စာကြည့်တ်ိုက် တာအိုသခင်
အပိုင်း ၁၆၇ လူတစ်ယောက်စီအတွက် အနီရောင် ပန်းလေးတစ်ပွင့်။
ယဲ့ရှောင်က အလောတကြီး ပြန်လာလေ၏။ ဖုန်းလက်ခံရရှိပြီးနောက် သူသည် ကျန်းဟိုင်လူထုဆေးရုံဆီသို့ ပြေးသွားရန် ပြင်ဆင်နေသည်။
သို့သော်ငြား သူခြေလှမ်းအနည်းငယ်သာ လှမ်းရသေးပြီး တစ်စုံတစ်ခု မူမမှန်တာကို ခံစားမိလိုက်၏။ ယနေ့ လူနည်းလွန်းသည်။ လမ်းက ရှင်းလင်းနေပြီး မြင်နေကျ မြင်ကွင်းနှင့် လုံးဝကွဲပြားနေ၏။ ဆိုရလျှင် နေ့ခင်းကြောင်တောင် အခြေအနေ၌ ညအချိန်ကဲ့သို့ မည်သူမှ ပုန်းကွယ်နေမှာ မဟုတ်ပေ။ လူတိုင်းက အပြင်ထွက် ဟိုဟိုဒီဒီ သွားသင့်၏။
ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကိုသုံးပြီး ယဲ့ရှောင်၏ အမူအယာက ချက်ချင်းပင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
လူတိုင်းက မြစ်ဆိပ်တွင် ရှိနေလေ၏။ ထိုနေရာ၌ ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ဂိုဏ်းလေးယောက်တောင် ရှိနေသေးသည်။
ကောင်းကင်ထဲ၌ ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ဂိုဏ်းတစ်ဦးတောင် ရှိနေ၏။
ဘုရားရေ။ ကျန်းဟိုင်မြို့က ရုတ်တရတ်ကြီး ရွှေတူးနေတာလား။ ဘာကြောင့် ဒီလောက်များတဲ့ သိုင်းပညာရှင်တွေ အများကြီး စုဝေးနေရတာလဲ။ သူတို့က နယ်မြေအတွက် တိုက်ခိုက်နေတာလား။ မဟုတ်ဘူး။ တစ်ခုခုတော့ မူမမှန်ဘူး။
ယဲ့ရှောင်သည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွား၏။ သူထွက်မလာခင် ကုဟိုင်က တစ်စုံတစ်ခုကို ပြောခဲ့ပုံရ၏။
ဟန်နိုင်ငံ၏ ဓါးသူတော်စင် လျိုချန်စွင်းနှင့်
ရင်နိုင်ငံ၏ ကျားဟဲလျို နင်ဂျာဂိုဏ်း၏ မူရာကာမီတို့က သူ့ကို စိန်ခေါ်ရန် လာနေကြပြီ ဖြစ်သည်။
ယခုအခေါက် သူအပြင်ထွက်ပြီးနောက် အလုပ်များလွန်းနေ၏။ သူက အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများကို သတ်ဖြတ်ရ၏။ လေဟာနယ် နီလာခရမ်းကို ယူရန် ဟူမြို့ကိုလည်း သွားရပြီး စာတစ်စောင်နှင့်လည်း ကြုံတွေ့ခဲ့ရသည်။ ထို့အဖြစ်အပျက်များက သူ့ခေါင်းကို ချာချာလည်စေပြီး ထိုကိစ္စကို မေ့သွားစေ၏။
သို့သော် မကြာမီ၌ ယဲ့ရှောင်က ခေါင်းခါလိုက်တော့သည်။ သူက မည်သည့်ပြိုင်ပွဲတွင်မှ မပါချင်ပေ။ သူက ထိုမျှ အားလပ်မနေပေ။ ထို့အပြင် အများရှေ့၌ သူ့ကိုသူ မထုတ်ဖော်ချင်တာပဲ ဖြစ်သည်။
ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်းတစ်ဦး၏ အရှိန်အဝါအရ သူက ဓါးသူတော်စင် လုချင်ရှန်း ဖြစ်လောက်သည်ဟု ခံစားမိသည်။ ထို့အပြင် သူ၏ ပင်မခန္ဓာကိုယ်တိုင် ရောက်လာတာ ဖြစ်သည်။
ထိုနေရာသို့ သူ သွားခဲ့လျှင် လုချင်ရှန်းနှင့် သူက အရှုပ်အထွေးထဲ ဝင်ပါမိမှာ သေချာသည်။
သူ၏ မွေးစားသမီးလေး မွေးလာမှာကို စောင့်နေတာက ပိုစိတ်ဝင်စားစရာ ကောင်းသည်။ ထိုအကြောင်းကို တွေးမိပြီး ယဲ့ရှောင်က ပန်းဆိုင်တစ်ဆိုင်ကို ရှာလိုက်လေ၏။
ကောင်းကင်ထဲ၌ ဓါးသူတော်စင် လုချင်ရှန်းက မျက်မှောင် အနည်းငယ် ကျုံ့သွား၏။ ဇဝေဇဝါဖြစ်ကာ ငုံ့ကြည့်လိုက်သည်။
သူ၏ တပည့် ရွှမ်းအာက သူ မူမမှန်တာကို သတိပြုမိသောကြောင့် ချက်ချင်းမေးလိုက်၏။
” ဆရာ ဘာရှာနေတာလဲ ”
လုချင်ရှန်းက ဇဝေဇဝါဖြင့် မေးလိုက်တော့၏။
” ခုနတုန်းက အင်မတန် အားကောင်းတဲ့ ဝိညာဥ်စွမ်းအင် ခံစားမိလိုက်တဲ့ပုံပဲ။ ဒါပေမဲ့ ဂရုတစိုက် ကြည့်မိတော့ ဘာမှရှာမတွေ့လိုက်ဘူး ”
” ဘာ။ ဆရာ့ရဲ့ ဝိညာဥ်စွမ်းအင် ရှာဖွေမှုကို ရှောင်နိုင်တဲ့သူတစ်ယောက် တကယ်ကြီး ရှိနေတာလား။ ဆရာက နဝမအဆင့် အံ့ဖွယ်ချီရှန်းတစ်ယောက်လေ။ ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်းတစ်ယောက်လေ ”
လုချင်ရှန်းက ခေါင်းအနည်းငယ် ခါလိုက်သည်။
” ငါ မသိဘူး။ မှားတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့ ”
ယဲ့ရှောင်က ပန်းဆိုင်သို့ သွားလိုက်သည်။
” ဘော့စ် ပန်းစည်းတစ်စည်းလောက် လုပ်ပေးပါ။ အကောင်းဆုံး လုပ်ပေး။ အနံ့က ဖျော့ဖျော့လေး။ သိပ်ပြီး မမွှေးစေနဲ့။ ပိုက်ဆံအတွက် စိတ်မပူနဲ့ ”
” ဟုတ်ပြီ ”
ဆိုင်ရှင်သည် ယဲ့ရှောင်၏ ရက်ရောသော စကားများကို ကြားသောအခါ သူ့အတွက် ချက်ချင်း အလုပ်စပေး၏။
ယဲ့ရှောင်က ဆိုဖာပေါ်တွင် ထိုင်ကာ ဖုန်းကစားနေလေသည်။
ထိုစဥ် ကောင်တာနောက်ရှိ ကူပြူတာနှင့် ဆော့နေသော ဆိုင်ရှင်၏ သားက ရုတ်တရက်ကြီး ကျိန်ဆဲတော့၏။
” ဖ။ အဲ့ဒီ ဟန်နှင့် ရင် လူတစ်စု သူတို့ အရှက်မဲ့တာပဲ ”
ဆိုင်ရှင်သည် သူ့ကို စိတ်ပျက်လက်ပျက်ကြည့်ပြီး ပန်းများကို ထုပ်ပိုးပေးနေ၏။
” ကောင်စုတ်လေး တိတ်တ်ိတ်နေ ဒီမှာ ဝယ်သူရောက်နေတာ မတွေ့ဘူးလား ”
” အဖေ ကျွန်တော် တကယ် သည်းမခံနိုင်ဘူး။ အဲ့ဒီခွေးသားတစ်စုကို ကြည့်ဦး။ ဓါးမော့ဓါးဝိဇ္ဇာက မလှုပ်ရှားရသေးဘူး။ သူတို့တွေက ကျွန်တော်တို့ကို လိုင်းပေါ်မှာ လှောင်ပြောင်စော်ကားနေကြပြီ။ ကျွန်တော်တို့ စီရင်စု၉ခုနဲ့ ဓါးမော့ဓါးဝိဇ္ဇာကိုတောင် စော်ကားနေကြတာ ”
ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပင့်မိသွား၏။ သူက တိုက်ရိုကထုတ်လွှင့်မှု အက်ပလီကေးရှင်းကို ဖွင့်လိုက်ပြီးနောက် လူကြိုက်များနေသော တိုက်ရိုက်ထုတ်လွှင့်မှု videoကို ဖွင့်ကြည့်လိုက်၏။
လက်ရှိတွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ အားလုံးနီးပါးက ကျန်းဟိုင်မြို့၏ မြစ်ဆိပ်ဘေး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတာပဲ ဖြစ်သည်။
ယင်းက အာရုံစိုက်မှုများစွာ ရလိမ့်မည်ဟု သူ မထင်ထားပေ။ သို့သော်ငြား တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲ၌ ကွဲလွှဲသည့် မှတ်ချက်များစွာလည်း ရှိနေသည်။ ထို့အပြင် သူတို့က အလွန်ကွဲလွှဲနေကြ၏။ သူက မလှုပ်ရှားသောကြောင့် လူများစွာက သူ့ကို လှောင်ပြောင် သရော်နေကြတာပဲ ဖြစ်သည်။
သတိကြောင်လိုက်တဲ့ ကောင်ကွာ။ တစ်ကွက်တောင် မလှုပ်ရှားရဲဘူး။ သူရဲဘောင်ကြောင်တဲ့ကောင်။
ရိုးရိုးသားသားဆိုရလျှင် ယဲ့ရှောင်သည် ကီးဘုတ်ဖိုက်တာများကို တစ်ခါမှ ဂရုမစိုက်ခဲ့ပေ။ သူတို့က အင်တာနက်ပေါ်ကနေ တစ်ယောက်ချင်းစီကို ခေါ်လို့မရဘူးမလား။ သူတို့တွေက ဝေးလံတဲ့ ဟန်နိုင်ငံ ဒါမှမဟုတ် ပိုတောင် ဝေးတဲ့နေရာက ဖြစ်နိုင်တယ်။
သူက ကီးဘုတ်ဖိုက်တာများကြောင့် ဒေါသထွက်ရမယ်ဆိုရင် လောကကြီးထဲမှာ လူဦးရေ ၁၀ဘီလီယံလောက်ကို ရှင်းထုတ်ပစ်ရလိမ့်မယ်။ သူတို့အားလုံးကို သူတောင် အပြီးသတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ လူတချို့ကတော့ ဤအရေးကိစ္စကို စီရင်စု၉ခုကို စော်ကားတဲ့ အဆင့်ထိရောက်အောင် လုပ်လိုက်တာပဲ။ ဒါက ယဲ့ရှောင် လုံးဝလက်မခံနိုင်တဲ့ အချက်ပဲလေ။
စီရင်စု၉ခု၏ လူများကဲ့သို့ ထိုစကားများကို မပြောခြင်းက ဥပမာပြရန်အတွက် သေချာသည့် နည်းလမ်းဖြစ်သည်။ ယဲ့ရှောင်က ထိုအရာများကို သည်းမခံနိုင်ပေ။ သတ္တိနည်းနည်းသာရှိပြီး မည်သူမဆို ယောင်္ကျားကောင်းတစ်ယောက်ဆို ယင်းကို သည်းခံနိုင်မှာ မဟုတ်။ ထိုအတိုင်းဖြစ်ခွင့်ပေးမှာ မဟုတ်ပေ။
” ဧည့်သည် ခင်ဗျားရဲ့ ပန်းတွေ အဆင်သင့် ဖြစ်ပါပြီ ”
ထိုစဥ် ဆိုင်ရှင်က ပြုံးပြီး ယဲ့ရှောင်အား ပန်းစည်းလှမ်းပေးလိုက်သည်။ ယဲ့ရှောင်က သူ့ကို ကျေးဇူးတင်စကားပြောပြီး ပန်းစည်းကို ယူလိုက်၏။ ပြီးနောက် စားပွဲပေါ်ရှိ နှင်းဆီနီတစ်စည်းကို ကြည့်လိုက်မိသည်။
” ဘော့စ် ပန်းနှစ်ပွင့် ယူသွားရင် စိတ်ရှိမလား ”
” စိတ်မရှိပါဘူး။ စိတ်မရှိဘူး။ နှစ်ပွင့်က လောက်လား။ မလောက်ရင် ပိုယူပေးမယ် ”
ထိုသူဌေးက စီးပွားရေးလုပ်ရာ၌ အလွန်ကောင်းမွန်သည်။
” မလိုပါဘူး။ နှစ်ပွင့်က လုံလောက်နေပြီ ”
” ဟုတ်ပြီ။ ဂရုစိုက်ပါ ဧည့်သည်တော်။ နောက်လည်း လာဝယ်ဖို့ ကြိုဆိုပါတယ် ”
ယဲ့ရှောင်က လှည့်ထွက်သွားပြီးနောက် ဆိုင်ရှင်၏ မှတ်ဉာဏ်ကို ဖျက်ရန် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှု ပြုလိုက်သည်။ ပြီးနောက် ယဲ့ရှောင်က ပထမလမ်းပေါ်သို့ သွားလိုက်ပြီး သိုလှောင်လက်စွပ်ထဲတွင် သူ၏ မွေးစားသမီးလေးအတွက် ပန်းပွင့်များ ထားလိုက်သည်။ ပြီးနောက် လွန်ကဲခြင်းစွမ်းအားဓါးမော့၏ ဓါးဆန္ဒနှင့် ကောင်းကင်ပိုင်းဖြတ်ခြင်းဓါး၏ ဓါးဆန္ဒကို ပန်းနှစ်ပွင့်၌ ထားလိုက်၏။
မူလက ၄င်းတို့သည် သာမန် နှင်းဆီနှစ်ပွင့်သာ ဖြစ်သည်။ ယဲ့ရှောင်၏ များပြားလှသော ဓါးမော့နှင့် ဓါးဆန္ဒကို ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။
သို့သော်ငြား ယဲ့ရှောင်က ပန်းနှစ်ပွင့်ပေါ်၌ အစီအရင်တစ်ခု ထည့်ထားပြီး မြေခွင်းကောင်းကင်
ခုနှစ်စင်ကြယ် အစီအရင်ကို သုံးကာ ဓါးမော့နှင့်
ဓါးဆန္ဒကို ပန်းနှစ်ပွင့်နဲ့ အသီးသီး ထည့်ထားလိုက်၏။
ပြီးနောက် ပန်းနှစ်ပွင့်၏ အတွင်းပိုင်းက အမှန်တကယ် တစ်စစီ ဖြစ်သွား၏။ အင်မတန်
ချွန်ထက်သည့် ပြင်းထန်သောသတ်ဖြတ်သည့်ဆန္ဒသာ ဖြစ်နေလေသည်။
သို့သော် အပြင်ဘက်က တော်ဝင်အစီအရင်ဖြင့် လွှမ်းမိုးခံထားရသောကြောင့် မကျိုးပဲ့နိုင်ပေ။
ယဲ့ရှောင်က ဝိညာဥ်စွမ်းအင်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။ ဖွင့်လှစ်ရန် အခြေအနေတစ်ခု ခလုတ်နှိပ်ရန် အခြေအနေတစ်ခုအဖြစ်အသုံးပြုလိုက်သည်။ ဤနည်းဖြင့် သူက အင်မတန် အစွမ်းထက်သော တိုက်ကွက်ပိုင်ဆိုင်သည့် ပန်းနှစ်ပွင့်ကို ပြုလုပ်နိုင်လိမ့်မည်။
သူက လမ်းဘေးရှိ ပန်းကလေးတစ်ယောက်ကို လက်ရမ်းပြလိုက်၏။
” ဒီပန်းနှစ်ပွင့်ကို မြစ်ဘေးဆီ ပို့ပေးနိုင်မလား။ ယွမ် ၁၀၀၀ပေးမယ် လိုချင်လား ”
မိန်းကလေးက ယဲ့ရှောင်၏ မျက်နှာကို မြင်သောအခါ သူ၏ မျက်နှာက အနည်းငယ် ရှက်သွေးဖြာသွား၏။ တွေးမနေပဲ လက်ခံကြောင်း ခေါင်းညိတ်လိုက်သည်။
” ဟုတ်ပြီ ”
ယဲ့ရှောင်သည် သူမအတွက် ငွေသားယွမ် ၁၀၀၀ထုတ်ပေးပြီးနောက် တက္ကစီခအတွက်
နောက်ထပ် ယွမ် ၁၀၀၀ပေးလိုက်သည်။
” တစ်ပွင့်က လျိုချန်စွင်းအတွက် နောက်တစ်ပွင့်က မူရာကာမီပေ့ချွမ်အတွက် ”
သူ လမ်းညွှန်ပေးပြီးနောက် ယဲ့ရှောင်သည် တစ်ဖက်သူ၏ စိတ်ထဲရှိ မှတ်ဉာဏ်ကို ဖျက်လိုက်သည်။ သူက သူ၏ တာဝန်ကိုသာ တစ်ဖက်သူအား မှတ်မိစေချင်၏။ ပြီးနောက် သူက ဆေးရုံသို့ တန်းသွားလိုက်တော့သည်။
မြစ်ဘေး၌ လူတိုင်းက စောင့်ဆိုင်းရခြင်းကြောင့် စိတ်မရှည်ဖြစ်နေကြသည်။
တိုက်ပွဲအတွက် လန်းဆန်းမှုက မကြာမီ၌ ပျောက်ကွယ်သွား၏။
အံ့ဖွယ်ချီရှန်းတစ်ယောက် မည်မျှ ကြည့်ကောင်းစေကာမူ အစာတစ်နပ်အဖြစ် စား၍မရနိုင်ပေ။
လူများစွာက မနက်တည်းက လာတာဖြစ်၏။ နေရာကောင်းကောင်းရရန်အတွက် သူတို့က
မတက်စာစားဖို့ အချိန်တောင် မရခဲ့ကြပေ။ ထိုအတိုင်းဆက်ဖြစ်သွားလျှင် သူတို့ နေ့လည်စာ စားနိုင်တော့မှာ မဟုတ်ပေ။
” စီနီယာဓါးမော့ဓါးဝိဇ္ဇာရေ ခင်ဗျား လာမှာလား မလာဘူးလား ”
” စီနီယာဓါးမော့ဓါးဝိဇ္ဇာက တကယ် ကြောက်နေတာများလား။ ဒါကြောင့် သူ မလာရဲတာလား ”
” အဓိပ္ပာယ် မရှိတာ။ စီနီယာဓါးမော့ဓါးဝိဇ္ဇာက ဘာကြောင့် ကြောက်ရမှာလဲ။ သေချာပေါက် မကြောက်ဘူးပေါ့။ သူက အံ့ဖွယ်ချီရှန်းတစ်ယောက်လည်း ဟုတ်တယ် ”
” ဟုတ်တယ်။ ဒါ့အပြင် ဒီမှာ စီရင်စု၉ခုရဲ့ အံ့ဖွယ်ဂိုဏ်းသုံးယောက် ရှိနေတာ။ ဓါးသူတော်စင်
လုချင်ရှန်းအပါအဝင်ပေါ့။ ဒီလောက်လူတွေ အများကြီးက စီနီယာ ဓါးမော့ဓါးဝိဇ္ဇာကို ပံ့ပိုးပေးနေတာ။ သူ ဘယ်လိုလုပ် ကြောက်မှာလဲ။ တစ်ဖက်လူ သူ့ကို သတ်လိုက်မှာကို စိုးရိမ်ပူပန်နေစရာ မလိုဘူး ”
” ဒါပေမဲ့ ဒီကို ဘာကြောင့် မရောက်တာလဲ ” ။
လူတိုင်းက သွက်သွက်လေး စတင်ဆွေးနွေးကြတော့၏။ ဆွေးနွေးမှုက စီနီယာဓါးမော့ဓါးဝိဇ္ဇာ ပေါ်မလာရသည့် အကြောင်းအရင်းပဲ ဖြစ်သည်။ သူ အဆင့်တက်နေတာ ဖြစ်နိုင်၏။ သို့တည်းမဟုတ်။ ကျန်းဟိုင်မြို့ထဲတွင် မရှိတာ ဖြစ်နိုင်သည်။ အချိန်တိုအတွင်း၌ လူအများစုက ဓါးမော့ဓါးဝိဇ္ဇာက သူရဲဘောင်ကြောင်သူတစ်ဦးဆိုတာ မယုံကြည်ခဲ့ပေ။ ချင်ရှန်းလုံက မျက်မှောင်ကျုံ့မိသွား၏။
” စီနီယာဓါးမော့ဓါးဝိဇ္ဇာက ဘာကြောင့် ပေါ်မလာတာလဲ ”
တုချန်ဖုန်းကလည်း ဝေဖန် ဆန်းစစ်တော့သည်။
” စီနီယာဓါးမော့ဓါးဝိဇ္ဇာက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်နေတာ။ ဒီလောက်ကြာနေတာတောင် လူအများရှေ့ သူတစ်ခါမှ ပေါ်မလာသေးဘူး။ သူ့အထောက်အထားကိုလည်း တစ်ခါမှ မထုတ်ပြဖူးဘူး။ ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင် စီနီယာရဲ့ ကိုယ်ရည်ကိုယ်သွေးက သိုသိုသိပ်သိပ် နိုင်လွန်းတယ်။ သူက သိုင်းပညာရပ်ကိုပဲ စိတ်ဝင်စားတာ ဖြစ်နိုင်တယ်။ ဒါကြောင့် သူ အလွန်သန်မာလာတာပေါ့။ သူက သိုင်းပညာရပ်ထက် တခြားကိစ္စတွေမှာ ဝင်ပါရမှာကို ပျင်းရိလွန်းနေတာပဲ ”
” ဒါပေမဲ့ အခုက စီရင်စု၉ခုအတွက်လေ။ ဒီကိစ္စက စီရင်စု၉ခုရဲ့ ဂုဏ်သရေနဲ့ သက်ဆိုင်နေတာ။ သူ ထွက်မလာခဲ့ရင် တစ်လောကလုံးက ငါတို့ကို ဟားတိုက်လိမ့်မယ် ”
” သိုင်းပညာရှင်တစ်ယောက်ပေါ်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါပေမဲ့ အဆုံးမှာတော့ သူက
လျိုချန်စွင်းနှင့် မူရာကာမီပေ့ချွမ်ဆီက စိန်ခေါ်မှုကိုတောင် လက်မခံရဲဘူး ”
” ယွိယန် သမီးက စီနီယာကို တစ်ခါတွေ့ခဲ့ဖူးတယ်။ ဘယ်လိုထင်လဲ ”
” စီနီယာဓါးမော့ဓါးဝိဇ္ဇာ ရောက်လာမလား ”
” ဒါက သမီးလည်း သေချာမပြောတတ်ဘူး ”
ချင်ယွိယန်၏ နှုတ်ခမ်းထောင့်၌ ခါးသက်သည့် အရိပ်အယောင် ပေါ်လာလေ၏။
” စီနီယာက သူ့အထောက်အထားကို ထုတ်ဖော်ရမှာ ကြိုက်တဲ့ပုံ မပေါ်ပေမဲ့ သူ့ကို သမီးက ဆရာတစ်ယောက်အဖြစ် အသိအမှတ်ပြုချင်တာ။ ဒါပေမဲ့ သူ လက်မခံဘူးလေ။ ဓါးမော့ဆန္ဒပဲ ပေးခဲ့တယ်။ ဒါကြောင့် သူ့အဖို့ အပြင်ထွက်လာပြီး ဒီနှစ်ယောက်ကို တိုက်ခိုက်ဖို့ဆိုတာ မလွန်ခက်ခဲမှာ ”
” ဒါပေမဲ့ ဒါက ငေချာပေါက် သတ္တိကြောင်တာ မဟုတ်ဘူး။ စီနီယာရဲ့ခွန်အားက သူတို့နှစ်ယောက်ကို ဖြေရှင်းဖို့ လုံလောက်တယ်ဆိုတာ ယုံကြည်တယ်။ ဖိုးဖိုး ပြောသလိုပဲ။ စီနီယာက သိပ်ကို သိုသိုသိပ်သိပ် နေလွန်းတယ် ”
သူမ ထိုသို့ပြောချိန်တွင် ချင်ယွိယန်၏ စိတ်က ယဲ့ရှောင်ကို ရုတ်တရက် တွေးမိသွား၏။
ယဲ့ရှောင်။ သူမ တွေ့ဖူးသမျှထဲ၌ သူက အလိုဆန္ဒအနည်းဆုံးလူ ဖြစ်ပုံပေါ်၏။
သူက လက်တွဲဖော်မရှာ ချစ်ကျွမ်းဝင်ခြင်းလည်း မရှိ ရာထူးတက်ရန် သို့မဟုတ် မြင့်တက်ရန် ခံစားချက်များလည်း ရှိမနေပေ။ သူ လုပ်သမျှက တစ်နေကုန် စာအုပ်များ ဖတ်နေတာပဲ ဖြစ်၏။ စာကြည့်တိုက်နှင့် အိမ်တွင် နေ့စဥ်နေ့တိုင်း အချိန်ကုန်ဆုံးနေ၏။ သူက သာမန်လူတစ်ယောက်ထက် မသာပေ။
သို့သော်ငြား သူမက ထိတ်လန့်သွားမိ၏။
သူမ သူ့ကို ဘာကြောင့် တွေးမိနေတာလဲ။ သူမခေါင်းများ အမှန်တကယ် မူးဝေမိတော့သည်။ သူသည်လည်း အလွန်သိုသိုသိပ်သိပ်နိုင်လွန်းသော်ငြား သူသည် အသက် ၂၀အရွယ် ယောင်္ကျားလေးသာ ရှိသေးသည်။
ဤကဲ့သို့ သူက စီနီယာဓါးမော့ဓါးဝိဇ္ဇာ ဖြစ်နိုင်မည်ဆိုလျှင် သူ၏ ပါရမီက မည်မျှ ကြောက်မက်ဖွယ်ကောင်းနေမည်နည်း။
အသက် ၂၀အရွယ် အံ့ဖွယ်ဂိုဏ်းလား။
ယင်းက ဓါးသူတော်စင် လုချင်ရှန်းထက်တောင် ကောင်းကင်ကို ပိုပြီး ဖီဆန်နိုင်၏။ မဖြစ်နိုင် မဖြစ်နိုင် မလုံးဝမဖြစ်နိုင်ပေ။ ယဲ့ရှောင်သာဆိုလျှင် သူက သေချာပေါက် လူတစ်ယောက် မဟုတ်နိုင်တော့ပေ။ သူက လူတစ်ယောက် ဖြစ်နေလျှင်တောင် သေချာပေါက် သူ မဖြစ်နိုင်ပေ။ ထိုစဥ် မလှမ်းမကမ်းကနေ မိန်းကလေးတစ်ယောက်က ပြေးလာပြီး သူမလက်ထဲရှိ နှင်းဆီနှစ်ပွင့်ကို မြှောက်ပြလိုက်၏။
” လမ်းဖယ် အားလုံးဖယ်ပေး ဖယ်ပေးပါ။ ကျွန်မကို ဝင်ခွင့်ပေး ”
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ သူမကို ကြည့်နေပြီး သူတို့က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။
” သူ ဘာလုပ်နေတာလဲ ”
ကောင်းကင်ထဲ၌ လုချင်ရှန်းက ပန်းနှစ်ပွင့်ကို မြင်တွေ့သည့်အချိန်၌ သူငယ်အိမ်တို့ ရုတ်တရက် ကျုံ့သွားသည်။
” အဲ့ဒီမှာပဲ ”
သူ၏ ချစ်လှစွာသော တပည့် ရွှမ်းအာက အံ့သြဆွံ့အနေလေ၏။
” သူက စီနီယာဓါးမော့ဓါးဝိဇ္ဇာလား။ ဒါ မဖြစ်နိုင်ဘူးမလား။ သူ့ရဲ့ အရှိန်အဝါက ဟို့ထျန်းတတိယအဆင့်ပဲ ရှိသေးတာ။ သူမအရှိန်အဝါကို ဖုံးကွယ်ထားရင်တောင် ဖုံးကွယ်ထားတဲ့ပုံပေါ်မနေဘူးနော် ”
လုချင်ရှန်းက ခေါင်းခါလိုက်၏။
” ငါသူ့အကြောင်း ပြောနေတာ မဟုတ်ဘူး။ သူ့လက်ထဲက နှင်းဆီနှစ်ပွင့်ကို ပြောနေတာ ”
” နှင်းဆီနှစ်ပွင့်လား ”
အပိုင်း ၁၆၇ ပြီး၏။