Switch Mode

Chapter – 10

အထူး လေးစားခံရခြင်း

Chapter – 10 အထူး လေးစားခံရခြင်း

ချင်းရန်ကီကလက်နှစ်ဖက်လုံးဖြင့်ပုဆိန်အား
တင်းကြပ်စွာဆုပ်ကိုင်ထားလေသည်။သူကဂျင်ချန်အားလေ့လာအကဲ့ခတ်နေပြီးဒီတစ်ကြိမ်မှာတော့ ဂျင်ချန်အားအထင်မသေးရဲတော့ပေ။ချင်းရန်ကီဂရုတစိုက်ဖြင့်ဖြေးဖြေးလေးလှုပ်ရှားနေလေသည်။

ချင်းရန်ကီ၏ပုံစံအားကြည့်ကာ
ဂျင်ချန်ရယ်ခြင်စိတ်ပေါက်သွားသည်။“တတိယအကို.ငါတိုစတိုက်လို့ရပြီလား’
ချင်းရန်ကီကပုဆိန်အားတင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး ဒီတစ်ကြိမ်မှာတော့သူကသူတော်စင်စွမ်းအားကို
သုံး၍ဂျင်ချန်စီပြေးဝင်သွားလေသည်။ခုနကထက်
မြန်ဆန်သောအမြန်နှုန်းဖြင့်ပုဆိန်နှင့်ပိုင်းလိုက်ပြန်သည်။
ဂျင်ချန်သစ်ကိုင်းခြောက်လေးအားဖြေးညင်းစွာ
ဝေ့ရမ်းလိုက်သည်။သူစိတ်အစဉ်ကသိသိသာသာကြည်လင်
နေပြီး ထိုသစ်ကိုင်းခြောက်လေးနှင့်သူနှင့်ဆက်နွယ်မှုကိုခံစားလိုက်ရသည်။ဒီတစ်ကြိမ်မှာတောဂျင်ချန်
သူအရင်ဘဝကသေခါနီးအချိန်တွင်ရရှိခဲ့သော
စိတ်ခံစားချက်မျိုးပြန်ပေါ်လာလေသည်။ထိုအချန်ကသူ ဓားနတ်ဘုရားအဆင့်၏ထူးဆန်းကြီးကျယ်သော
စွမ်းအားကိုပြန်လည်ခံစားမြင်ယောင်မိသည်။သူနောက်ဆုံးမှာတော့စိတ်ဝိညာဉ်ဖြင့်
ဓားအားထိန်းချုပ်နိုင်သွားပြီးမီတာ၁၀၀ခန်အကွာမှာရှိသည့်သူရန်သူ

၏လည်ပင်းအားထိုးခွဲနိုင်လိုက်လေသည်။
ထိုအချိန်ကထိုခံစားချက်လေးအား
ဂျင်ချန်ပြန်လည်ခံစားရင်းသူလက်ထဲရှိသစ်ကိုင်းခြောက်လေးအား
ချင်းရန်ဘီစီသိုပစ်လွင့်လိုက်သည်။
“ဝစ်စ်စ်…!”
ဂျင်ချန်၏စိတ်ခံစားချက်အတိုင်း
သစ်ကိုင်းခြောက်လေးသည်အသက်ရှိသည့်ဟန်ဖြင့်ချင်းရန်ကီစီသို့အလွင်လျင်မြန်သောနှုန်းဖြင့်
ပြေးဝင်သွားလေသည်။သစ်ကိုင်းခြောက်လေးသည်အဖြူရောင်အလင်းတန်း
လေးအဖြစ်သို့ပြောင်းလည်းသွားပြီး
အလင်း၏အမြန်နှုန်းဖြင့် ပျံသန်းသွားလေသည်။အင်အားကောင်းသည့်
ဓားချီတို့ကသစ်ကောင်းခြောက်လေးစီကနေ စိမ့်ထွက်နေပြီးမျက်တောင်တစ်ခါခတ်စာမျှအချိန်အတွင်း
ချင်းရန်ကီ၏ဗိုက်နားသို့ချဉ်းကပ်သွားသည်။ သစ်ကိုင်းခြောက်လေးတွင်ပါဝင်သွားသော
ဓားချီပမာဏနှင့်၎င်း၏လမ်းကြောင်းအာဂျင်ချန်သိလိုက်

ရသောအခါထိပ်ထိပ်ပြာပြာဖြစ်သွားသည်။သူအသဲအသန်သစ်ကိုင်းခြောက်လေးအားယင်း၏ပစ်မှတ်
စီသို့မရောက်ခင်တားဖကြိုးစားလိုက်သည်။ အကယ်၍ထိုသစ်ကိုင်းခြောက်လေးကို
သာမတားနိုင်လိုက်ရင်
ချင်းရန်ကီ၏ ဗိုက်အားထိုးဖောက်ဝင်ရောက်ကာအသက်သေဆုံးသွားမည် ဖြစ်သည်။ ချင်းရန်ကီအသက်မသေ
ခဲ့လျင်တောင်ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားနိုင်ပြီး
ဒါဟာဂျင်ချန်အတွက်ကြီးမားစွာတက်မည့်ပြသာနာဖြစ်
လေသည်။
သစ်ကိုင်းခြောက်က
ချင်းဂျင်ကီ၏ဗိုက်နားသိုရောက်သွားသော
အခါအရှိန်လျှော့ကျသွားသည်။သိုသော်လည်းဗိုက်အားအနည်းငယ်မျှ
ဆက်လက်ထိုးဖောက်ဝင်ရောက်သွားသည်။ဂျင်ချန်တာသစ်ကိုင်းခြောက်ကိုလျင်မြန်စွာ
မထိန်းချုပ်မတားစည်းခဲ့ဘူးဆိုလျင်ချင်းရန်ကီ၏ဗိုက်ကိုထုတ်ချင်းပေါက်သွားမည်ဖြစ်သည်။

ထိုကဲ့သိုဖြစ်သွားပါကဂျင်ချန်အတွက်ပြသာနာသည်
သေးသေးမဟုတ်အလုံးလိုက်ကိုတက်မည်ဖြစ်သည်။သူခေါင်းက ချွေးအားလက်ဖြင့်သုတ်လိုက်ပြီး ဂျင်ချန်သစ်ကိုင်းခြောက်နှင့်သူနှင့်ကြားကသေးငယ်သော
စိတ်ဝိညာဉ်ဆက်နွယ်မူအားသတိပြုလိုက်သည်။
ထိုနောက်သစ်ကိုင်းခြောက်ကချင်းရန်ကီ၏
အရေပြားအား
အနည်းငယ်မျှထိုးဖောက်ရုံမှန်းစစ်ဆေးသိရှိလိုက်မှဂျင်ချန်စိတ်အေးသွားသည်။
သူဗိုက်ကနာကျင်မူကြောင့်ချင်းရန်ကီ
မျက်နှာဖြူဖတ်ဖြူရော့ဖြစ်လာသည်။သူ့ဗိုက်ကို
ငုံကြည့်လိုက်သောအခါသွေးများယိုစီးလာတာကို
တွေ့လိုက်ရလေသည်။သူမျက်နှာပျက်သွားပြီး စတင်ငိုကြွေးတော့သည်။
“သွေး…သွေးငါသွေးထွက်နေပြီဝါးးးးးးး၊
လေးယောက်မြောက်ညီမင်းငါကိုလုပ်တယ်….အမေ
မေမေ၊
ငါ့အမေကိုသွားတိုင်မယ်ဒီအကြောင်းကို
….လေးယောက်မြောက်ညီမင်းင့ါကိုရိုက်တယ်။” ချင်းရန်ကီချက်ချင်းငိုရုံသာသိသော

ကလေးတစ်ယောက်အဖြစ်သိုပြောင်းလဲသွားသည်။
သူလက်ထဲကပုဆိန်အားလွှတ်ချလိုက်ပြီး
ပန်းခြံထဲကနေပြေးထွက်သွားလေသည်။ချင်းရန်ကီကအသက်၁၀နှစ်အရွယ်သာရှိသေး
သည့်ကလေးတစ်ယောက်မှတ်လား
ထိုကဲ့သိုဖြစ်ရပ်မျိုးကိုသူမခံနိုင်သေးချေ။
ချင်းရန်ကီအဝေးသို့ပြေးသွားတာကိုကြည့်ရင်းဂျင်ချန်
ခေါင်းတစ်ချက်ခါရမ်းကာပန်းခြံအပြင်သို့ လမ်းလျှောက်ထွက်ခဲ့လေသည်။သူစိတ်ထဲ
နည်းနည်းတော့ဆိုးရိမ်မိသလို့ခံစားရ၏။မည်ကဲ့သို့
ပြစ်ဒဏ်ပေးမူ ကိုသူခံရမည်ကိုမသိပေ။“ဘာချင်းဘီမင်းငါ့ကိုနောက်နေတာလား?”
စာဖတ်ခန်းအတွင်းတွင်ချင်းရန်ကလန်ခေါင်းဆောင်ချန်းရန်ဘေအံအားသင့်စွာထိုင်နေရာမှ
မတ်တပ်ရပ်လိုက်လေသည်။သူရှေ့က အဖိုးအိုအားကြည့်ရင်း
သူကြားလိုက်သည့်အရာကိုချင်းရန်ဘေမယုံနိုင်ပေ။သူရှေ့မှာမတ်တပ်ရပ်နေသည့်သူသည်
ချင်းရန်ကလန်၏အိမ်တော်ထိန်းဖြစ်သူချင်းဘီဖြစ်သည်။

ချင်းဘီက“ဟုတ်တယ်သခင်ကြီးကျွန်တော်လည်း
ကြားကြားချင်းတုန်းက ဒီကိစ္စကိုမယုံနိုင်ဘူး။ဒါပေမယ့်ဒါကမီးဖိုချောင်တစ်ခုလုံးမှာရှိတဲ့အစေခံတွေအကုန်လုံး
မြင်ကြတယ်။လေးယောက်မြောက်သခင်လေးက
ပေါင်တစ်ရာလောက်ရှိတဲ့အစေခံကို
ငါးမီတာလောက်ဝေးအောင်ကိုင်ပေါက်လိုက်ပါတယ်။
ပိုပြီးစိတ်ဝင်စား
ဖိုကောင်းတာကထိုအစေခံက
သူတော်စင်စွမ်းအားအလွှာအဆင့်သုံးကိုရောက်နေပါပြီ’” ချင်းဘီ၏ စကားအားကြားလိုက်ရသောအခါ ချင်းရန်ဘေမျက်လုံးပြူးသွားလေသည်။ဒါကသိပ်ကို
မယုံနိုင်စရာကောင်းတဲ့သတင်းမှတ်လား။
ချင်းဘီကခဏလောက်ရပ်လိုက်ပြီးဆက်ပြောလေသည်“ပြီးတော့သခင်ကြီးလေးယောက်မြောက်သခင်လေး
နဲ့တတိယမြောက်သခင်လေးတို့သိုင်းဖလှယ်တာ
လေးယောက်မြောက်သခင်လေးကသစ်ကိုင်းခြောက်လေး
တစ်ခုတည်းနဲ့တတိယမြောက်သခင်လေးကို ဒဏ်ရာရအောင်လုပ်လိုက်နိုင်တယ်”

‘”ဘာရှမ်းအာနဲ့ကီအာတိုက်ခိုက်တာရှင်းအာက
နိုင်တဲ့သူဟုတ်လား”ချင်းရန်ဘေမျက်လုံးအတွင်းအရောင်အမျိုးမျိုးပြောင်းသွားလေသည်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း’“ရှင်းအာက
သူတော်စင်စွမ်းအားမသုံးနိုင်တဲ့သူလေ။ပြီးတော့
ကီအာကအသက်၃နှစ်ပိုကြီးတယ်။ပြီးတော့
သူတော်စင်စွမ်းအားလွှာအဆင့်၃ကိုရောက်ပြီးသား
နေ့တိုင်းလည်းလေ့ကျင့်နေတယ်ဒါတောင်ရှင်းအာကို
နိုင်အောင်မချနိုင်ဘူး။”
ချင်းဘီကသူအင်္ကျံလက်အောက်ကနေသစ်ကိုင်းခြောက်လေးအားထုတ်ကာချင်းရန်လေကိုပေးလိုက်သည်။
‘သခင်ကြီးဒါကလေးယောက်မြောက်သခင်လေးသုံးတဲ့ သစ်ကိုင်းခြောက်ပဲ”
ချင်းရန်ဘေကလက်ချောင်းလောက်သာရှိသောသစ်ကိုင်းခြောက်လေးအားကြည့်လိုက်ရာ
ခြောက်သွေ့နေ
သောသွေးစအချို့ကိုသတိပြုမိလိုက်သည်။

ချင်းရန်ဘေကသစ်ကိုင်းခြောက်တွင်ရှိသော
သွေးစလေးများအားသတိထားကြည့်လိုက်ပြီးသူမျက်နှာပေါ်က
ခံစားချက်အမျိုးမျိုးကိုဖုန်းကွယ်လိုက်ပြီး“ချင်းဘီ
…..ကီအာကော်အဆင်ပြေရဲ့လား”
“အရေပြားပွင်းသွားတာကလွဲလို့တတိယသခင်လေး အားလုံးကောင်းပါတယ်”ချင်းဘီပြန်ဖြေလိုက်သည်။ချင်းရန်ဘေသူခေါင်းအားတဖြေးဖြေးညိမ်လိုက်ပြီး“
ချင်းဘီဒီသစ်ကိုင်းခြောက်လေးကဘာမှမထူးခြားဘူး။အထိပ်ပိုင်းကလည်းချွန်ထက်မနေဘူး။
ဘယ်လိုပဲလုပ်လုပ်ရှင်းအာရဲ့အင်အားနဲ့ကီအာကို ဒဏ်ရာရအောင်
လုပ်လိုမရဘူး။”
ချင်းဘီခေါင်းညိမ့်သဘောတူလိုက်ပြီး
‘သခင်ကြီးတစ်ကယ်လို့လေးယောက်မြောက်သခင်လေးက
ဒုက္ခိတမဟုတ်ပဲသူတော်စင်စွမ်းအင်ကို
လေ့ကျင့်လို့ရမလားမသိနော်။
အဲ့ဒီသူတော်စင်စွမ်းအင်စစ်ဆေးတဲ့

နေ့တုန်းကအမှားတစ်ခုခုရှိနေတာဖြစ်နိုင်တယ်။
ပြီးတော့ဒီနေ့လေးယောက်မြောက်သခင်လေး
ပြသွားတဲ့သန်မာမှုက
သူတော်စင်စွမ်းအားအလွှာ၎ဆင့်မြောက်ကို
ရောက်ပြီးသားအင်အားမျိုးပဲ။မဟုတ်ရင်
လေးယောက်မြောက်သခင်လေးက
သုံးယောက်မြောက်သခင်လေးကိုဘယ်လိုမှနိုင်မှာမဟုတ်ဘူး’
“ချင်းဘီမင်းပြောသလိုဆိုရင်ရှင်းအာက
လေ့ကျင့်လို့မရတာမဟုတ်တဲ့အပြင် ပါရမီရှင်လို့တောင်ပြောလို့
ရတယ်။” ချင်းရန်ဘေ၏
အသံကနည်းနည်းတုန်ခါသွားသည်။အသက်၇နှစ်နှင့် သူတော်စင်စွမ်းအားလွှာအဆင့်၎ဆိုတာ
တန်းရန်တိုက်ကြီးတွင်ပါရမီရှင်များသာစွမ်းဆောင်နိုင်လေသည်။
ချင်းဘီက“လေးယောက်မြောက်သခင်လေးက
ဒုက္ခိတလိုစစ်ဆေးတွေ့ရှိပေမယ့်ကျွန်တော်ကတော့ ဒီကိစ္စကို

နည်းနည်းထူးဆန်းတယ်လိုခံစားမိတယ်။
နောက်ဆုံးမှာတော့ကျွန်တော့်ရဲ့သံသရကို
ဒီနေမှာတော့ချေဖျက်နိုင်လိုက်ပြီ။သိပ်သေချာတာပေါ့
လေးယောက်မြောက်သခင်လေးကပါရမီရှင်ဆိုတာ”ချင်းရန်ဘေ၏ရင်ထဲတွင်ဗျောင်းဆန်နေသည်။
သူတစ်ခုခုမပြောခင်အစေခံတစ်ယောက်ရောက်လာပြီး
“သုံးယောက်မြောက်သခင်လေးဒဏ်ရာရသွားလို့ သုံးယောက်မြောက်သခင်မလေးကသခင်ကြီးကိုလာခဲ့စေချင်နေတယ်”
“ငါနားလည်ပြီ မင်းသွားလိုရပြီ” ချင်းရန်ဘီကသူလက်အားဝေ့ယမ်းလိုက်သည်။
“ဟုတ်ကဲ့သခင်ကြီး”ဟုဆိုကာထိုအစေခံ
ပြန်ထွက်သွားသည်။
ချင်းရန်ဘေကအိမ်တော်ထိန်းကြီးအား
ပြန်ကြည့်လိုက်ပြီး“ချင်းဘီအကောင်းဆုံးကတော့ငါတို့ ရှင်းအာကို
ပြန်စစ်ဆေးကြည့်ကြရအောင်”သူကဂျင်ချန်အား အချိန်ကြာမြင့်စွာလျစ်လျူရှုထားမိခြင်းကို
စိတ်ထဲတွင်လည်း

နှောင်တရနေသည်။“ချင်းဘီပြီးတော့ရှင်းအာကို
ရန်စရဲတဲ့အစေခံနှစ်ယောက်ကိုငါ့စံအိမ်ကနေ
နှင်ထုတ်လိုက်။”ဟုပြောလိုက်လေသည်။ချင်းဘီကရယ်လိုက်ပြီး“သခင်ကြီး
အဲ့ဒီအစေခံနှစ်ယောက်ကိုနှင်ထုတ်ပြီးပါပြီ။
သူတို့နှစ်ယောက်လုံး
ချင်းရန်စံအိမ်ကို ခြေခြရဲတော့မှာ မဟုတ်ပါဘူး။”အခန်းတစ်ခုအတွင်းတွင် ချင်းရန်ကီ လှဲနေသည်။သူမျက်နှာကဖြူဖတ်ဖြူရော့ဖြစ်နေပြီးသူဗိုက်က ဒဏ်ရာကို
ငုံကြည့်နေလေသည်။အိပ်ရာလေးတွင်သူအမေ ယုဖန်ဟန်ကစိတ်ဖိစီးနေသည့်
ဟန်ဖြင့်သူသားအားကြည့်
နေလေသည်။သူမနှင့်မလှမ်းမကမ်းတွင်ဂျင်ချန်၊
ဘီရင်တန်နှင့်ပထမအဒ်ါလင်းလောင်၊ဒုတိယအဒေါ်ဘီယုရန်၊ဒုတိယအမချင်းရန်မင်းယုတို့ကလည်း
အိပ်ယာဘေးတွင်မတ်တပ်ရပ်လျက်ရှိသည်။ယုဖန်ဟန်ကဒေါသထွက်နေသည့်မျက်လုံးဖြင့်
ဘီရင်တန်အားကြည့်ကာ“လေးယောက်မြောက်အမနင့်ရဲ့ရတနာသားလေးကပိုပြီးပိုပြီး

ရမ်းကားလာတယ်နော်။ဒီလောက်အန္တရယ်ရှိတဲ့
လက်နက်နဲတိုက်ခိုက်တယ်။
ကံကောင်းတာကငါ့ကီအာလေးသေလောက်အောင်ဒဏ်ရာမပြင်းထန်တာပဲ”
ဂျင်ချန်ကသူမစကားအားလက်မခံနိုင်ပေ။
“ဒါမဖြစ်နိုင်ဘူး၊ကျွန်တော်ကိုအပြစ်တင်လိုမရဘူးလေ
တတိယအကိုကအရင်လာစိမ်ခေါ်တာပြီးတော့ကျွန်တော်သုံးတာသစ်ကိုင်းခြောက်လေး။
တကယ်လို့အပြစ်တင်ချင်ရင်တောင်မှတတိယအကို
လေ့ကျင့်မှုအားနည်းတာကိုသာအပြစ်တင်သင့်တယ်။”ယုဖန်ဟန်ကမျက်နှာပျက်သွားသည်။
ဂျင်ချန်ပြောတာကိုသူမမငြင်းနိုင်ပေ။ပြီးတော့ ကလေးတစ်ယောက်နှင့်
ဒီအသင်အရွယ်ကြီးမှလည်းရန်ယှဉ်ဖြစ်၍မကောင်းချေ။ “အပြစ်တင်ချင်ရင်တတိယအကိုရဲ့လေ့ကျင့်မှုအားနည်းတာကိုအပြစ်တင်ဆိုသောစကားကယုဖန်ဟန်၏
မျက်နှာအားအစိမ်းရောင်တောက်သွား
စေသည်။ဆိုလိုတာကသူ့လိုလေ့ကျင့်လို့မရတဲ့ သူတစ်ယောက်ကိုတောင်

နိုင်အောင်မလုပ်နိုင်သောချင်းရန်ကီသည်ဒုက္ခိတထက်
ပိုညံ့ကြောင်းပြောလိုက်သလိုပင်။
ဂျင်ချန်၏စကားနဲ့ယုဖန်ဟန်နှိပ်ကွက်ခံလိုက်ရသည် အဖြစ်ကိုဘီရင်တန်မထိန်းနိုင်ပဲ
ရယ်ကျဲကျဲဖြစ်သွားသည်။လင်းလောင်ကတော့
ဘာခံစားချက်မှသူမမျက်နှာတွင်မပြပေ။

အပိုင်း ၁၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset