Switch Mode

Chapter – 166

ကျန်းဟိုင်မြို့၏ ဂုဏ်တက်ဖွယ် အခိုက်အတန့်

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၆၆ ကျန်းဟိုင်မြို့၏ ဂုဏ်တက်ဖွယ် အခိုက်အတန့်။

” မူရာကာမီပေ့ချွမ်ကလည်း သိပ်ကို သန်မာတာ။ ဒီနှစ်ဆို သူက အသက် ၅၀အောက်ပဲ ရှိသေးတာ ”
” ဖ။ တခြားသူတွေက အသက် ၄၀အရွယ်မှာ ဘာကြောင့် ဒီလောက် အံ့သြဖို့ကောင်းရတာလဲ။ ငါ့ကို ကြည့်ဦး။ ငါက လျှောက်ပတ်ဆော့ကစားနေတဲ့ ပုံပဲ ”
တုချန်ဖုန်းနှင့် ကျန်သည့်သူများက သူတို့၏ နိမ့်ကျမှုကို ရှက်ရွံ့မိပြီး ထိုသူကို လေးစားမိကြသည်။
သူတို့က ဆယ်စုနှစ်ပိုင်းများစွာ ပိုကြီးသော်ငြား ယခုအချိန်အထိ သူတို့က အံ့ဖွယ်ဂိုဏ်းသို့ မတက်လှမ်းနိုင်ပေ။ တုချန်ဖုန်းတို့က သူတို့ကို ထပ်ကြည့်မိ
သည့်အချိန် ၌ သူတို့က မလုံလောက်ပေ။
” ပြောရရင် ကမ္ဘာ့နဂါးစာရင်းမှာ အဆင့်ဝင်နိုင်တဲ့ သူတွေပဲလေ။ သူတို့စံသတ်မှတ်ချက်က ထူးကဲမှာပေါ့ ”
အင်တာနက်ကလည်း ထိုမြင်ကွင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ ထိတ်လန့်ဖွယ် မှတ်ချက်များကလည်း တစ်ခုပြီးတစ်ခု ပေါ်လာ၏။ သို့သော်ငြား ထိုစဥ် ပုံရိပ်နှစ်ခုက ဖြည်းဖြည်းချင်း တည်တည်ငြိမ်ငြိမ် ပျံသန်းလာ၏။
သူတို့နှစ်ယောက် ရောက်ရှိလာမှုက မြင်ကွင်းတစ်ခုလုံးကို နှိုးဆွပြီး ပေါက်ကွဲသွားစေ၏။
” ရှီကွမ်းဟောင် ကမ္ဘာ့နဂါး လက်သီးစာရင်းမှာ အဆင့် ၄၆ ရထားတာ။ သံမဏိလက်သီး ရှီကွမ်းဟောင် ”
” ကြည်လင်ဓါးသမား လန်ရှင်းယွဲ့ ကမ္ဘာ့နဂါးစာရင်းမှာ အဆင့် ၃၉ ရထားတာ ”
ပရိသတ်နှင့် အင်တာနက် အသုံးပြုသူများက စတင်စိတ်လှုပ်ရှားသွား၏။
စီရင်စု၉ခု၌ နဂါးနှင့် ဖီးနစ်စာရင်း၌ စုစုပေါင်းလူ၁၇နေရာရထားသည့် ရှီကွမ်းဟောင်နှင့် လန်ရှင်းယွဲ့တို့ နှစ်ယောက်လုံးက နဂါးစာရင်း၌ ထိပ်တန်းအယောက် ၅၀ထဲ ဝင်သည်။ သူတို့နှစ်ယောက်လုံးက ရှန်းထျန်းအဌမအဆင့်အထက် သိုင်းပညာရှင်များလည်း ဖြစ်၏။
သူတို့က လျိုချန်စွင်းနှင့် မူရာကာမီထက် အသက်ပိုကြီးသော်ငြား သူတို့က ရှန်းထျန်းအဌမအဆင့်သို့ အဆင့်တက်သည့်အချိန်၌ ထိုနှစ်ယောက်ထက် အသက်ပိုငယ်သည်။
ရှီကွမ်းဟောင်သည် ရှန်းထျန်းအဌမအဆင့်သို့ အသက် ၄၂ အရွယ်တွင် တက်လှမ်းခဲ့၏။
လန်ရှင်းယွဲ့က အသက် ၃၀အရွယ်တွင် ရှန်းထျန်းအဌမအဆင့်ကို တက်ခဲ့သည်။ ထိုအဆင့်အရ သူတို့သည် ရှန်းထျန်းအဌမအဆင့်သို့ တက်သွားပြီး နှစ်တိုင်း၌ သူတို့၏ နောက်ပိုင်း ကျင့်ကြံမှု၌ ပြောင်းလဲမှု ကြီးကြီးမားမားတစ်ခု ရှိလာ၏။
ရှန်းထျန်းအဌမအဆင့်သို့ အဆင့်တက်တာစောလေ သူတို့က ဒဏ္ဍာရီလာ ရှန်းထျန်းနဝမအဆင့်သို့ အဆင့်တက်နိုင်ရန် မျှော်လင့်ချက် ပိုရှိလေဖြစ်၏။
သူတို့နှစ်ယောက်၏ ပေါ်ပေါက်လာမှုက လျှိုချန်စွင်းနှင့် မူရာကာမီပေ့ချွမ်တို့ကို စီရင်စု၉ခု၏ နယ်မြေအတွင်း တွင်းနက်ထဲ ရောက်သည့်ပုံ ပြုမူခြင်း မရှိအောင် ကာကွယ်ပေးရန် စီရင်စု၉ခုက စီစဥ်ထားတာပဲ ဖြစ်ရမည်။
သူတို့အဖို့ ဓါးမော့ဓါးဝိဇ္ဇာကို စိန်ခေါ်တာက ပြဿနာတစ်ရပ် မဟုတ်ပေ။ သို့သော် အပြစ်ကင်းသည့် သူများကို ထိခိုက်အောင် လုပ်ရဲလျှင် သူတို့နှစ်ယောက်က သေချာပေါက် လှုပ်ရှားလိမ့်မည်။
သို့သော် နှစ်ယောက်ကို မြင်တွေ့သည့်အချိန်၌ လျိုချန်စွင်းနှင့် မူရာကာမီပေ့ချွမ်တို့က ထိုလူနှစ်ယောက်ကို အာရုံသိပ်မစိုက်ပေ။
သူတို့အကုန်လုံးက ရှန်းထျန်းအဌမအဆင့် ဖြစ်၏။ လန်ရှင်းယွဲ့တို့က ရှန်းထျန်းအဌမအဆင့်ကို ပိုစောစော တက်လှမ်းနိုင်ခဲ့သော်ငြား သူတို့ရှေ့၌ အလွန်အကျွံ လေးစားနေရန် မလိုအပ်ပေ။ ပုံမှန်အတိုင်း ဆက်ဆံရုံသာပဲ ဖြစ်၏။
ရှည်လျားသည့် ခရီးဆက်သွားရဦးမည်။ သူတို့နှစ်ယောက်က ရှီကွမ်းဟောင်နှင့် လန်ရှင်းယွဲ့တို့ကို ကျော်တက်မည်လားဆိုတာ ပြောရန်ခက်ခဲ၏။
သို့သော် ထိုစဥ် ကောင်းကင်ထဲရှိ တိမ်က ရုတ်တရတ် အရောင်ပြောင်းသွား၏။
ကောင်းကဲထဲရှိ တိမ်တိုက်က စာရွက်တစ်စ ပြဲသွားသည့်ပမာ ပြောင်းလဲသွားပုံပေါ်ပြီး ရူးသွပ်စွာ တွန့်လိန်သွား၏။ အင်မတန် ကြောက်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းက မရေမတွက်နိုင်သော လူများစွာကို ထိတ်လန့်သွားစေ၏။ ရှီကွမ်းဟောင်နှင့် ကျန်သည့် အဌမအဆင့် သိုင်းပညာရှင်များက လေးနက်တည်ကြည်သွားသည်။ မယုံနိုင်စရာကောင်းသည့် သိုင်းပညာရှင်တစ်ယောက် ရောက်လာ၏။
မကြာမီ၌ တိမ်တိုက်များ တစ်လိန့်လိန့်တက်တာ ရပ်တန့်သွားပြီး လူနှစ်ယောက်က တိမ်တိုက်များထဲမှ ပေါ်လာ၏။
တစ်ယောက်က ပြာဝတ်ရုံကို ဝတ်ထားပြီး နောက်တစ်ယောက်က အေးစက်ပြီး ကျက်သရေရှိသည့် အမူအယာဖြင့် မိန်းမပျိုလေးတစ်ဦး ဖြစ်သည်။
ထိုလူနှစ်ယောက်ကို မြင်တွေ့ပြီးနောက် တုချန်ဖုန်း၊ဖာ့ကျန်းနှင့် ကျန်သည့် ချီရှန်းသိုင်းပညာရှင်များက အော်လိုက်မိ၏။
” တကယ်သူပဲ ”
ပတ်ဝန်းကျင်ရှိ လူတိုင်းနှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် အင်တာနက် အသုံးပြုသူများအားလုံး အံ့သြဆွံ့အကုန်၏။
” သူတို့ ဘယ်သူတွေလဲ။ ဒီနှစ်ယောက်က ဘယ်သူလဲဟ ”
” ငါ မသိဘူးလေ။ သူတို့ကို ငါ တစ်ခါမှ မတွေ့ဖူးဘူး။ ဒါပေမဲ့ သူတို့ကြောင့် အံ့ဖွယ်ချီရှန်းသိုင်းပညာရှင်တစ်ယောက် ထိတ်လန့်သွားတယ်ဆိုတော့ သူတို့ သာမန်လူ မဟုတ်လောက်ဘူးမလား ”
” ဖြစ်နိုင်တယ်။ သူတို့တွေက မဟာချီရှန်းရှိတဲ့ လန်တို့ ရောက်လာတဲ့အချိန်ကတောင် ဒီလောက် စိတ်မလှုပ်ရှားဘူး။ အခု သူတို့ အရမ်းစိတ်လှုပ်ရှားနေတာ။ သူတို့တွေက မရိုးရှင်းတဲ့ပုံပဲ။ ဒီလူက မဟာချီရှန်း ရှီနဲ့ လန်ထက် ပိုတောင် သန်မာလောက်
လား ”
” ဒါမဖြစ်နိုင်လောက်ဘူး။ မဟာချီရှန်း ရှီနဲ့ လန်နှစ်ယောက်လုံးက အံ့ဖွယ်ဂိုဏ်းအဆင့် သိုင်းပညာရှင်တွေပဲ ”
သူတို့ အစွမ်းထက်တာ သံသယဖြစ်ဖွယ် မရှိပေ။ သူတို့က ကမ္ဘာကြီးပေါ်၌ အဆင့် ၄၆နဲ့ အဆင့် ၃၉ရထား၏။ သိုင်းပညာရှင်တစ်ယောက်က သူတို့ထက် မည်ကဲ့သို့ ပိုသန်မာနိုင်မည်နည်း။ ထို့အပြင် ကျန်းဟိုင်မြို့က မည်မျှ နာမည်ကြီးသနည်း။
” ကျန်းဟိုင်မြို့က နောက်ပိုင်းမှာ အတော်လေး နာမည်ကြီးလာတယ်လို့ ပြောလို့မရဘူး။ ဓါးမော့ဓါးဝိဇ္ဇာက နာမည်ကြီးလာတဲ့ သူပဲ ”
” ဒီလူတွေက ဓါးမော့ဓါးဝိဇ္ဇာရဲ့ အထောက်အထားအကြောင်း သိချင်နေတာကြောင့် သူ့ကို ရှာချင်နေတာပဲ ဖြစ်ရမယ်။ မဟုတ်ရင် ကျန်းဟိုင်မြို့က သူတို့ကို ဆွဲဆောင်စရာ ရှိလိမ့်မယ်လို့ တကယ်ထင်နေလား ”
” ဟုတ်တာပဲ ဓါးမော့ဓါးဝိဇ္ဇာကြောင့်သာ မဟုတ်ရင် သူတို့အဆင့်အရ ပုဂ္ဂိုလ်တွေက ကျန်းဟိုင်မြို့ကို တစ်ချက်တောင် ကြည့်မှာ မဟုတ်ဘူး။ ဒီမြို့ကို လာဖို့ဆိုတာ ဝေလာဝေးပေါ့ ”
သို့သော် အားလုံးက ထိတ်လန့်နေစဥ် မဟာချီရှန်းလန် နဂါးစာရင်း၌ အဆင့် ၃၉ ရထားသူက ဦးဆောင်ပြီး လက်နှစ်ဖက်ကို ဆုပ်လိုက်၏။ ပြီးနောက် မဟာချီရှန်း ရှီကလည်း လက်သီးဆုပ်လိုက်သည်။
ပြီးနောက် ဟန်နိုင်ငံ၏ ဓါးသူတော်စင် လျိုချန်စွင်းနှင့် ရင်နိုင်ငံ၏ ကျားဟဲလျို နင်ဂျာဂိုဏ်း၏ မူရာကာမီကတောင် ယခင် မောက်မာထောင်လွှားမှုများကို ဖယ်ရှားပြီးနောက် သိုးငယ်လေးများပမာ လေးစားတော့သည်။
အံ့ဖွယ်ဂိုဏ်း လေးယောက်လုံးက လက်သီးဆုပ်မိုးလိုက်၏။
” နှုတ်ဆက်ပါတယ် ဓါးသူတော်စင် လု ”
ထိုမြင်ကွင်းက မြစ်ဆိပ်တစ်ခုလုံးနှင့် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်း တစ်ခုလုံးကို သေစေနိုင်လောက်အောင် တိတ်ဆိတ်သွားတော့၏။
လူတိုင်း၏ စိတ်က ဖြစ်ပျက်နေတာကို မထုတ်ဖော်နိုင်ပေ။
ဓါးသူတော်စင် လု။
စီရင်စု၉ခုထဲ၌ ဓါးသူတော်စင်ဟု ခေါ်နိုင်သည့် လုတစ်ဦးတည်းသာရှိပြီး ထိုလူ၏ မျိုးရိုးအမည်က လုဖြစ်သည်။
လုချင်ရှန်း။
ဓါးသူတော်စင် လုချင်ရှန်း။ ကမ္ဘာ့နဂါးစာရင်း၌ အဆင့် ၁၀ရထားသူ။ သူက ကျန်သည့်သူများနှင့် လုံးဝ မတူပေ။ လုံးဝကွဲပြားခြားနားသည့် အဆင့်တစ်ခုတွင် ရှိသည်။
” ဘုရားသခင်။ ဒါက ဓါးသူတော်စင် လုပဲ။ ဒဏ္ဍာရီလာ စီရင်စု၉ခုရဲ့ ဓါးသူတော်စင် လုချင်ရှန်း ဟင့် ဟင့် ဟင့်။ ငါ့ရဲ့ဘဝမှာ အကြီးမားဆုံး အိမ်မက်တော့ ပြည့်သွားခဲ့ပြီ။ ငါ အခုချိန် သေသွားရင်တောင် နောင်တမရဘူး ”
” အံ့ဖွယ်ဂိုဏ်းက လူတွေကို ဒီလို ရိုကျိုးအောင်
လုပ်နိုင်တာ ဘယ်သူပါလိမ့်ဆိုပြီး ငါ သိချင်နေတာ။ ဓါးသူတော်စင် လုဆိုရင်တော့ ဒါပုံမှန်ပဲလေ ”
လူတိုင်းက လုချင်ရှန်းဖြစ်နေတာကို မြင်သည့်အချိန်၌ ထိတ်လန့်သွားရသည့် အကြောင်းအရင်းမှာ သူက ဒဏ္ဍာရီတစ်ပါးဖြစ်နေသောကြောင့် ဖြစ်သည်။ ဒဏ္ဍာရီက ပြီးပြည့်စုံမှုမရှိ။ ဓါးသိုင်းအရာတွင် သူ့ထက်သာသည့် နောက်ထပ် ပုဂ္ဂိုလ်တစ်ဦး ရှိနေသော်ငြား ထိုလူက ဒဏ္ဍာရီတစ်ပါးဖြစ်ပြီး လက်ရှိ လူ့လောက၏ အကန့်အသတ်ကို ကျော်လွန်နေပြီးသား ဖြစ်သည်။
ဓါးသိုင်းတွင် ဓါးသူတော်စင် လု၏ ခွန်အားသည် ကမ္ဘာပေါ်၌ ထိပ်တန်းသုံးယောက်စလုံးနား ရောက်ပြီးသား ဖြစ်သည်။ ယင်းက လုံလောက်ပြီ ဖြစ်၏။
အသက် ၃၀အရွယ်တွင် အံ့ဖွယ်ဂိုဏ်း ရှန်းထျန်းသတ္တမအဆင့်သို့ ဝင်ရောက်ခဲ့သည့် အသက် ၃၄နှစ်အရွယ်တွင် အဌမအဆင့်သို့ တက်ခဲ့၏။
အသက် ၄၀အရွယ်တွင် အံ့ဖွယ်ဂိုဏ်း၏ အထွတ်အထိပ် နဝမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
သူက နှစ်ရာချီရှိနေပြီ ဖြစ်သော်ငြား သူက အံ့ဖွယ်ဂိုဏ်း၏ အထွတ်အထိပ်တွင် ရှိသည့်အချက်ကို မပြောင်းလဲနိုင်ပေ။
အံ့ဖွယ်ဂိုဏ်း၏ အထွတ်အထိပ်သည် လူအများစု တစ်ဘဝလုံးတွင် မရောက်နိုင်သည့် အိမ်မက်တစ်ခုသာ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် လန်ရှင်းယွဲ့နှင့် လျိုချန်စွင်းတို့က ငယ်ရွယ်သေးသည့်တိုင် သူတို့၏ အနာဂတ်က ဓါးသူတော်စင် လုထက် သာလိမ့်မည်ဟု အာမမခံနိုင်ချေ။ အံ့ဖွယ်ဂိုဏ်းပြီးနောက် နယ်ပယ်တိုင်းသည် ကောင်းကင်ကို တက်လှမ်းရသကဲ့သို့ ဖြစ်သည်။
နယ်ပယ်ကြားရှိ ကွာဟချက်က လူအများကို စိတ်ပျက်အားငယ်နေရန် လုံလောက်သည်။
အထူးသဖြင့် အံ့ဖွယ်ဂိုဏ်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် အဆင့်တက်ဖို့က မဖြစ်နိုင်လုနီးပါးပင်။
မဟုတ်လျှင် လုချင်ရှန်းသည် လွန်ခဲ့သည့် အနှစ် ၂၀၀ ၃၀၀တည်းက အံ့ဖွယ်ဂိုဏ်း၏ အထွတ်အထိပ်ကို အဆင့်တက်လှမ်းပြီး ဖြစ်နေမှာပင်။
လုချင်ရှန်းက အပြုံးဖျော့ဖျော့ဖြင့် ငုံ့ကြည့်လျက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
” ဒီနေ့ တိုက်ပွဲကို ကြည့်ဖို့ ဒီရောက်လာရုံပဲ။ မင်းတို့ စိတ်ပူစရာ မလိုဘူး ”
ထိုစကားများက ပေ့ချွမ်နှင့် လျိုချန်စွင်းတို့ကို စိတ်သက်သာရာ ရသွားစေ၏။ ဓါးသူတော်စင်က ဝင်မစွက်ဖက်သရွေ့ တိုက်ပွဲရှေ့ဆက်နိုင်သည်။
အထူးသဖြင့် လျိုချန်စွင်း ဖြစ်၏။ သူ့ကိုလည်း ဓါးသူတော်စင်ဟု ခေါ်သော်ငြား ဓါးသူတော်စင် လုချင်ရှန်းနှင့် ယှဥ်လျှင် ဟန်နိုင်ငံက စီရင်စု၉ခု၏ နိုင်ငံနှင့် မယှဥ်နိုင်ပေ။
သူတို့နှစ်ယောက်လုံး၌ နိုင်ငံဟူသော စကားလုံး ပါရှိသော်ငြား စီရင်စု၉ခု၏ နိုင်ငံက ဟန်နိုင်ငံ၏ ခေါင်းသည် ၄င်း၏ တင်ပါးအောက်၌ မရုန်းကန်နိုင်လောက်အောင် အဖိခံထားရတာပဲ ဖြစ်သည်။
လုချင်ရှန်းက သူ့ကို သတ်ချင်လျှင် ပုရွက်ဆိတ်ကို ဖိချေရသကဲ့သို့ လွယ်ကူလှ၏။
အင်တာနက်အသုံးပြုသူများကလည်း ရုတ်ရုတ်သသဲ ဖြစ်နေသေးသည်။ အကြောင်းမှာ လုချင်ရှန်းက ဤနေရာတွင် ရှိနေသောကြောင့် ဖြစ်၏။ သူတို့ ပြိုင်ပွဲကို မကြည့်လျှင်တောင် ထိုက်တန်နေပြီ ဖြစ်သည်။ သို့သော်ငြား ကြည့်ရလျှင် ပိုကောင်းသေး၏။ ဆိုရလျှင် လုချင်ရှန်းအဖို့ လှုပ်ရှားဖို့က မဖြစ်နိုင်တော့ပေ။ လုချင်ရှန်းတစ်ယောက်တည်း
ဖြင့် အံ့ဖွယ်ဂိုဏ်း လေးယောက်ကို ဖြေရှင်းနိုင်လေရာ သူဝင်ပါစရာ အကြောင်းမရှိ။ ယခု သူတို့က အဓိကဇာတ်လိုက် ရောက်မည်ကိုသာ စောင့်ရတော့မည်။ ဓါးမော့ဓါးဝိဇ္ဇာ။ ကောင်းကင်ထဲ၌ ရွှမ်းအာက ဇဝေဇဝါဖြစ်ကာ မေးလိုက်တော့သည်။
” ဆရာ ဒီကို ဘာကြောင့် လာတာလဲ။ ယင်ကောင်လေးတွေ​ကြားက တိုက်ပွဲပဲလေ။ ကိုယ်တိုင် လာကြည့်ရလောက်တဲ့အထိ အရံအတားကနေ ဖောက်ထွက်ချင်နေတယ် ”
လုချင်ရှန်းက ပြုံးပြီး ပြောလိုက်၏။
” ရွှမ်းအာ.။ မင်းက မင်းရဲ့ ခန္ဓာနဲ့ ချိတ်ကို တကယ်
ကျင့်ကြံသင့်တယ်။ သိုင်းပညာလမ်းကြောင်းက ကျင့်ကြံခြင်းအဆင့် နှိုင်းယှဥ်တာချည်းပဲ မဟုတ်ဘူး။ လူတချို့က အစွမ်းအထက်ဆုံး ဓါးဆန္ဒတချို့က မင်းအထင်သေးတဲ့ သူတွေဆီမှာ ပေါ်လာလောက်တယ်။ ဒီတော့ ဂရုစိုက်ရမယ် ”
ထိုသို့ပြောပြီးနောက် သူ ငုံ့ကြည့်လိုက်သည်။ အမှန်တကယ်တွင် တစ်စုံတစ်ခုကို အတည်ပြုရန် ဤနေရာသို့ ရောက်လာတာ ဖြစ်၏။ ယင်းက
ဓါးမော့ဓါးဝိဇ္ဇာသည် ထိုနေ့ညက သူ တွေ့ခဲ့သည့်သူ ဟုတ်မဟုတ် ဆိုတာပဲ ဖြစ်၏။ သူက ထိုလူကို အမှန်တကယ် ရှာချင်လှသည်။ သူ စိတ်အားထက်သန်လွန်းနေ၏။ ထိုလူက အလွန်ငယ်ရွယ်ပြီး သူ၏ အရိုးသက်က သေချာပေါက် ၂၅မကျော်ပေ။
သူက အသက် ၂၅နှစ်တောင် မပြည့်သေးပဲ ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ဂိုဏ်းတစ်ဦးကို ပျိုးထောင်နိုင်ခဲ့မည်ဆိုလျှင် သူ၏ အနာဂတ်က တစ်လောကလုံး၌ တုန်လှုပ်သွားစေသည်။ စီရင်စု၉ခုထဲ၌ နောက်ထပ် လူတစ်ယောက် ဖြစ်လိမ့်မည်။
လွန်ခဲ့သည့် အနှစ်၂၀၀အတွင်း စီရင်စု၉ခုသည် ကြယ်တာရာသားရဲများစွာ၏ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသည်။ သိုင်းပညာများစွာက ရုတ်လျော့ခဲ့ရပြီး အမွေအနှစ်များ ဆုံးရှုံးခဲ့ရ၏။ စီရင်စု၉ခု၏ အလုံးစုံခွန်အားသည်လည်း ကျဆင်းလာရပြီး ထိုလူပျက်များသည်လည်း ပိုမိုပြီး အတင့်ရဲလာကြသည်။
သူတို့က ထိုကလေးကို ရှာတွေ့ပြီး ပျိုးထောင်နိုင်မည်ဆိုလျှင် စီရင်စု၉ခုအတွက် ကောင်းချီးပေးမှုတစ်ရပ်ဆိုတာ သေချာ၏။
တစ်လောကလုံး၏ လူများသည် စီရင်စု၉ခု၏ ခြိမ်းခြောက်မှုအောက်၌ တုန်လှုပ်သွားစေရန် လုံလောက်နေပြီ ဖြစ်သည်။ သိုင်းပညာ၌ နိုင်ငံအကန့်အသတ် မရှိသော်ငြား စစ်သည်တော်များ၌ နိုင်ငံရှိသည်။
သူတို့ ထိုကလေးကို ရှာတွေ့နိုင်မည်ဆိုလျှင် လုချင်ရှန်းက သူသိသမျှ အရာအားလုံးကို သင်ကြားပေးပြီး သူ့ကို လက်ဆင့်ကမ်းဖို့တောင် ရွေးချယ်နိုင်သည်။
သို့သော်ငြား ကျန်းဟိုင်တစ်မြို့လုံးတွင် စီရင်စု၉ခုလုံးထဲတွင် လောကကြီး၏ နေရာများစွာ အပါအဝင်နေရင်တောင် လူဦးရေ ၁၀ဘီလံချီက ယဲ့ရှောင်ပေါ်လာမှာကို စောင့်ဆိုင်းနေစဥ် ယဲ့ရှောင်ကမူ တစ်ဖက်လူများ ကျန်းဟိုင်မြို့သို့ ရောက်လာတာကို သိတောင်မသိပေ။
ထိုစဥ် သူက ကျန်းဟိုင်မြို့သို့ ရောက်ခါစဖြစ်ပြီး ကုဟိုင်ထံမှ ဖုန်း၏လက်ခံရလိုက်၏။
” ဟယ်လို … ဘာလဲ ကလေးမွေးတော့မှာလား။ ငါ သိပြီ သိပြီ ငါလာပြီ ”
ယနေ့က လုဝမ်ဝမ်၏ မွေးဖွားမည့်နေ့ရက်ဖြစ်ကြောင့် ယဲ့ရှောင်က ကုဟိုင်ကလေး၏ ခေါင်းကိုင်ဖခင်ဖြစ်ပေးမည်ဟု ဆိုခဲ့သည်။

အပိုငး ၁၆၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset