Switch Mode

Chapter – 8

ကပ်ဘေး

Chapter – 8 ကပ်ဘေး

ဂျင်ချန် သူ ဘာလို့ သူတော်စင်
စွမ်းအင် မထွက်ပေါ်လာမှန်း သူ့ဘာသာနားလည်သည်။
အဘယ့်ကြောင့်
ဆိုသော် သူက ညတိုင်းတွင် သူတော်စင်စွမ်းအားများအား သူ၏ဆဲများကိုသန်မာလာအောင်လုပ်ခြင်း
ကြောင့်သူတစ်ကိုယ်လုံးတွင်သူတော်စင်စွမ်းအားများ
တစ်စက်မှမကျန်ခြင်းဖြစ်သည်။အကယ်၍သူသာ ဆဲတွေကိုသူတော်စင်စွမ်းအားဖြင့်
သန်မာအောင်မသုံးပြုခဲ့ဘူးဆိုရင်လျင်
အဖြေကတစ်မျိုးပြောင်းသွားမည်ဖြစ်သည်။
ကံမကောင်းစွာပဲထိုအကြောင်းကိုဂျင်ချန်ကလူတွေကိုရှင်းပြခွင့်မရခဲ့ပေ။အကယ်၍သူသာရှင်းပြ
မည်ဆိုလျင်လည်းအဇူရာဓားကျင့်စဉ်ဘယ်ကရသလဲဆိုသည့်မေးခွင်းကို
ဖြေရတော့မည်ဖြစ်သည်။ထိုကြောင့်သူတိတ်ဆိတ်စွာ
ဘာပြန်မပြောခဲ့ခြင်းဖြစ်သည်။“ရှင်းအာ….ရှင်းအာ..”ဆိုသော
အားအင်ဖျော့တော့သည့်အသံကအိပ်ယာထက်ကထွက်ပေါ်

လာသည်။
သူအမေ၏ခေါ်သံကြားလိုက်ရသောအခါဂျင်ချန်သတိပြန်ဝင်လာလေသည်။“အမေကျွန်တော်
ဒီမှာရှိပါတယ်အရာရာအားလုံးအဆင်ပြေပါတယ်။”ဟု
ပြန်ဖြေလိုက်သည်။
ဘီရင်တန်၏မျက်နှာတွင်နားမလည်နိုင်သော
အမူအရာဖြင့်“အမေကနေကောင်းပါတယ်။ဒါပေမယ့်ရှင်းအာ……..”သူမ၏မျက်နှာတွင်သနားခြင်း
ဝမ်းနည်းခြင်းနာကျင်ခြင်းတိုကိုအတိုင်းသားမြင်နိုင်
လေသည်။
“လေးယောက်မြောက်အမအရမ်းကြီးစိတ်မပူပါနဲ့။ ရှင်းအာကမွေးကတည်းကဉာဏ်ကောင်းတယ်။ကလန်ထဲမှာဘယ်ကလေးက
သူလောက်ဉာဏ်ကောင်းလို့လည်း”ဘီယုရှမ်းက ဝင်ပြောလိုက်သည်။

ဘီရင်တန်ကသူမ၏ခေါင်းအားဖြေးညင်းစွာမလိုက်ပြီး“ဒါကိုငါသိပါတယ်”သူမကဂျင်ချန်အားကြည့်ကာ
သူခေါင်းလေးအား ဖြေးညင်းစွာ ပွတ်ပေးလိုက်ပြီး“ရှင်းအာအရမ်းကြီးစိတ်မကောင်း

မဖြစ်နဲ့မင်းရဲ့ဒုတိယအဒေါ်ပြောတာမှန်တယ်။မင်း
သူတော်စင်စွမ်းအားကိုမလေ့ကျင့်နိုင်ပေမယ့်တခြားနယ်ပယ်တွေမှာထူးချွန်နိုင်တယ်။ငါတို့က
မင်းဘယ်နယ်ပယ်မှာထူးချွန်မလည်းဆိုတာအခုအထိမသိသေးဘူး။’
ဂျင်ချန်သူမေ၏စကားကိုကြားလိုက်ရသောအခါ
စိတ်မကောင်းဖြစ်သွားသည်။သူ့အမေအား သူရှင်းပြခြင်သည်သူဒုက္ခိတမဟုတ်ကြောင်း
လေ့ကျင့်၍မရခြင်းမဟုတ်ကြောင်း
သူပြောလိုက်ချင်သည်။သို့သော်သူမပြောဖို့
စိတ်ဆုံးဖြတ်ကာ“အမေမဆိုးရိမ်ပါနဲ့ရှင်းအာအမေ့ကို စိတ်မပျက်စေရပါဘူး”ဂျင်ချန်သူအမေ၏
မေတ္တာတရားအား အရမ်းမြတ်နိုးမိသလိုခံစားရသည်။ထိုတစ်နေလည်လုံး သူအမေဘေးနားတွင် နေပေးပြီးညအချိန်မှသာအခန်းသိုသူပြန်ခဲ့လေသည်။ချင်းရန်ဘေ
၏အပြုအမူကဂျင်ချန်အပေါ်တွင်
အရမ်းပြောင်းလဲသွားသည်။ဂျင်ချန်ကိုတွေ့တိုင်းသူ့ မျက်နှာကအေးတိအေးစက်စကားလည်း
လုံးဝမပြောပေ။ချင်းရန်ဘေသည်ဂျင်ချန်ပေါ်

အရမ်းတင်းမာစွာဆက်ဆံလေသည်။(
လူစရိုက်လေးပေါ့)
မျက်စိတစ်မှိတ်ဆိုသောအချိန်ကာလအတွင်း
၄နှစ်ကုန်ဆုံးသွားသည်။ထိုလေးနှစ်အတွင်းဂျင်ချန် အခန်းတံခါးပိတ်လေ့ကျင့်ခြင်းဖြင့်သာ
သူ၏အချိန်များကိုကုန်ဆုံးစေသည်။တစ်နေ့လုံးနေ၍
အပြင်ကိုတစ်ကြိမ်မှလမ်းမလျှောက်ချေ။
ထိုလေးနှစ်အတွင်းဂျင်ချန်၏ပုံရိပ်သည်သိသိသာသာ
လျော့ကျသွားပြီးကလန်အတွင်းတွင်သူ့ကို
မည်သူမှအဖက်လုပ်ပြီးနှုတ်ပင်မဆက်တော့ပေ။ သူအဖေကတော့သူအားစကားပင်မပြောတော့။
သူအမေကတော့အားလုံးနှင့်ဆန်ကျင်စွာဂျင်ချန်အားပို၍ပို၍ချစ်လာသည်ဟုသာရှိသည်။
နည်းနည်းမျှပင် သူမ၏မေတ္တာကလျော့မသွားချေ။မနက်ခင်းစောစောတွင်ဂျင်ချန်သူ၏
လေ့ကျင့်မှုပြီးသွားပြီးတမင်ခွေထိုင်ထားရတာကနေထလာလေသည်။သူလက်နှစ်ဖက်အားဆန်လိုက်ပြီး
အညောင်းဖြေလိုက်သည်။ထိုနောက်သူ့လက်နှစ်ဖက်ကို
မြေပြင်သို့အသာဆန်ထုတ်လိုက်ရာအဖြူရောင်

ဘောလုံးလေးထွက်လာပြီးမြေပြင်သိုသွားရိုက်ရာသူ့၏
လက်ဖဝါးရာသေးသေးလေးထင်ကျန်ရစ်လေသည်။သူ့၏စွမ်းဆောင်ရည်အားကြည့်၍
သူကျေနပ်စွာပြုံးလိုက်သည်။သူတော်စင်စွမ်းအားစစ်ဆေးပြီး
တစ်နှစ်ခွဲကြာပြီးနောက်သူ
အဇူရာဓားကျင့်စဉ်ပထမအဆင့်အား
အောင်မြင်သွားသည်။ဆိုလိုတာကသူ
သူတော်စင်စွမ်းအင်အားများအားသူ့ဆဲများစီသို့ ပိုလွတ်ပေးစရာမလိုတော့ပဲစစ်မှန်သည့်
သူတော်စင်စွမ်းအားကိုစတင်လေ့ကျင့်၍
ရသွားခြင်းဖြစ်သည်။သူလေ့ကျင့်မူကအလွင်မြန်လာပြီးသူ့ကိုယ်အတွင်း၍သူတော်စင်စွမ်းအားများ
အများအပြားသိုလှောင်လာနိုင်သည်။
သူသိုလှောင်ထားသောသူတော်စင်စွမ်းအားဖြင့်
ကျောက်တုံးကြီးတစ်တုံးအားအသာအယာခွဲပလိုက် လိုရသည်။
ယနေ့မနက်ခင်းတွင်ဂျင်ချန်အခန်းအတွင်းမှထွက်ကာ ချင်းရန်ကလန်ဝင်းအတွင်းသို့လှည့်ပတ်ကြည့်သည်။

လမ်းတွင်ကလန်အဖွဲ့ဝင်များအားတွေ့သည်။
သူတို၏မျက်နှာတွင်
ပုံစံအမျိုးမျိုးမြင်ရသည်။အချို့ကဂျင်ချန်အား
လှောင်သည့်အကြည့်အချို့ကမျက်နှာထားတင်းတင်း အချို့ကသနားသည့်ဟန်များပြကြလေသည်။
ကလန်အစောင့်များကပင်သူအားမလိုသည့်အကြည့်ဖြင့်
ကြည့်နေကြသည်။
ဂျင်ချန်ကတော့ထိုသူများအားမမြင်သည့်အလားပင်ဂရုမစိုက်ချေ။သူဗိုက်ကိုပွတ်လိုက်ပြီး
ဗိုက်ဆာသလိုခံစားရသဖြင့်
အစားအသောက်များချက်သည့်
အဆောင်ဘက်သိုသူထွက်ခဲ့လိုက်သည်။သူအမေဖြင့်အမြဲတမ်း
ထမင်းစားခန်းမတွင်စားသောက်သော်လည်းယခုတွင်သူမီးဖိုဘက်သို့တစ်ယောက်တည်းထွက်ခဲ့သည်။
ဂျင်ချန်အစားသောက်ချက်ပြုတ်သော
အဆောင်သိုရောက်သောအခါအစေခံတစ်ရာခန
ပြေးလွှား
လှုပ်ရှားနေသည်ကိုမြင်ရသည်။ဟင်းချိုအိုးများ ထမင်းအိုးကြီးများဖြင့်အလုပ်တွေရှုပ်နေကြသည်။

“အိုဒါလေးယောက်မြောက်သခင်လေးမဟုတ်ဘူးလား။ဘာလိုမီးဖိုချောင်ဘက်ကိုလာတာလည်း။ဒီနေရာကကျွန်တော်တို့လိုအစေခံတွေနေတဲ့နေရာ
ဘာလိုလာတာလည်း”အသစ်၂၀လောက်ရှိသည်အစေခံကဂျင်ချန်အားရန်စသလို
ဂရုမစိုက်သည့်ဟန်ဖြင့်မေးလေသည်။
ထိုအသံကိုနားထောင်ရုံဖြင့်ဂျင်ချန်အားရန်စသည့်အသံဖြစ်မှန်းသိနိုင်သည်။
တခြားအသံတစ်ခုကလည်း“ငါထင်တာကတော့
လေးယောက်မြောက်သခင်လေးက
ထမင်းရည်သောက်ချင်လို့လာတာပဲနေမှာ။
ဒါဟာထူးဆန်းတာပဲထမင်းရည်ကအစေခံတွေနဲ့
အစောင့်တွေပဲသောက်တာ။ဘာလို့ထမင်းစားခန်းထဲမှာ မစားတာလည်းမောင်းထုတ်ခံလိုက်ရတာ
လား”အသက်၃၀အရွယ်လောက်ရှိသည့်
လူတစ်ယောက်အသံကဂျင်ချန်အားစသလိုနှင့် ရန်ရှာလိုက်သည်။
ထိုနှစ်ယောက်၏အသံကြောင့်တခြားအစေခံများအကြည့်ကသူ့စီရောက်လာလေသည်။

ပထမအစေခံကချင်းရန်ဘေပထမမိန်းမ၏
အစေခံဖြစ်ပြီးလင်းလောင်နှင့်ဆွေမျိုးတော်သည်ဟု
ပြောကြလေသည်။ဒုတိယအစေခံကချင်းရန်ကလန်ရဲမက်တပ်ဖွဲ့၏ခေါင်းဆောင်ရဲ့ညီဖြစ်လေသည်။ ထိုစကားသံများကိုကြားလိုက်ရသောအခါဂျင်ချန်
ဒေါသနည်းနည်းထွက်သွားသည်။သိုသော်လည်း
သူစိတ်လျော့လိုက်ပြီးအနားရှိအသီးတစ်လုံးအားစားဖို့ လှမ်းပြင်လိုက်သည်။ထိုအချိန်တွင်လက်ကြီး
နှစ်ဖက်ပေါ်လာပြီးအသီးတောင်းကိုဂျင်ချန်နှင့်အဝေးစီသိုဆွဲယူလိုက်လေသည်။
“ဒီအသီးတွေကငါတိုရဲ့
အစောင်တွေစားဖ့ထားတာ”ဟုဆိုကာအသီးတောင်းကို ဆွဲပြီးမီးဖိုချောင်
အတွင်းမှထွက်သွားလေသည်။
“ဘယ်လောက်တောင်ရှက်ဖိုကောင်းလည်းသခင်လေးတဲ့ဒုက္ခိတလေးကများ”
ထိုအချိန်မှာတော့ဂျင်ချန်၏ဒေါသကလုံးဝ
ပွင့်ထွက်သွားတော့သည်။ဂျင်ချန်ဘာစကားမှမပြောပဲထိုလှဲ့ထွက်သွားဖိုပြင်သည့်အစေခံအား
ခြေထိုးခံလိုက်ပြီးနောက်ကျောအားလက်ဖြင့်တွန်းထုတ်

လိုက်သည်။
“ဘမ်း!”
သစ်သီးဗန်းကိုင်ထားသောအစေခံ
မြေပြင်ပေါ်သို့မောက်လျက်လဲကျသွားသည်။
သူလက်ထဲရှိသစ်သီးတောင်းမှသစ်သီးများနေရာအနှံ
ပြန်ကျဲကျကုန်လေသည်။
မီးဖိုထဲရှိလူများအားလုံးအံ့သြတုန်လှုပ်စွာဂျင်ချန်အားကြည့်နေကြသည်။ မည်သူကမှသူတိုမြင်လိုက်ရသည်ကိုမယုံကြချေ။
အသက်၇နှစ်အရွယ်ကောင်လေးတစ်ယောက်က အသက်၃၀အရွယ်လူကြီးတစ်ယောက်အား
တစ်ချက်တွန်းရုံဖြင့်လဲကျသွားစေသည်။ “ဟားဟားဟားအကိုကွင်းအာ
အကိုကတော့ကျွန်တော်ကိုအံသြစေတာပဲ။အကိုက သူတော်စင်စွမ်းအားအဆင့်၃ရောက်ပြီးတာတောင်ကလေးတစ်ယောက်ကလဲကျအောင်လုပ်နိုင်
တယ်ဆိုတော့ညဘက်အားဖြုန်းတာတွေ
များတယ်ထင်တယ်နော်” လဲကျသွားသော အစေခံအားကြည့်၍ပထမအစေခံကပျက်ရယ်ပြုလိုက်သည်။

ကွင်းအာဟုခေါ်သည့်အစေခံကမြေပြင်ပေါ်မှ
ထလာသည်။ သူမျက်နှာက ဒေါသကြောင့်နီမြန်းနေသည်။၇နှစ်အရွယ်ကောင်လေးက
သူအားမြေပြင်ပေါ်သိုလဲအောင်လုပ်
နိုင်သည်ဆိုသည့်စကား
တာအခြားအစေခံတွေနားသိုရောက်သွားပါက
သူဘဝတစ်လျှောက်လုံးလှောင်ခံနေရတော့မည်။
ဒေါသဖြင့်ကွင်းအာသူခေါင်းအားခါရမ်းလိုက်သည်။ထိုအချိန်တွင်သူဂျင်ချန်အားလေးယောက်
မြောက်သခင်လေးဆိုတာကိုမေ့သွားသည်။သူဂျင်ချန် ရှိရာသို့လှည့်လိုက်ပြီးဂျင်ချန်၏ဗိုက်အား
လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
ကွင်းအာ၏လက်သီးသူ့စီသိုလာနေသည်ကို
ဂျင်ချန်တွေ့လိုက်ရသောအခါမျက်မှောင်ကုတ်သွား သည်။သူအတွက်တော့ထိုလက်သီးချက်သည်
ဟာကွက်များပြည့်နေသည်။ဂျင်ချန်သူကိုယ်သူဘေးသို့ တစ်ချက်တိမ်းရှောင်လိုက်ပြီးကွင်းအာ၏နှာနုရိုးအား အလွန်လှပသေသပ်သောကန်ချက်
ဖြင့်ပိတ်ကန်လိုက်သည်။“ဖုန်းအားးးးးးးးး!”

ကွင်းအာအသံပြဲကြီးနှင့်အော်လိုက်ပြီးသူနှာခေါင်းတွင်
သွေးများယိုစီးကျလာလေသည်။ဂျင်ချန်၏
ခြေထောက်ကသနားညှာတာမူလုံးဝမရှိပေ။
သူကန်ချက်ကကွင်းအာ၏နှာခေါင်းအားကျိုးသွားစေပြီးမျက်နှာတစ်ခုလုံးအားခြေရာကြီးကျန်ခဲ့စေသည်။

အပိုင်း ၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset