Switch Mode

Chapter – 170

ဒီတိုက်ပွဲက အပေးအယူကို ပိတ်ဖို့ လုံလောက်နေပြီ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၇၀ ဒီတိုက်ပွဲက အပေးအယူကို ပိတ်ဖို့ လုံလောက်နေပြီ။

ယဲ့ရှောင်က အရူးတစ်ယောက်မဟုတ်ပေ။ သူက တိုက်ခိုက်ရန် စိတ်သိပ်မပါသော်ငြား ရှုံးနိမ့်ချင်တာ မဟုတ်ပေ။ သူ ရှုံးနိမ့်သွားပြီး အရှက်ကွဲမည်ဆိုလျှင် အစတည်းက သူ တိုက်ခိုက်ခဲ့မှာ မဟုတ်ပေ။ သူက အောင်မြင်ကျော်ကြားမှုကို မလိုချင်ပေ။ သို့သော်ငြား သူ့ကြောင့် သူ၏ ကိုယ်ပိုင်နိုင်ငံကို မျက်နှာပျက်စေခွင့် မပေးနိုင်ပေ။ ထို့ကြောင့် ပန်းနှစ်ပွင့်၌ ထည့်ထားသည့် စွမ်းအင်က မတူညီပေ။ အကြောင်းမှာ တိုက်ကွက်က မတူညီသောကြောင့် ဖြစ်ပြီး သူတို့၏ ခုခံမှုထဲ ပြိုင်ဘက်များကို အမှားဖြစ်စေပြီး ကျရှုံးနိုင်ချေကိုလည်း နိမ့်သွားစေ၏။
လွန်ကဲခြင်းစွမ်းအားဓါးမော့၏ များပြားလှသည့် ရောင်ခြည်များကို မြင်တွေ့သည့်အချိန်၌ အံ့သြဆွံ့အသွား၏။
” ဟိုလီရှစ် ”
ဂုဏ်သတင်းကြီးသည့် အံ့ဖွယ်ချီရှန်းတစ်ဦးအနေဖြင့် သူက ယခုအချိန်၌ ကျိန်ဆဲမိသွားသည်။
သူသည် အစက အရူးလုပ်ရန်အတွက် ပုန်းနေချင်ခဲ့သည်။ တိုက်ပွဲကို ရှောင်ချင်ပြီး ပတ်ပြေးချင်ခဲ့တာပဲ ဖြစ်သည်။ သို့သော် ယဲ့ရှောင် ထိုမျှ ကြမ်းတမ်းလိမ့်မည်ဟု သူ မထင်ထားပေ။ မဟုတ်ပေ။ ယင်းက ရက်စက်သည်ဟူ၍ ဖော်ပြ၍မရတော့။ ယင်းက ရူးနေတာပဲ ဖြစ်သည်။
ဒီလောက် လိုလို့လား။ လက်ရည်ယှဥ်ရုံပဲလေ။ ဒီလောက်ထိ ရေးကြီးခွင်ကျယ်လုပ်ဖို့ လိုလို့လား။
ယခုအချိန်တွင် မူရာကာမီပေ့ချွမ်က နောင်တရနေ၏။ လုံးဝနောင်တရနေပြီ ဖြစ်သည်။ သူ စီရင်စု၉ခုကို မလာသင့်ပေ။ ယခုအချိန်တွင် ခုခံရန်က နောက်ကျလွန်းသွားပြီ ဖြစ်သည်။ ထို့အပြင် သူက ခုခံခဲ့လျှင်တောင် ခုခံရန် မည်သည်ကို အသုံးပြုနိုင်မည်နည်း။
အခြေခံအားဖြင့် ကျားဟဲလျို နင်ဂျာသိုင်း၏ တိုက်ကွက်အများစုက လုပ်ကြံသတ်ဖြတ်ခြင်းပုံစံကို အခြေခံထား၏။ ဓါးမော့သိုင်းအထဲ၌ ယင်းက တိုက်ပွဲထဲ၌ အလှဲတိုက်သည့် ထူးဆန်းသည့် ဓါးမော့နှင့် ပိုတူပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရာ၌ ပြသနိုင်သည့် ခွန်အားက အကန့်အသတ်ရှိသည်။ ယဲ့ရှောင်၏ လွန်ကဲခြင်းဓါးမော့စွမ်းအားကို ရင်ဆိုင်ရန် မဆိုထားနှင့် ထိုကဲ့သို့ အစွမ်းထက်
သည့် ဓါးမော့သိုင်းက လွှမ်းမိုးမှုများ ပြည့်နေလေရာ အနိုင်မခံ အရှုံးမပေးပုံ ပေါ်နေ၏။
လွန်ကဲခြင်းစွမ်းအားဓါးမော့ တောက်ပလာသည်
နှင့် မူရာကာမီပေ့ချွမ်ဆီကနေ ပေါ်ထွက်လာသည့် ဓါးမော့အလင်း၂၄ခုက ချက်ချင်းပင် ဖန်များကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲသွားပြီး ကျန်ရှိသည့် ဓါးမော့၏ သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။
ဖုန်း ဖုန်း ဖုန်း။
ပေါက်ကွဲသံများကြားထဲ၌ ကောင်းကင်က အလင်းဖြင့် ပေါက်ကွဲသွားတော့၏။ ပွဲကြည့်ပရိသတ်များသည် ယခုအချိန်၌ ဆွံ့အလွန်းသောကြောင့် ထိတ်လန့်သွား၏။
ကောင်းကင်ထဲတွင် ပေါက်ကွဲနေသော မီးတောက်များက လှပလွန်းနေပြီး သဘာဝ၏ အလှတရားနှင့် ပြည့်နေလေ၏။ သူတို့က လျှပ်စီးလေနှင့် နှင်းစွမ်းအားတို့နှင့် တူသည်။ သူတို့ထဲ၌ ကြမ်းတမ်းခြင်း၊ ကျိုးကြောင်းမသင့်ခြင်း၊ ထိတ်လန့်ဖွယ်ကောင်းခြင်းတို့ ပြည့်နေသည်။ လူသားများက ၄င်းတို့ကို မလေးစားပဲ မနေနိုင်။ သူတို့က လေးစားမှု အရိပ်ယောင်ကို ခံစားလိုက်မိသည်။
ဒါက ဘယ်လို ပေါက်ကွဲမှုလဲ။ ဒါက အနုပညာလေ။
မီးတောက်များ မှိန်ဖျော့သွားသည့်အချိန်၌ ပေ့ချွမ်၏ ပုံရိပ်က ဖြည်းဖြည်းချင်း ပေါ်လာတော့သည်။
ဒုက္ခဆင်းရဲရောက်ခြင်း၊ သုန်မှုန်ခြင်း၊ မှုန်မှိုင်းခြင်း။
မည်သူကမှ ကျန်သည့်စကားလုံးကို မတွေးနိုင်တော့ချေ။ ထို့ကြောင့် သူ့ကို ဖော်ပြရန် သူတို့က ဤစကားလုံးသုံးလုံးကိုသာ အသုံးပြုနိုင်တော့၏။
မူရာကာမီ၏ လက်တစ်ဖက်နှင့် ခြေတစ်ဖက်ကလည်း လွင့်ထွက်သွားပြီး ကျန်ရှိသည့် လက်တစ်ဖက်ကလည်း မရှိတော့ပေ။ သူ့အဝတ်အစားများကလည်း ဖျက်ဆီးခံလိုက်ရပြီး အရေပြားက မီးသွေးခဲကဲ့သို့ တူးခြစ်နေ၏။
သူ့တစ်ကိုယ်လုံးက အဆက်မပြတ် တုန်ယင်နေပြီး ဒဏ်ရာများက သွေးများ စီးကျနေ၏။
အံ့ဖွယ်ချီရှန်းတစ်ဦးအနေဖြင့်သူ၏ သန်မာသည့် စိတ်ခွန်အားကြောင့်သာ မဟုတ်လျှင် ယခုလောက်ဆို သတိလစ်သွားလောက်ပြီ ဖြစ်သည်။ သူ့အသက်တွက် ဘယ်လိုလုပ် ရုန်းကန်နိုင်မှာလဲ။ မည်သူကမှ စကားမပြော။ ထိတ်လန့်မှုက စကားလုံးဖြင့် ဖော်ပြ၍ရသည့်အရာ မဟုတ်ပေ။ ယင်းက စိတ်ဝိညာဥ်ထဲရှိ နက်ရှိုင်းသည့် သက်ရောက်မှုကနေ ပေါ်လာ၏။
အံ့ဖွယ်ချီရှန်းမျသည် သူတို့အဖို့ နတ်ဘုရားများနှင့် တူညီကြောင်း သိထားရပေမည်။ ယခု ဓါးမော့ဓါးဝိဇ္ဇာသည် တစ်ယောက် မဟုတ်။ အံ့ဖွယ်ချီရှန်းနှစ်ဦးကို မြေပြင်ပေါ်၌ နင်းချေပစ်ခဲ့၏။
အံ့သြဖွယ်ကောင်းလေခြင်း။
ပြောင်မြောက်ခြင်း။
အစွမ်းထက်လိုက်လေခြင်း။
တိုက်ပွဲအဆုံးသတ်သွားပြီး လျှပ်စစ်ပစ္စည်းများကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ထိုမြင်ကွင်းကို မြင်သောအခါ မရေမတွက်နိုင်သည့် အင်တာနက် အသုံးပြုသူများကလည်း ထုတ်ဖော်ပြောမိကြတော့သည်။
” ဘုရားသခင် ဒီလောက်ဆိုးတယ်လား။ ဒါက အံ့ဖွယ်ဂိုဏ်းတစ်ယောက်လေ။ အံ့ဖွယ်ဂိုဏ်းက ဒီလောက် ဆိုးဆိုးဝါးဝါး တကယ်ကြီး ရိုက်ခံရတယ်လား။ ငါ အိပ်မက်မက်နေတာလား ”
” မင်း အိပ်မက်မက်နေတာ မဟုတ်ဘူး ”
” ဓါးမော့ဓါးဝိဇ္ဇာက တကယ်ကြီး အမြတ်ဆုံးပဲ ”
တိုက်ပွဲပြီးသွား၏။ သို့သော် ဓါးမော့ဓါးဝိဇ္ဇာ၏ ဒဏ္ဍာရီက မပြီးသေးပေ။ အွန်လိုင်းဖိုရမ်မျိုးစုံ၊ လူမှုကွန်ယက်မျိူးစုံ၊ we chatမျိုးစုံ အဖွဲ့အားလုံး၌ ဓါးမော့ဓါးဝိဇ္ဇာအကြောင်း ဆွေးနွေးနေကြသည်။
ဆွေးနွေးမှုတိုင်းက အဆင့်သတ်မှတ်ချက်ထိပ်တွင် ရှိနေလေ၏။
ယခုအချိန်၌ ဓါးမော့ဓါးဝိဇ္ဇာ၏ အမည်သည် ကျန်းဟိုင်မြို့ပြင်ကို ရောက်ပြီး စီရင်စု၉ခုကို တုန်လှုပ်သွားစေပြီဖြစ်သည်။ သူ၏ အမည်က လောကကို တုန်လှုပ်စေပြီး တိုက်ပွဲတစ်ပွဲထဲဖြင့် နတ်ဘုရားတစ်ပါး ဖြစ်သွားသည်ဟုတောင် ပြောနိုင်ပေ၏။ သို့သော် သူ မည်သူမှန်း မည်သူမှ မသိကြချေ။
ထိုစဥ် ဆေးရုံ၌ လုဝမ်ဝမ်က အောင်မြင်စွာ မွေးဖွားခဲ့၏။ ကုဟိုင်နှင့် ခွဲရုံဝင်ပေါက်ရှေ့၌ နာရီအနည်းငယ် စောင့်နေသည့် ဆွေမျိုးများက
လုဝမ်ဝမ်နှင့် ကလေးကို လာကြည့်ကြ၏။ ကလေးက တည်တည်ငြိမ်ငြိမ် မွေးဖွားလာသော်ငြား ယခုအချိန်တွင် သူတို့က ထပ်မံထိတ်လန့်သွားပြန်၏။
လောင်လုနှင့် သူ၏ ဇနီးက သူတို့၏ မြေးကို သေချာပေါက် မြင်ချင်သည့် အဖေကုနှင့် အမေကုကလည်း သူတို့ကလေးကို ပထမဆုံး မြင်ချင်နေသည်။ ကုဟိုင်ကမူ သူ၏ဇနီးနှင့် ကလေးကိုတစ်ပြိုင်နက်တည်း။ ဆိုရလျှင် သူတို့နောက်၌ ရပ်နေပြီး ထိုမိသားစု၏ ပျော်ရွှင်ဖွယ် မြင်ကွင်းကို အနည်းငယ် အားကျစွာ ကြည့်နေ၏။
” ဒေါက်တာ ယောင်္ကျားလေးလား မိန်းကလေး
လား ”
လူတိုင်းက သိချင်စိတ်ဖြင့် မေးလိုက်ကြ၏။ ဆရာဝန်က ပြုံးကာ ပြောလိုက်တော့သည်။
” မင်းသမီးလေးပါ။ ၁၇ ပေါင် ရှိပြီး အလွန်ကျန်းမာပါတယ် ”
လုဝမ်ဝမ်က အနည်းငယ် တောင်းပန်သွားပြီး ဖျော့တော့စွာ ပြောလိုက်၏။
” ယောင်္ကျား ကျွန်မ တောင်းပန်ပါတယ် ”
ကုဟိုင်သည် မိန်းကလေးများထက် ယောင်္ကျားလေးများကို ပိုတန်ဖိုးထားတတ်သူမဟုတ်မှန်း သိသည်။ သူက ယောင်္ကျားလေးတစ်ယောက် အမြဲတမ်း လိုချင်ရုံသာ ဖြစ်၏။ သို့မှသာ ဘောလုံးကန်ရန် မော်တော်ဆိုင်ကယ်စီးရန် သိုင်းပညာများ လေ့ကျင့်ရန် ခေါ်သွားနိုင်မှာပဲ ဖြစ်သည်။
ကုဟိုင်က သူမလက်ကို တင်းကြပ်စွာ ကိုင်ထားပြီး မျက်လုံး၌ မျက်ရည်ဆို့နေလေ၏။
” ငတုံးမလေး။ ဘာအဓိပ္ပာယ်မရှိတာတွေ ဘာတွေပြောနေတာလဲ။ မင်းအသက်နဲ့ရင်းပြီး မွေးထားရတဲ့ ကလေးလေးလေ။ ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် မင်းငါ့ကို ပေးတဲ့ အကောင်းဆုံး လက်ဆောင်လေးပဲ ”
လူသားများသည် အမြဲတမ်း ကြီးပြင်းလာ၏။ ကုဟိုင်သည် ယခင်ကကဲ့သို့ အမှားများသာ ပြုလုပ်ရန်သိသည့် မသိတတ်သော ရူးကြောင်ကြောင် ကောင်လေး မဟုတ်တော့ပေ။ သို့သော် ထိုမြင်ကွင်းကို ယဲ့ရှောင် မြင်တွေ့သည့်အခါ မည်သည့်အကြောင်းကြောင့်ရန် မသိ။ သူက သိပ်မခံစားနိုင်ပေ။
သူ့မျက်လုံးထောင့်က အနည်းငယ် ယားယံလာ၏။ သူ ထည့်ကြည့်မိလိုက်သည့်အချိန်၌ အနည်းငယ် စိုစွတ်နေတာ ဖြစ်သည်။
အခြားသူကြောင့် မဟုတ်။ သူ့အတွက် အနည်းငယ် ဝမ်းနည်းနေခဲ့သောကြောင့် ဖြစ်သည်။ သူ ပိုပိုသန်မာလာပြီး သူက မွေးဖွားခြင်း၊ ရင့်ရော်ခြင်း၊ နာမကျန်းခြင်း၊ သေခြင်းတရားများနှင့် ပိုဝေးလာ၏။ သို့သော်ငြား လူသားတစ်ယောက်ကဲ့သို့ နေနိုင်တော့မည့်ပုံမပေါ်ပေ။ ထိုအစား လူ့လောက၏ အထဲ၌ ရှိနေသည့် ခံစားချက်မျိုး ရလာပုံပေါ်၏။ ထိုခံစားချက်က သူ့ရှေ့ရှိ သက်ရှိ သတ္တဝါများအားလုံးသည် တဖြည်းဖြည်းချင်း ပုရွက်ဆိတ်များပမာ ဖြစ်သလိုပင်။ သင်က သူတို့နှင့် ပေါင်းစည်းချင်သည်ဆိုလျှင် ထိုသို့ ပြုလုပ်နိုင်မှာ မဟုတ်တော့ပေ။ သင်၏ အတွေး၊ သင်၏ စကား၊ သင်၏ အပြုအမူ၊ သင်၏ လှုပ်ရှားမှု။ အရာအားလုံးက ယခုဘဝ၌ သူတို့ရောက်နိုင်သည်ကို ကျော်လွန်နေလိမ့်မည်။ အံဝင်ခွင်ကျဖြစ်အောင် မည်သို့ နေရမည်နည်း။
ထိုအကြောင်းအရင်းကြောင့် သူသည် သာမန်ဘဝနှင့် အမြဲတမ်း နေချင်ခဲ့တာဖြစ်သည်။ အကြောင်းမှာ ခွန်အားတိုးလာခြင်းကြောင့် အနှေးနှင့်အမြန် ဤလောကထဲမှာ သူ ထွက်သွားရမည်။ ထိုအချိန်ကျလျှင် သူက လူသားတစ်ယောက် ဘဝကို နေထိုင်နိုင်မှာပဲ ဖြစ်သည်။
” ဝါး ”
ထိုစဥ် ကလေးလေးက စူးရှစွာ အော်ငိုလိုက်၏။ ကုဟိုင်က သူ့မိခင်၏ လက်ကနေ ကလေးကို အမြန်ယူလိုက်၏။
” ငါ လုပ်လိုက်မယ်။ အရင်က အဖေတွေ ပြုစုစောင့်ရှောက်ဖို့အတွက် ကျူတိုရီရယ်တွေ ကြည့်ထားတယ်။ မွေးကင်းစကလေးက ပတ်ဝန်းကျင်နဲ့ စိမ်းသက်နေသေးတယ်။ လူလည်း ရွေးတယ်။ ငါက သူ့အဖေဆိုတော့ သူ သေချာပေါက် ငါ့ကို မစိမ်းလောက်ဘူး ”
” ဝါး ”
လူတိုင်းက ခဏတာ တိတ်ဆိတ်သွားလေ၏။ ကုဟိုင်က ရှက်သွားပုံပေါ်သည်။ ပြီးနောက် သူက ချောင်းအနည်းငယ် ဟန့်လိုက်၏။
” အဟွန့် အဟွန့် အဟွန့်။ သူ အသားမကျသေးတာ ဖြစ်နိုင်တာပဲ ”
သို့သော် လူတိုင်းက အလှည့်ကျ ချီနေလေရာ ကလေးက ငိုနေသေးဆဲ ဖြစ်သည်။
” ဗိုက်ဆာတာလား ”
ကုက တွေးမိသွား၏။
” ဖြစ်နိုင်တယ် ”
” ဝမ်ဝမ်ကို လူနာဆောင်ထဲ အရင်ပို့ပေးလိုက်။ သူက မွေးခါစလေ။ ပြီးမှ နို့ဗူးသွားရှာဦးမယ် ”
လူတိုင်းက လုဝမ်ဝမ်နှင့် သူမ၏ သမီးလေးကို လူနာအခန်းဆီသို့ အမြန်သယ်သွား၏။
သို့သော် ကလေးက ငိုနေသေးဆဲ ဖြစ်သည်။
” ငါတို့ ဘာလုပ်သင့်လဲ။ သကြားရည်တချို့ သောက်ချင်တာများလား။ ဆရာဝန်ကို မေးထားတော့ ဆရာဝန်က အရင်ဆုံး သကြားရည်သောက်လို့ ရတယ်တဲ့ ”
လူတိုင်းက ရေနှင့် သကြားဖျော်လိုက်၏။ သို့သော် ကလေးက ငိုနေသေးဆဲ ဖြစ်သည်။
ယဲ့ရှောင်သည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကိုသုံးပြီး စစ်ဆေးလိုက်ရာ ကလေး ဘာမှမဖြစ်ကြောင်း သိလိုက်ရ၏။ သို့သော် သူမ၏ စိတ်ဝိညာဥ်က တုန်ယင်နေသည်။ သူမ မိခင် ဒဏ်ရာရစဥ်က သူမကို ကြောက်လန့်သွားစေတာ ဖြစ်လောက်သည်။
” ငါ ကြည့်ကြည့်မယ် ”
သူက မေးလိုက်၏။ ” ကလေးတစ်ယောက်ကို ဘယ်လို ချော့ရမလဲဆိုတာ သိလို့လား ”
အမေကုက အနည်းငယ် ဇဝေဇဝါဖြစ်နေစဥ် ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ကျွန်တော် စာအုပ်ထဲမှာ ဖတ်ထားတယ်။ လက်တွေ့မလုပ်ဖူးပေမဲ့ ပြဿနာ မရှိလောက်ပါဘူး။ နည်းနည်းပိုဂရုစိုက်လိုက်ရုံပဲ ”
” ဟုတ်ပြီလေ။ ဒါဆို ကြိုးစားကြည့် ”
အမေကုသည် ယဲ့ရှောင်၏ လက်ထဲ ကလေးကို ပေးလိုက်၏။ ယဲ့ရှောင်က ကလေးကို လက်လွှဲယူကာ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှု၏ ဝိညာဥ်စွမ်းအင်နှင့် ကောင်းကင်ပြုပြင်ခြင်းတို့၏ ငြိမ်းချမ်းသော စွမ်းအားကိုရောလျက် သူမကို နှစ်သိမ့်လိုက်၏။ မျက်တောင်တစ်ခတ်အတွင်း ကလေးက တိတ်သွားတော့သည်။
” ဟား ဟား ဟား ဟား ”
ပိုတောင် မယုံနိုင်စရာကောင်းသည်က ကလေးလေးသည် ညင်သာစွာ ရယ်မောပြီးနောက် အိပ်ပျော်သွားတာပဲ ဖြစ်သည်။ ယခုအချိန်၌ အားလုံးက အံ့သြသွားကြ၏။
” ဟိုလီရှစ် လောင်ယဲ့။ မင်းရဲ့ မိန်းကလေးထောင်ချီကြားမှာ နာမည်ကြီးတဲ့ စိတ်နေစိတ်ထားက မွေးကင်းစကလေးပေါ်မှာလည်း သက်ရောက်မှုရှိတယ်လား ”
ယဲ့ရှောင်သည် ငိုရမည်လား ရယ်ရမည်လား မသိတော့ပေ။
” လခွမ်း။ ခုနတုန်းက ငါ လန်းလန်းဆန်းဆန်း ပန်းတွေကို ယူလာတာကြောင့် ငါ့ကိုယ်ပေါ်မှာ လတ်ဆတ်တဲ့ပန်းရဲ့ မွှေးရနံ့ရှိနေသေးတာ ဖြစ်လောက်တယ်။ ပန်းရနံ့က လူတစ်ယောက်ရဲ့ စိတ်ကို ငြိမ်စေပြီး စိတ်တည်ငြိမ်စေတယ်လို့ စာအုပ်ထဲမှာ ပြောထားတာမလား ”
” အဲ့လိုလား။ ဒါဆို နောက်တစ်ခေါက်ကြ ငါ ပန်းတွေဝယ်ပြီး ကိုယ်ပေါ်မှာ ပွတ်ထားလိုက်မယ်။ ဒါမှ ပန်းရနံ့တွေ စွဲနေမှာ ”
” ဟုတ်သား။ မင်းက ကလေးရဲ့ ခေါင်းကိုင်ဖခင်ဆိုတော့ နာမည်တစ်ခုလောက် အရံပေးပါလား။ အချိန်ကျတဲ့အခါ ငါတို့ နာမည်တစ်ခု စဥ်းစားပြီး ကောင်းတဲ့ဟာလေး သုံးတာပေါ့ ”
” အဲ့လိုမလုပ်နဲ့။ နာမည်ပေးတဲ့နေရာမှာ ငါက အသုံးမကျဘူး ”
ယဲ့ရှောင်ကလည်း နာမည်ပေးသည့်အချိန်၌ သူ့ကိုသူ သတိပြုမိသည်။ ကုဟိုင် ထိုသို့ ပြောလိုက်ချိန်၌ သူ့စိတ်ထဲ၌ အမည်တချို့ ပေါ်လာပြီး ဖြစ်နေသောကြောင့် ဖြစ်သည်။
……….။
ထိုနာမည်အချို့ ပြောခဲ့လျှင် သူ အရိုက်ခံရမှာ စိုးရိမ်မိသည်။ ထို့ကြောင့် သူ မပြောတော့ပေ။ အတော်ကြာနေပြီးနောက် ယဲ့ရှောင်သည် ညစာစားရန်အတွက် ကုဟိုင်၏ ဖိတ်ကြားမှုကို ငြင်းဆန်ခဲ့၏။ ယခုက မိသားစုဆုံဆည်းသည့် အချိန်ဖြစ်သည်။ သူ့ကဲ့သို့ အပြင်လူတစ်ယောက် ဝင်ပါခြင်းက မသင့်တော်ပေ။ ကလေးအတွက် စာအုပ်နီကို ထားခဲ့ပြီး သူ အသိအမှတ်ပြုမှု တံဆိပ်အနေ
ဖြင့် ထား၏။ ဆင်ခြေဆင်လက်ပေးပြီးနောက် သူ အလုပ်သွားစရာ ရှိသေး၏ ဆိုသည့်အကြောင်းကို စာချန်ထားခဲ့သည်။ အမှန်တကယ်တွင် ယဲ့ရှောင်က အလုပ်တစ်ခု ရှိ၏။ မနက်ဖြန်မှာ အလုပ်စရမည်ဖြစ်သော်ငြား ယနေ့တွင် သူ၏ မွေးမြူသည့် အစီအစဥ် စတင်ရမည်။ ယခုအချိန်၌ သူ၏ ကျင့်ကြံဆင့် အဆင့်တက်ရန်က ခက်ခဲပြီးရင်း ခက်ခဲလာလေ၏။
ယဲ့ရှောင်က ရှန်းထျန်းအဌမအဆင့်မှ ရှန်းထျန်းနဝမအဆင့်သို့ အဆင့်တက်ရန် လိုအပ်သည့် ခွန်အားက ရှန်းထျန်းသတ္တမအဆင့်မှ ရှန်းထျန်းအဌမအဆင့်သို့ အဆင့်တက်ခြင်းထက် ဆယ်ဆ ပိုလိုအပ်ကြောင်း ခံစားမိသည်။ ယင်းက ဝိညာဥ်စွမ်းအင်ပမာဏများစွာ လိုအပ်သည်။ ထို့ကြောင့် ကြယ်တာရာသားရဲများကို အသက်သွင်းသည့် သူတို့ကို မွေးမြူသူက နေ့စဥ်နေ့တိုင်း လေကျင့်ရန်အတွက် သူတို့အသားများကို ဖြတ်တောက်ပြီး သူတို့ ဝိညာဥ်စွမ်းအင်များကို ပျိုးထောင်ကာ သူ၏ ကျင့်ကြံမှုအတွက် အရေးကြီးလာသည်။ သို့သော် မည်သည့်နေရာတွင် သူက မွေးမြူရေး လုပ်ရမည်နည်း။ ဆိုရလျှင် ၄င်းက အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲအချို့ ဖြစ်၏။ သူတို့က ကြက်ပေါက်လေးများ မဟုတ်ပေ။ ထို့ကြောင့် လှောင်အိမ်တစ်ခု အလုပ်ဖြစ်မှာ မဟုတ်ချေ။

အပိုင်း ၁၇၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset