စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၇၄ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများကို မွေးမြူခြင်းနှင့် ထိန်းကျောင်းခြင်း။
” သူက သာမန်လူတွေကို စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်ဖူးဆိုတဲ့ အာမခံချက်ပေးပြီး စီရင်စု၉ခုနဲ့ သဘောတူညီချက် ပေးထားပြီသား။ တကယ်တော့ ငါတို့ ကျန်းဟိုင်မြို့မှာ စီနီယာဓါးမော့ဓါးဝိဇ္ဇာ ရှိနေသေးတာကြောင့် သူ လူတွေကို သမန်ကာလျှံကာ သတ်ဖို့က မဖြစ်နိုင်ဘူး ”
” ဓါးမော့ဓါးဝိဇ္ဇာ မရှိခဲ့ရင်တောင် စီရင်စု၉ခုထဲက ကျန်တဲ့ အံ့ဖွယ်ချီရှန်းတွေက သူ့ကို လူသတ်ခွင့် ပေးမှာ မဟုတ်ဘူး ”
” ဒါပေမဲ့ ကမ္ဘာအနှံ့နှံ့က သိုင်းပညာရှင်တွေအတွက် ကျန်းဟိုင်မြို့လို နေရာလေးမှာ နေဖို့က မဖြစ်နိုင်ဘူးလေ။ စီနီယာဓါးမော့ဓါးဝိဇ္ဇာက အချိန်မရွေး ဆက်သွယ်နိုင်မှာ မဟုတ်တာ။ ဒါကြောင့် ငါတို့တွေ သတိထားဖို့လိုတယ် ”
” ပြောရရင် အသက်ရှည်ရှည် ရှင်သန်ရတာ ကြာနေပြီလို့ မူမမှန်တဲ့ စိတ်ထားရှိတဲ့ သူတွေက သူ့ကို ပြဿနာ သွားရှာမှာ။ သူက သူရဲဘောကြောင်နေမှာ မဟုတ်ဘူး။ သူက သူတို့ကို သတ်လိုက်ပြီးဆိုတာနဲ့ ဟန်နိုင်ငံကို ပြန်ရင် ဒါမှမဟုတ် အနောက်အရပ်ကို သွားလို့ရတယ်။ သူ့ကို ဘယ်သူ့မှ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး ”
” စီရင်စု၉ခုက စိတ်လွှတ်သွားတဲ့ သာမန် သိုင်းပညာရှင်တစ်ယောက်နှစ်ယောက်အတွက်နဲ့ အံ့ဖွယ်ချီရှန်းတစ်ယောက်နောက် လိုက်မှာ မဟုတ်ဘူး။ မင်းတို့ သဘောပေါက်ပြီလား ”
လူတိုင်းက ခေါင်းညိတ်လိုက်ကြ၏။ သို့သော် အတော်လေး ကူကယ်ရာ မဲ့သွားသည်။
သူတို့အတွက် ပညာရှင်တစ်ဦး ဆွဲခေါ်ရန်က လွယ်ကူလှပေသည်။ ရှေးဦးစွာ သူတို့ မတိုက်ခိုက်နိုင်ပေ။ ဒုတိယအချက်အနေဖြင့် သူတို့ မကျိန်ဆဲနိုင်ပေ။ ယင်းက ပြင်းထန်လွန်းလျှင် သူတို့ အသတ်ခံရတာတောင် ဖြစ်နိုင်၏။
” ဟုတ်ပြီ။ အားလုံး နားလည်ပြီဆိုတော့ လျိုချန်စွင်းရဲ့ နေရာချထားမှုနဲ့ ပတ်သက်တဲ့ နောက်တစ်ဆင့်အကြောင်း ပြောကြရအောင် ”
ဒါရိုက်တာက ပြောလိုက်သည်နှင့် လူတိုင်းက ချက်ချင်း ပြောကြတော့သည်။
” ဒါရိုက်တာ ကျွန်တော့်အပိုင်းကို တက္ကသိုလ်ကျောင်းသူနှစ်ယောက် ရောက်လာပြီးသား။ ဝန်ထမ်းပြည့်နေပြီ ”
” ဒါရိုက်တာ ကျွန်တော်က ပထမအလွှာကို တာဝန်ယူထားရတာ။ ပထမအလွှာက လူတွေအများကြီးနဲ့ ပြည့်နေတာ သိသားနဲ့။ အချိန်ကြလာတဲ့အခါ စကားမထိန်းနိုင်ပဲ သူ့ကို ရန်စမိတဲ့ ကောင်စုတ်လေးတွေရှိရင် ပြဿနာတက်မှာ မဟုတ်ဘူးလား ”
” ဒါရိုက်တာ ကျွန်တော့် နေရာက သိပ်တော့ မကောင်းဘူး။ ကျွန်တော်က စိတ်နေစိတ်ထားက ဆိုးရွားတာ။ တစ်နေ့ကြ စိတ်မထိန်းနိုင်ပဲ ဖရုသဝါစာတွေ ပြောနေမှာ စိုးရိမ်မိတယ်။ အချိန်ကြလာတဲ့အခါ ကျွန်တော် သူ ခုတ်တာ ခံရလိမ့်မယ် ”
” သူ ကျွန်တော့်ကို ခုတ်ပိုင်းလိုက်ရင်တော့ ပြဿနာကြီး မဟုတ်ပါဘူး။ စာကြည့်တိုက်တစ်ခုလုံးကို ပိုင်းခြားလိုက်မယ်ဆိုရင် ကပ်ဘေးကြီး ဖြစ်သွားလိမ့်မယ် ”
အိုးရန်ယွင်ကျုံး၏ မျက်နှာထားက အေးစက်သွား၏။
” မင်းတို့အားလုံး ကြည့်စမ်း။ မင်းတို့ကို ငါ သင်ပေးထားတာ ဒါတွေလား။ အခု အရေးကြီးတဲ့ အချိန်ကြတော့ မင်းတို့ အားလုံးက သတ္တိကြောင်နေတယ်။ ဒါရိုက်တာအနေနဲ့ ငါ့ရာထူး ပေးလိုက်မယ်လေ။ သူ့ကို စီမံခန့်ခွဲခိုင်းလိုက်ရမလား ”
ထိုစကားပြောလိုက်သည်နှင့် လူတိုင်းက အမြန်တောင်းပန်ကြတော့သည်။
အိုးရန်ယွင်ကျုံးက အေးစက်စက် နှာခေါင်းရှုပ်လိုက်၏။
” ငါလည်း သေချာမသိဘူး။ ပထမအလွှာနှင့် ဒုတိယအလွှာမှာ လူများလွန်းတယ်။ ဒါကြောင့် သူ့ကို တတိယအလွှာနဲ့အထက်မှာ အလုပ်လုပ်ခိုင်းဖို့ စီစဥ်ထားပြီးသား။ ပထမအလွှာနှင့် ဒုတိယအလွှာက ကြီးကြပ်သူတွေက ထွက်သွားလို့ရပြီ။ တတိယအလွှာနဲ့အထက် ကြီးကြပ်သူတွေက မဲနှိုက်ဖို့ နေခဲ့။ မဲနှိုက်ပြီး ရတဲ့သူက တာဝန်ယူရမယ် ” ။
ယဲ့ရှောင်က သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။
သို့သော် ယဲ့ရှောင်က စိတ်မပူပေ။
သူသည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးပြီး မဲကို တိတ်တဆိတ် ထိန်းချုပ်နိုင်ကာ ရွှေ့ပြောင်းနိုင်၏။
သူက လျိုချန်စွင်းကို ကြောက်တာ မဟုတ်ပေ။ လျိုချန်စွင်း ၁၀ယောက်ကတောင် သူ့အဖို့ တထဂတာ နတ်လက်ဝါး အသုံးပြုရန် မလုံလောက်ချေ။
သို့သော် လျိုချန်စွင်း၌ ဓါးသူတော်စင်ဟူသည့် ကိုယ်ပိုင် အရှိန်အဝါ ရှိသည်။ အံ့ဖွယ်ချီရှန်းတစ်ဦးအနေဖြင့် သူက လူများစွာ၏ အာရုံစိုက်မှုကို ရမှာ မလွှဲမသွေပဲ ဖြစ်သည်။
ယဲ့ရှောင်သည် သူ ရုပ်မဖျက်ထားသရွေ့ သို့မဟုတ် မျက်နှာဖုံး မဝတ်ထားသရွေ့ လူများစွာ၏ အကြည့် သူ့ဆီ အာရုံစိုက်လာမှာကို အမုန်းဆုံး ဖြစ်၏။
ထို့အပြင် လျိုချန်စွင်းက ဤနေရာ၌ ဘော့စ်တစ်ယောက်ပမာ ရောက်လာမှာ သေချာ၏။
သူက ထိုလူကို ဘော့စ်မဖြစ်စေချင်လျှင် သူ၏ အထောက်အထားကို ထုတ်ပြရပေလိမ့်မည်။
လျိုချန်စွင်းက အချိန်မရွေး သူ၏ မြေး ဖြစ်သွားနိုင်၏။
သို့သော် ထိုသို့ဖြစ်လာခဲ့လျှင် သူ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တော့မှာ မဟုတ်ပေ။ မကြာမီ၌ မဲနှိုက်ပြီးသွားသည်။
အိုးရန်ယွင်ကျုံးက မဲနှိုက်ရန်အတွက် သစ်သားတုတ်လေးများကို အသုံးပြုခဲ့သည်။ သစ်သားချောင်းအရှည်က အမျိုးမျိုး ဖြစ်၏။ အတိုဆုံး သစ်သားချောင်းကို စမ်းမိသည့်သူက လျိုချန်စွင်းကို တာဝန်ယူရမည်။
ထိုလုပ်ဖော်ကိုင်ဖက်များက ချီရှန်းများတောင် မဟုတ်ပေ။ အနည်းဆုံးတော့ သူတို့က ရှာဖွေရန် ဝိညာဥ်စွမ်းအင် အသုံးပြုဖို့ အံ့ဖွယ်ဂိုဏ်းအထက် ဖြစ်ရမည်။
ယဲ့ရှောင်က ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို လှည့်ပတ်ရန်တောင် မလိုအပ်ချေ။ သူ၏ ဝိညာဥ်စွမ်းအင်ဖြင့် အရှည်ဆုံးတုတ်ချောင်းကို ချက်ချင်း ဆွဲလိုက်၏။
အားလုံးသတ်။
မဲနှိုက်တာက အလွန်လျင်လျင်မြန်မြန် ပြီးသွားသည်။ မျက်တောင်တစ်ခတ်အတွင်း လျိုချန်စွင်းက ယဲ့ရှောင်ဘေးရှိ ဧရိယာ၏ မန်နေဂျာများထဲမှတစ်ယောက်၏ လက်အောက်ဝန်ထမ်းဖြစ်ရန် အတည်ပြုပြီး ဖြစ်သည်။
ထိုကြီးကြပ်သူ၏ မျက်နှာက ချက်ချင်းပင် သုန်မှုန်သွားတော့သည်။ ပြီးသွား၏။ သူက အရှည်ဆုံးတစ်ချောင်းကို ဆွဲခဲ့သည်။
အိုးရန်ယွင်ကျုံးက ပြုံးလိုက်လေ၏။
” ဒီလိုဆိုမှတော့ ဒါဆိုရင် ”
” ခဏလေး ”
မန်နေဂျာက အတည်ပြုကြောင်း မပြောရသေးခင် တစ်ဖက်လူက လက်မြှောက်ပြီး ပြောလိုက်တော့၏။ ” ဒါရိုက်တာ တကယ်တော့ ကျွန်တော် အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး စတော့မလို့ ပြင်နေတာပါ ”
” နှုတ်ထွက်စာကို ပြီးရင် ပို့ပေးလိုက်ပါ့မယ် ”
” ”
” လီယဲ့ … နင် တကယ်ကြီး ပြောနေတာလား ”
” ဒါရိုက်တာ ဆင်ခြင်ပေးတာ မဟုတ်ပါဘူး။ ကျွန်တော် တကယ် နှုတ်ထွက်ချင်လို့ပါ ”
” ကောင်းပြီလေ။ အဲ့ဒါကို ခွင့်ပြုမယ်။ လျိုချန်စွင်းကို မင်းရဲ့ နေရာ ယူပါစေ။ ဒီနေ့ကစပြီး မင်း အပိုင်းရဲ့ ကြီးကြပ်သူတစ်ယောက် ဖြစ်လာလိမ့်မယ် ”
အိုးရန်ယွင်ကျုံးက လွှမ်းမိုးနိုင်စွမ်းလည်း ရှိသည်။ သူက လီယဲ့ကို တိုက်ရိုက် ထုတ်ဖယ်လိုက်သည်။
လီယဲ့ကလည်း ဝေဝါးမနေပေ။ သူက နှုတ်ထွက်ပြီး ထိုရာထူးမရှိလျှင် ဆုံးရှုံးမည်ဖြစ်သော်ငြား နေ့စဥ်နေ့တိုင်း ကြောက်လန့်နေတာထက် ပိုကောင်းသေး၏။
ယဲ့ရှောင်ကလည်း ကူကယ်ရာမဲ့သွားသည်။ လျိုချန်စွင်း သူ၏ လက်အောက်ဝန်ထမ်းဖြစ်မှာကို ရှောင်ရှားနိုင်ပြီး သူ အိမ်နီးချင်း ဖြစ်လာမှာကို မရှောင်ရှားနိုင်ပဲ ဖြစ်လိမ့်မည်ဆိုတာ သူ မမှန်းဆမိပေ။
ယင်းက အတော်လေး စိတ်ပျက်ဖွယ် ကောင်းပေ၏။
သူ ဘာတတ်နိုင်မှာလဲ။
လျိုချန်စွင်းသည် အံ့ဖွယ်ချီရှန်းတစ်ဦး ဖြစ်သည်။ အလုပ်လုပ်ရန်အတွက် လျှပ်စစ်စက်ရုံကို သွားရှာခိုင်းခြင်းက မဖြစ်နိုင်လောက်သည် မဟုတ်ပါလော။
သူ့အတွက် ဝက်စာကျွေးရန် မွေးမြူရေးအိမ်ရုံသို့ သွားခိုင်းဖို့ကလည်း မဖြစ်နိုင်သည် မဟုတ်ပါလော။
ထိုအကြောင်းကို စဥ်းစားပြီးနောက် သူ၏ နိုင်ငံတကာအဆက်အသွယ်များကို မသက်ရောက်စေပဲ လွတ်လွတ်လပ်လပ် နေခွင့်ပေးနိုင်သည့် တစ်ခုတည်းသော အရာက စာကြည့်တိုက်သာဖြစ်ကြောင်း သိလိုက်ရသည်။ မည်သည့်နည်းနဲ့မဆို ကျန်းဟိုင်စာကြည့်တိုက်က တော်ဝင်ကျင့်စဥ်များမရှိ။ ထို့ကြောင့် လျိုချန်စွင်းက ထိပ်တန်းအဆင့် ကျင့်စဥ်များ ခိုးကြည့်မှာကို စိုးရိမ်စရာ မလိုပေ။
မဲနှိုက်ပြီးနောက် ယဲ့ရှောင်က မြေပုံကို စမ်းစစ်ရန် ပြန်သွားတော့၏။
ထိုမြေပုံကနေ နောက်ထပ် တော်ဝင်ကျင့်စဥ်တစ်မျိုးကို သူ ရှာတွေ့လောက်သည်။ တော်ဝင်ကျင့်စဥ်တစ်မျိုးသာဖြစ်လျှင်တောင် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ထဲ၌ မှတ်တမ်းတင်ထားနိုင်သရွေ့ ယဲ့ရှောင်သည် ဤနေရာ၌ အခြေခံ ကျင့်စဥ်ကို ကြည့်နေခြင်းထက် ပိုပြီး အကျိုးရှိစေလိမ့်မည်။
ထို့ကြောင့် ယခုအချိန်၌ ယင်းက သူ့အတွက် အရေးကြီးဆုံးအရာ ဖြစ်နေသည်။
သို့သော် သူက ၁၀မိနစ်ခန့် ၄င်းကို ကြည့်နေစဥ် ညင်သာသည့် အသံက နားထဲ ပေါ်လာ၏။
” မင်္ဂလာပါ ”
ယဲ့ရှောင်သည် တစ်ဖက်လူက လျိုချန်စွင်းမှန်း အာရုံခံပြီးသား ဖြစ်၏။ သို့သော် တစ်ခါမှ ခေါင်းမမော့ခဲ့ပေ။
” မင်္ဂလာပါ ”
” ကျုပ်က လျိုချန်စွင်းပါ ”
” ဟုတ်ကဲ့ ”
ယဲ့ရှောင်က အသိအမှတ်ပြုပြီးနောက် လျိုချန်စွင်းက ချက်ချင်းပင် ပါးစပ်ဟကာ ပြောလိုက်တော့၏။
” မင်းက တကယ် ငါ့ရဲ့တပည့်ပြောသလိုမျိုး စိတ်နေစိတ်ထားက သိမ်မွေ့ပြီး တည်ငြိမ်တယ်။ တခြားသူတွေထက် ပိုကောင်းတာပဲ ”
ထိုစဥ် လျိုချန်စွင်းက သူ့နားရှိ လုပ်ဖော်ကိုင်ဖက်များကို အထူးတလည် နှုတ်ဆက်ခဲ့၏။
သူသည် စီရင်စု၉ခု၌ ကာလတစ်ခုကြာ နေထိုင်ရန် ဆုံးဖြတ်ချက်ချပြီး ဖြစ်နေသောကြောင့် နေရာအနှံ့ ဟန်ဓါးသူတော်စင်၏ အငွေ့အသက်မျိုး နေနေမှာ မဟုတ်ပေ။
မဟုတ်လျှင် စီရင်စု၉ခုမဟာမိတ်၏ အထက်အရာရှိများက စိတ်ပျက်လာပြီး သူ့ကို ဖယ်ရှားရန် နည်းလမ်းများ စဥ်းစားပေလိမ့်မည်။
ထို့ကြောင့် သူ့နားရှိ လူများနှင့် အဆင်ပြေအောင်နေရန် လိုအပ်သည်။
သို့သော် သူ့ကို နှုတ်ဆက်သည့် သူအားလုံးက အင်မတန် ကြောက်မက်ဖွယ်ကောင်းသောမကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်နေရသည့်ပမာ ကြောက်လန့်မှုကြောင့် တုန်ယင်နေလေ၏။
ယင်းက ခု၌ တတ်နိုင်သည့် ကိစ္စ မဟုတ်ပုံပေါ်သည်။ အံ့ဖွယ်ချီရှန်းများက အစွမ်းထက်လွန်း၏။ သာမန်လူများအဖို့ သူတို့က ရန်မစသင့်သည့် တည်ရှိမှုများ ဖြစ်သည်။
အကြောင်းမှာ သူတို့ထံမှ နှာချေသံ သို့မဟုတ် လေလည်မှုကတောင် သာမန်သိုင်းပညာရှင်တစ်ယောက်ကို မြုပ်စရာ မြေမရှိပဲ သေသွားစေနိုင်သောကြောင့် ဖြစ်သည်။
ပြောင်းလဲမှု မရှိပဲ အကြိမ်ပေါင်းများစွာ နှုတ်ဆက်ပြီးနောက် လျိုချန်စွင်းသည် သူသည် သူ့အကြောင်း တွေးလိုက်၏။ စာကြည့်တိုက်တွင် ယဲ့ရှောင်ဟုခေါ်သော လူငယ်လေးတစ်ဦး ရှိသည်။ သူက အလွန်သိမ်မွေ့သည့် စိတ်နေသဘောထားရှိပြီး ပေါင်းသင်းဆက်ဆံရန် အဆင်ပြေသည်။ ထို့ကြောင့် သူက တစ်ချက်သွားကြည့်လိုက်တာပဲ ဖြစ်သည်။
ယခု သူ ရောက်လာသောအခါ ထိုအတိုင်းပင် ဖြစ်နေ၏။
” ဖျောင်ကျန့်ရှန်က ကျွန်တော့်အကြောင်း ခင်ဗျားကို ပြောပြထားတာလား ”
” အဟုတ်ပဲ။ သူက ငါ စာကြည့်တိုက်ကိုလာဖို့ ထောက်ခံချက် ပေးတဲ့သူပဲလေ။ ဒီနေရာက ငါ့အတွက် ပိုသင့်တော်တယ်လို့ ပြောတယ်။ အလုပ်ကလည်း သက်သာပြီး စီရင်စု၉ခုအဖို့ ထောက်လှမ်းဖို့လည်း သင့်တော်တယ်။ ဘယ်သူ့ကိုမှလည်း စိတ်ပူပန်စေမှာ မဟုတ်ဘူး ”
ယဲ့ရှောင်က အတော်လေး ဆွံ့အသွား၏။ မင်းကို အကောင်ကြီးတစ်ယောက်ဆိုရင် မွေးမြူရေးခြံ သွားမယ်ဆိုရင်တောင် အရင်ကလို အေးအေးလူလူ နေရဦးမှာပဲလေ။
မွေးမြူရေးခြံ ပိုင်ရှင်က ကလေးမွေးခိုင်းဖို့ လက်တစ်ချောင်းတောင် မြှောက်ခိုင်းရဲမှာ မဟုတ်ဘူး။ မင်းအတွက် ခမ်းနားတဲ့ ရုံးခန်းတစ်ခုတောင် အထူးတလည် တည်ဆောက်ပေးလောက်သေးတယ်။ ပြီးတော့ နေ့တိုင်း စကားပြောဖို့ အနက်ရောင်ပိုးသားဝတ်တဲ့ အတွင်းရေးမှူးလေးကိုတောင် ပို့ပေးဦးမှာ။
” ဟုတ်ကဲ့။ ဘာကိစ္စမှ မရှိတော့ရင် ကျွန်တော် အလုပ်လုပ်ရဦးမှာမလို့ ”
လျိုချန်စွင်းက ယဲ့ရှောင်၏ လက်ထဲရှိ မြေပုံကို တစ်ချက်ကြည့်ပြီး မပြောပဲ မနေနိုင်တော့ချေ။
” မင်းက မြေပုံကို ဝေဖန်စမ်းစစ်ခွဲခြားနေတာမလား။ ဒီမြေပုံက တကယ် ခက်ခဲတာပဲ။ ငါ့ကို ကြိုးစားခိုင်းကြည့်ချင်လား ”
ယဲ့ရှောင်က အနည်းငယ် ဆွံ့အသွား၏။
” ခင်ဗျားက မြေပုံကို ဘယ်လို လေ့လာစမ်းစစ်ရမလဲဆိုတာ သိတယ်လား ”
လျိုချန်စွင်းက ခေါင်းညိတ်လိုက်၏။
” နည်းနည်းပါ။ ကျင့်ကြံနေရာကနေ အားလပ်တဲ့အချိန် တခြားဝါသနာလေးတွေလည်း လုပ်ကြည့်တယ်လေ ”
ယဲ့ရှောင်က ခဏတာ စဥ်းစားလိုက်၏။ ” ခင်ဗျားကို ဒုက္ခမပေးတာက ပိုကောင်းမှာပါ ”
” ရတယ်။ ငါလည်း ဘာမှလုပ်စရာ မရှိဘူး။ မင်းကို ကူညီပေးမယ် ”
” ဒါဘယ်လိုလို့ လုပ်နိုင်မှာလဲ ”
” မင်း ငါ့ကို တစ်နပ်ဒကာခံလို့ ရတယ်။ ဒါဆိုရင် ငါတို့ ကျေသွားပြီ ”
” ခင်ဗျား ဒါဆို ခင်ဗျားက ဒီလိုပြောနေမှတော့ ကျုပ် အားနာမနေတော့ပါဘူး ”
ထိုမြေပုံက ယဲ့ရှောင်အတွက် ခေါင်းကိုက်စရာ ဖြစ်သည်။ သူသည် ယခင်က ထိုကဲ့သို့ ဗဟုသုတအသိပညာမျိုး တစ်ခါမှ မသင်ယူဖူးပေ။
ထို့ကြောင့် သူ၏ ကျင့်ကြံဆင့်က မြင့်နေလျှင်တောင် အချိန်တိုအတွင်း ၄င်းကို စမ်းစစ်ဖို့က ခက်ခဲနေသေးသည်။
ယခု လျိုချန်စွင်းက ထွက်လာပြီး အလုပ်ကို လက်ခံရန် ဆန္ဒရှိသောကြောင့် ယင်းက အကောင်းဆုံး ဖြစ်၏။ သူက တစ်နပ်ကျွေးနိုင်သေးသည်။
ယဲ့ရှောင်သည် လျိုချန်စွင်းအား မြေပုံကို ပေးလိုက်ပြီးနောက် လျိုချန်စွင်းက ထပ်ပြောပြန်သည်။
” ဒါပေမဲ့ ဒီမြေပုံကို မိနစ်ပိုင်းတွင်းတော့ စမ်းစစ်လို့ ပြီးမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ စီရင်စု၉ခုရဲ့ မြေပုံကို ငါ တစ်ခါမှ မတွေ့ဖူးလို့လေ။ ဒါကြောင့် ငါ့နေရာကိုသွားပြီး ဒါကို စီရင်စု၉ခုရဲ့ မြေပုံနဲ့ တိုက်စစ်ကြည့်ဖို့ လိုတယ်။ ဒီည အလုပ်ဆင်းတဲ့အချိန်ကြမှ အဖြေတစ်ခု ပေးမယ် ”
” ရတယ်လေ။ ကိစ္စမရှိဘူး။ ခင်ဗျား အဲ့ဒါကို ဒီည စမ်းစစ်နိုင်မယ်ဆိုရင် ဒီည တစ်နပ် ကောင်းကောင်း ဒကာခံမယ် ”
” အပေးအယူဖြစ်ပြီ ”
လျိုချန်စွင်းက မြေပုံကိုယူပြီး ထွက်သွားတော့၏။ ယဲ့ရှောင်က သက်ပြင်းချလိုက်သည်။ နောက်ဆုံးတော့ မြေပုံပြဿနာကို ဖယ်ရှားလိုက်နိုင်ပြီ ဖြစ်၏။
သူသည် ခုနတုန်းက လျိုချန်စွင်းကို ကြည့်လိုက်ရာ လိမ်နေပုံ မပေါ်ပေ။ သူ့အဖို့ စမ်းစစ်ရန် အချိန် သိပ်မကြာလောက်ဟု ခန့်မှန်းမိ၏။
ထိုအချိန်ကျလျှင် ထိုဆန်းကြယ်သည့် ဂူကို ရှာတွေ့ပြီး အတွင်း၌ မည်သည့် ဧကရာဇ်ကျင့်စဥ်ရှိကြောင်း မြင်နိုင်မှာ ဖြစ်သည်။
ယခု သူ့ကိစ္စများဖြင့် အလုပ်စလုပ်ရတော့မည် ဖြစ်သည်။
သူက သိုင်းစာအုပ်များအတွက် သိုင်းကျမ်းများကို သွားရှာမှာ မဟုတ်ပဲ ကြယ်တာရာသားရဲ ကျင့်စဥ် စာအုပ်များကို ရှာမှာပဲ ဖြစ်သည်။
ယဲ့ရှောင်၏ လက်ထဲတွင် ချီရှန်းအဆင့် ကြယ်တာရာသားရဲ ၇ကောင် ရှိနေ၏။ ထိုကြယ်တာရာသားရဲများကို ကောင်းစွာ အသုံးချလျှင် ရှန်းထျန်းနဝမအဆင့်သို့ အဆင့်တက်လှမ်းနိုင်အောင် လိုအပ်သည့် စွမ်းအင်ပမာဏများစွာကို ထောက်ပံ့များစွာဖြင့် သူ့ကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ကာ သူသည် ၄င်းတို့က သူ့ကို ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်းအဆင့်၏ အထွတ်အထိပ်သို့ရောက်အောင် အဆင့်မြှင့်တင်ပေးနိုင်သည့် စွမ်းအင်အများစုကို ထောင်ပံ့ပေးနိုင်ပေလိမ့်မည်။
သူက စာအုပ်ပုံကြီး ရှာတွေ့ခဲ့၏။
” အော် .. ကြယ်တာရာသားရဲတွေကို သုံးပြီး ဘယ်လို စီးပွားရှာမလဲ ”
” ကြယ်တာရာသားရဲ ပျိုးထောင်ရေး ဂရုစိုက်နည်းလမ်း ”
” ကြယ်တာရာသားရဲရဲ့ ကွဲပြားတဲ့ မျိုးစိတ်ကြားမှာ မွေးမြူရေးအတွက် လက္ခဏာတွေ ”
ယဲ့ရှောင်သည် ကြယ်တာရာသားရဲများအကြောင်း စာအုပ်ပုံကြီး ဖတ်ပြီးသွား၏။ သူ့၌ ခံစားချက်များစွာ ရှိနေသည်။ သူ မဖတ်ခင်က ကြယ်တာရာသားရဲများကို ဖြေရှင်းရန် အနီးဆုံး နည်းလမ်းက သူတို့အသားကို ဖြတ်တောက်ပြီး ချက်စားရုံသာ ဖြစ်သည်။ ဖတ်ကြည့်ပြီးနောက် ကြယ်တာရာသားရဲများကို အသုံးပြုရန် နည်းလမ်းများစွာရှိကြောင်း သိလိုက်ရသည်။
ယင်းက ရွှေတွင်းတစ်တွင်းကို ထပ်ခါတလဲလဲ တူးနေတာနှင့် ညီမျှ၏။
ထိုနည်းလမ်းများ ပေါင်းလိုက်သည့်အချိန်၌ သူ့တွင်ရှိသည့် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ ၇ကောင်သည် အံ့ဖွယ်အဆင့် တစ်ဒါဇင် အကောင်ရာချီနှင့်တောင် ညီမျှသွား၏။
အချိန်ကျလာသည့်အခါ ကျင့်ကြံဆင့် မလုံလောက်မှာကို သူ စိုးရိမ်ပူပန်စေရန် အဘယ်ကြောင့် လိုအပ်တော့မည်နည်း။
အပိုင်း ၁၇၄ ပြီး၏။