Switch Mode

Chapter – 13

ပျင်းနေသလား ပြဿနာသွားရှာကြစို့

Chapter – 13
“ပျင်းနေသလား ပြသာနာသွားရှာကြစို့”

ရဲ​ရှောင်​သည် ပိုက်​ဆံများအား အသည်းအသန်​ရှာ​ဖွေစု​ဆောင်း​နေခြင်းသည်​ဟင်းလင်းပြင်​ကြီးအား ချဲ့ထွင်​နိုင်ရန်အတွက်​ရတနာပစ္စည်းအချို့အား ဝယ်​ယူရန်​ဖြစ်​သည်​။ ပိုက်​ဆံများ သူ့လက်​ထဲ​ရှိလာသည့်​အခါကြမှ​လေလံပွဲသည်​နောက်​ဆုတ်​သွားခဲ့​လေသည်​။
ဆယ်​ရက်​ဆိုသည့်​အချိန်​သည်​မကြာ​သော်​လည်း ရဲ​ရှောင်​မှာမူ တစ်​ရက်​တစ်​လေမျှပင်​မ​စောင့်​စားချင်​တော့​ပေ။
“ဒါနဲ့ စကားမစပ်​မင်းတို့အိမ်​လုယက်​ခံရတဲ့ ကိစ္စ​ရော ဘယ်​လိုဆက်​ဖြစ်​လဲ”
ရဲ​ရှောင်​သည်​လေလံပွဲနှင့်​ပက်​သက်​၍ စိတ်​ဓာတ်​ကျ​နေ​သော​ကြောင့်​သူစိတ်​ဝင်​စားသည့်​အ​ကြောင်းအရာတစ်​ခုအား စကားလမ်း​ကြောင်းလွှဲ၍​မေးလိုက်​ခြင်းဖြစ်​သည်​။
ဇူဝူကျီ၏ အဖိုးဖြစ်​သူသည်​သူ၏​ပျောက်​ဆုံးသွား​သော ရတနာများအား လမ်းကြိုလမ်းကြား အိမ်​ကြိုအိမ်​ကြားမချန်​အကြိမ်​ပေါင်းများစွာ ရှာ​ဖွေ​နေခဲ့သည်​။ သူ၏ အဖိုးသည်​တတ်​နိုင်​လျှင်​ယုတ်​အစွဆုံး ကြွက်​တွင်း​ပေါက်​များကိုပင်​မချန်​ရှာ​ဖွေချင်​နေသည့်​ပုံစံပင်​။ ထိုလုယက်​မှု​ကြောင့်​မြို့တွင်းရှိ ပြည်​သူများသည်​စိုးရိမ်​ထိတ်​လန့်​မှုများဖြင့်​ပြည့်​နှက်​ကုန်​ကြပြီး လှုပ်​လှုပ်​ရှားရှား အသံကြားရုံမျှဖြင့်​တုန်​လှုပ်​ခြောက်​ခြားစွာဖြင့်​ကြောက်​ရွံ့​နေကြ​လေသည်​။ မြို့၏ လုံခြုံ​ရေး အ​စောင့်​များပင်​ယခင်​ကထက်​ပို၍ တင်းကြပ်​စွာ ကင်းလှည့်​လျက်​ရှိ၏။ ဇူဝူကျီ၏ အဖိုးအား​ကျေးဇူးတင်​ရမလိုပင်​။
“အဲ့ဒီအ​ကြောင်း​တော့ မ​ပြောချင်​တော့ပါဘူးကွာ”
ဇူဝူကျီ၏ မျက်​နှာသည်​ဖြူဖတ်​ဖြူရော်​ဖြစ်​သွားပြီး –
“အဲ့ဒီညက ငါအသတ်​မခံရရုံ တမယ်​ပဲ။ ငါ့အဖိုး အိမ်​ပြန်​ရောက်​လာပြီး သူစု​ဆောင်းထားတဲ့ ပစ္စည်း​တွေထဲက​တော်​တော်​များများ အခိုးခံလိုက်​ရတယ်​ဆိုတာ သိသွား​တော့​ဒေါသ​တွေ ထွက်​လိုက်​တာဆိုတာ​ပြောမ​နေပါနဲ့​တော့။ အဲ့ဒီ​နေ့​တွေတုန်းကဆိုရင်​အိမ်မှာ ဘယ်​သူမှ​တောင်​စကားကျယ်​ကျယ်​မ​ပြောရဲကြဘူး . . .”
ရဲ​ရှောင်​တည်​ငြိမ်​အေး​ဆေးစွာဖြင့်​-
“ဒါဆို လုယက်​ခံရတဲ့အထဲမှာ မင်းအဖိုးရဲ့ တန်​ဖိုးအရမ်းကြီးတဲ့ ပစ္စည်းတစ်​ခုခု ပါသွားလို့ပဲ ဖြစ်​ရမယ်​. . .”
“အင်း ကြည့်​ရတာ​တော့ အဲ့ဒီ ပုံစံပဲ”
ဇူဝူကျီ သက်​ပြင်းချလိုက်​ရင်း –
“ငါငယ်​ငယ်​လေးကတည်းက ငါ့အဖိုး အဲ့ဒီ​လောက်​ထိ​ဒေါသထွက်​တာ တစ်​ခါမှ မမြင်​ဖူး​သေးဘူး . . . မြို့တစ်​မြို့လုံးလည်း ငါတို့မိသားစု​ကြောင့်​အထိတ်​တလန့်​ဖြစ်​ခဲ့ရတယ်​။ ငါ့အဖိုးကလည်း အခုထိ သူ့ပစ္စည်း​တွေ အခိုးခံရတဲ့ ကိစ္စကို လက်​မ​လျှော့နိုင်​သေးဘူး . . .”
ရဲ​ရှောင်​မှ ထပ်​မံ၍ –
“အခိုးခံလိုက်​ရတဲ့​ပစ္စည်း​တွေထဲမှာ တန်​ဖိုးအရှိဆုံး ဘယ်​ပစ္စည်း​တွေ ပါသွားတာတဲ့လဲ”
“ငါ့အဖိုး ဒီ​လောက်​ဒေါသထွက်​နေတာ ဘယ်​သူက သူ့ကိုသွား​မေးရဲမှာလဲ”
ဇူဝူကျီ ရဲ​ရှောင်​အား​ပြောလိုက်​ရင်း စိတ်​ရှုပ်​ထွေးသွားဟန်​ဖြင့်​-
“အဲ့ဒီအချိန်​တုန်းက ငါဖြင့်​စကားတစ်​ခွန်းပဲ​ပြောမိလိုက်​တာ အဖိုးက စိတ်​ရှိလက်​ရှိနဲ့ကို မရပ်​မနား ရိုက်​တော့တာပဲ . . .”
လန်​လန့်​လန့်​စိတ်​ဝင်​စားသွားဟန်​ဖြင့်​-
“မင်းက ဘာသွား​ပြောလိုက်​လို့လဲ”
“ဘာမှ​ထွေထူး​တော့ မဟုတ်​ပါဘူး။ အဖိုးစိတ်​မပူနဲ့ အသစ်​ပြန်​ဝယ်​ပေးမယ်​လို့ပဲ​ပြောမိလိုက်​တာ . . .”
ဇူဝူကျီ ငိုသံပါကြီးဖြင့်​-
“ငါဖြင့်​အဲ့ဒီလို​လေးပဲ​ပြောမိလိုက်​တာကို ငါ့အဖိုးက​ဒေါသ​တွေ မွှန်​ထူပြီး​ကရား​ရေလွှတ်​မရပ်​မနား​ပြော​တော့တာပဲ။ မိဘမျက်​နှာကို အိုးမဲသုတ်​တဲ့​ကောင်​။ မိသားစုကို အရှက်​ရ​စေတဲ့​ကောင်။ မင်း​ပေးတတ်​တဲ့ အကြံ​ဒါအကုန်​ပဲလား။ အိမ်​က ရှိသမျှ တန်​ဖိုးကြီး ပစ္စည်း​တွေကို ခိုးတယ်​ပြီးရင်​အ​ပျော်​မယ်​တွေနဲ့ သွားဖြုန်းတီးပြီး​သောက်​စားမယ်​။ မင်းက တကယ့်​ဆန်​ကုန်​မြေ​လေးပဲတဲ့။ အဲ့ဒီလို​တွေ​ပြောဆိုပြီး အဖိုးက ငါ့ကို ရိုက်​တော့တာပဲ”
ဇူဝူကျီ ဝမ်းနည်း​ကြေကွဲစွာဖြင့်​-
“ငါ့ကို​ပြောကြစမ်းပါ​။ ငါ​ပြောတာ ဘာအမှားပါသွားလို့လဲ။ ငါက​တော့ သူ့ကို စိတ်​သက်​သာရာ ရပါ​စေ​တော့ဆိုပြီး​နှစ်​သိမ့်​ပေးလိုက်​ရတာ ငါ့ကိုကြ​တော့ ရက်​ရက်​စက်​စက်​မညှာမနာတာနဲ့ကို ရိုက်​တယ်​။ ငါ ကိုယ့်​ဒုက္ခကိုယ်​ရှာသလိုများ ဖြစ်​သွားသလား”
“ဟားဟား . . . အဟွ​တ်​. . . အဟွတ်​. . . အဟွတ်​. . .”
ရဲ​ရှောင်​သတိလက်​လွတ်​ဖြင့်​အော်​ရယ်​မိလိုက်​သော်​လည်း​ချက်​ချင်းပင်​ချောင်းဟန့်​ကာ ရယ်​ချင်​နေသည့်​မျက်​နှာထားအား ကြိုးစား၍ ပြင်​လိုက်​သည်​။
“ဟားဟား . . . ဟားဟား . . .ဟားဟား . . .”
လန်​လန့်​လန့်​သည်​ဇူဝူကျီ အရိုက်​ခံရခြင်းအ​ပေါ် အားရ​ကျေနပ်​သည့်​ပုံစံဖြင့်​ဟန်​ပင်​မ​ဆောင်​နိုင်​တော့ဘဲ အသံပြဲကြီးဖြင့်​ပင်​အော်​ရယ်​လိုက်​လေသည်​။
လန်​လန့်​လန့်​နှင့်​ဇူဝူကျီတို့သည်​လေလံပွဲ​နောက်​ဆုတ်​လိုက်​သည့်အတွက်​စိတ်​ဓာတ်​ကျသွား၍ ပျင်းပျင်းနှင့်​ပင်​ရဲ​ရှောင်​ဆီသို့ ထွက်​လာကြခြင်း ဖြစ်​သည်​။ ဇူဝူကျီသည်​ရဲ​ရှောင်​အ​ပေါ် အမြဲရန်​လို​နေတတ်​ပြီး သုံး​ယောက်​စလုံးသည်​တစ်​ယောက်​နှင့်​တစ်​ယောက်​မတည့်​ကြ​ပေ။ သို့​သော်​ရဲ​ရှောင်​ဆီမှ အကူညီရပြီး မျက်​နှာ​သာပေးခြင်း ခံရပြီး​နောက်​ပိုင်းတွင်​ဇူဝူကျီသည်​ရဲ​ရှောင်​အား သူ၏ သူငယ်​ချင်း​ကောင်းအဖြစ်​စတင်​အသိအမှတ်​ပြုလာခဲ့သည်​။​လေလံပွဲ​ရွှေ့ဆိုင်းလိုက်​သည့်​အ​ကြောင်းနှင့်​သူတို့၏ စိတ်​ပျက်​ငြီး​ငွေ့ဖွယ်​အ​ကြောင်းများအား​ပြောပြချင်​၍ ရဲ​ရှောင်​ထံသို့ နှစ်​ယောက်​သား ထွက်​လာခဲ့ခြင်းပင်​ဖြစ်​၏။ ရဲ​ရှောင်​အား မျက်​နှာလိုမျက်​နှာရ လာလုပ်​သည့်​သ​ဘောပင်​။
ရဲ​ရှောင်​ပြတင်း​ပေါက်​မှတစ်​ဆင့်​ကောင်းကင်​ပေါ်ရှိ တလက်​လက်​တောက်​ပ​နေသည့်​ကြယ်​များအား ကြည့်​လိုက်​ရင်း​လေသံ​အေး​အေး​လေးဖြင့်​-
“လုယက်​မှုက မင်းတို့ မျိုးနွယ်​စုအတွက်​သိပ်​ပြီး ဆိုးရွားတဲ့ ကိစ္စ​မှ မဟုတ်​တာ။ ဆိုရိုးစကား တစ်​ခု​တောင်​ရှိ​သေးတာပဲ။ ကံ​ကောင်းခြင်း နဲ့ ကံဆိုးခြင်းဆိုတာ တစ်​လှည့်​ဆီ ဖြစ်​ပျက်​နေတာ။ ဒီ​နေ့ ကံဆိုး​ပေမယ့်​နောက်​နေ့ ကံ​ကောင်းခြင်​ကောင်းမှာ​ပေါ့ . . . ”
ရဲ​ရှောင်​တည်​ငြိမ်​လေးနက်​စွာဖြင့်​ပြောလိုက်​သည်​။
ဇူဝူကျီ သက်​ပြင်းတစ်​ချက်​ချမိလိုက်​သည်​။ ရဲ​ရှောင်​မည်​သည့်​အဓိပ္ပါယ်​ဖြင့်​ဆိုလို၍​ပြော​နေသည်​ကို သူသ​ဘောမ​ပေါက်​ပေ။ သူ့အ​နေဖြင့်​ယခုလက်​ရှိအချိန်​တွင်​စိတ်​မ​ပျော်​မရွှင်​ဖြစ်​နေသည်​ကိုသာ သူသိ​ပေသည်​။
“ဘုရား​ရေ . . . အဲ့ဒီအ​ကြောင်း ဆက်​မ​ပြောနဲ့​တော့။ ငါ့မှာ ငါ့အဖိုးကို မြင်​လိုက်​ရတဲ့ အချိန်​တိုင်း လန့်​နေရတယ်​။ အခု​လော​လောဆယ်​ငါ့ဘာသာငါ​ပျော်​အောင်​နေတာ အ​ကောင်းဆုံးပဲ။​စောက်​ရေးမပါတဲ့​လေလံပွဲက ဘယ်​လို​တောင်​အချိန်​ရွှေ့ပစ်​နိုင်​ရတာလဲ။​ဟို​ဆေး​တွေနဲ့​ခွေးသူ​တောင်းစားကို​တွေ့ရလို့က​တော့ နုပ်​နုပ်​ကို စဉ်းပစ်​ဦးမယ်​. . .”
ဇူဝူကျီ သူ၏​ဒေါသများအား စိတ်​ထွက်​ပေါက်​ပေးသည့်​အ​နေဖြင့်​ဆဲဆို​နေ​လေသည်​။
“အား . . .ဟုတ်​ပြီ . . . ငါသိပြီ။ မင်းတို့နှစ်​ကောင်​ငါ့ဆီ ဘာလို့​ရောက်​လာကြလဲဆိုတာ သိပြီ။​လေလံပွဲ အချိန်​ပြောင်းသွားလို့ မင်းတို့နှစ်​ကောင်​သေလု​မျောပါး ပျင်း​နေကြပြီ မဟုတ်​လား။ အဲ့ဒါ​ကြောင့်မလို့ ငါ့ဆီမှာ​ပျော်​စရာ​ကိစ္စ​လေးများ ရှိမလားဆိုပြီး လာရှာကြတာ​ပေါ့​လေ”
ရဲ​ရှောင်​ဇူဝူကျီ နှင့်​လန်​လန့်​လန့်​တို့အား ကြည့်​ရင်း​ပြောလိုက်​သည်​။
​လေလံပွဲ အချိန်​နောက်​ဆုတ်​လိုက်​သည့်​ကိစ္စသည်​ရဲ​ရှောင်​အတွက်​လည်း အမှန်​ပင်​စိတ်​ပျက်​စေမိသည်​ကိစ္စဖြစ်သည်။ ထို​ကဲ့သို့​နောက်​ဆုတ်​လိုက်​ရခြင်း၏ တရားခံမှာလည်း သူကိုယ်​တိုင်​ပင်​ဖြစ်​၏။
ဇူဝူကျီ နှင့်​လန်​လန့်​လန့်​တို့ နှစ်​ယောက်​သည် ထို​လေလံပွဲနှင့်​ပက်​သက်​၍ သူဘာစကားမှ မ​ပြောနိုင်​ခင်​မှာပင်​သူ့အား အသံပြဲကြီးများဖြင့်​ကျယ်​လောင်​စွာ ရှင်းပြ​နေကြသည်​။
ထို့ပြင်​သူ့အား အ​ရှေ့မှာထား၍ ဇူဝူကျီ နှင့်​လန်​တို့သည်​ဆေးတွေနှင့် ခွေးသူ​တောင်းစားဟုပင်​အားရပါးရဖြင့်​ဆဲဆို​နေကြသည်​။ သူ့​ရှေ့တွင်​ရှိ​နေ​သော ထိုနှစ်​ကောင်​အား ဖင်​ပိတ်​ကန်​ချင်​လောက်​အောင်​ထိပင်​သူခံစား​နေမိ​လေသည်​။ သူတို့၏ ဆဲဆို​နေသည့်​စကားများအား​အောင့်​အီးသည်းခံချင်​စိတ်​မရှိ​တော့​သော်​လည်း ဆက်​၍ပင်​ကြိတ်​မှိတ်၍​သည်းခံ​နေရသည်​။
“ဟဲ . . . ဟဲ . . . ဟဲ . . .။ ဪ ဟုတ်​သားပဲ မင်းစိတ်​ဝင်​စားနိုင်​တဲ့ ကိစ္စတစ်​ခုကို ငါသိထားတယ်​။ မင်း ရှန်​ဟွာ အိမ်​တော်​ကို မှတ်​မိ​သေးလား”
ဇူဝူကျီ ရဲ​ရှောင်​အား​မေးလိုက်​သည်​။
“ဟမ်​. . .”
ရဲ​ရှောင်​၏ မျက်​ဝန်းများသည်​အေးစက်​မှုများဖြင့်​ဖုံးလွှမ်းသွားသည်​။
ရဲ​ရှောင်​သည်​ထို​နေရာအား ဘယ်​လိုမှပင်​မေ့နိုင်​မည်​မဟုတ်​ပေ။ ရှန်​ဟွာသည်​ပြည့်​တန်​ဆာများရှိရာ အိမ်​တစ်​အိမ်​ဖြစ်​ပြီး ယခင်​ရဲ​ရှောင်​အဆိပ်​မိခဲ့သည့်​နေရာလည်း ဖြစ်​၏။
“ရှန်​ဟွာအိမ်​တော်​က လူ (၉၈)​ယောက်​လုံး အသတ်​ခံလိုက်​ရတယ်​။ အိမ်​ထဲက ရှိရှိသမျှ လူ​တွေအကုန်​လုံး​သေတယ်​။ ဘယ်​သူမှ အသက်​မရှင်​ကြဘူး”
ဇူဝူကျီ သက်​ပြင်းချလိုက်​ရင်း ဝမ်းနည်း​ကြေကွဲစွာဖြင့်​-
“ငါ စိတ်​ညစ်​နေတုန်း အဲ့ဒီကိုသွားပြီး​အ​ပျော်​ရှာတာ။ မင်းသိတယ်​မှတ်​လား​ကောင်​မ​ချော​ချော​လေးနှစ်​ယောက်​နဲ့ အတူသွားတာ။ ငါ အဲ့ဒီကိုလည်း​ရောက်​သွား​ရော ပုပ်​စော်​တွေ​တောင်​နံ​နေတဲ့​လူ​သေအ​လောင်း​တွေ​တွေ့ရ​တော့တာပဲ။ ရှန်​ဟွာက​ကောင်​မ​လေး​တွေကို ငါဖြင့်​သနားလိုက်​တာဆိုတာကွာ . . .”
“ဘာ . . . အကုန်​လုံး​သေတယ်​ဟုတ်​လား”
ရဲ​ရှောင်​မျက်​မှောင်​ကြုပ်​ရင်း​မေးလိုက်​သည်​။
“ဟုတ်​တယ်​အကုန်​သေတာ”
ဇူဝူကျီ​ခေါင်းညိတ်​ပြလိုက်​ရင်း –
“​သေ​နေတဲ့ အ​လောင်း​တွေကို ကြည့်​ရပုံ အရ​တော့ သူတို့​သေတာ ရက်​တော်​တော်​ကြာ​နေ​လောက်​ပြီ။ အုပ်​ချုပ်​ရေးပိုင်းက လူ​တွေကလည်း လုယက်​ခံရတဲ့ ကိစ္စနဲ့​ခေါင်းရှုပ်​နေကြတာဆို​တော့ ရှန်​ဟွာကိစ္စကို​အာရုံသိပ်​မစိုက်​နိုင်​ကြဘူး”
“ဪ . . . ဟုတ်​လား”
ရဲ​ရှောင်​စိတ်​သက်​သာရာ ရသွားပြီး​တွေးလိုက်​မိသည်​မှာ –
“သူတို့​သေတာ ရက်​တော်​တော်​ကြာပြီဆိုပဲ။ ဒါဆို အဲ့ဒီ လူသတ်​မှုနဲ့ လုယက်​မှုက ဘာမှမဆိုင်​ဘူး။ ငါအဆိပ်​မိပြီး အသက်​ရှင်​ဖို့ ကြိုးစား​နေတဲ့အချိန်​မှာ သူတို့​တွေ အသတ်​ခံရတာ ဖြစ်​နိုင်​တယ်​။ သဲလွန်​စ ကျန်​မှာစိုးလို့ ပြည့်​တန်​ဆာအိမ်​က လူ​တွေအကုန်​လုံးကို ရှင်းပစ်​လိုက်​တာ​နေမှာ ဒီလူသတ်​မှုကို ကြံစည်​တဲ့လူက​တော်​တော်​ကို ယုတ်​မာပြီး ရက်​စက်​တဲ့သူပဲ”
“ဇူဝူကျီ မင်း ရှန်​ဟွာကို ပိုင်​တဲ့ ပိုင်​ရှင်​အ​ကြောင်း သိလား။ အိမ်​တစ်​အိမ်​လုံး အသတ်​ခံရတာ​တောင်​ပိုင်​ရှင်​က ခုထိ​ရောက်​မ​လာ​သေးဘူးလား”
ရဲ​ရှောင်​စိတ်​ဝင်​တစားဖြင့်​ဇူဝူကျီအား​မေးလိုက်​ခြင်း ဖြစ်​၏။
ဇူဝူကျီ​သူ၏​ခေါင်းအား တဗြင်းဗြင်းကုတ်​လိုက်​ရင်း –
“အင်း…ဒီ​မေးခွန်းက ငါ့အတွက်​နည်းနည်း​တော့​ဖြေရခက်​တယ်​။ ပွင့်​ပွင့်​လင်းလင်း​ပြောရရင်​ငါလည်း သိပ်​တော့​သေချာမသိဘူး။ ဒါ​ပေမယ့်​အဲ့ဒီအိမ်​က ဝမ်​ရှောင်​နမ်​နဲ့ ပက်​သက်​တယ်​လို့​တော့​ပြော​နေကြတာပဲ။ ဘယ်​သူမှ​တော့ တိတိကျကျ မ​ပြောနိုင်​ကြပါဘူး”
“ဝမ်​ရှောင်​နမ်​. . . ဟုတ်​လား”
ရဲ​ရှောင်​မှေးစင်း​သော မျက်​လုံးများဖြင့်​-
“သူက အိမ်​ရှေ့မင်းသားရဲ့ ကိုယ်​ရံ​တော်​ခေါင်း​ဆောင်​ဝမ်​ဒါနမ်​ရဲ့ သားလား။ ဟုတ်​တယ်​မှတ်​လား”
“ဟုတ်​တယ်​လေ . . . သူပဲ”
ဇူဝူကျီ ပြုံးလိုက်​ရင်း –
“ဝမ်​ရှောင်​နမ်​ဆိုတဲ့ သူတောင်းစားက ကြွားဝါ​နေလိုက်​တာများ မ​ပြောချင်​ဘူး။ သူ့အ​ဖေ ရလာတဲ့ သက်​တမ်း (၆၀၀)ရှိတဲ့​သွေးဂျင်​ဆင်း​ကို သူ့ခွန်​အား​တွေ တိုးလာဖို့ သုံးမယ်​ဆိုပဲ။​ပြော​နေကြတာ​တော့ အဲ့ဒီ ဂျင်​ဆင်းက ကျင့်​စဉ်​ကျင့်​နေတဲ့ လူတစ်​ယောက်​ကို တစ်​ညတည်းနဲ့ ထိပ်​ဆုံးအဆင့်​ရောက်​စေတယ်​နောက်​ပြီး ကျွမ်းကျင်​ပညာရှင်​တစ်​ယောက်​တောင်​ဖြစ်​နိုင်​စေတယ်​တဲ့။ အဲ့ဒီ​ကောင်​စောက်​ပို။တကယ်​ကို​စောက်​ကြွားထူတဲ့​ကောင်​။ ငါ သူ့ကို နည်းနည်း​လေးမှကို ကြည့်​မရဘူး။ ဟူး . . . ပြည့်​တန်​ဆာအိမ်​ကိုလည်း​ငါတို့ သွားလို့မရ​တော့ဘူး။ ငါတို့ရဲ့ အပန်း​ဖြေရာ ဘုံဗိမ္မာန်​လေး​တော့​ပျောက်​ကွယ်​သွားပြီကွာ . . .”
“အပန်း​ဖြေမယ်​. . . ဟုတ်​လား။ မင်းရဲ့​ရောဂါ​ကုလို့ ရသွားပြီလား”
ရဲ​ရှောင်​ဇူဝူကျီ အား ကြည့်​ရင်း​မေးလိုက်​သည်​။
ထိပ်​တန်း အရည်​အ​သွေးရှိသည့်​နှစ်​ခြောက်ရာ သက်​တမ်းရှိ​သွေးဂျင်​ဆင်း အ​ကြောင်းကြားလိုက်​ရ၍ ရဲ​ရှောင်​၏ မျက်​လုံးများသည်​အ​ရောင်​တလက်​လက်​ဖြင့်​တောက်​ပကုန်​သည်​။
ဇူဝူကျီသည်​ပျာပျာသလဲလဲ အမူအယာဖြင့်​လှမ်း​အော်​လိုက်​ရင်း –
“ရဲ​ရှောင်​မင်းနဲ့ ငါရန်​မဖြစ်​ချင်​ဘူး”
ဇူဝူကျီ သူ​ပြော​နေသည့်​သွေးဂျင်​ဆင်းအ​ကြောင်းကို ချက်​ချင်းဆိုသလိုပင်​မေ့​လျော့သွား​လေသည်​။
လန်​လန့်​လန့်​သည်​ဝါးလုံးကွဲ​အောင်​ပင်​အားရပါးရ ရယ်​မောလိုက်​၍ သူ​ဆောင်းထားသည့်​ဦးထုပ်​ပင်​အောက်​သို့ ကျလုနီးပါးပင်​ဖြစ်​သွားပြီး သူ့​ခေါင်းမှ​ပွေးကဲ့သို့ အနာများပင်​ပေါ်သွား​ခဲ့သည်​။ ထို့​နောက်​လန်​သည်​စပ်​ဖြဲဖြဲ အမူအယာဖြင့်​-
“အဟား . . . ငါတို့က မင်းအ​ကြောင်း​တွေကို အမှန်​တိုင်း​ပြောလို့မရဘူးလား။ မင်း ပြည့်​တန်​ဆာအိမ်​ကို ခဏခဏသာ သွား​နေတာ​ကောင်​မ​လေး​တွေနဲ့ ဘယ်​နှစ်​ကြိမ်​လောက်​လိင်​ဆက်​ဆံဖူးလို့လဲ။ မင်း​ကောင်​မ​လေး တစ်​ယောက်​လောက်​နဲ့​တောင်​နေဖူးမှာ မဟုတ်​ဘူး။ ဟားဟားဟား . . . မင်းကို သူတို့ရဲ့​မွေးစား​မောင်​လေးလို သ​ဘောထားတဲ့ ပြည့်​တန်​ဆာမ​ခြောက်​ယောက်​ရှိတယ်​ဆို။ ငါကြားတာ​တော့ သူတို့ကြားထဲမှာ မင်းက​အငယ်​ဆုံး​လေးတဲ့။ သခင်​လေးဇူ . . . မင်းကတကယ့်​ကို လူသိများ​လူကြိုက်များ​တဲ့ ခုနှစ်​ယောက်​မြောက်​ပြည့်​တန်​ဆာမ​လေးပဲ . . .”
“​ခွေးမသား”
ဇူဝူကျီ သူ့အား ခုနှစ်​ယောက်​မြောက်​ပြည့်​တန်​ဆာမ​လေးဟု အ​ခေါ်ခံလိုက်​ရ၍ အလွန်​အမင်းပင်​ဒေါသထွက်​သွား​လေသည်​။ သူ့အား ကြည့်​၍ အားရပါးရ ရယ်​မော​နေ​သော လန်​လန့်​လန့်​ထံသို့​ပြေးဝင်​သွားပြီး လက်​သီးနှင့်​ထိုး၍​ခြေ​ထောက်​ဖြင့်​ပိတ်​ကန်​လိုက်​သည်​။ မကြာမီတွင်​သူတို့နှစ်​ယောက်​သည်​တစ်​ယောက်​နှင့်​တစ်​ယောက်​လုံး​ထွေးသတ်​ပုတ်​ကုန်​ကြ၏။
ဇူဝူကျီသည်​ပေါ့​ပေါ့​နေ​ပေါ့​ပေါ့စား လူတစ်​ယောက်​ဖြစ်​ပြီး သူ့ထံတွင်​မွေးရာပါ​ရောဂါတစ်​မျိုးရှိ​လေသည်​။ ထို​ရောဂါ​ကြောင့်​သူသည်​လိင်​ဆက်​ဆံခြင်း ကိစ္စအတွက်​စွမ်း​ဆောင်​နိုင်​ခြင်း မရှိ​ပေ။ ပုံမှန်​အားဖြင့်​ယောက်ျားတစ်​ယောက်​သည်​ထိုကဲ့သို့​သော ကိစ္စမျိုးအား ဘယ်​သောအခါမှ ထုတ်​ဖော်​ပြောလိမ့်မည်​မဟုတ်​ပေ။ သို့​သော်​လူ​ပေါ်​ကျော့တစ်​ဦးဖြစ်​ပြီး​ပေါ့ပျက်​ပျက်​နေတတ်​သော သခင်​လေးဇူမှာမူ သူ၏ ချို့ယွင်းချက်​အား မရှက်​မ​ကြောက်​ပွင့်​ပွင်းလင်းလင်းဖြင့်​ပင်​ရှိ​နေ​လေသည်​။ အမှန်​တကယ်​ကို ထူးဆန်းတဲ့ လူပင်​။
တစ်​ယောက်​နှင့်​တစ်​ယောက်​လုံး​ထွေးသတ်​ပုတ်​ကြပြီး​ကမြင်း​ကြော ထပြီးသည့်​နောက်​ဇူဝူကျီသည်​ဝမ်းနည်း​သော​လေသံဖြင့်​သက်​ပြင်းချလိုက်​ရင်း –
“​လေလံပွဲက​တော့​နောက်​ဆုတ်​သွားပြီ။ ဒါ​ပေမယ့်​ငါကြားတာ​တော့​ဆေး​တွေက အ​ကောင်းဆုံး ဆိုတာထက်​ကို ပို​ကောင်းတယ်​တဲ့။ အရည်​အ​သွေးကလည်း အမြင့်​ဆုံးဆို​တဲ့​ဆေး​တွေထက်​ကို​ပိုမြင့်တယ်​ဆိုပဲ။ တကယ်​လို့​လေလံပွဲမှာ အဲ့ဒီ​ဆေးလုံး​တွေထဲက တစ်​လုံး​လောက်​သာ ငါရနိုင်​ခဲ့မယ်​ဆိုရင်​. . . ”
လန်​သည်​ဇူဝူကျီအား စိတ်​ပျက်​သည့်​ပုံစံမျိုးဖြင့်​ကြည့်​လိုက်​ပြီး –
“လာစမ်းပါ . . . သခင်​လေးဇူရာ။ အဲ့ဒီအ​ကြောင်းကို​မေ့ထားလိုက်စမ်းပါ။ ငါတို့မှာရှိတဲ့ ပိုက်​ဆံအ​နေအထားနဲ့ဆိုရင်​ပစ္စည်းတစ်​ခု​လောက်​တော့​သေချာ​ပေါက်​ရမှာပါ။ ဒါ​ပေမယ့်​ငါတို့ အတွက်​နိုင်​နိုင်​ခြေရှိခဲ့ရင်​တောင်​တော်​ဝင်​မိသားစုက လူ​တွေက​အသည်းအသန်​ဈေးပြိုင်​လိုက်​ကြရင်​တော့ မ​ပြောတတ်​ဘူး”
လန်​၏ စကား​ကြောင့်​ဇူဝူကျီ​ခေါင်းညိတ်​လိုက်​ရင်း သက်​ပြင်းချလိုက်​သည်​။
မြို့ထဲတွင်​သူတို့ သုံး​ယောက်​အား မြို့၏သခင်​လေးသုံးပါး ဟု​တင်စား ခေါ်ဆိုကြပြီး သူတို့တွင်​ကြီးမြတ်​သော မျိုးရိုးဂုဏ်​သိက္ခာများရှိ၏။ သို့​သော်​တကယ့်​တော်​ဝင်​မိသားစုမှ လူများနှင့်​နှိုင်းယှဉ်​လျှင်​တော့ မိုးနှင့်​မြေကဲ့သို့ပင်​ကွာခြား​ပေလိမ့်​မည်​။
မျိုးရိုးဂုဏ်​သိက္ခာမြင့်​မား​သော မိသားစုများသည်​တစ်​ဦးနှင့်​တစ်​ဦး၏ ကိစ္စများအား ဝင်​စွက်​ဖက်​နှောက်​ယှက်​ခြင်း မရှိဘဲ ငြိမ်းချမ်းစွာဖြင့်​ပင်​နေထိုင်​ကြသည်​။
သို့​သော်​မိသားစု တစ်​စုနှင့်​တစ်​စုသည်​တူညီကြမည်​မဟုတ်​ပေ။
မိသားစု သုံးစုထဲတွင်​ဇူဝူကျီ၏ မိသားစုသည်​ရဲ​ရှောင်​နှင့်​လန်​တို့ထက်​ပို၍ အင်​အား​တောင့်​တင်း​လေသည်​။ ဇူဝူကျီ၏ အထက်​တွင်​အစ်​ကိုများရှိပြီး သူ၏ မိသားစုသည်​သူ့အားအလိုလိုက်​အ​လျှော့​ပေးကြသည်​။ အဘယ့်​ကြောင့်​ဆို​သော်​သူ၏​မွေးရာပါ​ရောဂါ​ကြောင့်​ပင်​ဖြစ်​၏။ ရဲ​ရှောင်​သည်​သူ၏ မိသားစုထဲတွင် တစ်​ဦးတည်း​သော သားဖြစ်​ပြီး လန်​သည်​လည်း တစ်​ဦးတည်း​သော သားပင်​ဖြစ်​သည်​။
“တကယ့်​ကို​စစ်​မှန်​တဲ့​တော်​ဝင်​မိသားစု​တွေ . . .”
လန်​သက်​ပြင်းချရင်း​ပြောလိုက်​၏။
ဇူဝူကျီမှ ပြုံးလိုက်​ရင်း –
“ငါတို့ရဲ့ မိသားစု​တွေက​တော်​ဝင်​မိသားစု​တွေနဲ့ ယှဉ်​ရင်​အလှမ်း​ဝေး​သေးတယ်​။ တကယ့်​ကိုစစ်​မှန်​တဲ့​တော်​ဝင်​မိသားစု​တွေနဲ့ နှိုင်းယှဉ်​နိုင်​ဖို့ ငါတို့ ကြိုးစားမယ်​ဆိုရင်​တောင်​အနည်းဆုံး​နောက်​ရာစုနှစ်​လောက်​ထိ ကြာလိမ့်​မယ်​ထင်​တယ်​. . .”
ဇူဝူကျီ​မျှော်​လင့်​ချက်​ကင်းမဲ့သည့်​ပုံစံမျိုးဖြင့်​ခေါင်းခါရင်း ပြောလိုက်​သည်​။
“မင်းလို​ပေါ့​ပေါ့​နေ​ပေါ့​ပေါ့စား မိသားစုကို အရှက်​ရ​စေတဲ့​ကောင်​ကများ​တော်​ဝင်​မိသားစုနဲ့ ယှဉ်​ခြင်​နေ​သေးတာလား”
လန်​လန့်​လန့်​ဇူဝူကျီအား အထင်​အမြင်​သေးသည်​ပုံစံမျိုးဖြင့်​ပြောလိုက်​သည်​။
“ဪ . . . ဒါဆို မင်းလို​ကောင်​က​ရော ငါ့ထက်​ပိုသာ​တယ်​များ ထင်​နေတာလား”
ဇူဝူကျီ အလွန်​အမင်း​ဒေါသထွက်​သွား၍ လန်​လန့်​လန့်​အား စား​တော့မတတ်​ဝါး​တော့မတတ်​အကြည့်​မျိုးဖြင့်​ကြည့်​လိုက်​၏။
သူတို့နှစ်​ယောက်​၏ ပုံစံအရ မကြာခင်​အချိန်​တွင်​နောက်​တစ်​ကြိမ်​ရန်​ထဖြစ်​တော့မည့်​အ​နေအထားမျိုးပင်​။
ရဲ​ရှောင်​သူတို့နှစ်​ယောက်​အား ကြည့်​ရင်း စိတ်​ရှုပ်​လာပြီး​ဒေါသအလွန်​အမင်းပင်​ထွက်​လာ​လေသည်​။
“​တော်​တော့။ မင်းတို့နှစ်​ကောင်​လုံး​စောက်​ပါးစပ်​ပိတ်​ထားကြ။ အခု မင်းတို့နှစ်​ကောင်​ရောက်​နေတာ ငါ့အိမ်​မှာ​နော်​ဟုတ်​ပြီလား။ ရန်​ဖြစ်​ချင်​နေသပဆိုရင်​တခြားကြိုက်​တဲ့​နေရာမှာ သွားဖြစ်​ကြ။ မင်းတို့ သိပ်​ပျင်း​နေရင် ငါတို့ ဝမ်​ရှောင်​နမ်​ကို သွားပြသာနာရှာကြမယ်​လေ မကောင်းဘူးလား”
ရဲ​ရှောင်​ပြုံးလိုက်​ရင်း –
“ဒီ​လောက်​တန်​ဖိုးရှိတဲ့​သွေးဂျင်​ဆင်းက​မော်​တယ်​ကမ္ဘာက လူရဲ့ လက်ထဲမှာ အလဟသဖြစ်​နေမသင့်​ဘူး . . . ဟုတ်​တယ်​မှတ်​လား။ တကယ်​လို့​သွေးဂျင်​ဆင်းအ​ကြောင်း ငါမသိခဲ့ရင်​အဲ့ဒီ ဂျင်​ဆင်းအ​ကြောင်းလည်း ငါစဉ်းစားမိမှာမဟုတ်​ဘူး​။ အခု​တော့ ငါစဉ်းစား​နေရပြီ။ ဒီလိုပစ္စည်းမျိုးကို ငါလုံးဝ လက်​လွှတ်​မခံသင့်​ဘူး . . .”
ဝမ်​ရှောင်​နမ်သည်​အဆိပ်​ခတ်သည့် ကိစ္စနှင့်​ပက်​သက်​နေပါသ​လော။
“ဟာ . . . သိပ်​ကောင်းတာ​ပေါ့။ ဇူဝူကျီ နှင့်​လန်​လန့်​လန့်​တို့သည်​ရဲ​ရှောင်​၏ အကြံ​ပေးချက်​အား ကြားလိုက်​ရပြီး စိတ်​လှုပ်​ရှားသွား​သော​ကြောင့်​တစ်​ယောက်​နှင့်​တစ်​ယောက်​လက်​ဝါးချင်းပင်​ရိုက်​လိုက်​ကြ​လေ​တော့သည်​။

Comment

Leave a Reply

Options

not work with dark mode
Reset