Switch Mode

Chapter – 172

သားရဲ နတ်ဘုရားဂိုဏ်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၇၂ သားရဲနတ်ဘုရားဂိုဏ်း။

ယဲ့ရှောင်ထွက်သွားပြီးနောက် ကျန်းဟိုင်တစ်မြို့လုံး၏ ဝိညာဥ်စွမ်းအားစုပ်ယူမှုက လျင်မြန်စွာ တိုးလာတော့သည်။ မြန်ဆန်သည့် ပြောင်းလဲမှုက တုချန်ဖုန်းနှင့် ကျန်သည့်သူများ၏ အာရုံစိုက်မှုကို ရသွားတော့၏။ သူတို့က စာကြည့်တိုက်ရှေ့ရှိ ဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုရှေ့သို့ သွက်သွက်လေး ရောက်လာကြသည်။
” ဘာတွေဖြစ်ကုန်တာလဲ။ ဒီမြို့ရဲ့ ဝိညာဥ်စွမ်းအား စုပ်ယူတဲ့ အရှိန်က ဘာကြောင့် ရုတ်တရက်ကြီး တိုးရတာလဲ ”
” ငါမသိဘူး။ ဝိညာဥ်စုစည်းခြင်း အစီအရင်ထဲမှာ တစ်ခုခု ဖြစ်သွားတာပဲ ဖြစ်ရမယ်။ ကံဆိုးတာက စီနီယာဓါးမော့ဓါးဝိဇ္ဇာရဲ့ ချိတ်ပိတ်မှုက သိပ်ကို သန်မာလွန်းတယ်။ အဲ့ဒါက တော်ဝင်အစီအရင် အဆင့်လေ။ ဒီတော့ ကိုယ်တော်လည်း ဝိညာဥ်စုစည်းခြင်း အစီအရင်နဲ့ ဘာတွေဖြစ်နေလဲဆိုတာ မမြင်နိုင်ဘူး ”
တုချန်ဖုန်းက တိတ်သွားလေ၏။
” စီနီယာဓါးမော့ဓါးဝိဇ္ဇာနဲ့ တစ်ခုခုများ သက်ဆိုင်နေမလား ”
ဖာ့ကျန်းက ခေါင်းခါလိုက်၏။
” အတိအကျ မပြောနိုင်ပေမဲ့ သူနဲ့ ဆိုင်ဖို့များတယ် ”
” မြို့တော်ဝန် စိတ်ပူနေဖို့ မလိုဘူး။ ကျန်းဟိုင်မြို့ထဲမှာ ဝိညာဥ်စွမ်းအင် တက်လာတဲ့အရှိန်က ပထမနှုန်း အစည်းအနှုန်းတွေထက် မနှေးဘူးဆိုတာ အာရုံခံမိတယ်။ ဒါက အနာဂတ်မှာ အကျိုးရှိစေမယ့် ကိစ္စကောင်းတစ်ရပ်ပဲ ”
တုချန်ဖုန်းက ထိတ်လန့်အံ့အားသင့်သွား၏။ သို့သော်ငြား သူက ချက်ချင်း အပျော်လွန်သွားတော့သည်။ ကျန်းဟိုင်မြို့၏ ခွန်အားသည် ယခင်က မြို့လေးတစ်ခုအဖြစ်သာ သတ်မှတ်၍ရသည်။ ပြီးနောက် စီရင်စု၉ခု မဟာမိတ်က ပျိုးထောင်ပေးပြီး ကြေးစီရင်စုကလည်း ပံ့ပိုးပေးကာ ယခုဆို တတိယအဆင့် မြို့တစ်မြို့ ဖြစ်လာနေပြီး တတိယအဆင့် မြို့တစ်မြို့အနေအထားသို့ ရွေ့နေပြီ ဖြစ်သည်။
ယခုမူ ပထမအဆင့်မြို့ထဲရှိ ဝိညာဥ်စုစည်းခြင်း အစီအရင်၏ အရှိန်မျိုး ရှိနေလေ၏။ ယင်းက
ကျန်းဟိုင်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာမရသည့် ကောင်းကျိုးများ ဖြစ်စေသည်။
နှစ်ရက်ခန့်ကြာပြီးနောက် ကျုံးစီရင်စုထဲရှိ
ချူစီရင်စုနယ်စပ် တောင်တစ်သိန်းတွင် ဖြစ်သည်။
ထိုနေရာ၌ အသူရာချောက်ကမ်းပါးနှင့်အရွယ်အစားချင်း ယှဥ်နိုင်သည့် နက်ရှိုင်းသည့် တွင်းတစ်ခု ရှိသည်။ ယင်းက အာကာသထဲကနေ ဥက္ကာခဲကြောင့် ချေမွခံထားရသည့် မြေပြင်ပမာ ဖြစ်နေသည်။ သို့သော် လက်တွေ့တွင် အနီးကပ် ကြည့်မိပါက တွင်းနက်ထဲရှိ ကျောက်ဆောင်များက ဓါးရာများ ပြည့်နေတာကို သတိပြုမိပေလိမ့်မည်။
ထိုဓါးရာများသည် ပေထောင်ချီထက် ပိုရှည်လျား၏။ သူတို့က ထက်ပြီး လူတစ်ယောက်၏ စိတ်နှလုံးကို ခြောက်ခြားစေသည့် ကျောချမ်းဖွယ်ဆန္ဒတစ်ခုကို သယ်ဆောင်ထား၏။ ထိုအရာကို မြင်လိုက်ရသည့် မည်သူမဆို အကြောက်တရားကြောင့် တုန်ယင်စေပြီး သူတို့စိတ်နှလုံး၏ အောက်ခြေထဲ အကြောက်တရားက ဆက်လက်ပြန့်သွားစေလိမ့်မည်။
ဤနေရာက နောက်ထပ် အထောက်အထားတစ်ခု ရှိသည်။ ယင်းက သားရဲနတ်ဘုရားဂိုဏ်း၏ အပျက်အစီးနေရာပဲ ဖြစ်သည်။
ယခင် သားရဲနတ်ဘုရားဂိုဏ်းက ထိုနေရာတွင် ရစ်ဝဲနေခဲ့ပြီး ကျုံးစီရင်စုနှင့် ချူစီရင်စုရှိ မြို့ပေါင်းများစွာကို ခေါင်းကိုက်စေခဲ့သည်။
သို့သော်ငြား လက်ရှိသားရဲနတ်ဘုရားဂိုဏ်းသည် ထိုတွင်းနက်မှအပ ကျန်သည့်နေရာတွင် မရှိတော့ချေ။ တွင်း၏ အောက်ခြေ၌ တိရစ္ဆာန်အချို့တောင် ရှိနေသည်။ သို့သော် ထိုစဥ် တွင်းနက်ထဲသို့ လူရိပ်အချို့က ပျံသန်းလာ၏။
” ဒါက ငါတို့ သားရဲနတ်ဘုရား မဟာမိတ်ရဲ့ ဂိုဏ်းခွဲတွေထဲက တစ်ခုဖြစ်တဲ့ သားရဲနတ်ဘုရားဂိုဏ်းရဲ့ အပျက်အစီးလား။ လူသားတွေက တကယ် ညှာတာမှုမဲ့တာပဲ ”
ထိုစကားများပြောလိုက်သည်နှင့် ကျန်သည့်သူများ၏ မျက်လုံးထဲ၌ အေးစက်စက်အရိပ်အယောင်နှင့် သတ်ဖြတ်ခြင်းဆန္ဒတို့ ပေါ်လာသည်။
” သားရဲနတ်ဘုရားဂိုဏ်းက ကျုပ်တို့ သားရဲနတ်ဘုရား မဟာမိတ်ရဲ့ ၂၅၀မြောက် ဂိုဏ်းခွဲပဲ။ သားရဲနတ်ဘုရားဂိုဏ်းရဲ့ အလုံးစုံခွန်အားက ကျုပ်တို့ သားရဲနတ်ဘုရား မဟာမိတ်မှာ အလွန်ထူးချွန်နေတာ မဟုတ်ပေမဲ့ သားရဲနတ်ဘုရားဂိုဏ်းက တစ်ချက်လေးတောင် မနားပဲ သားရဲနတ်ဘုရား မဟာမိတ်အတွက် နှစ်ပေါင်းများစွာ အရင်းအမြစ်တွေ ထောက်ပံ့ပေးခဲ့တယ်။ သားရဲနတ်ဘုရားဂိုဏ်းကို လဲ့စားမချေနိုင်ရင် ငါတို့ သားရဲနတ်ဘုရား မဟာမိတ်ရဲ့ တခြားဂိုဏ်းတွေက စိတ်ပျက်သွားမှာ မဟုတ်ဘူးလား ”
” သားရဲနတ်ဘုရားဂိုဏ်းကို ဖျက်ဆီးတဲ့သူကို သွားရှာ။ ငါ သူတို့မိသားစုကို သတ်ပြီး သူတို့မျိုးနွယ်စုကို ဖျက်ဆီးချင်တယ်။ သူတို့မြို့ကို ဖျက်ဆီးချင်တယ် ”
” လက်၀ဲ ကာကွယ်သူ။ သူတို့ရဲ့ နာမည်တုကို ရှာတွေ့ပါပြီ။ လက်ရှိ ကျုံးစီရင်စုနဲ့ ချူစီရင်စုထဲမှာ လူသိအများဆုံး လူက ကျန်းဟိုင်မြို့က ဓါးမော့ဓါးဝိဇ္ဇာပဲ ”
” ဓါးမော့ဓါးဝိဇ္ဇာလား။ အဲ့ဒါ ဘယ်သူလဲ ”
” လက်၀ဲ ကာကွယ်သူကို အကြောင်းပြန်ပါတယ်။ ဓါးမော့ဓါးဝိဇ္ဇာရဲ့ အထောက်အထားက သိပ်ကို လျှို့ဝှက်ဆန်းကြယ်တယ်။ လက်ရှိ သူ ဘယ်သူမှန်း ဘယ်သူ့မှ မသိဘူး။ သူ့ကျင့်ကြံဆင့်က သိပ်သန်မာတယ်ဆိုတာပဲ သူတို့သိတယ် ”
လက်၀ဲ ကာကွယ်သူဟု ခေါ်သည့်သူက အထင်တသေး ရယ်မောလိုက်၏။
” သိပ်သန်မာတာလား။ ဘယ်လောက် သန်မာလဲ ”
” သူက အံ့ဖွယ်ဂိုဏ်းတစ်ယောက်ပဲ။ ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ချီရှန်းတစ်ယောက် ဖြစ်လောက်တယ် ”
” ဘာ ”
လက်၀ဲ ကာကွယ်သူ၏ မျက်နှာက ရုတ်တရက် ထိတ်လန့်သွားပြီး သူ အသံကျယ်လိုက်မိသည်။
” ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ချီရှန်း ”
လူတိုင်းက ပါးစပ်အဟောင်းသားဖြစ်ပြီး ထပ်ပြောမိသည်။
လက်၀ဲ ကာကွယ်သူ၏ မျက်နှာက သုန်မှုန်သွားကာ ပြောလိုက်တော့၏။ ” သူက ရှန်းထျန်းအဌမအဆင့်ဆိုတာ မင်း ဘယ်လိုဆုံးဖြတ်လဲ ”
” လက်၀ဲ ကာကွယ်သူရဲ့ မေးခွန်းကို ပြန်ဖြေပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်တုန်းက သူက နဂါးစာရင်းမှာ
အဆင့်၅၀ရထားတဲ့ မူရာကာမီပေ့ချွမ်နဲ့ နဂါးရင်းမှာ အဆင့် ၄၉ရထားတဲ့ လျိုချန်စွင်းကို အနိုင်ယူခဲ့ပြီး နှစ်ယောက်လုံးကို တစ်ကွက်တည်းနဲ့ သတ်ခဲ့တာပါ ”
” ပြီးတော့ သူတို့နှစ်ယောက်က လတ်တလောကမှ ရှန်းထျန်းအဌမအဆင့်ကို အဆင့်တက်ထားတာ
ပါ ”

” လက်၀ဲ ကာကွယ်သူ .. ဒါဆို သားရဲနတ်ဘုရားဂိုဏ်းအတွက် လဲ့စားချေသင့်သေးလား ”

သို့သော် သူပြောတာ မပြီးသေးခင် လက်၀ဲ ကာကွယ်သူက လက်မြှောက်လိုက်သည်။ သူ့ကို သွေးမြူအဖြစ် ဖောက်ခွဲလိုက်၏။
” မျိုးမစစ်ကောင်။ သားရဲနတ်ဘုရားဂိုဏ်းက မဟာမိတ်ရဲ့ စည်းမျဥ်းကို ဆန့်ကျင်ပြီး လူသားမျိုးနွယ် သူ့ကို ရန်စခဲ့တာ။ သူတို့က လူသားမျိုးနွယ်သတ်တာ ခံလိုက်ရတယ်။ ငါ သူတို့နောက် မလိုက်ခဲ့ဘူး။ သားရဲနတ်ဘုရား မဟာမိတ်ပါ ပါဝင်ပတ်သတ်တော့မလို့။ ဒါက သားရဲနတ်ဘုရားဂိုဏ်းကို သက်ညှာမှု ပြသရာ ရောက်နေပြီးပြီ။ မင်းက သားရဲနတ်ဘုရားဂိုဏ်းအတွက် ငါ့ကို လဲ့စားချေစေချင်သေးတာလား ”
” မသိတတ်တဲ့ အရူးပဲ ”
ကျန်သည့် လက်အောက်ငယ်သားများက ကြောက်လန့်မှုတကြား တုန်ယင်ကုန်ပြီး ဘောင်းဘီစိုလုနီးပါးဖြစ်သွား၏။
သို့သော်ငြား သူ့ကို မည်သူမှ ရန်မစရဲချေ။
အကြောင်းမှာ သူသည် ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းတစ်ဦးဖြစ်သောကြောင့်ပင်သည်။
သူတို့အတွက် သူတို့၏ ကျင့်ကြံဆင့်သည် မဟာချီရှန်းအဆင့်သာ ရှိသေးသည်။
လက်အောက်ငယ်သားများကို တစ်ကွက်တည်း
ဖြင့် ဖျက်ဆီးပြီးနောက် လက်၀ဲ ကာကွယ်သူက ဆက်ပြောလိုက်သည်။
” မင်းတို့ကို ပြောချင်တာ တစ်ခု ရှိတယ်။ လူသားမြို့တွေမှာ မြို့တိုင်းမြို့တိုင်း ဝိညာဥ်စုစည်းခြင်း အစီအရင်တစ်ခုရှိပြီး အစွမ်းထက်တဲ့ ကြယ်တာရာသားရဲတွေက အစီအရင်အမြုတေအဖြစ် အသုံးချခြင်း ခံရတယ် ”
” မင်းတို့ကို အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင်ရှိတဲ့ မြို့တစ်မြို့ ရှာစေချင်တယ်။ အဲ့ဒါကို စုပ်ယူစေချင်တာ။ ဒါမှ သွေးမျိုးဆက်အသစ်ပြောင်းလဲတာကို ပြီးမြောက်နိုင်ပြီး တော်ဝင်ကြယ်တာရာသားရဲတစ်ကောင် ဖြစ်လိမ့်မယ်။ မင်းတို့ကို မင်းတို့ရဲ့ ကျင့်ကြံဆင့် ရှန်းထျန်းအဌမအ
ဆင့်ရောက်အောင် မြှင့်တင်ချင်တယ် ”
” လက်၀ဲ ကာကွယ်သူ အဲ့လိုမျိုးက ရှာဖို့လွယ်ပါတယ်။ အနားမှာ မြို့တွေအများကြီး ရှိနေတာ။ မြို့တိုင်းမှာ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင်ရှိတယ် ”
” ငါသိတာပေါ့။ ဒါပေမဲ့ အဲ့ဒီမြို့တွေက အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတွေ အားလုံးက အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ အခွဲတွေလေ။ သူတို့ခွန်အားက မဟာချီရှန်းတစ်ယောက်ရဲ့ ခွန်အားအဖြစ် လျော့ကျပြီးပြီ။ အခြေခံအားဖြင့် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင်ရဲ့ ခန္ဓာကိုယ်အပြည့်အစုံကို စုစည်းဖို့အတွက် မြို့တွေအများကြီးကို သွားရမှာ။ တစ်ကောင်ချင်းစီ ရှာရမယ်ဆိုရင် လူသားတွေ ငါ့ကို အလွယ်တကူ ရှာတွေ့သွားလိမ့်မယ်။ အဲ့လိုဖြစ်လာရင် ရန်သူကို သတိပေးသလို ဖြစ်သွားပြီး ငါ့ရဲ့ အစီအစဥ် ပျက်စီးသွားမှာ ”
” ငါရှာနေတာက အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ တစ်ကောင်တည်းရှိတာကိုပဲ။ ဒီနည်းနဲ့ဆိုရင် တစ်ခါတည်းနဲ့ အသွင်ပြောင်းလဲနိုင်တယ်။
ရှန်းထျန်းအဌမအဆင့်ကို အဆင့်တက်သွားတဲ့အခါ လူသားတွေကို ပိုတောင် ကြောက်စရာ မရှိတော့ဘူး ”
” လက်၀ဲ ကာကွယ်သူ ဉာဏ်ထက်မြတ်ပါပေတယ်။ အခုပဲ သွားရှာလိုက်ပါ့မယ် ”
” မှတ်ထားဦး။ ထွန်းတောက်ခါစ မြို့လေးတွေကို ရှာကြည့်။ မြို့ကြီးတွေကို မသွားနဲ့။ မြို့ကြီးတွေမှာ သိုင်းပညာရှင်တွေက တိမ်တွေလိုပဲ မြင်တွေ့ခဲတာ။ ဒုက္ခများလိမ့်မယ် ”
” နားလည်ပါပြီ ”
တစ်ဖက်တွင် ကျန်းဟိုင်မြို့ ဟိုတယ်၌ ဖြစ်၏။
ဖျောင်ကျန့်ရှန်က လေးနက်တည်ကြည်သည့် အမူအယာဖြင့် သူ့ဆရာရှေ့၌ ဒူးထောက်နေလေသည်။
” မင်း တကယ် ဆုံးဖြတ်ပြီးပြီလား ”
” ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ။ စီရင်စု၉ခုထဲ ဝင်ချင်ပြီး ဟန်နိုင်ငံက ထွက်ချင်ပါတယ် ”
လျိုချန်စွင်းသည် သူ၏ ချစ်လှစွာသော တပည့်ကို စိတ်ရှုပ်ထွေးသည့် အမူအယာဖြင့် ကြည့်နေလေ၏။ လွန်ခဲ့သည့် အနှစ်၂၀ကျော်က စီရင်စု၉ခုနှင့် ဟန်နိုင်ငံ၏ နယ်စပ်ကြား၌ ဤကလေးကို သူ ရှာတွေ့ခဲ့တာပဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲ၌ ကျုံးစီရင်စု သွေးမျိုးဆက် ၈ပုံ၇ပုံ ရှိနေသောကြောင့် သူ့ကို ဓာတ်ကျခဲ့တာပဲ ဖြစ်သည်။
ဟန်နိုင်ငံ၏ လူများက စီရင်စု၉ခု၏ အမွေအနှစ်ကနေ ရောက်လာပြီး ထိုဒေသ၏ ဘိုးဘေးများ ဖြစ်ခဲ့သော်ငြား သူတို့က ဟန်နိုင်ငံသို့ ရွှေ့ပြောင်းပြီး သွေးမျိုးဆက်များ ချန်ထားရစ်ခဲ့၏။ သို့သော် အမည်မသိ အကြောင်းအရင်းကြောင့် ဟန်နိုင်ငံ လူမျိုးများ၏ သွေးမျိုးဆက်များက စီရင်စု၉ခု သွေးမျိုးဆက်ထက် အနည်းငယ် နိမ့်ကျသေးသည်။
ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ ဟန်နိုင်ငံ၏ လူမျိုးများ၏ သွေးမျိုးဆက်စွမ်းအားက ဆက်လက် လျော့ကျနေသည်။
ဟန်နိုင်ငံ၏ အမှိုက်နေရာသည် စီရင်စု၉ခု၏ ထူးချွန်ထက်မြတ်သော လူသားများနှင့် ဝေးနေသောကြောင့် ဖြစ်ဟန်တူသည်။ ပါရမီရှင်များ မမွေးဖွားပေ။ မွေးဖွားလာသမျှက အမှိုက်များ ဖြစ်နေ၏။
ထိုအကြောင်းအရင်းကြောင့် လျိုချန်စွင်းကို တစ်ခု လုပ်စေပြီး ဖျောင်ကျန့်ရှန်ကို သူ့တပည့်အဖြစ် လက်ခံမိစေ၏။
ဖျောင်ကျန့်ရှန်က သူ့ကို စိတ်မပျက်စေကြောင်း အချက်အလက်များက သက်သေပြခဲ့သည်။
အတိုဆုံးအချိန်၌ သူသည် ဓါးသိုင်းတော်တော်များများကို နားလည်သဘောပေါက်ခဲ့ပြီး ကြေးစီရင်စုဓါးသိုင်း ပါရမီရှင်များစွာကို အနိုင်ယူခဲ့သည်။ သို့သော် အဆုံးတွင်မူ ဖျောင်ကျန့်ရှန်သည် စီရင်စု၉ခုကို ပြန်ရန် ရွေးချယ်သေး၏။ သူ၏ အားစိုက်ထုတ်မှုအားလုံး အချည်နှီးသာ ဖြစ်နေသည်။
ရှိစေတော့။ ဒီလောကကြီးထဲက အရာအားလုံးက ကံသတ်မှတ်ပြီးသားပဲ။ သူ အလိုရှိတာကြောင့် ပြောင်းလဲလို့ရတဲ့ အရာမှ မဟုတ်တာ။
” ကောင်းပြီလေ။ မင်းပြောတဲ့အတိုင်းပဲ။ မင်းရဲ့အိုင်ဒီ ရွှေ့ပြောင်းမှုကို ကျန်းဟိုင်မြို့ မြို့တော်ဝန်ဆီ သွားလိုက်ပြီး မင်းအတွက် ဖြေရှင်းခိုင်းရုံပဲ။ ဟန်နိုင်ငံအကြောင်း စိတ်ပူဖို့ မလိုဘူး။ သူတို့တွေက ဆရာ့စကားကို ဆန့်ကျင်ရဲမှာ မဟုတ်ဘူး ”
ယင်းက ဖျောင်ကျန့်ရှန်၏ မျက်လုံးထဲ၌ အပြစ်ရှိစိတ်နှင့် ကျေးဇူးတရားတို့ကို ဖြစ်ပေါ်စေသည်။
” ကျေးဇူးပါ ဆရာ။ စိတ်မပူပါနဲ့ ဆရာ။ ကျန့်ရှန်က သူ အိုင်ဒီကို ပြန်ပြောင်းပြီး စီရင်စု၉ခုရဲ့ နိုင်ငံသားဖြစ်သွားတယ်ဆိုပေမဲ့ ဆရာကတော့ အမြဲတမ်း ကျန့်ရှန်ရဲ့ ဆရာပါပဲ။ ဒါ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး ”
လျိုချန်စွင်းက စိတ်သက်သာရာ ရပြီး ခေါင်းညိတ်လိုက်၏။ ဖျောင်ကျန့်ရှန်သည် ကြင်နာတတ်သည့် နှလုံးသားရှိသည့် လိမ်မာသော ကလေးတစ်ယောက်ဖြစ်မှန်း သူ သိနေသည်။ သူက ဟန်နိုင်ငံ၏ ညစ်ညမ်းမှု​ကြောင့် အရောင်ခြယ် မခံခဲ့ရပေ။
” အား ဟုတ်သား ဆရာ။ ဟန်နိုင်ငံကို ဘယ်ချိန်ပြန်မှာလဲ။ ကျွန်တော် လိုက်ပို့ပေးမယ် ”
” မလိုဘူး။ ဆရာ ထွက်သွားမှာ မဟုတ်ဘူး ”
ဖျောင်ကျန့်ရှန်က ဇဝေဇဝါ အမူအယာ ဖြစ်သွားလေ၏။
” ထွက်မသွားဘူးလား။ ဟန်နိုင်ငံကို မပြန်တော့ဘူးလား ”
လျိုချန်စွင်းက ခေါင်းညိတ်လိုက်၏။
” ဟုတ်တယ်။ ကျန်းဟိုင်မြို့မှာ အချိန်အတော်ကြာ ကျင့်ကြံဖို့ စီစဥ်နေတာ။ ဓါးမော့ဓါးဝိဇ္ဇာ ဘယ်သူလဲဆိုတာ မြင်ဖို့ အခွင့်အရေးလည်း ယူရမယ်။ သူ့ရဲ့ ဓါးရေးက အလွန်ကျွမ်းကျင်ပြီး သူ့ကို စိတ်ရောကိုယ်ပါ လေးစားစေတယ်။ ငါ့ဘဝမှာ တစ်စုံတစ်ယောက်ကို ကိုးကွယ်ချင်စိတ်ဖြစ်တာ ပထမဆုံးပဲ။ သူ့ကို ငါ့မျက်လုံးနဲ့ မမြင်ရဘူးဆိုရင် ဒီတစ်သက် အဆင့်မတက်နိုင်တော့မှာကို စိုးရိမ်မိတယ် ”
ဖျောင်ကျန့်ရှန်က စိတ်နှလုံး လှုပ်ခါသွားလေ၏။ ဓါးမော့ဓါးဝိဇ္ဇာ၏ လွှမ်းမိုးမှုက သူ့ဆရာအပေါ် ထိုမျှအဆင့်ထိ ရောက်နေသည်လော။
ဂုဏ်သတင်းကြီးသည့် ရှန်းထျန်းအဌမအဆင့် သိုင်းပညာရှင်သည် တစ်ဖက်လူ ရိုက်နှက်တာ ခံရသောကြောင့် သူ၏ စိတ်အခြေအနေက
မတည်မငြိမ်ဖြစ်နေပေလိမ့်မည်။ ထိုအကြောင်းကို တွေးမိရာ အဓိပ္ပာယ်ရှိကြောင်း သိလိုက်ရ၏။
ဓါးမော့ဓါးဝိဇ္ဇာ၏ ခွန်အားက မူမမှန် အားကြီးလွန်းသည်။ သူ့ဆရာ၏ စိတ်အခြေအနေ မတည်ငြိမ်တာကို သူ နားလည်၏။
” ဒါပေမဲ့ သူတို့က စီရင်စု၉ခုထဲမှာ ဆရာ့ကို အချိန်အကြာကြီး နေခွင့်ပေးမှာ မဟုတ်ဘူး ဟုတ်တယ်မလား ”
” ပြောရရင် ဆရာ့ရဲ့ ကျင့်ကြံဆင့်က သိပ်သန်မာတာ။ စီရင်စု၉ခု မဟာမိတ်က စီရင်စု၉ခုရဲ့ လူတွေကို ဆရာ ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ဖို့အတွက် အစောင့်တွေ ထားလောက်တယ် ”
” ကိစ္စမရှိဘူး။ ဆရာက သူတို့ တောင်းဆိုချက်ကို လိုက်လျောပေးရင် အဆင်ပြေပြီ ”
” ဘာတောင်းဆိုချက်လဲ ”
” နေရာတစ်ခုရှာ။ ကင်မရာရှိတဲ့ နေရာပေါ့။ နေ့တိုင်းနေ့တိုင်း ဆက်သွယ်မှုတစ်ခု ရှိနေပြီး သူတို့ရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေတာ ”
ဖျောင်ကျန့်ရှန်၏ မျက်နှာက ရှုပ်မဲ့သွားသည်။
ဟန်နိုင်ငံ၏ ဂုဏ်သိက္ခာရှိ ဓါးသူတော်စင် လျိုချန်စွင်းသည် ရူးသွပ်နေသည့် ကြယ်တာရာလိုက်သူတစ်ယောက် ဖြစ်လာသည်လော။ ဓါးမော့ဓါးဝိဇ္ဇာကို လိုက်ရန်အတွက် သူက ကျန်းဟိုင်မြို့၌ နာနာခံခံ နေရန် ဆန္ဒရှိနေသည်လော။
ဓါးမော့ဓါးဝိဇ္ဇာရေ ခင်ဗျားက တကယ် သိပ်ဆွဲဆောင်နိုင်လွန်းတာပဲ။
” ဆရာ ဓါးမော့ဓါးဝိဇ္ဇာနောက် လိုက်ချင်ရုံနဲ့ စီရင်စု၉ခု မဟာမိတ် ဖိနှိပ့်တာ ခံချင်တာလား။ ဆရာက ဂုဏ်သတင်းကြီးတဲ့ အဌမအဆင့်
အံ့ဖွယ်ချီရှန်းတစ်ယောက်လေ။ ပြီးတော့ ဆရာက ဟန်နိုင်ငံရဲ့ ဂုဏ်သရေရှိ ဓါးသူတော်စင် ”
” တကယ်တော့ အဲ့လိုမဟုတ်ဘူး။ ငါ နှစ်ပေါင်းများစွာ သိမ်းထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိသေးတယ် ”

အပိုင်း ၁၇၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset