Chapter – 9 သန်မာမှုအား ဖော်ပြခြင်း
ကွင်းအာကဂျင်ချန်အားဒေါသတကြီးကြည့်လိုက်သည်။
သူပုံစံကမုန်ယိုနေသည့်ဆင်ရိုင်းကြီး
သဖွယ်ဖြစ်နေသည်။
“မင်းမျိုးမစစ်လေးဒီနေငါမင်းကို
သင်ခန်းစာပေးမှရတော့မယ်”ကွင်းအာ
ဲကြိမ်းဝါးလိုက်သည်။
ထိုနောက်ဂျင်ချန်၏ဦးခေါင်းစီသိုပြင်းထန်အားပါသောကန်ချက်တစ်ချက်ဖြင့်လှမ်ကန်လိုက်သည်။
ထိုကန်ချက်ကအတော်လေးမြန်ဆန်ပြီးသာမာန်လူများကန်ခံလိုက်ရပါကဒဏ်ရာအပြင်းအထန်ရ
သွားနိုင်သည်။သိုသော်ဂျင်ချန်က
ကလေးပဲရှိသေးတယ်မှတ်လား။ထိုကန်ချက်ကိုသူမိခံလိုက်ရပါက
အသက်ပင်ဆုံးရှုံးသွားနိုင်လေသည်။
ကွင်းအာ၏အားပါပြင်းထန်သော
ကန်ချက်အားမြင်လိုက်ရသောအခါဂျင်ချန်မျက်နှာပြောင်းလည်း
သွားသည်။သူမျက်ဝန်းများကအေးစက်တည်ငြိမ်နေပြီးကွင်းအာ၏ကန်ချက်နောက်သို့ဆုတ်မရှောင်
ပဲအရှေ့သို့လျင်မြန်စွာတိုးလာလေသည်။ထိုနောက်
ကွင်းအာ၏ကိုယ်လုံးအားသူလက်သေးသေးလေး
နှင့်ကိုင်လိုက်သည်။ဂျင်ချန်သူရဲ့သိုလှောင်ထားသည့် သူတော်စင်စွမ်းအားအကုန်လုံးအား
လက်ကောက်ဝတ်သို့ပိုလိုက်သည်။ပြီးနောက် ကွင်းအာ၏ပေါင်တစ်ရာခန်ရှိသောကိုယ်လုံးကြီးအားလေပေါ်သို့မြှောက်လိုက်လေသည်။
အချိန်ထပ်ဆွဲမနေတော့ပဲဂျင်ချန်သည်ကွင်းအာအားကိုင်ပေါက်လိုက်ကာ၎င်း၏ကိုယ်လုံးနှင့်
မြေပြင်အားမိတ်ဆက်ပေးလိုက်တော့သည်။ကွင်းအာ၅မီတာလောက်လွင့်စင်သွားကာ
အိုးခွက်ပန်းကန် များကြားထဲ ထိုးကျသွားသည်။ဇွင်းများခရင်းများကကွင်းအာ၏
ခန္ဓာကိုယ်အားထိုးဖောက်သွားရာကွင်းအာအသံနက်ကြီး
ဖြင့်အော်တော့သည်။
မီးဖိုဆောင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။
အစေခံများအားလုံးသူတိုမြင်နေရတာကိုမယုံကြချေ။ အသက်၇နှစ်အရွယ်ကောင်လေးတစ်ယောက်က
ကွင်းအာလိုဖက်တီးအားကိုင်ပေါက်လိုက်သည်ဆိုသောအဖြစ်မှာနေခင်းကြောင်တောင်
အိပ်မက်မက်နေသကဲ့သိုခံစားရလေသည်။
ထိုအပြင်ကွင်းအာကသူတော်စင်စွမ်းအား
အဆင့်၃ကိုရောက်နေပြီးသားဖြစ်သည်။ထိုကိစ္စသာအပြင်သို့ပေါက်ကြားသွားပါကချင်းရန်တစ်ကလန်လုံး ယုံကြမည်မဟုတ်ပေ။
ဂျင်ချန်ကကွင်းအာအားအေးစက်နေသော
မျက်လုံးတိုဖြင့်ကြည့်ကာဘာစကားတစ်ခွန်းမှမပြောပဲမီးဖိုချောင်အတွင်းမှပြန်ထွက်သွားလေသည်။
ထိုကိစ္စအား ဂျင်ချန်မေ့ထားလိုက်ပြီးချင်းရန်ကလန်ဝန်းအတွင်းသို့ဆက်လက်
လည်ပတ်ရန်ထွက်ခဲ့လိုက်လေသည်။
လေးယောက်မြောက်သခင်လေးအနေနှင့်ချင်းရန်ကလန်ဝင်းအတွင်းသူ
ကြိုက်တဲ့နေရာသွားလိုရသသည်။
နေရာတော်တေ်ာများများ
တွင်ပုံးအောင်းနေသောအဆင့်မြင့်ပညာရှင်များ၏
စောင့်ကြည့်နေမူအားသူခံစားရသည်။ချင်းရန်ကလန်သသည်လျိုမြို့၏
အကြီးဆုံးကလန်လေးခုအနက်တစ်ခုဖြစ်သည်။ထိုကြောင့်
သူတို့ကလန်အင်အားတောင့်တင်းတာအဆန်းတော့
မဟုတ်ချေ။
သူလမ်းဆက်လျှောက်လာရင်းပန်းခြံတစ်ခု၏အလယ်တွင်သူအကိုဖြစ်သူချင်းရန်ကီက
သစ်သားပုဆိန်တစ်ခုဖြင့်လေ့ကျင့်လျက်ရှိသည်ကို
တွေ့လိုက်ရသည်။ဂျင်ချန်၏အမြင်တွင် ချင်းရန်ကီပုဆိန်အားကိုင်ပြီး
ရှောက်ရမ်းနေသည်ဟုသာမြင်သည်။ဘာအကွက်မှမပါပေ။
ဂျင်ချန်က သူဘဝတစ်လျှောက်လုံးဓားဖြင့်သာလေ့ကျင့်ခဲ့သော်လည်းပုဆိန်ကိုင်သူအများအပြား
ဖြင့်တိုက်ခိုက်ခဲ့ဖူးသည်။ထို့ကြောင့်
ပုဆိန်တိုက်ကွက်များသည်သူနှင့် မစိမ်းပါ။ ချင်းရန်ကီ၏ပုဆိန်
ကိုင်ပုံအားကြည့်၍ဂျင်ချန်ဘာပြောလို့ပြောရမလည်း
မသိအောင်ပင်ဖြစ်သွားသည်။ထိုကဲ့သို့ပြုလုပ်
နေတာကိုလေ့ကျင့်တယ်လိုကော်ဆိုနိုင်သေးရဲ့လား။ ဂျင်ချန်ထိုနေရာမှပြန်ထွက်သွားဖိုပြင်လိုက်စဉ်
ချင်းရန်ကီကဂျင်ချန်အားသတိပြုမိသွားလေသည်။
သူမျက်နှာတွင်အကောက်ကြံတော့မည့်
အပြုံးလေးသန်းသွားသည်။
“လေးယောက်မြောက်ညီလေးခဏလာပါဦးအကိုမှာညီစားဖို့ချိုချဉ်တွေရှိတယ်။”ချင်းရန်ကီ
ကလှမ်းခေါ်လိုက်လေသည်။
ချင်းရန်ကီ၏စကားသံကိုကြားလိုက်ရသောအခါ
ဂျင်ချန်မြေပြင်ပေါ်သိုလဲကျလုမတတ်ပင်ဖြစ်သွားသည်။သူကအသက်၇နှစ်ပဲရှိသေးတယ်ဆိုပေမယ့်
ဒီလိုကလေးကွက်လေးနဲ့လာလိမ်လို့ရပါ့မလား။
ဂျင်ချန်ကချင်းရန်ကီ၏အသံအာမကြားဟန်ဖြင့်ဆက်လျှောက်သွားလေသည်။အဝေးသို့ဆက်
လျှောက်သွားသောဂျင်ချန်အားကြည့်၍ချင်းရန်ကီနည်းနည်းတော့ကျွဲမီးတိုသွားသည်။သူက
လက်ထဲကပုဆိန်အားလွတ်ချလိုက်ပြီး
ဂျင်ချန်နောက်သိုပြေးလိုက်သွားလေသည်။
“လေးယောက်မြောက်ညီလေးငါပြောတာကြားလား?”ချင်းရန်ကီကဂျင်ချန်၏လမ်းအားပိတ်ရပ်
လိုက်လေသည်။ချင်းရန်ကီ၏မျက်နှာသည်နီရဲနေပြီး
ဂျင်ချန်အားဒေါသတကြီးစိုက်ကြည့်နေ
လေသည်။
“ဘာဖြစ်လို့လည်း”ဂျင်ချန်ကချင်းရန်ကီ
အားတည်ငြိမ်အေးစက်စွာကြည့်ရင်းမေးလိုက်လေသည်။“ညီလေးကလည်းတတိယအကိုကမင်းကို
သိုင်းအတူလေ့ကျင့်ရအောင်ခေါ်မလို့ပါ”ပြောပြော ဆိုဆိုဖြင့်ဂျင်ချန်အားလေ့ကျင့်ရေးမြေကွက်လပ်သို့ ချင်းရန်ကီဆွဲခေါ်သွားလေသည်။
ဂျင်ချန်အားငြင်းဆန်ချိန်ပင်မပေးချေ။
အမှန်တကယ်တော့ထိုအချိန်တွင်ချင်းရန်ကီ
စိတ်အရမ်းလှုပ်ရှား နေလေသည်။သူကဂျင်ချန်အားဉာဏ်ပညာအရာတွင်လုံးဝမမှီသော်လည်း
တိုက်ခိုက်ရေးစွမ်းရေတွင်သူကအသာစီးရမည်ဟုယုံကြည်ထားလေသည်။ပြီးတော့ဂျင်ချန်က
သိုင်းလေ့ကျင့်လိုမရတဲ့ဒုက္ခိတသာသာမှတ်လား။
ချင်းရန်ကီ၏စိတ်ထဲတွင်အခုအချိန်ကဂျင်ချန်အား
နှိပ်ကွက်ဖို့အကောင်းဆုံးအချိန်ဟု ယုံကြည်ထားလေသည်။
ဂျင်ချန်အားဆွဲခေါ်သွားပြီးနောက်
မြေကွက်လပ်သိုရောက်သောအခါချင်းရန်ကီသူရဲ့
မြေပြင်ပေါ်
ကပုဆိန်အားပြန်ကောက်လိုက်လေသည်။ထိုနောက်ဂျင်ချန်အားကြည့်ကာ“ညီလေးအဆင်သင့်
ဖြစ်ပြီးလား။အကိုစတိုက်ပြီနော်”။ချင်းရန်ကီ၏ညင်သာသော
အပြုံးအားမြင်လိုက်ရသောအခါဂျင်ချန်၏မျက်လုံးထဲတွင် သနားသွား
သောအရိပ်ရောင်လေးတစ်ချက်ပေါ်သွားသည်။ဒီလောက်နာချင်နေတဲ့လူတစ်ခါမှမတွေ့ဖူးချေ။
လက်ဗလာဖြစ်နေသောဂျင်ချန်အားကြည့်ကာ“ညီလေး မင်းအကိုကိုလက်နက်မပါပဲတိုက်မလိုတော့
မဟုတ်လောက်ပါဘူးနော်”။ချန်ရန်ကီ
စကားပြောပြီးနောက်သူလက်ထဲကပုဆိန်အားကြည့်ကာ
“ဒါဆိုရင်တော့ငါမင်းကိုပုဆိန်ပေးမယ်။
ငါကလက်နက်မဲ့ပဲတိုက်တော့မယ်။ ဒီပုဆိန်က သစ်သားနဲလုပ်ထားတာ ဆိုပေမယ့် ၁၀ပေါင်လောက်လေးတယ်။ငါတော့မင်းနိုင်မယ်မထင်ပါဘူး”ချင်းရန်ကီက
ပုဆိန်အားဂျင်ချန်စီသို့ပစ်ပေးလိုက်လေသည်။
သူရည်ရွယ်ချက်ကဂျင်ချန်အား
ပုဆိန်မမနိုင်လျင်ဂျင်ချန်အရှက်တကွဲဖြစ်ဖိုဖြစ်သည်။ထိုအပြင်သူ့ကိုယ်သူလည်းညှာတာတတ်
သည့်ဟန်ဆောင်လိုက်ခြင်းဖြစ်သည်။
ဂျင်ချန်ကပုဆိန်အားသေချာကြည့်လိုက်သော အခါပုဆိန်ကအကြမ်းသာပြုလုပ်ထားပြီးအသွား
များပင်မပါချေ။သာမာန်လူတစ်ယောက်ကိုထိုပုဆိန်ဖြင့်ခုတ်လျင်အပေါ်ယံထိခိုက်ဒဏ်ရာလောက်
သာရမည်လုံလောက်သောနာကျင်မူကိုတော့ခံရမည်မဟုတ်ပေ။
ဂျင်ချန်ကပုဆိန်အားကိုင်မကာ“တတိယအကိုနဲသာပုဆိန်ကသင့်တော်မှာပါ။ကျွန်တော်အတွက်
မလိုဘူး”ဟုဆိုကာ
ပုဆိန်အားပြန်ပစ်ပေးလိုက်လေသည်။ဂျင်ချန်ပုဆိန်အား
အေးအေးဆေးဆေး
ကိုင်နိုင်တာကိုမြင်သောအခါချင်းရန်ကီ
အတော်လေးအံ့သြသွားလေသည်။
ပုဆိန်အား ဖမ်းလိုက်ပြီး ဂျင်ချန်အား မသင်ကာသောအကြည့်ဖြင့်ကြည့်ကာ“ညီလေးမင်းတကယ်
လက်နက်မပါပဲတိုက်ခိုက်ချင်တာလား”
ဟုမေးလိုက်လေသည်။
ဂျင်ချန်ကရယ်မောလိုက်ပြီးခေါင်းကိုရမ်းကာဘေးနားရှိ တစ်မီတာမျှရှည်သောသစ်ကိုင်းခြောက်
လေးအားကောက်လိုက်လေသည်။
ထိုသစ်ကိုင်းခြောက်ပေါ်ကအရွက်လေးနှစ်ရွက်အားခါချလိုက်
သောအခါသစ်ကိုင်းခြောက်လေးတစ်ခုသာဂျင်ချန်လက်ထဲတွင်ကျန်ခဲ့လေသည်။
“ဒါငါ့ရဲ့လက်နက်ပဲ”ဂျင်ချန်အသာလေးရယ်ရင်းပြော လိုက်လေသည်။
ချင်းရန်ကီကဂျင်ချန်၏လက်ထဲရှိ
သစ်ကိုင်းခြောက်အားကြည့်ကာစောနကသူဒေါသထွက်
နေသမျှအရာအားလုံးပျောက်သွားလေသည်။
ဂျင်ချန်ကိုဒီနေ့ထိုးကြိတ်ရဖို့ကတစ်ဖြည်းဖြည်းနီး
ကပ်လာလေပြီ။ဂျင်ချန်ကိုအနိုင်ကျင့်
ဗိုလ်ကျရန်ဆိုသောချင်းရန်ကီ၏အိပ်မက်က
နောက်ဆုံးမှာ
တော့ချင်းရန်ကီအတွက်
ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာလေသည်။
ထိုအတွက်ချင်းရန်ကီ
ပြောမပြနိုင်အောင်ပျော်သည်။(နည်းနည်းတော့အိုဗာတင်းဖြစ်သွားသလားhkhk)
ချင်းရန်ကီကပုဆိန်အားဆုပ်ကိုင်လိုက်ပြီး“ညီလေး မင်းအကောင်းဆုံးဂရုစိုက်ပါ
အကိုစတိုက်ပြီ”ဟုပြောပြီးလျင်ပြောပြီးခြင်းပုဆိန်အားလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လိုက်ပြီးဂျင်ချန်အား
လွဲခုတ်လိုက်လေတော့သည်။ပုဆိန်က
မည်သည့်ဒဏ်ရာမှကြီးကြီးမားမားမပေးနိုင် မှန်းချင်းရန်ကီသိသဖြင့်
အားကုန်ခုတ်ချလိုက်ခြင်းဖြစ်သည်။ဂျင်ချန်ကခြေထောက်တစ်ဖက်အား
အရှေ့သိုတိုးလိုက်ပြီးကိုယ်ကိုဘေးသို့အသာဌဲ့ကာ ပုဆိန်အားရှောင်လိုက်လေသည်။သူလက်ထဲက
သစ်ကိုင်းခြောက်ကလေးသည်ရုတ်တရက်
အရမ်းလျင်မြန်လာ
ပြီးကြောက်မက်ဖွယ်ကောင်းလောက်အောင်
အင်အားကြီးသွားလေသည်။သာမာန်ဘေးကင်းသော သစ်ကိုင်းခြောက်လေးသည်ဂျင်ချန်၏လက်ထဲတွင်
သေမင်းသံတမန်ဓားအဖြစ်ပြောင်းလဲသွားသည်
ဟုထင်ရလေသည်။
ဂျင်ချန်၏လက်ထဲရှိသစ်ကိုင်းခြောက်ကလေးသည် အလွန်လျင်မြန်သောနှုန်းဖြင့်ချင်းရန်ကီအား
တုံပြန်ခွင့်မပေးပဲသူ့၏လည်ပင်းတွင်ရပ်သွားလေသည်။ “တတိယအကိုမင်းရှုံးသွားပြီ”ဟုဖြေးညင်းစွာ
ပြောလိုက်သည်။ချင်းရန်ကီသူလည်ပင်းနားရှိသစ်ကိုင်းခြောက်လေးကို
မယုံကြည်စွာကြည့်နေလေသည်။ချင်းရန်ကီ၏မျက်စိထဲတွင်ဂျင်ချန်
လှုပ်ရှားလိုက်သည်ဟုသာသိလိုက်ရသည်
သစ်ကိုင်းခြောက်လေးရဲ့လှုပ်ရှားမှုကိုမမြင်လိုက်ရချေ။
၃စက္ကဆိုသောအချိန်လေးအတွင်းသစ်ကိုင်းခြောက်ကသူလည်ပင်းနားရောက်နေပြီးပွဲကပြီးသွားသည်။
ချင်းရန်ကီဆက်လက်အံသြနေရာကနေခေါင်းအား ခါရမ်းလိုက်ကာသူလည်ပင်းနားရှိသစ်ကိုင်းခြောက် အားလက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး“ဒါကို
ထဲ့တွက်လို့မရဘူး။မင်းတရားမျှတစွာ
တိုက်ခိုက်သင့်တယ်’လိုအော်ပြောလိုက်သည်။
ဂျင်ချန်ကရယ်မောလိုက်ပြီးနီရဲနေသောချင်းရန်ကီ၏
မျက်နာကိုကြည့်ကာ“တတိယအကိုမင်းကငါတိုက်တာတရားမျှတမှုရှိလား
မရှိလားဆိုတာတောင်သေချာမသိပဲနဲ့”ဟု
ဂျင်ချန်ထူးဆန်းသောအသံဖြင့်ပြောလိုက်လေသည်။“ဒါ..ဒါ…”ချင်းရန်ကီဘာပြောရမှန်းမသိပေ။
သိုသော်လည်းသူကရလာဒ်ကိုလက်မခံခြင်သေးချေ။ထိုနောက်သူကဆက်ပြောလေသည်“ဘာပဲဖြစ်ဖြစ်
ဒီပွဲကိုမရေဘူးငါတိုနောက်တစ်ကြိမ်လောက် ဆက်တိုက်ကြရအောင်”
ဂျင်ချန်ကသစ်ကိုင်းခြောက်လေးအား
ချင်းရန်ကီလက်ထဲမှပြန်ယူလိုက်ပြီးရယ်လျက်“ကောင်းပြီလေဒါဆိုလည်း
ငါတိုနောက်တစ်ကြိမ်ဆက်တိုက်ကြတာပေါ့”ဟုပြောကာ
ချင်းရန်ကီနှင့်ငါးမီတာခန်မကွာတွင်
သွားရပ်လိုက်လေသည်။
အပိုင်း ၉ ပြီး၏။