သာ ရှိတာဖြစ်သည်။ လျိုချန်စွင်းက ၄င်းကို အမှန်တကယ် ဝေဖန်စမ်းစစ်ခွဲဖြာပြီး ဖြစ်လိမ့်မည်ဟု မထင်ထားပေ။ သူက ထိုကဏ္ဍ၌ အတော်လေး အရည်အချင်းရှိပုံ ပေါ်၏။
” အတိအကျတော့ မဟုတ်ဘူး။ အွန်လိုင်းပေါ်မှာ အကူအညီတောင်းဖို့ ပို့စ်တစ်ခု တင်လိုက်တာ။ ငါက လျိုချန်စွင်းဆိုတာ သူတို့ကြားတော့ မြေပုံကို စမ်းစစ်ပေးဖို့ ချက်ချင်း ကူညီပေးတာလေ ”
” ”
သူက ဟန်နိုင်ငံရဲ့ ခမ်းနားတဲ့ ဓါးသူတော်စင်လေ။ မြေပုံက အတုဆိုရင်တောင် ကျန်တဲ့သူတွေက အဲ့ဒီမြေပုံထဲမှာ ရတနာတချို့ ဝှက်ထားတယ်လို့ တွေးကြမှာပဲ။
အပိုင်း ၁၇၅ ပြီး၏။