စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၆၉ ဓါးမော့ဓါးဝိဇ္ဇာကို ထည့်မပြောနဲ့ဦး။
လူတိုင်း၏ အဆင့်တက်မှုက ဆက်လက်ဖြစ်ပွားနေပြီး ထိတ်လန့်မှုက မပျောက်ကွယ်သွားသေးပေ။
ယဲ့ရှောင်အကြောင်း ဆွေးနွေးမှုက နေရာအနှံ့ ရှိနေ၏။
လျိုချန်စွင်းနှင့် ယဲ့ရှောင်ကြားရှိ တိုက်ပွဲကြောင့် အစွမ်းထက်သည့် သံလိုက်စက်ကွင်း နှောက်ယှက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် အစောတုန်းက ယဲ့ရှောင်၏ မင်သက်ဖွယ် တိုက်ကွက်ကို အင်တာနက် အသုံးပြုသူများစွာက မတွေ့ခဲ့ရပေ။ ထိုစဥ် ဖန်သားပြင်တစ်ခုလုံးက အမေးထုတ်မှု ပြည့်နေလေ၏။
” ဘာတွေဖြစ်ကုန်တာလဲ။ ဘယ်သူနိုင်သွားတာလဲ။ လျိုချန်စွင်းလား ဒါမှမဟုတ် ဓါးမော့ဓါးဝိဇ္ဇာ
လား ”
” ဓါးမော့ဓါးဝိဇ္ဇာ နိုင်သွားတာ။ ငါတို့ စီရင်စု၉ခုရဲ့ ဓါးမော့ဓါးဝိဇ္ဇာ နိုင်သွားတာ။ သူက နှင်းဆီတစ်ပွင့်နဲ့ နိုင်သွားခဲ့တယ် ”
” ဖ .. အံ့သြဖို့ကောင်းလိုက်တာ။ တကယ်ကြီးလား ”
” အဲ့လူတွေ ကန်းနေတာလား။ လျိုချန်စွင်းက မြစ်ဘေးမှာ ဒူးထောက်ပြီး သွေးအန်နေတာ မတွေ့ကြဘူးလား ”
” ဖ ဖ ”
” တစ်ခွန်းတည်းပဲ ပြောလိုက်မယ်။ သိပ်အံ့သြဖို့ကောင်းတယ် ”
” ဒီနေ့ကစပြီး ငါ့မှာ စံထားစရာ ပုဂ္ဂိုလ်အသစ်ရှိပြီ။ ဓါးမော့ဓါးဝိဇ္ဇာပဲ။ ငါ့ရဲ့ i dolကို စော်ကားရဲတဲ့ ဘယ်သူပဲဖြစ်ဖြစ် ငါ့ရဲ့ ဇစ်ကြိုးကို ဖြည်ပြီး ငါ့ရဲ့ လှံတံနဲ့ သူ့ကို တိုက်ခိုက်မယ် ”
လူတိုင်းက စိတ်လှုပ်ရှားနေ၏။ ထိုပြောင်မြောက်သည့် ဓါးသိုင်းကွက်ကြောင့် သူတို့သွေးများ ဆူပွက်ကုန်၏။ မပျော်နိုင်သည့်သူက တစ်ယောက်ရှိသည်။ ထိုလူက လျိုချန်စွင်း မဟုတ်ပေ။ အကြောင်းမှာ သူက ရှုံးပြီးသား ဖြစ်သည်။
အပြည့်အဝ ရှုံးနိမ့်သွား၏။ သူက အနည်းငယ်သာ ရှုံးနိမ့်ခဲ့လျှင် မလိုလားမှု ခံစားရလောက်သည်။ သို့သော် သူ ရှုံးနိမ့်သွားသည်က မြန်ဆန်လွန်းသည်။ သူက လုံးဝရှုံးနိမ့်သွားသောကြောင့် လက်မခံနိုင်စရာ အကြောင်းမရှိပေ။ မပျော်ရွှင်သည့်သူက မူရာကာမီပေ့ချွမ်ပဲ ဖြစ်သည်။
အစက သူသည် အနည်းငယ် ဒေါသထွက်ခဲ့၏။ ဆိုရလျှင် သူ၏ တပည့်ကို စီရင်စု၉ခု၏ လူက သတ်သွားခဲ့တာပဲ ဖြစ်သည်။ သူ၏ ကိုယ်ပိုင် မျက်နှာအတွက်ဆိုလျှင်တောင် သူက ရောက်လာပြီး ယဲ့ရှောင်ကို စာရင်းရှင်း၏။ သို့သော်ငြား သူက ရောက်လာပြီး ယဲ့ရှောင်နှင့် တိုက်ခိုက်သည့် အနေအထားထိ မရောက်သေးပေ။
နက်ဝေါ့ပေါ်ရှိ ဝင်ရောက်တိုက်ခိုက်မှု၏ videoကို သူမြင်တွေ့ခဲ့သောကြောင့် ဖြစ်သည်။ သူ့တပည့် သေသွားခြင်းက သေသင့်ကြောင်း သူ သိနေ၏။ သူလာရသည့် အကြောင်းအရင်းမှာ လျိုချန်စွင်းလည်း လာမည်ဆိုတာကို သိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူက ဤအခွင့်အရေးကို ယူကာ သူ့ကို အမြတ်ထုတ်ချင်၏။
သူအတွေးများအရ လျိုချန်စွင်း ရောက်လာပြီး ဖြစ်သောကြောင့် သူက တစ်ဖက်လူကို လျိုချန်စွင်းနှင့်အတူ တိုက်ခိုက်ခိုင်းပြီး လျိုချန်စွင်း အနိုင်ရသွားခဲ့လျှင် သူ လှုပ်ရှားတော့မှာ မဟုတ်။ ဤနည်းဖြင် ကြွားလုံးထုတ်ရန် အခြေအနေကို အမြတ်ထုတ်ပြီးနောက် သူက စီရင်စု၉ခုနှင့် လက်ရေးယှဥ်ခဲ့ကြောင်း အလွန်ခမ်းနားကြီးကျယ်ဖွယ်ကောင်းကြောင်း ပြောလိမ့်မည်။ ဤအတိုင်းသာဆိုလျှင် သူက တစ်ကမ္ဘာလုံး၌ မျက်နှာသာပေးမှုများ ရမှာသေချာ၏။
လျိုချန်စွင်း ရှုံးနိမ့်သွားလျှင် မည်သို့ ဖြစ်မည်နည်း။ ထိုသို့ဆိုလျှင် အနည်းဆုံးတော့ သူက ယဲ့ရှောင်၏ ခွန်အားကို အနည်းနဲ့အများ ရိတ်သိမ်းနိုင်လိမ့်မည်။ ထိုအချိန်ကြ သူ ထပ်မံ လှုပ်ရှားသည့်အခါ ယဲ့ရှောင်ကို သေချာပေါက် အနိုင်ရမည်ဟုလည်း အာမခံနိုင်၏။
သူက ဟန်ဆောင်နေသေးတာပဲ ဖြစ်သည်။ အဆုံးတွင်မူ လျိုချန်စွင်းကို ယဲ့ရှောင်က ဓါးတစ်ချက်တည်းဖြင့် အနိုင်ယူသွားလိမ့်မည်ဟု သူ မထင်ထားပေ။ သူ မည်ကဲ့သို့ လှုပ်ရှားရတော့မည်နည်း။ လျိုချန်စွင်းက အဆင့် ၄၉ဖြစ်ပြီး သူ့အဆင့်ထက် တစ်ဆင့်ပိုမြင့်၏။ တစ်နည်းဆိုရလျှင်
လျိုချန်စွင်း၏ ခွန်အားက သူ့ခွန်အားထက် အနည်းငယ် ပိုမြင့်သည်။ ယခုအချိန်၌ သူ့ထက် ပိုအနည်းငယ် ပိုအစွမ်းထက်သော လျိုချန်စွင်းက ရှုံးနိမ့်သွားပြီ ဖြစ်သည်။ သူ့စိတ်ထဲရှိ တွက်ချက်မှုအရ
ဓါးမော့ဓါးဝိဇ္ဇာ၊ လျိုချန်စွင်း၊ သူကိုယ်တိုင်၊ ဓါးမော့ဓါးဝိဇ္ဇာ၊ သူကိုယ်တိုင်။
သူ ကံဆိုးမိုးမှောင်ကျပြီ ဖြစ်သည်။ သူ မတိုက်ခိုက်နိုင်ပေ။ လုံးဝ မတိုက်ခိုက်နိုင်။ သူ့ဦးနှောက် မပြတ်သားသရွေ့ တိုက်ခိုက်မှာ မဟုတ်ပေ။
လူတိုင်းက ဓါးမော့ဓါးဝိဇ္ဇာ၏ အောင်မြင်မှုကို မင်သက်နေတာကို အခွင့်ကောင်းယူပြီး သူကတိတ်တဆိတ် ခိုးထွက်လိုက်၏။ သူ၏ ပုံရိပ်ကို မည်သူမှ မတွေ့ရသည့် နေရာ၌ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားသည်။ သို့သော် သူပြေးချင်သော်ငြား ရှီကွမ်းဟောင်နှင့် လန်ရှင်းယွဲ့တို့က ဤနေရာတွင် ရှိနေ၏။
စီရင်စု၉ခုက လွတ်ထားသည့် အံ့ဖွယ်ဂိုဏ်းနှစ်ဦးသည် သူနှင့် လျိုချန်စွင်းကို ထောက်လှမ်းနေသည်။ ထို့အပြင် သူတို့က အံ့ဖွယ်ဂိုဏ်းများ ဖြစ်ကြ၏။ မူရာကာမီသည် ကျန်သည့်သူများ၏ အမြင်ကနေ ပုန်းကွယ်နိုင်လျှင်တောင် ထိုလူနှစ်ယောက်၏ မျက်စိရှေ့ကနေ မပုန်းကွယ်နိုင်ပေ။
” မူရာကာမီလည်း လှုပ်ရှားပြီး သူ လှုပ်ရှားဖို့
အသင့်ဖြစ်နေတဲ့ပုံပဲ ”
” ”
ပြီးနောက် သူ ပေါ်သွား၏။
” အဟွန့် အဟွန့် ”
သူက ချောင်းနှစ်ချက်ခန့် ဟန့်ပြီးနောက် ပြောလိုက်၏။
” တကယ်တော့ ကျုပ်က လွန်ခဲ့တဲ့နှစ်ရက်တုန်းက ဓါးမော့သိုင်းကို အမြင်သစ်တချို့ ရလာပြီး ကျုပ်ရဲ့ အခြေအနေက မတည်ငြိမ်ဘူးလေ။ အခု ဒါကို ဂရုတစိုက် စဥ်းစားမိတော့ အရင်ဆုံး ပြန်သွားပြီး ကျုပ်ရဲ့ အခြေအနေကို တည်ငြိမ်အောင် လုပ်သင့်တယ်။ ပြီးမှ မင်းတို့ စီရင်စု၉ခုရဲ့ ဓါးမော့ဓါးဝိဇ္ဇာနဲ့ လက်ရည်ယှဥ်ဖို့ ပြန်လာခဲ့မယ်။ ဒီလိုဆိုရင် တစ်ယောက်နှင့်တစ်ယောက် ပျော်နိုင်ပြီပေါ့ ”
ရှီကွမ်းဟောင်နှင့် လန်ရှင်းယွဲ့တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်၏။ သူတို့မျက်လုံးထဲ၌ လှောင်ပြောင်မှုများ မြင်နေရသည်။
” ရယ်စရာပဲ။ မင်းကိုမင်း ဘယ်သူထင်နေလဲ။ ကျယ်ဝန်းတဲ့ စီရင်စု၉ခုက မင်းကြိုက်သလို ဝင်ထွက်သွားလာလို့ရတဲ့မြန်း ထင်နေလား။ ဒဏ်ရာရသွားတဲ့သူက လျိုချန်စွင်းမဟုတ်ပဲ ဓါးမော့ဓါးဝိဇ္ဇာလားဆိုရင် မင်း အခုလောက်ဆို တိုက်ခိုက်နေပြီး ဖြစ်မှာစိုးရတယ် ဟုတ်တယ်မလား ”
စီရင်စု၉ခုက အနိုင်ကျင့်ဖို့ လွယ်တယ်များ မင်း ထင်နေလား။ ငါတို့အားလုံးကို အရူးများ ထင်နေလား။
အခု ဓါးမော့ဓါးဝိဇ္ဇာ သိပ်သန်မာတာ မင်းသိသွားပြီဆိုတော့ မင်းခံစားရမယ့် အချိန်ရောက်သွားပြီ။ မင်းရဲ့ မောက်မာထောင်လွှားမှုကို ရိုက်ချဖို့အတွက် ဒီအခွင့်အရေးကို ငါတို့က ဘယ်လိုလုပ် မယူပဲ နေမှာလဲ။
” မူရာကာမီ ဒါကိုကြည့်တော့ ငါတို့တွေကို မင်းက အပြင်လူတစ်ယောက်အနေနဲ့ သတ်မှတ်နေတာပဲ။ ငါတို့တွေက လူသားတွေ။ မိတ်ဆွေတွေပဲ။
လက်ရည်ချင်း ယှဥ်ရုံပဲလေ။ ဒါတောင် မင်းက
ဒီလောက် အလေးနက်ထားနေသေးတယ်။ ဆက်ပြီး ကျင့်ကြံခြင်းနဲ့ဆိုရင် မင်းက သေတဲ့အထိ တိုက်ခိုက်ချင်တာလို့ မပြောနဲ့နော်။ ဒါက ငါတို့ လူသားတွေအတွက် ဆုံးရှုံးမှု မဟုတ်ဘူးလား ”
လန်ရှန်းယွဲ့ကလည်း ဘေးကနေ မြှောက်ထိုးပင့်ခံ လုပ်တော့၏။
” ညီအစ်ကို ရှီပြောတာ မှန်တယ်။ ငါတို့က လက်ရည်ယှဥ်ရုံပဲ။ မူရာကာမီ ဘာကြောင့် သိပ်ပြီး ဂရုစိုက်နေမှာလဲ။ ဒီနေ့ စီရင်စု၉ခုထဲမှာ ပွဲကြည့်ပရိသတ်တွေ အများကြီးပဲ။ မင်း ငါတို့ကို လှည့်ကွက်တချို့ မပြခဲ့ရင် ငါတို့ စီရင်စု၉ခုကို အလေးမထားရာ ရောက်နေမှာ မဟုတ်ဘူးလား ”
မူရာကာမီသည် ဒေါသထွက်လွန်းသောကြောင့် ထိုလူနှစ်ယောက်၏ ဘိုးဘေး၁၈ဆက်ကို ကျိန်ဆဲလိုက်၏။
မင်းတို့နှစ်ယောက်ကလည်း အံ့ဖွယ်ဂိုဏ်းတွေပဲလေ။ ဘာကြောင့် မင်းတို့ စကေးကို မထုတ်ပြလဲ။ မင်းတို့နှစ်ယောက် ဒါကို ဖြေရှင်းနိုင်လို့လား။
လျိုချန်စွင်းက ပထမဆုံး လှုပ်ရှားသူဖြစ်ပြီး ဒဏ်ရာတောင် ရသွား၏။ ဆိုလိုသည်က တစ်ဖက်လူ၏ ဓါးဆန္ဒနှင့် ကျင့်ကြံဆင့်သည် လျိုချန်စွင်းထက် ပိုမြင့်တာပဲ ဖြစ်သည်။
မထင်ထားသည့်အရာ ဖြစ်မလာခဲ့လျှင် တစ်ဖက်လူ၏ ဓါးမော့ဆန္ဒကလည်း အားနည်းမှာ မဟုတ်ပေ။ သူ၏ ကျင့်ကြံဆင့်နှင့် ပေါင်းလိုက်လျှင် သူနှင့် တိုက်ခိုက်ချိန်၌ လျိုချန်စွင်းထက် သူက ပိုတောင် ဒဏ်ရာရနိုင်သည်။ သူတို့အဆင့်၌ ဒဏ်ရာမရစေရန် အကောင်းဆုံးကြိုးစားကြရမည်။ ဒဏ်ရာရခြင်းက သူတို့ ကျင့်ကြံဆင့် မတည်မငြိမ်ဖြစ်စေခြင်း သို့မဟုတ် ကျသွားတာတောင် ဖြစ်နိုင်၏။
သူတို့က ရှန်းထျန်းနဝမအဆင့်သို့ အဆင့်တက်လှမ်းပြီး အံ့ဖွယ်ဂိုဏ်း၏ အထွတ်အထိပ်သို့ ရောက်သည့်အချိန်၌ အနာဂတ်တွင် ယင်းက ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မည်။ သိုင်းပညာရှင်အများစုက ထိုကိစ္စကို အလွန်ကြောက်ရွံ့ကြ၏။ လူ့လောက၌ လူတစ်ယောက်က ကြွယ်ဝချမ်းသာလေ သူတို့က သေရမှာကို ပိုကြောက်လေဟူသော ဆိုရိုးစကားရှိသည်။ အကြောင်းမှာ သူတို့အတွက် အားကုန်ထုတ်သုံးပြီး တိုက်ခိုက်ဖို့က မလွယ်ကူမှန်း သိနေသောကြောင့် ဖြစ်သည်။ သူတို့ သေသွားသည်နှင့် ဘာမှကျန်တော့မှာ မဟုတ်ပေ။ ယခု အံ့ဖွယ်ဂိုဏ်းနှစ်ယောက်က သူ့ကို ပိတ်ဆို့ထား၏။ သူတို့ သူ့ကို ထွက်သွားခွင့်မပေးတာ သိသာနေသည်။
ဓါးမော့ဓါးဝိဇ္ဇာက အလွန်အစွမ်းထက်သော်ငြား တစ်ယောက်ကို ဖြေရှင်းရထက် အံ့ဖွယ်ဂိုဏ်းနှစ်ယောက်ကို ဖြေရှင်းရတာက ပိုကောင်းသည်။ ရွေးချယ်စရာမရှိပဲ သူ ကျည်ဆံကို ကိုက်ရတော့၏။
” ဟား ဟား ဟား။ ခင်ဗျားတို့နှစ်ယောက်လုံး ပြောတာမှန်ပါတယ်။ ကျုပ်တို့က လက်ရည်ချင်းယှဥ်ရုံပဲ။ သေတဲ့အထိ တိုက်ခိုက်မှာမှ မဟုတ်တာ။ အကောင်းဆုံး ကြိုးစားတာပေါ့။ အကောင်းဆုံး ကြိုးစားရုံပေါ့ ”
ထိုသို့ပြောပြီးနောက် သူက နာနာခံခံဖြင့် ရှေ့တိုးသွားလိုက်၏။
သို့သော်ငြား သူက အောက်ရှိ နှင်းဆီကို ကြည့်မိသည့်အချိန်၌ သူ၏ မျက်လုံးထဲ၌ သတိထားသည့် အရိပ်အယောင် ပေါ်လာသည်။ နှင်းဆီအတွင်း၌ ထည့်ထားသည့် စွမ်းအင်က သူ့ထက် ပိုသန်မာကြောင်း သူ သိနေသည်။ သေချာပေါက် ထိပ်တိုက်တိုက်ခိုက်ရင်ဆိုင်နိုင်မှာ မဟုတ်ပေ။ သူ နည်းလမ်းတစ်ခု စဥ်းစားရမည်။
နည်းလမ်းတစ်ခု စဥ်းစားရမှာလား။
မှန်ပေ၏။ သူသည် ကျားဟဲလျို နင်ဂျာဂိုဏ်း၏ ဓါးမော့နည်းစနစ်။ ထင်ယောင်ထင်မှား ဓါးမော့သိုင်းကို အသုံးပြုနိုင်၏။
ထင်ယောင်ထင်မှား ဓါးမော့သိုင်းသည် ရန်သူကို ဇဝေဇဝါဖြစ်သွားစေရန် ဖန်တီးထားတာပဲ ဖြစ်သည်။ ရန်သူကို တိုက်ခိုက်ရန်အတွက် ဓါးမော့အလင်းများစွာကို အသုံးပြု၏။ သူ၏ ကိုယ်ပိုင်ခန္ဓာကမူ ချုံခိုတိုက်ခိုက်ရန်အတွက် ထောင့်၌ ပုန်းနေမှာပဲ ဖြစ်သည်။ ယင်းက သေစေနိုင်လောက်မှုက သေချာပေါက် မလုံလောက်ပေ။ ၄င်းက အစစ်အမှန် ဓါးမော့သိုင်းကျွမ်းကျင်သူနှင့် တွေ့ဆုံသည့်အခါ ဟာကွက်ကိုချက်ချင်း တွေ့သွားပြီး ဖောက်ထွက်နိုင်လိမ့်မည်။ သို့သော် ယခုက မတူပေ။ သူ့ရှေ့ရှိ မိန်းကလေးက ဓါးမော့ပညာရှင် မဟုတ်ပေ။ သူက ဓါးမော့ဆန္ဒ ပို့ပေးရုံသာ ရှိသည်။ ဓါးမော့ဆန္ဒတစ်ခုသာ ရှိ၏။ မည်သည်ကို ကြောက်ရမည်နည်း။ သူက ဓါးမော့ဆန္ဒကို ရှောင်နိုင်သရွေ့ ပြဿနာ မရှိတော့ပေ။
အချိန်ကျလာသည့်အခါ သူ့အကွက်ကို ပြင်ထားပြီးသား ဖြစ်၏။ သူ ထွက်သွားချင်လျှင် ရှီကွမ်းဟောင်နှင့် လန်ရှင်းယွဲ့တို့က ဘာမှထပ်ပြောတော့မှာ မဟုတ်။ သူ့ကို တားစရာအကြောင်း မရှိတော့ပေ။ ဒီအတိုင်းပဲ ပြီးပြည့်စုံတယ်။
အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် သူ၏ အရှိန်အဝါကို စတင်စုစည်းလိုက်၏။ အံ့ဖွယ်ဂိုဏ်းမှ ဖိအားက ထပ်မံကျရောက်လာပြန်သည်။ တစ်ခါကြုံဖူးတာဖြစ်သော်ငြား ယခင်ကကဲ့သို့ ထိတ်လန့်ဖွယ် ကောင်းနေသေးဆဲ ဖြစ်သည်။
လူတိုင်းက မသက်မသာ ခံစားလိုက်ရ၏။
” ကြည့် အဲ့ဒါ မူရာကာမီပဲ ”
” ဒါက ဓါးမော့သိုင်း တိုက်ပွဲပဲ။ မူရာကာမီရဲ့ ဓါးမော့သိုင်း ဘယ်လောက် သန်မာလဲဆိုတာ သိချင်မိတယ်။ စီနီယာဓါးမော့ဓါးဝိဇ္ဇာရဲ့ ဓါးမော့သိုင်းက ဘယ်လောက် သန်မာလဲ ”
” စီနီယာဓါးမော့ဓါးဝိဇ္ဇာရဲ့ ဓါးမော့သိုင်းက
သူ့ဓါးသိုင်းထက် အားမနည်းမှာ သေချာတယ်။ သူက ဓါးမော့ဓါးဝိဇ္ဇာလို့ ခေါ်တာ။ ဓါးမော့က ရှိမှာလေ ”
လူတိုင်းက ဆက်ပြီး မဆွေးနွေးနိုင်ကြတော့ပေ။ အကြောင်းမှာ မူရာကာမီ၏ အရှိန်အဝါက ပိုမို သန်မာလာသောကြောင့် ဖြစ်၏။
အရှိန်အဝါသည် ကျင့်ကြံဆင့်နိမ့်သည့် လူများစွာကို လည်အောင် ဖိအားပေးနေသောကြောင့် ဖြစ်၏။ သူတို့က အံ့ဖွယ်ဂိုဏ်း၏ ခွန်အားကို
ခံနိုင်ရည်မရှိကြချေ။ သို့သော် ထိုစဥ် လူများစွာက ပါးနပ်၏။ အချို့က လှဲနေပြီး အချို့က ထိုင်နေကြသည်။ ဤနည်းဖြင့် သူတို့က ဓါးမော့ဓါးဝိဇ္ဇာ၏ တိုက်ကွက်ကို မြင်နိုင်တော့မည်။ လူများစွာက ယခင် တိုက်ကွက်ကို မမြင်လိုက်ရသောကြောင့် နောင်တရနေကြ၏။ ယခုအခေါက်တွင် သူတို့က ၄င်းကို လွှဲချော်ခံမှာ မဟုတ်ပေ။ မျက်စိကြိမ်းတာကို ကာကွယ်ရန်အတွက် တချို့ကဆို နေကာမျက်မှန်များတောင် ဝတ်ထားသည်။ သူတို့မျက်လုံးကို စူးစေသည့် နေရောင်ကို ကာကွယ်ရန်အတွက်ဖြစ်ပြီး အံ့ဖွယ်ချီရှန်းများ၏ တိုက်ခိုက်မှုကို ပိုရှင်းရှင်းလင်းလင်း မြင်ရစေရန် ဖြစ်သည်။ နောက်ဆုံး၌ အားလုံး၏ မျက်စိရှေ့မှောက်တွင်
မူရာကာမီက လှုပ်ရှားတော့သည်။ သူ လှုပ်ရှားသည်နှင့် တစ်ချိန်တည်းတွင် ဓါးမော့အလင်းကြီး ၂၄ခုက ဖွဲ့တည်သွား၏။ ဓါးမော့အလင်းတိုင်းက ပေ ၃၀၀၀၀ကျော်ရှည်သည်။ ဓါးမော့အလင်းတိုင်းက အဆုံးမဲ့ သတ်ဖြတ်ခြင်းဆန္ဒ ပါဝင်၏။ ဓါးမော့အလင်းက ထိုမျှ သန်မာသည့် ဖိအားကို ထုတ်လွှင့်နေလေရာ သူတို့ အသက်မရှူနိုင်တော့ပေ။ ယခုအချိန်၌ အံ့ဖွယ်ဂိုဏ်း၏ တိုက်ခိုက်မှုကို နောက်ဆုံး၌ မျက်မြင်တွေ့ပြီဖြစ်သော အဆင့်၌ သိုင်းပညာရှင်များက အလွန့်အလွန် ထိတ်လန့်ကုန်၏။
ဒါက ဒဏ္ဍာရီလား၊ အံ့ဖွယ်ဂိုဏ်းလား။
အံ့ဖွယ်ဂိုဏ်းလို့ခေါ်တာ အံ့သြစရာမရှိဘူးပဲ။ ဒါက လူတစ်ယောက် ဟုတ်သေးရဲ့လား။ လူသားပုံစံအသွင်ယူထားတဲ့ လေယာဥ်တွေပဲ။
တစ်ချက်လှုပ်ရှားမှုက ကောင်းကင်ကို ဖီဆန်နိုင်တယ်။
ရှီကွမ်းဟောင်နှင့် လန်ရှင်းယွဲ့တို့က မျက်မှောင်ကျုံ့မိသွားသည်။ ကျန်သည့်သူများက မပြောနိုင်သော်ငြား အံ့ဖွယ်ဂိုဏ်းများအနေဖြင့် သူတို့က
မူရာကာမီ၏ အတွေးကို မြင်နိုင်၏။ ထိုလူမည်မျှ ကောက်ကျစ်လိမ့်မည်ဟု သူတို့ မထင်ထားပေ။
သွင်ပြင်အရ ဓါးမော့ဓါးဝိဇ္ဇာ၏ ဒုတိယအကွက်က သူ့ကို ထိခိုက်စေလောက်မှာ မဟုတ်ပေ။
နှမြောစရာပဲ။ ဒီလိုအခွင့်အရေးကောင်း။
” ကျားဟဲလျို ပုံရိပ်ယောင် ပိုင်းဖြတ်မှု ဖွင့်လှစ်
စမ်း ”
မူရာကာမီ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားသည်။ တော်ဝင်အဆင့်ဖြင့် ဧရာမဓါးအလင်း၂၄ခုက တစ်ပြိုင်နက်တည်း ကျလာ၏။
သူက အခွင့်အရေးကိုလည်း ယူလိုက်ပြီး ထောင့်ဘက်၌ ဓါးအလင်းတစ်ခုနောက်တွင် ပုန်းကာ ယဲ့ရှောင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန်ပြင်လိုက်၏။ ဤနည်းဖြင့် သေချာပေါက် သူ စိုးရိမ်ပူပန်စရာ မရှိတော့ပေ။
မြေပြင်ပေါ်ရှိ ဒုတိယနှင်းဆီသည် မူရာကာမီထံမှ တိုက်ခိုက်မှု စွမ်းအားကို အာရုံခံမိပြီး ကြွယ်ဝသည့် ရွှေရောင်အလင်းကို လျင်မြန်စွာ ထုတ်ဖော်လိုက်၏။
ယဲ့ရှောင် ထည့်ထားသည့် ကြွယ်ဝသည့် စွမ်းအင်ဖြင့် ဧရာမဓါးမော့ဆန္ဒ ပေါင်းစည်းသွားပြီး မျက်တောင်တစ်ခတ်အတွင်း လွန်ကဲခြင်းဓါးမော့စွမ်းအား ပေါ်လာသည်။
တစ်ခုခု မှားနေချေပြီ။
ယင်းက လွန်ကဲခြင်းစွမ်းအားတစ်ခုသာ မဟုတ်။ သို့သော် နှစ်ခုသုံးခုလေးခု။ ဓါးမော့အလင်းက ဆက်လက် ပြန့်ကားလာပြီး ပကတိ မျက်လုံးဖြင့် မြင်နိုင်သည့် နှုန်းဖြင့်် တစ်ဆယ်ငါးဆယ်တစ်ရာ ဖြစ်သွား၏။ ပြီးနောက် ကောင်းကင်ထဲသို့ လျှပ်စီးပမာ တက်သွားတော့သည်။
” သိပ်အစွမ်းထက်တာပဲ ”
ရှီကွမ်းဟောင်နှင့် လန်ရှင်းယွဲ့က သူငယ်အိမ်တို့ ကျုံ့မိသွားပြီး သူ့ကိုသူ ကုသနေသော လျိုချန်စွင်းကလည်း ခေါင်းမွေးများ ထောင်ထကုန်၏။
ဓါးမော့အလင်း၏ ထောင့်နောက်၌ ပုန်းနေသော မူရာကာမီကမူ ချက်ချင်းပင် ဆီးထွက်ကျတော့၏။
အပိုင်း ၁၆၉ ပြီး၏။