Switch Mode

Chapter – 171

အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ မွေးမြူရေး။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၇၁ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ မွေးမြူရေး။

မွေးမြူရေးခြံတစ်ခု တည်ဆောက်ရန်အတွက် သင့်တော်သည့်နေရာတစ်ခု ဖြစ်ရပေမည်။ ထိုနေရာက ရိတ်သိမ်းရန်အတွက် အဆင်ပြေရရုံသာမက ကျန်သည့်သူများ ရှာမတွေ့သည့်နေရာဖြစ်ဖို့လည်း လိုအပ်သည်။ တစ်ချိန်တည်းတွင် ကြယ်တာရာသားရဲများ မထွက်ပြေးနိုင်အောင်လည်း အာမခံနိုင်ရမည်။
ထိုကဲ့သို့နေရာ .. ။ သြော် .. ရှိတာပဲ။
ယဲ့ရှောင်သည် အံ့သြဖွယ်ကောင်းသည့် နေရာတစ်ခုကို တွေးမိသွား၏။ ယင်းက နော့ဖစ်၏ ချိတ်ပိတ်ထားသော ဧရိယာပဲ ဖြစ်သည်။ ပထမဆုံးအနေ
ဖြင့် နော့ဖစ်၏ ချိတ်ပိတ်ထားသော ဧရိယာက သူအလုပ်သွား အလုပ်ပြန်သည့်နေရာ ဖြစ်သည်။ သူ ထိုနေရာသို့ သွားပြီး နေ့စဥ်နေ့တိုင်း ရိတ်သိမ်းနိုင်၏။ ယင်းက အလွန်အဆင်ပြေသည်။
ဒုတိယအချက်အနေဖြင့် နော့ဖစ်၏ ချိတ်ပိတ်ခံ
ဧရိယာကို သူ တော်ဝင်အစီအရင်ဖြငိ့ ပိတ်ထားတာပဲ ဖြစ်သည်။ ကြယ်တာရာသားရဲများ မထွက်ပြေးနိုင်အောင် ပြီးပြည့်စုံစွာ ဟန့်တားနိုင်၏။ ထိုကြယ်တာရာသားရဲများက အလွန်အစွမ်းထက်ပြီး အံ့ဖွယ်ချီရှန်းအဆင့်သို့ ရောက်ပြီဖြစ်ကာ အရေအတွက် အတော်များသော်ငြား ယဲ့ရှောင်သည် အစီအရင်ကို မြှင့်တင်ရန် ဝိညာဥ်ကျောက်တုံးတချို့ကို ဝယ်ယူနိုင်သည်။ မွေးမြူရေးခြံ၏ ဘေးကင်းမှုကို စိတ်ချအောင် လုပ်နိုင်၏။ ထို့အပြင် သူတို့က သူနှင့် အလွန်နီးကပ်နေမှာပဲ ဖြစ်သည်။ ထိုအကောင်များက ထွက်ပြေးချင်လျှင် သို့မဟုတ် တစ်စုံတစ်ခု ပြုလုပ်ချင်လျှင် သူက ၄င်းတို့ကို အချိန်မှီ ရှာတွေ့နိုင်ပြီး အချိန်မှီ ဖြေရှင်းနိုင်မှာပဲ ဖြစ်သည်။ နောက်ဆုံးအချက်က လျှို့ဝှက်နိုင်ခြင်းပင် ဖြစ်၏။
စာကြည့်တိုက်ရှေ့ရှိ မြေအောက်ထဲ၌ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်စုကို ပိတ်ထားလိမ့်မည်ဟု မည်သူကမှ ​တွေးမိမှာ မဟုတ်လောက်ပေ။ ထို့အပြင် မြေဝပ်ခြင်းကျင့်စဥ်ကို သူက သင်ယူပြီးသောကြောင့် မြေကြီးထဲ လွတ်လွတ်လပ်လပ် သွားနိုင်၏။ ထို့ကြောင့် သူသည် ယခင်ကကဲ့သို့ မြေအောက်ချိတ်ပိတ်မှုထဲ ဝင်ရောက်စဥ်၌ တွင်းတစ်ခုတူးရန် မလိုအပ်ချေ။ နောက်ဆုံး၌ ထပ်တိုး အာနိသင်တစ်ခု ရှိ၏။ ယင်းက ချိတ်ပိတ်ခြင်း အစီအရင်က ဝိညာဥ်စုစည်းခြင်း အစီအရင်တစ်ခု ဖြစ်သည်။
သူတို့ကို ထိုနေရာတွင် ထားခြင်းဖြင့် ဝိညာဥ်စုစည်းခြင်း အစီအရင်၏ ဝိညာဥ်စွမ်းအင် စုပ်ယူသည့် အရှိန်ကို တိုးအောင် သူတို့ကို အသုံးချနိုင်၏။ ဤနည်းဖြင့် ကျန်းဟိုင်မြို့၏ ဝိညာဥ်စွမ်းအင်ကို သွယ်ဝိုက်ပြီး တိုးမြင့်အောင် လုပ်ပေးသည်ဟုလည်း သတ်မှတ်၍ရသည်။
သူကိုယ်တိုင်လည်း အစွမ်းထက်သည့် စုပ်ယူသည့် စွမ်းရည်တစ်ခုကို ဖန်တီးနိုင်သည်။ ကျင့်စဥ်များစွာ ရှိနေသည်။ အကျိုးအရှိဆုံး လူက သူ ဖြစ်နေသေး၏။ ယင်းက ပြီးပြည့်စုံသည့် အစီအစဥ်တစ်ခု ဖြစ်သည်။
ယဲ့ရှောင်က ကောင်းကင်ကို ကြည့်လိုက်သည်။ ယခုအချိန်၌ နေဝင်နေပြီ ဖြစ်သည်။ စာကြည့်တိုက်က ယခုလောက်ဆို ပိတ်နေလောက်ပြီ ဖြစ်၏။
သူက မြေဝပ်ခြင်းကျင့်စဥ်ကို အသုံးပြုပြီး စာကြည့်တိုက်မြေအောက်ဆီသို့ တန်းသွားလိုက်၏။
စာကြည့်တိုက်အောက်၌ နော့ဖစ်က မျက်လုံးဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ၏ ဧရာမရေဘဝဲပါးစပ်က အနည်းငယ် မြှောက်တက်သွား၏။
ရက်ပေါင်းများစွာ ကျင့်ကြံပြီးနောက် ယဲ့ရှောင် ဖြတ်သွားသည့် လက်တံနှစ်ခုက အပြည့်အဝ ကုသပျောက်ကင်းသွားပြီ ဖြစ်သည်။ ဆုံးရှုံးသွားသော ကျင့်ကြံမှုကလည်း ပြန်ရလာ၏။ ပြီးနောက် သူက ကြိုးကြိုးစားစား ဆက်လက် ကျင့်ကြံပြီး တတ်နိုင်သမျှ အဆင့်တက်အောင် ကြိုးစားရုံသာ ရှိသည်။ ဤသို့ဆိုလျှင် သူ၏ ထိုကိုယ်ခွဲက အနှေးနှင့်အမြန် အစီအရင်ကို ဖောက်ဖျက်နိုင်ရန် မျှော်လင့်ချက်ရှိလာလိမ့်မည်။
ထိုအချိန်သူက ရှောင်လင်သို့သွားပြီး ပင်မခန္ဓာကို ရှာမှာပဲ ဖြစ်၏။ ပြီးနောက် သူ၏ ပင်မခန္ဓာကို ကယ်တင်ပြီး ၄င်းကို ပင်မခန္ဓာနှင့် ပေါင်းစည်းကာ သူ၏ အထွတ်အထိပ် အံ့ဖွယ်ဂိုဏ်း ကျင့်ကြံဆင့်ကို ပြန်လည်ရရှိအောင် ပြုလုပ်မည်။ ထိုအချိန်ရောက်လျှင် သူ သေချာပေါက် ပြန်လာပြီး ကျန်းဟိုင်မြို့ကို အပြည့်အဝ ဖျက်ဆီးပစ်မည်။
ယဲ့ရှောင်လည်း ရှိ၏။ သူက ယဲ့ရှောင်ကို ရှစ်ပိုင်းပိုင်းပြီး ကင်ပစ်မည်။ သူတို့ကို ပေါင်မုန့်ကြွပ်နှင့်ပတ်ပြီး ကြော်စားမည်ဖြစ်ကာ သံပြားပူပူပေါ်၌ ကြက်သွန်နီတို့ဖြင့် ချက်စားပစ်မည်။ ထိုအချိန်ရောက်လျှင် သူက ယဲ့ရှောင်ကို သတ်မှာ မဟုတ်ပေ။ အသက်ကို ထပ်ခါတလဲလဲ ပြန်သွင်းပေးမည်။
သူ ကုသခြင်းကျင့်စဥ်နည်း သိတယ် မဟုတ်ဘူးလား။ ဟုတ်ပြီလေ။ သူ့ဘာ့သာသူ ပြန်ကုသခိုင်းပြီး သူ့ကို စားပစ်မယ်။
သူ့ကို ပြန်ကောင်းခွင့်တောင် ပေးထားပြီး သူ့လက်က အသားတွေကိုတောင် ကြော်စားပစ်ဦးမယ်။ ဒါဘယ်လောက် ရက်စက်လိုက်မလဲ။
စိတ်ထဲတွင် ထိုအတွေးဖြင့် နော့ဖစ်က ကျယ်လောင်စွာ ရယ်မိသွား၏။
” ဟား ဟား ဟား ဟား ဟား ဟား … ဖ ”
သူ နှစ်ချက်ခန့် မရယ်ရသေးခင် ယဲ့ရှောင်၏ ပုံရိပ်က ရုတ်တရက် ပေါ်ထွက်လာ၏။
နော့ဖစ်က ချက်ချင်း ထိတ်လန့်သွားသည်။ ရေဘဝဲ၏ ခန္ဓာကြီးက နံရံနှင့် တိုက်မိသွားပြီး ယဲ့ရှောင်နှင့် အကွာအဝေးကို ထိန်းထားလိုက်၏။
” ဒါက လွန်လွန်းမနေဘူးလား။ ငါ ပြန်ကောင်းခါစလေ။ မင်းက ဒီရောက်လာပြန်ပြီ။ မင်းက လူရောဟုတ်သေးရဲ့လား ”
ယဲ့ရှောင်က ၄င်းကို တစ်ချက်သာ ကြည့်ပြီး ပြောလိုက်၏။
” မင်းရဲ့ လက်တံတွေကို ဖြတ်ဖို့ ငါ ဒီရောက်လာတာ မဟုတ်ဘူး ”
နော့ဖစ်က မျက်မှောင်ကျုံ့လိုက်၏။
ဒီကောင် ငါ့ကို နှောက်နေတာလား။
သူက ငါ့လက်တံကို မဖြတ်ချင်ဘူးဆိုတော့ ငါ့ကို ရှာဖို့ ဒီနေရာကို ဘာကြောင့် လာတာလဲ။
သူက စိတ်ကူးယဥ်ဆန်တာတွေ လုပ်နေတာ မဟုတ်လောက်ပါဘူးနော်။
ငါကြားဖူးတာက စီရင်စု၉ခုရဲ့ အရှေ့ဘက်ခြမ်းက ရင်နိုင်ငံမှာလေ။ ထူးဆန်းတဲ့ လူသားတချို့ ရှိတယ်တဲ့။ သူတို့ရဲ့ အမျိုးသမီးတွေက ငါ့မျိုးရိုးတချို့ကို ဖမ်းပြီး ထူးထူးဆန်းဆန်း ဂိမ်းတွေ ဆော့တယ်ဆိုပဲ။
သို့သော်ငြား စီရင်စု၉ခုထဲရှိ မည်သူကမှ ထိုကဲ့သို့ ဝါသနာ မရှိကြောင်း သူ တစ်ခါမှ မကြားခဲ့ဖူးပင်။ ထို့အပြင် အမျိုးသားတစ်ယောက်၌ ထိုကဲ့သို့ ဝါသနာရှိကြောင်း သူ တစ်ခါမှ ကြားဖူးခြင်း မရှိပေ။
နော့ဖစ်က ဇဝေဇဝါဖြစ်နေစဥ် ယဲ့ရှောင်က ကျိဖုန်း၊ မြေနတ်စပါးအုံးနှင့် ကျန်သည့် အံ့ဖွယ်အဆင့် သားရဲအချို့ကို သိုလှောင်နေရာထဲကနေ ထုတ်လိုက်၏။
ထိုစဥ် နော့ဖစ်က အံ့သြဆွံ့အသွားချေ၏။
” ”
“သူ အိပ်မက်မက်နေတာလား။ ဒီယဲ့ရှောင်က အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတွေ အများကြီးကို တကယ်သတ်ခဲ့တယ်ပေါ့။ ရယ်စရာပဲ။ သူ့ခွန်အားက ဒီလောက် ကြီးကျယ်တဲ့လား။ ဒါ့အပြင် သူ့ရဲ့ ပုံစံအရ သူတို့ကို အသက်ပြန်သွင်းချင်နေတဲ့ပုံပဲ။ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတွေကို ပျိုးထောင်ချင်တာများလား။ မှားနေတာများလား။ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲက သူ့အတွက် မွေးမြူရေးလုပ်ခံရမှာလား။
ထင်သည့်အတိုင်းပင် နောက်တစ်စက္ကန့်၌ ယဲ့ရှောင်သည် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ အားလုံးကို အသက်ပြန်သွင်းပေးလိုက်၏။ နော့ဖစ်က ပြိုလှဲလုနီးပါး ဖြစ်သွားသည်။ ပြီးသွားချေပြီ။
ယဲ့ရှောင်က အလွန်သန်မာလွန်း၏။ အနှစ်၁၅၀၀ ချုံခိုတိုက်ခိုက်မည့် အစီအစဥ်က သူ့ကို မဟန့်တားနိုင်တော့ချေ။
ကြယ်တာရာသားရဲများ၏ ကျင့်ကြံဆင့်က အသက်နှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။ အနှစ်၁၅၀၀အတွင်း သူ၏ ကိုယ်ခွဲသည် အလွန်ဆုံးမှ ရှန်းထျန်းအဌမအဆင့်၏ အထွတ်အထိပ်ရောက်အောင်သာ ကျင့်ကြံနိုင်လိမ့်မည်။ သူက ရှန်းထျန်းနဝမအဆင့်ရောက်အောင် ကျင့်ကြံနိုင်မည်ဟုတောင် မပြောရဲချေ။
ထိုကျင့်ကြံဆင့်ဖြင့် အစီအရင်ကို ဖောက်ဖျက်ပြီး မည်ကဲ့သို့ ထွက်ပြေးရမည်နည်း။
ယခု သူ တည်ငြိမ်နေရမည်။ အလွန်ဆုံးမှာ သူက ရက်အနည်းငယ်ကြာ အရှက်ကွဲမှုကို တောင့်ခံရုံသာ ရှိ၏။
ဟုတ်ပေ၏။ ရက်အနည်းငယ်ကြာ အရှက်ကွဲမှုကို တောင့်ခံရုံသာ ရှိသည်။
နောက်ထပ် အနှစ်၅၀၀ထပ်ပေါင်းမည်။ မဟုတ်။ နောက်ထပ် အနှစ်၁၀၀၀ထပ်ပေါင်းပြီး နှစ်ပေါင်း ၂၅၀၀ကြာပြီးနောက် သူ၏ ကျင့်ကြံဆင့်တက်ကာ အစီအရင်ကို ချိုးဖျက်ပြီး ထိုမိစ္ဆာ၏ လက်တွင်းမှ ထွက်ပြေးမည်။ အသက်သွင်းပြီးခါစ ကြမ်းတမ်းသည့် ကြယ်တာရာသားရဲများကလည်း ဆွံ့အနေ၏။
” ထူးဆန်းလိုက်တာ။ ငါတို့ သေသွားပြီ မဟုတ်ဘူးလား။ ဘာကြောင့် အသက်ပြန်ရှင်လာတာလဲ ”
ကြယ်တာရာသားရဲများက ယဲ့ရှောင်ကို မြင်တွေ့သောအခါ သူတို့ အမူအယာက ကြောက်လန့်မှုကြောင့် ချက်ချင်း ပြောင်းလဲသွား၏။
” ဟိုလီရှစ်။ ကူးစက်ရောဂါနတ်ဘုရားက ဒီကို ဘာကြောင့် ရောက်နေတာလဲ ”
စူးရှသည့် အော်သံဖြင့် ကြယ်တာရာသားရဲများအားလုံး အပြင်သို့ ထွက်ပြေးကုန်၏။ သို့သော်
အစီအရင်နှင့် တိုက်မိပြီးနောက် သူတို့က တစ်ကောင်ပြီးတစ်ကောင် လှဲကျကုန်သည်။ ကြယ်တာရာသားရဲများသည် အစီအရင်ဆီသို့ ရူးသွပ်စွာ ပြေးဝင်၏။ သို့သော် သူတို့ ခေါင်းများ ကွဲကုန်ပြီးနောက် မထွက်ပြေးနိုင်ပေ။ ယဲ့ရှောင်က ထူးမခြားနား ပြောလိုက်၏။
” ထပ်ထွက်ပြေးတာလား။ မင်းတို့ ထပ်ကြိုးစားမယ်ဆိုရင် ငါ မင်းတို့ အားလုံးကို စားပစ်မယ် ”
တစ်ခွန်းတည်းဖြင့် ကြယ်တာရာသားရဲများအားလုံးက သူတို့ လှုပ်ရှားမှုကို ချက်ချင်းရပ်တန့်ပြီး အစီအရင် နံရံနား ကပ်နေကြကာ ယဲ့ရှောင်ကို ​ကြည့်နေချိန် သူတို့ တုန်ယင်နေကြ၏။
ကြယ်တာရာသားရဲများအားလုံး လိမ္မာသွားတာကို မြင်သောအခါ ယဲ့ရှောင်က စိတ်ကျေနပ်သွားသည်။
” အား ..။ အခုကစပြီး ဒီနေရာက မင်းတို့အိမ်ပဲ။ နေ့တိုင်းနေ့တိုင်း မင်းတို့ရဲ့ အသားကို ဖြတ်တောက်ဖို့ ဒီနေရာကို လာမယ်။ ပြီးတော့ မင်းတို့ရဲ့ အသက်ဓာတ်တချို့ ဖြည့်ပေးမယ်။ ဒါပေမဲ့ ငါ မင်းတို့ကို သတ်မှာ မဟုတ်ဘူး။ မင်းတို့ ပူးပေါင်းပေးပြီး ငါ့ကို သိပ်ပြီး စိတ်မပူအောင် လုပ်ပေးဖို့ မျှော်လင့်တယ်။ ဘာလို့လဲဆိုတော့ ငါက ပြဿနာတွေကို မုန်းတယ်လေ ”
ထိုသို့ပြောပြီးနောက် ယဲ့ရှောင်က လှည့်ထွက်သွား၏။
ကြယ်တာရာသားရဲများက နောက်ဆုံးတွင် သက်ပြင်းချလိုက်တော့သည်။
သို့သော် အလျင်အမြန်ပင်။ သူတို့က ဒေါသထွက်ကုန်၏။
” သူ ဘာပြောသွားတာလဲ ”
” ဟုတ်တယ်။ သူ ငါတို့ကို မသတ်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ။ သူက ရိုင်းပျလွန်းနေတာ မဟုတ်ဘူးလား ”
” ရွံရှာဖို့ကောင်းတဲ့လူသား။ ငါ အနှေးနဲ့အမြန် ငါ သူ့ကို သတ်မယ် ”
ထိုစဥ် နော့ဖစ်က ပါးစပ်ဖြည်းဖြည်းချင်း ဖွင့်ပြီး ပြောလိုက်တော့၏။
” ငါ ဒီကြီးမြတ်တဲ့ ကိုယ်တိုင်တောင် ဒုက္ခရောက်နေတာ။ မင်းတို့ထဲမှာ သူ့ကို ဘယ်သူကများ အနိုင်ယူနိုင်မှာလဲ။ ဒါမှမဟုတ် ငါတို့အားလုံး ပူးပေါင်းပြီး သူ့ကို တိုက်ခိုက်နိုင်မှာလား ”
ထိုသို့ပြောပြီးနောက် ကြယ်တာရာသားရဲများ အားလုံးက ချက်ချင်းပင် အံ့သြဆွံ့အကုန်၏။ နေရာတစ်ခုလုံးက သေစေလောက်သည်အထိ တိတ်ဆိတ်သွားသည်။
မကြာမီ၌ ကျိဖုန်းက လှောင်ပြောင်တော့သည်။
” စီနီယာ နော့ဖစ်က ဒါမျိုးကို ပြောသေးတယ်ပေါ့။ ရှင်သာ အဲ့ဒီတုန်းက ကျွန်မကို ထောင်ချောက်မဆင်ရင် သူ့ကို ကျွန်မတို့တွေ တစ်ချက်တည်းနဲ့ သူ ရှင်းထုတ်တာ ခံရမှာလား ”
နော့ဖစ်ကလည်း စိတ်တိုသွား၏။
” မင်း ကြက်ဦးနှောက်။ ငါ့အကြောင်း မင်း ပြောရဲသေးတယ်ပေါ့။ အဲ့ဒီတုန်းက သူ့ကို ရန်မစဖို့ ငါ ထပ်ခါတလဲလဲ ပြောတယ်။ သူ့ကို ရန်မစပါနဲ့လို့ ပြောသားပဲ။ မင်းက မင်းမှာ နက်နဲတဲ့ ကျင့်ကြံဆင့်ရှိပြီး တစ်ယောက်ချင်း တိုက်ခိုက်ရမှာ မကြောက်ဘူးလို့ ပြောပြီး ခေါင်းမာခဲ့တဲ့ သူက … ခေါင်းမာနေတာလည်း မင်းပဲ။ အဆုံးကြ မင်းပဲ တစ်ကွက်တည်းနဲ့ အသတ်ခံလိုက်ရတာလေ။ ဒီလိုကိစ္စမျိုးကို ငါပြောရတာ ရှက်ဖို့ကောင်းလွန်းတယ် ”
” ရှင် ”
ကျိဖုန်းသည် ဒေါသထွက်လွန်းသောကြောင့် မီးတောက်လာ၏။ သူမ တိုက်ခိုက်ရန် ပြင်သည့်အချိန်၌ ဂျင်ဆင်း ကြယ်တာရာသားရဲ မြေ အမတာ ၀မ်က ရုတ်တရက် ပြောလိုက်၏။
” ဟုတ်ပြီ ဟုတ်ပြီ။ အခု ငါတို့အားလုံးက အကျဥ်းသားတွေပဲ။ ဘာတွေ ငြင်းနေမှာလဲ။ ဒီနေရာကနေ ဘယ်လိုလွတ်အောင် ပြေးမလဲဆိုတာပဲ တွေးပေးတော့ ”
” စီနီယာ နော့ဖစ်။ ခင်ဗျားက ကျုပ်တို့ထဲမှာ အသန်မာဆုံး ကျင့်ကြံဆင့်နဲ့ ဗဟုသုတအကြွယ်ဝဆုံးပဲလေ။ ခင်ဗျားရဲ့ ခံစားချက်အရ ကျုပ်တို့ လွတ်မြောက်ဖို့ အချိန် ဘယ်လောက်လိုမလဲ ”
” ဘယ်လိုလုပ် လွတ်မြောက်မှာလဲ ”
နော့ဖစ်က ချောင်း ဟန့်လိုက်၏။
” ဒီကိစ္စနှင့် ပတ်သတ်ပြီး ငါကိုယ်တိုင် ဂရုတစိုက် စဥ်းစားပြီးသား။ သိုင်းပညာနဲ့ အသုံးပြီး တိုက်ခိုက်တာက သေချာပေါက် မဖြစ်နိုင်ဘူး ”
” အကောက်ကြံပြီး လိမ်လည်တာကလည်း မဖြစ်နိုင်ဘူး။ ကျင့်ကြံခြင်းအရာမှာ တစ်ဖက်သူနဲ့ငါတို့ လုံးဝ မယှဥ်နိုင်ဘူး။ ဒါကြောင့် အရှုံးကို ဝန်ခံပြီး အရှက်ခွဲတာကို သည်းခံ။ ငါတို့ ကျင့်ကြံဆင့် တိုးလာဖို့အတွက် အချိန်ကိုပဲ စောင့်ရမယ် ”
” ငါတို့တွေက တိုးတက်ဖို့အတွက် ဗျူဟာတွေ စီစဥ်မယ်။ ပင်မခန္ဓာရဲ့ ဦးဆောင်မှုနောက်လိုက်မယ်။ ပြီးရင် ကြီးပြင်းလာတာနဲ့အမျှ ကြယ်တာရာသားရဲတွေက ပိုသန်မာလာမှာပဲ ”
” ဒါဆို နှစ် ဘယ်လောက်လောက်ဖြစ်မလဲ ”
” နှစ်ပေါင်း ၂၅၀၀ ”
ခဏတာကြာပြီးနောက် သူက အနည်းဆုံးယူ၍
ထည့်ပြောလိုက်သည်။
” ဒီလောက် ကြာတယ်လား ”
ကြယ်တာရာသားရဲများက ထုတ်ပြောမိသွား၏။ သူတို့၏ မျက်နှာထက်၌ ထိတ်လန့်မှုများ ပြည့်နေသည်။ နော့ဖစ်က လေးနက်တည်ကြည်သည့် မျက်နှာထားဖြင့် ပြောလိုက်တော့၏။
” ဒါက အခြေခံအကျဆုံးပဲ။ တကယ်တော့ အနှစ်၂၅၀၀က ငါ့အတွက် အတော်လေး တွေးထားရတာ။ ငါတို့ ကြယ်တာရာသားရဲတွေရဲ့ ကျင့်ကြံမှုက အချိန်နဲ့ သက်ဆိုင်နေတာဆိုတာ မင်းတို့အားလုံး သိမှာပဲ။ နှစ်ပေါင်း ၂၅၀၀က ငါတို့ ရှန်းထျန်းနဝမအဆင့် ရောက်ရုံလောက်ပဲ။ ဒါပေါ့ ….။ ငါတို့မှာ အခွင့်အရေးတစ်ခု ရှိသေးတယ်။ နောက်လေးနှစ်ကြာပြီးရင် ကြယ်တာရာသားရဲကပ်ဘေး ပေါ်လာမှာ။ အခုကစပြီး ဒီမြို့ကို လေးနှစ်ကြာတဲ့အချိန် အစွမ်းထက်တဲ့ ကြယ်တာရာသားရဲတစ်ကောင် တိုက်ခိုက်ပြီး ငါတို့ ချိတ်ပိတ်မှုကို ရှာတွေ့သွားခဲ့မယ်ဆိုရင် ငါတို့ ကယ်တင်ခံရလောက်တယ် ”
” ဒါမတိုင်ခင်တော့ အဲ့ဒီလူသား ပျော်အောင် လုပ်ပေးရုံပဲ တတ်နိုင်တယ်။ ငါတို့ကို အပြည့်အဝ သတ်ခိုင်းလိုက်လို့ မရဘူး။ ဒါ ငါ့အတွက်တော့ ကိစ္စ မရှိဘူး။ ငါက ကိုယ်ခွဲပဲလေ။ ငါ့ရဲ့ ပင်မခန္ဓာ မသေသရွေ့ အဆင်ပြေတယ် ”
” ဒါပေမဲ့ မင်းတို့ကတော့ မတူဘူး။ မင်းတို့အားလုံးက ပင်မခန္ဓာတွေ။ မင်းတို့ သေသွားပြီဆိုတာနဲ့ အသက်ရှင်ချင်ရင်တောင် အသက်ပြန်မရှင်နိုင်
ဘူး ”
ကြယ်တာရာသားရဲများ၏ မျက်လုံးက လက်သွား၏။ မှန်ပေ၏။ ကြယ်တာရာသားရဲ ကပ်ဘေးရောက်တော့မည်။ သားရဲကပ်ဘေးရောက်လာတာနှင့် သူတို့လွတ်မြောက်ရန် အခွင့်အရေးတစ်ခု ရှိလိမ့်မည်။
” ဟုတ်ပြီ။ ကိစ္စက ဒီလိုဆိုမှတော့ စီနီယာနော့ဖစ်ပြောတာကို နားထောင်လိုက်မယ်။ ဒီလူသားကို အရင်ဆုံး စိတ်ကျေနပ်အောင် လုပ်တာပေါ့။ လေးနှစ်ပဲမလား။ ကျုပ်တို့ နှစ်ပေါင်း ၅၀ကျော်လောက် အပိတ်ခံထားရတာ။ ဒီလေးနှစ်ကို မလိုဘူး။ စောင့်နိုင်တယ် ”

အပိုင်း ၁၇၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset