Chapter – 7 အမေ့ခံ ပါရမီရှင်
ချင်းရန်အဓိကခန်းမဆောင်သည်အရမ်းကျယ်ဝန်းပြီး လူအချို့ရောက်နှင့်နေပြီဖြစ်သည်။ထိုလူစုထဲ
တွင်လူလတ်ပိုင်းအရွယ်လူတစ်ချို့က
မတ်တပ်ရပ်လျက်သေချာစွာစောင့်ကြည့်နေလေသည်။
ဘီရင်တန်ကဂျင်ချန်အားခန်းမဆောင်ရှေ့
ထိုင်ခုံတွေစီသိုခေါ်သွားသည်။ထိုထိုင်ခုံများအားလုံးတွင်အမြင့်ဆုံးထိုင်ခုံက
ကလန်ခေါင်းဆောင်အတွက်ဖြစ်သည်။ဂျင်ချန်က
လေးယောက်မြောက်
သခင်လေးဖြစ်သည့်အတွက်
သူလည်းအားလုံးရဲ့အရှေမှာထိုင်ခွင့်ရှိသည်။ဂျင်ချန်က ဘာစကား
တစ်ခွန်းမှမပြောပဲသူအမေ၏ပေါင်ပေါ်တွင်ထိုင်လိုက်သည်။
ခန်းမဆောင်အတွင်းသို့လူများတစ်ယောက်ပြီး တစ်ယောက်ရောက်ရှိလာကြသည်။ထိုအထဲတွင်ဂျင်ချန်၏၃ယောက်မြောက်အန်တီက
သူမ၏ကလေးအားချီကာရောက်ရှိလာသည်။“လေးယောက်မြောက်မောင်လေးဒီနေ့ကမင်းရဲ့ သူတော်စင်စွမ်းအားစစ်ဆေးတဲ့နေနော်ကြိုးစား
ထားအမကိုစိတ်ပျက်အောင်မလုပ်နဲ့”ချင်းရန်မင်းယုက သူမ၏လှပသောအပြုံးလေးဖြင့်ဂျင်ချန်
အားလှမ်းပြောလိုက်သည်။
သိပ်မကြာခင်ခန်းမအတွင်းသိုလူများတစ်ဖြည်းဖြည်း
စုဝေးရောက်ရှိလာကြသည်။သူတို့က ဂျင်ချန်အားကွက်ကြည့်ကွက်ကြည့်ဖြင့်
တီးတိုးစကားပြောနေကြသည်။ခန်းမအတွင်းသို့ဒီနေ့ လူအများအပြားစုဝေးရောက်ရှိလာကြခြင်းမှာဂျင်ချန်၏သူတော်စင်စွမ်းအားစစ်ဆေးမှုကြောင့်
ဆိုလျင်မမှားပေ။
ထိုလူစုလူဝေးကြီးသည်သာမာန်ကလေးများ
သူတော်စင်စွမ်းအားစစ်ဆေးလျင်လာကြမည်မဟုတ်
ပေ။သိုသော်ဂျင်ချန်က
ကလန်ခေါင်းဆောင်၏သားဖြစ်သည့်အပြင်ကောင်းကင်ကလက်ဆောင်
ပေးလိုက်သောပါရမီရှင်ဟုလက်ခံထားကြသည်။ ထိုကြောင့် ကလန်တစ်ခုလုံးရှိလူများ ခန်းမအတွင်းလာရောက်စုဝေးကြခြင်းဖြစ်သည်။
ကလန်အဖွဲ့ဝင်များအားလုံးနေရာယူပြီးသောအခါ ဂျင်ချန်၏အဖေကအမြင့်ဆုံးထိုင်ခုံတွင်ဝင်ထိုင်
လိုက်သည်။ ထိုထိုင်ခုံသည် ကလန်ခေါင်းဆောင်များသာထိုင်ခွင့်ရှိသောခုံဖြစ်သည်။
ချင်းရန်ဘေကဂျင်ချန်အားတစ်ချင်ကြည့်လိုက်သည်
သူအကြည့်တွင်အပြုံးရိပ်ကလေးသန်းနေ
သည်။ထိုနောက်ဂျင်ချန်၏သူတော်စင်စွမ်းအား စစ်ဆေးပွဲစတင်လေသည်။
ဒီလျူငါအားနာပေမယ်ဒီစစ်ဆေးပွဲကိုအဖိုးကိုပဲ
ကွက်ကဲခိုင်းရတော့မယ်”ဟုချင်းရန်ဘေကယဉ်ကျေးစွာ ပြောလိုက်သည်။ ထိုအဖိုးအို၏အသက်အရွယ်မှာအသက်၇၀လောက်ရှိပြီး အညိုရောင်ဝတ်စုံကိုဝတ်ဆင်ထားလေသည်။ထိုအဖိုးအိုကရယ်၍“ကလန်ခေါင်းဆောင်က
ယဉ်ကျေးလွန်းတယ်”။ထိုနောက်စင်မြင့်၏အလယ်သို
လျှောက်လှမ်းလာပြီး“လေးယောက်မြောက်သခင်လေးဒီကိုကြွပါ”
ဘီရင်တန်ကဂျင်ချန်အားတစ်ချက်ကြည့်လိုက်ပြီး “ရှင်းအာဒီလျူရှိတဲ့စီကိုသွားသူကမင်းကို
သူတော်စင်စွမ်းအားစစ်ဆေးပေးနိုင်တယ်”ဟုတိုးတိုးလေးပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”ဟုဂျင်ချန်ပေါ့ပေါ့ပါးပါးပြောလိုက်ပြီး အဖိုးအိုဒီရှိရာသိုလျှောက်လာခဲ့လိုက်သည်။
ဘာစကားမှထပ်မပြောတော့ပဲဒီလျူက
သူလက်အားမြောက်လိုက်ရာလက်တွင်ဝတ်ဆင်ထားသော
ငွေရောင်လက်စွပ်ကလေးကနေ
အဖြူရောင်အလင်းတန်းလေးထွက်လာသည်။
အဖြူရောင်အလင်းတန်းမှထွက်ပေါ်လာသော
လှိုင်းလေးကြောင့်မြေပြင်တွင်အနည်းငယ်တုန်လှုပ်သွားသည်။အသံလေးတစ်ချက်
သဲသဲလေးကြားလိုက်ရပြီးလေထဲကနေအဖြူရောင်ကျောက်တုံး
လေးတစ်တုံးထွက်ပေါ်လာသည်။ထိုကျောက်တုံးလေးသည်
အကြိမ်ကြိမ်ပွတ်တိုက်ထားမှန်းထင်
ရှားပြီး အတော်ပင်ပါးလွှာက တစ်မီတာမျှရှည်လျားလေသည်။
အဖြူရောင်ကျောက်တုံးလေးအားကြည့်ရင်း
ဂျင်ချန်အနည်းငယ်အံ့သြသွားသည်။သူအဖြူရောင်
ကျောက်တုံးလေးအားသတိထားမိသော်လည်း အဖိုးအိုဒီလက်ကလက်စွပ်လေးအားပိုစိတ်ဝင်စား
မိသည်။ထိုလက်စွပ်လေးအကြောင်းကို
စာအုပ်ထဲတွင်ဖော်ပြထားသည်။ဝိညာဉ်လက်စွပ်ဟု
ခေါ်ပြီး
ရှားပါးကာအထူးသတ္တုများဖြင့်ဖန်တီးထားသည်။ ထိုလက်စွပ်ထဲတွင်ပစ္စည်းများသိမ်းထားနိုင်
လေသည်။သိမ်းထားသောပစ္စည်းများကို
ပိုင်ရှင်ကြိုက်သည့်အချိန်တွင်အလွယ်တကူထုတ်၍ရ သည်။ထိုလက်စွပ်လေးသည်ဈေးအလွန်ကြီးကာ
တန်းရန်တိုက်တွင်သာမာန်သူတို့တတ်နိုင်သောအသုံးအဆောင်ပစ္စည်းမဟုတ်ပေ။
“လေးယောက်မြောက်သခင်လေးလက်ကို
သူတော်စင်ကျောက်တုံးပေါ်တင်လိုက်”ဟုဒီလျူပြုံး၍
ပြောလိုက်သည်။သူတော်စင်ကျောက်တုံးသည်
လူတစ်ယောက်တွင်ရှိသောသူတော်စင်စွမ်းအားကိုစစ်ဆေးပေးသည့်အထူးပစ္စည်းလေးဖြစ်သည်။
ထိုကျောက်တုံးလေးကနေဖော်ပြသော
လူတစ်ယောက်၏သန်မာမှုအားအနီ၊ပန်းရောင်၊
အဝါရောင်၊အစိမ်းရောင်၊စိမ်းပြာရောင်၊အပြာရောင်၊ ခရမ်းရောင်ဟူ၍သတ်မှတ်ထားသည်။
အနီရောင်သည်သူတော်စင်အဆင့်၏အောက်၊ အပန်းရောင်သည်သူတော်စင်အဆင့်၊အဝါရောင်သည်မြင့်မြတ်သူတော်စင်အဆင့်၊အပြာရောင်က
မြေသူတော်စင်အဆင့်ခရမ်းရောင်က
ကောင်းကင်သူတော်စင် အဆင့်ဟူ၍အသီးသီးသတ်မှတ်ထားလေသည်။သူတော်စင်တန်ခိုးရှင်၊
သူတော်စင်ဘုရင်အဆင့်နှင့်
သူတော်စင်ဧကရာဇ်အဆင့်တိုအတွက်သူတော်စင်ကျောက်တုံးသည်
အရောင်သတ်မှတ်ချက်ရှိချေ။
ဂျင်ချန်ကသူတော်စင်ကျောက်တုံးပေါ်တွင်လက်တင်ပြီးစိတ်အာရုံအားစုစည်းထားလိုက်လေသည်။
ထိုအချိန်တွင်လူအားလုံး၏အာရုံသည်
သူတော်စင်ကျောက်တုံးပေါ်တွင်ကျရောက်လျက်ရှိသည်။သူတို့အားလုံးကဂျင်ချန်ဘယ်လောက်
စွမ်းအားကြီးမလည်းစောင့်ကြည့်ချင်ကြသည်။
ဂျင်ချန်လက်တင်ထားသောသူတော်စင်ကျောက်တုံးအားဒီလျူကအသက်သွင်းလိုက်လေသည်။
ထိုအခါဂျင်ချန်လက်အတွင်းသို့ကျောက်တုံးမှထုတ်
လွှတ်လိုက်သောအေးစက်စက်
စွမ်းအင်တစ်မျိုးဝင်လာလေသည်။ထိုစွမ်းအင်ကဂျင်ချန်၏ခန္ဓာကိုယ်အား
တစ်ချက်လည်ပတ်လိုက်ပြီးသူတော်စင်ကျောက်တုံးအတွ
င်းသို့ပြန်ဝင်သွားကြလေသည်။
ဒီလျူကသူတော်စင်ကျောက်တုံးအား
စိုက်ကြည့်နေလေသည်။သို့သော်သူတော်စင်
ကျောက်တုံးတွင်
အချိန်ခဏကြာမြင့်ပြီးတာတောင်မည်သည့်အရောင်မှ
ပြောင်းမသွားချေ။နဂိုအဖြူရောင်ကျောက်တုံး
လေးအတိုင်းငြိမ်သက်စွာတည်ရှိနေသည်။ “ဘယ်လိုဖြစ်လိုသူတော်စင်ကျောက်တုံးမှာ
အရောင်ပြောင်းမသွားတာလည်း”ဒီလျူမယုံကြည်
နိုင်စွာ ရေရွက်မိလေသည်။ သူမျက်နာပေါ်ကအပြုံးတွေပျောက်ကွယ်သွားပြီးဂျင်ချန်အားစိုက်ကြည့်လိုက်လေသည်။
လူအုပ်ကြီးကလည်းသူတို့ရှေ့က
ဖြစ်ရပ်ကိုကြည့်လျက်မှင်သက်သွားသည်။သူတို၏မျက်နှာ
တွင်သနားခြင်းမယုံနိုင်ဖြစ်ခြင်းတိုကို အတိုင်းသားမြင်နိုင်လေသည်။
သက်ပြင်းချသံများကိုလည်း
ကျိုကြားကျိုကြားကြားရလေသည်။
ချင်းရန်ဘေ၏မျက်နှာမှာအရမ်းပျက်နေပြီး
ဘီရင်တန်၏မျက်နှာတွင်သွေးပင်မရှိတော့ချေ။သူတို့
နှစ်ယောက်လုံးဒီကိစ္စကိုလုံးဝမယုံနိုင်ဖြစ်နေကြသည်။ ဒီလျူကချက်ချင်းသူတော်စင်ကျောက်တုံးအား
အသက်ပြန်သွင်းလိုက်သည်။သိုသော်ရလဒ်က
ပြောင်းမသွားချေ။ အဖြူရောင်ကျောက်တုံးလေးကတုတ်တုတ်ပင်မလှုပ်။
သူတို့၏ကောင်းကင်ကလက်ဆောင်ပေးလိုက်သောပါရမီရှင်သခင်လေးသည်အမိုက်သာသာ
သုံးစားမရသောသူဖြစ်နေမည်ကို
ဒီလျူလုံးဝမထင်ထားချေ။အကယ်၍လူတစ်ယောက်တွင်
သူတော်စင်စွမ်းအားမရှိပါကထိုသူသည်
ဒုက္ခိတတစ်ယောက်နှင့်ဘာမှခြားတော့မည်မဟုတ်ပေ။ဒီလျူစိတ်တော်ပျက်သွားပြီးဂျင်ချန်အား
တိတ်ဆိတ်စွာကြည့်နေသည်။ထိုနောက်ချင်းရန်ဘေဘက်
သိုလှည့်ကာ“လေးယောက်မြောက်သခင်လေးက
သူတော်စင်စွမ်းအားကိုလေ့ကျင့်လိုမရပါဘူး။”
ထိုစကားကိုကြားရသောအခါဘေရင်တန်မျက်နှာသည် လုံးဝညိုးငယ်ကာဖြူဖတ်ဖြူရော့ပင်ဖြစ်
သွားသည်။သူမကဂျင်ချန်အား
နားမလည်နိုင်စွာကြည့်ရင်း“မဖြစ်နိုင်ဘူးဒါမဖြစ်နိုင်ဘူး ရှင်းအာ
လေ့ကျင့်လို့မရဘူးဆိုတာလုံးဝမဖြစ်နိုင်ဘူး”
ဟုရေရွက်ရင်းထိုင်ခုံအထက်ကနေမေ့သွားကာမြေပြင်သိုလဲကျသွားလေသည်။
ထိုနေရာရှိလူများအားလုံးကဂျင်ချန်နှင့်
သူအမေအားသနားစွာကြည့်နေကြသည်။ဂျင်ချန်၏အဒေါ်နှစ်ယောက်ဖြစ်သည့်ယုဖန်နှင့်
လင်းလောင်ကတော့သူတိုသားအမိအဖြစ်ကိုကြည့်ကာစိတ်ထဲတွင်ကြိတ်ပျော်နေကြသည်။
“လေးယောက်မြောက်အမလေးယောက်မြောက်အမ
ဘာဖြစ်တာလည်းထပါ”ဟူသူမအနားရှိ
ထိုအသံကိုကြားလိုက်ရသောအခါချင်းရန်ဘေက
ချက်ချင်း“ရင်အာကိုအိပ်ယာထဲအမြန်ခေါ်သွားကြ” ဟုပြောလိုက်သည်။ဂျင်ချန်လည်းသူအမေအနားသို့ အမြန်ပြေးလာပြီးလည်ပင်း
အားစမ်းကြည့်လိုက်သည်။သူအမေမည်သည့်
အန္တာရယ်မှမရှိကြောင်းသိလိုက်ရမှစိတ်အေးသွားသည်။ ဂျင်ချန်ကလူအုပ်ကြားမှစိတ်ပျက်နေသော
သူအဖေအားကြည့်ကာသက်ပြင်းတစ်ချက်ချလိုက်မိ သည်။ထိုနောက်သူအမေရှိရာသို့
နောက်ကနေလိုက်သွားလေသည်။
ဂျင်ချန်ထွက်သွားသောအခါချင်းရန်ဘေ၏မျက်နှာတွင် အလွန်စိတ်ပျက်နေမှန်းသိသာသည်။
သူရဲ့လေးယောက်မြောက်သားကဒုက္ခိတ
သာသာဆိုသောအသိကရင်ထဲလုံးဝမကောင်းစေပေ။“ကလန်ခေါင်းဆောင်အရမ်းစိတ်မပျက်ပါနဲ့ရှင်းအာ
လေ့ကျင့်လို့မရရင်တောင်သူတခြားနယ်ပယ်
တွေမှာထူးချွန်နိုင်တာပဲ”ကလန်သားတစ်ယောက်က ချင်းရန်ဘေအားနှစ်သိမ့်ပေးဖိုကြိုးစားသည်။
ချင်းရန်ဘေကသူလက်ကိုဝေ့ရမ်းလိုက်ပြီး
ဝမ်းနည်းစွာပြောလိုက်သည်“ဒီအကြောင်းကို
နောက်ထပ်
မပြောကြစို့”ဟုပြောကာ
ထိုနေရာမှလှည့်ထွက်သွားလေသည်။
ကလန်ခေါင်းဆောင်၏လေးယောက်မြောက်သားသည်
လေ့ကျင့်၍မရဆိုသောစကားသည်
ကလန်တစ်ခုလုံးအားတောမီးလောင်သကဲ့
သိုပြန်နှံသွားလေသည်။တချို့ကလည်းပျော်ကြသည် တချို့ကလည်းစိတ်မကောင်းပေ။ထိုနေ့မှစ၍ဂျင်ချန်၏ ပုံရိပ်သည်ကလန်အတွင်းတွင်လျင်မြန်စွာ
လျော့ကျသွားလေသည်။
ဘီရင်တန်၏ဘေးတွင်ဂျင်ချန်ငြိမ်သက်စွာ
ထိုင်နေသည်။သူမျက်နှာကတည်ငြိမ်နေကာသူဘာ
တွေးနေမှန်းမည်သူမှမခန်မှန်းနိုင်ချေ။သူအမေက အခုထိမနိုးလာသေးပေ။သူမ၏အိပ်ယာဘေး
တွင်ဂျင်ချန်၊ဘီရှမ်းရန်နှင့်သူရဲ့ဒုတိယအမ
ချင်းရန်မင်းယုတိုသာအခန်းထဲတွင်ရှိလေသည်။
အပိုင်း ၇ ပြီး၏။